၂၀၂၅ ဇူလိုင်လ ၂၉ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ "အမျိုးသားညီညွတ်ရေးအစိုးရကို ပြုပြင်ပြောင်းလဲဖို့ ကဏ္ဍာအလိုက် ပညာရှင်တွေရဲ့အကြံဥာဏ်ကို ရယူစုဆောင်းလျက်ရှိ"

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ လကျော်အတွင်းမှာ (WFP) ဦးဆောင်တဲ့ ထောက်ပံ့ပို့ဆောင်ရေးအစုအဖွဲ့မှ မက်ထရစ်တန် (၁၂၀ )ကို မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေအနှံ့ ပို့ဆောင်ပေးနိုင်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ (၃၇) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီ၏အဖွဲ့ချုပ်မှ ကျင်းပမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ (၃၇)နှစ်မြောက် ၈လေးလုံး အောက်မေ့ဖွယ် အခမ်းအနားနှင့် အာဏာရှင်အမြစ်ဖြုတ်ရေး ဆန္ဒထုတ်ဖေါ်ပွဲကို ယူကေရှိစစ်ကောင်စီသံရုံးရှေ့ကျင်းပမည်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩⁨⁨ မူးမြို့နယ်တွင် ကျေးရွာများတွင်းသို့ လက်နက်ကြီး စုစုပေါင်း(၂၇၄)လုံး ပစ်ခတ်ခဲ့ပြီး လေကြောင်းဖြင့် ဗုံး()လုံး ကြဲချခဲ့

🚩၂။ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ပေါင် (၅၀၀)ဗုံး ()လုံးနှင့် ပေါင်(၂၅၀)ဗုံး ()လုံးလာရောက်ကြဲချမှုကြေုင့်အရပ်သား ()ဦးသေဆုံး၊ ()ဦး ထိခိုက်ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ "အမျိုးသားညီညွတ်ရေးအစိုးရကို ပြုပြင်ပြောင်းလဲဖို့ ကဏ္ဍာအလိုက် ပညာရှင်တွေရဲ့အကြံဥာဏ်ကို ရယူစုဆောင်းလျက်ရှိ"


ဇူလိုင် ၂၉ရက်



"အမျိုးသားညီညွတ်ရေးအစိုးရကို ပြုပြင်ပြောင်းလဲဖို့ ကဏ္ဍာအလိုက် ပညာရှင်တွေရဲ့အကြံဥာဏ်ကိုရယူစုဆောင်းလျက်ရှိ"တယ်လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။


ဇူလိုင် ၂၉ရက်နေ့ ဒီကနေ့မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုး၏ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေဖို့နဲ့ ကိုယ်စားပြုပါဝင်မှု ပိုမိုမြင့်တက်စေဖို့အတွက် ယခုထက်ပိုမိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ရေးကိုလည်း လေ့လာဆန်းစစ်သုံးသပ်လျက်ရှိသလို ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူစုဆောင်းလျက်ရှိနေပါတယ်။ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်မှုတွေကို ထူးခြားမှုရှိရင်ရှိသလို ပြည်သူလူထုထံ အသိပေးတင်ပြသွားမှာဖြစ်ပါတယ်"လို့ပြောပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရကို အပြုသဘောဝေဖန်ထောက်ပြသူတွေကိုလည်း ကျေးဇူးတင်ရှိပြီး ပြောင်းလဲနေတဲ့ အခြေအနေအချိန်အခါနဲ့ ကိုက်ညီသော ပြည်ထောင်စုအစိုးရတရပ်အဖြစ် မိမိကိုယ်ကို လေ့လာသုံးသပ်ဖို့နဲ့၊ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ကို နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်အပါအဝင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေ အားလုံးအနေနဲ့ နားလည်သဘောပေါက်ထားတယ်လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ လကျော်အတွင်းမှာ (WFP) ဦးဆောင်တဲ့ ထောက်ပံ့ပို့ဆောင်ရေးအစုအဖွဲ့မှ မက်ထရစ်တန် (၁၂၀ )ကို မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေအနှံ့ ပို့ဆောင်ပေးနိုင်ခဲ့


ဇူလိုင်၂၉ရက်


()လကျော်အတွင်းမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ဦးဆောင်တဲ့ ထောက်ပံ့ပို့ဆောင်ရေးအစုအဖွဲ့မှ အရေးပေါ်ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်း စုစုပေါင်း မက်ထရစ်တန်(၁၂၀)ကို မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေအနှံ့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဧပြီလကနေ ဇွန်လအထိ လကျော်အတွင်းမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ဦးဆောင်တဲ့ ထောက်ပံ့ပို့ဆောင်ရေးအစုအဖွဲ့ ကတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုမိတ်ဖက်အဖွဲ့တွေဟာ အရေးပေါ်ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်း စုစုပေါင်း မက်ထရစ်တန်(၁၂၀ )ကို မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေအနှံ့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး အဖွဲ့အစည်း (၄၅) ခုနဲ့ ချိတ်ဆက်ပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။


ဒီထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းဟာ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်တို့မှာ လည်ပတ်ခဲ့ကာကယ်ဆယ်ရေးပစ္စည်းတွေကို အလွယ်တကူ လက်လှမ်းမီစေဖို့ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးတို့မှာ အခမဲ့မျှဝေအသုံးပြုနိုင်တဲ့ သိုလှောင်ရုံတွေကိုလည်း တည်ထောင်ထားပြီးဖြစ်တယ်လို့ ဖော်ပြပါတယ်။


လက်ရှိအချိန်ထိ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ်အတွက် လိုအပ်သောရန်ပုံငွေ၏ ၁၂ ရာခိုင်နှုန်းသာ ရရှိထားပြီး ငလျင်အတွက် နောက်ဆက်တွဲ ရန်ပုံငွေတောင်းခံလွှာအတွက် ၃၆ ဒသမ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့လည်း UN OCHA Myanmar ကထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ (၃၇) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီ၏အဖွဲ့ချုပ်မှ ကျင်းပမည်


ဇူလိုင်၂၉ရက်


၃၇ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လာမည့်ဩဂုတ်လ () ရက်နေ့တွင်ကျရောက်မည့် (၃၇ )နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို Zoom မှတဆင့် ကျင်းပမယ်လို့သိရပါတယ်။


 ထိုသို့ကျင်းပရာတွင် အခမ်းအနားအစီအစဉ် (၁၀)ရပ်ဖြင့် ကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ (၃၇)နှစ်မြောက် ၈လေးလုံး အောက်မေ့ဖွယ် အခမ်းအနားနှင့် အာဏာရှင်အမြစ်ဖြုတ်ရေး ဆန္ဒထုတ်ဖေါ်ပွဲကို ယူကေရှိစစ်ကောင်စီသံရုံးရှေ့ကျင်းပမည်


ဇူလိုင်၂၉ရက်


(၃၇)နှစ်မြောက် ၈လေးလုံး အောက်မေ့ဖွယ် အခမ်းအနားနှင့် အာဏာရှင်အမြစ်ဖြုတ်ရေး ဆန္ဒထုတ်ဖေါ်ပွဲကို ယူကေရှိ စစ်ကောင်စီသံရုံးရှေ့တွင် ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။

 ဆန္ဒထုတ်ဖေါ်ပွဲကို လာမည့် ဩဂုတ်စ်လ ၈ရက်နေ့ သောကြာနေ့တွင်  အင်္ဂလန် လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့တွင် တော်လှန်ရေးအင်အားစုများမှ နံနက်( ၁၀:၃၀ မှ ၁၁:၃၀ )ထိ ကျင်းပသွားမယ်လို့ Myanmar Unity Movement ကအသိပေးဆိုထားပါတယ်။


"ကျွန်ုပ်တို့အနေဖြင့် စစ်ကောင်စီသံရုံးရှေ့တွင် အာဏာရှင်မောင်းထုတ်ရေး ဟစ်ကြွေးဆန္ဒပြခြင်းနှင့်အတူ တော်လှန်ရေးစိတ်ဓါတ်ခွန်အားများ ခိုင်မာမှုအပြည့်အဝပိုမိုရှိစေဖို့ရန်အတွက်၊ အကျဉ်းချခံနေရသော အမေစုကို သတိရတန်ဖိုးထားလျက်  မြန်မာတပြည်လုံးလွတ်မြောက်ရန်အတွက် ကျွန်ုပ်တို့အနေဖြင့် ပေါင်းစည်းနိူင်သလောက်ပြုလုပ်ခြင်း အစီအစဉ်အား အသိပေးအပ်တယ်"လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩⁨⁨ မူးမြို့နယ်တွင် ကျေးရွာများတွင်းသို့ လက်နက်ကြီး စုစုပေါင်း(၂၇၄)လုံး ပစ်ခတ်ခဲ့ပြီး လေကြောင်းဖြင့် ဗုံး()လုံး ကြဲချခဲ့


ဇူလိုင်၂၉ရက်


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ဇူလိုင်လ(၂၅)ရက်နေ့ တစ်ရက်တည်းမှာပင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာများတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး စုစုပေါင်း(၂၇၄)လုံး ပစ်ခတ်ခဲ့ပြီး လေကြောင်းဖြင့်ဗုံး()လုံး ကြဲချခဲ့ပါတယ်။


 ထို့အပြင် ဇူလိုင်လ (၂၇) ရက်နေ့တွင်လည်း အပြစ်မဲ့ဒေသခံပြည်သူ()ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ (KNU)ဗဟိုကဖော်ပြပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၅ ခုနှစ်၊ဇူလိုင်လ(၂၅)ရက်နေ့၌  လက်နက်ကြီးအလုံးရေ စုစုပေါင်း (၂၇၄) လုံးအား အညာစုကျေးရွာတွင် (၆၂)လုံး၊ ရင်းတိုက်ကုန်းကျေးရွာနှင့် နောင်ကုန်းကျေးရွာကြားတွင် (၅၂)လုံး၊ ရေလဲကရင်/ ရေလဲဗမာကျေးရွာတွင် (၂၁)လုံး၊ တောင်စုအရှေ့/အနောက်ကျေးရွာတွင် (၃၁)လုံး၊ မရမ်းစိန်းလေးကျေးရွာနှင့် နိုတောတာကျေးရွာကြားတွင် (၂၈)လုံး၊ လည်ပတ်ကျေးရွာတွင် (၃၂)လုံး၊ ကကြီးဆိပ်ကျေးရွာနှင့် ဒုံးတိုကျေးရွာကြားတွင် (၁၈)လုံး၊ ကရင်/ဗမာ မျက်ရဲကျေးရွာကြားတွင် ()လုံး၊ ငထွေစုတ်ကျေးရွာတွင် (၂၂)လုံး ပစ်ခတ်ခဲ့ပါတယ်။


ထို့ပြင်လေယာဉ်ဖြင့် အုန်းပင်စုကျေးရွာနှင့် ရင်တွင်းကုန်းကျေးရွာကြားတွင် ()လုံး လည်ပကျေးရွာတွင် ()လုံး၊ ငနွားဆိပ်ကျေးရွာနှင့် အညာစုကျေးရွာကြားတွင် ()လုံး စုစုပေါင်း()လုံး ကြဲချပစ်ခတ်ခဲ့ပါတယ်။


ထို့ပြင် ၂၀၂၅ ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခလရ-၆၀မှ ပြည်သူ့စစ်တစ်ဦးသည် ရှမ်းချောင်းကျေးရွာမှ ကိုတင်ကို သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။


========================


🚩🚩၂။ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ပေါင် (၅၀၀)ဗုံး ()လုံးနှင့် ပေါင်(၂၅၀)ဗုံး ()လုံးလာရောက်ကြဲချမှုကြေုင့်အရပ်သား ()ဦးသေဆုံး၊ ()ဦး ထိခိုက်ဒဏ်ရာရ


ဇူလိုင်လ ၂၉ရက်


တအာင်းပြည်၊ မိုးကုတ်မြို့ အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ()ဦးသေဆုံးခဲ့ပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။

ယနေ့ နံနက်ပိုင်းအချိန်၌ စစ်ကောင်စီတပ်သည် မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်၊ ရွှေဘုန်သာရပ်ကွက်နှင့် BOC ကားကြီးကွင်းအနီးတို့တွင် လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ()လုံးနှင့် ပေါင်(၂၅၀)ဗုံး ()လုံးအပါအဝင် စုစု‌ပေါင်း ဗုံး ()လုံး  လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူလူထု ()ဦးသေဆုံးခဲ့ပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၈)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့TNLAကအတည်ပြုထားပါတယ်။


စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် မိုးကုတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ()ရက်နေ့တွင် ()ကြိမ်၊ ဇူလိုင်လ ()ရက်နေ့တွင် ()ကြိမ်၊ဇူလိုင်လ (၁၁)ရက်နေ့တွင် ()ကြိမ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင် ()ကြိမ်တို့ဖြင့် ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများတည်ရှိရာကို ဦးတည်ပြီးဗုံးလာရောက်ကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ()ဦးနှင့် အမျိုးသား ()ဦး သေဆုံးသွားခဲ့ပြီး ပြည်သူလူထု (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းအပြင် ပြည်သူလူထု၏နေအိမ်(၂၄)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment