၂၀၂၅ မေလ ၂၂ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အိုးတိန်တွင်း ကျေးရွာလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်တွင် ထိခိုက်ခံစားခဲ့ရသူများကို နှစ်သိမ့်အားပေးခြင်းနှင့် ထောက်ပံ့ခြင်းများ လူသား/စာနာ ဝန်ကြီးဌာနက လုပ်ဆောင်

📌 ၂။ စာသင်ကျောင်းကို စစ်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်အပေါ် တုန်လှုပ်ခြောက်ခြားမိပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ယူကေဝန်ကြီးဆို

📌 ၃။ အာဆီယံ၏ (၄၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အုပ်စု မပါဝင်ရေး တောင်းဆို

📌 ၄။ ယူကေနိုင်ငံ လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့နှင့် တရုတ်သံရုံးရှေ့တွင် မြန်မာအင်အားစုများ ဆန္ဒထုတ်ဖော်

📌 ၅။ Power Family ရဲ့ ဆန်ဖရန်စစ်ကို ရောင်နီ ရန်ပုံငွေဂီတပွဲတော်မှ ရရှိလာမယ့် ရန်ပုံငွေများကို မြန်မာပြည်ရဲ့လိုအပ်သောနေရာများသို့ ပြန်လည်ထောက်ပံ့မည်

📌 ၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးသေဆုံးခဲ့ပြီးအသက် (၁၈) နှစ်အောက် ကလေးငယ် (၃၈) ဦး ပါဝင်


========================


၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ကန့်ဘလူရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး (၃၉) လုံး ကြဲချ၊ ပြည်သူ () ဦး သေဆုံး

🚩၂။ လွယ်ဟောင်နဲ့ ဖက်ရင်းကုန်း ရွာကြားမှာ စစ်ကောင်စီက အဆိပ်ငွေ့ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

🚩၃။ KIA ပူးပေါင်းတပ်များ ပစ်ချခဲ့တဲ့ ရဟတ်ယာဉ်မှာ စစ်ကောင်စီတပ်သား အလောင်း (၁၆) လောင်း တွေ့ရှိ

🚩၄။ တိုက်ခိုက်ရေး သင်တန်းကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုအတွင်း () ဦး သေဆုံးကာ (၂၀) ကျော် ထိခိုက်ဒဏ်ရာရ 

🚩၅။ ကွင်းကျယ်ရွာ အထိုင်စခန်းကုန်းအား () ရက်တာ ဝင်ရောက်တိုက်ခိုက် ရှင်းလင်းဖျက်ဆီးခဲ့

🚩၆။ ဖားကန့်သို့ ချီတက်လာသော စစ်ကောင်စီတပ်ကို KIA KPDF ပူးပေါင်းတပ်ဖွဲ့များက တံတားညီနောင်တွင် ပိတ်ဆို့တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

🚩၇။ ရွှေကျင်မြို့နယ်တိုက်ပွဲများမှာ ပဲခူးတိုင်း ပကဖများ ပါဝင်တိုက်ခိုက်‌

🚩၈။ ရောင်းဒေါင်း ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်

🚩၉။ စခန်းသိမ်း တိုက်ပွဲများမှာ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်ဗိုလ်၊ တပ်မှူး နဲ့ ရဲဘော်ရဲဘက်များအား ဂုဏ်ပြုပွဲ ကျင်းပ

🚩၁၀။ လက်ရှိအခြေနေအရ စစ်စခန်းပေါင်း (၂၀၀) လောက်နဲ့  မြို့ပေါင်း (၁၀၀) နီးပါးရှိတဲ့ နယ်မြေအများအပြားဟာ တော်လှန်ရေးတပ်တွေလက်ထဲမှာလို့ PDF Insight ဖော်ပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အိုးတိန်တွင်း ကျေးရွာလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်တွင် ထိခိုက်ခံစားခဲ့ရသူများကို နှစ်သိမ့်အားပေးခြင်းနှင့် ထောက်ပံ့ခြင်းများ လူသား/စာနာ ဝန်ကြီးဌာနက လုပ်ဆောင်


ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာ၊ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်တွင် ထိခိုက်ခံစားခဲ့ရသူများကို နှစ်သိမ့်အားပေးခြင်းနှင့် ထောက်ပံ့ခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ မေလ (၂၁) ရက်မှာ လူသား/စာနာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နှစ်သိမ့်ဆွေးနွေးပွဲသို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ကလေးစိတ်ပညာဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များနှင့် ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ထိခိုက်ခံစားရသည့် မိသားစုဝင်များ၊ ကလေးသူငယ်များနှင့် ဆရာ/မများကို နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် စိတ်ဖိစီးမှုများနှင့်ထိတ်လန့်ကြောက်ရွံ့မှုများလျော့ပါးစေရန် ပြုလုပ်ရမည့်နည်းလမ်းများကို မျှဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။

လေကြောင်းကဗုံးကြဲတိုက်ခိုက်မှုကြောင့်သေဆုံး၊ ဒဏ်ရာရသူများအတွက် လူသား/စာနာ ဝန်ကြီးဌာနက ထောက်ပံ့ငွေ ကျပ် (၁၀၅) သိန်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် စေတနာရှင်များက လှူဒါန်းငွေ ကျပ်သိန်း (၁၃၀) စုစုပေါင်း ငွေကျပ် (၂၃၅) သိန်းကို ထိခိုက်ခံစားရသည့် မိသားစုဝင်များအား မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကိုယ်တိုင်ကိုယ်ကျ ထောက်ပံ့ပေးခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာ၊ စာသင်ကျောင်းကို မေလ (၁၂) ရက်နေ့၊ နံနက် (၉း၃၅) အချိန်ခန့်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆရာမ() ဦးနှင့် ကျောင်းသား/သူ (၂၂)ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသည့် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၁၀၅) ဦးခန့် ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ စာသင်ကျောင်းကို စစ်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်အပေါ် တုန်လှုပ်ခြောက်ခြားမိပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ယူကေဝန်ကြီးဆို


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်အပေါ် တုန်လှုပ်ခြောက်ခြားမိပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အင်ဒို-ပစိဖိတ်ရေးရာ ယူကေဝန်ကြီး Catherine West က ထုတ်ပြန်ချက်တစ်ရပ်မှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့သည့် အစီရင်ခံစာများနှင့်ပတ်သက်ပြီး ယူကေဝန်ကြီးက "မြန်မာစစ်တပ်က အပစ်အခတ်ရပ်စဲရေး ကြေညာထားတဲ့ကာလမှာပင် ငလျင်ဘေးဒဏ်သင့်ဒေသရှိ စာသင်ကျောင်းအပေါ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အစီရင်ခံစာများကို ကြားသိရတာ အလွန်ပဲ တုန်လှုပ်ခြောက်ခြားမိပါတယ်။  စာသင်ကျောင်းများဟာ ဘေးကင်းလုံခြုံမှုနဲ့ အခွင့်အလမ်းဖန်တီးပေးရာ ရပ်ဝန်းသာ ဖြစ်ပြီး၊ ပဋိပက္ခတွေကြားမှာ မထိခိုက် မပျက်စီးသင့်ပါ။ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အရပ်သားပြည်သူများ လုံခြုံမှုရှိစေဖို့နဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို အကာအကွယ်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး အထူးသဖြင့် မြန်မာစစ်တပ်ကို မိမိတို့ ထပ်မံ တောင်းဆိုပါတယ်" လို့ ပြောကြားပါတယ်။

မေလ (၁၂) ရက် မနက်ပိုင်းက ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ကျောင်းသူ (၂၄) ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုစာရင်းမှာ မြေပြင်စာရင်းအရ (၁၀၂) ဦး ဖြစ်ကြောင်း သိရပါတယ်။


========================


📌📌 ၃။ အာဆီယံ၏ (၄၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အုပ်စု မပါဝင်ရေး တောင်းဆို


အာဆီယံ၏ (၄၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အုပ်စု မပါဝင်ရေး တောင်းဆိုကြောင်း Defend Myanmar Democracy အပါအဝင် အဖွဲ့အစည်းများက ဖော်ပြပါတယ်။

မေလ (၂၃) ရက်မှ (၂၇) ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် အာဆီယံ၏ (၄၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံလုံး၏ ခေါင်းဆောင်များ ပူးပေါင်းဆွေးနွေးမည့် အကြောင်းအရာများမှာ အာဆီယံအသိုင်းအဝိုင်း၏ (၂၀၂၅) ခုနှစ် မျှော်မှန်းချက်၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုနှင့် လူသားချင်းစာနာမှု အကူအညီ၊ တရုတ်နိုင်ငံနှင့် GCC နိုင်ငံများ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာများဖြစ်ကြပါတယ်။

သို့သော် တကယ့်လက်တွေ့တွင် အားလုံးပါဝင်နိုင်မှု ဟူသော ခေါင်းစဉ်ပေးထားသော်လည်းလက်တွေ့တွင် အာဆီယံသည် ပြီးခဲ့သည့် () နှစ်အတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း (၄၀၀၀) ကျော် လုပ်ဆောင်ခဲ့ပြီး (.) သန်းသော ပြည်သူများအား အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည့်အပြင် မရေတွက်နိုင်အောင် များပြားလှသော ရာဇဝတ်မှုများအတွက် တာဝန်ရှိသော စစ်အုပ်စုကိုသာ ထိုင်ခုံနေရာပေးပြီး မြန်မာပြည်သူများအား ဆက်လက် ဖယ်ကြဉ်ထားဆဲ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာစစ်အုပ်စု မပါဝင်ရေး၊ မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များအား တရားဝင် ချိတ်ဆက်ဆောင်ရွက်မှု ပြုလုပ်ရေးနှင့် စစ်ရာဇဝတ်မှုများတွင် အာဆီယံ၏ ကြံရာပါနေမှု အဆုံးသတ်ရေးတို့ကို တောင်းဆိုအပ်တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၄။ ယူကေနိုင်ငံ လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့နှင့် တရုတ်သံရုံးရှေ့တွင် မြန်မာအင်အားစုများ ဆန္ဒထုတ်ဖော်


မေလ (၂၀) ရက်နေ့ မွန်းလွဲ (:၀၀) မှ (:၀၀) အထိ ယူကေနိုင်ငံ လန်ဒန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ယူကေရောက် မြန်မာများ စုဝေးဆန္ဒပြခဲ့ကြတယ်လို့ Myanmar Unity Movement Team က အတည်ပြုဆိုပါတယ်။

မြန်မာပြည်၏ အရေးကိစ္စတွင် တရုတ်အစိုးရအနေနှင့် မြန်မာစစ်ကောင်စီကို တဖက်တလမ်းမှ အားပေးထောက်ခံမှုကို ပြုလုပ်နေကာ ပြည်တွင်းရေးကို အတိအလင်း ဝင်ရောက်စွက်ဖက်နေမှုအား လုံးဝ မလိုလားကြောင်းနှင့် မြန်မာ့ပြည်တွင်းရေးကို ကူညီသယောင်နှင့် နှောက်ယှက်ဖျက်ဆီးနေသော ကိစ္စရပ်များအတွက် မြန်မာပြည်သူပြည်သားများမှ လုံးဝကြိုက်နှစ်သက်မှုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အလားတူ စကစ၏ သံရုံးရှေ့တွင်လည်း အာဏာရှင် တွန်းလှန်တိုက်ထုတ်ရေးအတွက် ဆန္ဒပြမှုနှင့်အတူ မြန်မာပြည်တွင်း/ပြည်ပရှိ ပြည်သူပြည်သားများအားလုံး စုစည်းညီညွတ်စေကြောင်း လှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ Power Family ရဲ့ ဆန်ဖရန်စစ်ကို ရောင်နီ ရန်ပုံငွေဂီတပွဲတော်မှ ရရှိလာမယ့် ရန်ပုံငွေများကို မြန်မာပြည်ရဲ့လိုအပ်သောနေရာများသို့ ပြန်လည်ထောက်ပံ့မည်


"Power Family ရဲ့ ဆန်ဖရန်စစ်ကို ရောင်နီ ရန်ပုံငွေ ဂီတပွဲတော်အတွက် ရရှိလာမယ့် ရန်ပုံငွေများကို တော်လှန်ရေးမိသားစုဝင်များရဲ့ ပြန်လည်ထူထောင်ရေး၊ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်များ၊ CDM မိသားစုများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့ မိသားစုဝင်များ၊ နိုင်ငံရေးအကျဥ်းကျ မိသားစုဝင်များ၊ ငလျင်ဒဏ်ခံရသောဒေသများကို ဦးစားပေးထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ရောင်နီ မိသားစုက ထုတ်ပြန်ဖော်ပြပါတယ်။

ဂီတရန်ပုံငွေအတွက် ပွဲလက်မှတ်ဝယ်ယူသူ ပြည်သူတစ်ဦးချင်းဟာ အလှူရှင်တွေ ဖြစ်ပြီး ပြည်ပရောက် ရောင်နီအဖွဲ့က ပြည်တွင်းက လူထုနဲ့တစ်သားတည်းရှိနေမှာလို့လည်း ကတိပြုထားပါတယ်။

ဆန်ဖရန်စစ်ကို ရောင်နီ ရန်ပုံငွေဂီတပွဲတော်ကို ဇွန်လ (၁၅) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရှိပါတယ်။


========================


📌📌 ၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးသေဆုံးခဲ့ပြီးအသက် (၁၈) နှစ်အောက် ကလေးငယ် (၃၈) ဦး ပါဝင်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များ အရ (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့မှ မေလ (၂၁) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ အမျိုးသမီး (၃၂) ဦးနှင့် အမျိုးသား (၁၈) ဦး စုစုပေါင်း (၅၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် (၁၈) နှစ်အောက် ကလေးငယ် (၃၈) ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။

အဆိုပါ သေဆုံးသူများအနက် (၄၀) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် () ဦး သေဆုံးခဲ့ရပါတယ်။

မေလ (၁၉) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီခန့်အချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတခု၌ စစ်ရှောင်နေသည့် CDM ကျောင်းဆရာ ကိုသက်ဦးသည် စစ်ရှောင်နေရာမှ ၎င်း၏ အိမ်ရှိရာ ကျုံဒိုးမြို့၊ အမှတ် () ရက်ကွက်သို့ ခေတ္တပြန်လာ၍ ပစ္စည်းယူစဉ် အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ အမှတ် (၅၄၆) ခြေမြန်တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ထိုရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် ကျည်စထိမှန်၍ သေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ ကန့်ဘလူရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး (၃၉) လုံး ကြဲချ၊ ပြည်သူ () ဦး သေဆုံး


မေလ (၂၁) ရက်နေ့ မွန်းလွဲ (၁၂း၀၀) မှ (၁း၀၀) နာရီအထိ ကန်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်နှင့် ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး (၃၉) လုံး လိုက်လံကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ပေါက်ဆိန်ကုန်းရွာမှ ဦးမှိုင်းနှင့် အသက် (၃၀) ခန့် အရွယ် အမျိုးသား () ဦးတို့ ပွဲချင်းပြီး သေဆုံးပြီး သင်တောရွာမှ ဒေါ်စီပုလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင် ကန့်လူမြို့နယ် ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ သင်တောရွာကိုလည်း ချပ်သင်းရွာနှင့် ကိုးတောင်ဘို့မှ အင်အား (၂၀၀) ကျော်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းများ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာနေ ပြည်သူများကို လိုက်လံဖမ်းဆီးခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


========================


🚩🚩၂။ လွယ်ဟောင်နဲ့ ဖက်ရင်းကုန်း ရွာကြားမှာ စစ်ကောင်စီက အဆိပ်ငွေ့ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်


ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်အတွင်းရှိ လွယ်ဟောင်နဲ့ ဖက်ရင်းကုန်း ရွာကြားနေရာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများ၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ထုတ်ပြန်ထားပါတယ်။

မေလ (၂၀) ရက်နေ့ နေ့လည် (၁၂း၀၀) မှ (၁း၀၀) နာရီအတွင်း အဆိပ်ငွေ့ ဗုံး () လုံးနဲ့ (၃း၂၁) နာရီမှာ ဗုံး () လုံး ကြဲချခဲ့ပြီး (၃း၂၈) နာရီမှာ လက်နက်ကြီး () လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ဂူတိုက်နယ် ကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ထိုးစစ်ဆင်မှုများ ပြုလုပ်နေရာ နိုင်ငံတကာမှာ တားမြစ်ကန့်သတ်ထားတဲ့ အဆိပ်ငွေ့ ဗုံးများကိုပါ အသုံးပြုကာ စစ်ရာဇဝတ်မှု ဥပဒေချိုးဖောက်မှုများကို မကြာခဏ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ထို့ပြင် မဟာမိတ် TNLA တပ်များ ထိန်းချုပ်ထားတဲ့ နယ်မြေတွင်လည်း ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေတာကြောင့် ပြည်သူများအနေနဲ့ လေကြောင်းအန္တရာယ် အထူးဂရုပြုဖို့ စစ်ရေးသတင်းများကို နေ့စဉ်နဲ့အမျှ နားစွင့်ထားကြဖို့ DPLA က သတိပေးထားပါတယ်။


========================


🚩🚩၃။ KIA ပူးပေါင်းတပ်များ ပစ်ချခဲ့တဲ့ ရဟတ်ယာဉ်မှာ စစ်ကောင်စီတပ်သား အလောင်း (၁၆) လောင်း တွေ့ရှိ


ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ ပစ်ချခဲ့တဲ့ စစ်ရဟတ်ယာဥ် အပျက်အစီးတွေရှိတဲ့နေရာကို နယ်မြေရှင်းလင်းချိန်မှာ မီးလောင်ပျက်စီးနေတဲ့ ရဟတ်ယာဉ်အနီး စစ်ကောင်စီတပ်သား အလောင်း (၁၆) လောင်းတွေ့ရှိခဲ့တယ်လို့ KIA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။ 

စစ်ကောင်စီလေတပ်က ဗိုလ်ကြီးအဆင့် အလောင်း () လောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း (၁၆) လောင်းကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် အလောင်းတွေနဲ့အတူ မီးလောင်ပျက်စီးသွားတဲ့ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ အဆိုပါ ရဟတ်ယာဉ်ဟာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ရတာလို့ လိမ်လည်ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၄။ တိုက်ခိုက်ရေး သင်တန်းကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုအတွင်း () ဦး သေဆုံးကာ (၂၀) ကျော် ထိခိုက်ဒဏ်ရာရ 


သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ စစ်ကောင်စီရဲ့ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦး သေဆုံးကာ (၂၀) ကျော် ဒဏ်ရာ ရခဲ့တယ်လို့ BWM က ထုတ်ပြန်ထားပါတယ်။

မေလ (၁၉) ရက်နေ့က တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို BWM MKCDF ACPLF နဲ့  KNLA တပ်မဟာ () တပ်ရင်း () ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံး () လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ () လုံး ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ကျောင်းအုပ်ကြီး လုံခြုံရေး စစ်သည် () ဦးနှင့် ဒု-တပ်ကြပ် () ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ သင်တန်းသားအရာရှိ () ဦးထဲမှ () ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထို့ပြင် နောက်ထပ် (၁၉) ဦး ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်ဖွယ်မရှိဘူးလို့ သိရကြောင်း ဖော်ပြထားပါတယ်။

ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းအုပ်ကြီး နေအိမ်၊ ကားဂိုဒေါင် ထိမှန်ပျက်စီး၍ ကား () စီး ပျက်စီးခဲ့သလို တပ်ရင်းမှူး သင်တန်းသားအရာရှိ အိပ်ဆောင်များဖြစ်သော အင်ကြင်းဆောင်၊ သဇင်ဆောင်နဲ့ နှင်းဆီဆောင်များလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းဗဟိုကင်း အိပ်ဆောင်၊ ကျောင်းဌာနချုပ် လက်နက်တိုက်နဲ့ ကျောင်းဌာနချုပ်ရုံး စစ်ရေးပြကွင်းတို့မှာလည်း ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်ပျက်စီးမှု အနည်းငယ် ရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၅။ ကွင်းကျယ်ရွာ အထိုင်စခန်းကုန်းအား () ရက်တာ ဝင်ရောက်တိုက်ခိုက် ရှင်းလင်းဖျက်ဆီးခဲ့


ပဲခူးတိုင်း၊ အုပ်ဖိုမြို့နယ်၊ ကွင်းကျယ်ကျေးရွာက စစ်ကောင်စီ အထိုင်စခန်းကုန်းအား () ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး ရှင်းလင်းဖျက်ဆီးနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် () တပ်ရင်း (P23801) က သတင်းထုတ်ပြန်ထားပါတယ်။

မေလ (၁၈) ရက်နေ့ မနက် () နာရီခွဲခန့်မှ စတင်ကာ ကွင်းကျယ်ရွာနဲ့ အထိုင်စခန်းအား ပူးပေါင်းတပ်ဖွဲ့မှ စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဝိုင်းဝန်းပိတ်ဆို့ကာ တနေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ပျဉ်ပုံပျူရွာမှ (၁၂၀) မမ လက်နက်ကြီးများဖြင့် ပစ်ကူပေး ခုခံခဲ့တယ်လို့ ဆိုပါတယ်။

မေလ (၁၉) ရက်နေ့ မနက် (၁၂း၁၅) နာရီခန့်မှာ ပြည်ခရိုင်၊ သိမ်ကုန်းတာဝါတိုင် စခန်းကုန်းမှ အင်အား (၇၀) နီးပါးပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကူထွက်လာတာကို သတင်းရရှိတာကြောင့် ကွင်းကျယ်ရွာဘက်မှ ဝင်ပေါက် ဟပေးခဲ့ကာ ထိုဝင်ပေါက်မှာ မိုင်းထောင်ထားပြီး ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့တယ်လို့ သိရပါတယ်။

မေလ (၂၀) ရက်နေ့ နေ့လည် (၁၁) နာရီခန့်မှာ ထိုအထိုင်စခန်းမှ လက်ကျန်အင်အားနဲ့ စစ်ကူအဖွဲ့ စုစုပေါင်း (၈၀) ကျော်ခန့်ဟာ ဟပေးထားတဲ့ လမ်းကြောင်းအတိုင်း ပြန်ထွက်လာခဲ့ရာ (၁၁) နာရီ (၁၂) မိနစ်နဲ့ (၁၆) မိနစ် တို့မှာ မိုင်းကွင်းတွေထဲ ဝင်ရောက်လာတာကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းကွင်း နှစ်ကွင်း ဖောက်ခွဲတိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ် ရှင်လင်းခဲ့ပြီး နေ့လည် (၂း၀၅) နာရီအချိန်မှာ ကွင်းကျယ်ရွာ အထိုင်စခန်းကုန်းအား ဝင်ရောက်ရှင်းလင်း ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

() ရက်တာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား () ဦး သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပြီး စခန်းကုန်းအတွင်းမှာ ပုပ်ဆော်နံနေတဲ့ စစ်ကောင်စီ အလောင်းများအား တွေ့ခဲ့ရကာ မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် () စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၂) သာယာဝတီခရိုင် အမှတ် () တပ်ရင်း (P23801) နှင့် နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (နတ်တလင်း ပကဖ) တပ်ရင်း (၃၈၀၁) ဒရုန်းတပ်ဖွဲ့ (Bago Wings UAV Force) တပ်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩၆။ ဖားကန့်သို့ ချီတက်လာသော စစ်ကောင်စီတပ်ကို KIA KPDF ပူးပေါင်းတပ်ဖွဲ့များက တံတားညီနောင်တွင် ပိတ်ဆို့တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ စစ်ကြောင်း () ကြောင်းဖြင့် ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့များသည် လဝါး-ကာမိုင်း-နန့်ယား-ဖားကန့်လမ်းပိုင်းရှိ တံတားညီနောင်အနီးတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်သည် အင်အား (၆၀၀) ကျော်၊ တင့်ကား () စီးဖြင့် ဖားကန့်မြို့သို့ ထိန်းချုပ်ရေးအတွက် (၂၈) ရက်ကြာ ချီတက်လာသော်လည်း တံတားညီနောင်တွင် KIA KPDF တပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် မြို့သို့ မရောက်ရှိနိုင်သေးသည့်အပြင် ဖားကန့်မြို့အခြေစိုက် တပ်မကုန်းမှ လက်နက်ကြီး () လုံးဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရပါတယ်။


========================


🚩🚩၇။ ရွှေကျင်မြို့နယ်တိုက်ပွဲများမှာ ပဲခူးတိုင်း ပကဖများ ပါဝင်တိုက်ခိုက်‌


ရွှေကျင်မြို့နယ်တိုက်ပွဲများမှာ ပဲခူးခရိုင်ပကဖနဲ့  ဝေါ၊ ကဝ၊ အင်းတကော်၊ ဘုရားကြီး၊ ဒိုက်ဦး၊ သနပ်ပင်မြို့နယ် ပကဖများ ပါဝင်တိုက်ခိုက်နေကြကြောင်း ပကဖအသံက အသိပေးဖော်ပြပါတယ်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ခံ ခမရ (၅၉၈) တပ်ရင်းဌာနချုပ်ကို KNLA နှင့် NUG-MOD စစ်ဆင်ရေး (၁၊၂) တပ်ရင်းတပ်ဖွဲ့များ၊ စစ်‌ကြောင်းများ၊ ရန်ကုန်တ်ိုင်း ပကဖ၊ ပဲခူးတိုင်း ပကဖများနဲ့ မဟာမိတ်တပ်ဖွဲ့များက (၂၀၂၅) ခုနှစ် မေလ () ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ခမရ (၅၉၈) တပ်ရင်းဌာနချုပ် တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီဟာ ရွှေကျင်မြို့နယ်ကို စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်နေသဖြင့် PDF တပ်ရင်းများနဲ့ ပကဖများစုပေါင်းကာ ခုခံကာကွယ်တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။


========================


🚩🚩၈။ ရောင်းဒေါင်း ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်


မွန်ပြည်နယ်၊ မော်လမြိုင် - သံဖြူဇရပ် လမ်းမကြီးပေါ်ရှိ၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်း ကျေးရွာ အနီးတွင် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP-AD) က သတင်းထုတ်ပြန် ထားပါတယ်။

မေလ (၂၀) ရက် နေ့လည် ၁၂း၁၀) နာရီခန့်မှာ ရောင်းဒေါင်းကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အမတ (၃၁၈) တပ်ရင်းမှ တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ () ဦး သေဆုံးကာ () ဦး ဒဏ်ရာရ ခဲ့ပြီး NMSP-AD မှ ရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩၉။ စခန်းသိမ်း တိုက်ပွဲများမှာ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်ဗိုလ်၊ တပ်မှူး နဲ့ ရဲဘော်ရဲဘက်များအား ဂုဏ်ပြုပွဲ ကျင်းပ


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ () အတွင်းက စစ်ကောင်စီ တပ်စခန်း () ခုကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ရဲစွမ်းသတ္တိဖြင့် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့ ကြတဲ့ တပ်ဗိုလ်၊ တပ်မှူး၊ ရဲဘော်ရဲဘက်များကို ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန် ထားပါတယ်။

(၂၀၂၄) ဒီဇင်ဘာလ ၁၆ ရက်နေ့မှ မေလ ၁၉ ရက်နေ့ထိ သောင်ရင်းမြစ် ကမ်းတလျောက် အခြေစိုက်တဲ့ စစ်ကောင်စီ တပ်စခန်း () ခုကို KNLA တပ်မဟာ () တပ်ရင်း (၂၂) တပ်ရင်းမှူး ဦးဆောင်ကာ KNLA KNDO တပ်ဗိုလ်၊ တပ်မှူးများနဲ့ ရဲဘော်ရဲဘက်များက တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်ဗိုလ်၊ တပ်မှူးများနဲ့ ရဲဘော်ရဲဘက်များက တိုက်ပွဲများမှာ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ကာ စခန်းများကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် သောင်ရင်းမြစ်ဘေးရှိ ရွာသူရွာသားများ အကြေက်တရား ကင်းလွတ်စွာဖြင့် လွတ်လပ်စွာ သွားလာလုပ်ကိုင် စားသောက်နိုင်ပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ထို့ကြောင့် KNU ဖားအံခရိုင်၊ တပ်မဟာ () မှ တာဝန်ရှိ ခေါင်းဆောင်များ၊ ဗဟိုနှင့် ဖားအံခရိုင် ကရင် အမျိုးသမီးအစည်းအရုံး (KWO) နဲ့ဒေသခံရွာသူရွာသားများက တိုက်ပွဲများမှာ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်ဗိုလ်၊ တပ်မှူး နဲ့ ရဲဘော်ရဲဘက်များအား မေလ (၂၁) ရက်နေ့မှာ ဂုဏ်ပြု ပန်းကုံးစွပ် ကြိုဆိုပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


🚩🚩၁၀။ လက်ရှိအခြေနေအရ စစ်စခန်းပေါင်း (၂၀၀) လောက်နဲ့  မြို့ပေါင်း (၁၀၀) နီးပါးရှိတဲ့ နယ်မြေအများအပြားဟာ တော်လှန်ရေးတပ်တွေလက်ထဲမှာလို့ PDF Insight ဖော်ပြ


စစ်ရေးသတင်းများကို သုံးသပ်ရေးသားနေတဲ့ PDF Insight က "ဒီရက်ပိုင်းမှာပဲ FPNCC အဖွဲ့တွေကလည်း ထုတ်ပြန်ကြေညာချက်မလုပ်တဲ့ တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့တာဖြစ်တယ်။ တိုင်းရင်းသားတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံရှိထားလို့ တရုတ်အလိုကျ လုပ်ပေးနေရတာကလွဲလို့ စစ်အုပ်စုအပေါ် ယုံကြည်စိတ်ရှိလာစရာ အကြောင်းမရှိပါဘူး။ စစ်တပ်ကို ထောက်ခံပံ့ပိုးခြင်းဟာ တရုတ်တို့ရဲ့ မြန်မာ့အရေးကို လွဲမှားစွာ လောင်းကြေးထပ်နေတာပဲဖြစ်ပါတယ်။ မြန်မာပြည်တွင်း တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးအောင်မြင်မှုတွေက တရုတ်အမြင်ကို ပြောင်းသွားစေမှာပါ။အခုအခြေနေအရ စစ်စခန်းပေါင်း ၂၀၀လောက်နဲ့  မြို့ပေါင်း ၁၀၀နီးပါးရှိတဲ့ နယ်မြေအများအပြားဟာ တော်လှန်ရေးတပ်တွေလက်ထဲမှာပါ။စစ် တပ်ဟာ အရေးကြီးတဲ့ စခန်းတွေနဲ့ မြို့ကြီးအချို့မှာ အခိုင်အမာ ခံစစ်ပြင်ထားပါတယ်။ ခံစစ်ပြင်မှုက ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ခံစစ်ပြင်ပုံမျိုးပါပဲ။ ဒါပေမယ့် မအလစစ်သားတွေရဲ့ စိတ်ဓါတ်က ဂျပန်စစ်သားရဲ့ ခြေဖျားတောင်မမီပါဘူး" လို့ ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံတကာအခြေအနေအရရော ပြည်တွင်းအခြေအနေအရပါ တော်လှန်ရေးရဲ့ နောက်ဆုံး အလှည့်အပြောင်းအဆင့်ဟာ ရောက်လာရတော့မှာပဲဖြစ်တယ်လို့ PDF Insight က သုံးသပ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment