၂၀၂၅ ဇွန်လ ၂၀ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ ဇွန်လ ၂၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀)ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အမှတ်တရ ဂုဏ်ပြုလှူဒါန်းမှုများကို ပြုလုပ်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တတိုင်းပြည်လုံး လွတ်မြောက်ရေး ဆက်ရုန်းကြဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အီတလီနိုင်ငံ အလယ်ပိုင်း ရောမမြို့နှင့် အီတလီမြောက်ပိုင်း Sondrio မြို့နယ်များတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ဆုတောင်းတွေ့ဆုံပွဲ အောင်မြင်စွာကျင်းပပြီးစီး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ SUU 80 Birthday Campaign အောင်မြင်စွာပိတ်သိမ်းခဲ့ပြီး မွေးနေ့ဆုတောင်းဗီဒီယိုတသိန်းတသောင်းကျော်ရရှိခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အမေရိကန်ရောက်မြန်မာအင်အားစုများနဲ့အတူ အဆိုတော်လင်းလင်း၊သရုပ်ဆောင်ခါရာတို့မှ ဗုံးဒဏ်ခံဆေးရုံ/ဆေးခန်းအတွက် ရံပုံငွေရှာဖွေကြရာ အမေရိကန်ဒေါ်လာ ၇၀၀၀ ရရှိခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ကျောင်းဆောင်()ဆောင်အတွက်  USD 3000ထောက်ပံ့လှူဒါန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းများတွင် ကျောင်းသား/သူ ကလေးငယ်များ ပညာသင်ကြားရေးအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာအသိပညာများဟောပြောဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၈။ မြန်မာနိုင်ငံရှိ စစ်ဆင်ရေးနှင့် စစ်ကြောရေးစခန်းများတွင် ကျူးလွန်နေသည့် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ညဥ်းပန်းနှိပ်စက်မှု၊ အတင်းအကြပ် ဖော်ချွတ်ခိုင်းမှုများကို စုံစမ်းစစ်ဆေးနေတယ်လို့ IIMMအသိပေးဆို


========================


၂၀၂၅ ခုနှစ် ဇွန်လ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨⁨ သာဂရ တပ်မတော်အကြီးစားစက်ရုံက တပ်ကြပ်ကြီးတဦးကို ဖမ်းဆီးရမိထားတယ်လို့ တောင်သာပကဖ ဆို

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ဒုက္ခသည်တွေကို ဆက်လက်ထောက်ပံ့ပေးဖို့နဲ့ နေရပ်စွန့်ခွာထွက်ပြေးအောင် လုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့  နိုင်ငံတကာအသိုက်အဝန်းကို KNU တောင်းဆို 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။အရာတော်မြို့နယ်မှာ လယ်ထွန်ထွက်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာမှာ ပျူ ဦးသေဆုံးပြီး သေနတ်တလက်နဲ့ နွား ကောင် သိမ်းဆည်းရရှိ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ချင်းလက်နက်ကိုင်အားလုံး စုစည်းညီညွတ်စွာနဲ့ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို တော်လှန်တိုက်ထုတ်သွားမယ်လို့ ချင်းတပ်ဖွဲ့ ၁၈ ခု ပူးတွဲကြေညာ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။မြိတ်ကနေ တနင်္သာရီဘက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကား စီးပျက်စီး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။တနင်္သာရီ- မော်တော်လမ်းပိုင်းက စစ်ဒဏ်သင့်ပြည်သူတွေ အမြန်လွတ်မြောက်ရေး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ Black Cobra စစ်ကြောင်း အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀)ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အမှတ်တရ ဂုဏ်ပြုလှူဒါန်းမှုများကို ပြုလုပ်ခဲ့


  ဇွန်လ ၂၀ရက်


၂၀၂၅ခုနှစ်၊ ဇွန်လ(၁၉)ရက်၊  ကြာသပတေးနေ့ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အမှတ်တရ ဂုဏ်ပြုလှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ (၈၀) နှစ်ပြည့် မွေးနေ့အခါသမယတွင်  "SUU 80 Birthday Campaign" လှုပ်ရှားမှုကို ဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင်အပေါ် လေးစားအမှတ်ရခြင်းအား လေးနက်စွာဖော်ပြနိုင်ရန်အတွက် လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ဖော်ပြပါတယ်။


 ဤလှုပ်ရှားမှုသည် ဂင်းနစ်စံချိန်ချိုး၍ မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်ကြောင်းဆိုထားပါတယ်။


ဤမွေးနေ့အထိမ်းအမှတ် လှူဒါန်းမှုများမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီအရေးအတွက် စွန့်လွှတ်အနစ်နာခံမှုများနှင့် ပြည်သူအပေါ်ထားရှိသည့် မေတ္တာတို့အပေါ် ဂုဏ်ပြုခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ လှူဒါန်းမှုများသည် ပြည်သူ့တော်လှန်ရေးကြီး၏ ရည်မှန်းချက်ဖြစ်သည့် အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် ခွန်အားဖြစ်စေမယ်လို့ ယုံကြည်ကြောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တတိုင်းပြည်လုံး လွတ်မြောက်ရေး ဆက်ရုန်းကြဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း


 ဇွန်လ ၂၀ရက်


အကြမ်းဖက် စစ်အုပ်စုရဲ့ မတရားဖမ်းဆီးချုပ်နှောင်တာကိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တတိုင်းပြည်လုံး လွတ်မြောက်ရေး ဆက်ရုန်းကြဖို့ တော်လှန်ရေးသပိတ်အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်လက်ကနေ တိုင်းပြည်လွတ်မြောက်ရေး ဒီအသက်အရွယ်ထိ ဆက်လက်ကြိုးပမ်းထမ်းရွက်နေဆဲလို့ သပိတ်အင်အားစုတွေက ဆိုပါတယ်။


အကျဉ်းထောင်တွေထဲက ခေါင်းဆောင်တွေ၊ ရဲဘော်တွေ မဆုတ်မနစ်တိုက်ပွဲဝင်နေကြချိန်မှာ အကျယ်ထောင်ကျသလို ဖြစ်နေတဲ့ ပြည်သူလူထုအနေနဲ့ကလည်း စစ်အာဏာရှင်တွေကို တော်လှန်ရေးကလွဲလို့ အခြားနည်းလမ်းမရှိဘူးလို့ အသိပေး ထားပါတယ်။


တော်လှန်ရေးလို့ဆိုရာမှာ မျှော်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ လက်နက်ကိုင်စွဲတဲ့ စစ်ရေးတိုက်ပွဲနည်းနာ တခုတည်းနဲ့ အလွယ်တကူ မရောက်နိုင်တဲ့အတွက် သံတမန်ရေးတိုက်ပွဲ၊ ဘဏ္ဍာရေးတိုက်ပွဲ၊ စိတ်ဓာတ်ရေးရာတိုက်ပွဲ၊ ဘူးသပိတ်တိုက်ပွဲ စတာတွေ အပါအဝင် လူထုလူတန်းစား အလွှာအားလုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုလှုပ်ရှားမှုတွေကလည်း အရေးကြီးတဲ့အတွက် သပိတ်အင်အားစုတွေက အခုလို တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။


တနိုင်ငံလုံး လွတ်မြောက်ဖို့ ပြည်သူအားလုံးမှာ တာဝန်ရှိတာဖြစ်တဲ့အတွက် ပြည်သူလူထုအားလုံး ကျရာကဏ္ဍ၊ နိုင်ရာ တာဝန်တွေကို တိုက်ပွဲမျက်နှာစာအသီးသီးကနေ တော်လှန်ရေးမှာ အစွမ်းကုန် ဆက်လက်ပါဝင်ကြဖို့ တော်လှန်ရေးသပိတ် အင်အားစုတွေက နှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အီတလီနိုင်ငံ အလယ်ပိုင်း ရောမမြို့နှင့် အီတလီမြောက်ပိုင်း Sondrio မြို့နယ်များတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ဆုတောင်းတွေ့ဆုံပွဲ အောင်မြင်စွာကျင်းပပြီးစီး


 ဇွန်လ ၂၀ရက်


ဇွန်လ ၁၉ ရက်နေ့တွင် အီတလီနိုင်ငံ အလယ်ပိုင်း ရောမမြို့နှင့် အီတလီမြောက်ပိုင်း Sondrio မြို့နယ်များတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ဆုတောင်းတွေ့ဆုံပွဲ၊ အထိမ်းမှတ်အစီစဥ်များ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။


ရောမမြို့ ဆုတောင်းတွေ့ဆုံပွဲအစီစဥ်ကို  လူထုခေါင်းဆောင်၏ မိန့်ခွန်းများ လူထုခေါင်းဆောင်အတွက် သီချင်းများဖြင့် မိတ်ဆက်ဖွင့်လှစ်ခဲ့ပြီး လာရောက်ကြသော ဘာသာရေးမိသားစုဝင်များ၊ အီတလီရောက်မြန်မာများက လူထုခေါင်းဆောင်အမှတ်တရစကားများ၊ မျှော်လင့်ယုံကြည်ချက်များကို အချင်းချင်းဝေမျှခဲ့ကြပါတယ်။ 


အီတလီမြောက်ပိုင်း Sondrio မြို့နယ်တွင်လည်း အီတလီရောက်မြန်မာမိသားစုဝင်နှင့် မိတ်ဆွေများက လူထုခေါင်းဆောင် အသက် ၈၀ ပြည့် အထိမ်းအမှတ် ပန်းရှစ်မျိုး၊ Free Aung San Suu Kyi ပိုစတာများနှင့် ဆန္ဒထုတ်ဖော်တွေ့ဆုံခဲ့ကြပါတယ်။


အလားတူအီတလီနိုင်ငံ မီလန်မြို့ Piazza Duomo မှာလည်း အီတလီရောက် မြန်မာအသိုင်းအဝိုင်းမှ ဒေါ်အောင်ဆန်းစုကြည်အသက် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းလှလှ အပွင့်၈၀ ကို လူအယောက် ၈၀ထံ ဝေပေး၍မွေးနေ့ဆုတောင်းနှင့် မေတ္တာပို့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ SUU 80 Birthday Campaign အောင်မြင်စွာပိတ်သိမ်းခဲ့ပြီး မွေးနေ့ဆုတောင်းဗီဒီယိုတသိန်းတသောင်းကျော်ရရှိခဲ့


 ဇွန်လ ၂၀ရက်


SUU 80 Birthday Campaign အောင်မြင်စွာပိတ်သိမ်းခဲ့ပြီးနောက် မွေးနေ့ဆုတောင်းဗီဒီယို တသိန်းတသောင်းကျော်ရရှိခဲ့ပါတယ်။


ဇွန်လ ၁၉ရက် ကြေညာချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့ဆုတောင်းဗီဒီယိုဖိုင် တသိန်းတသောင်းတရာ ရရှိခဲ့တယ်လို့အသိပေးဆိုပါတယ်။


ထို့အတွက် SUU 80 Birthday Campaign အောင်မြင်စွာပိတ်သိမ်းကြောင်းကြေညာ အပ်တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါမွေးနေ့ဆုတောင်းဗီဒီယိုများကို ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်နိုင်အောင်လည်းစီစဥ်သွားမယ်လို့သိရှိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အမေရိကန်ရောက်မြန်မာအင်အားစုများနဲ့အတူ အဆိုတော်လင်းလင်း၊သရုပ်ဆောင်ခါရာတို့မှ ဗုံးဒဏ်ခံဆေးရုံ/ဆေးခန်းအတွက် ရံပုံငွေရှာဖွေကြရာ အမေရိကန်ဒေါ်လာ ၇၀၀၀ ရရှိခဲ့


 ဇွန်လ ၂၀ရက်


အမေရိကန်ရောက်မြန်မာအင်အားစုများနဲ့အတူ အဆိုတော်လင်းလင်း၊သရုပ်ဆောင်ခါရာတို့မှ ဗုံးဒဏ်ခံဆေးရုံ/ဆေးခန်းအတွက် ရံပုံငွေရှာဖွေကြရာ အမေရိကန်ဒေါ်လာ ၇၀၀၀ ရရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြို့တော် Sacramento မြို့တွင် FBAC- Sacramento , Sacramento Myanmar FC ဘောလုံးအသင်းနှင့်၊ မြောက်ပိုင်းကယ်လီဖိုးနီးယား မြန်မာတိုင်းရင်းသားမိသားစု များနှင့်အတူ လင်းလင်း၊ ခါရာတို့မှ  ဗုံးဒဏ်ခံဆေးရုံ/ဆေးခန်းအတွက် ဇွန်လအတွင်း ရံပုံငွေရှာဖွေကြခဲ့တယ်လို့ Free Burma Sacramento ကဖော်ပြပါတယ်။


စုစုပေါင်းအမေရိကန်ဒေါ်လာ ၇၀၀၀ ရရှိခဲ့ပြီး၊ ယင်းငွေများအားလုံး ၁၀၀% ကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနသို့ တရားဝင်လှူဒါန်းသွားမယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ကျောင်းဆောင်()ဆောင်အတွက်  USD 3000ထောက်ပံ့လှူဒါန်း


 ဇွန်လ ၂၀ရက်


စစ်ကိုင်းတိုင်းအတွင်းရှိ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ကျောင်းဆောင်()ဆောင်အတွက်  USD 3000ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

မတ်လ၂၈ရက်ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စစ်ကိုင်းတိုင်းအတွင်းရှိ စာသင်ကျောင်းဆောင်()ဆောင်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှတဆင့် လောကဟိတအဖွဲ့ (ဘော်စတွန်)မှ USD 3000ထောက်ပံ့လှူဒါန်းခဲ့တယ်လို့သိရပါတယ်။


၄င်းအတွက် အထူးပင်ဂုဏ်ပြုကျေးဇူးတင်အပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းများတွင် ကျောင်းသား/သူ ကလေးငယ်များ ပညာသင်ကြားရေးအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာအသိပညာများဟောပြောဆွေးနွေး


 ဇွန်လ ၂၀ရက်


ဇွန်လ၁၉ရက်တွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းများတွင် ကျောင်းသား/သူ ကလေးငယ်များ ပညာသင်ကြားရေးအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာအသိပညာများ၊လေကြောင်းနှင့်၊လက်နက်ကြီးအန္တရာယ်ကာကွယ်နိုင်ရေးအသိပညာပေးဟောပြောခြင်းများ၊အနာဂတ်ပညာရေးမျှော်မှန်းချက်များအကြောင်းကို မြို့နယ်ပအဖ၊မြို့နယ်ပကဖ၊ပညာရေး၊ဆက်သွယ်ရေး၊ပလဖ၊လူသားစာနာ၊MOWYCAတို့မှ မြေပြင်ကွင်းဆင်း၍ ဒေသခံပညာရေးဝန်ထမ်းများ၊ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးဟောပြောခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၈။ မြန်မာနိုင်ငံရှိ စစ်ဆင်ရေးနှင့် စစ်ကြောရေးစခန်းများတွင် ကျူးလွန်နေသည့် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ညဥ်းပန်းနှိပ်စက်မှု၊ အတင်းအကြပ် ဖော်ချွတ်ခိုင်းမှုများကို စုံစမ်းစစ်ဆေးနေတယ်လို့ IIMMအသိပေးဆို


ဇွန်လ၂၀ရက်


မြန်မာနိုင်ငံရှိ စစ်ဆင်ရေးနှင့် စစ်ကြောရေးစခန်းများတွင် ကျူးလွန်နေသည့် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ညဥ်းပန်းနှိပ်စက်မှု၊ အတင်းအကြပ် ဖော်ချွတ်ခိုင်းမှုများကို စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား IIMMမှ အသိပေးဆိုထားပါတယ်။


"ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမကဘဲ၊ အသက်ရှင်ကျန်ရစ်သူများ၊ ၎င်းတို့၏ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများကို ရေရှည်နစ်နာစေသည့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုတစ်ခုဖြစ်ပါတယ်။ယနေ့ကျရောက်သည့် ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုပပျောက်ရေးနေ့၌၊ မြန်မာနိုင်ငံရှိ စစ်ဆင်ရေးနှင့် စစ်ကြောရေးစခန်းများတွင် ကျူးလွန်နေသည့် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ညဥ်းပန်းနှိပ်စက်မှု၊ အတင်းအကြပ် ဖော်ချွတ်ခိုင်းမှု၊ မျိုးဆက်ပွားမှုဆိုင်ရာအကြမ်းဖက်မှုများ အပါအဝင် အခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးနေကြောင်း ထပ်လောင်းပြောကြားလိုပါတယ်"လို့ဆိုပါတယ်။  


ယန္တရားသည် အမျိုးသမီးများ၊ အမျိုးသားများ၊ မိန်းကလေးများ၊ ယောက်ျားလေးများနှင့် မတူကွဲပြားသော လိင်သတ်မှတ်ချက်ရှိသူများအား လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုကျူးလွန်သူများကို စုံစမ်းစစ်ဆေးနေပြီး ဤရာဇ၀တ်မှုများကို တားဆီးရန် သို့မဟုတ် အပြစ်ပေးရန် ပျက်ကွက်ခဲ့သော တပ်မှူးများကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨⁨ သာဂရ တပ်မတော်အကြီးစားစက်ရုံက တပ်ကြပ်ကြီးတဦးကို ဖမ်းဆီးရမိထားတယ်လို့ တောင်သာပကဖ ဆို


 ဇွန်လ ၂၀ရက်


ပဲခူးတိုင်း သာဂရမြို့မှာရှိတဲ့ တပ်မတော်အကြီးစားစက်ရုံက စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီးတဦး ကို ဖမ်းဆီးရမိထားတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ပြောပါတယ်။


တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ ဇွန်လ ၁၇နေက လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှု ပြုလုပ်ခဲ့ရာက ပဲခူးတိုင်းမှာရှိတဲ့ သာဂရတပ်မတော်အကြီးစားစက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီး အောင်ဖြိုး ဆိုသူကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ 


ဖမ်းဆီးရမိတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီးဟာ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ ထုတ်လုပ်ရေးဌာနကဖြစ်ပြီး ရှောင်တခင်ခွင့်နဲ့ ခရီးသွားချိန်မှာ ဖမ်းဆီးခံရတာပဲဖြစ်ပါတယ်။ 


အဲဒီတပ်ကြပ်ကြီးကို မြန်မာ့စီးပွားရေးဘဏ်စာအုပ်၊ မှတ်ပုံတင်၊ ယဥ်မောင်းလိုင်စင်၊ တမတ်သား ရွှေလက်စွပ်တကွင်းတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ဒီနေ့ ဇွန်လ ၂ဝ ရက်မှာ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ဒုက္ခသည်တွေကို ဆက်လက်ထောက်ပံ့ပေးဖို့နဲ့ နေရပ်စွန့်ခွာထွက်ပြေးအောင် လုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့  နိုင်ငံတကာအသိုက်အဝန်းကို KNU တောင်းဆို 


 ဇွန်လ ၂၀ရက်


ဒုက္ခသည်တွေကို ဆက်လက်ထောက်ပံ့ပေးဖို့နဲ့ နေရပ်စွန့်ခွာထွက်ပြေးအောင် လုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့  နိုင်ငံတကာအသိုက်အဝန်းကို ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်ပါတယ်။ 


ဒီနေ့ ဇွန်လ ၂ဝ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU က အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။


မိမိတို့အခြေချနေထိုင်တဲ့ အိုးအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပြည်သူလူထုရဲ့ ကြီးမားတဲ့ဒုက္ခဝေဒနာနဲ့ ဆင်းရဲပင်ပန်းမှု တွေကို ကောင်းစွာနားလည်တယ်လို့ ဆိုပါတယ်။

 

အခုလို အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှာနိုင်တဲ့ ခွန်အား၊ သတ္တိနဲ့ ခံနိုင်ရည်ရှိမှုကိုလည်း အသိအမှတ်ပြုတယ်လို့ အသိပေးပါတယ်။ 


ဒုက္ခသည်တွေဟာ သားကောင်တွေမဟုတ်ဘဲ အကာအကွယ်ပေးမှု၊ လေးစားမှုနဲ့ထိုက်တန်ပြီး ဂုဏ်သိက္ခာရှိသော၊ လုံခြုံမှု ရှိသော ဘဝသစ်ကို ပြန်တည်ဆောက်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ထိုက်တန်တဲ့ သူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒုက္ခသည်တွေနဲ့ နိုင်ငံတွင်း ရွေ့ပြောင်းနေထိုင်နေရသူတွေ တနေ့မှာ လုံခြုံစိတ်ချစွာ၊ စိတ်နှလုံးအေးချမ်းစွာနဲ့ နေရပ်ဌာနေမှာ ပြန်လည်အခြေချနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒုက္ခသည်တွေအပေါ် ဆက်လက်ထောက်ပံ့ပေးရေး အပါအဝင် မတရားသဖြင့် နေရပ်စွန့်ခွာထွက်ပြေးစေဖို့ လုပ်ဆောင်နေသူတွေကို အရေးယူဖို့ KNU က တောင်းဆိုထားပြီး  အိုးအိမ်စွန့်ခွာထွက်ပြေးဖို့မလိုတဲ့ အနာဂတ်တခု၊ စိတ်ချစွာနေထိုင်နိုင်တဲ့ ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှုအပြည့်အဝရှိတဲ့ လူ့ဘောင်တခုကို အတူတကွတည်ဆောက်ကြဖို့ တိုက်တွန်းထားပါတယ်။


ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ကမ္ဘာတဝှမ်းက ဒုက္ခသည်တွေအားလုံးနဲ့ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်း များစွာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခများ၊ နိုင်ငံရေးဖိနှိပ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အတင်းအကျပ် ရွှေ့ပြောင်းခံရတဲ့ ကရင်နဲ့ အခြားတိုင်းရင်းသား လူမျိုးစုများနဲ့ အတူရှိနေတယ်လို့လည်း အသိပေးထားပါတယ်။


ဒီနေ့ ဇွန် ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မယ်လ ဒုက္ခသည်စခန်းမှာ ကျင်းပခဲ့ရာမှာ စခန်းမှာနေထိုင်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ထိုင်းအာဏာပိုင်တွေနဲ့ ကရင်ဒုက္ခသည် ကော်မတီ - KRC အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်စဉ် ဇွန် ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ရက်မှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ဆုံးဖြတ်ချက် ၅၅/၇၆ နဲ့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။အရာတော်မြို့နယ်မှာ လယ်ထွန်ထွက်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာမှာ ပျူ ဦးသေဆုံးပြီး သေနတ်တလက်နဲ့ နွား ကောင် သိမ်းဆည်းရရှိ


 ဇွန်လ ၂၀ရက်


စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူစောထီးရွာကနေ လယ်ထွန်ဖို့ထွက်လာတဲ့ စစ်သားတွေနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ စစ်တပ်လက်ပါးစေ လက်နက်ကိုင် ပျူစောထီး ဦးသေသွားပြီး သေနတ်တလက်နဲ့ နွား ၂ကောင် သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မနေ့ ဇွန်လ ၁၉ ရက်နေ့က ငွေတွင်းပျူစခန်းက စစ်သားတွေနဲ့ ပျူစောထီးတွေ လယ်ထွန်ထွက်ချိန်မှာ ချုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ငွေတွင်းပျူရွာက လက်နက်ကိုင် ပျူစောထီး ဖြိုးဦး နေရာမှာတင်သေဆုံးသွားတာဖြစ်ပြီး ပျူစောထီး တင်ချိုကတော့ မျက်နှာမှာ ကျည်ထိထားတဲ့ဒဏ်ရာနဲ့ စခန်း‌ရောက်ချိန်မှာ သွေးထွက်လွန်ပြီး သေဆုံးသွားတာလို့ အသိပေး ပါတယ်။

ဒီတိုက်ပွဲဖြစ်နေရာကို တော်လှန်ရေးအဖွဲ့တွေ ရှင်းလင်းရေးလုပ်ချိန်မှာ တတောင့်ထိုးသေနတ်တလက်၊ နွား ကောင်၊ လွယ်အိတ်တလုံး၊ ဖုန်းတလုံး၊ ဓားတချောင်းနဲ့ လေးခွတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၁ တပ်ရင်း - Ngwe Dwin Revolution Force တိုက်နယ် ၉၊ ၁၀၊ ၁၁နဲ့ နယ်ခံ မဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ချင်းလက်နက်ကိုင်အားလုံး စုစည်းညီညွတ်စွာနဲ့ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို တော်လှန်တိုက်ထုတ်သွားမယ်လို့ ချင်းတပ်ဖွဲ့ ၁၈ ခု ပူးတွဲကြေညာ


 ဇွန်လ ၂၀ရက်


ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို တော်လှန် တိုက်ထုတ်သွားမယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၈ ခုက မနေ့ ဇွန်လ ၁၉ ရက် နေ့စွဲနဲ့ ပူးတွဲကြေညာလိုက်ကြာပါတယ်။

ပြည်သူလူထုကဦးဆောင်တဲ့ နွေဦးတော်လှန်ရေး အန္တိမပန်းတိုင်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ် ပေါက်လာရေး၊ မိမိတို့နယ်မြေနဲ့လူမျိုးကို ကာကွယ်ရန်နဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းပြည်တည်ဆောက်ရေးတို့အတွက် ပေါက်ဖွားလာတဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေ အားလုံး ကို လေးစားဂုဏ်ပြုပါတယ်လို့ ချင်းတပ်ဖွဲ့တွေရဲ့ စုပေါင်းကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

လက်ရှိ ချင်းပြည်အတွင်းမှာ ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေကြား မကြာခဏဖြစ်နေတဲ့ ချင်းချင်း ပွတ်တိုက်မှုတွေ၊ အငြင်းပွားမှုတွေမှာ လက်နက်နဲ့ ဖြေရှင်းအဖြေရှာဖို့ ကြိုးပမ်းတာတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကြား စည်းလုံးညီညွတ်မှုအားနည်းလာတာတွေဟာ ပြည်သူ့တော်လှန်ရေးခရီးကို နှောင့်နှေးမှေးမှိန်သွားစေနိုင်တဲ့ အပြင် ချင်းလူမျိုးတို့ရဲ့ တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ကိုလည်း ကျရှုံးသွားစေနိုင်တယ်လို့ သတိပေးထားပါတယ်။ 

နွေဦးတော်လှန်ရေးကာလမှာ လက်နက်ကိုင်တပ်တွေကြား လေးစားမှုရှိပြီး ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေး အတွက် ချင်းလက်နက်ကိုင်အဖွဲ့ ၁၈ ခုက မျှော်လင့်ထားပါတယ်။ 

ဒါကြောင့် အချင်းချင်းအကြား နားလည်မှုလွဲမှားစေမယ့် အပြောအဆိုနဲ့အပြုအမူအားလုံးကို ရှောင်ရှားပြီး ဘုံရန်သူကိုသာ ပထမဦးစားပေးအနေနဲ့ တော်လှန်တိုက်ပွဲဆင်ကြဖို့ တိုက်တွန်းထားပြီး ချင်းပြည်အတွင်း နယ်မြေဒေသ၊မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်ရောက်မှ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြရန် ဖိတ်ခေါ်ထားပါတယ်။

ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး စည်းလုံးညီညွတ်စွာစုဖွဲ့ပြီး ဘုံရန်သူကို တော်လှန်တိုက်ထုတ်ဖို့၊ ချင်းလူမျိုးနဲ့ ပိုင်နက်နယ်မြေတွေကို ခုခံကာကွယ်စောင့်ရှောက်ကြဖို့၊ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည်တည် ဆောက်ရေးအတွက် ချင်းပြည်သူလူထုနဲ့အတူ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့ ချင်းတော်လှန်ရေးအဖွဲ့ ၁၈ ခုရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။မြိတ်ကနေ တနင်္သာရီဘက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကား စီးပျက်စီး


 ဇွန်လ ၂၀ရက်


တနင်္သာရီတိုင်း မြို့မြို့ဘက်ကနေ တနင်္သာရီမြို့ဘက်ဦးတည်မောင်နှင်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာမှာ စစ်ကား စီး ပျက်စီးသွားတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဒီနေ့ ဇွန်လ ၂ဝ ရက်မှာထုတ်ပြန်ပါတယ်။

 

မနေ့ ဇွန်လ ၁၉ ရက်နေ့ မနက် ၁၁ နာရီခန့်အချိန်မှာ မြိတ်ကနေ တနင်္သာရီဘက် ဦးတည်လာတဲ့ စစ်ကား စီးပါ စစ်ယာဉ်တန်းကို တနင်္သာရီမြို့နယ် ကမ်းတိုရွာကြားနဲ့ ကော့မပြင်းရွာလမ်းပိုင်း နေရာမှာ တနင်္သာရီ ပကဖ ဇုန် ၅၊ ဇုန် နဲ့ ကျားနက်တပ်စိတ်တို့က မိုင်းဆွဲတိုက်ခိုက်တာလို့ ဆိုပါတယ်။


ဒီတိုက်ခိုက်မှုမှာ စစ်ကား စီးပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့ စစ်သားတွေလည်း များစွာရှိတယ်လို့ သိရပါတယ်။


စစ်ကောင်စီဟာ တနင်္သာရီမြို့နယ်ထဲက မောတောင်ဒေသကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် စစ်ကြောင်းထိုးနေပြီး မောတောင်ဒေသက ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးဖို့ ကြိုးပမ်းနေတာကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။တနင်္သာရီ- မော်တော်လမ်းပိုင်းက စစ်ဒဏ်သင့်ပြည်သူတွေ အမြန်လွတ်မြောက်ရေး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ Black Cobra စစ်ကြောင်း အသိပေး


 ဇွန်လ ၂၀ရက်


တနင်္သာရီမြို့နယ်က မောတောင်ဒေသကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ကာလကြာရှည် စစ်ဒဏ်သင့်နေတဲ့ ဒေသနေပြည်သူတွေ အမြန်ဆုံး လွတ်မြောက်အောင် KNU/KNLA တပ်တွေအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ Black Cobra စစ်ကြောင်းက ပြည်သူလူထုကို အသိပေးထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြို့နယ်ထဲက KNU/KNLA တပ်ရင်း - ၁၁ နယ်မြေအတွင်းမှာရှိတဲ့ မောတောင်နယ်စပ်တပ်စခန်းမှာ စစ်ကောင်စီတပ်က တပ်အပြောင်းအလဲပြုလုပ်ဖို့နဲ့ မောတောင် - ထုံခါလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် မောတောင်မြို့နယ်မှာရှိတဲ့ ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးဖို့ စစ်တပ်ဘက်က စစ်ကြောင်းထိုးတွေတာ ၆လ ပြည့်တဲ့ ဇွန်လ ၁၈ ရက်မှာ Black Cobra စစ်ကြောင်းက အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်တပ်စစ်ကြောင်းဟာ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအနီးကနေ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ စစ်ကြောင်းထိုးရာ လမ်းတလျှောက်သာမက အနီးအနားကရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲခဲ့တာတွေကြောင့် ကျေးရွာနေပြည်သူအချို့ လက်နက်ကြီး ထိမှန်ပြီး သေဆုံးရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

ဇွန် ၁၇ နဲ့ ၁၈ ရက်မှာဆိုရင် စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေနဲ့ တော်လှန်ရေးတပ်တွေမရှိတဲ့ နေရာတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသနေပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံရေးအစီအမံတွေဖြစ်တဲ့ ဗုံးခိုကျင်းတွေပြုလုပ်ထားကြဖို့ Black Cobra စစ်ကြောင်းက သတိပေးနှိုးဆော်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ရွာတွေထဲမှာရှိတဲ့ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေနဲ့ ကောင်းမွန်ခိုင်မာတဲ့ တိုက်အိမ် တွေမှာ ယာယီတပ်စခန်းချပြီး အခိုင်အမာတပ်စွဲထားတဲ့အတွက် အရပ်သားတွေ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ခြင်းမရှိဘဲ  သုဿန်တစပြင်လို ဖြစ်နေတယ်လို့လည်း သိရပါတယ်။

စစ်ဆင်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ကျေးရွာတွေပြည်သူတွေဟာ စစ်ဘေးဒဏ်ကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ထိခိုက်မှုတွေ ပိုမိုခံစားနေရတာကြောင့် ဒေသနေပြည်သူတွေ စစ်ဒဏ်သင့်ဘဝကနေ လွတ်မြောက်အောင် ကြိုးပမ်းသွားမယ်လို့ Black Cobra စစ်ကြောင်းက ထုတ်ပြန်ထားတာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment