၂၀၂၅ မေလ ၁၄ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ဒီပဲယင်းနယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ဖြစ်စဉ်မှာ ကျောင်းသားတဦး ထပ်မံသေဆုံးသွားတာ ကြောင့် သေဆုံးသူ ၂၄ ဦးရှိလာပြီလို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ နိုင်ငံရေးအကျဥ်းသားဟောင်း ဒေါက်တာနေဝင်း ယနေ့မနက်ပိုင်းကွယ်လွန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ပေးမည့်ရက်ကို ထုတ်ပြန်ကြေညာ"


========================


၂၀၂၅ ခုနှစ် မေလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF ရဲဘော်တွေနဲ့ တွေ့ဆုံ

🚩၂။ စစ်ကောင်စီက မိုးကုတ်မြို့နဲ့ နောင်ချိုမြို့ကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေကြဲချတဲ့အတွက် အိမ် လုံးပျက်စီး  

🚩 ၃။ ရေစကြိုနယ်မှာ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု အရာရှိအပါအဝင် စစ်သား ၂၇ ဦး သေဆုံးပြီး PDF တဦးကျဆုံး

🚩၄။⁨⁨ ကြို့ပင်ကောက်နယ်မှာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ နယ်ထိန်းရဲကို ပစ်ခတ်ရှင်းလင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ဒီပဲယင်းနယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ဖြစ်စဉ်မှာ ကျောင်းသားတဦး ထပ်မံသေဆုံးသွားတာ ကြောင့် သေဆုံးသူ ၂၄ ဦးရှိလာပြီလို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ပြော


မေလ ၁၄ရက်


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ ဒဏ်ရာရသူတွေထဲကကျောင်းသားတဦး ထပ်မံသေဆုံးတဲ့အတွက် သေဆုံးသူ ၂၄ ဦးအထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ဒီနေ့ မေလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

Grade- 3မှာ ပညာသင်ကြားနေ‌တဲ့ အသက် ၁၁ နှစ်အရွယ် မပြည့်ပြည့်ငြိမ်းဟာ ဒီနေ့ မေလ ၁၄ ရက်မှာ ထပ်မံသေဆုံးသွား တာလို့ သိရပါတယ်။

မနေ့ မေလ ၁၃ ရက်နေ့ကလည်း Grade-2 မှာ ပညာသင်ကြားနေတဲ့ အသက် နှစ်အရွယ်သာရှိသေးတဲ့ မောင်အောင်ဇေယျ  သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မေလ ၁၂ ရက်နေ့အထိရရှိထားတဲ့ မြေပြင်စာရင်းကောက်ယူမှုအရ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူ ၁၀၂ ဦး ရှိတယ်လို့ သိရပါတယ်။

ဒီအချက်အလက်တွေအရ အိုးတိန်တွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရမှုဖြစ်စဉ်မှာ ကျောင်းသားကျောင်းသူ ၂၂ ဦးနဲ့ ဆရာမ ဦး စုစုပေါင်း သေဆုံးသူ ၂၄ ဦးထိရှိလာခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ နိုင်ငံရေးအကျဥ်းသားဟောင်း ဒေါက်တာနေဝင်း ယနေ့မနက်ပိုင်းကွယ်လွန်


မေလ ၁၄ရက်


နိုင်ငံရေးအကျဥ်းသားဟောင်း ဒေါက်တာနေဝင်း ယနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။ ဒေါက်တာနေဝင်းသည် ၁၉၈၈  ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပြီး ဗကသကျောင်းသားခေါင်းဆောင်ဟောင်း မဖြိုးဖြိုးအောင်၏ဖခင်လည်းဖြစ်ပါတယ်။

"အခုရက်ပိုင်း ဝမ်းနည်းကြောင်းတွေ သိပ်များ တယ်။အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ဆရာ ဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတာ နိုင်ကျဉ်းမိတ်ဆွေများဆီက ဘယ်အချိန်ပြန်ကြားရ ကြားရ လေးစား ကြည်ညိုစရာ ချည်း၊ နောက်တော့ နိုင်ငံရေးအကျဉ်းသားဟောင်းများကိုယ်ထူကိုယ်ထ အစီအစဉ်ရယ်လို့ စုစည်းကြ ဆုံခဲ့ကြပြန်တယ်။အကယ်၍ များ - နေ့စဉ် လူနေမှု ဘဝ နဲ့ ယုံကြည်ချက် တထပ်တည်းကျတဲ့ သူ ကို မြင်ဖူး သလား လို့ မေးရင် - ဆရာ့ လိုလူကို နမူနာပြရမှာပဲ။လူက ဖြူဖျော့ဖျော့ နိုင်သလောက်ယုံကြည်ချက် နဲ့ ပက်သက်ရင် မာကျော ခိုင်ကြည် တဲ့ ဆရာ - လွတ်လပ်ငြိမ်းချမ်းပါစေဆရာ"လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုရှယ်မီဒီယာမှာရေးသားထားပါတယ်။


နိုင်ငံရေးအကျဥ်းသားဟောင်း ဒေါက်တာနေဝင်းဟာကွယ်လွန်ချိန်မှာအသက်၆၆ နှစ်ရှိပြီဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ပေးမည့်ရက်ကို ထုတ်ပြန်ကြေညာ"


မေလ ၁၄ရက်


"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ပေးမည့်ရက်ကို NUGပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ"လိုက်ပါတယ်။


အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများကို မေလ၁၇ရက်မနက်၉နာရီမှစတင်၍ အွန်လိုင်းကနေထုတ်နိုင်မယ်လို့သိရပါတယ်။


မြေပြင်တွင်ဖြေဆိုထားသည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာမြို့နယ်ပညာရေးဘုတ်အဖွဲ့နဲ့ဆက်သွယ်၍ ထုတ်ယူနိုင်မယ်လို့ကြေညာထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩၁။⁨ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF ရဲဘော်တွေနဲ့ တွေ့ဆုံ


မေလ ၁၄ရက်

 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေသည် နေပြည်တော် PDF တပ်ရင်း ၉၀၁ က ရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့  ၉၀၁ တပ်ရင်းက ဒီနေ့ မေလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အခုလိုတွေ့ဆုံရာမှာ ဦးမောင်မောင်ဆွေက တော်လှန်ရေးအပေါ် အာရုံစိုက်ပါဝင်တိုက်ပွဲဝင်နေတာတွေအတွက် လေးစားတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ဒါ့အပြင် COC ရပ်ကို လိုက်နာနိုင်တဲ့ ရဲဘော်ကောင်းတွေဖြစ်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီတော်လှန်ရေးဟာ လူငယ် ရဲဘော်တွေရဲ့အားနဲ့ တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက် အနိုင်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။


ဒီတွေ့ဆုံပွဲကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ အပါအဝင် နေပြည်တော်တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်၊ စစ်ရုံးချုပ် ဒုတိယဆေးတာဝန်ခံ ဒေါက်တာဖီးလစ်နဲ့ တာဝန်ရှိသူတွေ တပ်ရင်း ၉၀၁ က ရဲဘော်တွေ တပ်ရင်းမှူးနဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ စစ်ကောင်စီက မိုးကုတ်မြို့နဲ့ နောင်ချိုမြို့ကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေကြဲချတဲ့အတွက် အိမ် လုံးပျက်စီး  


မေလ ၁၄ရက်


ရှမ်းမြောက်ဒေသ နောင်ချိုမြို့နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ပေါင် ၅ဝဝ ဗုံးတွေ လာရောက်ကြဲချ တဲ့တွက် အိမ် လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တအာင်းတပ် TNLA ဘက်က ပြောပါတယ်။

မေလ ၁၃ ရက် နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ နောင်ချိုမြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် နယ်မြေ ၁၀ စျေးရပ်ကွက်ကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတလုံး လာရောက်ကြဲချတဲ့အတွက် အိမ် လုံး ပျက်စီးဆုံးရှုံးခဲ့တယ် လို့ အသိပေးပါတယ်။

ထို့အတူ မိုးကုတ်မြို့ကိုလည်း မေလ ၁၃ ရက် ညသန်းခေါင် ၁၁ နာရီ ၄၉ မိနစ်အချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ တကြိမ် ရွှေလိပ်ပြာအနီးတဝိုက်ကို လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ မေလ ၁၂ ရက် ညအချိန်တုန်းကလည်း မန်တုံမြို့ နဲ့မိုင်းငေါ့မြို့တို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတဲ့ အတွက် မန်တုံမြို့က ဒေသနေပြည်သူတဦး သေဆုံးပြီး ဦးထိခိုက်ဒဏ်ရာရသလို ရပ်ကွက်ထဲမှာရှိတဲ့ ပြည်သူပိုင်အိမ် ၂၇ လုံး ဗုံးစထိမှန် ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

မိုင်းငေါ့မြို့ တာလုံရပ်ကွက်မှာရှိတဲ့ စာသင်ကျောင်းအနီးကို ဂျက်ဖိုက်တာနဲ့ ကြိမ် ဗုံးသီး လုံး လာရောက်ကြဲချတိုက်ခိုက် ခဲ့တာလို့ PSLF/TNLA သတင်းနှင့်ပြန့်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ် ဖွဲ့အနေနဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက် လုပ်နိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလ တလ သက်တမ်းထပ်တိုးထားမယ်လို့ မေလ ရက်နေ့ကပဲ ထုတ်ပြန်ကြေညာခဲ့ ပါတယ်။

စစ်ကောင်စီအနေနဲ့ မေလ ရက်နေ့က ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေးကာလ သက်တမ်းထပ်တိုးလိုက်ပေမယ့် မြေပြင် ကနေ ထိုးစစ်ဆင်နေပြီး လက်နက်ကြီးနဲ့ပစ်ခတ်ကာ ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်နီး ပါး အသုံးပြုတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။ 

အခုလို စစ်ကောင်စီဘက်က နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်ကနေ ရှောင်ရှားနိုင်ရေး စစ်ရေးသတိ အမြဲရှိကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၃။ ရေစကြိုနယ်မှာ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု အရာရှိအပါအဝင် စစ်သား ၂၇ ဦး သေဆုံးပြီး PDF တဦးကျဆုံး  


မေလ ၁၄ရက်


မကွေးတိုင်း ရေစကြိုမြို့နယ် ဆန်းသစ်ကျေးရွာအနီးမှာ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိတဦး အပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့က ပြောပါတယ်။


ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာကနေ အင်အား ၁၀၀ လောက်နဲ့ ထွက်လာတဲ့ ရေစကြိုအခြေစိုက် ခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းတို့က စစ်ကောင်စီတပ်ဖွဲ့ဟာ ဒေသနေပြည်သူ ဦးကို ဓားစာခံအဖြစ်သုံးပြီး ဆန်းသစ်ကျေးရွာဘက် စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ မေလ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲကာချိန် နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က အရာရှိတဦးအပါအဝင် ၂၇ ဦး သေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရသွားသလို စစ်ကောင်စီရဲ့ DJI အမျိုးအစား ကင်းထောက်ဒရုန်းတစင်းကိုလည်း ပစ်ချနိုင်ခဲ့ တယ်လို့ အသိပေးပါတယ်။


ဒီတိုက်ပွဲမှာ Southern YSO PDF က ရဲဘော်လပြည့်ဟာ တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၁၀ ဦးခန့် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။


ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ အသာစီးကနေ တိုက်ခိုက်နိုင်ခဲ့တာကြောင့် အထိနာသွားတဲ့စစ်ကောင်စီတပ် ဟာ တိုက်ပွဲဖြစ်တာမရှိတဲ့ သဲတောကျေးရွာကို ပါရာမိုတာ စီးနဲ့ ဗုံးကြဲတဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူတဦး သေဆုံး ပြီး ပြည်သူပိုင်တဲ့ အိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ Southern YSO PDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အရပ်သားပြည်သူ ဦးကို ဓားစာခံလုပ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို Southern Local တပ်ပေါင်းစု၊ Southern YSO PDF Yesagyo Revolution Group - YRG ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF King Cobra ဒေါင်းစစ်သည်နဲ့ BNRA တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩၄။⁨⁨ ကြို့ပင်ကောက်နယ်မှာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ နယ်ထိန်းရဲကို ပစ်ခတ်ရှင်းလင်း


မေလ ၁၄ရက်


ဆိုင်ကယ်စီးလာတဲ့ အရပ်သားပြည်သူ ဦးကို ပစ်ခတ်သတ်ဖြတ်ရာမှာပါဝင်ခဲ့တဲ့ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်က နယ်ထိန်းရဲ မာန်ဟိန်းဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖိုက ပြောပါတယ်။

မြို့တွင်းအုပ်စု အလယ်ကုန်းကျေးရွာ နယ်မြေရဲစခန်းကနေ ကြို့ပင်ကောက်မြို့ဘက်ကို အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ နယ်ထိန်းရဲကို မနေ့ မေလ ၁၃ ရက် မနက် ၁၀ နာရီခန့်အချိန်မှာ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ရဲဘော်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အခုလိုတိုက်ခိုက်ချိန်မှာ နယ်ထိန်းရဲ မာန်ဟိန်းဟာ လမ်းမဘေးမှာရှိတဲ့ အိမ်တအိမ်ထဲ ဝင်ပြေးသွားတဲ့အတွက် တော်လှန်ရေး ရဲဘော်တွေ အဲဒီအိမ်ထဲအထိ ဝင်ရောက်ရှင်းလင်းခဲ့ရတယ်လို့ အသိပေးပါတယ်။  

သေဆုံးသွားတဲ့ နယ်ထိန်းရဲဆီကနေ G3 ကျည် ၂၀ တောင့်၊ စကားပြောစက်တလုံး၊ ဆိုင်ကယ်တစီးနဲ့ ငွေကျပ် ၆၀၀ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆိုင်ကယ်ရပ်မပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်မောင်းလာတဲ့ အရပ်သား ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် ၂ဝ၂၁ ခုနှစ်ထဲမှာဖြစ်ခဲ့တာရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

သေဆုံးသွားတဲ့ နယ်ထိန်းရဲ မာန်ဟိန်းဟာ အရပ်သားပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးတာ ဆိုင်ကယ်စီးလာတဲ့ ခရီးသွားပြည်သူ ဦးကို ပစ်ခတ်သတ်ဖြတ်ရာမှာပါဝင်ခဲ့တာ စစ်ကောင်စီတပ်ဖွဲ့နဲ့အတူ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီး တာ တက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ အချက်အလက်တွေ စုံစမ်းထောက်လှမ်းတာ အကြောင်းအမျိုး မျိုးပြပြီး ပြည်သူလူထုကို ခြိမ်းခြောက်ငွေတောင်းတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို အရေးယူရတာလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ရှင်းပြထားပါတယ်။

ပြည်သူလူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို အချိန်နေရာမရွေး တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် သူတို့အနီး သွားလာနေထိုင်တာတွေ မလုပ်ကြဖို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က အသိပေးနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


Share:

Related Posts:

No comments:

Post a Comment