၂၀၂၅ ဇူလိုင်လ ၁၈ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဇူလိုင်လ ၁၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ တောင်ခမ်းနဲ့ နောင်ချိုတိုက်ပွဲကနေ သင်ခန်းစာယူပြီး နိုင်ငံရေးလမ်းကြောင်းသစ်ကို လျှောက်လှမ်းသင့်တယ်လို့ တအာင်းတပ် TNLA ကို ဥပဒေအထောက်အကူပြုကွန်ရက် အကြံပြု

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကော်သူးလေယူနီကုဒ်စနစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ အောင်မြင်စွာ ထုတ်ပြန်နိုင်မှုအပေါ်  ကရင်အမျိုးသားအစည်းအရုံးဂုဏ်ပြု

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ကောင်စီတပ်ရဲ့လေယာဉ်ဗုံးတွေကို အချောသတ်ထုတ်လုပ်နိုင်ဖို့ တရုတ်အစိုးရပိုင် တရုတ်တောင်ပိုင်း စက်မှုလုပ်ငန်းစု ကော်ပိုရေးရှင်း (China South Industries Group Corporation) နဲ့ ကုမ္ပဏီခွဲနှစ်ခုက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်သော Vogue အီတလီ မိခင်ကုမ္ပဏီ Cond Nast ထံ Justice For Myanmar စာပို့ပြီးနောက်ရေချယ်တေဇ အကြောင်းဖော်ပြထားသည့် စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝဘ်ဆိုက်မှ ဖယ်ရှား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ဒါရိုက်တာကိုပေါက်နှင့်အကယ်ဒမီမင်းမော်ကွန်းတို့နှစ်ယောက်ရဲ့ အမှတ်တရတော်လှန်ရေးရုပ်ရှင်ကို သြဂုတ်လတွင်စတင်ပြသမည်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်က စဉ့်ကူးနဲ့ဝက်လက်နယ်ကရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကျောက်မဲမြို့အနီး တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က ဗုံးထပ်ကြဲ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကရင်နီမှာ နယ်မြေကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးခန်းတာဝန်ခံ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ် မှုကြောင့် သေဆုံး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ရေတာရှည်မြို့နယ်မှာ စစ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင် 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတပ်သားသစ်များထပ်မံခေါ်ယူနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ တောင်ခမ်းနဲ့ နောင်ချိုတိုက်ပွဲကနေ သင်ခန်းစာယူပြီး နိုင်ငံရေးလမ်းကြောင်းသစ်ကို လျှောက်လှမ်းသင့်တယ်လို့ တအာင်းတပ် TNLA ကို ဥပဒေအထောက်အကူပြုကွန်ရက် အကြံပြု


 ဇူလိုင် ၁၈ရက်


တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေနဲ့ တောင်ခမ်းနဲ့ နောင်ချိုတိုက်ပွဲတို့ကနေ သင်ခန်းစာယူပြီး နိုင်ငံရေးလမ်းကြောင်းသစ်ကို လျှောက်လှမ်းသင့်တယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက်က အကြံပြုချက်တစောင် ဒီနေ့ ဇူလိုင် ၁၈ မှာ ထုတ်ပြန်လာပါတယ်။

ဥပဒေအထောက်အကူပြုကွန်ရက်အဖွဲ့က တောင်ခမ်းနဲ့ နောင်ချိုတိုက်ပွဲ သင်ခန်းစာအရ နိုင်ငံရေးလမ်းကြောင်းသစ်ကို လျှောက်လှမ်းသင့်တဲ့အကြောင်း ဥပဒေစိုးမိုးရေးရှုထောင့်ကနေ သုံးသပ်ထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ်အာဏာရှာင်စနစ်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တရပ်ပေါ်ထွန်းလာရေး စတာတွေမှာ TNLA အနေ့ ဒီနေ့အချိန်ထိ အခိုင်အမာရပ်တည်တိုက်ပွဲဝင်နေတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တယ်လို့ ထုတ်ပြန်ချက် မှာ ဆိုထားပါတယ်။

ဖိအားပေးခံရတာတွေရှိနိုင်ပေမယ့် ဥပဒေစိုးမိုးရေးလမ်းကြောင်းပေါ် တက်ဖို့ အားယူပြင်ဆင်နေတာအတွက်တော့ အသိအမှတ်ပြု တန်ဖိုးထားတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက်က ပြောထားပါတယ်။

တောင်ခမ်းနဲ့ နောင်ချိုတိုက်ပွဲတွေမှာ နောက်ဆုတ်လိုက်ရတာဟာ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေနဲ့ NUG လက်အောက်ခံ PDF တွေ NUG လက်အောက်မှာမရှိတဲ့ PDF တွေရဲ့ အင်နဲ့အားနဲ့ တိုက်ပွဲဝင်မှု ကျဆင်းသွားတာနဲ့ စစ်ကောင်စီဘက်က သာလွန်အင်အားသာမက လက်နက်စွမ်းအားကို အစွမ်းကုန်မြှင့်တင် အသုံးပြုလာတာ စတဲ့ အချက်တွေအဝင် အချက် ချက်ကြောင့်ဖြစ်တယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက်အဖွဲ့က ဆိုပါတယ်။ 

ဒါကြောင့် လက်ရှိအခြေအနေမှာ နိုင်ငံရေးအရ အမြန်ဆုံးပြောင်းလဲ ချမှတ် ကျင့်သုံးမယ်ဆိုရင် စစ်ကောင်စီဘက်က သာလွန်အင်အားသာမက လက်နက်စွမ်းအားကို အစွမ်းကုန်မြှင့်တင် အသုံးပြုလာတာ ထိထိရောက်ရောက် ပယ်ရှားနိုင်မယ် လို့ အကြံပြုထားပါတယ်။

TNLA ဘက်က အာဏာရှင်စနစ်နဲ့ စစ်ကောင်စီကို ထိထိရောက်ရောက်တိုက်ပွဲဝင်နေတာဟာ နိုင်ငံတကာအဆင့် ပြစ်မှုကြီးတွေ ကျူးလွန်ခဲ့တာ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကို အပြစ်ပေးနေတဲ့သဘောဖြစ်တာကြောင့် ဥပဒေစိုးမိုးရေးအတွက် အထောက်အကူဖြစ်စေတယ်လို့ အသိပေးထားပါတယ်။

TNLA အနေနဲ့ မိမိတို့မျှော်မှန်းထားတဲ့ ပြည်နယ်ရရှိရေးအတွက် ဦးတည်ဖော်ဆောင်ခွင့်ရှိတာကြောင့် အခြားတိုင်းရင်းသား တွေရဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ သမိုင်းဆိုင်ရာ ဝိသေသလက္ခဏာတွေကို အသိအမှတ်ပြုဖို့ လိုတယ်လို့လည်း အကြံပြုထားပါ တယ်။

တအာင်းဒေသဟာ လက်ရှိအချိန်ထိ ရှမ်းပြည်နယ်အတွင်းမှာရှိနေတာကြောင့် TNLA အနေနဲ့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးဖော်ဆောင်ရာမှာ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ အဓိကကျတဲ့ နိုင်ငံရေး စစ်ရေး အင်အားစုတွေ နဲ့ ညှိနှိုင်းတိုင်ပင်သင့်တယ်လို့လည်း ထပ်ပြီး အကြံပြုထားပါတယ်။

ဒါ့အပြင် မြေပြန့်ဒေသက တော်လှန်ရေးအင်အားစုတွေဟာ TNLA အတူ သက်စွန့်ကြိုးပမ်း တိုက်ပွဲဝင်ခဲ့တာကြောင့် အဖွဲ့အစည်းတွေကိုတင်မဟုတ်ဘဲ တဦးချင်းစီကိုပါ မှတ်တမ်းတင် ဂုဏ်ပြုပြီး နိုင်ငံရေး စစ်ရေး၊ အုပ်ချုပ်ရေး ရာထူးတွေ အပ်နှင်းတာ၊ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကို ဆက်သွယ်ပြီး ကူညီထောက်ပံ့တာမျိုးတွေလုပ်ဖို့ ဥပဒေအထောက်အကူပြုကွန်ရက်အဖွဲ့က တိုက်တွန်းထားပါတယ်။ 

ဒီအချက်တွေ လိုက်နာကျင့်သုံးမယ်ဆိုရင် TNLA အနေနဲ့ လက်ရှိထိန်းချုပ်ထားတဲ့ မြို့ရွာ နယ်မြေတွေကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အပြင် တောင်ခမ်းနဲ့ နောင်ချိုကို ပြန်လည်သိမ်းယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင့်တပ်တော် AA မြန်မာပြည်တောင်ပိုင်းက ခုခံစစ် ဆင်နွှဲနေတဲ့ အင်အားစုတွေနဲ့ လက်တွဲလိုက်မယ်ဆိုရင် နေပြည်တော်အထိ ချီတက်သိမ်းပိုက်နိုင်တဲ့ အနေထားရှိလာနိုင်ပြီး စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲလည်း အလိုလို ပျောက်ကွယ်သွားမယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက်အဖွဲ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကို အကြံပြု တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကော်သူးလေယူနီကုဒ်စနစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ အောင်မြင်စွာ ထုတ်ပြန်နိုင်မှုအပေါ်  ကရင်အမျိုးသားအစည်းအရုံးဂုဏ်ပြု


 ဇူလိုင် ၁၈ရက်


 ကော်သူးလေယူနီကုဒ်စနစ် အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အောင်မြင်စွာ ထုတ်ပြန်နိုင်မှုအပေါ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီနေ့ ဇူလိုင် ၁၈ မှာထုတ်ပြန်ပါတယ်။


ဒီအောင်မြင်မှုဟာ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်ဆိုတဲ့ ကရင်ဘာသာစကားတွေကို ထိန်းသိမ်းနိုင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဝိသေသလက္ခဏာတွေ အားကောင်းလာစေရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုမြှင့်တင်ပြီး ကရင်ဘာသာ စကားတွေကို ကမ္ဘာ့ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေမှာ ပေါင်းစပ်ပေးရေး စတာတွေမှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတခု ဖြစ်တယ်လို့ ဆိုပါတယ်။


ဒီ ကော်သူးလေယူနီကုဒ်စနစ်ကို KNU စီးပွားရေးကော်မတီ အထောက်အကူပြုရုံး - KECS နဲ့ ကရင်ပညာရေးနှင့်ယဉ်ကျေးမှု ဌာန - KECD တို့က ဦးဆောင်ပြီး IT ကျွမ်းကျင်တဲ့ ကရင်လူငယ်တွေက ပူးပေါင်းဖန်တီးခဲ့တာလို့ သိရပါတယ်။


ကော်သူးလေယူနီကုဒ်စနစ်ကို ၂၀၂၃ ခုနှစ် ဧပြီ ၂၀ မှာ တရားဝင်ထုတ်ပြန်ခဲ့ပြီး ကန့်သတ်မှုတွေရှိခဲ့ပေမယ့် ဆိုရှယ်မီဒီယာ Facebook – Meta က အခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှာ အသိမှတ်ပြုခဲ့တာကြောင့် ကမ္ဘာလုံးဆိုင်ရာအသုံးဝင်မှုနဲ့ လက်တွေ့ အသုံးပြုနိုင်ခဲ့တာဟာ ကြီးမားတဲ့ မှတ်တိုင်တခုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ကော်သူးလေယူနီကုဒ်စနစ်ဟာ ဘာသာစကား အမွေအနှစ်ကို ဒစ်ဂျစ်တယ်စနစ်နဲ့ ပုံဖော်နိုင်စွမ်းရှိသလို အသစ်အသစ်သော အကြောင်းအရာတွေကို ဖန်တီးမှုအားနဲ့ ဘာသာစကားအသက်သွင်းရေးကို မြှင့်တင်ပြီး ယဉ်ကျေးမှုဝိသေသလက္ခဏာကို ခိုင်မာစေတယ်လို့ အသိပေးထားပါတယ်။ 

 

ဒီစနစ်ဟာ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု၊ ဉာဏ်ရည်နည်းပညာစနစ်နဲ့ လူထုအားမြှင့်တင်ရေးဆိုင်ရာတွေမှာတိုးတက်စေပြီး ကရင် ဘာသာစကားပြောသူတွေအားလုံး ဒစ်ဂျစ်တယ်လောကမှာ ဝင်ရောက်ပါဝင်နိုင်သလို မိခင်ဘာသာနဲ့ သင်ကြားရေးစာအုပ်တွေ ဖန်တီးနိုင်တာ၊ စာပေတတ်မြောက်မှု မြှင့်တင်နိုင်တာ၊ ကမ္ဘာအနှံ့မှာရှိတဲ့ ကရင်အမျိုးသားတို့အတွက် အကန့်သတ်မရှိ ဆက်သွယ်နိုင်တာ စတဲ့ ပညာရေးစနစ်အတွက် လှုံ့ဆော်ပေးနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။


ဒါ့အပြင် ယူနီကုဒ်စနစ်နဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေ ပေါင်းစည်းခြင်းဟာ ဘာသာစကားရဲ့ တရားဝင်အနေအထားကို အတည်ပြုပြီး လူထုချိတ်ဆက်မှုနဲ့ စည်းရုံးလှုပ်ဆော်မှုတွေကို မြှင့်တင်ပေးနိုင်မှာဖြစ်သလို ဒစ်ဂျစ်တယ်စီးပွားရေး၊ ဒီဂျစ်တယ် အစိုးရအုပ်ချုပ်ရေးစနစ်တွေအတွက်လည်း အလားအလာကောင်းတွေ ပေးနိုင်မှာဖြစ်တယ်လို့လည်းKNU ဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


KNU စီးပွားရေးကော်မတီ အထောက်အကူပြုရုံး - KECS ပညာရေးနှင့်ယဉ်ကျေးမှုဌာန - KECD ကရင် IT ကျွမ်းကျင်သူ များ၊ ကော်သူးလေယူနီကုဒ်လှုပ်ရှားမှုနဲ့ ကော်သူးလေ ယူနီကုဒ်ကို မြှင့်တင်ရာမှာ အားထုတ်ခဲ့သူတွေရဲ့ အမြင်၊ ပေးဆပ်မှုနဲ့ နည်းပညာစွမ်းရည်အတွက် ကရင်အမျိုးသားအစည်းအရုံးက ဂုဏ်ပြုထားတာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ကောင်စီတပ်ရဲ့လေယာဉ်ဗုံးတွေကို အချောသတ်ထုတ်လုပ်နိုင်ဖို့ တရုတ်အစိုးရပိုင် တရုတ်တောင်ပိုင်း စက်မှုလုပ်ငန်းစု ကော်ပိုရေးရှင်း (China South Industries Group Corporation) နဲ့ ကုမ္ပဏီခွဲနှစ်ခုက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေ


 ဇူလိုင် ၁၈ရက်


စစ်ကောင်စီတပ်ရဲ့လေယာဉ်ဗုံးတွေကို အချောသတ်ထုတ်လုပ်နိုင်ဖို့ တရုတ်အစိုးရပိုင် တရုတ်တောင်ပိုင်း စက်မှုလုပ်ငန်းစု ကော်ပိုရေးရှင်း (China South Industries Group Corporation) နဲ့ ကုမ္ပဏီခွဲနှစ်ခုက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ဇူလိုင်၁၆ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကအစီရင်ခံထုတ်ပြန်ပါတယ်။

တရုတ်အစိုးရပိုင် China South ရဲ့ ကုမ္ပဏီခွဲ Hunan Vanguard က အဓိက ပံ့ပိုးကူညီနေခဲ့တယ်ဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကဖော်ပြပါတယ်။

ကပစ-၂၁ က ဝေဟင်ဗုံးတွေထုတ်လုပ်ခြင်းနဲ့ ထိန်းသိမ်းခြင်း လုပ်ငန်းစဥ်တွေမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေဟာပါဝင်ပတ်သတ်နေပြီးတော့ (ကပစ ၂၁)ကနေထုတ်လုပ်တဲ့ ဝေဟင်ဗုံးတွေကို စစ်ကောင်စီလေတပ်က အရေအတွက်အများဆုံးအသုံးပြုနေပါတယ်။


ဓာတ်ပုံနဲ့ သက်သေအထောက်အထားတွေအရ ကပစ-၂၁ အနေနဲ့ ဝေဟင်ဗုံးတွေ တပ်ဆင်၊ ထုတ်လုပ်ရေးတွေအတွက် အမှန်တကယ်ပဲ တရုတ်ရဲ့အကူအညီကို ရယူခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်သော Vogue အီတလီ မိခင်ကုမ္ပဏီ Cond Nast ထံ Justice For Myanmar စာပို့ပြီးနောက်ရေချယ်တေဇ အကြောင်းဖော်ပြထားသည့် စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝဘ်ဆိုက်မှ ဖယ်ရှား


 ဇူလိုင် ၁၈ရက်


ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်သော Vogue အီတလီ မိခင်ကုမ္ပဏီ Cond Nast ထံ Justice For Myanmar စာပို့ပြီးနောက်ရေချယ်တေဇ အကြောင်းဖော်ပြထားသည့် စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝဘ်ဆိုက်မှ ဖယ်ရှားလိုက်ပါတယ်။


ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်သော Vogue အီတလီ မိခင်ကုမ္ပဏီ Cond Nast ထံ Justice For Myanmar စာပို့ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာခရိုနီ ဦးတေဇ၏သမီးဖြစ်သူ ရေချယ်တေဇ (ထူးထွေးတေဇ) အကြောင်းဖော်ပြထားသည့် အွန်လိုင်း စာမျက်နှာကို Vogue Italia website မှ ဖယ်ရှားလိုက်ပြီ ဖြစ်တယ်လို့ ဇူလိုင်၁၈ရက်ဖော်ပြပါတယ်။

ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူများနှင့် OECD တာဝန်ရှိသော စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည့် Vogue Italia လုပ်ဆောင်ချက်ကို JFM က ကြိုဆိုတယ်လို့ဖော်ပြပါတယ်။


ဦးတေဇ ၏သမီးဖြစ်သူ ရေချယ်တေဇသည် ထူးအုပ်စုတွင် တာဝန်ရှိသူဖြစ်သည့်အပြင်၊ မြန်မာစစ်အုပ်စု၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်နေသည့် ထူးအုပ်စုမှ အမြတ်အစွန်းများရရှိနေသူလည်းဖြစ်ပြီးထူးအုပ်စုသည် စစ်လက်နက် သဘောတူညီချက်များကို ကြားဝင်စေ့စပ်ထားပြီး စစ်အုပ်စုနှင့် ၎င်းတို့၏ လုပ်ငန်းစုများကို မြေငှားခနှင့် အခြားမသမာ သဘောတူညီချက်များမှတစ်ဆင့် ငွေကြေး ထောက်ပံ့ပေးနေတယ်လို့ JusticeForMyanmar ကဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ဒါရိုက်တာကိုပေါက်နှင့်အကယ်ဒမီမင်းမော်ကွန်းတို့နှစ်ယောက်ရဲ့ အမှတ်တရတော်လှန်ရေးရုပ်ရှင်ကို သြဂုတ်လတွင်စတင်ပြသမည်


ဇူလိုင် ၁၈ရက်


ဒါရိုက်တာကိုပေါက်နှင့်အကယ်ဒမီမင်းမော်ကွန်းတို့နှစ်ယောက်ရဲ့ အမှတ်တရတော်လှန်ရေးရုပ်ရှင်သြဂုတ်လတွင်စတင်ပြသမည်ဖြစ်ကြောင်း ဇူလိုင်၁၈ရက်မှာ ရောင်နီလာရာလမ်းPagက အသိပေးဆိုထားပါတယ်။


ဒါရိုက်တာကိုပေါက်နှင့်အကယ်ဒမီမင်းမော်ကွန်းတို့နှစ်ယောက်ရဲ့ အမှတ်တရတော်လှန်ရေးရုပ်ရှင်ကို ကိုပေါက်ကဒါရိုက်တာအဖြစ်လုပ်ဆောင်ခဲတာဖြစ်ပြီး မင်းမော်ကွန်းက သရုပ်ဆောင်အဖြစ် ပထမဆုံး လက်တွဲဖြစ်သော ရုပ်ရှင်။တော်လှန်ရုပ်ရှင်ကို ဩဂုတ်လတွင် စတင်ပြသမည်လို့ဖော်ပြထားပါတယ်။


ရောင်နီလာရာလမ်းရုပ်ရှင်ကိုလည်း ပြည်ပရောက်မြန်မာအင်အားစုများက တခဲနက်အားပေးခဲ့ကြပြီး ရရှိငွေကြေးများကို မြန်မာပြည်ရှိလိုအပ်သောနေရာများသို့ စီးဆင်းခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နဲ့သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်က စဉ့်ကူးနဲ့ဝက်လက်နယ်ကရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်


 ဇူလိုင် ၁၈ရက်


ဧရာဝတီမြစ်အတိုင်း အထက်ကိုဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်ဟာ မန္တလေးတိုင်း စဉ့်ကူးနဲ့ဝက်လက်နယ်ကို ဖြတ်သွား ချိန် မြစ်ကြောင်းတလျောက်က ရွာတွေကို ပွိုင့်ဖိုက်တွေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

တိုက်ခိုက်ရေးရေယာဉ် စင်းနဲ့ နောက်တွန်း ထောက်ပို့ရေယာဉ် စင်းပါတဲ့ အဲဒီ စစ်ရေယာဉ်အုပ်စုဟာ မနေ့ ဇူလိုင် ၁၇ ရက်က ဝက်လက်နယ် အရှေ့ခြမ်းမှာ ကျောက်ချရပ်နားခဲ့ပြီး ဆက်လက်ထွက်ခွာလာတဲ့ ရေယာဉ်အုပ်လို့ ဆိုပါတယ်။

အဲဒီရေယာဉ်အုပ်ဟာ အထက်ကို ဆန်တက်ခင် ဒီနေ့မနက် နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ပွိုင့်ဖိုက်တွေနဲ့ အနီးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီးမှ ဆက်လက်ဆန်တက်သွားတယ်လို့ အသိပေးပါတယ်။

စစ်ရေရေယာဉ်အုပ် ဆန်တက်သွားတာနဲ့ တံတားဦးကတက်လာတဲ့ Y-12 လေယာဉ်တစင်းက မြစ်ကြောင်းတလျောက် ပျံဝဲပြီး ဗုံးသီးချတိုက်ခိုက်သလို ရေယာဉ်ပေါ်ကလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်က ရွာတွေကို ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ရေယာဉ်အုပ် မနေ့ ညနေပိုင်းက ဝက်လက်မြို့နယ်ကိုဖြတ်သန်းချိန် ရေလည်မော်၊ ရှားကွဲနဲ့ ငါးပတ်ချောင်းရွာတို့ကို စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသနေပြည်သူ ၁၅ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဒီနေ့ ဇူလိုင်လ ၁၈ ရက် မနက် နာရီဝန်းကျင်မှာလည်း တံတားဦးကတက်လာတဲ့ Y 12 လေယာဉ်ဟာ ဝက်လက်မြို့နယ် ရေလည်မော်ကျေးရွာကို ဗုံးတွေကြချခဲ့ပြီး စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကျောက်မဲမြို့အနီး တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က ဗုံးထပ်ကြဲ


 ဇူလိုင် ၁၈ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အနီး တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က ဒီနေ့ ဇူလိုင် ၁၈ ရက် မနက် ၁၀ နာရီခန့်မှာ လေကြောင်းကနေ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။

ကျောက်မဲမြို့ ကြူရှောမြောက်ရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး၃လုံးကြဲချခဲ့တာလို့ မြို့ခံတဦးက အသိပေးပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ် လုံး ဗုံးစထိမှန်ခဲ့ရာမှာ တလုံးကတော့ လုံးဝပျက်စီးသွားသလို လူမမာအဘိုးအို တယောက် ဗုံးစထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ချိန်ဟာ ဒေသနေပြည်သူတွေ လဖက်ခူးထွက်နေတာကြောင့် လူထိခိုက်မှုနည်းသွားတာဖြစ်ပြီး မနေ့ ဇူလိုင် ၁၈ ဥပုသ်နေ့လိုသာဆိုရင် မတွေးရဲစရာပဲလို့ ဒေသနေပြည်သူတွေက ပြောပါတယ်။

 တိုက်ပွဲဖြစ်တာမရှိတဲ့ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ၂၄ ရက်နေ အခု ဇူလိုင် ၁၈ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ကြိမ်ထက်မနည်းပြလုပ်ခဲ့ပြီး ဒေသနေပြည်သူ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေရာမှာ ကျောက်မဲမြို့ဟာ လေကြောင်းတိုက်ခိုက်မှုအများဆုံးခံနေရတယ်လို့ သိရပါတယ်။ 

ဒါကြောင့် TNLA က သူတို့ထိန်းချုပ်ထားတဲ့ဒေသက ပြည်သူတွေ လေကြောင်းအန္တရာယ်သတိပြုကြဖို့ စစ်ရေးသတိရှိဖို့ သတိပေးနှိုးဆော်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကရင်နီမှာ နယ်မြေကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးခန်းတာဝန်ခံ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ် မှုကြောင့် သေဆုံး


 ဇူလိုင် ၁၈ရက်


ကရင်နီပြည်မှာ နယ်မြေကွင်းဆင်းပြီး ဒေသနေပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကရင်နီ နယ်လှည့် ကျန်းမာရေးကော်မတီက ဆေးခန်းတာဝန်ခံ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ - KnMHC က ဆေးခန်းတာဝန်ခံ တဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် Soe Reh ဟာ ဇူလိုင်လ ၁၄ ရက်နေ့က ကရင်နီပြည်သူတွေအတွက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက် နေချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဆေးခန်းတာဝန်ခံ Soe Reh ဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ KnMHC ရဲ့ တနှစ်တာ Medic ဆေးသင်တန်းမှာ တက်ရောက် အောင်မြင်ပြီးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ 

ဒေသနေပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက်ရင်း ကျဆုံးခဲ့ရတဲ့ Soe Reh ကို အာဇာနည်သူရဲကောင်းတဦးအဖြစ် အသိအမှတ်ပြုထားပြီး မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ 

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် နှစ်ကျော်ကာလအတွင်း CDM တွေ အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၃၃ ဦး သေဆုံးပြီး ၁၃၅ ဦး ဒဏ်ရာရခဲ့တယ်လို့ NUG မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ရေတာရှည်မြို့နယ်မှာ စစ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင် 


 ဇူလိုင် ၁၈ရက်


ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရွာသစ်ရွာ၏ အထိုင်စခန်းက စစ်သားတဦးက လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း ၉၀၁ က ထုတ်ပြန်ထားပါတယ်။

တပ်သား မင်းဟိန်းကျော်ဟာ ရွာသစ်ကျေးရွာ စစ်ကောင်စီအထိုင်စခန်းကနေ ဇွန်လ ရက်နေ့ မနက် နာရီခန့်မှာ ထွက်‌ပြေးလာခဲ့တာဖြစ်ပြီး MA1 တလက်၊ ကျည်ဘောက် ခု၊ ကျည် ၁၁၂ တောင့်နဲ့အတူ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားဟာ တာဝန်ထမ်းဆောင်ခဲ့တာ နှစ်ရှိပြီဖြစ်ပြီး ပဲခူးတိုင်း အင်းတကော်မြို့မှာရှိတဲ့ ၉၀၆ BE တပ်ကဖြစ်တယ်လို့၊ စစ်ဆင်ရေးနယ်မြေ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း ၉၀၁ က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတပ်သားသစ်များထပ်မံခေါ်ယူနေ


 ဇူလိုင် ၁၈ရက်


သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတပ်သားသစ်များထပ်မံခေါ်ယူနေတယ်လို့သိရပါတယ်။


"သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှလည်း တပ်သားသစ်များထပ်မံခေါ်ယူနေပါတယ်။တော်လှန်ရေး အဆုံးထိတိုင် ခရီးဆက်ကြမှာမို့ လူငယ်လူရွယ်များအနေဖြင့် တိုင်းပြည်တည်ဆောက်ရေး စစ်အာဏာရှင် အမြှစ်ပြတ်နိုင်စေရန် တော်လှန်ရေးတပ်တွေဆီမဖြစ်မနေ လာရောက်ကြဖို့လိုအပ်ပါတယ်"လို့ သုံးခွပကဖက အသိပေးဆိုထားပါတယ်။

သင်တန်းသားသစ်များအတွက် အခြေခံလိုအပ်ချက်များအနေဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ပြီး ကိုယ်၊ စိတ် ကျန်းမာရေး ကောင်းမွန်သူ၊အာဏာရှင်စနစ် ပြုတ်ကျသည်အထိ စစ်မှုထမ်းနိုင်ရမည်ဖြစ်ပြီး တပ်ဖွဲ့မှ ချမှတ်ထားသော ကျင့်ဝတ်၊ စည်းကမ်းများကို လိုက်နာနိုင်သူ၊ အဆင့်ဆင့်ကွပ်ကဲမှု သဘောတရားကို နားလည်လက်ခံနိုင်ပြီး အမိန့်နာခံတတ်သူ၊မိမိအပေါ် ပေးအပ်လာသော တာဝန်နှင့်ဝတ္တရားများကို အချိန်မရွေး၊ နေရာဒေသမရွေး ကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ ဖော်ပြပါရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နဲ့သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment