၂၀၂၅ ဇွန်လ ၈ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော Eid-al-Adha နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ သဝဏ်လွှာ ပေးပို့

📌 ၂။ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည် ဖော်ဆောင်မှု ကော်မတီမှ CDMများအား မြန်မာကျပ်ငွေ (၁၉၂.၀၇၆) ဘီလီယံကျပ် ထောက်ပံ့ပေးခဲ့ပြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

📌 ၃။ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ (CRAH)နှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRBH)တို့ တွေ့ဆုံဆွေးနွေး။

📌 ၄။ ABSDF ၁၂ကြိမ်မြောက် ညီလာခံသက်တမ်း ဒုတိယအကြိမ် ဗဟိုကော်မတီစုံညီ အစည်းအဝေး ပြုလုပ်ခဲ့

📌 ၅။ ကုရ်ဘာနီ (အိဒ်ပွဲတော်) မှာ အာရက္ခ ပြည်သူ့အစိုးရက အသားအလှူပွဲတွေ ပြုလုပ်ပေးခဲ့

📌 ၆။ တောင်ကိုရီးယားနိုင်ငံ အင်ချွန်း၊ ဘူဖျောင်းမြို့တွင် မြန်မာ့အရေး ဓာတ်ပုံပြပွဲ ပြုလုပ်

📌 ၇။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ပြည့်မွေးနေ့ကမ်ပိန်းတွင် တော်လှန်အဆိုတော် အာဇာနည်မှ ဒိုက်အခါ ၈၀ထိုးကာ ပါဝင်


========================


၂၀၂၅ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား/ မရွေးကို ဖိတ်ခေါ်

🚩၂။ ကြို့ပင်ကောက်မှာ ဂိတ်ထိုင်ပြီး ငွေကောက်နေတဲ့ တပ်ကြပ်ကြီး တစ်ဦးကို ပစ်ခတ်ရှင်းလင်း 

🚩၃။ ကန့်ဘလူ၊ ရင်ဂါတ်ကုန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး ဒဏ်ရာရ

🚩၄။ ကျောက်အိုင်ရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ၁၀ နှစ် အရွယ် ကလေးတစ်ဦး အပါအဝင် ဦး သေဆုံး

🚩၅။ မြင်းချင်းပျူရွာမှ ပျူစောထီး တစ်ဦး လက်နက်နဲ့တကွ ရွှေဘို ပကဖ ထံ အလင်းဝင်

🚩၆။ Ayeyarwady PDF အခြေခံ စစ်ပညာသင်တန်း (/၂၀၂၅) သင်တန်းဆင်းပွဲ ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော Eid-al-Adha နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ သဝဏ်လွှာ ပေးပို့


ဇွန်လ ရက်

Radio NUG


မင်္ဂလာရှိသော Eid-al-Adha အခါသမယတွင် မြန်မာပြည်ဖွားအစ္စလာမ်ဘာသာဝင် ပြည်သူများနှင့် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ၊ ကျန်းမာ၊ ဘေးကင်းကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုတောင်းမေတ္တာ ပို့သလျက် သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


သဝဏ်လွှာတွင် "မြင့်မြတ်သော ဤနေ့သည် ပေးဆပ်ခြင်း၊ ခိုင်မာသောယုံကြည်မှု၊ ကရုဏာနှင့် ရက်ရောမှုတို့၏ တန်ဖိုးများ ခိုင်မာစွာထင်ဟပ် ပြသနေပြီး အစ္စလာမ်ဘာသာဝင်များအနေဖြင့် နှစ်စဉ် ကုရ်ဘာနီ အီးဒ်ပွဲတော်နေ့၌ ဝတ်ပြုဆုတောင်းခြင်း၊ ကောင်းမှု ကုသိုလ်များ ပွားများခြင်းနှင့် ဆင်းရဲနွမ်းပါးသူများအတွက် အစားအစာများ ဝေငှလှူဒါန်းခြင်းအားဖြင့် ဤနေ့ထူးနေ့မြတ်ကို ပျော်ရွှင်စွာ ဆင်နွှဲဖြတ်သန်းကြပါသည်" လို့ ရေးသားထားပါတယ်။


လက်ရှိအချိန်တွင် အကြမ်းဖက်စစ်အာဏာရှင်နှင့် အပေါင်းအပါများသည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဘာသာလူမျိုး မခွဲခြားဘဲ ၎င်းတို့ကိုဆန့်ကျင်သည့် ပြည်သူအများအပြား၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးပြီး အတင်းအဓမ္မ ဖမ်းဆီးနှိပ်စက် အကျဉ်းချခြင်းများကို ဆက်လက်လုပ်ဆောင်လျက် ရှိနေတာကြောင့် ပြည်‌ထောင်စုဖွား မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဝင်များ အားလုံးက အကြမ်းဖက်စစ်အာဏာရှင်စနစ်အား မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ ငြိမ်းချမ်းသာယာဝပြောပြီး တန်းတူညီမျှခြင်း၊ အပြန်အလှန် လေးစား အသိအမှတ်ပြုခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံသစ်ကို ထူထောင်နိုင်မယ်လို့ နားလည်လက်ခံထားပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။


ယခုဆင်နွှဲနေသည့် ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများနှင့် တန်းတူ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်များလည်း တက်ကြွစွာပါဝင်၍ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်လျက်ရှိပါသည်။ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရသည့် အစ္စလာမ်ဘာသာဝင် ရဲဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိပြည့်ဝစွာ စွန့်လွှတ် အနစ်နာခံပေးဆပ်မှုများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလေးအမြတ်ပြု မှတ်တမ်းတင်ထားလျက်ရှိတယ်လို့ အသိပေးထားပါတယ်။


စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ကာ၊ တန်းတူအခွင့်အရေးများရရှိသည့် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရက မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များအားလုံးနှင့်အတူတကွ လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုထားပါတယ်။


 အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကုရ် ဘာနီ ပူဇော်သောနေ့ဖြစ်သည့် “Eid-al-Adha” နေ့တွင် မြန်မာပြည်တွင်း၊ ပြည်ပရောက်ရှိနေထိုင်သော အစ္စလာမ်ဘာသာဝင်ပြည်သူများသာမက ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များ အားလုံး ကျန်းမာပျော်ရွှင်ပြီး ဘေးကင်းကြပါစေကြောင်း နွေးထွေးစွာ ဆုမွန်ကောင်းပို့သလျက် ဤသဝဏ်လွှာအား ပေးပို့အပ်တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၂။ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည် ဖော်ဆောင်မှု ကော်မတီမှ CDMများအား မြန်မာကျပ်ငွေ (၁၉၂.၀၇၆) ဘီလီယံကျပ် ထောက်ပံ့ပေးခဲ့ပြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား


ဇွန်လ ရက်

Radio NUG 


၂၀၂၅ ခုနှစ်၊ ဇွန်လ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၂/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည်ဖော်ဆောင်မှု ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဥ် အကောင်အထည် ဖော်ဆောင်မှု ကော်မတီမှ အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၂၁ ခုနှစ်၊ သြဂုတ်လ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ကော်မတီ၏ ဖွဲ့စည်းမှု၊ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ၊ လုပ်ငန်းအဖွဲ့များတွင်

(က) အသိပညာပေးခြင်းနှင့် စိတ်ဓာတ်စစ်ဆင်ရေးအဖွဲ့၊

() သတင်းအချက်အလက်စီမံခန့်ခွဲမှုအဖွဲ့၊

() ဆက်သွယ်ပို့ဆောင်ရေး အထောက်အကူပြုအဖွဲ့၊

() လူသားစာနာမှု အထောက်အကူပြုအဖွဲ့နှင့်

() အတွေ့အကြုံဆောင်ရွက်ချက်များ မေးမြန်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ထောက်ပံ့မှုအခြေအနေတွင် လက်ရှိအချိန်ထိ စုစုပေါင်း မြန်မာကျပ်ငွေ (၁၉၂.၀၇၆) ဘီလီယံကျပ် ထောက်ပံ့ပေးမှုအပါအဝင် ကိုယ်ဝန်ဆောင်ထောက်ပံ့မှုနှင့် ကျန်းမာရေးရန်ပုံငွေထောက်ပံ့မှု စီစဥ်ဆောင်ရွက်မှုများ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ မတ်လအထိ ပြည်သူ့ရင်ခွင်သို့  တပ် CDM (,၂၂၃) ဦးနှင့် ရဲ CDM (၁၀,၈၀၃) ဦး၊ စုစုပေါင်း (၁၅,၀၂၆) ဦးတို့ ချိတ်ဆက်ဝင်ရောက်လာသည့် အခြေအနေများ၊ ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့တယ်လို့သိရပါတယ်။


ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဥပဒေရေးရာကော်မတီနှင့် အလုပ်သမားရေးရာကော်မတီတို့က လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ရပ်နားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည်ဖော်ဆောင်မှုကော်မတီမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၃။ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ (CRAH)နှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRBH)တို့ တွေ့ဆုံဆွေးနွေး။


ဇွန်လ ၇ရက် 

Radio NUG 


ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ (CRAH)နှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRBH)တို့သည် ဇွန်လ ()ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီ  အချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် လွှတ်တော်ဆိုင်ရာနိုင်ငံရေးအစီအမံကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား မွန်းလွဲ (၃း၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ABSDF ၁၂ကြိမ်မြောက် ညီလာခံသက်တမ်း ဒုတိယအကြိမ် ဗဟိုကော်မတီစုံညီ အစည်းအဝေး ပြုလုပ်ခဲ့


ဇွန်လ ရက်

Radio NUG 


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ၁၂ကြိမ်မြောက် ညီလာခံသက်တမ်း ဒုတိယအကြိမ် ဗဟိုကော်မတီစုံညီ အစည်းအဝေးကို ဇွန်လ ၅ရက်နေ့နှင့် ၆ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။


ထိုစုံညီအစည်းအဝေးကို မကဒတ ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုဥက္ကဋ္ဌ ရဲဘော်လဆိုင်းနှင့် ဗဟိုကော်မတီဝင်များ၊ စစ်ကြောင်းအသီးသီးမှ တပ်ရင်းမှူးများ၊ ဌာနဆိုင်ရာ တာဝန်ခံများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါ စုံညီအစည်းအဝေးတွင် မကဒတ၏ နိုင်ငံရေး၊ စစ်ရေးလုပ်ငန်းစဥ်များနှင့် ရှေ့လုပ်ငန်းစဉ် ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ ကုရ်ဘာနီ (အိဒ်ပွဲတော်) မှာ အာရက္ခ ပြည်သူ့အစိုးရက အသားအလှူပွဲတွေ ပြုလုပ်ပေးခဲ့


ဇွန်လ ၇ရက်

Radio NUG

အစ္စလာမ် ဘာသာဝင်တွေရဲ့ အထွဋ်အမြတ် ပွဲတော်ဖြစ်တဲ့ ကုရ်ဘာနီ (အိဒ်ပွဲတော်) အခါသမယ နေ့မှာ အာရက္ခပြည်သူ့ အစိုးရက အသားလှူပွဲတွေကို ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့မှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ ရက်နေ့တွင် ကျရောက်တဲ့ အိဒ်ပွဲတော်နေ့မှာ ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနဲ့  ရသေ့တောင် မြို့နယ်တို့တွင် ပြုလုပ်ပေးခဲ့တာပါ။


ထို့အပြင် ပွဲတော်အတွင်း အသုံးပြုမယ့် နွားသတ်ခွန်ကိုလည်း အာရက္ခပြည်သူ့ အစိုးရက ကင်းလွတ်ခွင့် ပြုပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ တောင်ကိုရီးယားနိုင်ငံ အင်ချွန်း၊ ဘူဖျောင်းမြို့တွင် မြန်မာ့အရေး ဓာတ်ပုံပြပွဲ ပြုလုပ်


ဇွန်လ ၇ရက် 

Radio NUG 


ဇွန်လ ရက်နေ့ နေ့လယ် ၁၂နာရီမှ ညနေ ၆နာရီအထိ တောင်ကိုရီးယားနိုင်ငံ အင်ချွန်း၊ ဘူဖျောင်းမြို့တွင် (ပွင့်လန်းပါစေ မြန်မာပြည်)လို့ အမည်ပေးထားတဲ့ မြန်မာ့အရေးဓာတ်ပုံပြပွဲကို ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါ ဓာတ်ပုံပြပွဲကို ကိုရီးယားနိုင်ငံတွင် ၁၉၈၇ ခုနှစ် ဇွန်လ ၁၀ရက် ကျောင်းသားအရေးခင်း ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအရေးအခင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကိုရီးယားအဖွဲ့အစည်းများနှင့် မြန်မာအဖွဲ့အစည်းများ ပူးပေါင်းကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိမြန်မာ့ဒီမိုကရေစီအရေး ဓာတ်ပုံပြပွဲကို yanmar.VOM  နွေဦးစင်တာက  ဦးစီး၍ MFDMC One Day Challange အတူ  မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဓာတ်ပုံများကို ဘူဖြောင်းဘူတာရှေ့ ပြည်သူ့ရင်ပြင်အဝိုင်းတွင် ခင်းကျင်း ပြသခြင်းဖြစ်ပြီး ဇွန်လ ၈ရက်တွင်လည်း ဓာတ်ပုံပြပွဲ ဆက်လက်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ပြည့်မွေးနေ့ကမ်ပိန်းတွင် တော်လှန်အဆိုတော် အာဇာနည်မှ ဒိုက်အခါ ၈၀ထိုးကာ ပါဝင်


ဇွန်လ ၇ရက် 

Radio NUG 


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ပြည့်မွေးနေ့ကမ်ပိန်းတွင် ဒိုက်အခါ ၈၀ထိုးကာ ပါဝင်ခဲ့တယ်လို့ တော်လှန်အဆိုတော် အာဇာနည်မှ လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။


"ဒီနေ့မနက် တစ်ခါကပြောဖူးတဲ့ အနယ်နယ်အရပ်ရပ် ကနေ ကျောင်းလာတက်တဲ့ ကျောင်းတွေ အများအပြားရှိတဲ့ UCDAVIS မှာ ကျောင်းသားတွေ မှာတဲ့ ပစ္စည်းတွေ လိုက်ပို့ဖြစ်တယ်။ ပညာရေးကို အမြဲဦးစားပေးတဲ့ အမေစုကို သတိရတာရယ် အသက် ၈၀ ပြည့်မွေးနေ့မှာ ၈၀ ပါတာ တစ်ခုခု လုပ်ဖြစ်ချင်တာရယ်ကြောင့် အမေကျန်းမာစေရန်နဲ့ အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းရင်း ကိုခါရာကြီးလို ဒိုက်အခါ ၈၀ ထိုးဖြစ်ခဲ့တယ်။ ထိုးတဲ့နေရာကတော့ Davis Old town C street မှာရှိတဲ့ Park အသေးလေးရှေ့မှာလို့" ရေးသားထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား/ မရွေးကို ဖိတ်ခေါ်


ဇွန်လ ၇ရက် 

Radio NUG 


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေနဲ့ စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ၊ MDY_PDFနဲ့အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား/ မရွေးကို လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။


"စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအပြင်၊ မတရားပေါ်တာဆွဲနေတာတွေလုပ်နေတယ်ဆိုတာ သိသိနဲ့ငြိမ်ခံနေကြမှာလား။ ပိုက်ဆံပေးနိုင်သူတွေဟာလည်းအချိန်အတိုင်းအတာ တစ်ခုထိပဲ စာရင်းထဲမပါသေးတာပါ။ မြို့နယ်အလိုက် ရပ်ကွက်အလိုက် မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေး ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။


စစ်မှုထမ်းအပတ်စဉ်ဆိုတာ အပတ်စဉ် (၁၂)သာမက နောက်ထပ်ရသလောက်၊ လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်တာကြောင့် တောရော မြို့ပါ မကျန် လူငယ်တိုင်းသတိချပ်ကြရန် တိုက်တွန်းထားပါတယ်။


နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင်တိုက်ပွဲဝင်ရရင်လည်း တရားသောဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်ကြရန်နှင့် ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာရှင်စနစ်ဆိုးကို မီးကုန်၊ ယမ်းကုန်၊ တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။


စစ်အာဏာရှင်ကို အမြစ်ဖျက်ရန် ပန်းတိုင်ဟာ မဝေးတော့တာကြောင့် အတူ ပူးပါင်းပါဝင်အားဖြည့်ပေးကြရန်၊ စစ်ကောင်စီကို အတူ တိုက်ထုတ်ပြီး သာယာဝပြောသော၊ တရားမျှတ၍ လွတ်လပ်သော တိုင်းပြည်ကို တည်ထောင်ကြရန် တိုက်တွန်းထားပါတယ်။


========================


🚩🚩၂။ ကြို့ပင်ကောက်မှာ ဂိတ်ထိုင်ပြီး ငွေကောက်နေတဲ့ တပ်ကြပ်ကြီး တစ်ဦးကို ပစ်ခတ်ရှင်းလင်း 


ဇွန်လ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ကြို့ပင်ကောက် မြို့နယ်၊ ကိုင်းယားရှည် ရွာမှာ ဂိတ်ထိုင်ပြီး ငွေကောက်နေတဲ့ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ HERO ပြောက်ကျား တပ်ဖွဲ့ထံက သိရပါတယ်။


ဇွန်လ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ဂိတ်ထိုင်ပြီး ငွေကောက်နေတဲ့ တပ်ကြပ်ကြီး စိုးရာဇာ ဆိုသူကို HERO ပြောက်ကျား တပ်ဖွဲ့မှ ရဲဘော်များက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ပစ်ခတ်တိုက်ခိုက်မှုအတွင်း တပ်ကြပ်ကြီး စိုးရာဇာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ လက်ပစ်ဗုံး လုံး၊ ကျည် တောင့်၊ ဆိုင်ကယ် စီး၊ ဖုန်း လုံး၊  ငွေသား ၁၅,၀၀၀ ကျပ်၊ မှတ်ပုံတင် နဲ့ စစ်မှုထမ်း (ဟောင်း) ကတ်ပြားတို့ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ ကန့်ဘလူ၊ ရင်ဂါတ်ကုန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး ဒဏ်ရာရ


ဇွန်လ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရင်ဂါတ်ကုန်း ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း () က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ မနက် ၁၁ နာရီ ၁၀ မိနစ်ခန့်မှာ ရင်ဂါတ်ကုန်း ကျေးရွာ ဘုန်းကြီးကျောင်းကို တံတားဦး လေတပ်မှ Jet Fighter တစ်စီးဖြင့် ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးကြဲ တိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်းနဲ့ နေအိမ် လုံး ပျက်စီးခဲ့ပြီး ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နွားတစ်ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ ကျောက်အိုင်ရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ၁၀ နှစ် အရွယ် ကလေးတစ်ဦး အပါအဝင် ဦး သေဆုံး


ဇွန်လ ရက်၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ မြိတ်-ထားဝယ် ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်ပျောက် ကျေးရွာအုပ်စု၊ ကျောက်အိုင် (ကွီးလေး) ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦး အပါအဝင် ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ မနက် ၁၀ နာရီ ၅၅ မိနစ်ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ စီးဖြင့် ဗုံး လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ရှိ စောသန်းဝင်းထွေးနဲ့ အသက် ၅၅ နှစ် အရွယ်ရှိ ဦးသန်းအောင်တို့နှစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ထို့အပြင် အရပ်သား ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၅။ မြင်းချင်းပျူရွာမှ ပျူစောထီး တစ်ဦး လက်နက်နဲ့တကွ ရွှေဘို ပကဖ ထံ အလင်းဝင်


ဇွန်လ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မြင်းချင်း (ပျူ)ကျေးရွာက ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက် လာခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့မှာ မြင်းချင်းရွာက ပျူစောထီး တစ်ဦးဟာ G3 သေနတ် တစ်လက်၊ ကျည်ဘောက် ခုနဲ့ G3 ကျည် ၉၂ တောင့်တို့ကို ယူဆောင်လာပြီး ဆက်သွယ် အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။


လက်နက်နဲ့တကွ အလင်းဝင်လာသူနှင့်တကွ ၎င်းရဲ့ မိသားစုအား ကောင်းမွန်စွာ စောင့်ရှောက်ထားရှိပြီး ဂုဏ်ပြုဆုငွေ ထိုက်သင့်စွာ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။


စစ်အာဏာရှင် စနစ် အမြစ်ဖြတ်ရေး ဆောင်ရွက်နေချိန်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများအနေနဲ့ အမြန်ဆုံး အလင်းဝင်ဖို့လိုကြောင်း၊ အချိန်မရွေး ဆက်သွယ် အလင်းဝင်ရောက် နိုင်ကြောင်းကို ရွှေဘို ပကဖ က အသိပေး တိုက်တွန်းထားပါတယ်။


========================


🚩🚩၆။ Ayeyarwady PDF အခြေခံ စစ်ပညာသင်တန်း (/၂၀၂၅) သင်တန်းဆင်းပွဲ ပြုလုပ်


ဇွန်လ ရက်၊ 

Radio NUG


ဧရာဝတီ ပြည်သူ့ကာကွယ်ရေး တပ်မတော် (Ayeyarwady PDF) ရဲ့ အခြေခံ စစ်ပညာသင်တန်း (/ ၂၀၂၅) ကို ဇွန်လ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ သင်တန်းဆင်းပွဲကို အခမ်းအနား အစီအစဉ် ခုဖြင့် ကျင်းပခဲ့ပြီး ဒေသခံ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များ အခြား မဟာမိတ် ဆက်ဆံရေး တပ်ဖွဲ့ဝင်များနဲ့ ဒေသခံ ပြည်သူလူထုတို့ တက်ရောက်ခဲ့ပါတယ်။


ဧရာဝတီ PDF ရဲ့ စစ်အခြေခံ သင်တန်း (/၂၀၂၅) ကို () လကြာ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးခဲ့တာ ဖြစ်ပြီး ရဲဘော် ၈၉ ဦး သင်တန်းဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


လက်ရှိမှာ Ayeyarwady PDF ဟာ ရောက်ရှိရာ နယ်မြေက ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အခြား မဟာမိတ် တပ်ဖွဲ့များနဲ့ ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်နေတာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက်  မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment