၂၀၂၅ ဇွန်လ ၁၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "အလွဲသုံးစားမှုတွေကို ကိုင်တွယ်တဲ့အခါမှာ ထိထိရောက်ရောက်နဲ့ စနစ်တကျ မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်ဖို့" ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

📌 ၂။ မွန်ပြည်ဖက်ဒရယ်ယူနစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးကာလ မွန်ပြည်ချာတာတရပ်ကို ရေးဆွဲသွားရန် MSFC တတိယအကြိမ် ညီလာခံတွင် ချမှတ်

📌 ၃။ ကချင်ပြည်နယ် မြောက်ပိုင်းဒေသရောက် CDM စစ်သား ရဲသား မိသားစုဝင်တွေကို ဒီမိုကရေစီနဲ့ဖက်ဒရယ်ရေးရာ သင်တန်းများ‌ ပေးနိုင်ဖို့ ကချင်ပြည်နယ် ပြည်သူ့ရင်ခွင်စခန်း (KPEZ) နဲ့ ပြည်သူ့ပန်းတိုင် ပူးပေါင်းဆောင်ရွက်

📌 ၄။ မုံရွာအကျဉ်းထောင်မှပြောင်းရွှေ့ခံရသူများကို အိုးဘိုထောင်ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းရိုက်နှက်၍ ထိခိုက်ဒဏ်ရာများရရှိခဲ့သော်လည်း ဆေးကုသပေးမှုမရှိ

📌 ၅။ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေး


========================


၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ရှမ်းတောင် (ကယား) ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) စစ်မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲ ပြုလုပ်

🚩၂။ ကျောက်ဖြူကို တပ်ပြောင်းလာရတဲ့ ခမရ - ၂၁၁ တပ်မှ ဒုတပ်ရင်းမှူး စနိုက်ပါ ထိမှန်ပြီး သေဆုံးခဲ့

🚩၃။ ရွှေဘိုမြို့နယ်၊ တည်ပင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ဦး ထိခိုက်

🚩၄။ ဇီးတောရွာ ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက် ခံရပြီး စစ်ရှောင် ပြည်သူတစ်ဦး သေဆုံး

🚩၅။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ဦး သေဆုံး

🚩၆။ ဖယ်ခုံမြို့ အနောက်ဖက် လအိကျေးရွာဘုန်းတော်ကြီးကျောင်းအား အကြမ်းဖက် စစ်ကောင်စီမှ အသေခံဒရုန်းများဖြင့်တိုက်ခိုက်၍ မူလတန်း ကလေးငယ် ဦး ထိမှန်

🚩၇။ စလင်းမြို့နယ်တွင် ဒု-ရဲမှူး ၁ဦး အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ "အလွဲသုံးစားမှုတွေကို ကိုင်တွယ်တဲ့အခါမှာ ထိထိရောက်ရောက်နဲ့ စနစ်တကျ မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်ဖို့" ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား


ဇွန်လ ၁၆ ရက်

Radio NUG

"အလွဲသုံးစားမှုတွေကို ကိုင်တွယ်တဲ့အခါမှာ ထိထိရောက်ရောက်နဲ့ စနစ်တကျမှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ဖို့"ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၂၁/၂၀၂၅)မှာ ပြောကြားခဲ့ပါတယ်။


 " တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လုပ်ဆောင်မှုတိုင်းက ချက်ချင်းမြင်သာတဲ့ အကျိုးရလဒ်တွေကို ဖော်ပြနိုင်မှသာ ပြည်သူတွေသာမကဘဲ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ရဲဘော်ရဲဘက်တွေအနေနဲ့လည်း စိတ်အားတက်ကြွလာကြမှာ ဖြစ်တဲ့အတွက် သေချာစီမံဖို့လိုအပ်မှာဖြစ်ကြောင်း၊ မြို့နယ်တွေရဲ့ အခွန်ကောက်ဆိုင်ရာကိစ္စတွေမှာဆိုရင် ထိထိရောက်ရောက်သာ အရေးယူဆောင်ရွက်ကြမယ်ဆိုရင် အမျိုးသားညီညွတ်ရေး အစိုးရအပေါ်  ပြည်သူ့ယုံကြည်မှုလည်း တိုးတက်လာမှာဖြစ်သလို အခြေအနေအရပ်ရပ်ကို ထိန်းကျောင်းကွပ်ကဲနိုင်တယ်ဆိုတဲ့ စွမ်းရည်ကိုလည်း အများသိအောင် ပြသနိုင်မှာဖြစ်ပါကြောင်း၊ အလွဲသုံးစားမှုတွေကို ကိုင်တွယ်တဲ့အခါမှာလည်း ထိထိရောက်ရောက် ကိုင်တွယ်ရမယ် ဆိုပေမယ့် စနစ်တကျ မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်ဖို့လည်း အင်မတန်အရေးကြီးပါကြောင်း၊ မှားယွင်းအရေးယူမိတာတွေ၊ ဖမ်းဆီးမိတာတွေမဖြစ်ဖို့ သတိကြီးကြီးနဲ့ အလုပ်လုပ်ကြဖို့လိုမှာဖြစ်ကြောင်းနှင့် ကြားကာလ အုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းတွေမှာ မြေပြင်နဲ့အချိတ်အဆက်တွေ မပြတ်တောက်ကြဖို့နဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို အချိန်မီ ဝိုင်းဝန်းဖြေရှင်းပေးကြဖို့ အထူးအလေးထား တိုက်တွန်းပါကြောင်း  ဝန်ကြီးချုပ်က ပြောပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ မွန်ပြည်ဖက်ဒရယ်ယူနစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးကာလ မွန်ပြည်ချာတာတရပ်ကို ရေးဆွဲသွားရန် MSFC တတိယအကြိမ် ညီလာခံတွင် ချမှတ်


ဇွန်လ ၁၆ရက် 

Radio NUG 


ညီလာခံတရပ်နှင့် တရပ်အကြား မွန်ပြည်အတွင်း ဖက်ဒရယ်ဖော်ဆောင်ရေးလုပ်ငန်းများ တင်ပြရန်နှင့် ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ရန် ရည်ရွယ်ချက်များဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ တတိယကြိမ်ညီလာခံအား () ရက်တာ ကျင်းပခဲ့ပါသည်။


ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီနှင့် နွေဦးတော်လှန်ရေး အင်အားစုများမှ ခေါင်းဆောင်များ တက်ရောက်မိန့် ခွန်းပြောကြားခဲ့ပြီး တက်ရောက်သူဦးရေ (၂၀၀) ကျော် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဆက်လက်ပြီး ညီလာခံကို ကျင်းပရာ ညီလာခံကိုယ်စားလှယ် အွန်လိုင်း (၁၂၅) ဦး၊ မြေပြင် (၇၁) ဦး စုစုပေါင်း (၁၉၆) ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


ညီလာခံတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုများ၊ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ပြီး


(က) မွန်ပြည်နယ် (၁၀) မြို့နယ်ကို အခြေပြုပြီး ရည်ရွယ်ချက်တူ ဘဝတူ တော်လှန်ရေးအင်အားစုများ စုစည်းပြီး ထိရောက်သော မွန်ပြည်ဖက်ဒရယ်ယူနစ်တရပ် ပေါ်ပေါက်ရေးအတွက် တော်လှန်ရေး ကာလ မွန်ပြည်ချာတာတရပ်ကို ရေးဆွဲသွားရန်


() မွန်ပြည်နယ်၌ အာဏာရှင်စစ်ကောင်စီမှ ပြုလုပ်မည့် ၂၀၂၅ ရွေးကောက်ပွဲကို အပြည့်အဝ ဆန့်ကျင်သွားရာတွင် ပြည်သူလူထုများ ပါဝင်လာစေရေးအတွက် တိုက်တွန်းလှုံ့ဆော်ပြီး မဟာဗျူဟာတရပ်ကို ရေးဆွဲပြီး အကောင်အထည်ဖော်သွားရန်


() မွန်ပြည်နယ်နှင့် ဆက်စပ်ဒေသများရှိ စစ်ဘေးသင့် အမျိုးသမီးနှင့် ကလေးငယ် အပါအဝင် အတိဒုက္ခရောက်ရှိသည့် ပြည်သူများအတွက် ဝန်ဆောင်မှုပေးအပ်ရန် ခရိုင်အဆင့် ပြည်သူ့ လုံခြုံရေးနှင့် ဝန်ဆောင်မှုကော်မတီများ ဖွဲ့စည်းကာ ကူညီဆောင်ရွက်သွားရန်


() မွန်ပြည်ဖက်ဒရယ်ကောင်စီသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ (EROs) တိုင်းရင်းသား ဖက်ဒရယ်ယူနစ်များ (Federal Units) နှင့် အခြားသော ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းပြီး ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကို ဦးတည်သည့် Bottom-Up Federalism စနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် စတဲ့ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။


တတိယအကြိမ် မွန်ပြည်ဖက်ဒရယ်ကောင်စီညီလာခံတွင် ကောင်စီဝင် နိုင်ကောင်းရွက်၊ မိကွန်းချမ်းနွန်နှင့် ဒေါက်တာသီရိမွန်ချမ်းတို့အား သဘာပတိ အဖွဲ့ဝင် အဖြစ် ရွေးချယ်တင်မြှောက်ပြီး ကော်မတီ () ရပ် (ဥပဒေပြုရေးကော်မတီ၊ အုပ်ချုပ်ရေးကော်မတီနှင့် တရားစီရင်ရေးကော်မတီ) ဥက္ကဋ္ဌများအား ရွေးချယ်ကာ မွန်ပြည်ဖက်ဒရယ်ကောင်စီ တတိယအကြိမ် ညီလာခံမှ ချမှတ်သည့် နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဦးဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ကချင်ပြည်နယ် မြောက်ပိုင်းဒေသရောက် CDM စစ်သား ရဲသား မိသားစုဝင်တွေကို ဒီမိုကရေစီနဲ့ဖက်ဒရယ်ရေးရာ သင်တန်းများ‌ ပေးနိုင်ဖို့ ကချင်ပြည်နယ် ပြည်သူ့ရင်ခွင်စခန်း (KPEZ) နဲ့ ပြည်သူ့ပန်းတိုင် ပူးပေါင်းဆောင်ရွက်


ဇွန်လ ၁၆ရက် 

Radio NUG 


ကချင်ပြည်နယ် ပြည်သူ့ရင်ခွင်စခန်း (KPEZ) နဲ့ ပြည်သူ့ပန်းတိုင် ပူးပေါင်းပြီး ကချင်ပြည်နယ် မြောက်ပိုင်းဒေသရောက် CDM စစ်သား ရဲသား မိသားစုဝင်တွေကို ဒီမိုကရေစီနဲ့ဖက်ဒရယ်ရေးရာ သင်တန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ကချင်ပြည်နယ် ပြည်သူ့ရင်ခွင်စခန်း (KPEZ) အမှတ်() နဲ့ အမှတ်() မှာရှိတဲ့ CDM စစ်သား ရဲသား မိသားစုဝင်တွေကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရေးရာ သင်တန်းများ ပို့ချပေးနိုင်ဖို့အတွက် နည်းပြတွေရဲ့ သွားလာမှုစရိတ်၊ သင်တန်းဧည့်ခံစရိတ်နှင့် သင်တန်းပြုလုပ်နိုင်ဖို့အတွက် ပြည်သူ့ပန်းတိုင်အနေနဲ့  ၁၅ သိန်းကျပ် ပေးပို့ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ပြည်သူ့ပန်းတိုင်အနေနဲ့ CDM စစ်သား ရဲသား မိသားစုဝင်တွေကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရေးရာတွေ၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာမြှင့်တင်နိုင်ဖို့အတွက် ဆောင်ရွက်နေသလို သက်ဆိုင်ရာ ဒေသအလိုက်အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း အသိပေးထားပါတယ်။


========================


📌📌 ၄။ မုံရွာအကျဉ်းထောင်မှပြောင်းရွှေ့ခံရသူများကို အိုးဘိုထောင်ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းရိုက်နှက်၍ ထိခိုက်ဒဏ်ရာများရရှိခဲ့သော်လည်း ဆေးကုသပေးမှုမရှိ


ဇွန်လ ၁၆ရက်

Radio NUG

မုံရွာအကျဉ်းထောင်မှ ပြောင်းရွှေ့ခံရသူများကို အိုးဘိုထောင်ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းရိုက်နှက်၍ ထိခိုက်ဒဏ်ရာများရရှိခဲ့သော်လည်း ဆေးကုသပေးမှုမရှိဘူးလို့ AAPPကဖော်ပြပါတယ်။


ပြီးခဲ့သည့် သီတင်းတပတ်အတွင်း စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀၀ ဝန်းကျင်ကို မန္တလေးတိုင်း၊ မန္တလေး (အိုးဘို) အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ပါ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ 


ထောင်ပြောင်းခံရသူများအား ထောင်ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသော်လည်း ထောင်အာဏာပိုင်များမှ ဆေးဝါးကုသမှု မပေးကြောင်း သိရှိရတယ်လို့ဖော်ပြပါတယ်။


စာရင်းအချက်အလက်များအရ မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၂၈၃) ဦးရှိပြီး ထိုအထဲမှ (၂၂၁၃၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၄၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌 ၅။ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေး


ဇွန်လ ၁၆ရက် 

Radio NUG 


တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ပြည့်မွေးနေ့အတွက် ဇွန်လ ၁၆ရက်နေ့ လူမှုကွန်ရက်မှာ ဆုတောင်းစကားပြောကြားခဲ့ပါတယ်။ 


"Happy Birthday ပါ အမေစု မတရားချုပ်နှောင်ခံထားရခြင်းကနေ အမြန်ဆုံးလွတ်မြောက်ပါ‌စေ... သုသုလည်း အမေစုရဲ့ အသက်(၈၀)ပြည့် မွေးနေ့အတွက် ဆုတောင်း Video ပေးပို့ ပါဝင်ထားပြီးပါပြီ။ အခုချိန်ထိ ဆုတောင်းဗွီဒီယိုတွေ ပေးပို့ထားကြတာ သောင်းနီးပါးရှိပြီလို့လည်း သိရပါတယ်။ မိမိရဲ့ ဘေးကင်းလုံခြုံဆုံးဖြစ်မယ့်နည်းလမ်းနဲ့ ပေးပို့ပါဝင်ကြဖို့ကိုလည်း သုသု တိုက်တွန်းလိုက်ပါတယ်။" လို့ ရေးသားထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ ရှမ်းတောင် (ကယား) ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) စစ်မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲ ပြုလုပ်


ဇွန်လ ၁၆ရက် 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင် (ကယား) ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) စစ်မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲကို ဇွန်လ (၁၆)ရက်နေ့တွင် ကရင်နီပြည်တစ်နေရာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


သင်တန်းဆင်းပွဲအခမ်းအနားကို တိုင်းစစ်ဌာန စစ်ဆင်ရေးအရာရှိ၊ ဗျူဟာ ၁၁ ဗျူဟာမှူးအပါအဝင် တပ်ရင်းမှူးများ၊ မဟာမိတ်အဖွဲ့အစည်းများက တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြပြီး အလံတင်ခြင်း၊ အလေးပြုခြင်း၊ သစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ စစ်ကြောင်းချီတက်ခြင်း၊ တာဝန်ရှိသူများ မိန့်ခွန်းပြောကြားခြင်း၊ စစ်ရေးသရုပ်ပြခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


စစ်မြေပြင်တပ်မှူးများသင်တန်းကို ဗျူဟာ ၁၁ လက်အောက်ရှိ အမှတ် (၁၁၀၂)တပ်ရင်း၊ (၁၁၀၆)တပ်ရင်း၊ (၁၁၀၇)တပ်ရင်းနှင့် (၁၁၀၉)တပ်ရင်းက သင်တန်းသား (၁၅၀)ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ ကျောက်ဖြူကို တပ်ပြောင်းလာရတဲ့ ခမရ - ၂၁၁ တပ်မှ ဒုတပ်ရင်းမှူး စနိုက်ပါ ထိမှန်ပြီး သေဆုံးခဲ့


ဇွန်လ ၁၆ ရက်၊ 

Radio NUG


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကို အပြောင်းအရွှေ့ဖြင့် ရာထူးတိုးလာတဲ့ ခမရ - ၂၁၁ တပ်ရင်းမှ ဒု- တပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် ဟာ အာရက္ခ တပ်တော်ရဲ့ စနိုက်ဘာ ထိမှန်ပြီး သေဆုံးသွား ခဲ့တယ်လို့ သိရ ပါတယ်။


၎င်းဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ဒုတိယတန်း ဦးစီးအရာရှိ အဆင့်ကနေ ရာထူးတိုးနဲ့ ကျောက်ဖြူကို ပြောင်းလာရတာဖြစ်ပြီး တပ်ရင်းမှူးကို အပြောင်းအရွှေ့ သတင်းပို့ပြီး အပြန်မှာ AA တပ်ဖွဲ့ဝင်တွေရဲ့ စနိုက်ဘာ ထိမှန်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။


သူဟာ မြစ်ကြီးနားကနေ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်လာခဲ့ပြီး အဲ့ဒီကနေမှ ကျောက်ဖြူကို သင်္ဘောကြုံနဲ့ ဇွန်လ ရက်နေ့က ရောက်ရှိလာခဲ့ကာ ချက်ချင်း သတင်းသွားပို့ပြီး အပြန် အခုလို ပစ်ခတ်ခံရတာလို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။


ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၄၈) ဆင်းဖြစ်ပြီး သူ့အမျိုးသမီးကလည်း မြစ်ကြီးနား လေဆိပ်က ဒုရဲအုပ် ဖြစ်တယ်လို့ သိရပါတယ်။ 


တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီဘက်က သေဆုံးသူ၊ လက်နက်ချသူတွေ အများအပြား ရှိနေတာလည်း ဖြစ်ပါတယ်။


========================


🚩🚩၃။ ရွှေဘိုမြို့နယ်၊ တည်ပင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ဦး ထိခိုက်


ဇွန်လ ၁၆ရက် 

Radio NUG 


ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ နာရီ ၁၁ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ တည်ပင်ကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ် ၄၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဇေယျာသွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိရပါတယ်။


လက်နက်ကြီး ၁လုံး ဘုန်းကြီးကျောင်းဝင်း အတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၆ နှစ်အရွယ် ကိုလှိုင်မင်းဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ထိုလူငယ်ကို ဇေယျာသွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ကျေးရွာမှ ပြည်သူများသည် အကြမ်းဖက် စစ်တပ်စစ်ကြောင်းကြောင့် ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ပြီး ဇွန်လ ၁၆ရက်တွင် ကျေးရွာအတွင်း ပြန်လည် ရောက်ရှိချိန် ပစ်ခတ်ခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ ဇီးတောရွာ ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက် ခံရပြီး စစ်ရှောင် ပြည်သူတစ်ဦး သေဆုံး


ဇွန်လ ၁၆ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်း၊ ဇီးတောရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့ We Love Myaing က ဖော်ပြထားပါတယ်။


ဇွန်လ ၁၆ ရက် နေ့လည် နာရီ ၂၀ မိနစ် ဝန်းကျင်ခန့်မှာ မိတ္ထီလာ လေတပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ဇီးတောရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်းအတွင်းရှိ ဘုရားတစ်ဆူ ပြိုကျခဲ့ကာ (ဘုရား လှိုင်ဂူ) မြေအောက်ထပ်မှာ စစ်ဘေးရှောင်နေတဲ့ အသက် ၃၀ ကျော် အရွယ် မဌေးကြည်ဆိုသူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် စစ်ဘေးရှောင် အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကလေးငယ် တချို့ လည်း သတိလစ် မေ့မျောခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၅။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ဦး သေဆုံး


ဇွန်လ ၁၆ ရက်၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်နဲ့ လယ်ဒို မြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီး ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး  သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၁ ရက်နေ့က ပိန်းဇလုပ် အခြေစိုက် ခလရ - ၂၆၄ တပ်ရင်းမှ ဘုရားငုတ်တိုကျေးရွာ အရှေ့ပိုင်း ကို ၁၂၀ မမ လုံးနဲ့ ဇွန်လ ၁၄ ရက်နေ့မှာ နွားရေချောင်း ကျေးရွာကို ၁၂၀ မမ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ပစ်ခတ်မှုအတွင်း နွားရေချောင်း ရွာသား အသက် ၃၅ နှစ်အရွယ် စောစိုးသူ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အသက် ၆၅ နှစ်အရွယ် နော်မြခင် လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


အလားတူ ဇွန်လ ရက်နေ့က စစ်ကောင်စီရဲ့ ခမရ - ၄၃၉မှ မြပုဂိုး ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ပါတယ်။


ဇွန်လ ရက်နေ့မှာလည်း ခမရ - ၄၃၉ မှ အင်းရွာလေး ကျေးရွာကို ၁၂၀ မမ လုံး၊ ဥသျှစ်ခင် ကျေးရွာ နဲ့ အုန်းပင်စု ကျေးရွာကို ဟောင်ဝစ်ဇာ လုံး၊ ကုန်းချောင်းဝမှ စစ်ကောင်စီတပ်က အုန်းပင်စု ကျေးရွာနဲ့ ငနွားဆိပ် ကျေးရွာကြားကို လက်နက်ကြီး လုံး၊ ရင်းတိုက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို လုံး ဒရုန်းနဲ့ အုန်းပင်စု၊ ငနွားဆိပ်၊ ဥသျှစ်ကုန်း နဲ့ အညာစု ကျေးရွာတို့ကို စုစုပေါင်း ဗုံးသီး ၃၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


ဇွန်လ ရက်နေ့မှလည်း နတ်သံကွင်း အခြေစိုက် စစ်ကောင်စီတပ်များက ၁၂၀ မမ လက်နက်ကြီးဖြင့် ရေလဲဗမာ ကျေးရွာအတွင်းကို လုံး၊ ရေလဲကရင် ကျေးရွာအတွင်းကို လုံး ပစ်ခတ်ခဲ့ရာ အသက် ၂၄ နှစ်အရွယ် အစောထူးသာ ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩၆။ ဖယ်ခုံမြို့ အနောက်ဖက် လအိကျေးရွာဘုန်းတော်ကြီးကျောင်းအား အကြမ်းဖက် စစ်ကောင်စီမှ အသေခံဒရုန်းများဖြင့်တိုက်ခိုက်၍ မူလတန်း ကလေးငယ် ဦး ထိမှန်


ဇွန်လ ၁၆ရက်

Radio NUG

ဇွန်လ၁၆ရက် နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီမှ ဖယ်ခုံမြို့ အနောက်ဖက်ရှိ လအိကျေးရွာအတွင်း ဘကကျောင်းအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် အသေခံဒရုန်းဖြင့် ပစ်ခတ်ခဲ့တယ်လို့  ဖယ်ခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က အသိပေးဆိုထားပါတယ်။


တိုက်ခိုက်မှုကြောင့် စာသင်နေသည့် ကလေးငယ် ဦးအား ရှပ်ထိခဲ့သလို ဘုန်းကြီးကျောင်း ပရဝုဏ်အချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


========================


🚩🚩၇။ စလင်းမြို့နယ်တွင် ဒု-ရဲမှူး ၁ဦး အလင်းဝင်


ဇွန်လ ၁၆ရက် 

Radio NUG 


၂၀၂၅ ဇွန်လ ၁၅ရက် ညနေ ၆နာရီတွင် စလင်းမြို့နယ်၊ စလင်းမြို့နယ်မှူးရုံးတွင် ဒု-မြို့နယ်မှူးအဖြစ် ၂နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ ဇွန်လအစောပိုင်းတွင် တညောင်တိုက်နယ်စခန်းမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ ဒု-ရဲမှူး ()ဦး စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ စလင်း(ပကဖ)ထံ ချိတ်ဆက်အလင်းဝင်ရောက်ကာ တရားသောဘက်သို့ အတူပူးပေါင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


စလင်းမြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီလက်ခံ စစ်သားများနှင့် ရဲတပ်များအနေဖြင့်လည်း ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်အလင်းဝင်ရောက်ပြီး စစ်အာဏာရှင်ကို တော်လှန်ပေးပါရန် နှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment