၂၀၂၅ ဇွန်လ ၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဗန်းမောက်မြို့နယ် ပြည်ထောင်စုအထူးသယံဇာတအဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဖမ်းဆီးရာ ကျပ်သိန်းတစ်သောင်းကျော်၊ ရွှေချောင်းအချို့နှင့် အဆင့်မြင့်လက်နက်များပါ သိမ်းဆည်းရရှိ

📌 ၂။ မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုများ "Unspeakable Tragedy" (ပြောမပြနိုင်သော ဖြစ်ရပ်ဆိုး) အစီရင်ခံစာသစ်မိတ်ဆက်ပွဲခမ်းအနား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တက်ရောက်၊ UKပါလီမန်တာဝန်ရှိသူများနှင့် မြန်မာ့အရေးဆွေးနွေး

📌 ၃။ နွေဦးဆရာအတတ်ပညာတက္ကသိုလ်လူ့အခွင့်အရေးဆိုင်ရာဟောပြောပွဲ (Human Rights Webinar Series) အား ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်

📌 ၄။ Safe Hospital, Safe Healthcare ကမ်ပိန်းအတွက် OFP Fundraiser များမှတစ်ဆင့် နိုင်ငံအလိုက် ပါဝင်လှူဒါန်းမှုမှာ အမေရိကန်ဒေါ်လာတစ်သိန်းကျော်ရရှိထား

📌 ၅။ စစ်ကောင်စီကို ဆက်လက်အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် GSCB တိုက်တွန်း

📌 ၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် တစ်လတာအတွင်း အမျိုးသမီး (၉၂) ဦး သေဆုံးခဲ့ရ

📌 ၇။ "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ်အဖြစ်အပင် (၁၅၅) ပင်အား ဆားလင်းကြီးမြို့နယ် ပကဖတာဝန်ခံ ပလဖတာဝန်ခံနဲ့ အဖွဲ့အစည်းများ ပူးပေါင်းစိုက်ပျိုး


========================


၂၀၂၅ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ တရုတ်နဲ့ စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် သိမ်းပိုက်နယ်မြေ ၁၂ မြို့ကို TNLA က ပြန်ပေးရန် မရှိ အသိပေး

🚩၂။ ညောင်ဦး-ချောက်လမ်းတွင် စစ်ကောင်စီ ဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို အရှင်ဖမ်းမိ

🚩၃။ ရွှေဘို-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းအား တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ဦး သေဆုံး၊ ထောက်ပို့ပြည်သူ ၁ဦး ကျဆုံး

🚩၄။ ထားဝယ်မြို့ ကာစတန်တံခွန်ငါးဈေးမှာ အထိုင်ချပြီး လောင်းလုံးကို လက်နက်ကြီးပစ်ကူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် ၁၁ဦး သေဆုံး

🚩၅။ တမူးမြို.တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ကိုယ်ပိုင်တီထွင်ထားတဲ့ လက်နက်နဲ့ ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်အပါ ဦး သေဆုံး

🚩၆။ ဆောမြို့နယ် ညောင်ကန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ ဗန်းမောက်မြို့နယ် ပြည်ထောင်စုအထူးသယံဇာတအဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဖမ်းဆီးရာ ကျပ်သိန်းတစ်သောင်းကျော်၊ ရွှေချောင်းအချို့နှင့် အဆင့်မြင့်လက်နက်များပါ သိမ်းဆည်းရရှိ


ဇွန်လ ရက်

Radio NUG 


ဗန်းမောက်မြို့နယ်မှ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့သည် အလွဲသုံးစားမှုများ ပြုလုပ်နေသဖြင့် အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၃ရက်ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သတင်းရရှိပါတယ်။


ပြည်ထောင်စုအထူးသယံဇာတအဖွဲ့ထံမှ ရွှေချောင်းအချို့၊ ငွေကျပ် သိန်းတစ်သောင်းခြောက်ထောင်ကျော်နှင့် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါအဖွဲ့ကို ဗန်း‌မောက်မြို့နယ်မှ ထွက်ရှိသည့် သယံဇာတများကို စီမံခန့်ခွဲရန်အတွက် NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မတ်လတွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး  ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အောက်တွင် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်များ ဖွဲ့စည်းထားကာ ပြည်ထောင်စုနှင့် အောက်ခြေအဖွဲ့များ ထိထိရောက်ရောက်ချိတ်ဆက်နိုင်ရန်အတွက် အထူးသယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ကို ထပ်မံဖွဲ့စည်းထားခြင်းဖြစ်တယ်လို့ သိရပါတယ်။


NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုင်စာများအရ စုံစမ်းစစ်ဆေးမေးမြန်းရန် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ အခက်အခဲရှိတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပေါင်းစပ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။


========================


📌📌 ၂။ မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုများ "Unspeakable Tragedy" (ပြောမပြနိုင်သော ဖြစ်ရပ်ဆိုး) အစီရင်ခံစာသစ်မိတ်ဆက်ပွဲခမ်းအနား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တက်ရောက်၊ UKပါလီမန်တာဝန်ရှိသူများနှင့် မြန်မာ့အရေးဆွေးနွေး


ဇွန်လ ၆ရက် 

Radio NUG 


မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုများ"Unspeakable Tragedy" (ပြောမပြနိုင်သော ဖြစ်ရပ်ဆိုး) အစီရင်ခံစာသစ်ကို ဗြိတိန်ပါလီမန်မှာ မိတ်ဆက်ပွဲအခမ်းအနားကို NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တက်ရောက်ခဲ့ပါတယ်။


၃၉ စာမျက်နှာပါ အစီရင်ခံစာသည် ၂၀၂၁ အာဏာသိမ်းမှုမှစ၍ မြန်မာစစ်တပ်၏ တိုးပွားလာသော ရက်စက်မှုများကို အသေးစိတ် ဖော်ပြထားပြီး၊ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇ၀တ်မှုများ ပါဝင်တယ်လို့ သိရပါတယ်။


အစီရင်ခံစာမိတ်ဆက်ပွဲသို့ Fortify Rights အဖွဲ့ရဲ့ အကြီးတန်းဒါရိုက်တာ Benedict Rogers  နဲ့ 

ဝန်ကြီးဒေါက်တာဆာဆာတို့ တက်ရောက်ခဲ့ပြီး၊ လွှတ်တော်အမတ် တင်မ် လောက်တန် MP ဘာရိုနက်စ် ဖီယိုနာ ဟော့ဂျွန်နှင့် မြန်မာ့အရေးလှုပ်ရှားသူ ကရင်တိုင်းရင်းသူ Zoya Phan တို့လည်း အတူတကွ ပူးပေါင်းပါဝင်ခဲ့ကြတယ်။


ထို့အပြင် ဇွန်လ ၅ရက်နေ့ကလည်း Fortify Rights ဘန်နီဒစ် ရော်ဂျာနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့သည် ဆာအိုင်ရန် ဒန်ကန် စမစ်၊ ဘာရိုနက်စ် နာတာလီ ဘန်နက်နှင့် ယူကေ ပါလီမန်၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး ကော်မတီဝင်များဖြစ်သည့် ဥက္ကဋ္ဌ ဆာရာ ချန်ပီယံ MP မိုနီကာ ဟာဒင်း MP နှင့် ဘရိုင်ယန် မက်သယူ MP တို့နှင့် ယူကေ ပါလီမန်တွင် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။


တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ အခြေအနေနှင့် မြန်မာစစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်မှုကို အဆုံးသတ်ရန် နိုင်ငံတကာ အရေးယူမှု လိုအပ်ချက်အပေါ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ နွေဦးဆရာအတတ်ပညာတက္ကသိုလ်လူ့အခွင့်အရေးဆိုင်ရာဟောပြောပွဲ (Human Rights Webinar Series) အား ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်


ဇွန်လ ၆ရက်

Radio NUG

နွေဦးဆရာအတတ်ပညာတက္ကသိုလ် လူ့အခွင့်အရေးဆိုင်ရာဟောပြောပွဲ (Human Rights Webinar Series)ကို မေလ ၃၀ရက်မှ ဇွန်လ ၁ရက်ထိ ၃ရက်တာ ကျင်းပခဲ့ပြီး အဆိုပါဟောပြောပွဲသို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဟောပြောပွဲကို  နွေဦးဆရာအတတ်ပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (SNUSU)မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး  သင်ကြားရေး Program အသီးသီးရှိ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာများ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။


၃ရက်တာ လူ့အခွင့်အရေးဆိုင်ရာဟောပြောပွဲတွင် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် လွတ်လပ်မှု အကြောင်းအရာများ၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စည်းနှောင်မှုများအကြောင်း၊ နိုင်ငံတကာရာဇဝတ်မှုများနှင့် တရားမျှတမှုရှာဖွေခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။


========================


📌📌 ၄။ Safe Hospital, Safe Healthcare ကမ်ပိန်းအတွက် OFP Fundraiser များမှတစ်ဆင့် နိုင်ငံအလိုက် ပါဝင်လှူဒါန်းမှုမှာ အမေရိကန်ဒေါ်လာတစ်သိန်းကျော်ရရှိထား


ဇွန်လ ၆ရက်

Radio NUG

Safe Hospital, Safe Healthcare ကမ်ပိန်းအတွက် OFP Fundraiser များမှတစ်ဆင့် နိုင်ငံအလိုက် ပါဝင်လှူဒါန်းမှုမှာ အမေရိကန်ဒေါ်လာတစ်သိန်းကျော် ရရှိထားတယ်လို့ ဇွန်လ၅ရက်နေ့အထိ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။


မြန်မာနိုင်ငံတွင် ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရန် ပါဝင်ကူညီလှူဒါန်းကြဖို့ NUGကျန်းမာရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားပြီး Safe Hospital, Safe Healthcare ရည်မှန်းချက် (Target)မှာ - အမေရိကန်ဒေါ်လာ သိန်းဖြစ်ကာ Campaign ကာလမှာ မေလ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိဖြစ်ပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီကို ဆက်လက်အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် GSCB တိုက်တွန်း


ဇွန်လ ရက်

Radio NUG 


အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO မှ မြန်မာနိုင်ငံအပေါ်  ပုဒ်မ ၃၃ဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်းသည် နွေဦးတော်လှန်ရေးအတွက် ကြီးမားသည့် အောင်မြင်မှုဖြစ်ပြီး စစ်ကောင်စီကို ထိရောက်သည့် အရေးယူမှုများ ဆက်လက်ပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်ရမည်ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်း‌ရေးအင်အားစု (GSCB)က တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။


"အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စု၏ လောင်စာဆီနှင့် ငွေကြေးစီးဆင်းမှုများကို နိုင်ငံတကာမှ စောင့်ကြည့် ဖိအားပေးမှုများဖြင့် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စုအား ထိရောက်သော အရေးယူမှုများ ဆက်လက်ဖြစ်ပေါ်လာစေရန်အတွက်လည်း အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါရန် GSCB အနေဖြင့်  ထပ်မံ တိုက်တွန်းနှိုးဆော်အပ်ပါသည်" လို့ ထုတ်ပြန်ထားပါတယ်။


ဇွန် ၅ရက်တွင်  ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၌ ILO အဖွဲ့က မြန်မာနိုင်ငံအပေါ် ပုဒ်မ ၃၃ ဖြင့် အရေးယူကြောင်း ဆုံးဖြတ်ချက်ချသည့်အပေါ် ကြိုဆိုထောက်ခံပြီး ယခုကဲ့သို့ ဆုံးဖြတ်နိုင်ရန် ကြိုးစားလုပ်ဆောင်သည့် ရဲဘော်ရဲဘက်များအားလုံးအတွက် အထူးဂုဏ်ယူကြောင်း ဖော်ပြထားပါတယ်။


"အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်ကျူးလွန်မှုများအပေါ်  ILO ပုဒ်မ(၃၃)ဖြင့် အရေးယူခြင်းဆိုသည်မှာ  ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များစွာနှင့် ဘဝကို အကာအကွယ်ပေးသော ယန္တရားကို ဖော်ဆောင်နိုင်မည်ဖြစ်ပြီး  အကြမ်းဖက်စစ်အုပ်စု၏ ယန္တရားကို ပိတ်ဆို့ အရေးယူသည့် ဆောင်ရွက်ချက် ဖြစ်ပါသည်"လို့ ဆိုထားပါတယ်။


ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ခြင်းသည် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို စဉ်ဆက်မပြတ် ဖော်ထုတ်ပေးခဲ့သော ပြည်သူ့ဆန္ဒဖော်ထုတ်မှုများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် ပြည်တွင်း/ ပြည်ပ အစိုးရအဖွဲ့များ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပအလုပ်သမားသမဂ္ဂအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မြေပြင်သပိတ်အဖွဲ့များနှင့် တော်လှန်ရေးတွင် ကျရာပါဝင်ဆောင်ရွက်ခဲ့ကြသူ အားလုံးတို့၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်‌ကြောင်း၊ ယင်းအရေးယူမှုကို မထောက်ခံခဲ့သည့် ရုရှား၊ တရုတ်၊ ဘီလာရုဇ်၊ ပိုလန် နှင့် လာအိုနိုင်ငံ အစိုးရတို့မှလွဲ၍ ထောက်ခံအားပေးခဲ့သည့် အခြားနိုင်ငံများ၏ အစိုးရများကိုလည်း ပြည်သူများကိုယ်စားကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် တစ်လတာအတွင်း အမျိုးသမီး (၉၂) ဦး သေဆုံးခဲ့ရ


ဇွန်လ ၆ရက်

Radio NUG

အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ () ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စတင်ကာ () နှစ်တာ ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။


၂၀၂၅ခုနှစ် မေလတွင် စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်ခြင်းကို ယခင်လများထက် ပိုမို အသုံးပြုကာ အကြမ်းဖက် လုပ်ရပ်များကို တွင်ကျယ်စွာ ပြုလုပ်နေသည်ကို တွေ့ရှိရပြီး  အမျိုးသမီး (၉၂) ဦး သေဆုံးခဲ့ရပါတယ်။


မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အမျိုးသမီးမှတ်တမ်းနှင့်သုတေသနလုပ်ငန်းစဉ်အနေဖြင့် ယခုထုတ်ပြန်သည့် အချက်အလက်များမှာ တိကျခိုင်လုံသော သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၇။ "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ်အဖြစ်အပင် (၁၅၅) ပင်အား ဆားလင်းကြီးမြို့နယ် ပကဖတာဝန်ခံ ပလဖတာဝန်ခံနဲ့ အဖွဲ့အစည်းများ ပူးပေါင်းစိုက်ပျိုး


ဇွန်လ ၆ရက်

Radio NUG

၂၀၂၅ ခုနှစ်၊ ဇွန်လ ()ရက်နေ့ "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ်အဖြစ် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကျွန်းပင်များနှင့် အရိပ်ရပင်များဖြစ်သော ကံ့ကော် ခရေ စိန်ပန်း (ပြာ ဝါ နီ လိမ္မော်) မယ်ဇယ် မန်ဂျန်ရှား တပေဘူတ စသည့်အပင် (၁၅၅) ပင်အားစိုက်ပျိုးခဲ့ပါတယ်။


အပင်များအား ဆားလင်းကြီးမြို့နယ် ပကဖတာဝန်ခံ ပလဖတာဝန်ခံ ပညာရေးတာဝန်ခံ ဥပဒေတာဝန်ခံ လျှပ်စစ်တာဝန်ခံ သယံဇာတတာဝန်ခံ ယင်းမာပင်မြို့နယ် သယံဇာတ အတွင်းရေးမှူး/တွဲဘက်အတွင်းရေးမှူး၊ တိုက်နယ် တာဝန်ခံများနှင့် ကျေးရွာပအဖ ပကဖ များနှင့် စုစုပေါင်းအင်အား (၄၅) ဦးဖြင့် စိုက်ပျိုးခဲ့ကြတယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ တရုတ်နဲ့ စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် သိမ်းပိုက်နယ်မြေ ၁၂ မြို့ကို TNLA က ပြန်ပေးရန် မရှိ အသိပေး


ဇွန်လ ၆ရက် 

Radio NUG 


တရုတ်နိုင်ငံနဲ့ စစ်ကောင်စီတို့ရဲ့ ဖြတ်တောက်ပိတ်ဆို့မှုတွေ ဆက်လက်ခံနေရပေမယ့် ဖြေရှင်းဖို့ နည်းလမ်းရှာနေပြီး သိမ်းပိုက်ထားတဲ့ နယ်မြေများ ပြန်လည် ပေးအပ်မည်မဟုတ်ကြောင်း ဇွန် ၅ရက်မှာ ပြုလုပ်တဲ့သတင်း စာရှင်းလင်းပွဲတွင်  PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောဆိုခဲ့ပါတယ်။


လာမယ့် ဩဂုတ်လအတွင်း တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဆွေးနွေးပွဲ ထပ်လုပ်ဖို့ ရှိပေမယ့်လည်း TNLA ရပ်တည်ချက် ပြောင်းမှာမဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။ 


ဧပြီလ နောက်ဆုံးပတ် TNLA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နဲ့ မိုးမိတ်တို့ကို ပြန်ပေးဖို့တောင်းဆိုထားတာကြောင့် TNLA ဘက်ကမပေးဘဲ ကာကွယ်သွားမယ်လို့ ပြောခဲ့ပါတယ်။


========================


🚩🚩၂။ ညောင်ဦး-ချောက်လမ်းတွင် စစ်ကောင်စီ ဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို အရှင်ဖမ်းမိ


ဇွန်လ ၆ရက်  

Radio NUG 


လွန်ခဲ့သည့် တစ်ပတ်ခန့်က ညောင်ဦးမြို့နယ်၊ ညောင်ဦး -ချောက်ကားလမ်းပိုင်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေစဉ် နေပြည်တော်မှ ချောက်၊ ရေနံချောင်းဘက်သို့ ကိုယ်ပိုင်ကားဖြင့် လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ဖမ်းမိခဲ့ကြောင်း ညောင်ဦးမြို့ နယ်ပကဖ ထံမှ သိရပါတယ်။


အဆိုပါ ဖမ်းဆီးထိန်းသိမ်းမှုကို ညောင်ဦးမြို့နယ် ပကဖ အနောက်ခြမ်းဇုံ ပုဂံ - ဗိုလ်ချိုအဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်းဥပဒေအရ အရေးယူနိုင်ရန် ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခရိုင်ပကဖထံ လွှဲပြောင်းပေးထားကြောင်း၊ ညောင်ဦးခရိုင်ပကဖမှတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။


========================


🚩🚩၃။ ရွှေဘို-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းအား တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ဦး သေဆုံး၊ ထောက်ပို့ပြည်သူ ၁ဦး ကျဆုံး


ဇွန်လ ၆ရက် 

Radio NUG 


ဇွန်လ ၆ရက်နေ့ ညနေ(:၁၅)မိနစ်အချိန်တွင် ရွှေဘိုမြို့တောင်ဘက် ရွှေဘို-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား (၁၀၀)ဝန်းကျင်ရှိ စစ်ကြောင်းအား ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့(PDO) တိုက်နယ် ()ပကဖ၊ ရပ်ကျေးပကဖအဖွဲ့များ၊ ဒီပဲယင်းမြို့နယ်ပကဖအဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း (၂၆) ရွှေဘိုခရိုင်တပ်ရင်း (၂၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ()နာရီခွဲခန့်ရှိပြီး စစ်ကောင်စီဖက်မှ ()ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာသူများပြားကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲအတွင်း ထောက်ပို့ပြည်သူ()ဦး လက်နက်ကြီးစ ထိမှန်၍ ကျဆုံးခဲ့ပြီး၊ ရပ်ကျေးပအဖအဖွဲ့ဝင် ()ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်) ရရှိကာ ကာကွယ်ရေးအဖွဲ့များမှ ()ဦး (မစိုးရိမ်)ဒဏ်ရာရရှိိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ ထားဝယ်မြို့ ကာစတန်တံခွန်ငါးဈေးမှာ အထိုင်ချပြီး လောင်းလုံးကို လက်နက်ကြီးပစ်ကူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် ၁၁ဦး သေဆုံး


ဇွန်လ ၆ရက် 

Radio NUG 


မေလ(၃၀)ရက်၊ သောကြာနေ့ ညနေ (:၅၇) မီနစ် အချိန်တွင် ထားဝယ်မြို့နယ်၊ ကြက်စားပြင် ကမ်းနားလမ်း ကာစတန် တံခွန်ငါးဈေး အနီးနားမှာ အထိုင်ချပြီး လောင်းလုံးကို လက်နက်ကြီး ပစ်ကူ‌နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အထူးပြောက်ကျားတပ်ဖွဲ့ (Special Guerrilla Force) နှင့် ပင်လယ်ကြယ်တပ်ဖွဲ့ တို့မှ ကြိုတင်သတင်းရရှိခဲ့ရတဲ့အတွက် သွားရောက် တိုက်ခိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်မှ ဗျူဟာမှူးအပါအဝင် (၁၁)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။


========================


🚩🚩၅။ တမူးမြို.တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ကိုယ်ပိုင်တီထွင်ထားတဲ့ လက်နက်နဲ့ ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်အပါ ဦး သေဆုံး


ဇွန်လ ၆ရက်

Radio NUG 


စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ( ZA) ZO ARMY ရဲဘော်များ ကိုယ်ပိုင်တီထွင်ထားတဲ့ လက်နက်များနှင့်  ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ  ယောက် သေဆုံးကြောင်း Zo Army က သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က တစ်ပွင့်ဗိုလ် အရာရှိအပါအ၀င် ၃ယောက် ‌‌သေဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ ဆောမြို့နယ် ညောင်ကန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ဦး သေဆုံး


ဇွန်လ ၆ရက် 

Radio NUG 


ဇွန်လ ၅ရက်နေ့ နေ့လယ် (၀၁:၅၈)နာရီအချိန်ခန့်တွင် မိထ္ထီလာရှမ်းတဲလေတပ်မှ တက်လာတဲ့ Mig-29 Jet Fighter တစ်စီးဖြင့် တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။


တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့‌ ပြည်သူ ()ဦး နေရာတွင် ပွဲချင်းသေဆုံးကာ အပြစ်မဲ့ ပြည်သူ ()ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယောနယ်တစ်ဝိုက်ကို မကြာခဏ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လေ့ရှိတာကြောင့်  ပြည်သူများအနေဖြင့် အစစအရာရာ အထူးဂရုစိုက်ကြပါရန်နှင့် လေကြောင်းဒဏ်ခံနိုင်မယ့် ကတုတ်ကျင်းတွေကို မဖြစ်မနေ ပြုလုပ်ထားကြပါရန် အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက်  ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment