၂၀၂၅ ဇူလိုင်လ ၁၂ ရက်နေ့ ညနေခင်း သတင်းလွှာ

၂၀၂၅ ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အာဆီယံခေါင်းဆောင်တွေကို အကြမ်းဖက်စစ်ကောင်စီ၏ ဟန်ပြရွေးကောက်ပွဲ စီစဉ်နေတာကို ငြင်းပယ်ဖို့ အချက်အပါအဝင် အချက် ချက်ကို (NUG )နိုင်ငံခြားရေးဝန်ကြီး တောင်းဆိုခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေးကမ်ပိန်းမှာ ပါဝင်လှူဒါန်းကြသူတွေကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာမှုကြောင့် အချိန်မတိုင်ခင်တစ်ဘဝတစ်ခန္ဓာချုပ်ငြိမ်းရရှာသော ရွှေညဝါ ဆရာတော်ရဲ့ အန္တိမအဂ္ဂိဈာပနကို ၇ရက်အကြာ လာမယ့်ဇူလိုင်လ ရက်နေ့မှာ ကျင်းပမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ရခိုင့်တပ်တော် AA က ပြည်သူ့ကျန်းမာရေး ကြီးကြပ် သင်တန်းဖွင့်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ချင်းပြည်အတွင်း တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို တိုက်ခိုက်ဖို့မရှိဘူးလို့ CNF ပြော 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။မြောက်ဥက္ကလာမြို့နယ်က ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။နောင်ချိုမြို့နယ်က တိုက်ပွဲတွေမှာ စစ်တပ်က လက်နက်ကြီးတွေ ဒရုန်းတွေ အမြောက်အများသုံး တိုက်ခိုက်နေ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။မြိုင်နယ်က ပန်းတိုင်တောရွာ စာသင်ကျောင်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက် 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။မြစ်ကြီးနား - တနိုင်လမ်းမှာရှိတဲ့ ခွန်စိုင်ယာန် စစ်တပ်ဂိတ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦး သေဆုံးပြီး ဦး အရှင်ဖမ်းမိ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။လက်ပံတန်းမြို့နယ်က စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ  မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သား ဦးသေပြီး ဦး ဒဏ်ရာရရှိ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်တပ် သံပြားကာကားယာဥ်တန်းနဲ့ ကင်းပုန်ဝပ်နေတဲ့ ပျူတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၈။ မြင်းမူမြို့နယ်ကထွက်လာတဲ့ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များပူးပေါင်းတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အာဆီယံခေါင်းဆောင်တွေကို အကြမ်းဖက်စစ်ကောင်စီ၏ ဟန်ပြရွေးကောက်ပွဲ စီစဉ်နေတာကို ငြင်းပယ်ဖို့ အချက်အပါအဝင် အချက် ချက်ကို (NUG )နိုင်ငံခြားရေးဝန်ကြီး တောင်းဆိုခဲ့


 ဇူလိုင် ၁၂ရက်


အာဆီယံနိုင်ငံ ခေါင်းဆောင်တွေဆီသို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အကြမ်းဖက်စစ်အုပ်စုရဲ့ ဟန်ပြရွေးကောက်ပွဲ စီစဉ်နေတာကို ငြင်းပယ်ဖို့ အချက် အပါအဝင် အချက် ချက် တောင်းဆိုထားတဲ့ စာကို ဇူလိုင်လ ရက်နေ့ရက်စွဲနဲ့ ပေးပို့ခဲ့တယ်(Public Voice Television)လို့ဖေါ်ပြထားပါတယ်။

တောင်းဆိုလိုက်တဲ့ အချက် ချက်က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေကို ဦးစားပေးဖို့ အာဆီယံ အမြဲတမ်း သံတမန် ခန့်အပ်မှုကို ထောက်ခံကြဖို့ နဲ့ ဘုံသဘောတူညီချက် ငါးရပ်နဲ့ ဝိရောဓိဖြစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲ စီစဉ်နေတာ အပါအဝင် စစ်အာဏာရှင်ရဲ့ ဘယ်လုပ်ဆောင်ချက်ကိုမဆို ငြင်းပယ်ကြဖို့အတွက် ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးက အာဆီယံ နိုင်ငံ့ခေါင်းဆောင်တွေကို လေးလေးစားစား တောင်းဆို ပေးပို့ခဲ့တာဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ စိုးရိမ်ဖွယ်ရာ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ သန်းနဲ့ချီတဲ့ ကျွန်မတို့ ပြည်သူတွေဟာ စားနပ်ရိက္ခာ ဆိုးဆိုးရွားရွား မလုံလောက်မှု၊ ရွှေ့ပြောင်းနေထိုင်ရမှု၊ ဆက်တိုက်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေရဲ့ ဒုက္ခတွေကို ခံစားနေကြရပါတယ်။ စစ်အာဏာရှင်ရဲ့ အရပ်သားပြည်သူတွေအပေါ် အဆက်မပြတ် တိုက်ခိုက်နေမှုဟာ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ဘေးဒုက္ခကို ပိုမိုဆိုရွားလာအောင် လုပ်နေပါတယ်။ အဲဒါကြောင့် တန်းတူညီမျှ ပါဝင်နိုင်စွမ်းနဲ့ ရေရှည်တည်တံ့နိုင်စွမ်း ဆိုတာတွေဟာ ရည်မှန်းချက် သဘောတရား သက်သက်မဟုတ်ပါဘူး။ အဓိပ္ပာယ်ရှိတဲ့ ဘယ် ဒေသတွင်း တုံ့ပြန်မှုအတွက်မဆို မရှိမဖြစ် အလွန်အရေးကြီး အရာတွေဖြစ်ပါတယ်။လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က စာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။ 


ဘုံသဘောတူညီချက် ရပ်ရဲ့ စိတ်ဓာတ်နဲ့ သန္နိဋ္ဌာန်ကို ကိုင်စွဲထားနိုင်ဖို့ ဒီအခြေအနေတွေအောက်မှာ ဟန်ပြရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဘယ် လုပ်ဆောင်ချက်ကိုမဆို အာဆီယံတစ်ဖွဲ့ လုံးက စုစုစည်းစည်း ငြင်းပယ်ဖို့ အတွက်လည်း အသိပေးတိုက်တွန်းထားပါတယ်။

ဇူလိုင် ရက်ကနေ ၁၁ ရက်အထိ ကွာလာလမ်ပူမြို့မှာတန်းတူညီမျှ ပါဝင်နိုင်စွမ်းနှင့် ရေရှည်တည်တံ့နိုင်စွမ်းခေါင်းစဉ်အောက်မှာ အာဆီယံအစည်းအဝေးတွေ ကျင်းပခဲ့စဉ် အခုလို တောင်းဆိုချက်တွေကို ပေးပို့ခဲ့တာပါ ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေးကမ်ပိန်းမှာ ပါဝင်လှူဒါန်းကြသူတွေကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန ပြော


ဇူလိုင် ၁၂ရက်


အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး Safe Hospital, Safe Healthcare ကမ်ပိန်းမှာ ပါဝင်လှူဒါန်းကြသူတွေကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 


ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး Safe Hospital, Safe Healthcare ကမ်ပိန်းကို မေ ၂၄ ကနေ ဇွန် ၃၀ အထိ ပြုလုပ်ခဲ့ရာမှာ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေ အင်တိုက်အားတိုက် ပါဝင်လှူဒါန်းခဲ့ကြတဲ့အတွက် သက်မှတ်ပမာဏထက် ပိုများတယ်လို့ ဆိုပါတယ်။


ဒီကမ်ပိန်းအတွက် ရည်မှန်းချက်ဟာ အမေရိကန်ဒေါ်လာ သိန်းရဖို့ သတ်မှတ်ထားပေမယ့် ကမ်ပိန်းအပြီးမှာအ‌မေရိကန် ဒေါ်လာ သိန်း သောင်းကျော်အထိ ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၇၂ ရာခိုင်နှုန်းအထိ ရရှိခဲ့တယ်လို့ အသိပေးပါတယ်။


သတ်မှတ်ရည်မှန်းချက်ထက် ကျော်လွန်အောင် ပါဝင်လှူဒါန်းခဲ့ကြတဲ့ တဦးချင်း၊ တယောက်ချင်းစီတိုင်းကို အထူးကျေးဇူး တင်တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။


မြန်မာနိုင်ငံမှာ ဘေးကင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ ကျန်းမာရေးလုပ်သားတွေနဲ့ လူနာတွေ ဘေးကင်းရေး အတွက် ဘေးကင်းတဲ့ဆေးရုံတွေ တည်ဆောက်နိုင်ဖို့ လိုအပ်နေတာကို သိကြတဲ့အတွက် အခုလို အားတက်သရော ပါဝင် လှူဒါန်းခဲ့ကြသူတိုင်းကို ဝန်ကြီးဌာနအနေနဲ့ လေးစားဂုဏ်ယူစွာနဲ့ မှတ်တမ်းတင်ဂုဏ်ပြုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့အထိ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့ လက်တွဲပြီး ဆတက် ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာမှုကြောင့် အချိန်မတိုင်ခင်တစ်ဘဝတစ်ခန္ဓာချုပ်ငြိမ်းရရှာသော ရွှေညဝါ ဆရာတော်ရဲ့ အန္တိမအဂ္ဂိဈာပနကို ၇ရက်အကြာ လာမယ့်ဇူလိုင်လ ရက်နေ့မှာ ကျင်းပမည်


ဇူလိုင် ၁၂ရက်


ပြီးခဲ့တဲ့ဇူလိုင်လ ၁၀ ရက်နေ့က ထောင်တွင်းဆေးကုသမှုအလုံအလောက်မရရှိခဲ့တဲ့အတွက် အသည်းရောဂါနဲ့ တစ်ဘဝတစ်ခန္ဓာချုပ်ငြိမ်းတော်မူခဲ့တဲ့ ရွှေညဝါဆရာတော်ရဲ့ အန္တိမအဂ္ဂိဈာပနအခမ်းနားကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိမြို့မ သုဿန်မှာကျင်းပသွားမှာဖြစ်ပါတယ်။ မနေ့ကဇူလိုင်လ ၁၀ ရက်နေ့က ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းနားအတွက် အခြားကျောင်းတိုက်က ဆရာတော်သံဃာတော်များကြီးမှူးပြီး ဒကာ၊ ဒကာမများနဲ့ တိုင်ပင်ဆွေးနွေးကြပြီးတဲ့နောက် အခမ်းနားအစီအစဥ်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။ 

ဆရာတော်ရဲ့ ဒကာရင်းတစ်ဦးဖြစ်သူက ဈာပန အစီစဥ်နဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။


(((((((((((ဖိုင် - ဦးစနေ)))))))))))


ဆရာတော်ကြီးရဲ့ဈာပနကို ခုနှစ်ရက်ထားမှာဖြစ်ပြီး လက်ရှိစံမြန်းနေတဲ့ ရွှေညဝါအောင်ဇမ္ဗူ ကျောင်းဆောင်ကနေ ရွှေညဝါလောကပါလကန်ကော်လေး ဓမ္မဗိမ္မာန်တော်ထဲမှာ စံကျောင်းချပူဇော်သွားမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းကိုလေးစားမြတ်နိုးသူ၊ ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD ပါတီကိုထောက်ခံအားပေးတဲ့ ဆရာတော်ဟာ သူစံမြန်းရာ ရွှေညဝါ အောင်ဇမ္ဗူကျောင်းဆောင်နဲ့             ဓမ္မဗိမ္မာန်တော်ထဲမှာဗိုလ်ချုပ်ပုံတွေ၊ လူထုခေါင်းဆောင် ဒေါာအောင်ဆန်းစုကြည်ရဲ့ ပုံတွေကို ခမ်းခမ်းနားနားတွေ့မြင်ရပါတယ်။

လာမယ့်ဇူလိုင်လ ၁၃ရက်နဲ့ ၁၄ ရက်တို့မှာ တရားပွဲများကိုလည်းကျင်းပသွားမယ့်အ ပြင် ၁၅ရက်နဲ့ ၁၆ရက်တို့မှာလည်း ပရိတ်သတ်ကို ဧရင်ကျူးကာ ဧည့်ခံသွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇူလိုင်လ ၁၆ရက်နေ့မှာ မှော်ဘီမြို့ရဲ့ မြို့မ သုဿန်မှာ အလောင်းတော်ကို သီးသန့်မီးသင်္ဂြိုဟ်သွားဖို့ရည် ရွယ်ထားကြပြီး ကြွင်းကျန်ရစ်တဲ့ ပြာတွေကို အုတ်ဂူပြုလုပ်သွားမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ရခိုင့်တပ်တော် AA က ပြည်သူ့ကျန်းမာရေး ကြီးကြပ် သင်တန်းဖွင့်


ဇူလိုင် ၁၂ရက်


ရခိုင့်တပ်တော် AA ရဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြည်သူ့ကျန်းမာရေးကြီးကြပ် သင်တန်းကို သင်တန်းသား ၁ဝဝ လောက်နဲ့ စတင်ဖွင့်လှစ်နေပြီလို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန Arakkha Health Department က ထုတ်ပြန်ပါတယ်။


အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အရှန်အဟုန်နဲ့ ဆောင်ရွက်ဖို့၊ အာရက္ခပြည်သူတိုင်း လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိစေဖို့ဆိုတဲ့ ရည်ရွက်ချက်နဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းတွေ ဖွင့်လှစ်နေပြီဆိုတဲ့အကြောင်း မနေ့ ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။


အဲဒီသင်တန်းကို ဇူလိုင် ရက်နေ့မှာ ပထမအသုတ်အဖြစ် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းကာလ ကြာမြင့်မယ် လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။


သင်တန်းမှာ အခြေခံခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒနှင့် ဆေးဝါးဗေဒ၊ ပတ်ဝန်းကျင်ကျန်းမာရေး၊ အခြေခံရောဂါဖြစ်ပွားပြန့်နှံ့မှုကို လေ့လာသည့်ဘာသာရပ်၊ ပြည်သူ့ကျန်းမာရေး၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံသားဖွားပညာစတဲ့ ဘာသာရပ် ခုကို သင်တန်းဆရာ ဆရာမ ၁၇ ယောက်က တာဝန်ယူသင်ကြားပေးနေတယ်လို့ သိရပါတယ်။


သင်တန်းပြီးမြောက်ရင် သင်တန်းဆင်းလက်မှတ်နဲ့အတူ ပြည်သူ့ကျန်းမာရေးကြီးကြပ် အလုပ်ခန့်အပ်တာကို ကျေးလက် ကျန်းမာရေးဌာနတွေရဲ့ ဝန်ထမ်းလိုအပ်ချက်အပေါ်မူတည်ပြီး ခန့်အပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ပြည်သူ့ကျန်းမာရေး ကြီးကြပ် သင်တန်းကိုလည်း ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်ပြီးအာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ ဝန်ထမ်းတွေ လိုအပ်နေဆဲဖစ်တဲ့အတွင် ဘယ်လူမျိုးမဆို တာဝန်ထမ်းလာကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖိတ်ခေါ်ထားပါတယ်။ 


ရခိုင်ပြည်က နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA ဟာ လက်ရှိမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရပ်ထူထောင်ပြီး အုပ်ချုပ်ရေးယန္တရားခိုင်မာစေရေးအတွက် အကောင်ထည်ဖော်နေတာပဲ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်ကြေးမုံတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ချင်းပြည်အတွင်း တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို တိုက်ခိုက်ဖို့မရှိဘူးလို့ CNF ပြော 


ဇူလိုင် ၁၂ရက်


ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် - CNF/CNA အနေနဲ့ ချင်းပြည်အတွင်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားပြီးဖြစ်တဲ့ မြို့နယ်တွေကို တိုက်ခိုက်ဖို့မရှိဘူးလို့ မနေ့ ဇူလိုင် ၁၁ ရက်မှာ CNF အတွင်းရေးမှူး အဖွဲ့ရုံးက အသိပေးထုတ်ပြန်ပါတယ်။ 

ချင်းအမျိုးသားတပ်ဦး/တပ်မတော်အနေနဲ့ ဖလမ်းမြိုကိုဖြစ်စေ၊ ချင်းလဲန်အတွင်း တော်လှန်ရေးအဖွဲတွေ  ထိန်းချုပ်ထားပြီး ဖြစ်တဲ့ ဘယ်မြို့နယ်ကိုမှ တိုက်ခိုက်ပြီး ထိန်းချုပ်လိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ကျနော်တို့ ကူတိုက်ပြီး လွတ်မြောက်သွားတဲ့ နေရာတွေကို ကြည့်ရင်မြင်နိုင်ပါတယ်။ ကျနော်တို့က အုပ်ချုပ်ရေး ဝင်မလုပ်ဘူး။ ဒေသခံပြည်သူတွေ ကိုယ်တိုင် ဆွေးနွေးဆုံးဖြတ်ကြတယ်။ သူတို့ဆုံးဖြတ်ချက်ကို ကျနော်တို့က လေးစားတယ်လို့ ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည် Chinland ဆိုတာ မြို့နယ်တခု ဒေသတခုထက်ပိုပြီး ချင်းပြည်သူတရပ်လုံးရဲ့ ဘုံအကျိုးစီးပွား၊ ဘုံအနာဂတ်နဲ့ သက်ဆိုင်တယ်လို့ အသိပေးထားပါတယ်။

ချင်းအမျိုးသားတပ်ဦးအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမယ့်တာဝန်ရှိပြီး တော်လှန်ရေး အောင်မြင်ဖို့နဲ့ စစ်ပွဲ အနိုင်ရရေးကိုသာ အဓိကအာရုံစိုက်နေပါတယ်လို့ ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူက ထပ်ပြောထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။မြောက်ဥက္ကလာမြို့နယ်က ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်


ဇူလိုင် ၁၂ရက်


ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန် အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

မြောက်ဥက္ကလာမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးမှာ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကိစ္စတွေဆောင်ရွက်နေတာကြောင့် မနေ့ ဇူလိုင် ၁၁ ရက်နေ့ ၁၀ နာရီခန့်မှာ Yangon Army – YA နဲ့ မဟာမိတ်ဖြစ်တဲ့ အနောက်ပိုင်းခရိုင် ပကဖ က တော်လှန်ရေးရဲဘော် တွေ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တော်လှန်ရေးရဲဘော်တွေဟာ ၇၉ ဗုံးပစ်လောင်ချာနဲ့ ၄၀ မမ ဗုံးသီး လုံး အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတာဝန်ကျနေတဲ့ ရဲ ဦးနဲ့အထက် ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

တိုက်ခိုက်ပြီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပတ်ခဲ့တာရှိပြီး ရုံးမှာရှိနေတဲ့ ကားတစီးပျက်စီးသွားတယ်လို့လည်း သိရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ်မှတ်တွေ အကြမ်းဖက်စစ်ကောင်စီကလုပ်မယ့် တရားမ၀င် ရွေးကောက်ပွဲနဲ့  ပတ်သက်လို့ ပါ၀င်လုပ်ကိုင်နေသူတွေကို ထပ်ပြီး တိုက်ခိုက်သွားမယ်လို့ တော်လှန်ရေးတပ်တွေဘက်က အသိပေးထားပါ တယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။နောင်ချိုမြို့နယ်က တိုက်ပွဲတွေမှာ စစ်တပ်က လက်နက်ကြီးတွေ ဒရုန်းတွေ အမြောက်အများသုံး တိုက်ခိုက်နေ


ဇူလိုင် ၁၂ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေရာမှာ စစ်တပ်က လက်နက်ကြီးတွေ ဒရုန်းတွေ အမြောက်အများသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ တအာင်းတပ်မတော် PSLF/TNLA က မနေ့ ဇူလိုင် ၁၁ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကျောက်ကြမ်းရွာ၊ ကျောက်တောရွာ၊ နမ့်ပါတက်ရွာ၊ ကျောက်ပြုတ်ရွာ၊ နားမုံရွာနဲ့ ရေမောင်းတန်ရွာတို့ဘက်မှာ စစ်တပ်နဲ့ TNLA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က လက်နက်ကြီး ၇၂ လုံးနဲ့ ဒရုန်းဗုံးသီး ၂၇ လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီဟာ လူအင်အား လက်နက်အင်အား အလွန်အကျွံအသုံးပြုပြီး ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နဲ့ မိုင်အကွာထိ ရောက်နေပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

လက်ရှိမှာ စစ်တပ်စစ်ကြောင်းတခုဟာ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ ၁၁၄ အနီးထိ ရောက်နေပြီး တောင်ခမ်းဘက်ကလာတဲ့ စစ်ကြောင်းဟာလည်း နောင်ချိုမြို့အစပ် ထိရောက်နေပြီလို့ သိရပါတယ်။ 

အခုလို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ဒေသနေပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ရေး စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ ကို လိုက်နာဆောင်ရွက်ဖို့ PSLF/TNLA က အသိပေးထုတ်ပြန်ထားပါတယ်။

TNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလမှာ နောင်ချိုမြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့တာလို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။မြိုင်နယ်က ပန်းတိုင်တောရွာ စာသင်ကျောင်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက် 


ဇူလိုင် ၁၂ရက်


မကွေးတိုင်း မြိုင်မြို့နယ်ထဲက ပန်းတိုင်တောရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်က ထုတ်ပြန်ထားပါတယ်။

မနေ့ ဇူလိုင်လ ၁၁ ရက် နေ့လည် ၁၂ နာရီခန့်ကနေ ၁၂ နာရီခွဲကျော်မှာ ပန်းတိုင်တောရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိပေမယ့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက အသိပေးပါတယ်။

မြိုင်မြို့ပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ် ကာကင်းစခန်း စီမံကိန်းရုံးကို တော်လှန်‌ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သား ၁၂ ဦး အရှင်ဖမ်းမိကာ သေနတ် ၁၃ လက် သိမ်းဆည်းရခဲ့ပြီးနောက် စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

အခုလို စစ်သားတွေ အရှင်အဖမ်းခံရတာနဲ့ လက်နက်တွေဆုံးရှုံးသွားတာကို အရှက်ရသွားတဲ့ အကြမ်းဖက်စစ်တပ်ဟာ မြိုင်နယ်ကို နေ့စဉ်လို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မြိုင်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်လာနိုင်တဲ့အတွက် ပြည်သူလူထု အနေနဲ့ လေကြောင်းရန်ကို သတိပြု နေထိုင်ကြဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင် အပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက အသိပေးနှိုးဆော်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။မြစ်ကြီးနား - တနိုင်လမ်းမှာရှိတဲ့ ခွန်စိုင်ယာန် စစ်တပ်ဂိတ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦး သေဆုံးပြီး ဦး အရှင်ဖမ်းမိ


ဇူလိုင် ၁၂ရက်


ကချင်ပြည်နယ်ထဲက မြစ်ကြီးနား - တနိုင်လမ်းမှာရှိတဲ့ ခွန်စိုင်ယာန် စစ်တပ်ဂိတ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး စစ်သား ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဒေသစစ်ရေး သတင်းရင်းမြစ် တွေက ပြောပါတယ်။ 

ဇူလိုင် ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ ပူးပေါင်းတပ်စွဲထားတဲ့ မြစ်ကြီးနား - တနိုင်း - လီဒို လမ်းပိုင်းက ခွန်စိုင်ယာန် စစ်တပ်ဂိတ်စခန်းကို KIA KPDF ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်‌ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ဦးဟာ သန္ဓေစစ်သားတွေဖြစ်ပြီး စစ်တပ်ဘက်က အင်အားများတာကြောင့် တိုက်ပွဲဖြစ်ချိန် နာရီခွဲကျော်ကြာခဲ့ကာ တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိဘူးလို့ သိရပါတယ်။ 

ထို့အတူ ဖားကန့်ဘက်မှာလည်း စစ်တပ်ဘက်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေရာမှာ စစ်တပ်ဘက် က အထိနာနေတယ်လို့ သိရပါတယ်။ 

မနေ့ ဇူလိုင် ၁၁ ရက် မနက်ပိုင်းက ဖားကန့် - ဆွတ်ဘွမ်မှာရှိတဲ့ စခန်းကို KIA KPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုမှာ ဆိုရင် စစ်တပ်ဘက်က ၁ဝ ဦးထက်မနည်း သေဆုံးသွားတာကြောင့် ကာချင်း ဘုရားကျောင်းဘက်ကို စစ်သားတွေ တပ်ဆုတ်သွားတယ်လို့ ဒေသစစ်ရေး သတင်းရင်းမြစ်က အသိပေးပါတယ်။ 

အဲဒီနေ့ နေ့လည်ပိုင်းမှာလည်း တိုက်ပွဲထပ်ဖြစ်ခဲ့တာရှိပြီး စစ်တပ်ဘက်က လက်နက်တွေထားတဲ့နေရာမှာ ပေါက်ကွဲမှုဖြစ် တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။လက်ပံတန်းမြို့နယ်က စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ  မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သား ဦးသေပြီး ဦး ဒဏ်ရာရရှိ


ဇူလိုင် ၁၂ရက်


ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ထောက်ကြံ့ကွင်းနဲ့ကြို့ပင်စခန်းကြားမှာရှိတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေပြီး ဦး ဒဏ်ရာရသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၀ ရက်နေ့ ညနေ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရှိတယ်လို့ သာယာဝတီခရိုင် တပ်ရင်း က ဆိုပါတယ်။

ဇူလိုင်လ ရက်နေ့ကလည်း လက်ပံတန်းမြို့နယ် လွှစင်ကုန်း မှော်အင်းလမ်းဆုံမှာ အင်အား ၃၀ပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာတော့ စစ်သား ၂ဦးသေဆုံးပြီး ဦးဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။

အဲဒီစစ်ကောင်စီတပ်တွေကို ပဲခူးတိုင်းစစ်ဌာန အမှတ် ၂၂ ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း လက်အောက်ခံ တပ်ထောက်ဌာန Simple PDF ရဲဘော်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

သယာ၀တီ ခရိုင်တပ်ရင်း အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ စစ်တပ်ထောက်တိုင်တွေကို အခါအခွင့်သင့်ရင်သင့်သလို တိုက်ခိုက်သွားမှာဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအနီး သွားလာတာတွေမလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း က အသိပေးထုတ်ပြန်ထားပါတယ်။


========================


⁨⁨🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်တပ် သံပြားကာကားယာဥ်တန်းနဲ့ ကင်းပုန်ဝပ်နေတဲ့ ပျူတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်


ဇူလိုင် ၁၂ရက်


စစ်ကိုင်းတိုင်းထဲက မုံရွာ - ချောင်းဦး လမ်းပိုင်းတနေရာမှာ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်တပ် သံပြားကာကားတွေနဲ့ ကင်းပုန်း ဝပ်နေတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Youth Attack Force က ဒီနေ့ ဇူလိုင် ၁၂ မှာ ထုတ်ပြန် ပါတယ်။

ဇူလိုင်လ ၁၀ ရက် ညပိုင်းကချောင်းဦးမြို့တွင်းကို ရိက္ခာပို့ပြီး မုံရွာမြို့ဘက် ပြန်လာတဲ့ စစ်တပ် သံပြားကာကား စီးထဲက စီးမြောက်ကားနဲ့ စီးမြောက်ကားကို မုံရွာ-ချောင်းဦး လမ်းပိုင်းတနေရာကနေ လက်နက်ငယ်တွေနဲ့ လမ်းမပေါ်ထိတက် ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီလိုပစ်ခတ်ချိန်မှာ လမ်းဘေးမှာ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီး ကျည်အား မလုံလောက်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို GOLDEN PEOCOCK ATTACK FORCE မုံရွာခရိုင်အမှတ် ၂၃ တပ်ရင်း တပ်ခွဲ - မုံရွာခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ - ၃၊ TIGER FIGHTER M- 21.2 AERA 71 - LOCAL PEOPLE DEFENCE FORCE တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၈။ မြင်းမူမြို့နယ်ကထွက်လာတဲ့ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များပူးပေါင်းတိုက်ခိုက်


ဇူလိုင် ၁၂ရက်


စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်ကထွက်လာတဲ့ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များပူးပေါင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇူလိုင်၁၁ရက်နေ့ စစ်ရေးသတင်းထုတ်ပြန်ချက်အရ မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ ကိုးဆူးဘုရားတွင်ရောက်ရှိနေသော ဒို့မြန်မာကျော်နှင့် မြောင်လမ်းခွဲ စစ်ကောင်စီတပ်ခြံမှ အင်အား(၂၀)ခန့်ကို 10:15အချိန်ခန့်တွင် တော်လှန်ရေးရဲဘော်များမှ (၄၀)မမဗုံးသီး()လုံး လက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၃ဦး ပြင်းထန်စွာဒဏ်ရာရှိပြီး ကျန်သူများထွက်ပြေးသွားခဲ့တယ်လို့ အတည်ပြုဖော်ပြပါတယ်။


၎င်းတိုက်ခိုက်မှု့ကို မြင်းမူမြို့နယ် ပကဖမှဦးဆောင်ပြီး/BlackEagleDefenceForce(MMU)/အလ္လကပ္ပတိုက်နယ်ပကဖ/မြင်းမူမြို့နယ်ပလဖ/တိုက်ဂါးလေးTGR(မြောင်)/ရေနဂါး(ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေး)နှင့်ဒေသခံတော်လှန်ရေးအဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


အလားတူမြင်းမူမြို့နယ် စစ်ကောင်စီအထိုင်များမှ အင်အား(၅၀)ခန့်သည် အိမ်စီးကား()စီးဖြင့် အလ္လကပ္ပရွာတောင်ဘက်သို့ထွက်လာရာ တော်လှန်ရေးအဖွဲ့များမှ အသင့်စောင့်ကြို၍ ပဒေသာမိုင်း()လုံးပွိုင့်()ပွိုင့်()လုံးပွိုင့်တို့ဖြင့် မိုင်းစွဲတိုက်ခိုက်ပြီး/(၄၀)မမဗုံးသီး()လုံး/လက်နက်ငယ်များဖြင့် အနီးကပ်တိုက်ခိုက်ခဲ့သည်။ထိုတိုက်ခိုက်မှု့ကြောင့် စစ်ကောင်စီဒုတိယနှင့်တတိယကားမှာ ထိခိုက်မှု့များပြားပြီး ကားပေါ်ပါစစ်ကောင်စီတပ်များသည် ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိတော့ဘူးလို့သိရပါတယ်။


၎င်းတိုက်ခိုက်မှု့ကိုမြင်းမူမြို့နယ်ပကဖမှဦးဆောင်ပြီး BlackEagleDefenceForce(MMU)/အလ္လကပ္ပတိုက်နယ်ပကဖ/မြင်းမူမြို့နယ်ပလဖ/TGRတိုက်ဂါးလေး(မြောင်)/ရေနဂါး(ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံတော်လှန်ရေးအဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment