၂၀၂၅ မေလ ၂၄ ရက်နေ့ Radio NUG မနက်ခင်းတင်ဆက်မှု

 

၂၀၂၅ မေလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဖြစ်ပေါ် ပြောင်းလဲနေသည့် အထွေထွေ နိုင်ငံရေး၊ စစ်ရေး၊နိုင်ငံခြားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များကို  (NUCC) နှင့်(NUG) တို့ အပြန်အလှန် ဆွေးနွေးခဲ့ကြ

📌 ၂။ ထိုင်းငံနိုင်ငံရောက်ရွှေ့ပြောင်းလုပ်သားများ လုပ်အားခများ မရှင်းပေးဘဲ  အလုပ်ထုတ်သည့်ကိစ္စအပါအဝင် Work permit အား သူဌေးမှ ထုတ်မပေးခြင်းအားဖြေရှင်းပေးခဲ့ကြောင်း NUGအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်

📌 ၃။ (၃၆) နှစ်ပြည့် ကရင်လူငယ်အစည်းအရုံး (KYO) အထိမ်းအမှတ်နေ့သို့ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့

📌 ၄။ မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြည်ထဲရေးဌာနမှ ရုံးစာ ရေးနည်းသင်တန်း ပြုလုပ်

📌 ၅။ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေသူ လူဦးရေ ၁၉ ဒသမ သန်းဖြင့် လိုအပ်ချက် စံချိန်တင် မြင့်တက်နေပြီး ငလျင်အပြီးတွင် ထပ်တိုး လူဦးရေ သန်းသည် အရေးပေါ်အကူအညီလိုအပ်လျက်ရှိ

📌 ၆။ Amazing Group of Companies နှင့် Adventure Myanmar Group တို့၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ အောင်မျိုးမင်းဒင်ဟာ မြန်မာစစ်အုပ်စုနှင့် ယင်း၏စီးပွားရေးလုပ်ငန်းစုကြီးများထံမှ ငှားရမ်းထားသည့် မြေနေရာပေါ်တွင် အနည်းဆုံး ဟိုတယ်လုပ်ငန်းပိုင်ဆိုင်မှု ခုအထိ ရှိထား

📌 ၇။ ဧပြီလအတွင်းမှာ စစ်ကိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၁၂၅ မှုထိအများဆုံးဖြစ်ခဲ့ပြီးလေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်၇၀ အထိရှိခဲ့


========================


၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို KIA ပူးပေါင်းတပ်ဖွဲ့က FPV ဒရုန်းဖြင့် ဝင်တိုက်ပြီး ပစ်ချနိုင်ခဲ့

🚩၂။ ဆောင်းပြောင်းတိုက်ပွဲအတွင်း စခန်းကုန်းတစ်ခုသိမ်းပိုက်ရရှိကာ စစ်သုံ့ပန်းများ ဖမ်းမိထား

🚩၃။ ဘိတ်မှ တနင်္သာရီဘက်သို့ တက်လာသော စစ်ကောင်စီတပ်သားများနှင့် ရိက္ခာများ တင်ဆောင်လာသော စစ်ကောင်စီကား ၃စီးအား တိုက်ခိုက်

🚩၄။ ကန့်ဘလူ မြို့နယ်အတွင်း တိုက်နယ် ခုကို လေကြောင်းတိုက်ခိုက်ခံခဲ့ရာ ပြည်သူ တဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩၅။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် () နှစ်အရွယ် ကလေးငယ် တဦး သေဆုံး 

🚩၆။ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို ဗဟိုဌာနချုပ်နယ်‌မြေတွင် ပြုလုပ်ကျင်းပခဲ့

🚩၇။ မန္တလေးခရိုင် အမှတ် () တပ်ရင်းထံ စစ်ကောင်စီ တပ်ကြပ်ကြီးတဦး လက်နက်နဲ့တကွ ပူးပေါင်းခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ဖြစ်ပေါ် ပြောင်းလဲနေသည့် အထွေထွေ နိုင်ငံရေး၊ စစ်ရေး၊နိုင်ငံခြားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များကို  (NUCC) နှင့်(NUG) တို့ အပြန်အလှန် ဆွေးနွေးခဲ့ကြ


မေလ ၂၃

Radio NUG

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေသည့် အထွေထွေ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ NUCCက သတင်းထုတ်ပြန်ပါတယ်။


နှစ်ဖက်ဆွေးနွေးကြရာတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာတို့က တက်ရောက်ခဲ့ကြပါတယ်။


အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့အကြား မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများနှင့် လုပ်ငန်းစဉ်များဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေးအတွက်လည်း အကြံပြု ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)မှ သတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၂။ ထိုင်းငံနိုင်ငံရောက်ရွှေ့ပြောင်းလုပ်သားများ လုပ်အားခများ မရှင်းပေးဘဲ  အလုပ်ထုတ်သည့်ကိစ္စအပါအဝင် Work permit အား သူဌေးမှ ထုတ်မပေးခြင်းအားဖြေရှင်းပေးခဲ့ကြောင်း NUGအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်


မေလ၂၃ရက်

Radio NUG

ထိုင်းနိုင်ငံ၊ စမူပရာကန်မြို့နယ်ရှိ K.L.Lohaki Co.,Ltd ဆိုင်ကယ်အပိုပစ္စည်းထုတ်စက်ရုံသည် အလုပ်သမား(၁၅၀ )၏လုပ်အားခများ မရှင်းပေးဘဲ အလုပ်မှ ထုတ်ပယ်လိုက်သည့်အတွက် အဆိုပါ အလုပ်သမားများမှ တိုင်ကြားအကူအညီ တောင်းခံလာတယ်လို့ အလုပ်သမားဝန်ကြီးဌာန တိုင်ကြားရေးယန္တရားက ထုတ်ပြန်ပါတယ်။


အဆိုပါဖြစ်ရပ်အပေါ်  စမူပရာကန်မြို့နယ်ရှိ ဆာဝါဒီကန်ရုံးတွင် ဝန်ကြီးဌာနနှင့် MHAC အဖွဲ့တို့ အတူ သွားရောက်၍ အမှုဖွင့်ပေးခဲ့တယ်လို့သိရပါတယ်။


ဒါ့အပြင်စမူပရာကန် မြို့နယ်ရှိ ဆေးဘဲဥထုတ်သည့် အလုပ်ရုံမှ အလုပ်သမား (၁၂)ဦး၏ Work Permit များအား အလုပ်ရှင်မှ မထုတ်ပေး၍ စမူပရာကန်မြို့နယ် ကျဟာငန်ရုံးသို့ သွားရောက်၍ Work Permit စာရွက်များ ကူညီထုတ်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။


အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအား ဖော်ပြပါ ဖုန်း၊ Email နှင့်  Social App တို့မှတစ်ဆင့်လည်း ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ NUGအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ (၃၆) နှစ်ပြည့် ကရင်လူငယ်အစည်းအရုံး (KYO) အထိမ်းအမှတ်နေ့သို့ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့


မေလ ၂၃ ရက်

Radio NUG 


၂၀၂၅ခုနှစ် မေလ ၂၃ရက်တွင် ကျရောက်သော (၃၆) နှစ်ပြည့် ကရင်လူငယ်အစည်းအရုံး (KYO) အထိမ်းအမှတ်နေ့တွင် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးမှ ယနေ့အချိန်အထိ အခိုင်အမာရပ်တည်နေသည့် ကရင်လူငယ်တို့၏ သတ္တိ၊ စည်းလုံးမှုနှင့် ကြံ့ကြံ့ခိုင်တည်မြဲနေမှုကို အထူးလေးစားစွာဖြင့် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ထားပါတယ်။


ကရင်လူငယ်အစည်းအရုံးသည် ရှေးယခင်မှစ၍ ခေါင်းဆောင်နိုင်စွမ်းရှိသော လူငယ်များကို ပြုစုပျိုးထောင် မွေးထုတ်ပေးခဲ့သည့်အပြင် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ကာ ကရင်လူမျိုးတို့၏ အခြေခံရပိုင်ခွင့်နှင့် ရည်မှန်းချက်များရရှိရန် မမှိတ်မသုန် တောင်းဆိုဆန္ဒထုတ်ဖော်ပေးသဖြင့် ကရင်လူမျိုးများ အားကိုးအားထားပြုရသည့် အခရာလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ကရင်လူငယ်အစည်းအရုံး၏ မဆုတ်မနစ်အခိုင်အမာ ရပ်တည်မှုသည် အနာဂတ်မျိုးဆက်သစ်များ လေးစားအတုယူစရာ ပြရုပ်တစ်ခုလည်းဖြစ်စေပြီး ယနေ့ကျရောက်သော သမိုင်းဝင်နေ့တစ်နေ့တွင် ကရင်အမျိုးသားအစည်းအရုံးသည် ကရင်လူငယ် အစည်းအရုံး၏ ရည်မှန်းချက်ရရှိအောင် ကြိုးပမ်းလုပ်ဆောင်နေမှုများကို ထောက်ခံရပ်တည်ကြောင်း ထပ်လောင်း ပြောကြားလိုကြောင်း ရေးသားဖော်ပြပါတယ်။


ကရင်လူငယ်အစည်းအရုံးသည် ရှေ့အနာဂတ်တွင် ငြိမ်းချမ်းမှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုရှိသော လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ရန် ဦးဆောင်လမ်းပြနိုင်သည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ဆက်လက်တည်ရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားပါတယ်။


========================


📌📌 ၄။ မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြည်ထဲရေးဌာနမှ ရုံးစာ ရေးနည်းသင်တန်း ပြုလုပ်


မေလ ၂၃ ရက်

Radio NUG 


မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ပြည်ထဲရေးဌာနမှ စီစဉ်သော ရုံးစာ ရေးနည်းသင်တန်းအား လွတ်မြောက်နယ်မြေတနေရာတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါ သင်တန်းကို မေလ ၂၃ ရက်တွင် ကျင်းပခဲ့ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အုပ်ချုပ်ရေးကော်မတီအောက်ရှိ ဌာနအသီးသီမှ ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ပြည်ထဲရေးဌာနသည် မြေပြင်အမှုစစ်သင်တန်းများ၊ ရုံးစာရေးနည်းသင်တန်းများအပြင် မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးသင်တန်းများကိုပါ ပြုလုပ်သွားရန် ရှိတယ်လို့ ဖော်ပြထားပါတယ်။


ဥပဒေပြုရေး၊ တရားရေးနှင့် အုပ်ချုပ်ရေး ကော်မတီ () ရပ်ဖြင့် ဖွဲ့စည်းထားသည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC သည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ပျက်သုဉ်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေသည့် ပြည်နယ်/ဖက်ဒရယ်ယူနစ်အခြေပြု နိုင်ငံရေး အစုအဖွဲ့တခုဖြစ်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ အုပ်ချုပ်ရေးကော်မတီအောက်တွင် ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာန၊ လူငယ်၊ အမျိုးသမီး၊ ကလေးနှင့် ဂျန်ဒါတန်းတူရေး ဌာန၊ ပြင်ပဆက်ဆံရေးဌာနနှင့် ဘဏ္ဍာရေးနှင့်အခွန်ကောက်ဌာန စသည့် ဌာန () ခုဖြင့် ဖွဲ့စည်းထားပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေသူ လူဦးရေ ၁၉ ဒသမ သန်းဖြင့် လိုအပ်ချက် စံချိန်တင် မြင့်တက်နေပြီး ငလျင်အပြီးတွင် ထပ်တိုး လူဦးရေ သန်းသည် အရေးပေါ်အကူအညီလိုအပ်လျက်ရှိ


မေလ ၂၃ရက်

Radio NUG

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေသူ လူဦးရေ ၁၉ ဒသမ သန်းဖြင့် လိုအပ်ချက် စံချိန်တင် မြင့်တက်နေပြီး ငလျင်အပြီးတွင် ထပ်တိုး လူဦးရေ သန်းသည် အရေးပေါ်အကူအညီ လိုအပ်လျက်ရှိတယ်လို့ UN OCHA Myanmarက ဖော်ပြပါတယ်။


မြန်မာနိုင်ငံသည် မကြာခဏ ဖြစ်ပေါ်လာတတ်သည့် ဘေးအန္တရာယ်များ၊ ဆက်လက်ဖြစ်ပွားနေဆဲ ပဋိပက္ခများကြောင့် ခက်ခဲသည့် လူသားချင်းစာနာမှု အကျပ်အတည်းများနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်များကို ဆက်လက်ရင်ဆိုင်နေရပြီး နိုင်ငံတစ်ဝန်းတွင် လူဦးရေ ဒသမ သန်းခန့်  နေရပ်စွန့်ခွာ နေထိုင်ကြရလျက်ရှိတယ်လို့ ဆိုပါတယ်။


 မတ်လ ၂၈ ရက်နေ့က အင်အားပြင်းထန်သော ငလျင် နှစ်ကြိမ်လှုပ်ခတ်မှုကြောင့် မြို့ပြများနှင့် ကျေးလက်ဒေသများတွင် အကြီးအကျယ် ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးမှု၊ အိမ်ခြေနှင့် အခြေခံအဆောက်အဦများ ပျက်စီးခြင်း၊ အသက်မွေးဝမ်းကျောင်းမှုများ ထိခိုက်ခဲ့ရတယ်လို့ ဖော်ပြပါတယ်။


၂၀၂၅ ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက် ရန်ပုံငွေမှာ ယခုအချိန်အထိ ဒသမ ရာခိုင်နှုန်းသာ ရရှိထားပြီး နောက်ဆက်တွဲ ငလျင် တုံ့ပြန်ရေး အစီအစဉ်အတွက် ၁၇ ဒသမ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့ဆိုပါတယ်။


လူမှုဘ၀ရှင်သန်ရေး အကူအညီများ တိုးမြှင့်ပေးနိုင်ရန်နှင့် အထိခိုက်ဆုံးဒေသများသို့ ရောက်ရှိကူညီနိုင်ရန် ထပ်တိုးရန်ပုံငွေနှင့် ကတိပြုထားသော အလှူငွေများ အချိန်မီထည့်ဝင်ပေးရန် အရေးကြီးတယ်လို့လည်း ဖော်ပြပါတယ်။


========================


📌📌 ၆။ Amazing Group of Companies နှင့် Adventure Myanmar Group တို့၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ အောင်မျိုးမင်းဒင်ဟာ မြန်မာစစ်အုပ်စုနှင့် ယင်း၏စီးပွားရေးလုပ်ငန်းစုကြီးများထံမှ ငှားရမ်းထားသည့် မြေနေရာပေါ်တွင် အနည်းဆုံး ဟိုတယ်လုပ်ငန်းပိုင်ဆိုင်မှု ခုအထိ ရှိထား


မေလ ၂၃ရက်

Radio NUG

Amazing Group of Companies နှင့် Adventure Myanmar Group တို့၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ အောင်မျိုးမင်းဒင်ဟာ

မြန်မာစစ်အုပ်စုနှင့် ယင်း၏စီးပွားရေးလုပ်ငန်းစုကြီးများထံမှ ငှားရမ်းထားသည့် မြေနေရာပေါ်တွင် အနည်းဆုံး ဟိုတယ်လုပ်ငန်းပိုင်ဆိုင်မှု ခုအထိ ရှိထားတယ်လို့ Justice For Myanmarက ဖော်ထုတ်လိုက်ပါတယ်။


အောင်မျိုးမင်းဒင်သည် Adventure Myanmar Group နှင့် Amazing Group of Companies (နာမည်အားဖြင့်တော့ အလန်းဇယား) တို့၏ တည်ထောင်သူဖြစ်ပြီး၊ အကြီးစားအကျင့်ပျက်ခရိုနီကြီးတစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။


အောင်မျိုးမင်းဒင်သည် စစ်ရာဇဝတ်ကောင်နှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစုနှင့်နီးကပ်သည့် ပတ်သက်ဆက်နွယ်မှုများ ရှိကာ ၎င်းသည် မင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ကြူကြူလှ၏ ကျောင်းသားဟောင်းတစ်ဦးဖြစ်ခဲ့ပြီး၊ ၎င်းတို့၏သား အောင်ပြည့်စုံအတွက် မွေးစားဖခင်မျိုးကဲ့သို့ပင် ဖြစ်တယ်လို့ဖော်ပြပါတယ်။


ထိုသို့သော မြန်မာစစ်အုပ်စုနှင့် နီးကပ်သည့် ဆက်နွယ်မှုများက အောင်မျိုးမင်းဒင်အတွက် ၎င်း၏ အံ့ခမန်းလိလိ နိုင်ငံတဝန်းဟိုတယ်လုပ်ငန်းအင်ပါယာကြီး တည်ဆောက်ရန် မြေနေရာများရယူနိုင်သည့် အခွင့်ထူးကို ပေးအပ်ခဲ့ပြီး ၎င်းသည် မြန်မာစစ်အုပ်စုနှင့် ယင်း၏စီးပွားရေးလုပ်ငန်းစုကြီးများထံမှ ငှားရမ်းထားသည့် မြေနေရာပေါ်တွင် အနည်းဆုံး ဟိုတယ်လုပ်ငန်းပိုင်ဆိုင်မှု ခုအထိ ရှိထားတယ်လို့ဆိုပါတယ်။


ယင်းတို့တွင် ယခင်စစ်အာဏာရှင်လက်ထက်အတွင်း အာရကန်ပြည်နယ်ရှိ ဒေသခံများထံမှ ခိုးယူထားသော စစ်အုပ်စုမြေပေါ်တွင် တည်ဆောက်ထားသည့် Amazing Ngapali Resort လည်း ပါဝင်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၇။ ဧပြီလအတွင်းမှာ စစ်ကိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၁၂၅ မှုထိအများဆုံးဖြစ်ခဲ့ပြီးလေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်၇၀ အထိရှိခဲ့


မေလ ၂၃ရက်

Radio NUG

ဧပြီလအတွင်းမှာ စစ်ကိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၁၂၅ မှုထိ အများဆုံးဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်၇၀ အထိရှိခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်အုပ်စုရဲ့၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှု စုစုပေါင်း  ၅၈၂ မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင်ထားရှိပါတယ်။


ဧပြီလအတွင်းမှာ စစ်ကိုင်းဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၂၅ မှုထိ ရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်အရေအတွက် အများဆုံးအနေနဲ့ စစ်ကိုင်းတိုင်းဟာ ၇၀ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနှင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက် စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမယ်လို့ ကတိပြုထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ KNU က ထိုင်း-မြန်မာနယ်စပ်အနီး ဘလယ်ဒိုတပ်စခန်းကို သိမ်းပိုက်


မေလ ၂၃ရက် 

Radio NUG


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ () ကော့ကရိတ် မြို့နယ် ဘလယ်ဒို (ဘျၢၣ်ဒိၣ်) ကျေးရွာအနီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက် ကျူးကျော် တပ်စွဲထားသော ဘလယ်ဒို(ဘျၢၣ်ဒိၣ်) တပ်စခန်းအား ၂၀၂၅ ခုနှစ် မေလ (၂၃) ရက်နေ့ ညနေ () နာရီ အချိန်တွင် တပ်မဟာ () ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့မှ ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်ထားပါတယ်။


ဘလယ်ဒိုတပ်စခန်းသည် မြဝတီမြို့နယ်၊ ဝေါ်လေမြို့၊ ဘလယ်ဒိုကျေးရွာအနီးတွင် တည်ရှိပြီး၊ မေလ ၂၃ရက် မနက်ပိုင်းတွင် KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင်ကာ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး KNU အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ ဝေါ်လေမြို့သည် ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ပါဝင်ပါတယ်။


တပ်စခန်းသိမ်းပိုက်ပြီးနောက် နေ့လယ် နာရီခန့်တွင် စစ်ကောင်စီလေတပ်က ဘလယ်ဒိုအနီးတစ်ဝိုက်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ခုက ဖော်ပြထားပါတယ်။


ဘလယ်ဒိုတပ်စခန်းသည် ဝေါ်လေဗျူဟာ၊ ဥကရစ်ထစခန်းများ၏ ကင်းစခန်းတစ်ခုဖြစ်ပြီး၊ ၎င်းစခန်းကျဆုံးပြီးနောက် မြဝတီ-ဝေါ်လေလမ်းပိုင်းရှိ သေဘောဘိုးကျေးရွာအနီးတစ်ဝိုက်တွင် တည်ရှိသည့် သေဘောဘိုးတပ်စခန်းကို ဆက်လက်တိုက်ခိုက်ရန် လွယ်ကူလာသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုထားပါတယ်။


KNU သည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တပ်မဟာ () နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းအများစုကို သိမ်းပိုက်ပြီးနောက်၊ ယခုအခါ တပ်မဟာ () နယ်မြေရှိ နယ်စပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိကာ ဘလယ်ဒိုစခန်းကျဆုံးသော်လည်း၊ ဝေါ်လေဗျူဟာ၊ သေဘောဘိုး၊ ဝါးမီထ၊ ဥကရစ်ထ၊ ကနဲလေးနှင့် မော်ခီးစခန်းများ စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။


========================


🚩🚩၂။ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဗိုလ် ၁ဦးအပါအဝင် ၄ဦး‌ သေဆုံး


မေလ ၂၃ရက် 

Radio NUG 


၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များက Fixed Wing Drone () စီးဖြင့် ဗုံးသီး (၁၂) လုံးသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Peacock Drone Team-Myaungမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဗိုလ် တစ်ဦးအပါအဝင် လေးဦး သေဆုံးပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရပါတယ်။


တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း၊ တော်လှန်ရေးတပ်ဖွဲ့များသည် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါစစ်ဆင်ရေးကို Peacock Drone Team-Myaung နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ယင်းမာပင်ခရိုင်တပ်ရင်း (၃၅) တပ်ခွဲ () GZ-21 ယင်းမာပင်ခရိုင်တပ်ရင်း (၁၇) B-21 ကနီ PDF NPDF ယင်းမာပင်၊ Myaung Drone Force M.D.F ကျားခင်စိန်၊ အားမန်သစ် (ငါန်းဇွန်) Revolutionary Air Force (Myaung) အောင်သပြေညီနောင် Local PDF (ကျောက်ဆည်) ဗိုလ်စာကလေး Drone Strike Freedom Fighter Drone Force နှင့် CHU PDF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။


စစ်ကောင်စီတပ်ဖွဲ့များသည် ချောင်းဦးမြို့နယ်အတွင်း ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေတာကြောင့် ၎င်းတို့၏ လုပ်ရပ်များကို တန်ပြန်ဟန့်တားရန် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


တော်လှန်ရေးအဖွဲ့များက အညာဝေဟင်ဒရုန်းစစ်ဆင်ရေးကမ်ပိန်းအောင်မြင်ရန် ပြည်သူများ၏ ပူးပေါင်းထောက်ပံ့မှုကို မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩၃။ KTV သွားရန် ထွက်လာတဲ့ ရဲဒုတပ်ကြပ်အပါ ရဲ ၃ဦးအား အရှင်ဖမ်းဆီးမိ


မေလ ၂၃ ရက်

Radio NUG


မေလ ၁၈ရက်နေ့ နေ့လယ် နာရီအချိန်တွင် ပခုက္ကူမြို့နယ် ဘုန်းကံရွာ စကစ စစ်ဆေးရေးဂိတ်မှ ရဲ ဦး ပခုက္ကူမြို့ KTV သို့ လာရောက်စဉ် လမ်းကြောင်းတစ်နေရာမှာ Southern Local PDF တပ်ပေါင်းစုအဖွဲ့မှ အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


၎င်းတို့နဲ့အတူ ဖုန်း လုံး၊ ငွေကျပ် ၁၉၈,၀၀၀ကျပ်နှင့် လက်ပစ်ဗုံး လုံး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ရဲဒုတပ်ကြပ် သီဟအောင် ( ၂၃၉၉၉၉) ရဲတပ်သားလှဘုန်း  (လ၂၉၈၃၀၇)နှင့် ရဲတပ်သား စည်သူလွင် ( ၃၀၂၄၉၆)တို့ကို စစ်သုံ့ပန်းဥပဒေအတိုင်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။


========================


🚩🚩၄။ တောင်သာမြို့နယ်  ရုံးစဉ်လေး () ရွှေစည်ကြီး ကျေးရွာကို စက်တပ်လေထီး ၅စီးဖြင့် ဗုံးကြဲရာ နေအိမ်နှင့် သိမ်များ ပျက်စီး


မေလ ၂၃ရက် 

Radio NUG 


မေလ ၂၂ရက်နေ့၊ နံနက် ၅း၄၄မိနစ်ခန့်တွင် မိတ္ထီလာမှ တက်လာသော စက်တပ်လေထီး ၅စီးဖြင့် ရုံးစဉ်လေး () ရွှေစည်ကြီး ကျေးရွာပေါ်သို့ ဗုံးသီး ၁၄ လုံးချရာ ပြည်သူ့နေအိမ် ()လုံးပျက်ဆီး၊ နွားတစ်ကောင်သေ၊ ဘုန်းကြီးကျောင်းမှ သိမ်တစ်လုံး ပျက်ဆီးခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ၊ တောင်သာမှ သတင်းထုတ်ပြန်ထားပါတယ်။


လေကြောင်းရန် ကာကွယ်ရေးအတွက် မိမိတို့နေအိမ်များ၌ ဗုံးခိုကျင်းများ စနစ်တကျတူးခြင်း၊ လေကြောင်းအန္တရာယ် ကြိုတင်ရရှိသည့်အခါ သတိထားပြီး နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩၅။ ချင်းတောင်ဘက်သို့ စစ်ကြောင်းထိုးလာသော စကစ စစ်ကြောင်းကြောင့် ဒေသခံ ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရ


မေလ ၂၃ရက်

Radio NUG

၂၀၂၅ ခုနှစ် မေလ ၁၈ နေ့ မှ ချင်းတောင်ဘက်သို့ စစ်ကြောင်းထိုးလာသော စကစ စစ်ကြောင်း ကြောင့် ဒေသခံ ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ အတည်ပြုဆိုပါတယ်။


စကစတပ်နှင့်ဒေသခံ ကာကွယ်ရေးတပ်ဖြစ်သော CDF CDM SIYIN PDF Zoland  နှင့် KKG  မှ မေလ၂၁ ရက် နံနက် နာရီအချိန် မှ အခု အချိန်အထိ ဆက်လက်ခုခံကာကွယ်တိုက်ခိုက်နေတယ်လို့ CDF CDM SIYINက အတည်ပြုထားပါတယ်။


========================


🚩🚩၆။  ရှမ်း-မန်း စစ်ဆင်ရေးနှင့် တမူးဒေသ စစ်ဆင်ရေး တာ၀န်များ ပြီးဆုံးခဲ့သည့် တိုက်ပွဲပြန် BLDF ရဲဘော်များကို ဒေသခံ ပြည်သူလူထု နွေးထွေးစွာ ဂုဏ်ပြု ကြိုဆို


မေလ ၂၃ ရက်

Radio NUG 


မန္တလေးဒေသနှင့် တမူးဒေသရှိ သတ်မှတ်ကာလ စစ်ဆင်ရေး တာ၀န်များ ပြီးဆုံးခဲ့သည့် တိုက်ပွဲပြန် BLDF ရဲဘော်များကို ဒေသခံ ပြည်သူလူထုက နွေးထွေးလှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)မှ သတင်းထုတ်ပြန်ပါတယ်။


ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး၏ ကွပ်ကဲမှုနှင့်အတူ မန္တလေး ဒေသတွင် ရှမ်း-မန်း စစ်ဆင်ရေးအဖြစ် စစ်ဆင်ရေး တာဝန်များကို () လနီးပါး တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် တမူးဒေသတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်() စစ်ဒေသ ကွပ်ကဲမှုနှင့်အတူ စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။


BLDF အနေဖြင့် မန္တလေးဒေသနှင့် တမူးဒေသတို့တွင် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ခဲ့ရာတွင် တန်ဖိုးမဖြတ်နိုင်သော စစ်ရေးအတွေ့အကြုံများ၊ လက်တွေ့ စစ်ရေးတိုက်ပွဲသင်ခန်းစာများနှင့်အတူ အညာဒေသရှိ မိခင် အခြေစိုက်နယ်မြေများသို့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ စစ်ဆင်ရေးများအတွင်း BLDF မှ ရဲဘော် () ဦးသည် ပြည်သူလူထု လွတ်မြောက်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း ရှေ့တန်းစစ်မျက်နှာ၌ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ပြီး ရဲဘော် (၁၂) ဦးသည်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲပြန် BLDF ရဲဘော်များကိုနွေးထွေးမှု အပြည့်၊ ယုံကြည်မှုများဖြင့် တခဲနက် ကြိုဆိုဂုဏ်ပြုခဲ့ကြသော မိဘပြည်သူများအား အထူးပင် ကျေးဇူးတင်ရှိပြီး ပြည်သူလူထု၏ ယုံကြည်မှုကို အလုပ်နှင့် သက်သေပြနိုင်ရေး ဆက်လက်ကြိုးပမ်းအားထုတ်သွားမယ်လို့ ဖော်ပြထားပါတယ်။


BLDF အနေဖြင့် ဂုဏ်ရောင်ပြောင်မြောက်စွာ ကျဆုံးခဲ့သော ရဲဘော်တို့၏ တိုက်ပွဲဝင် စိတ်ဓာတ်၊ အာဇာနည်စိတ်ဓာတ်တို့ကို ကိုင်စွဲ၍ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်၍ ဖက်ဆစ် စစ်တပ် အမြစ်ပြတ်သည်အထိ ဆက်လက် တော်လှန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုအား တိုင်တည် သစ္စာပြုဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment