၂၀၂၅ မေလ ၃၀ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ မေလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်ဗေးဧရိယာမှ မြန်မာအင်အားစုများတွေ့ဆုံမယ်

📌 ၂။ AAနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ဆက်ဆံရေးရှိမှုကို စစ်ကောင်စီက ကန့်ကွက်စာပေးပို့ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်သံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် စစ်သံမှူးကို ဒါကာသို့ ပြန်လည်ခေါ်ယူ

📌 ၃။ ခြံအမှတ် ၅၄ ကို နေအိမ်မပါဘဲ မြေအရင်ရောင်းချရန် ဦးအောင်ဆန်းဦး ထပ်မံလျှောက်ထား

📌 ၄။ ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စာလှယ်ရုံးမှ မြန်မာနိုင်ငံရှိ လတ်တလော ငလျင်ဒဏ် ကြုံတွေ့ ခဲ့ရသော ပြည်သူများအတွက် ကူညီထောက်ပံ့ရန်အလှူငွေစုစုပေါင်း(ကျပ်သိန်း ၆၂၀ ကျော်) ကို လက်ခံရရှိထားကြောင်းသတင်းထုတ်ပြန်

📌 ၅။ မိုင်းထိခဲ့တဲ့ ဆင်မလေးတင်လှလှကို ဆေးကုသမှုပေးခဲ့ကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

📌 ၆။ စစ်ကောင်စီစစ်တပ်၏ ဖက်ဆစ်ဝါဒမှိုင်းတိုက်မှုများကို ချေဖျက်ရန် စစ်ကောင်စီစစ်တပ်ကို အကြောက်တရားဖြင့် တန်ပြန်ထိန်းချုပ်ရန် လိုအပ်

📌 ၇။ မေလ ၂၈ ရက်နေ့ထိ ထောက်ပို့တပ်သား ၁၆၂၇၆ဦးနဲ့ ထောက်ပို့ငွေ ခန့်မှန်းအမေရိကန်ဒေါ်လာ ၅၄၆၇၇၉ရရှိထားပြီးဖြစ်

📌 ၈။ ငလျင်ဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့ရတဲ့ ဒေသများတွင် Bybit မှ  ခိုင်မာသော ယင်လုံအိမ်သာများကိုဆောက်လုပ်ပေးနိုင်ခဲ့


========================


၂၀၂၅ ခုနှစ် မေလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ တစ်နိုင်ငံလုံးလွတ်မြောက်ရေး KIA နှင့် ဆက်လက်ပူးပေါင်း တိုက်ပွဲဝင်မှာဖြစ်ပြီး လူထုအားလုံး မလွတ်မြောက်တဲ့ လွတ်မြောက်မှုက ခဏပဲ ဖြစ်လိမ့်မယ်လို့ TNLA ပြောကြား

🚩၂။ တောင်သာမြို့ပေါ်က စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေး ရုံး၊ ဌာနတွေကို ဝင်ရောက်စီးနင်းခဲ့

🚩၃။ လုံးခင်းမှ စစ်ကောင်စီစစ်ကြောင်း ဖားကန့်ကို ဦးတည်နေပြီး ကြားဖြတ် တိုက်ခိုက်ခံရပါက လုံးခင်းကို ဗုံးကြဲမယ်လို့ ခြိမ်းခြောက်

🚩၄။ မင်းလှမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး မကွေးတိုင်း .က. (အထူးလှုပ်ရှားတပ်) မှ ရဲဘော်တစ်ဦး ကျဆုံး

🚩၅။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်မှုထမ်း တပ်သား ဦး လက်နက်နှင့်တကွ အလင်းဝင်

🚩၆။ အတင်းအဓမ္မတပ်သားစုဆောင်းခံခဲ့ရသည့် ခမရ (၅၅၈) မှ တပ်သား () ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်ဗေးဧရိယာမှ မြန်မာအင်အားစုများတွေ့ဆုံမယ်


မေလ၂၉ရက်

Radio NUG

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်ဗေးဧရိယာမှ မြန်မာအင်အားစုများ တွေ့ဆုံမယ်လို့ သတင်းရရှိပါတယ်။


အဆိုပါတွေ့ဆုံပွဲကို San Francisco Bay Area One Myanmar Community and Cultural Centerမှာ မေလ၃၁ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။


"အမိမြေရဲ့ လတ်တလော အရေးကြီးကိစ္စများကို နွေးထွေးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးကြဖို့ အားလုံးဆုံကြပါစို့"လို့ San Francisco Bay Area Communityက အသိပေးဆိုထားပါတယ်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ဝန်ကြီးဌာနလုပ်ငန်းစဥ်များနဲ့ တော်လှန်ရေးဖြစ်ပေါ် တိုးတက်မှုများကိုလည်း ရှင်းလင်းပြောကြားသွားမယ်လို့ သိရပါတယ်။


========================


📌📌 ၂။ AAနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ဆက်ဆံရေးရှိမှုကို စစ်ကောင်စီက ကန့်ကွက်စာပေးပို့ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်သံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် စစ်သံမှူးကို ဒါကာသို့ ပြန်လည်ခေါ်ယူ


မေလ ၂၉ ရက်

Radio NUG 


ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Md. Monowar Hossain နှင့် စစ်သံမှူး ဗိုလ်မှူးချုပ် Aftab Hossain တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဒါကာသို့ ချက်ချင်းပြန်လည်ခေါ်ယူလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂၇၊ ၂၀၂၅ တွင် အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။


သံအမတ်ကြီး Md. Monowar Hossain သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တင်းမာမှုကြောင့် ပြန်လည်ခေါ်ယူခံရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များကဆိုကာ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် နယ်မြေစိုးမိုးထားသည့် အာရက္ခတပ်တော် (AA) နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများအကြား ဆက်ဆံရေးရှိသည်ဟု မြန်မာစစ်ကောင်စီက ကန့်ကွက်ခဲ့ပြီးနောက် ဤဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။


ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ခါလီလာရာမန်ကလည်း AA နှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားပြီး၊ နယ်စပ်လုံခြုံရေးနှင့် ဒေသတည်ငြိမ်မှုအတွက် ဤဆက်ဆံရေးသည် အရေးကြီးသည်ဟု ဆိုထားပါတယ်။


ထို့ပြင်၊ မေလအစောပိုင်းတွင် ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် Aftab Hossain ကိုလည်း ဒါကာသို့ ပြန်လည်ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၃။ ခြံအမှတ် ၅၄ ကို နေအိမ်မပါဘဲ မြေအရင်ရောင်းချရန် ဦးအောင်ဆန်းဦး ထပ်မံလျှောက်ထား


မေလ ၂၉ရက်

Radio NUG 


ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အပါအဝင် မြေ .၉၂၃ ဧကကို ချန်ထားပြီး ကျန်မြေတဧကကို ရောင်းချရန် ဦးအောင်ဆန်းဦးက ကမာရွတ်ခရိုင်တရားရုံးတွင် ၂၀၂၅ခုနှစ် မေလ ၂၉ရက်က လျှောက်ထားခဲ့ကြောင်း မဇ္ဇျိမသတင်းဌာနမှာ ဖော်ပြထားပါတယ်။


ဒေါ်ခင်ကြည်အမည်ပေါက် ခြံအမှတ် (၅၄) သည် စုစုပေါင်း .၉၂၃ ဧက ကျယ်ဝန်းပြီး၊ ယခုလျှောက်ထားမှုတွင် မြေတဧကကို လေလံတင်ရောင်းချခြင်း သို့မဟုတ် လေလံမတင်ဘဲ ရောင်းချခြင်းဖြင့် ဆောင်ရွက်ရန် တရားရုံး၏ အမိန့်ကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။


ဤကိစ္စနှင့်ပတ်သက်၍ နောက်ထပ်ရုံးချိန်းကို ဇွန်လ ရက်နေ့တွင် ချိန်းဆိုထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က လျှောက်လဲချက်ပေးရမည်ဖြစ်တယ်လို့ သိရပါတယ်။


ယခင်က ဦးအောင်ဆန်းဦးသည် ခြံအမှတ် (၅၄) တစ်ခုလုံးကို လေလံတင်ရောင်းချရန် လေးကြိမ် ကြိုးပမ်းခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က လေလံရောင်းချမှုများကို ကန့်ကွက်ထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ခြံအမှတ် (၅၄) ကို ယာယီအမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး၊ ၎င်းကို ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဖျက်ဆီးခြင်းများ ပြုလုပ်ပါက အရေးယူမည်ဟု ကြေညာထားပါတယ်။


========================


📌📌 ၄။ ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စာလှယ်ရုံးမှ မြန်မာနိုင်ငံရှိ လတ်တလော ငလျင်ဒဏ် ကြုံတွေ့ ခဲ့ရသော ပြည်သူများအတွက် ကူညီထောက်ပံ့ရန်အလှူငွေစုစုပေါင်း(ကျပ်သိန်း ၆၂၀ ကျော်) ကို လက်ခံရရှိထားကြောင်းသတင်းထုတ်ပြန်


မေလ ၂၉ ရက်

Radio NUG

၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့အထိ ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စာလှယ်ရုံးမှ မြန်မာနိုင်ငံရှိ လတ်တလော ငလျင်ဒဏ် ကြုံတွေ့ ခဲ့ရသော ပြည်သူများအတွက် ကူညီထောက်ပံ့ရန်အလှူငွေစုစုပေါင်း 12818 € (ကျပ်သိန်း ၆၂၀ ကျော်) ကို လက်ခံရရှိထားတယ်လို့ ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ဒေသခံများ၊ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာအဖွဲ့အစည်းများနှင့် လက်တွဲ၍ ကယ်ဆယ်ရေးလုပ်ငန်းများအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။


ရက်ရောစွာပံ့ပိုးမှုအတွက် အယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိကြောင်းပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စာလှယ်ရုံးမှဆိုပါတယ်။


========================


📌📌 ၅။ မိုင်းထိခဲ့တဲ့ ဆင်မလေးတင်လှလှကို ဆေးကုသမှုပေးခဲ့ကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းထုတ်ပြန်


မေလ ၂၉ရက်

Radio NUG

မိုင်းထိခဲ့တဲ့ ဆင်မလေးတင်လှလှကို ဆေးကုသမှုပေးခဲ့ကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


"ဆင်ချစ်သူများရဲ့ ဆုတောင်းမေတ္တာ ကူညီမှုများနဲ့ ဆင်မလေးတင်လှလှရဲ့ ဒဏ်ရာကုသမှုမှာ အများကြီး အထောက်အကူဖြစ်ရပါတယ်။ ဒဏ်ရာနဲ့ မသန်စွမ်းသေးတဲ့ ဆင်မလေး တင်လှလှကို ပုံမှန် ရေချိုးသန့်စင်၊ ဒဏ်ရာကို ဖန်ရည်ဆေး၊ ပိုးသတ်ဆေးနဲ့ အနာကျက်မြန်စေဖို့ ဆေးပေးလုပ်ငန်းတွေကို ဆင်ထိန်းသိမ်းစောင့်ရှောက်သူတွေက နေ့စဉ်အားစိုက်လုပ်ဆောင်ပေးလျက်ရှိပါတယ်။ တင်လှလှခမျာ မိုင်းထိဒဏ်ရာက ရှေ့လက်"ခွာ"နေရာမှာ ဆိုးဆိုးရွားရွား ပြင်းထန်ခြင်းမရှိဘဲ အသားနေရာလေးတွေမှာ ပိုပြီးထိခိုက်ခဲ့ရတာမို့ ခြေလက်ဖြတ်တောက်ရခြင်းမရှိခဲ့တာ အဆိုးထဲက အကောင်းလို့ ဆိုရမှာပါ"လို့ဆိုထားပါတယ်။


ဒဏ်ရာ ဆေးကြော ဆေးထည့် လုပ်ကိုင်ရတဲ့ ဆင်ဦးစီးတွေနဲ့ ဆင်ထိန်းတွေကိုလည်း ကြိုးစားလုပ်ဆောင်ပေးနေကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ စိုးမိုးနယ်မြေအတွင်းရှိ ဆင်ဝိုင်းတစ်ခုမှ အသက် ၄၃ နှစ် အရွယ် ဆင်အမည် တင်လှလှသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်သုံးလမ်း၊ မြို့ရှောင်လမ်းပေါ်ရှိ တံတားများ ပြုပြင်ရန် လိုအပ်သည့်သစ်များ သယ်ယူပို့ဆောင်ပေးနိုင်ရန် သွားရောက်ရာတွင် မြေ မြှုပ် မိုင်း နင်းမိ၍ ဆင်၏လက်ယာဘက်ရှေ့ခြေထောက်တွင် ဒဏ်ရာပြင်းထန်းစွာ ရရှိခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီစစ်တပ်၏ ဖက်ဆစ်ဝါဒမှိုင်းတိုက်မှုများကို ချေဖျက်ရန် စစ်ကောင်စီစစ်တပ်ကို အကြောက်တရားဖြင့် တန်ပြန်ထိန်းချုပ်ရန် လိုအပ်


မေလ ၂၉ရက် 

Radio NUG 


မြန်မာနိုင်ငံ၏ တပ်မတော်ဟု ယခင်က အမည်တွင်ခဲ့သော လက်ရှိအာဏာသိမ်းစစ်တပ်သည် ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ၊ ရွာများကို မီးရှို့ဖျက်ဆီးမှု၊ ပစ္စည်းများ ခိုးယူဖျက်ဆီးမှုနှင့် သတ်ဖြတ်မှုများဖြင့် ၎င်းတို့၏ ဖက်ဆစ်ဝါဒသန္ဓေနှင့် နှစ်ပေါင်းများစွာ ပြည်သူလူထုကို အကြောက်တရားဖြင့် ဖိနှိပ်အုပ်ချုပ်လာခဲ့သော်လည်း ယခုအခါ ၎င်းတို့အား အကြောက်တရားဖြင့် တန်ပြန်ထိန်းချုပ်ရန် လိုအပ်ကြောင်း PDF Insight က သုံးသပ်ဖော်ပြထားပါတယ်။


အမေရိကန်စစ်တပ်မှ အငြိမ်းစားအရာရှိဟောင်းတစ်ဦးဖြစ်သူ ဒေါ်မီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်မှာ "ဒီမိုကရေစီအစိုးရကာလအတွင်း ဒီစစ်တပ်ကို ပြောင်းလဲနိုင်မည်အထင်ဖြင့် အရာရှိများကို အချိန်ပေးသင်ကြားခဲ့သော်လည်း မပြောင်းလဲနိုင်ခဲ့တဲ့အကြောင်း ၂၀၂၁ဖေဖော်ဝါရီလ အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေက ထင်ဟပ်ပြနေတယ်လို့ ဆိုတာပါ။ သူတို့ကိုပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုတာ သူတို့ထဲမှာ တော်တဲ့သူတွေရှိတာမှန်တယ်။ ဒါပေမယ့် သူတို့ဟာ အရိုးစွဲအောင် အယူဝါဒမှိုင်းတိုက်ခံထားရတယ်။ နှစ်ပေါင်းများစွာ မှိုင်းတိုက်ခံထားရတာကြောင့် သူတို့မှာပြောင်းလဲဖို့အစွမ်းနဲ့ ဆန္ဒမရှိတော့ပါဘူး။ လက်ခံနိုင်စွမ်းလဲမရှိတော့ပါဘူး၊ ဒီအချိန်မှာ မြန်မာနိုင်ငံအတွက် နိုင်ငံတကာစံနှုန်း ခေတ်မီ တန်ဖိုးများဖြင့်ကိုက်ညီမယ့် ပရော်ဖက်ရှင်နယ် စစ်တပ်အသစ် လိုအပ်နေပြီဖြစ်ကြောင်း" အလေးပေးပြောကြားခဲ့ပါတယ်။


မကြာသေးမီက ရန်ကုန်မြို့တွင် စစ်တပ်ကို ထောက်ခံအားပေးနေသူ ဗိုလ်မှူးချုပ်ဟောင်း တစ်ဦးကို သုတ်သင်လိုက်ခြင်းနှင့် လေတပ်များကို ဒုံးကျည်များဖြင့် ပစ်ခတ်နိုင်မှုတို့သည် စစ်တပ်အတွင်း အကြောက်တရားကို ဖြစ်ပေါ်စေနိုင်သည့် လုပ်ရပ်များဖြစ်ပြီး ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်အားလုံး ဖျက်ဆီးခံရသလို သူတို့လည်း ထပ်တူခံစားရစေမည်ဆိုသည့် အကြောက်တရားကသာ သူတို့နှင့်ထိုက်တန်တယ်လို့ ဆိုထားပါတယ်။


စစ်တပ်၏ ဖက်ဆစ်ဝါဒမှိုင်းတိုက်မှုများကို ချေဖျက်ရန် ပထမနည်းလမ်းမှာ ဖက်ဆစ်စစ်စွမ်းရည်ကို အပြီးသတ်ချေမှုန်းရန်ဖြစ်ပြီး၊ ဒုတိယနည်းလမ်းမှာ ပြည်သူလူထုကို အကြောက်တရားဖြင့် ဖိနှိပ်ခဲ့သူများအား တန်ပြန်အကြောက်တရားပေးရန်ဖြစ်ကာ ဤနည်းလမ်းများသည် စစ်တပ်အတွင်း ပုန်ကန်မှုများကို လှုံ့ဆော်နိုင်သလို ၎င်းတို့၏ အာဏာရှင်စနစ်ကို ဖြိုချရန် အထောက်အကူဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။


မြန်မာစစ်တပ်သည် ၎င်းတို့၏ ဖက်ဆစ်ဝါဒနှင့် ပြည်သူဖိနှိပ်မှုများဖြင့် တိုင်းပြည်ကို ဒုက္ခပေးလျက်ရှိသော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်အင်အားစုများ၏ ပေါင်းစည်းမှုနှင့် PDF တပ်ဖွဲ့များ၏ ပေါ်ထွက်လာမှုသည် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည့် တပ်မတော်အသစ်တစ်ရပ် ပေါ်ပေါက်လာရန် အလားအလာရှိကာ ထိုတပ်မတော်အသစ်သည် ဖက်ဆစ်ဝါဒကို ချေဖျက်ပြီး စစ်တပ်ကို အကြောက်တရားဖြင့် တန်ပြန်ထိန်းချုပ်ရန် တာဝန်ယူရမှာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။


========================


📌📌 ၇။ မေလ ၂၈ ရက်နေ့ထိ ထောက်ပို့တပ်သား ၁၆၂၇၆ဦးနဲ့ ထောက်ပို့ငွေ ခန့်မှန်းအမေရိကန်ဒေါ်လာ ၅၄၆၇၇၉ရရှိထားပြီးဖြစ်


မေလ ၂၉ရက်

Radio NUG

မေလ ၂၈ ရက်နေ့ထိ ထောက်ပို့တပ်သား ၁၆၂၇၆ဦးနဲ့ ထောက်ပို့ငွေ ခန့်မှန်း အမေရိကန်ဒေါ်လာ ၅၄၆,၇၇၉ ရရှိထားပြီးဖြစ်တယ်လို့ Peoples Revolution Supply Familyက အတည်ပြုသတင်းထုတ်ပြန်ပါတယ်။


"ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ် ဧပြီလအတွင်း ထောက်ပို့အင်အားနဲ့ ယခု မေလ ၂၈ ရက်နေ့ထိ ထောက်ပို့အင်အား နှိုင်းယှဉ်ပြဇယားဖြစ်ပါတယ်။ ထောက်ပို့တပ်သား 16,276 ဦးနဲ့ ထောက်ပို့ငွေ ခန့်မှန်းအမေရိကန်ဒေါ်လာ 546,779 ရရှိထားပါပြီ။ သဘာဝဘေးအန္တရာယ် ကပ်ဆိုးကျရောက်လာတဲ့အတွက် ရှေ့လတွေရဲ့ ထောက်ပို့အင်အားမှာ အကျိုးသက်ရောက်မှု ရှိခဲ့ပြီး အကျဘက်ကို သွားနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလက စပြီး ရှေ့လျှောက်မှာတော့ ပုံမှန်အတိုင်း ဆက်လက်ထောက်ပို့နိုင်မယ်လို့ မျှော်လင့်ပါတယ်"လို့ဖော်ပြပါတယ်။


မြေပြင်ရဲဘော်တွေရဲ့ အင်အားကို ဖြည့်တင်းနိုင်ဖို့ မေလမကုန်ခင် ဆက်ပြီး တာဝန်ထမ်းဆောင်နိုင်သေးတာ ဖြစ်လို့ ထောက်ပို့တပ်သားများ အားလုံး တာဝန်ထမ်းဆောင်ကြဖို့ တိုက်တွန်ထားပါတယ်။


========================


📌📌 ၈။ ငလျင်ဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့ရတဲ့ ဒေသများတွင် Bybit မှ  ခိုင်မာသော ယင်လုံအိမ်သာများကိုဆောက်လုပ်ပေးနိုင်ခဲ့


မေလ ၂၉ရက်

Radio NUG

မြန်မာနိုင်ငံတွင်း ငလျင်ဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့ရတဲ့ ဒေသများတွင် Bybit မှ  ခိုင်မာသော ယင်လုံအိမ်သာများကို ဆောက်လုပ်ပေးနိုင်ခဲ့တယ်လို့ မေလ၂၉ရက်မှာ SDBဘဏ်က အသိပေးဆိုပါတယ်။


"မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့ရတဲ့ ဒေသများတွင် Bybit မှ မြန်မာနိုင်ငံအား ရောဂါကင်းစင်ရေးအတွက် အလွန်အရေးကြီးသော အခြေခံအုတ်မြစ် တစ်ခုဖြစ်တဲ့ သန့်ရှင်းပြီး ခိုင်မာသော ယင်လုံအိမ်သာများကို ကျန်းမာရေးနှင့် သန့်ရှင်းရေး ဆိုင်ရာ အရည်အသွေး မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး သဲတစ်ပွင့်မှ အုတ်တစ်ချပ်သဖွယ် ဝိုင်းဝန်းဆောက်လုပ်ပေးနိုင်ခဲ့တယ်"လို့ဖော်ပြပါတယ်။


ယခင်က တည်ဆောက်ခဲ့ပြီး ပုံရိပ်များကို ဒေသခံများရဲ့ လုံခြုံရေးကို အလေးထားသဖြင့် ယခုအချိန်မှသာ ဖော်ပြနိုင်ခြင်းဖြစ်ပြီး ဂုဏ်ယူဖွယ်ရာ မှတ်တမ်းများကို Bybit4Myanmar အသုံးပြုပြီး ရှယ်ပေးကြရန် တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ တစ်နိုင်ငံလုံးလွတ်မြောက်ရေး KIA နှင့် ဆက်လက်ပူးပေါင်း တိုက်ပွဲဝင်မှာဖြစ်ပြီး လူထုအားလုံး မလွတ်မြောက်တဲ့ လွတ်မြောက်မှုက ခဏပဲ ဖြစ်လိမ့်မယ်လို့ TNLA ပြောကြား


မေလ ၂၉ရက် 

Radio NUG 


ကချင်လွတ်မြောက်ရေး တပ်မတော် KIAနှင့် နယ်မြေဆိုင်ရာ ပြဿနာများကြောင့် မြေပြင်တပ်ဖွဲ့ဝင်များမှာ မကြာခဏ ထိတွေ့ပဋိပက္ခများရှိနေသော်လည်း မြန်မာတစ်နိုင်ငံ လွတ်မြောက်ရေးအတွက် KIA နှင့် ဆက်လက်ပူးပေါင်း တိုက်ပွဲဝင်သွားမယ်လို့ မေလ ၂၈ ရက်နေ့က TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လနှင့် သတင်းမီဒီယာများတွေ့ဆုံချိန် ပြောဆိုခဲ့ပါတယ်။


"မဟာမိတ် KIO နဲ့ ကျွန်တော်တို့ တောက်လျှောက်ဖြေရှင်းမှုတွေ ရှိပါတယ်။ ပုံမှန်တွေ့ဆုံမှုတွေလည်းရှိတယ်။ ပြီးတော့ အခြေခံထားတဲ့ မဟာမိတ်စာချုပ်တွေလည်း ခုလောက်ရှိပါတယ်။ အဲဒီမှာ တော်တော်လေး ပြည့်စုံလာပါတယ်။ ဒါက ၂၀၂၃ မေလလောက်အထိ ရှိခဲ့တာပေါ့နော်။ ၂၀၂၄၊ ၂၀၂၅ မှာ ဖြစ်ပေါ်လာတဲ့ ဒီ ပွတ်တိုက်မှုတွေအပေါ်မှာ ဘယ်လိုမျိုး ဆက်လက်ပြီးမှ လက်တွဲမလဲ၊ ဘယ်လိုမျိုး ဆက်လက်ပြီးမှ တစ်နိုင်ငံလုံး တော်လှန်ရေးတွေကို ပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ဟာမှာ ကျွန်တော်တို့ အများကြီး ပူးပေါင်းဆောင်ရွက်ရမယ်။ ကျွန်တော်တို့ ဒေသတစ်ခုတည်းပဲ လွတ်မြောက်နေလို့ မရဘူး။ မဟာမိတ်ဒေသလည်း လွတ်မြောက်ဖို့ လိုအပ်တယ်။ ထို့နည်းတူစွာပဲ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူထုတွေရဲ့ လွတ်မြောက်မှု လိုအပ်ပါတယ်။ အဲဒါမှသာလျှင် ကျွန်တော်တို့တွေရဲ့ လွတ်မြောက်မှု အာမခံချက်ရှိမှာ ဖြစ်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့တွေ ရတဲ့ လွတ်မြောက်မှုသည် ခဏတာပဲ ဖြစ်ပါလိမ့်မယ်" ဟု ပြောဆိုခဲ့ပါတယ်။


KIO နှင့် TNLA တို့ကြား ပွတ်တိုက်မှု ဖြစ်ပွားလာရခြင်းမှာ အာဏာသိမ်းမှု၏ အဆက်ဆက်ကြောင့် နိုင်ငံရေးယာဉ်ကျေးမှု ပျက်သုဉ်းခြင်းနှင့် ပျောက်ဆုံးသွားခြင်းတို့ကြောင့် ဖြစ်ပွားလာရခြင်းဖြစ်ပြီး KIO နှင့် TNLA ဒေသများ လွတ်မြောက်မှုမှသည် တစ်နိုင်ငံလွတ်မြောက်ရေးအတွက် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ကြမည်ကိုလည်း ဆွေးနွေးအဖြေရှာနေကြကြောင်း ဗိုလ်မှူးကြီး တားပန်လက ထပ်လောင်း ပြောကြားခဲ့ပါတယ်။


========================


🚩🚩၂။ တောင်သာမြို့ပေါ်က စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေး ရုံး၊ ဌာနတွေကို ဝင်ရောက်စီးနင်းခဲ့


မေလ ၂၉ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ပေါ်က မြေစာရင်းရုံး၊ အခွန်ဦးစီးဌာန၊ အမှတ် () အုပ်ချုပ်ရေးမှူး အိမ်နဲ့ မင်္ဂလာဦးဂိတ် ဝန်ထမ်းအိမ်ယာတို့ကို ဝင်ရောက်စီးနင်းခဲ့ကြတယ်လို့ လူထုလှုပ်ရှားမှု ကော်မတီ - တောင်သာက ထုတ်ပြန်ထားပါတယ်။


မေလ ၂၈ ရက်နေ့မှာ တောင်သာ မြေစာရင်းရုံး၊ အခွန်ဦးစီးဌာန၊ အမှတ် () အုပ်ချုပ်ရေးမှူးအိမ်တို့ကို ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး မေလ ၂၉ ရက်နေ့မှာ မင်္ဂလာဦးဂိတ် ဝန်ထမ်းအိမ်ယာတို့ကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


မင်္ဂလာဦးဂိတ်ကို စီးနင်းမှုအတွင်း ဝန်ထမ်းအိမ်ယာရှိ စစ်ကောင်စီ ထောက်တိုင် အချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ တောင်သာမြို့ပေါ်က Non-CDM ဝန်ထမ်းတွေကြား လုံခြုံမှု ကင်းမဲ့နေကြကာ ရှောင်တိမ်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။


စစ်ကောင်စီရဲ့ နယ်မြေ ဧရိယာ ကျဉ်းမြောင်း လာတာနဲ့အမျှ Non-CDM များဟာ တုန်လှုပ်ခြောက်ခြားမှုများဖြင့် စစ်ရဲ့ အသွင်သဏ္ဍာန်ကို စတင် ခံစားနေရသလို စစ်ကောင်စီကလည်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင် လာခဲ့တယ်လို့ ဆိုပါတယ်။


စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် ပြည်သူလူထုအနေဖြင့် စစ်တွင်းကာလ တခုကို မဖြစ်မနေ ဖြတ်သန်းကြရမှာ ဖြစ်တာကြောင့် အသက်အန္တရာယ် ကင်းစေရေးအတွက် ဗုံးခိုကျင်းများကို စနစ်တကျ တူးဖော်ထားကြဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩၃။ လုံးခင်းမှ စစ်ကောင်စီစစ်ကြောင်း ဖားကန့်ကို ဦးတည်နေပြီး ကြားဖြတ် တိုက်ခိုက်ခံရပါက လုံးခင်းကို ဗုံးကြဲမယ်လို့ ခြိမ်းခြောက်


မေလ ၂၉ ရက်၊ 

Radio NUG


လုံးခင်းကို ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းက ဖားကန့်ကို ဦးတည်နေပြီး ၎င်းတို့ကို KIA, PDF တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပါက လုံးခင်းဒေသကို ဗုံးကြဲမယ်လို့ ရပ်မိရပ်ဖတွေကို ခေါ်ယူပြောဆို ချိန်းခြောက်ခဲ့တယ်လို့ သိရပါတယ်။


ကာမိုင်း-လုံးခင်း-ဖားကန့် လမ်းအတိုင်း ဧပြီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ SNA ပူးပေါင်းတပ် အင်အား ၆၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ မေလ ၂၇ ရက်နေ့မှာ လုံးခင်း ယမ်းချက်စက်ရုံကို ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။


၎င်းစစ်ကြောင်းဟာ လမ်းတလျောက် KIA, PDF ပူးပေါင်းတပ်တွေရဲ့ အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အင်အား ၁၀၀ ဝန်းကျင်ဖြင့်သာ လုံးခင်းကို ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။


မေလ ၂၉ ရက်နေ့မှာတော့ လုံးခင်းမှာ ရှိနေတဲ့ တပ်တွေနဲ့ ပူးပေါင်းကာ ဖားကန့်ဘက်ကို စစ်ကြောင်းထိုး ထွက်ခွာသွားတာဖြစ်ပြီး ဒေသခံ တချို့ကို လူသားဒိုင်း လုပ်ထားသလို တိုက်ခိုက်ခံရပါက ဗုံးကြဲမယ်လို့ ခြိမ်းခြောက်သွားခဲ့တာလို့ သိရပါတယ်။


လုံးခင်းမှာ ရှိနေစဉ် မေလ ၂၈ ရက်နေ့ကလည်း  KIA, PDF တပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။


========================


🚩🚩၄။ မင်းလှမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး မကွေးတိုင်း .က. (အထူးလှုပ်ရှားတပ်) မှ ရဲဘော်တစ်ဦး ကျဆုံး


မေလ ၂၉ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရွာသာယာ ကျေးရွာအနီး စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး United States Of Burma Army - USBA မကွေးတိုင်း .က. (အထူးလှုပ်ရှားတပ်) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


မေလ ၂၅ ရက်နေ့ ညနေပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး မကွေးတိုင်း .က. (အထူးလှုပ်ရှားတပ်) မှ ရဲဘော် လှိုင်ဘွား ဆိုသူဟာ မြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ရတယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်ကြောင်းဟာ ကပစ (), ကပစ (၁၀) နဲ့ လင်းကယ် ရဲစခန်းမှ ထုတ်နှုတ်အင်အား ၈၀ ဝန်းကျင်ခန့်ဖြင့် မေလ ၂၀ ရက်နေ့က အထက်မင်းလှ မြို့နယ်၊ လင်းကယ် တိုက်နယ်အတွင်းကို Drone များ၊ လက်နက်ကြီးများဖြင့် လက်ဦးမှုရယူကာ ပစ်ခတ်ဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


၎င်းစစ်ကြောင်းကို အာရုံစိုက် နေရာယူ လှုပ်ရှားနေချိန် ၂၃ ရက်နေ့ မနက်အစောပိုင်းမှာ ကပစ (၁၂) က အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သရက်မြို့နယ်၊ ထီးရိုးကျေးရွာကို ကားများဖြင့် ဝင်ရောက်လာပြီး ထိုမှတဆင့် မင်းတုန်း အရှေ့မြောက်ခြမ်းက ကျေးရွာများကို အလစ်ငိုက်ဖမ်းကာ နှစ်ဖက်ပိတ်ဆို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။


၎င်းစစ်ကြောင်းဟာ ပြည်သူများရဲ့ ရိက္ခာများကို ခိုးယူချက်ပြုတ် စားသောက်နေပြီး ကျွဲခြံရွာ စာသင်ကျောင်းမှာ ညအိပ် စခန်းချနေစဉ် မေလ ၂၃ ရက်နေ့ ညပိုင်းမှာ မကွေးတိုင်း .က. (အထူးလှုပ်ရှားတပ်) က နှစ်ကြိမ်တိုင် ပြောက်ကျားဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီစစ်ကြောင်းဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အတိအကျကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩၅။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်မှုထမ်း တပ်သား ဦး လက်နက်နှင့်တကွ အလင်းဝင်


မေလ ၂၉ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်မှုထမ်း တပ်သား ဦး လက်နက်နှင့်တကွ အလင်းဝင်ခဲ့တယ်လို့ ဒို့အရေး ချန်နယ်က ဖော်ပြထားပါတယ်။


မေလ ၂၇ ရက်နေ့က စစ်မှုထမ်း တပ်သား ဦးဟာ ဒို့အရေး ချန်နယ် အတွင်းရေးမှူး မရွှေဂျူးထံ ဆက်သွယ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံကို အလင်းဝင်ချင်တယ်လို့ ဆက်သွယ်လာတာကြောင့် ချိတ်ဆက်ပေးခဲ့တယ်လို့ ဆိုပါတယ်။


အလင်းဝင်လာတဲ့ စစ်သား ဦးဟာ MA1 သေနတ် လက်၊ ၃၆ ခွင်းဗုံး လုံး၊ နင်းမိုင်း လုံး၊ .၅၆ ကျည် ၂၀၀ တောင့် တို့ကိုပါ တပါတည်း ယူဆောင်လာခဲ့ပြီး ၎င်းတို့ကို လက်ခံပေးခဲ့တဲ့ ပကဖ အဖွဲ့နှင့်အတူ စစ်ကောင်စီကို တော်လှန်သွားမယ်လို့ ကတိပြုထားပါတယ်။


အလင်းဝင်လာသူတွေဟာ စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ စစ်မှုထမ်းသင်တန်း အပတ်စဉ် () မှာ တက်ရောက်ခဲ့ရတာဖြစ်ပြီး စစ်မှုထမ်းရတာ ဝန်းကျင်သာ ရှိသေးတယ်လို့ သိရပါတယ်။


လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်လာခဲ့တဲ့ စစ်မှုထမ်း တပ်သား ဦးကို ဒို့အရေး ချန်နယ်က ဆုငွေ ချီးမြှင့်ပေးလိုတာကြောင့် မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩၆။ အတင်းအဓမ္မတပ်သားစုဆောင်းခံခဲ့ရသည့် ခမရ (၅၅၈) မှ တပ်သား () ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်


မေလ ၂၉ ရက်

Radio NUG 


 ခမရ (၅၅၈) တွင် တာဝန်ထမ်းဆောင်‌နေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မစုဆောင်းခံရသည့် တပ်သား () ဦး ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃) နယ်မြေအတွင်းသို့ မေလ ၂၉ ရက်မှာ လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ဝဲဂလိအခြေစိုက် အမှတ် () တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း တကက () အပတ်စဥ်  () မှ သင်တန်းဆင်း တပ်သားများဖြစ်ကြသည့် တပ်သား ရန်လင်းထွန်း ကိုယ်ပိုင်အမှတ် (ပစ - ၁၃၀၉၈၆ ) တပ်သား နေသူအောင် ကိုယ်ပိုင်အမှတ် ( ပစ - ၂၅၁၇၅၅ ) သည် MA3 () လက် ကျည်ဘောက် () ဘောက် ကျည် (၂၅) တောင့်ဖြင့် ဗျူဟာ (၃၃) နယ်မြေအတွင်းရှိ ဒေါနတပ်ရင်းထံသို့ လာရောက်ပူးပေါင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တပ်သား ရန်လင်ထွန်းသည် (၁၀) တန်းကျောင်းအောင်ပြီးသား လူငယ်တစ်ဦးဖြစ်ပြီး၊ ညဘက်အပြင်သွားနေစဥ် အတင်းအဓမ္မတပ်သားအဖြစ် စုဆောင်းခံခဲ့ရကာ စကစတပ်ထဲ ရောက်ရှိလာခဲ့သလို တပ်သား နေသူအောင်သည် မွေးရပ်ဇာတိတွင် Taxi ဆွဲ၊ Passenger ပို့နေရင်း (၁၁) နာရီခန့်တွင် အတင်းအဓမ္မစုဆောင်းခံရပြီး စကစတပ်ထဲ ရောက်ရှိလာခဲ့ရတယ်လို့ သိရပါတယ်။


"စစ်တပ်၏ အာဏာရှင်စနစ်ကို မကြိုက်၍ အလင်းဝင်ခဲ့ပြီး၊ ပြည်သူ့စစ် အယောက် (၁၀၀) တွင် (၁၀) ယောက်ခန့်သာ တပ်ထဲနေချင်နေကြပြီး အယောက် (၉၀) လောက်က ထွက်ပြေးချင်နေကြောင်း၊ စစ်တပ်အထဲတွင် ထိန်းချုပ်မှုများ လွန်ကဲပြီး အပြစ်ပေးစနစ်ကို ပို၍ တင်းကြပ်လာပြီး တပ်အတွင်းတွင် လုံခြုံမှုနည်းလာကြောင်း၊ ထွက်ပြေးသွားကြသူ များပြားလာ၍ ဗိုလ်မှူးများက ထွက်ပြေးတဲ့ကောင်ကို ဟိုဖက်က ထမင်း () နပ်လောက်ပဲ ကျွေးပြီး စစ်ဆေးမေးမြန်းပြီးရင် လည်လှီးသတ်ကြမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ကျန်ရှိနေသော တပ်သားများ အဆက်အသွယ်ယူကြပြီး အမြန်ဆုံး အလင်းဝင်ကြရန်နှင့် ယခုလဲ အာဏာရှင်စကစ စစ်တပ်ကို မကြိုက်၍ ပြန်ပြီးတော်လှန်သွားမည်ဖြစ်ကြောင်း အလင်းဝင်ရောက်လာသူ တပ်သား () ဦးက ပြောဆိုထားပါတယ်။


ဗျူဟာ (၃၃) စစ်ဆင်ရေးမှူးမှ အလင်းဝင်ရောက်လာသူများကို နွေးထွေးစွာ ကြိုဆိုလက်ခံပြီး ကျန်ရှိနေသော တပ်သားများလည်း  အလကားအသေမခံဘဲ ပြည်သူနဲ့အမြန်ဆုံးပူပေါင်းကြပါရန်အသိပေးပြောကြားထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment