၂၀၂၅ ဇွန်လ ၁၁ ရက်နေ့ Radio NUG မနက်ခင်းတင်ဆက်မှု

 


၂၀၂၅ ဇွန်လ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကိုတာဝန်မှ အနားယူခွင့်ပြု

📌 ၂။ အကြမ်းဖက်စစ်အုပ်စုက မေလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း  ၆၀၆ မှု ကို ကျူးလွန်ခဲ့

📌 ၃။ နွေဦးတော်လှန်ရေး၏ လမ်းခုလတ်တစ်နေရာ၌  သူနာပြုဦးအေးမောင် ကျဆုံးခဲ့ရမှု မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

📌 ၄။ လက်ပံတန်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကိုအောင်ကုဋေစိုးအား အကျဥ်းထောင်၀န်ထမ်းများမှ ဝိုင်းဝန်းရိုက်နှက်၍ ပြင်းထန်ဒဏ်ရာရရှိ

📌 ၅။ ငလျင်ဘေးသင့်ပြည်သူများအတွက် ခိုလှုံနားနေနိုင်ဖို့ရန် အရေးပေါ် နားခိုရာ ဆုံမှတ်များကို Spring Development Bank, Myan Crypto, KoeCrypto Studios တို့ရဲ့ စီစဉ်ပံ့ပိုးမှုများနဲ့ ဆောက်လုပ်ပေးနိုင်ခဲ့

📌 ၆။ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းရုပ်သံ အားလုံးရဲ့ ပါဝင်မှုနဲ့မွေးနေ့ဆုတောင်း ရှစ်သောင်းပြည့်အောင် စုနိုင်မယ်လို့ ကိုထိန်လင်း ပြောကြား

📌 ၇။ ဒေါ်အောင်ဆန်းစုကြည် Gift Card များကို အမှတ်တရအဖြစ် ဝယ်ယူသူများ ရက်ပေါင်း ၁၈၀ အတွင်း Claim ပြီး သိန်းဆုကြီးတွေကို ရယူနိုင်


========================


၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ မြန်မာ-ထိုင်းနယ်စပ်က အမိုနယ်စပ် (သို့) ပွိုင့် ၂၅၆၆ တပ်စခန်းကို KNU သိမ်းပိုက်

🚩၂။ ကျောက်ကြီးမှာ စစ်ကောင်စီ ဂိတ်စခန်းကို တိုက်ခိုက်ရှင်းလင်းခဲ့ရာ စစ်သား ဦး သေဆုံး

🚩၃။ စစ်တွေ၊ ကံ့ကော်ကျွန်းကျေးရွာနှင့် ကျောက်ဖြူ အမှတ်(၃၂) ရဲတပ်ရင်းအနီးတွင် တိုက်ပွဲများ ပြင်းထန်

🚩၄။ CDF - Ashoက နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာတဲ့ ပြည်သူ့စစ်များအား လက်နက်များနှင့်တကွ အရှင်ဖမ်းမိ

🚩၅။ ကောလင်းမြို့နယ်က ကျေးရွာနှစ်ခုကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩၆။ ကျောင်းသားလက်ရုံး တပ်တော်မှ ကျဆုံးရဲဘော် နှစ်ဦးအတွက် နာရေးပြုလုပ်

🚩၇။ ဒိုက်ဦး ခမရ ၄၄၀ တပ်ရင်း၊ ကော့သောင်း အခြေစိုက် ခမရ ၄၃၁ တပ်ရင်းနှင့် မြဝတီမြို့ (၂၇၅) တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

🚩၈။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ကို တော်ဝင်ဒေါင်း တပ်ဖွဲ့ဝင်များ ဂုဏ်ပြု 

🚩၉။ "ရန်ကုန်အဝင် ချပ်ဝတ်ဆင်" ကျည်ကာကမ်ပိန်းဟာ ၈၀ ရာခိုင်နှုန်း ထိ ရရှိထားပြီး ကျန်ရှိ ၂၀ ရာခိုင်နှုန်းကို ဝိုင်းဝန်းကြရန် အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကိုတာဝန်မှ အနားယူခွင့်ပြု


ဇွန်လ ၁၀ ရက်

Radio NUG

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်အား ဇွန်လ၁၀ရက်မှ စ၍ ပြောရေးဆိုခွင့်ရှိသူ တာဝန်မှ အနားယူခွင့် ပြုလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ သတင်းထုတ်ပြန်ပါတယ်။


ဦးကျော်ဇော်သည် နိုင်ငံတော်သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ဆက်လက် တာဝန်ယူထမ်းဆောင်သွားမယ်လို့ ယာယီသမ္မတထုတ်ပြန်ချက်မှာပါရှိပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုက မေလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း  ၆၀၆ မှု ကို ကျူးလွန်ခဲ့


ဇွန်လ ၁၀ရက်

Radio NUG

အကြမ်းဖက်စစ်အုပ်စုက၂၀၂၅ ခုနှစ်၊ မေလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှု စုစုပေါင်း  ၆၀၆ မှု ကို ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင်ထားရှိပါတယ်။


မေလအတွင်းမှာ စစ်ကိုင်းတိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၂၈ မှုထိ ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်အရေအတွက် အများဆုံးအနေနဲ့ မန္တလေးဟာ ၇၁ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။


အခြားသော ချိုးဖောက်ခံမှု ဖြစ်စဉ်တွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကြောင့် သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနှင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက် စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေး၏ လမ်းခုလတ်တစ်နေရာ၌  သူနာပြုဦးအေးမောင် ကျဆုံးခဲ့ရမှု မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်


 ဇွန်လ (၁၀) ရက် 

Radio NUG

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအား ဆေးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေသည့် သူနာပြု ဦးအေးမောင် (TN) အသက် (၆၁) နှစ်သည် ၂၀၂၅ ခုနှစ်၊ ဧပြီလက အင်းတော်မြို့နယ်အတွင်းရှိ ဆေးခန်းတစ်ခုအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတစ်ခု၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် မေလ၂၂ ရက်နေ့တွင် ကွယ်လွန်ဆုံးပါးခဲ့ကြောင်း ကြားသိရတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် နွေဦးတော်လှန်ရေး၏ လမ်းခုလတ်တစ်နေရာ၌ ကျဆုံးခဲ့ရသော ဦးအေးမောင်၏ မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရတယ်လို့ ဖော်ပြပါတယ်။


ဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၄။ လက်ပံတန်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကိုအောင်ကုဋေစိုးအား အကျဥ်းထောင်၀န်ထမ်းများမှ ဝိုင်းဝန်းရိုက်နှက်၍ ပြင်းထန်ဒဏ်ရာရရှိ


ဇွန် ၁၀ရက်

Radio NUG

သာယာ၀တီအကျဥ်းထောင်တွင် ပုဒ်မ၅၀၅(က) ၁၂၄(က)တို့ဖြင့် ထောင်ဒဏ်၁၂နှစ် ချမှတ်ခံထားရသော လက်ပံတန်းမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌကိုအောင်ကုဋေစိုးကို မေလ၁၇ရက်နေ့က အကျဥ်းထောင်တာ၀န်ခံအရာရှိ ရုံးခန်းနဲ့ တောင်ယာမှာ အကျဥ်းထောင်၀န်ထမ်းတွေက ရိုက်နှက်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က အတည်ပြုထားပါတယ်။


လက်ပံတန်းမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကိုအောင်ကုဋေစိုး ကို ပုဒ်မ ၁၂၄(က) ၅၀၅-က တို့နဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားပြီး မတရားဖမ်းဆီးအကျဥ်းချထားတာ ဖြစ်ပါတယ်။


========================


📌📌 ၅။ ငလျင်ဘေးသင့်ပြည်သူများအတွက် ခိုလှုံနားနေနိုင်ဖို့ရန် အရေးပေါ် နားခိုရာ ဆုံမှတ်များကို Spring Development Bank, Myan Crypto, KoeCrypto Studios တို့ရဲ့ စီစဉ်ပံ့ပိုးမှုများနဲ့ ဆောက်လုပ်ပေးနိုင်ခဲ့


ဇွန်လ ၁၀ရက်

Radio NUG

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့ရတဲ့ ဒေသများတွင် Bybit မှ မြန်မာနိုင်ငံအား ငလျင်ဒဏ်ကြောင့် နေထိုင်ကျင်လည်ရာ အိုးအိမ်ပျက်စီးခဲ့ရတဲ့ ဒေသခံပြည်သူများအတွက် ခိုလှုံနားနေနိုင်ဖို့ရန် ထန်းလက် ဓနိ အမိုးအကာများဖြင့် အရေးပေါ် နားခိုရာ ဆုံမှတ်များကို Spring Development Bank, Myan Crypto, KoeCrypto Studios တို့ရဲ့ စီစဉ်ပံ့ပိုးမှုများနဲ့အတူ နေရာအသီးသီးမှာ ဆောက်လုပ်ကာရံ ပေးနိုင်ခဲ့တယ်လို့ SDB နွေဦးဘဏ်က အသိပေးဖော်ပြပါတယ်။


ယခင်က တည်ဆောက်ခဲ့ပြီး ပုံရိပ်များကို ဒေသခံများရဲ့ လုံခြုံရေးကို အလေးထားသဖြင့် ယခုအချိန် မှသာ ဖော်ပြနိုင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။


========================


📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းရုပ်သံ အားလုံးရဲ့ ပါဝင်မှုနဲ့မွေးနေ့ဆုတောင်း ရှစ်သောင်းပြည့်အောင် စုနိုင်မယ်လို့ ကိုထိန်လင်း ပြောကြား


ဇွန်လ ၁၀ရက်

Radio NUG

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းရုပ်သံ အားလုံးရဲ့ ပါဝင်မှုနဲ့ မွေးနေ့ဆုတောင်း ရှစ်သောင်းပြည့်အောင် စုနိုင်မယ်လို့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပါတယ်။


"Suu 80 Birthday Wish ကမ်ပိန်းဟာ မေမေ့ရဲ့ ၈၀နှစ်ပြည့် မွေးနေ့ကို ကမ္ဘာတစ်ဝှမ်းက လူတွေ ဆုတောင်းပေးနိုင်ဖို့ ရိုးရှင်းပြီး လုံခြုံစိတ်ချစွာနဲ့ တင်လို့ ရအောင် လုပ်ထားပေးတာပဲ ဖြစ်ပါတယ်။ ဘယ်သူမဆို မွေးနေ့ဆုတောင်းကို အလကား တင်လို့ရပါတယ်။ မေမေဟာ သူ့ရဲ့ တစ်ဘဝလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများအတွက် နှစ်မြှုပ်ခဲ့ပြီး ဘဝရဲ့ လေးပုံတစ်ပုံကိုလည်း ထောင်ထဲ ဒါမှမဟုတ် အိမ်အကျယ်ချုပ်နဲ့ ဖြတ်သန်းခဲ့ရပါတယ်၊ ဒီလို ဖြတ်သန်းခဲ့ရတာဟာ မြန်မာပြည်နဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ ဂရုဏာတရားနဲ့ ငြိမ်းချမ်းစွာနဲ့ နေနိုင်မယ့် ဒီမိုကရေစီဆန်ပြီး လွတ်လပ်တဲ့ မြန်မာပြည်အတွက်ဆိုတဲ့ တစ်ခုတည်းသော ရည်မှန်းချက်အတွက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ မေမေ့အတွက် မွေးနေ့ဆုတောင်းလေး တစ်ခုစီလောက် တင်ပေးဖို့ တောင်းဆိုပါတယ်။ အကုန်လုံးရဲ့ ပါဝင်မှုနဲ့ ကျွန်တော်တို့ မွေးနေ့ဆုတောင်း ရှစ်သောင်းပြည့်အောင် စုနိုင်မှာပါ"လို့ ကိုထိန်လင်းက ပြောပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် အသက်၈၀ပြည့်မွေးနေ့ ဆုတောင်း စုစုပေါင်း ၈၀၀၀၀ ကို စုဆောင်းပြီး world Record တင်မှာဖြစ်ပြီး ဇွန်လ ရက်နေ့ မှ ဇွန်လ ၁၆ ရက်နေ့အထိအချိန် ၁၀ ရက်အတွင်းမှာ အခု ၈၀၀၀၀ စုဆောင်းသွားမှာ ဖြစ်ပါတယ်။ 


"မေမေနဲ့ အတူတူ ဖြတ်သန်းခဲ့ရတဲ့ အခိုက်အတန့်တွေ အကုန်လုံးကို ကျွန်တော် တန်ဖိုးထားပါတယ်။ ကျွန်တော့်လိုပဲ အားလုံးလည်း မေမေနဲ့ အတူ ဖြတ်သန်းခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိမှာပါ။ ပြောင်းလဲမှုများကိုရင်ဆိုင်ရာမှာ မေမေ့ရဲ့ ယိုင်လဲ မသွားတဲ့ သတ္တိဟာ မြန်မာနိုင်ငံကလူတွေအတွက် ခွန်အားတစ်ခုဖြစ်သလို မျှော်လင့်ချက်ရောင်ခြည်လည်း ဖြစ်ပါတယ်။ ဒါဟာ သေးငယ်တဲ့လုပ်ဆောင်ချက်လို့ ထင်ရပေမဲ့ ကျွန်တော်တို့အားလုံးရဲ့ အဓိပ္ပါယ်လေးနက်တဲ့ စုပေါင်းညီညွတ်မှုကို ထင်ဟပ်စေမယ့် ရေရှည်တည်တံ့မဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ မွေးနေ့ဆုတောင်းများအားလုံးကို အွန်လိုင်းမှာ လုံခြုံစွာနဲ့ သိမ်းဆည်းထားမှာဖြစ်ပြီး မေမေပြန်လည် လွတ်မြောက်လာတဲ့ အခါမှာတော့ မေမေ့ကို ပြန်ပြနိုင်မှာဖြစ်ပါတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းက ပြောပါတယ်။


========================


📌📌 ၇။ ဒေါ်အောင်ဆန်းစုကြည် Gift Card များကို အမှတ်တရအဖြစ် ဝယ်ယူသူများ ရက်ပေါင်း ၁၈၀ အတွင်း Claim ပြီး သိန်းဆုကြီးတွေကို ရယူနိုင်


ဇွန်လ ၁၀ရက်

Radio NUG

"တန်ဖိုးထားရတဲ့ အမေစုရဲ့ Gift Card လေးတွေကို အမှတ်တရအဖြစ်ဝယ်စုပြီးကြပြီလား။ ဇွန်လ မှ ၁၉ ရက် အတွင်း မိမိကိုယ်တိုင်ဖြစ်စေ  Agent & Ranger များထံမှလည်း ဖြစ်စေ NOH Gift Card Page မှဖြစ်စေ ( သောင်း မှစပြီး သောင်း သောင်း သိန်း )တန် GiftCard တွေကို ဝယ်ယူနိုင်ပါတယ်"လို့ အောင်လံလွှင့်ချီ နွေဦးထီမိသားစုက အသိပေးဆိုထားပါတယ်။


ဝယ်ယူထားတဲ့ လက်ဆောင်ကဒ်များကို ၆လ (ရက်ပေါင်း ၁၈၀ )အတွင်း Claim ပြီး သိန်းဆုကြီးတွေကို ရယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။


တော်လှန်အနာဂတ် လမ်းကြောင်းမှာ တက်ကြွစွာပါဝင်မှုကို မှတ်တမ်းတင်ထားရာရောက်တဲ့အတွက် ဂုဏ်ယူဖွယ်အမှတ်တရတစ်ခုအဖြစ် သိမ်းဆည်းထားလို့ရကြောင်း ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ မြန်မာ-ထိုင်းနယ်စပ်က အမိုနယ်စပ် (သို့) ပွိုင့် ၂၅၆၆ တပ်စခန်းကို KNU သိမ်းပိုက်


ဇွန်လ ၁၀ ရက်၊ 

Radio NUG


မြန်မာ - ထိုင်းနယ်စပ်က အမိုနယ်စပ် (သို့) ပွိုင့်- ၂၅၆၆ နေရာရှိ စစ်ကောင်စီ စခန်း တစ်ခုကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ် - ထားဝယ် ခရိုင်က ဇွန်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


အဆိုပါ စခန်းကို ဇွန်လ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်အကြာ ဇွန်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းမှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။


ပွိုင့် ၂၅၆၆ စခန်း အထိုင်တပ်ဟာ စစ်ကောင်စီ ထီးထာဗျူဟာ ကွပ်ကဲမှုအောက်ရှိ ခလရ (၂၅) တပ်ရင်း ဖြစ်ပြီး KNU မြိတ်-ထားဝယ်ခရိုင် ထီးထနဲ့ ထီးခီး ဌာနချုပ်ကို လက်လွှတ်ခဲ့ရတဲ့ ၁၉၉၇ နှစ်ကုန်ပိုင်းမှာ တည်ထောင်ထားတာ ဖြစ်ပါတယ်။


ယခုစစ်ဆင်ရေးကို KNLA တပ်မဟာ () က ဦးဆောင်ပြီး ကရင်အမျိုးသား ကာကွယ်ရေး တပ်မတော် KNDO တပ်ရင်း () တပ်မဟာ ဒရုန်းတပ်ဖွဲ့ KDSF ထီးမိုပွာဒေသ သစ်တောဌာန၊ KNPF လုံခြုံရေး တပ်ဖွဲ့၊ အမျိုးသမီးအစည်းအရုံးနဲ့ မဟာမိတ်တပ်တွေ ဖြစ်တဲ့ TPLF FFD ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


KNU/KNLA တပ်မဟာ () က ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဌာနချုပ်ဟောင်းဖြစ်တဲ့ ထီးထနဲ့ ထီးခီး နယ်စပ် စခန်းတွေကို ပြန်လည်သိမ်းပိုက် ရရှိခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၂။ ကျောက်ကြီးမှာ စစ်ကောင်စီ ဂိတ်စခန်းကို တိုက်ခိုက်ရှင်းလင်းခဲ့ရာ စစ်သား ဦး သေဆုံး


ဇွန်လ ၁၀ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်း ကျေးရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့ရာ စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ Falcons Guerilla Force က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၀ ရက်နေ့ မနက် နာရီဝန်းက အဆိုပါ ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်ကောင်စီ တပ်သား တချို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ထွက်ပြေးသွားခဲ့ကြကာ စခန်းကို ဝင်ရောက်ရှင်းလင်းခဲ့ရာ MA-1 သေနတ် တစ်လက်နဲ့ ခဲယမ်းများ၊ စစ်သုံး ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ပါတယ်။


အဆိုပါ စစ်ဆင်ရေးကို Falcons Guerilla Force စွန်ရဲတပ်ဖွဲ့နဲ့ KNLA တပ်ရင်း တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩၃။ စစ်တွေ၊ ကံ့ကော်ကျွန်းကျေးရွာနှင့် ကျောက်ဖြူ အမှတ်(၃၂) ရဲတပ်ရင်းအနီးတွင် တိုက်ပွဲများ ပြင်းထန်


ဇွန်လ ၁၀ရက် 

Radio NUG 


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းကျေးရွာရှိ စစ်ကောင်စီစစ်စခန်းတစ်ခုကို အာရက္ခတပ်တော် (AA) က မေလနှောင်းပိုင်းတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Western News မှာ ဖော်ပြထားပါတယ်။


မိုးသည်းထန်စွာ ရွာသွန်းနေချိန်၊ စစ်ကောင်စီတပ်သားများ အလစ်အငိုက်ဖြစ်နေစဉ် AA အဖွဲ့က ညအချိန်တွင် စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ရာနှင့်ချီသေဆုံးခဲ့ပြီး ဒဏ်ရာရသူများကို စစ်တွေမြို့ဆေးရုံနှင့် တပ်နယ်မြေဆေးရုံများသို့ ပို့ဆောင်ကုသခဲ့ရတယ်လို့ သိရပါတယ်။


AA အဖွဲ့သည် စစ်ကောင်စီ၏ သံချပ်ကာစစ်ကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မနက်ပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားခဲ့ကာ သေဆုံးသူများ၏ ရုပ်အလောင်းများမှ ပုပ်ပွအနံ့ဆိုးများ စစ်တွေမြို့ဘက်သို့ လေတိုက်မှုကြောင့် ပျံ့နှံ့လျက်ရှိသည်ဟု ဒေသခံများက ပြောဆိုနေကြပါတယ်။


စစ်ကောင်စီသည် စစ်တွေမြို့အနီးရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံပြည်သူများကို နှင်ထုတ်ခဲ့ပြီး ယင်းနေရာများတွင် စစ်စခန်းများ အခိုင်အမာတည်ဆောက်ထားကာ ကံ့ကော်ကျွန်းကျေးရွာတွင်လည်း တပ်သား ၂၀၀ ထက်မနည်းနှင့် သံချပ်ကာစစ်ကားများ ချထားတယ်လို့ သိရပါတယ်။


စစ်ကောင်စီဘက်မှ မြေမြှုပ်မိုင်းများ ထောင်ထားပြီး ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် ကုလားတန်မြစ်ဝနှင့် မေယုမြစ်တစ်လျှောက် စစ်သင်္ဘောများဖြင့် ကင်းလှည့်နေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ရှိကြောင်း သိရပါတယ်။


ထို့အပြင် ကျောက်ဖြူ၊ ရခိုင်ပြည်နယ် - ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်မြေပြင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြီးအကျယ် ထိခိုက်ကျဆုံးမှုများနှင့်အတူ အမှတ်(၃၂) ရဲတပ်ရင်းသို့ ဆုတ်ခွာထွက်ပြေးနေရကြောင်း နိရဉ္စရာသတင်းဌာနမှာ ဖော်ပြထားပါတယ်။


ရဲတပ်ရင်းဝန်းကျင်တွင် စစ်ကောင်စီတပ်များက ကြည်း၊ ရေ၊ လေသုံးမျိုးဖြင့် အာရက္ခတပ်တော် (AA) ကို ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း AA တန်ပြန်ထိုးစစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များပြားလာပြီး ရဲတပ်ရင်းအတွင်းသို့ ဝင်ရောက်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်ဖွဲ့များသည် အမှတ်(၃၂) ရဲတပ်ရင်းကို အင်အားအလုံးအရင်းဖြင့် ခုခံကာကွယ်နေပြီး လေကြောင်းမှ အဓိက ပစ်ကူပေးနေတယ်လို့ သိရပါတယ်။


 စစ်ကောင်စီဘက်က ရဲတပ်ရင်းမကျဆုံးစေရန် အသည်းအသန် ခုခံတိုက်ခိုက်နေသော်လည်း ထိခိုက်ကျဆုံးမှု များပြားလာပြီး စစ်သားများ၏ စိတ်ဓာတ်ပျက်ပြားမှု၊ လက်နက်ချမှုနှင့် ထွက်ပြေးမှုများ ရှိနေတယ်လို့ သိရပါတယ်။


ဇွန်လ ရက်က ဂုံးချွိန်တိုက်နယ်၊ အမှတ်(၃၂) ရဲတပ်ရင်းအနီးဝန်းကျင်၊ ပြိုင်းစေ့ကေ့၊ နှမ်းဖဲတောင်၊ မင်းတက်တောင်နှင့် မလကျွန်းဧရိယာတဝိုက်ကို စစ်ကောင်စီတပ်များက ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ CDF - Ashoက နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာတဲ့ ပြည်သူ့စစ်များအား လက်နက်များနှင့်တကွ အရှင်ဖမ်းမိ


ဇွန်လ ၁၀ရက်

Radio NUG 


 ၂၀၂၅ခုနှစ်၊ ဇွန်လ ( ) ရက်နေ့တွင် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ ရှေ့တန်းကာကင်းတာဝန်ထမ်းဆောင်နေစဉ် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ( ပြည်သူ့စစ် - )ဦးကို MA အမျိုးအစား လက်နက်ငယ်( )လက်နှင့် ခဲယမ်းအချို့နှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို CDF-Ashoမှ သတင်စထုတ်ပြန်ပါတယ်။


နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်း၌ တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင်ပူးပေါင်းကြပါရန် တိုက်တွန်းထားပါတယ်။


========================


🚩🚩၅။ ကောလင်းမြို့နယ်က ကျေးရွာနှစ်ခုကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


ဇွန်လ ၁၀ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က ဖလဲကျေးရွာနဲ့ ကောလင်း-ဝန်းသို အစပ်က ကံကုန်းကျေးရွာတို့ကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီ ၂၀ မိနစ်မှာ ဖလဲကျေးရွာကို မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အမျိုးသမီး ဦးနဲ့ အမျိုးသား ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် လုံး ထိခိုက်ပျက်စီးခဲ့ရပြီး တိရစ္ဆာန်တချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။


အလားတူ မနက် နာရီ ၃၂ မိနစ်မှာလည်း ကံကုန်း ကျေးရွာကို တံတားဦး လေတပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း သားအဖ နှစ်ဦး ထိမှန်ခဲ့ကာ သမီးဖြစ်သူ သေဆုံးခဲ့ကာ ဖခင် ဖြစ်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩၆။ ကျောင်းသားလက်ရုံး တပ်တော်မှ ကျဆုံးရဲဘော် နှစ်ဦးအတွက် နာရေးပြုလုပ်


ဇွန်လ ၁၀ ရက်၊ 

Radio NUG


ကျောင်းသားလက်ရုံး တပ်တော် (SAF) က စစ်အာဏာရှင် တော်လှန်ရေး တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ဦးအတွက် နာရေးအခမ်းအနား ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။


ကျောင်းသားလက်ရုံး တပ်တော်က ရဲဘော်ရာဇာဟာ ဇွန်လ ရက်နေ့ နာရီနဲ့ ရဲဘော် သီဟလေးဟာ ဇွန်လ ရက်နေ့ မနက် နာရီ ၃၄ မိနစ်မှာ တော်လှန်ရေး တာဝန်များကို ထမ်းဆောင်ရင်း ရဲဝံ့စွာ အသက်ပေးလှူ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။


ကျဆုံးရဲဘော် နှစ်ဦးအတွက် အမိန့်ပြန်တမ်း ဖတ်ကြားခြင်းနှင့် သင်္ဂြုလ်ခြင်း အခမ်းအနားကို ဇွန်လ ရက်နေ့မှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၇။ ဒိုက်ဦး ခမရ ၄၄၀ တပ်ရင်း၊ ကော့သောင်း အခြေစိုက် ခမရ ၄၃၁ တပ်ရင်းနှင့် မြဝတီမြို့ (၂၇၅) တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်


ဇွန်လ ၁၀ရက် 

Radio NUG 


ဇွန်လ ၈ရက်နေ့တွင်  ဒိုက်ဦးမြို့နယ် ခမရ ၄၄၀ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ဦးသည်  လက်နက်၊ ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဗျူဟာ ၂၇ သို့ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အလင်းဝင်ရောက်လာသည့် စစ်မှုထမ်းတပ်သားသစ် ဦးသည် အကြမ်းဖက် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူများဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် နှင့် စစ်မှုထမ်း အပတ်စဉ် က စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များဖြစ်တယ်လို့ သိရပါတယ်။


အလားတူ ဇွန်လ ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ အခြေစိုက် ၄၃၁ အခြေမြန်တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံရသူ ဦးသည် ကော့သောင်းမြို့နယ် Local PDF ပျံလွှားတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့ခြင်းကြောင်း သိရပါတယ်။


အဆိုပါ အလင်းဝင်ရောက်လာသူ ဦးမှာ ကိုအာကာထွန်း၊ ကိုလှ၀င်းမောင်နှင့် ကိုအောင်ထွန်းလင်းတို့ဖြစ်ပြီး ထိုင်းနိုင်ငံအတွင် ဖမ်းဆီးခံရပြီးနောက် ရနောင်းမြို့နယ်မှ ကော့သောင်းမြို့နယ်သို့ ပို့ဆောင်ခံခဲ့ရကာ စစ်မှုထမ်းအဖြစ် တပ်သားသစ်စုဆောင်းခံခဲ့ရကာ ခြေမြန်တပ်ရင်း ၄၃၁ သို့ ပို့ဆောင်ခံရကာ ၁၀ ရက်ခန့်သာ နေထိုင်ခဲ့ပြီး ထွက်ပြေးလာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


ထွက်ပြေးတုန်းက ၁၀ ယောက်အတူဖြစ်ပြီး ကျန် ဦးက ထွက်ပြေးနေစဉ် စစ်‌ကောင်စီတပ်သားများနဲ့ ထိပ်တိုက်တိုးပြီး သံပိုက်လုံးနဲ့ မသေရုံ ရိုက်နှက်ကာ ပြန်လည် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။


ထို့အတူ ဇွန်လ ရက်နေ့တွင် မြဝတီမြို့ (၂၇၅) တပ်ရင်းမှ ရဲဘော် ()ဦးသည် ဗျူဟာ (၃၁)လုံခြုံရေးတပ်ခွဲထံ  အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။


ဗျူဟာ(၃၁)လုံခြုံရေးတပ်ခွဲထံ အလင်းဝင်ရောက်ခဲ့သော ရဲဘော်()ဦးအား တစ်ဦးလျှင် ဆုငွေ ၅သိန်းကျပ်စီ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။


========================


🚩🚩၈။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ကို တော်ဝင်ဒေါင်း တပ်ဖွဲ့ဝင်များ ဂုဏ်ပြု 


ဇွန်လ ၁၀ ရက်၊ 

Radio NUG


အကြမ်းဖက် စစ်ကောင်စီရဲ့ မတရား ဖမ်းဆီး ချုပ်နှောင်ခြင်း ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ကို ဆုတောင်းကာ ဂုဏ်ပြုပေးခဲ့တယ်လို့ Royal Peacock Column က ထုတ်ပြန်ထားပါတယ်။


အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ တော်ဝင်ဒေါင်း တပ်ဖွဲ့ ဝင် ရဲဘော်များက ဒိုက်ထိုး လေ့ကျင့်ခန်း အကြိမ်ရေ ၈၀ နဲ့ ခေါင်းစိုက် ၈၀ စက္ကန့် ပြုလုပ်ကာအမေစု အမြန် လွတ်မြောက်ပါစေကြောင်းဆုတောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။


အခြား ပြည်သူ့ကာကွယ်ရေး တပ်ရင်းများမှ ရဲဘော်များနဲ့ ပြည်သူများ အနေနဲ့လည်း “Suu 80 Birthday Campaign” မှာ ပါဝင်ပေးကြဖို့ကို တော်ဝင်ဒေါင်း တပ်ရင်းက တိုက်တွန်းထားပါတယ်။


========================


🚩🚩၉။ "ရန်ကုန်အဝင် ချပ်ဝတ်ဆင်" ကျည်ကာကမ်ပိန်းဟာ ၈၀ ရာခိုင်နှုန်း ထိ ရရှိထားပြီး ကျန်ရှိ ၂၀ ရာခိုင်နှုန်းကို ဝိုင်းဝန်းကြရန် အသိပေး


ဇွန်လ ၁၀ ရက်

Radio NUG

ရန်ကုန်အဝင် ချပ်ဝတ်ဆင်"ကျည်ကာကမ်ပိန်းဟာ ၈၀ ရာခိုင်နှုန်း ထိ ရရှိထားပြီး ကျန်ရှိ ၂၀ ရာခိုင်နှုန်းကို ဝိုင်းဝန်းကြရန် အသိပေးထားပါတယ်။


"ကျွန်တော်တို့ ရန်ကုန်တိုင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့()မှ လက်ရှိပြုလုပ်နေတဲ့ "ရန်ကုန်အဝင် ချပ်ဝတ်ဆင်"ကျည်ကာကမ်ပိန်းဟာ ၈၀ % ထိ ရရှိပြီဖြစ်တာကြောင့် ကျန်ရှိနေသေးတဲ့ ကမ်ပိန်းကာလ ၅ရက်အတွင်းမှာ ၂၀ % ကို ထောက်ပို့ရဲဘော်ရဲဘက်များက ဝိုင်းဝန်းဖြည့်ပေးကြပါအုံး"လို့ဆိုပါတယ်။


ရန်ကုန်အဝင် ချပ်ဝတ်ဆင်´´ သိန်းတစ်ထောင်ကမ်ပိန်းဟာ စစ်ဆင်ရေးတွေမှာ ရှေ့တန်းသွားကြမယ့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ () ရဲဘော်တွေကို ဦးထုပ်၊ ကျည်ကာ ဆင်ပေးနိုင်ဖို့ ကမ်ပိန်းကို ပြုလုပ်တာ ဖြစ်ပါတယ်။


၂၀၂၅ ခုနှစ် မေလ (၁၅) ရက်နေ့မှ ဇွန်လ (၁၅) ရက်နေ့အထိ ရဲဘော်တွေ ရန်ကုန်ကို ဦးတည်တဲ့ တိုက်ပွဲတိုင်းမှာ ရွံရွံချွံချွံပါဝင်တိုက်ပွဲဝင်နိုင်ဖို့ ကမ်ပိန်းမှာ ကျည်ကာဦးထုပ် - 7000 Bath ကျည်ကာပြား ချပ် - 7000 Bath Vest ခု - 3500 Bathစျေးနှုန်းတွေအတိုင်း ဆင်ပေးနိုင်သလို နိုင်သမျှလည်း ပါဝင်အားဖြည့်ပေးနိုင်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment