၂၀၂၅ ဇူလိုင်လ ၁၆ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇူလိုင်လ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး ကမ်ပိန်း စတင်

📌 ၂။ ဖာသာဒေါ်နယ်မာတင်အား သတ်ဖြတ်ခဲ့သူ ၈ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်ချမှတ်ခဲ့ပြီး လှတောကျေးရွာတွင် လူသေဆုံးမှုဖြစ်ပေါ်ခဲ့သည့် ဓားပြတိုက်မှု ပါဝင်သူများကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေကြောင်း ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ ပြောကြား

📌 ၃။ ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Earth Environmental Protection Technology စက္ကူအိတ်ထုတ်စက်ရုံမှ အလုပ်သမားခေါင်းဆောင်များအား အလုပ်ထုတ်လိုက်သဖြင့် ဆာဝါဒီကန်ရုံးတွင် အမှုဖွင့် တိုင်ကြားပေးခဲ့

📌 ၄။ ဒီမော့ဆို အနောက်ခြမ်းက ကျေးရွာတစ်ခုမှာ တော်လှန်ရေး တပ်ဖွဲ့များ လုထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့

📌 ၅။ ချင်းအမျိုးသားတက္ကသိုလ်အတွက် လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးများ လျှောက်လွှာခေါ်ယူ

📌 ၆။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် မြန်မာကွန်မြူနတီ စုပေါင်းစျေးရောင်းပွဲနှင့် ရန်ပုံငွေရှာဖွေပွဲတော် ကျင်းပမည်

📌 ၇။ Weekly Super 4ကို ပြည်သူလူထုထံ တရားဝင် မိတ်ဆက်ခြင်း Official Launch တိုက်ရိုက် ထုတ်လွှင့်ကျင်းပမည်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ဖားကန့်မှာ စစ်ကောင်စီ တပ်သားများကို တိုက်လေယာဉ်က မှားယွင်းဗုံးကြဲမိပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်

🚩၂။ နတ်အိမ်တောင် စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ခွဲမှူး တစ်ဦး အပါအဝင် ဦး သေဆုံး

🚩၃။ တောင်ဒဂုံ (၇၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ လက်ပါးစေ ပျူများအား လက်လုပ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့

🚩၄။ ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းရွာအနီးက SNA ကင်းစခန်းကို တိုက်ခိုက်ရာ SNA ၃ဦး သေဆုံး

🚩၅။ ကျောက်ကြီးမှာ နယ်မြေလုံခြုံရေး ကင်းပတ်နေရင်း တိုက်ပွဲအတွင်း ပိတ်မိနေခဲ့တဲ့ စစ်ကောင်စီ တပ်သားတစ်ဦး အား ဖမ်းဆီးရမိ

🚩၆။ မိုင်းငေါမြို့နယ်၊ မန်ပင့်တံတားတွင် စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူလူထု ()ဦး သေဆုံးခဲ့ပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိ

🚩၇။ အမ်း-ပဒါန်း စစ်မြေပြင်တွင် စစ်ကောင်စီတပ်သား ၂ဦး အာရက္ခတပ်တော်ထံ ခိုလှုံ

🚩၈။ နောင်ချိုမြို့နယ် ရှေ့တန်းမှ စစ်မှုထမ်းတပ်သားသစ် ဦး အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး ကမ်ပိန်း စတင်


ဇူလိုင်လ ၁‌၅ ရက်

Radio NUG 


ရည်မှန်းချက် အမေရိကန်ဒေါ်လာ () သိန်းသတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး ကမ်ပိန်းကို ဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိ ကမ်ပိန်းကာလ သတ်မှတ်ထားကြောင်း NUG ပညာရေးဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။


စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများကို အကြမ်းဖက်စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခြင်းများ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဆရာများ၊ ကျောင်းသားများ၊ ကလေးသူငယ်များ သေဆုံးထိခိုက်ခဲ့ရပြီး မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကာကွယ်ရေးအစီအမံများရှိသည့် ကျောင်းများတွင် ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့်  ရရှိနိုင်စေရန်အတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး ကမ်ပိန်းတွင် ပါဝင်လှုဒါန်းကူညီပံ့ပိုးပေးကြပါရန် ဖိတ်ခေါ်အပ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။


========================


📌📌 ၂။ ဖာသာဒေါ်နယ်မာတင်အား သတ်ဖြတ်ခဲ့သူ ၈ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်ချမှတ်ခဲ့ပြီး လှတောကျေးရွာတွင် လူသေဆုံးမှုဖြစ်ပေါ်ခဲ့သည့် ဓားပြတိုက်မှု ပါဝင်သူများကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေကြောင်း ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ ပြောကြား


ဇူလိုင်လ ၁၅ရက် 

Radio NUG 


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာရှိ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းမှ ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်မှုနှင့်ပတ်သက်၍ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တိုက်ကော () ဝင်းဇော်ဦးအပါအဝင် လူ ဦးကို ပုဒ်မ ၃၀၂()အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်ချမှတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက People's Spring ကို ပြောကြားထားပါတယ်။


ထိုဖြစ်စဉ်သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ တရားခံများကို ရွှေဘိုခရိုင် တပ်ရင်း()က ထိုနေ့တွင်ပင် ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ကနဦးစုံစမ်းစစ်ဆေးမှုတွင် သံသယတရားခံ ၁၀ ဦးကို ဖမ်းဆီးခဲ့သော်လည်း၊ နောက်ဆုံးတွင် ဦးကိုသာ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


ထို့အတူ၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာတွင် လူသေဆုံးမှုဖြစ်ပေါ်ခဲ့သည့် ဓားပြတိုက်မှုတစ်ခုနှင့်ပတ်သက်၍ ပါဝင်သူများကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေတယ်လို့လည်း အတည်ပြုထားပါတယ်။


ဇူလိုင် ၁၂ ရက်နေ့ ၁၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပါဝင်သည့် ၁၁ ဦးပါ အဖွဲ့တစ်ဖွဲ့သည် လှတောကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး အိမ်ရှင်အမျိုးသားတစ်ဦးမှာ ဓားထိုးဒဏ်ရာများဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ဖမ်းဆီးခံရသူများထဲတွင် လှတောရွာမှ အမျိုးသမီး နှစ်ဦး၊ အရာတော်မြို့မှ တပ်ဖွဲ့ဝင် နှစ်ဦး၊ ကျီးကန်ရွာမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦး၊ သခွတ္တောကျေးရွာမှ တာဝန်ခံဟောင်း နှစ်ဦးနှင့် လက်ရှိတာဝန်ခံ တစ်ဦး၊ ရေထွက်ရွာမှ တစ်ဦးတို့ ပါဝင်ပြီး၊ ၎င်းတို့ကို ဇူလိုင် ၁၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါတယ်။


ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က တရားခံများကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ကနဦးအမှုဖွင့်စစ်ဆေးမှုများ ဆောင်ရွက်နေကာ နောက်ဆက်တွဲအနေဖြင့် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်ဆွေက ပြောကြားထားပါတယ်။


========================


📌📌 ၃။ ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Earth Environmental Protection Technology စက္ကူအိတ်ထုတ်စက်ရုံမှ အလုပ်သမားခေါင်းဆောင်များအား အလုပ်ထုတ်လိုက်သဖြင့် ဆာဝါဒီကန်ရုံးတွင် အမှုဖွင့် တိုင်ကြားပေးခဲ့


ဇူလိုင်လ ၁၅ရက် 

Radio NUG 


ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Earth Environmentai Protection Technology စက္ကူအိတ်ထုတ်စက်ရုံမှ အလုပ်သမားများအား အလုပ်ဆင်းရက်မမှန်ခြင်း၊ လစာမမှန်ခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ခိုင်းစေခြင်း စသည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရခြင်းတို့ကြောင့် အလုပ်သမားများမှ စက်ရုံတာဝန်ရှိသူထံ အလုပ်ပုံမှန်ဆင်းခွင့်ပြုရန်နှင့် လစာပုံမှန်ပေးရန် တောင်းဆိုခဲ့ရာ ဦးဆောင်တောင်းဆိုသည့် အလုပ်သမားခေါင်းဆောင်များအား အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိပါတယ်။


ထို့ကြောင့် ဖိနှိပ်ခံရသည့် အလုပ်သမားများမှ MHAC မဟာမိတ်အဖွဲ့သို့ တိုင်ကြားလာရာ အမျိုး သားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် MHAC မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များသည် (3.7.2025) ရက်နေ့တွင် အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးကာ  လိုအပ်သည်များ မှာကြားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် MHAC မဟာမိတ်အဖွဲ့တို့ ပူပေါင်းကာ (7.7.2025) ရက်နေ့တွင် နခွန်ပထုန်ခရိုင် ဆာဝါဒီကန်ရုံး တွင် တိုင်ကြားပေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ပေးမည်ဟုပြောကြားခဲ့ပြီး၊ စက်ရုံဘက်မှလည်း လုပ်အားခများကို လစာထုတ်ရက်တွင်ပုံမှန်ပေးမည်ဟု ညှိနှိုင်းလာသဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမား ဦးအတွက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ဒီမော့ဆို အနောက်ခြမ်းက ကျေးရွာတစ်ခုမှာ တော်လှန်ရေး တပ်ဖွဲ့များ လုထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့


ဇူလိုင်လ ၁၅ ရက်၊ 

Radio NUG


ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ် အနောက်ခြမ်း ကျေးရွာတစ်ခုမှာ ပြည်သူလူထုနှင့် တော်လှန်‌ရေး ရဲတပ်ဖွဲ့များ တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ Karenni People Voice က ဖော်ပြထားပါတယ်။


ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါတွေ့ဆုံပွဲကို KNDF DMO Local PDF PDF ကလလတ KA စတဲ့ နယ်မြေခံ တော်လှန်ရေး တပ်ဖွဲ့တွေ တက်ရောက်ခဲ့ကြပြီး ကျေးရွာအုပ်ချုပ်ရေးနှင့် ရွာသူရွာသား ၇၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။


တွေ့ဆုံပွဲမှာ ကျေးရွာလုံခြုံရေးနဲ့ ကျေးရွာ စည်းကမ်းတွေကို ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် တောင်းဆိုချက်များ၊ အကြံပေးချက်များ၊ အားပေးစကားများ ပြောကြားခဲ့ကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ လူထု တွေ့ဆုံပွဲကို ကျေးရွာအတွင်း ၂၀၂၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ပြုလုပ်လာခဲ့ပြီး တတိယ အကြိမ်ထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ချင်းအမျိုးသားတက္ကသိုလ်အတွက် လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးများ လျှောက်လွှာခေါ်ယူ


ဇူလိုင်လ ၁၅ရက် 

Radio NUG 


ချင်းအမျိုးသားတက္ကသိုလ် (The Chin National University-CNU) တွင် လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးများ လစ်လပ်လျက်ရှိတာကြောင့် မြေပြင်တွင် တာဝန်ထမ်းဆောင်နိုင်သည့် ဘွဲ့ကြို/ဘွဲ့လွန်လက်မှတ် ရသူများ၊ လက်ထောက်ကထိကရာထူး၊ ပါရဂူဘွဲ့ရများ၊ ကထိကရာထူး၊ တက္ကသိုလ်/ကောလိပ်/သိပ္ပံတခုခု (သို့မဟုတ်) အစိုးရဌာနတစ်ခုခုတွင် တာဝန်ထမ်းဆောင်ဖူးသောသူများသည် မူလရာထူးထက်မနိမ့်သော ရာထူးများသို့ လျှောက်ထားနိုင်ကြောင်း ချင်းပြည် (Chinland) အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


 လျှောက်ထားနိုင်သူများမှာ

၁။  အင်္ဂလိပ်စာအထူးပြုဘွဲ့

၂။  ဆေးပညာဘွဲ့

၃။  သူနာပြုဘွဲ့

၄။  Philosophy, Law, History, Political Science, Geography, Psychology, Economics  အထူးပြု ဘွဲ့များ

၅။  ပညာရေးဘွဲ့

၆။  အင်ဂျင်နီယာဘွဲ့

၇။ Mathematics, Physics, Chemistry, Botany, Zoology, Geology အထူးပြုဘွဲ့များ 

၈။ စိုက်ပျိုးရေးဘွဲ့

၉။ သစ်တောဘွဲ့

၁၀။  တိရစ္ဆာန်ဆေးပညာဘွဲ့

၁၁။ ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိသူများ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ဝင်ခွင့်လျှောက်လွှာများကို (၃၀..၂၀၂၅) ရက်နေ့ နောက်ဆုံးထားပြီး လိုအပ်သော ပညာအရည်အချင်း လက်မှတ်အထောက်အထားမိတ္တူများ၊ CV ဝန်ထမ်းဖြစ်ပါက ရာထူးအထောက်အထားမိတ္တူများကို ပူးတွဲ၍  moe.goc@chinlandcouncil.org သို့ လျှောက်ထားရမှာဖြစ်ပြီး ပဏာမရွေးချယ်ခံရသူများကိုသာ လူတွေ့စစ်ဆေးမည့် အချိန်ကို ပြန်လည်အကြောင်းကြားပေးမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၆။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် မြန်မာကွန်မြူနတီ စုပေါင်းစျေးရောင်းပွဲနှင့် ရန်ပုံငွေရှာဖွေပွဲတော် ကျင်းပမည်


ဇူလိုင်လ ၁၅ရက် 

Radio NUG 


ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် နှစ်စဉ်ပြုလုပ်နေကြ ဖြစ်သော မြန်မာကွန်မြူနတီ - စုပေါင်းစျေးရောင်းပွဲနှင့် ရန်ပုံငွေရှာဖွေပွဲတော် ( Burmese Food Fair & Picnic )ကို ဇူလိုင်လ ၂၆ ရက် ( စနေ နေ့ ) တွင် တိုရွန်တို မြို့ လယ် ရှိ Earl Bales Park ( Sheppard Ave W & Bathurst St )မှာစုပေါင်း ကျင်းပမယ်လို့သိရပါတယ်။


မြန်မာကွန်မြူ နတီ တွေ့ဆုံပွဲတွင် မြန်မာအစားအစာများ, တိုင်းရင်းသား အစားအစာများအပြင် , မြန်မာပြည်မှ ကုန်ခြောက် ပစ္စည်များနှင့် အ၀တ်အထည်များ ,လက်ဆောင်ပစ္စည်းများကိုပါ ရောင်းချပေးကြမယ်လို့သိရပါတယ်။


"ပြည်ပရောက် မြန်မာအနွယ်ဖွါးများ တပျော်တပါး မိတ်သဟာယဖွဲ့  မိတ်ဆုံစားကြရင်း အမိမြန်မာပြည်အတွက် အထူး အရေးပေါ် လိုအပ်နေသော နေရာ များသို့လည်း ရန်ပုံငွေ ထောက်ပံ့ လှူဒါန်းနိုင်ရန် ဤသို့ စီစဉ်ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း"ပွဲ စီစဉ်သူ တစ်ဦးမှ 

ပြောပါတယ်။


ထိုပွဲကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့ နှင့် အနီးပတ်၀န်းကျင်မြို့များဖြစ်ကြသော , Buffalo-USA- NY , Montreal , Ottawa , London , Sarnia အစရှိသည့် မြို့ များမှ မိတ်ဟောင်း မိတ်သစ်များလည်း လာရောက် ပါ၀င်ကြမယ်လို့ MEF Canadaက ပြောပါတယ်။


MEF Canada သည် နွေဦးတော်လှန်ရေး စတင်စဉ်ကတည်းက အမိမြန်မာနိုင်ငံအတွက် လိုအပ်သည့် နေရာများကို ကူညီပံ့ပိုးနိုင်ရန် NUG - MOFPI  နှင့် CRHP-OFP စသည့် အဖွဲ့ အစည်းများအပြင် အခြား ပြည်တွင်း/ ပြည်ပ အဖွဲ့ အစည်းများနှင့်ပါ တိုက်ရိုက် ချိတ်ဆက်ကူညီပေးလျက်ရှိပါတယ်။


========================


📌📌 ၇။ Weekly Super 4ကို ပြည်သူလူထုထံ တရားဝင် မိတ်ဆက်ခြင်း Official Launch တိုက်ရိုက် ထုတ်လွှင့်ကျင်းပမည်


ဇူလိုင်လ ၁၅ရက် 

Radio NUG 


နွေဦးထီ Version 2 မှ ထုတ်ကုန်သစ် Weekly Super 4ကို ပြည်သူလူထုထံ ဝန်ဆောင်မှုပေးနိုင်ရန် တရားဝင် မိတ်ဆက်ခြင်း Official Launch အား ဇူလိုင်လ (၁၈) ရက်နေ့၊ ညနေ :၃၀ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်ခြင်း LIVE ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်ထီအဖြစ် CDM နိုင်ငံ့ဝန်ထမ်းများအား လစဉ် ဂုဏ်ပြုပေးနေသည့် နွေဦးထီ Version 2 မှ ထုတ်ကုန်သစ် Weekly Super 4 အပတ်စဉ်ထီကို တစ်စောင် ၁၀၀၀ ကျပ်ဖြင့် ၂၀၂၅ ခုနှစ် မေလ () ရက်နေ့မှာ စတင်၍ ပြည်သူ့ဘဏ္ဍာကို အပတ်စဉ် ပံ့ပိုးနိုင်ရန် Pilot ကာလ စီစဉ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ယခုအခါ Weekly Super 4 အပတ်စဉ် (၁ဝ) ကြိမ်မြောက် အထိ ကောင်းမွန်စွာ လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ ဖားကန့်မှာ စစ်ကောင်စီ တပ်သားများကို တိုက်လေယာဉ်က မှားယွင်းဗုံးကြဲမိပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်


ဇူလိုင်လ ၁၅ ရက်၊ 

Radio NUG


ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ KIA, KPDF ပူးပေါင်းတပ်တို့ကြား အနီးကပ်တိုက်ပွဲ ဖြစ်ပွားနေစဉ် စစ်ကောင်စီ တိုက်လေယာဉ်က မှားယွင်းဗုံးကြဲမိပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားခဲ့တယ်လို့ People Spring က ဖော်ပြထားပါတယ်။


ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က မော်မောင်းလျှံကျေးရွာ၊ ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်ကို လေကြောင်း တိုက်ခိုက်ခဲ့ရာမှာ ၎င်းတို့အချင်းချင်း မှားယွင်းဗုံးကြဲမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


မှားယွင်းဗုံးကြဲခဲ့တဲ့အပြင် စက်သေနတ်ဖြင့်ပါ သုံးပတ် ပစ်သွားတယ်လို့ လေကြောင်းတိုက်ခိုက်မှုကို မြင်တွေ့ခဲ့သူများက ပြောပါတယ်။


စစ်ကောင်စီတပ်က ဖားကန့် ဗျူဟာကုန်းအတွက် စစ်ရေးအရ အရေးပါတဲ့ လမောင်းကုန်းနဲ့ မော်မောင်းကုန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေပြီး KIA, KPDF က မှော်မောင်းလျှံ၊ မော်ဝမ်းလေး နဲ့ အမှိုက်ပုံ ကျေးရွာတို့ကနေ ကြားဖြတ် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


မြေပြင်တိုက်ပွဲမှာ စစ်ကောင်စီ တပ်က ထိခိုက်သေဆုံးမှု များပြားနေပြီး ဇူလိုင်လ ၁၃ ရက်နေ့ ညနေ နာရီ ၃၅ မိနစ် ခန့်မှာလည်း အမှိုက်ပုံနဲ့ မှော်မောင်းကုန်းကို လေကြောင်းကနေ ဗုံးကြဲခဲ့သေးတယ်လို့ သိရပါတယ်။


========================


🚩🚩၂။ နတ်အိမ်တောင် စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ခွဲမှူး တစ်ဦး အပါအဝင် ဦး သေဆုံး


ဇူလိုင်လ ၁၅ ရက်၊ 

Radio NUG


ထိုင်း-မြန်မာ နယ်စပ်၊ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ နတ်အိမ်တောင် စခန်းကို စစ်ကူတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ခဲ့ရာ တပ်ခွဲမှူး အပါအဝင် ဦး သေဆုံးခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ KNLA တပ်မဟာ () တပ်မဟာ () နဲ့ အထူးဗျူဟာ () ပူးပေါင်းတပ်များက နတ်အိမ်တောင် ဒေသကို စစ်ကြောင်းထိုးလာတဲ့၊ ကလိန်အောင် တပ်နယ်မှ တပ်ရင်း ရင်း ပူးပေါင်းထားတဲ့ စစ်ကြောင်းကို လိုက်လံတိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ခွဲမှူး ဗိုလ်မှူးအောင်ကိုဟိန်း အပါအဝင် ဦး သေဆုံးခဲ့ကာ စစ်ကောင်စီတပ်သား ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား ဦးအနက် ဦးဟာ တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့ရာ ကိုင်ဆောင်ထားတဲ့ လက်နက်ကို စစ်ကောင်စီ တပ်သားများ အဓမ္မ ပြန်သိမ်းသွားခဲ့ပြီး ဒဏ်ရာများဖြင့် စွန့်ပစ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ကျနော်တို့ ရဲဘော်တွေ အသက်ကို သူတို့ တန်ဖိုးမထားပါဘူး၊ ကိုယ်တွေ့ပါပဲ၊ တိုက်ပွဲမှာ ဒဏ်ရာရရင် ကိုယ့်ရဲဘော်ပဲဆိုပီး ပြန်သယ်မယ် ဆေးကုပေးမယ်လို့တော့ လုံးဝ မမျှော်လင့်ပါနဲ့၊ ကျနော့်လိုပဲ စွန့်ပစ်ခံရမှာပါပဲ၊ အခွင့်သာတာနဲ့ တော်လှန်ရေးအဖွဲ့တွေ ပြည်သူတွေဆီကို ထွက်ပြေး၊ အလင်းဝင်ကြတာ အကောင်းဆုံးပါပဲလို့ ၎င်း ရဲဘော်က ကျန်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေထံ သတင်းစကား ပါးခဲ့ပါတယ်။


၎င်းစစ်ကောင်စီ တပ်သားကို KNLA နဲ့ ပူးပေါင်းတပ်များက ဆေးကုသမှု ပေးနိုင်ရန် လူသားချင်း စာနာမှုဖြင့် မိုင်ပေါင်းများစွာ ထမ်းယူခဲ့ရပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကာ စစ်သုံ့ပန်း ကျင့်ဝတ်များနှင့်အညီ ထိန်းသိမ်းထားတယ်လို့ သိရှိရပါတယ်။


========================


🚩🚩၃။ တောင်ဒဂုံ (၇၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ လက်ပါးစေ ပျူများအား လက်လုပ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့


ဇူလိုင်လ ၁၅ ရက်၊ 

Radio NUG


ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် (၇၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် လက်ပါးစေ ပျူစောထီးများအား လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၁၄ ရက်နေ့ ၁၀ နာရီခန့်မှာ မြို့ပြကြွက် ကွန်ယက်အတွင်းရှိ UG ရဲဘော်များက လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တာဖြစ်ပြီး ပျူစောထီး ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် ပျူစောထီးများ စီးနင်းလာတဲ့ ဆိုင်ကယ် စီးလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲ အထမြောက်စေဖို့နှင့် အများပြည်သူကို မတရား စစ်သားစုဆောင်းပြီး ရှေ့တန်းမှာ လူသားတံတိုင်းအဖြစ် ခုတုံးလုပ် အသုံးချနေမှုများကို မြို့ပြကြွက် UG Network က အပြင်းအထန် ဆန့်ကျင်ရှုတ်ချထားပြီး ရန်သူအဖြစ် အချိန်မရွေး တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩၄။ ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းရွာအနီးက SNA ကင်းစခန်းကို တိုက်ခိုက်ရာ SNA ၃ဦး သေဆုံး


ဇူလိုင်လ ၁၅ရက် 

Radio NUG 


ဇူလိုင်လ ၁၄ ရက်တွင် ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းကျေးရွာအနီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ နယ်မြေချဲ့ထွင် အထိုင်ချကာ ကင်းစခန်းတည်ထားခြင်းကြောင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း ကသာခရိုင်အမှတ် () တပ်ရင်း (K-4) မှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲအတွင်း ရန်သူဘက်မှ () ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ လက်နက်ငယ် G3 တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


တော်လှန်ရေးရဲဘော် () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရဲဘော် () ဦးမှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၅။ ကျောက်ကြီးမှာ နယ်မြေလုံခြုံရေး ကင်းပတ်နေရင်း တိုက်ပွဲအတွင်း ပိတ်မိနေခဲ့တဲ့ စစ်ကောင်စီ တပ်သားတစ်ဦး အား ဖမ်းဆီးရမိ


ဇူလိုင်လ ၁၅ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ကျောက်ကြီး မြိုနယ်မှာ နယ်မြေလုံခြုံရေး ကင်းပတ်နေစဉ် တိုက်ပွဲအတွင်း ပိတ်မိနေခဲ့တဲ့ စစ်ကောင်စီ တပ်သား တစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Spring Warrior Column က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၆ ရက်နေ့က စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်က စစ်ကောင်စီ တပ်စခန်းများကို KNLA နဲ့ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


တိုက်ပွဲအပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာ နယ်မြေလုံခြုံရေးအတွက် ကင်းပတ်နေစဉ် တိုက်ပွဲအတွင်းမှာ ပိတ်မိကျန် နေခဲ့တဲ့ စစ်ကောင်စီ တပ်သားတစ်ဦးကို လက်နက်နှင့်တကွ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ မိုင်းငေါမြို့နယ်၊ မန်ပင့်တံတားတွင် စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူလူထု ()ဦး သေဆုံးခဲ့ပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိ


ဇူလိုင်လ ၁၅ရက် 

Radio NUG 


တအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊ မိုင်းငေါမြို့နယ်၊ မန်ပင့်တံတားတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူလူထု ()ဦး သေဆုံးခဲ့ပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။


ဇူလိုင် ၁၅ရက် မွန်းလွဲ (၁၂း၅၀)နာရီအချိန်၌ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး ()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ထိုဗုံးကြောင့် မန်ပင့်တံတားလည်း အနည်းငယ် ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြပါတယ်။


========================


🚩🚩၇။ အမ်း-ပဒါန်း စစ်မြေပြင်တွင် စစ်ကောင်စီတပ်သား ၂ဦး အာရက္ခတပ်တော်ထံ ခိုလှုံ


ဇူလိုင်လ ၁၅ ရက်

Radio NUG 


ရခိုင်ပြည်နယ်၊ အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား နေလင်းအောင် (ကိုယ်ပိုင်အမှတ် - ပစ/၁၃၄၉၈၁)နှင့် တပ်သား အောင်သက်ထွန်း (ကိုယ်ပိုင်အမှတ် - ပစ/၁၂၇၁၄၆)တို့ အာရက္ခတပ်တော် (AA) ထံသို့ ဇူလိုင်လ ရက်နေ့က ဘက်ပြောင်းဝင်ရောက်ခဲ့ကြောင်း ၎င်းတို့၏ ထွက်ဆိုချက် ရုပ်သံဖိုင်ကို အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီ၏ စစ်မှုထမ်းမည့်ဥပဒေကို အသုံးပြု၍ လူငယ်များကို အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းနေမှုကြောင့် မြန်မာနိုင်ငံအနှံ့မှ လူငယ်များသည် ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံရပြီး ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေရတယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတဝန်း စစ်ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရပြီး စခန်းပေါင်းများစွာကို ဆုံးရှုံးထားရသည့်ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသစ္စာဖောက်မှုနှင့် ထွက်ပြေးမှုများ မကြာခန ဖြစ်ပေါ်နေပြီး တပ်မှတပ်ရင်းမှူးများ၏ ဖိနှိပ်မှုနှင့် အနိုင်ကျင့်မှုများကြောင့် တပ်သားများ၏ စိတ်ဓာတ်ထိခိုက်နေတယ်လို့ သိရပါတယ်။


၎င်းတပ်သား ၂ဦး၏ ထွက်ဆိုချက်တွင် စစ်ကောင်စီတပ်အတွင်း ဖိအားပေးစေခိုင်းမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ဖော်ပြထားပြီး ၎င်းတို့ကဲ့သို့ အတင်းအဓမ္မစုဆောင်းခံရသူများသည် တိုက်ပွဲဝင်လိုစိတ်မရှိဘဲ အခွင့်အလမ်းရသည်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ဘက်ပြောင်းအလင်းဝင်သွားတယ်လို့ ဆိုပါတယ်။


အာရက္ခတပ်တော်က ၎င်းတို့ထံ ဘက်ပြောင်းလာသူများ၏ ဘဝလုံခြုံရေးကို အာမခံထားပြီး စစ်ကောင်စီတပ်မှ ထွက်ပြေးလိုသူများအား နီးစပ်ရာ အာရက္ခတပ်တော်၏ နယ်မြေများသို့ အချိန်မရွေး ဆက်သွယ်လာနိုင်ကြောင်း တိုက်တွန်းထားပါတယ်။


========================


🚩🚩၈။ နောင်ချိုမြို့နယ် ရှေ့တန်းမှ စစ်မှုထမ်းတပ်သားသစ် ဦး အလင်းဝင်


ဇူလိုင်လ ၁၅ရက် 

Radio NUG 


ဇွန်လ ၁၀ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ တိမ်ပင်လယ်ကြီး ရှေ့တန်းတစ်နေရာသို့ ရောက်ရှိနေသော စစ်မှုထမ်း အပတ်စဉ် ၁၀ မှ စစ်မှုထမ်းတပ်သား ဦးသည် ရှေ့တန်းကင်းပွိုင့်၌ တာဝန်ကျနေစဉ် ထွက်ပြေးလာပြီး ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


စစ်တပ်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ၊ သင်တန်းပို့ချချက်တွေမှာ ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေကို ယူခွင့်တွေ၊ ပြည်သူတွေကို မုဒိမ်းကျင့်ခွင့်တွေ သင်ပေးတာကို လက်မခံနိုင်တဲ့အတွက် အလင်းဝင်လာခဲ့တာဖြစ်လို့ သိရပါတယ်။


လက်နက်ပါ ယူလာခဲ့သော်လည်း လမ်းမှာ ဖြတ်သန်းရခက်တာကြောင့် တောထဲမှာ ဖွတ်ထားခဲ့တယ်လို့ စစ်မှုထမ်းတပ်သားသစ် ၂ဦးက ပြောဆိုထားပါတယ်။


ထိုသို့ အလင်းဝင်ရောက်ခဲ့သည့် စစ်မှုထမ်းတပ်သား ဦးကို ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ် ဖွဲ့မှ ကူညီစောင့်ရှောက်ပေးထားကာ မိသားစုနှင့် ချိတ်ဆက်၍ ပြန်ပို့ပေးနိုင်ရန် စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment