၂၀၂၅ မေလ ၈ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မတ်လ ၂၈ မှ မေလ ရက် အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၇၆ဦး သေဆုံး

📌 ၂။ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူသားအဖနှင့် BGF အဖွဲ့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့

📌 ၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ (Women and Children Protection) သင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံက ဦးဆောင်၍ပို့ချ

📌 ၄။ ဗမွန်စံပြကျေးရွာတွင် တအာင်းစာအဖွဲ့ -TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

📌 ၅။ Bybit မှ မြန်မာနိုင်ငံအတွက် အားဖြည့်ပေးခဲ့ခြင်းကြောင့်ပြည်နယ်အချို့မှာ သောက်သုံးရန် ရေသန့်စက်များအား တပ်ဆင်လုပ်ဆောင်နိုင်ခဲ့


========================


၂၀၂၅ ခုနှစ် မေလ ၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ဒီမော့ဆို အနောက်ခြမ်းကို စစ်ကောင်စီက ဗုံး ၁၀ လုံးနီးပါး ကြဲချခဲ့

🚩၂။ ခင်ဦးမြို့နယ်ရှိ မောင်းကျောက်တောနှင့် ရွာစဉ်ရွာများတွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်

🚩၃။ သပိတ်ကျင်းမြို့နယ် ရေထွက်ရွာတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး ဒဏ်ရာရ

🚩၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းသည်မှ စတင်၍ ယနေ့အချိန်ထိ တပ်ရင်းထောက်ပံ့စရိတ်အဖြစ် အမေရိကန်ဒေါ်လာ (၂၄.) သန်းခန့်ပေးပို့ခဲ့ပြီး

🚩၅။ ရန်ကုန် (၅၁၀၁) တပ်ရင်းက တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူများကို ကယ်ထုတ်ပေးနေတဲ့ မှတ်တမ်းထုတ်ပြန် 

🚩၆။ ဝါရစ်ပိန်းတောပြင် စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတဦး အပါအဝင် ဦး သေဆုံး

🚩၇။ သိန်ခွန်း၊ မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် () လကျော်ကာလအတွင်း တိုက်ပွဲအကြိမ်ပေါင်း (၁၀၀) ထက်မနည်းဖြစ်ပွားပြီး စစ်ကောင်စီတပ်ရင်းမှူး တစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦးနှင့် ဒုဗိုလ်မှူး တစ်ဦးကို ရှင်းလင်းသုတ်သင်နိုင်ခဲ့

🚩၈။ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံတွင် အမျိုးသမီး ၇၁ ဦး သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ WHO က မြန်မာနိုင်ငံငလျင်ဘေးအတွက် အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့ (EMT) (၂၂) ဖွဲ့အား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံအတွင်း () ဖွဲ့ ဆက်လက်ရှိနေ


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မြန်မာနိုင်ငံငလျင်ဘေးအတွက် အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့ (EMT) (၂၂) ဖွဲ့အား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံအတွင်း () ဖွဲ့ ဆက်လက်ရှိနေတယ်လို့ အသိပေးပါတယ်။

"လွန်ခဲ့သောတစ်လကျော်က မြန်မာနိုင်ငံအလယ်ပိုင်းတွင် အင်အားပြင်းငလျင်များ လှုပ်ခတ်ခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့ (EMT) (၂၂) ဖွဲ့အား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး၊ အဆိုပါအဖွဲ့များအား အပျက်အစီးအများဆုံး ဒေသများရှိ ထိခိုက်ခံစားနေရသော ကျေးရွာများသို့ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကူညီမှုများ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးခဲ့ပါတယ်။ ရွေ့လျားဆေးခန်းများ ဖွင့်လှစ်ခြင်းမှသည် အတွင်းလူနာများအတွက် ထိခိုက်ဒဏ်ရာဆိုင်ရာနှင့် ခွဲစိတ်ကုသမှုစောင့်ရှောက်မှုများပေးခြင်းများအထိ၊ အဆိုပါအဖွဲ့များသည် အသက်ပေါင်းများစွာကိုကယ်တင်နိုင်ရန်နှင့် ဝန်ပိနေသော ကျန်းမာရေးစနစ်များကို ပံ့ပိုးကူညီရန် မရပ်မနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်" လို့ ဖော်ပြပါတယ်။

တာဝန်ထမ်းဆောင်ခဲ့သော အဖွဲ့  (၂၂) ဖွဲ့အနက် () ဖွဲ့သည် မြန်မာနိုင်ငံအတွင်း ဆက်လက်ရှိနေပြီး လက်ရှိဆောင်ရွက်နေသော ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ထောက်ပံ့လျက်ရှိတယ်လို့ သိရှိရ ပါတယ်။


========================


📌📌 ၂။ ကတိကဝတ်ကမ်ပိန်းကနေကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီးခံစားခဲ့ရသူ ငါးဆယ်ကျော်ကို ထောက်ပံ့နိုင်ခဲ့


"၂၀၂၄ ခုနစ် မေလက စတင်ခဲ့တဲ့ ကတိကဝတ်ကမ်ပိန်းဟာ အခုဆိုရင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကမ်ပိန်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီးခံစားခဲ့ရသူများအတွက် သက်ဆိုင်ရာ ထိခိုက်နစ်နာမှုအမျိုးအစားအလိုက် လစဉ်ထောက်ပံ့ကူညီခဲ့ရာ ၂၀၂၅ မတ်လတွင် ၁၆ သိန်း သောင်း ၅ထောင်ကျပ် ဖြင့် ထိခိုက်နစ်နာသူ ၂၇ ဦးကို လည်းကောင်း၊၂၀၂၅ ဧပြီလတွင် ၁၆သိန်းကျပ် ဖြင့် ထိခိုက်နစ်နာသူ ၂၈ ဦးကိုလည်းကောင်း ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်"လို့ CDM Medical Network က ဖော်ပြပါတယ်။

လစဉ် အာမခံယူနစ်များ ဝယ်ယူလှူဒါန်းနေကြတဲ့ အဖွဲ့အသီးသီးမှ ကတိကဝတ်ရှင်များ အားလုံးနှင့်အတူ အာမခံယူနစ်များ ကူညီရောင်းချပေးခဲ့တဲ့  "နောက်မဆုတ်တမ်း- D2D" နှင့် "with Love Brunei" တို့ Fundraisers အဖွဲ့များကိုလည်း  CDM Medical Network အနေနဲ့ ထောက်ပံ့ကြေးငွေရရှိခဲ့ကြသော ထိခိုက်နစ်နာကျန်းမာရေး CDMer များအားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။

The Promise Campaign ကနေ လစဉ် အာမခံယူနစ် ၉၀၀ ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပြီး ကတိကဝတ်ရှင် အလှူရှင်များ ဆက်လက်လိုအပ်လျက်ရှိနေသေးကြောင်းလည်း သိရပါတယ်။


========================


📌📌 ၃။ အိန္ဒိယနဲ့ ပါကစ္စတန် စစ်ရေးတင်းမာမှုကြောင့်  သတိပြုနေထိုင်ကြရန် အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေသော မြန်မာများကို India for Myanmar တိုက်တွန်း


အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုများကြောင့် ဒေသတွင်း၌ မလိုလားအပ်သော စိန်ခေါ်မှုများ ထပ်မံဖြစ်ပေါ်လာနိုင်သည့်အတွက် မိမိရောက်ရှိနေထိုင်ရာ ဒေသများတွင် သတိရှိစွာ နေထိုင်ကြရန် India for Myanmar မှ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ထို့အပြင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံလာသော မြန်မာနိုင်ငံသားများအနေဖြင့် အိန္ဒိယ အစိုးရ၏ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိန္ဒိယနိုင်ငံသားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို လုံးဝရှောင်ကြဉ်ရန်နှင့် နိုင်ငံ၏ဥပဒေများ၊ ဒေသန္တရစည်းမျဉ်း၊ စည်းကမ်းများနှင့် ထုတ်ပြန်ချက်များကို အလေးထားလိုက်နာ ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းထားပါတယ်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံခေါင်းဆောင်များအနေဖြင့် နိုင်ငံ၏ လုံခြုံရေးနှင့် နိုင်ငံသားများ၏ အရေးကိစ္စများကို ဦးစားပေး အာရုံစိုက်နေရသည့် အခြေအနေဖြစ်တာကြောင့် မြန်မာနိုင်ငံသား (၄၀) ခန့်မှ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ထံ ပေးပို့ရန် စီစဉ်ထားသော စာပေးပို့မှုအစီအစဉ်ကို အိန္ဒိယနိုင်ငံ၏ လက်ရှိ အခက်အခဲများအပေါ် စာနာစိတ်ဖြင့် သင့်လျော်သည့် အချိန်ကာလတစ်ခုအထိ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။


========================


📌📌 ၄။ တောင်ကလေး အကျဉ်းတောင်မှာ နိုင်ကျဉ်း () ဦးအား အုပ်စုဖွဲ့ သတ်ရန်ကြံစည်မှု ဖြစ်ပွားခဲ့


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေး အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား () ဦးအား ရာဇဝတ် အကျဉ်းသား ၁၂ ဦးမှ အုပ်စုဖွဲ့ သတ်ဖြတ်ရန် ကြံစည်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၃၀ ရက်နေ့မှာ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရသူ နိုင်ငံရေး အကျဉ်းသား ကိုကျော်ကျော်မြင့်နဲ့ ထောင်ဒဏ် နှစ် ကျခံနေရသူ နိုင်ငံရေး အကျဉ်းသား ကိုမင်းသူစိုး တို့ နှစ်ဦးဟာ ထောင်မှကျွေးသော ငါးဟင်း ဘာကြောင့် နောက်ကျရကြောင်းကို ထောင်ပိုင်လေးရဲ့ လက်ရင်းတပည့် ထက်နိုင်မှ အိပ်ဆောင်အတွင်း ဝင်ရောက်ပြောကြားခိုင်းသဖြင့် ပြောကြားရာမှ အခုလို ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ထိုသို့ ပြောကြားနေစဉ် ကိုကျော်ကျော်မြင့်အား ရာဇဝတ်အကျဉ်းသား စပရိန်က အသင့်ပြုလုပ်ထားတဲ့ ပုံစံပုဆိုး ပတ်ထားတဲ့ ကွန်ကရစ်တုံးဖြင့် နောက်စေ့ကို စတင်ရိုက်နှက်ခဲ့ကာ မင်းမင်း () ပါပြတ်ကလည်း ကွန်ကရစ်တုံးဖြင့် ဦးခေါင်းကို ဝင်ရောက်ထုနှက်ခဲ့ကာ မင်းထက် () ဘိုဘို၊ ပေါင်ချိန်၊ နွားကြီး တို့ကလည်း ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ ကိုမင်းသူစိုးကိုလည်း ရာဇဝတ် အကျဉ်းသားများဖြစ်တဲ့ ဝင်းသန်းထွန်း၊ ကျော်သက်လွင်၊ ပေါင်ချိန်၊ မင်းထက် () ဘိုဘို၊ မိုးကောင်းကင်၊ ပါပြတ်၊ နွားကြီး၊ စပရိန်အပြင် တန်းစီးဖြစ်သူ သွားကြိုး၊ ကောင်းရွှေထက်၊ ဂျိုကာ၊ မန္တလေးက Mobile Mother ဖုန်းဆိုင်ပိုင်ရှင်ရဲ့ သားဖြစ်သူ (အမည် မသိရသေး) တို့က ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့ကြတယ်လို့  သိရပါတယ်။ 

ထိုသို့ ကြိုတင်ကြံစည်ပြီး အုပ်စုဖွဲ့ လူသတ်ရန် ကြိုးစားခဲ့တာကြောင့် ကိုကျော်ကျော်မြင့်ဟာ ဦးခေါင်းကွဲအက်၊ ခန္ဓာကိုယ် ဖူးရောင် ပေါက်ပြဲ၊ မျက်နှာ ဖူးရောင်၊ တံတောင်ဆစ် လက်မောင်း ညိုမဲ ဒဏ်ရာများ ရရှိခဲ့ပြီး ဦးခေါင်း ဒဏ်ရာမှာ ချက် ချုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုမင်းသူစိုးမှာလည်း ဦးခေါင်းကွဲအက်၊ ဘယ်မျက်ခုံးကွဲ၊ မျက်နှာတပြင်လုံး ဖူးရောင် ညိုမဲ၊ ခန္ဓာကိုယ်အနှံ့ ညိုမဲ ရောင်ကိုင်း ဒဏ်ရာများ ရခဲ့ကာ ဦးခေါင်းဒဏ်ရာမှာ ချက် ချုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ထိုသို့ ဝိုင်းဝန်းရိုက်နှက် ခဲ့ကြတဲ့ နေရာဟာ အိပ်ဆောင်မှူး ရုံးခန်းရှေ့တွင် ဖြစ်ပေမယ့် အိပ်ဆောင်မှူး ဗိုလ်လေး အောင်ရဲနိုင်၊ တပ်ကြပ် ဝင်းမောင် နဲ့ တပ်ကြပ် သိန်းသန်းဦး () ပြောင်ကြီးတို့ဟာ ဝင်ရောက်ဟန့်တားခြင်း လုံးဝ မပြုလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ထို့ပြင် ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ နေရာဟာ Main Jail နဲ့ သွပ်ဆူးကြိုးသာ ခြားပေမယ့် မည်သို့သော ဟန့်တားမှုမျိုးမှ မရှိခဲ့ဘူးလို့ PPNM က ဖော်ပြထားပါတယ်။

အုပ်စုဖွဲ့ ကြံစည်ခဲ့ကြတဲ့သူများဟာ ယခင်ထောင်ပိုင်လေး စိုးမိုးအောင် ဦးဆောင်မှုဖြင့် MJ က စစ်/စည်း ရဲ/စည်း များမှ နိုင်ငံရေး အကျဉ်းသားများအား သီးသန့် နှိပ်ကွပ်ရန် အကျဉ်းထောင်အတွင်း ဖွဲ့စည်းထားခဲ့ကြတဲ့ ဂုတ်တွင် ပုံစံတူ ဘားကုတ်ပုံစံ တက်တူး ထိုးထားကြသည့် အင်အား (၁၀၀) ခန့်ရှိဘားကုတ်ဂိုဏ်းက ဦးဆောင်သူများ ဖြစ်ကြတယ်လို့ သိရပါတယ်။

ဝိုင်းဝန်းရိုက်နှက်ခဲ့သူများမှာ ၁၂ ဦး ဖြစ်ပေမယ့် အကျဉ်းဦးစီးဘက်မှ မင်းထက် () ဘိုဘို ပေါင်ချိန်၊ နွားကြီး၊ မင်းမင်း () ပါပြတ်၊ စပရိန် တို့ ဦးသာ ပါဝင်တယ်လို့ ပြောဆိုကာ ၎င်းတို့ ဦးကိုသာ တိုက်ထဲမှာ ထားရှိပြီး စစ်ဆေးနေတယ်လို့ သိရကြောင်း PPNM က ဖော်ပြထားပါတယ်။


========================


📌📌 ၅။ စားနပ်ရိက္ခာ၊ဆေးဝါးနဲ့အရေးပေါ်လိုအပ်ချက်များအတွက် "တွဲလက်ကူညီ ဧရာဝတီ" ကမ်ပိန်း စတင်


စားနပ်ရိက္ခာ၊ဆေးဝါးနဲ့အရေးပေါ်လိုအပ်ချက်များအတွက် "တွဲလက်ကူညီ ဧရာဝတီ" ကမ်ပိန်းကို ဗျူဟာ၂၉ ဧရာဝတီက စတင်ပြီဖြစ်ကြောင်း သိရပါတယ်။

"အရင် အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း campaign ကလိုပဲ ဝိုင်းဝန်း အားဖြည့်ကူညီပေးကြပါဦး။ ဗျူဟာ ၂၉ Fundraising page ကနေပဲ ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ အနည်းဆုံး မြန်မာငွေ ( ) သောင်းကျပ် (per month) certificate ပြန်လည်ပေးပို့ပေးပါမယ်" လို့ ဆိုထားပါတယ်။

ကမ်ပိန်းအား SDB bank နဲ့ NUG pay တို့ဖြင့် ပါဝင်နိုင်ပြီးထောက်ပို့မှုများ အားလုံးဟာ မြေပြင်မှာ အကျိုးရှိရှိ သုံးစွဲသွားမှာဖြစ်ပြီးဗျူဟာ (၂၉) ရဲ့ အရွေ့တွေကို စောင့်မျှော်ပြီး အားပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩၁။ ဒီမော့ဆို အနောက်ခြမ်းကို စစ်ကောင်စီက ဗုံး ၁၀ လုံးနီးပါး ကြဲချခဲ့


ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၁၀ လုံးနီးပါး ကြဲချခဲ့တယ်လို့ Karenni People Voice က ထုတ်ပြန်ဖော်ပြပါတယ်။

မေလ ရက်နေ့ ည‌ ၁၁ နာရီ ၅၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာ တစီးဖြင့် ပေါင် ၁၀၀ မှ ပေါင် ၃၀၀ ဝန်းကျင်ရှိ ဗုံး လုံး၊ ၁၁ နာရီ ဝန်းကျင်မှာ နောက်ထပ် တစီးဖြင့် ဗုံး လုံး နီးပါး ထပ်မံ ကြဲချခဲ့တာ ဖြစ်ပြီး အဆိပ်ငွေ့ဗုံးများလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူ တိုက်ရိုက် ထိခိုက်ခဲ့တာ မရှိပေမယ့်၊ အဆိပ်ငွေ့ များကို ရှူရှိုက်မိပြီး ခေါင်းမူးတာ၊ အော့အန်တာ‌တွေ ဖြစ်ပွားခဲ့ကြတယ်လို့ စစ်ရှောင်ပြည်သူ တဦးက ပြောပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ် ကလေးငယ်နဲ့ အမျိုးသမီးများ အပါအဝင် အရပ်သား ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩၂။ ခင်ဦးမြို့နယ်ရှိ မောင်းကျောက်တောနှင့် ရွာစဉ်ရွာများတွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မောင်းကျောက်တောကျေးရွာနှင့် ရွာစဉ်ကျေးရွာတို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကျဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို မေလ () ရက်နေ့ နံနက်ပိုင်းတွင် ခံခဲ့ရကြောင်း ဒေသသတင်းများအရ သိရပါတယ်။

ဒေသခံတစ်ဦး၏ ပြောကြားချက်အရ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မောင်းကျောက်တောကျေးရွာရှိ စာသင်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး၊ တစ်ပြိုင်နက်တည်း ရွာစဉ်ကျေးရွာအတွင်းနှင့် ရွာပြင်ဘက်နေရာများကို ရွှေဘိုမြို့နယ်အခြေစိုက် အမှတ် လေ့ကျင့်ရေးတပ်မှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဤတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို စုံစမ်းစစ်ဆေးနေဆဲလို့ သိရပါတယ်။


========================


🚩🚩၃။ သပိတ်ကျင်းမြို့နယ် ရေထွက်ရွာတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး ဒဏ်ရာရ


သပိတ်ကျင်းမြို့နယ်တောင်ခြမ်း၊ ရေထွက်ရွာတွင် ၂၀၂၅ ခုနှစ် မေလ ရက် နေ့လယ် ၁၂ နာရီ မိနစ်အချိန်က တံတားဦးမှ ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများအနက် အမျိုးသား ဦးနှင့် အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရပါတယ်။

ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရေးအတွက် ပုန်းခိုကျင်းများ ကြိုတင်တူးထားကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှိုးဆော်ထားပါတယ်။


========================


🚩🚩၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းသည်မှ စတင်၍ ယနေ့အချိန်ထိ တပ်ရင်းထောက်ပံ့စရိတ်အဖြစ် အမေရိကန်ဒေါ်လာ (၂၄.) သန်းခန့်ပေးပို့ခဲ့ပြီး


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းသည်မှ စတင်၍ ယနေ့အချိန်ထိ တပ်ရင်းထောက်ပံ့စရိတ်အဖြစ် (၂၇) ကြိမ်တိတိ ပေးပို့ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် စုစုပေါင်း  ခန့်မှန်းအမေရိကန်ဒေါ်လာ (၂၄.) သန်းခန့် ဖြစ်တယ်လို့ထုတ်ပြန်ဖော်ပြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံနှင့်တဝှမ်း ဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့  (၃၀၀) ကျော်ကို ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ယခုပေးပို့ပြီးစီးခဲ့သည့် (၂၇) ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အဖြစ် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (.) သန်းခန့် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တပ်ရင်းထောက်ပံ့စရိတ်များ၏ (၉၀) ရာခိုင်နှုန်းဖြစ်သည့် ခန့်မှန်း - အမေရိကန်ဒေါ်လာ (၂၂.) သန်းကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်၏ (၃၄)လတာအတွင်း  (၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ  ၂၀၂၄ ခုနှစ် စက်တင်ဘာလ) ကောက်ခံရရှိသည့် ဘဏ္ဍာငွေများမှ ထုတ်နုတ်သုံးစွဲခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) စတင်သည့် အချိန်မှ ယနေ့တိုင် တာဝန်တခုအနေဖြင့် ထမ်းဆောင်ခဲ့ကြသူ တဦးချင်းစီတိုင်းကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်းနှင့် တော်လှန်ရေး၏ အရေးကြီးသည့် ကာလအပိုင်းအခြားသို့ ရောက်ရှိနေပြီဖြစ်၍ ပြည်သူလူထုအနေဖြင့်လည်း ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) နှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းစဥ်များတွင် တတ်အားသရွေ့ပါဝင်ကြပါရန် အထူးတိုက်တွန်းထားပါတယ်။


========================


🚩🚩၅။ ရန်ကုန် (၅၁၀၁) တပ်ရင်းက တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူများကို ကယ်ထုတ်ပေးနေတဲ့ မှတ်တမ်းထုတ်ပြန် 


ရန်ကုန်တပ်ရင်း (၅၁၀၁) က တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူများကို ကယ်ထုတ်ပေးနေတဲ့ ရုပ်သံမှတ်တမ်း တခုကို မေလ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

တိုက်ပွဲတွေအတွင်းမှာ မကြုံစေချင်ဆုံးဆိုပေမယ့် အမြဲလိုလို ကြုံတွေ့လာရတတ်တာက မြို့ပြရပ်ရွာနဲ့ နီးကပ်လာလေ စစ်ပွဲအတွင်း ပိတ်မိပြည်သူတွေရဲ့ ဒုက္ခပါပဲလို့ (၅၁၀၁) တပ်ရင်းက ဆိုပါတယ်။

လေကြောင်းရန်၊ လက်နက်ကြီးနဲ့ မြေပြင်စစ်ကြောင်းရန်တွေကြောင့် ရပ်ကွက်/ကျေးရွာတွေအတွင်း ပိတ်မိသွားခဲ့ကြတဲ့ ပြည်သူတွေကို ရဲဘော်တွေက သတိကြီးကြီးထားကာ အန္တရာယ် အကင်းဆုံးဖြင့် ခေါ်ယူပေးကြရတယ်လို့ ဆိုပါတယ်။

အဆိုပါ ပြည်သူတွေကို သက်ဆိုင်ရာ စစ်ရှောင်စခန်းတွေဆီ ပို့ပေးကြရပြီး တဖက်ရန်သူက အနီးကပ်ရှိနေတဲ့ နေရာမျိုးဆိုရင် ပြည်သူ့ရဲဘော်တွေပါ အန္တရာယ် အလွန်များတယ်ဆိုတာကို တပ်ရင်း (၅၁၀၁) က ဖော်ပြထားပါတယ်။


========================


🚩🚩၆။ ဝါရစ်ပိန်းတောပြင် စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတဦး အပါအဝင် ဦး သေဆုံး


မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်က ဝါရစ်ပိန်းတောပြင် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး တဦး အပါအဝင် ဦး သေဆုံးခဲ့ပြီး စခန်းစွန့်ခွာသွားတယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ပကဖ (တနင်္သာရီ) က ထုတ်ပြန်ထားပါတယ်။

မေလ ရက်နေ့ မနက် နာရီ ၅၅ မိနစ်ခန့်မှာ စစ်ကောင်စီရဲ့ ဝါရစ်ပိန်းတောပြင် ရှေ့တန်းစခန်းကို ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် နာရီ နီးပါး ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူး မြင့်ဝင်း အပါအဝင် ဦး သေဆုံးခဲ့ကာ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အပြင်းအထန် ပစ်ခတ်မှု ကြိမ်ဆက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေယာဉ် တစီး၊ စစ်ရဟတ် တစီးနဲ့ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းအပြင် ရေတပ် စစ်သင်္ဘော ကနေ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြိမ်ရေများစွာ ပစ်ခတ်ခဲ့ပေမယ့် အထိနာခဲ့တဲ့ စစ်ကောင်စီတပ် က စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီတိုင်း ပကဖ၊ တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်ခရိုင် တပ်ရင်း () နဲ့ ကျွန်းစု ပကဖ တို့က ပူးပေါင်ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


🚩🚩၇။ သိန်ခွန်း၊ မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် () လကျော်ကာလအတွင်း တိုက်ပွဲအကြိမ်ပေါင်း (၁၀၀) ထက်မနည်းဖြစ်ပွားပြီး စစ်ကောင်စီတပ်ရင်းမှူး တစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦးနှင့် ဒုဗိုလ်မှူး တစ်ဦးကို ရှင်းလင်းသုတ်သင်နိုင်ခဲ့


တနင်္သာရီမြို့နယ်အခြေစိုက် တပ်မဟာ () လက်အောက်ခံ KNLA တပ်ရင်း (၁၁) မှ စိုးမိုးထိန်းချုပ်ထားသော သိန်ခွန်း၊ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် ၂၀၂၄ ဒီဇင်ဘာ၂၈ မှ ၂၀၂၅ မေလ အထိ စစ်ကောင်စီစစ်ကြောင်းထိုးလာရာ KNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့် နေ့စဥ်လိုလို တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ခွပ်ဒေါင်းတမာန် အထူးစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအကြိမ်ပေါင်း (၁၀၀) ထက်မနည်း ဖြစ်ပွားကာ ရန်သူဘက်မှကျဆုံး ထိခိုက်သူ ၁၅၀ ဦးအနက် တပ်ရင်းမှူး တစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦး၊ ဒုဗိုလ်မှူး တစ်ဦးကို ရှင်းလင်းသုတ်သင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုနှစ်ဖက်တိုက်ပွဲ () လကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် (၁၂) ဦးတို့သည် KNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ (Black Cobra) စစ်ကြောင်းထံ လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

ခမရ (၄၃၁) မှ ဦးသည်  MA-1 () လက်၊ ခမရ (၂၈၀) မှ ဦးသည်  MA-1 () လက်၊ ခလရ (၁၇) မှ ဦးသည်  MA-1 () လက်၊ MA-2 ()လက်၊ လက်ပစ်ဗုံး ()လုံးတို့ဖြင့် ဘက်ပြောင်းခိုလူံလာပြီး တပ်ရင်း (၁၁) တပ်ရင်းမှူးမှ ဆုကြေးငွေအဖြစ် တစ်ဦးလျှင် ငွေကျပ်သိန်း (၅၀) စီ ဂုဏ်ပြုချီးမြင့်ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။

စစ်ကောင်စီအနေဖြင့် ပြည်သူလူထုအပေါ်တွင် အတင်းအဓမ္မ ဖမ်းဆီး ပေါ်တာဆွဲ၊ မတရား စစ်မှုထမ်းခိုင်းမှုများအပေါ်  မိမိအနေဖြင့် လွန်စွာစိတ်မချမ်းမြေ့ဖြစ်မိကြောင်းနှင့် ဘက်ပြောင်းခ်ိုလူံမှုများက်ို မိမိတို့တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် နွေးထွေးစွာကြိုဆိုလျက်ရှ်ိပြီး ခိုလူံလာသူများကို ကာယကံရှင်၏ဆန္ဒအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း KNLA တပ်ရင်း (၁၁) တပ်ရင်းမှူး ဗိုလ်မှူးကြီးစောကလေးက ကတိစကားပြောကြားထားပါတယ်။


========================


🚩🚩၈။ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံတွင် အမျိုးသမီး ၇၁ ဦး သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိ


မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) သတင်းမီဒီယာများမှ အချက်အလက် စောင့်ကြည့်လေ့လာ မှတ်တမ်းတင်ထားမှုများအရ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် အမျိုးသမီး ၇၁ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

သေဆုံးမှု၏ အကြောင်းရင်းများမှာ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၉ ဦး၊ ပြည်သူများ၏ ရွာနှင့် နေအိမ်များကို ပစ်မှတ်ထားကာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဦးနှင့် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ဦး ဖြစ်ပြီး သေဆုံးသူများအနက် ၁၃ ဦးသည် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်များ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသအလိုက် သေဆုံးမှုအရေအတွက်မှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၀ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၄ ဦးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ဦး ဖြစ်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးသည် အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယာယီအပစ်ရပ်ကြေငြာခဲ့သော်လည်း စစ်ကောင်စီသည် အပစ်ရပ်ကြေငြာချက်ကို ချိုးဖောက်ကာ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေသည့် အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအသုံးပြုလာခဲ့တာ‌ကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ နေ့စဉ်အသက်ဆုံးရှုံးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment