၂၀၂၅ ဇွန်လ ၂၃ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၂၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းအားပြင်ဆင်ချက် ပြည်သူများသိရှိရန်ထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ပြည်တွင်းရှိတော်လှန်ရေးအင်အားစုခေါင်းဆောင်များနှင့် ဆက်တိုက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မင်းတပ်မြို့ပေါ်တွင် သိမ်းဆည်းရမိတဲ့ မူးယစ်သေစာနှင့် အရက်၊ ဘီယာများကိုမီးရှို့ဖျက်ဆီး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြန်မာနိုင်ငံမှာဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းများနှင့် ပဋိပက္ခအခြေအနေများသည် အာဆီယံအဖွဲ့အတွက် ဖြေရှင်းရန်ခက်ခဲပြီး ဖိအားအများဆုံးရှိနေ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ What happened to the wolf? ကြည့်ရှုပြီး  ရုပ်ရှင်ကားကိုရိုက်ကူးထားတဲ့ ဗီဒီယို၊ ဓါတ်ပုံများကို ဆိုရှယ်မီဒီယာပေါ်မတင်ကြဖို့ ပရိသတ်များကို မေတ္တာရပ်ခံ


========================



၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ကရင်ပြည်နယ် ကော့ကရိတ်နယ်က ထီးကပလယ် တပ်စခန်းကို(K.N.L.A) (K.N.D.O) တို့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (P.D.F) တို့မှ ပြန်လည်သိမ်းပိုက်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ် အစပ်ရှိ မေတ္တာနန္ဒ (ယက်ကန်းစင် )ဆေးရုံကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၃၀ခန့် အမျိုးသမီးသေဆုံးပြီး တဦးပြင်းထန်ဒဏ်ရာရရှိ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ရေနံချောင်းမြို့နယ် တိုက်ပွဲတွင်း စစ်ကောင်စီတပ်သား(၁၅)ဦးသေဆုံး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။မြို့ပြပစ်မှတ် ဂန်းငါးလက် " ကမ်ပိန်းပြီးဖို့  ၉ရက်သာလိုတော့ပြီး ကမ်ပိန်းသတ်မှတ်ချက်၏ ၃၀ ရာခိုင်နှုန်းသာရရှိသေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းအားပြင်ဆင်ချက် ပြည်သူများသိရှိရန်ထုတ်ပြန်


ဇွန်လ ၂၃ရက်


⁨⁨စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းအားပြင်ဆင်ချက် ပြည်သူများသိရှိရန်ထုတ်ပြန်ပါတယ်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းအားပြင်ဆင်ချက် အနည်းငယ်ပြုပြင်ဆောင်ရွက်ထားရှိပြီး အခြေအနေအား  ပြည်သူလူထုသိရှိနိုင်စေရန်အတွက် လေးစားစွာဖြင့် ထုတ်ပြန်ကြေညာအပ်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ဇွန်လ၂၃ရက်မှာ ကြေညာပါတယ်။


တတိယမူကြမ်းPDFဖိုင်အား ရယူနိုင်ရန်နှင့်အကြံပြုချက်များ ပေးပို့နိုင်ရန်အတွက် ဆက်သွယ်ရန်-Email Address: sggfederalunithluttawoffice.01@gmail.comသို့ ဆက်သွယ်နိုင်ကြောင်းသိရှိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ပြည်တွင်းရှိတော်လှန်ရေးအင်အားစုခေါင်းဆောင်များနှင့် ဆက်တိုက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေး


ဇွန်လ ၂၃ရက်


ပြည်တွင်းရှိတော်လှန်ရေးအင်အားစုခေါင်းဆောင်များနှင့် ဆက်တိုက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ပြောကြားခဲ့ပါတယ်။


တော်လှန်ရေးသမားများနဲ့စကားပြောခြင်းအစီအစဥ်မှာ ဝါရင့်သတင်းသမားတဦးဖြစ်တဲ့ ဦးခင်မောင်စိုးကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဖြေကြားလိုက်တာဖြစ်ပါတယ်။

"ကျနော်ပြည်တွင်းရောက်တာသုံးလရှိပါပြီ။သုံးလအတွင်းမှာ မြန်မာပြည်မြောက်ပိုင်းနှင့်အလယ်ပိုင်းကို သွားဖြစ်ပါတယ်။မြန်မာပြည်မြောက်ပိုင်းနှင့်အလယ်ပိုင်းမှာရှိတဲ့ တော်လှန်ရေးခေါင်းဆောင်၊တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့တွေ့ဖြစ်တယ်။အဖွဲ့အစည်းတွေအနေနဲ့ပြောရရင် KIOKIAMNDAATNLAAA ဒီခေါင်းဆောင်တွေနဲ့ကျနော်တွေ့ဖြစ်တယ်။နောက်KNDFBPLAနဲ့တွေ့ဖြစ်တယ်။တကယ်မြေပြင်ကိုဆင်းလာတဲ့အခါမှာတော့ ပြည်သူတွေနဲ့အတူတူ တွေ့ဖြစ်ပြီး စိန်ခေါ်မှုတွေကျော်လွှားရတယ်။လေကြောင်းရန်အမြဲရှိနေတယ်။ကျနော်တို့သွားလေရာလေကြောင်းရန်ရှိနေတဲ့အခါ အဲဒီအပေါ်ကြည့်ပြီး လှုပ်ရှားရတယ်"လို့ ပြောပါတယ်။


လက်ရှိမှာ ပြည်တွင်းရှိ NUGယာယီသမ္မတနှင့်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့များကလည်း တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ကြိုးပမ်းလျက်ရှိနေပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မင်းတပ်မြို့ပေါ်တွင် သိမ်းဆည်းရမိတဲ့ မူးယစ်သေစာနှင့် အရက်၊ ဘီယာများကိုမီးရှို့ဖျက်ဆီး


ဇွန်လ ၂၃ရက်


ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲ့တပ်ဖွဲ့ဝင်များက မင်းတပ်မြို့နယ်အတွင်း တားမြစ်ပိတ်ပင်ထားသည့် မူးယစ်သေစာနှင့် အရက်၊ ဘီယာများကို ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ မင်းတပ်ပအဖက အတည်ပြုထားပါတယ်။


 ရှောင်တခင်စစ်ဆေးရာတွင် ရှာဖွေဖမ်းဆီးရမိသည့် ပိတ်ပင်ထားသော အရက်ဘီယာများကို ပိုင်ရှင်များနှင့် အများပြည်သူရှေ့၌ ဇွန်လ၂၀ရက်နေ့တွင်  မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။


မီးရှို့ဖျက်ဆီးခဲ့သည့် ဖမ်းဆီးရမိ အရက်၊ ဘီယာများမှာ Yoma တံဆိပ်ပါ ဘီယာဘူး (၂၅) ဘူး၊Tapper တံဆိပ်ပါ ဘီယာဘူး (၁၈) လုံး၊Grand Royal အရက်ပုလင်း () လုံးနှင့် ဂါလံပုံး တစ်ပုံး၊ဝီစကီ အရက်ဘူး (၁၄) ဘူး၊ရွှေအရက်သန့် တံဆိပ်ပါ လီတာဘူး () ဘူး၊ ရွှေအရက်သန့် တံဆိပ်ပါ အသေးဘူး (၄၁) ဘူး၊ လီဒါအရက်ဖြူသန့် တံဆိပ်ပါ လီတာဘူး (၁၂) ဘူး၊လီဒါအရက်ဖြူသန့် တံဆိပ်ပါ အသေးဘူး (၁၀၅) ဘူး၊အားမာန်တံဆိပ်ပါ ပလပ်စတိတ်ဘူးသေး ()တို့ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြန်မာနိုင်ငံမှာဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းများနှင့် ပဋိပက္ခအခြေအနေများသည် အာဆီယံအဖွဲ့အတွက် ဖြေရှင်းရန်ခက်ခဲပြီး ဖိအားအများဆုံးရှိနေ


ဇွန်လ ၂၃ရက်


မြန်မာနိုင်ငံမှာဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းများနှင့် ပဋိပက္ခအခြေအနေများသည် အာဆီယံအဖွဲ့အတွက် ဖြေရှင်းရန် ခက်ခဲပြီး ဖိအားအများဆုံးရှိနေတယ်လို့မလေးရှားဝန်ကြီး ချုပ်နှင့် အာဆီယံဥက္ကဋ္ဌ  Anwar Ibrahim ကပြောပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ပြုလုပ်သော ၃၈ ကြိမ်မြောက် အာရှပစိဖိတ် အစည်းအဝေး (Asia-Pacific Roundtable-APR)မှာ ၄င်းကပြောကြားခဲ့တာဖြစ်ပါတယ်။


၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံအနေဖြင့် မြန်မာ့အရေးကို မိတ်ဖက်နိုင်ငံများနှင့်အတူ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုစနစ်များကို အပြည့်အဝ အသုံးချ အကြမ်းဖက်မှုများ လျှော့ချရန်နှင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိရေး ဖြေရှင်းဆောင်ရွက်ရန် စိတ်ပိုင်းဆုံးဖြတ်ထားပြီး အာဆီယံအနေဖြင့် မြန်မာ့အရေးဖြေရှင်းရန် ပိုမို ပြင်းပြင်းထန်ထန် လုပ်ကိုင်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ What happened to the wolf? ကြည့်ရှုပြီး  ရုပ်ရှင်ကားကိုရိုက်ကူးထားတဲ့ ဗီဒီယို၊ ဓါတ်ပုံများကို ဆိုရှယ်မီဒီယာပေါ်မတင်ကြဖို့ ပရိသတ်များကို မေတ္တာရပ်ခံ


ဇွန်လ ၂၃ရက်


What happened to the wolf? ကြည့်ရှုပြီး  ရုပ်ရှင်ကားကိုရိုက်ကူးထားတဲ့ ဗီဒီယို၊ ဓါတ်ပုံများ ဆိုရှယ်မီဒီယာပေါ်မတင်ကြဖို့ ပရိသတ်များကို What happened to the wolf?အဖွဲ့တော်သားများက မေတ္တာရပ်ခံလိုက်ပါတယ်။


"ဒီရုပ်ရှင်ကားဟာ ၂၀၂၀ မှာ ရိုက်ကူးပြီးစီးခဲ့ပေမယ့် နှစ်ကြာပြီးမှ ပရိသတ်ရှေ့ကို အရောက်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ ဏကြီးနှင့်အတူ သရုပ်ဆောင်များ၊ Wolf team တစ်ခုလုံးရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ပရိသတ်တွေမြင်ရမှာပါ။ ယခုအခါ Singapore နဲ့ Sydney မှာ စတင်ပြသနေခဲ့ပါပြီ။ Wolf Team အနေနဲ့ စိတ်မကောင်းဖြစ်မိတာတစ်ခုကတော့ ရုပ်ရှင်ရုံအတွင်းမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံများ၊ ဗီဒီယိုများ social media ပေါ်မှာ ဒီရုပ်ရှင်ကို စောင့်မျှော်နေကြတဲ့ မကြည့်ရသေးတဲ့ ပရိသတ်များအတွက် spoiler ဖြစ်စေနိုင်တဲ့ ပုံတွေ၊ ဗီဒီယိုတွေကို တင်နေကြတာကို  တွေ့နေရပါတယ်။ Wolf Team တစ်ခုလုံးရဲ့ ကြိုစားအားထုတ်မှုကို ထောက်ထားတဲ့အနေနဲ့ ဒီလိုမျိုးတွေမတင်ကြဖို့နဲ့ တင်ထားတာတွေ ပြန်ဖျက်ပေးဖို့ တောင်းဆိုချင်ပါတယ်။နိုင်ငံတကာမှာ ပြသနိုင်အောင်၊ ကြည့်ရှုချင်တဲ့ ပရိသတ်အားလုံးကြည့်နိုင်အောင် Wolf Team တစ်ခုလုံးလည်း ကြိုးစားနေတဲ့အတွက် စောင့်မျှော်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ What happened to the wolf? ကြည့်ရှုပြီး ရုပ်ရှင်ကားနဲ့ပတ်သတ်ပြီး spoiler မပါတဲ့ review ရေးပေးသော၊ အထူးသဖြင့် ရုပ်ရှင်ကားကိုရိုက်ကူးထားတဲ့ ဗီဒီယို၊ ဓါတ်ပုံများ ပြန်မတင်သောပရိသတ်အားလုံးကို အထူးကျေးဇူးအထူးတင်ပါတယ်"လို့ဆိုထားပါတယ်။


What Happened To The Wolf? ရုပ်ရှင်ဇာတ်ကားကို  ဒါရိုက်တာ ဏကြီးက ဇာတ်ညွှန်းရေးသား ရိုက်ကူးထားပြီးသရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့် ပိုင်ဖြိုးသုတို့ အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ကရင်ပြည်နယ် ကော့ကရိတ်နယ်က ထီးကပလယ် တပ်စခန်းကို(K.N.L.A) (K.N.D.O) တို့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (P.D.F) တို့မှ ပြန်လည်သိမ်းပိုက်


ဇွန်လ ၂၃ရက်


ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ် မြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်ကျူးကျော် တပ်စွဲထားသော ထီးကပလယ်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O) တို့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (P.D.F) ပူးပေါင်းတပ်ဖွဲ့တို့မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယနေ့သတင်းထုတ်ပြန်ပါတယ်။


မာနယ်ပလော ဌာနချုပ်မှ ဆုတ်ခွာရပြီးနောက် ထီကပလယ်စခန်းကို  ၁၉၉၅ ခုနှစ် မေလမှစတင်ကာ ကေအဲန်ယူ ဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့သော်လည်း  () နှစ်မပြည့်မှီ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာ့တပ်မတော်မှ  ထပ်မံကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး (၂၈) နှစ်အကြာ ၂၀၂၅ ခုနှစ် ဇွန် (၂၂) ရက်နေ့တွင် မိမိတို့ ပိုင်ဆိုင်ခဲ့သော ထီးကပလယ်တပ်စခန်းအား ပြန်လည်ရယူ သိမ်းပိုက် နိုင်ခဲ့ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ် အစပ်ရှိ မေတ္တာနန္ဒ (ယက်ကန်းစင် )ဆေးရုံကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၃၀ခန့် အမျိုးသမီးသေဆုံးပြီး တဦးပြင်းထန်ဒဏ်ရာရရှိ


ဇွန်လ ၂၃ရက်


စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိ မေတ္တာနန္ဒ (ယက်ကန်းစင် )ဆေးရုံကို  အကြမ်းဖက်စစ်တပ်မှ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံသို့ မီးဖွားလာသူ အသက် ၃၀ခန့် အမျိုးသမီးသေဆုံးပြီး တဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။


ဇွန်လ၂၂ရက် ည၁၁နာရီ၅မိနစ်အချိန်တွင် စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်တွင်ရှိသော မေတ္တာနန္ဒ (ယက်ကန်းစင် )ဆေးရုံကို  အကြမ်းဖက်စစ်တပ်မှ တံတားဦးတက် ဂျက်ဖိုက်တာဖြင့် 11နာရီ5မိနစ်တွင်  တစ်ကြိမ် 11နာရီ10မိနစ်တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖမှ အတည်ပြုထားပါတယ်။

တိုက်ခိုက်မှုကြောင့်  မတ္တရာမြို့နယ် ဆည်တော်လမ်းခွဲကျေးရွာမှ ဆေးရုံသို့မီးဖွားလာသူ အသက် ၃၀ခန့် အမျိုး သမီးသေဆုံးပြီး၊ အသက်၃၅အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒါဏ်ရာရရှိ(စိုးရိမ်ရ)နှင့် ဆေးရုံသို့ ဆေးကုသလာသူ ပြည်သူ ၁၁ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသားဖွားမီးယပ်အဆောင် အပါအဝင် အဆောက်အုံ ၃လုံး ပျက်စီးခဲ့ပါတယ်။


ပြည်သူများအနေဖြင့် စကစနှင့်ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများတူးထားကြရန် သတိပေးနှိုးဆော်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ရေနံချောင်းမြို့နယ် တိုက်ပွဲတွင်း စစ်ကောင်စီတပ်သား(၁၅)ဦးသေဆုံး


ဇွန်လ ၂၃ရက်


မကွေးတိုင်း၊ရေနံချောင်းမြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်အကြမ်းဖက်စစ်ကောင်စီတပ်များ ရက် (၂၀)ကြာ စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲတွင်း စစ်ကောင်စီတပ်သား(၁၅)ဦး သေဆုံးခဲ့တယ်လို့ Defence Force -YenangyaungPDFက အတည်ပြုပါတယ်။

မေလ၂၇ရက်နေ့တွင်၊သားလူးကန်၊ဖိုးကိုးလမ်းမှတစ်ဆင့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ကျောက်ပန်းတောင်းမြို့နယ်၊စည်ပင်ပျူရွာမှ ပျူများနှင့်ပေါင်းကာ အင်အား(၁၅၀)ခန့်ဖြင့် တော်လှန်ရေးအဖွဲ့များထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


၎င်းစစ်ကြောင်းသည် ကံသာ(ရွာသစ်)ကျေးရွာနှင့် လွန်ပင်ရှိုကျေးရွာမှ နှစ်ရွာပေါင်းနေအိမ်(၁၅)လုံးကို မီးရှို့ဖျက်ဆီးသွားသည့်အပြင် လွန်ပင်ရှိုကျေးရွာမှ အပြစ်မဲ့ပြည်သူတစ်ဦးနှင့် အင်တောကျေးရွာမှအပြစ်မဲ့ပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး၊ရက်(၂၀)ကြာ စစ်ကြောင်းလှည့်ပတ်ထိုးကာ ဇွန်လ၁၆ရက်နေ့တွင် ကုန်းအိုင်၊ဖောင်းကွဲလမ်းမှ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။


အထက်ပါစကစများကိုတိုက်ခိုက်မှုအား People's Defence Force -Yenangyaung (YNG-PDF) Tamar Myay Special ColumnYenanthar Columnနှင့် အင်တောတိုက်နယ် (ပကဖ)တို့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။မြို့ပြပစ်မှတ် ဂန်းငါးလက် " ကမ်ပိန်းပြီးဖို့  ၉ရက်သာလိုတော့ပြီး ကမ်ပိန်းသတ်မှတ်ချက်၏ ၃၀ ရာခိုင်နှုန်းသာရရှိသေး


ဇွန်လ ၂၃ရက်


" မြို့ပြပစ်မှတ် ဂန်းငါးလက် " ကမ်ပိန်းပြီးဖို့ ၉ရက်သာလိုတော့ပြီး ကမ်ပိန်းသတ်မှတ်ချက်၏ ၃၀ ရာခိုင်နှုန်းသာရရှိသေးတယ်လို့ ဆိုပါတယ်။


 ပြည်သူများခင်ဗျာ မင်မင်တို့ရဲ့ " မြို့ပြပစ်မှတ် ဂန်းငါးလက် " ကမ်ပိန်းပြီးဖို့ ၉ရက်ပဲ လိုပါတော့တယ်ဗျ။ရာခိုင်နုန်းလေးက 30%သာ ရရှိပါသေးတယ်။မင်မင်တို့ရော်ဘဲလေးတွေ မြေပြန့်မှာ ဝုန်းနိုင်ဖို့အတွက် နိုင်ရာအားဖြင့် ဝိုင်းကူပေးကြပါအုန်းဗျ။ ကမ်ပိန်း Postလေးတွေကိုလဲ RCSလေးနဲ့ ကူညီပေးကြပါအုန်းလို့ ဖော်ပြထားပါတယ်။


မြို့ပြပစ်မှတ် Gun5လက် ကမ်ပိန်းဟာတပ်ဖွဲ့အတွက် Gun5လက် ဆင်နိုင်ရန်နှင့် မြို့ပြစစ်ဆင်ရေးစစ်ကြောင်းဆိုတဲ့အတိုင်း ရန်ကုန်နှင့် အနီးဆုံး ပဲခူးတိုင်းဒေသများတွင် မဟာမိတ်များနှင့်အတူ စစ်၃စစ်အား ပူးတွဲပြီး စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန်အတွက်ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment