၂၀၂၅ ဇူလိုင်လ ၆ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇူလိုင်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နွေဦးတော်လှန်ရေး နိုင်ငံရေးဆွေးနွေးပွဲ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုမြို့မှာ ကျင်းပ

📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

📌 ၃။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့်  မြို့နယ်တရားသူကြီးများ တွေ့ဆုံဆွေးနွေး

📌 ၄။ (၇၆) နှစ်မြောက် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့ (KNLA Day) ဂုဏ်ပြုအခမ်းအနား ကျင်းပ

📌 ၅။ ရန်ကုန်တိုင်းအတွင်း ဇွန်လတွင် မတရား ဖမ်းဆီးခံရသူ ၈၀ဦး ရှိပြီး ၁၂ဦး ပြန်လည်လွတ်မြောက်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ လွတ်လပ်မှုအတွက် လက်နက်ကိုင်တိုက်ပွဲသာ တစ်ခုတည်းသောနည်းလမ်းဟု KNLA ဒုတိယစစ်ဦးစီးချုပ် ပြောကြား

🚩၂။ ငါန်းမြာကြီး ရဲကင်း စခန်းသို့ လက်နက်ရိက္ခာနှင့် တပ်ချိန်းပြောင်းရန် ထွက်လာတဲ့ ကား ၄စီးနှင့် အင်အား၁၅၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်ရာ ၃၀ခန့်သေဆုံးပြီး ဗိုလ်အဆင့်အပါ ၂ဦး ဖမ်းမိ

🚩၃။ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ကြိုတင်စောင့်ဆိုင်း လက်ဦးမှု ရယူတိုက်ခိုက်ခဲ့ရာ ဦး သေဆုံး

🚩၄။ စလင်းမြို့ တောင်ဘက် အထွက်က စစ်ကောင်စီ ဂိတ်စခန်းအား ဖောက်ခွဲတိုက်ခိုက်ခဲ့

🚩၅။ စစ်ကိုင်းမြို့နယ် အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ရာ ဦးသေဆုံး

🚩၆။ မင်းလှမှာ ပတ်အတွင်း ၁၀ ကြိမ်ထက်မနည်း စစ်ကြောင်းထိုးခံရ၊ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်ကြောင့် ပြည်သူ ဦး သေဆုံး ဦးထပ်မနည်း ဒဏ်ရာရ

🚩၇။ မြိုင်မြို့ တောင်ပိုင်း၊ အိုရင်းရွာသစ် လေကြောင်းတိုက်ခိုက် ခံရပြီး ပြည်သူ တစ်ဦး သေဆုံး

🚩၈။ သီပေါတွင် စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ()လုံး ကြဲချ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ နွေဦးတော်လှန်ရေး နိုင်ငံရေးဆွေးနွေးပွဲ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုမြို့မှာ ကျင်းပ


ဇူလိုင်လ ရက်

Radio NUG 


ဇူလိုင်လ ၅ရက်နေ့  အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုမြို့တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကွန်ရက် ICN မှ ကျင်းပတဲ့ နွေဦးတော်လှန်ရေး နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


"နွေဦးတော်လှန်ရေး နိုင်ငံရေးဆွေးနွေးပွဲသို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆလိုင်းလျှံမှုန်းဆာခေါင်၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ အမေရိကန်ရောက် NLD အမတ်များ၊ အိန္ဒိယနိုင်ငံဆိုင်ရာ NUG ဆက်ဆံရေးကိုယ်စားလှယ် ဒေါက်တာရိုဒင်းနှင့် ကိုသွင်လင်းအောင် (NUCC)တို့ကို တက်ရောက်ရန် ဖိတ်ကြားထားတယ်လို့ သိရပါတယ်။


 အဆိုပါ ဆွေးနွေးပွဲကို online zoomဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ NUG/MOD - PDF စစ်ဦးစီးအရာရှိချုပ်၊ တနင်္သာရီတိုင်း စစ်ဒေသကွပ်ကဲရေးမှူး၊ ဆရာတော် အရှင်ထာဝရ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ၊ ကိုနောင်ရိုး (ရန်ကုန်တိုင်း ပကဖ တာဝန်ခံနှင့် ဝန်ကြီးချုပ်ကိုယ်ရေးအရာရှိ) ကလလတ ဥက္ကဋ္ဌ (သို့) အတွင်းရေးမှူး၊ KNDF ဥက္ကဋ္ဌ ခွန်ဘီထူး၊ PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်၊ မွန်ပြည်သစ်ပါတီ(AD) ပြောခွင့်ရ နိုင်ဗညားမွန်၊ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ TNLA တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ၊ ဒေါက်ဝာာ တေဇာဆန်း၊ KNUနှင့် ABSDF တို့ တက်ရောက်မယ်လို့ သိရပါတယ်။


နွေဦးတော်လှန်ရေးကာလမှာ တတိယအကြိမ် ပြု လုပ်တာဖြစ်ပြီး ပြည်ပရောက် မြန်မာ့တော်လှန်ရေး နိင်ငံရေး အခန်းကဏ္ဍ ဆက်လက်မြှင့်တင်နိုင်ရေး၊ ဟန်ချက်ညီညီလုပ်ဆောင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဇူလိုင်လ ၅ရက်နဲ့ ၆ရက် နှစ်ရက်ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။


စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးရာများအပြင် စစ်ကောင်စီရဲ့ မတရားတဲ့ အတုအယောင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သူများ မပါ၀င်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ


ဇူလိုင်လ ၅ရက် 

Radio NUG 


၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၅/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ကြာင်း CRPH မှ သတင်းထုတ်ပြန်ပါတယ်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင် ဦးမျိုးနိုင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များ ကောက်ယူထားရှိပြီး ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုစုစုပေါင်း (၁၉,၆၃၄) မှုအား ကောက်ယူထားရှိနိုင်ကာ  နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုနိုင်လောက်သည်အထိ ခိုင်မာသော အမှုများ၊ နိုင်ငံတကာ တရားရုံးများတွင် အရေးယူဆောင်ရွက်ရန် IIMM ထံ ပေးပို့ထားရှိမှု အခြေအနေများအပြင်  တော်လှန်ရေးအင်အားစုများ ကျူးလွန်သည့် အမှုပေါင်း (၅၂၉) မှုကို ကောက်ယူထားရှိနိုင်မှုတို့ကို တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အများပြည်သူ ကြည့်ရှုလေ့လာ ကိုးကား အသုံးပြုနိုင်ရန် ထုတ်ပြန်ထားရှိသည့် အချက်အလက်သင်ပုန်း (Data Dashboards) ထုတ်ပြန်ချက်များ၊ မြေပြင်တွင် ခန့်အပ်ထားသည့် လူ့အခွင့်အရေးတာဝန်ခံများ၏ အခြေအနေများ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် အခြေခံလူ့အခွင့်အရေးသင်တန်း၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း သင်တန်း၊ စစ်သည်တော်ကျင့်ဝတ်၊ အမျိုးသမီးနှင့်  ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မှု သင်တန်း၊ လူ့အခွင့်အရေး ဆရာဖြစ်သင်တန်းများကို လုပ်ဆောင်နေမှုများအားလည်း အသေးစိတ်ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုထံမှ တိုင်ကြားမှုများအား ကိုင်တွယ်ဆောင်ရွက်နေသည့် အခြေအနေများ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့တယ်လို့ ဖော်ပြပါတယ်။

 

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် အလုပ်သမားရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီနှင့် ပြည်သူ့ရေးရာကော်မတီတို့က လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့်  မြို့နယ်တရားသူကြီးများ တွေ့ဆုံဆွေးနွေး


ဇူလိုင်လ ၅ရက် 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ် (/၂၀၂၅)ကို ဇွန်လ ၂၈ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါအခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုး၊ ပြစ်မှုနှင့် တရားမဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ ရုံးအဖွဲ့မှူး ဒေါ်ရွှေနွယ်ရိုး၊ ဦးစီးဌာန တာဝန်ရှိဝန်ထမ်းများနှင့် မြို့နယ်တရားရုံး (၃၂) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


ရှေးဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ပြစ်မှုနှင့် တရားမဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးမှ အဖွင့်အမှာစကားပြောကြားရာတွင် တာဝန်ထမ်းဆောင်နေကြသော မြို့နယ်တရားသူကြီးများအနေဖြင့် မိမိတို့ကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သတ်၍ ဦးစီးဌာနသို့ အချိန်မှီတင်ပြစေလိုကြောင်း၊  တရားရုံးတွင် အမှုရင်ဆိုင်နေရသော တရားလို၊ တရားခံများ၏ အခက်အခဲများအပေါ် ဥပဒေဘောင်အတွင်းမှ အဖြေရှာဖွေပေးရမည်ဖြစ်ရာ အချို့ကိစ္စရပ်များအား အလျင်စလိုဆောင်ရွက်မှုများကြောင့် အမှုသည်များတွင် ဥပဒေဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးသွားစေနိုင်သည်ကို သတိထားစေလိုကြောင်း၊ တရားသူကြီးများအနေဖြင့် သက်ဆိုင်ရာ ဥပဒေလက်စွဲစာအုပ်များအား လက်ကိုင်ထားဆောင်ရွက်ရမည်ဖြစ်ရာ စဉ်ဆက်မပျက် လေ့လာဖို့ လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

          

ထို့နောက် မြို့နယ်တရားသူကြီးများမှ မေးမြန်းလာသည့် မေးခွန်းများအား ဦးစီးဌာမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုး၊ ပြစ်မှုနှင့် တရားမဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ ရုံးအဖွဲ့မှူး ဒေါ်ရွှေနွယ်ရိုးတို့မှ အသီးသီးပြန်လည် ဖြေကြားပေးခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုးမှ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်မှုအား အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုးမှ  နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို တိုင်းတာသည့်အခါ ဥပဒေစိုးမိုးမှုသည် အဓိကကျသည့် လိုအပ်ချက်ဖြစ်ပါကြောင်း၊ တရားရုံးများအနေဖြင့်လည်း ဥပဒေစိုးမိုးမှု မြင့်မာစေရေးအတွက် တရားစီရင်ရေးလုပ်ငန်း တိမ်းစောင်းမှုမရှိစေရေးတို့ကို ပိုမိုအလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ တရားစီရင်ရေးလုပ်ငန်းစဉ်သည် နိုင်ငံရေးအရလွန်စွာအရေးကြီးသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ တရားသူကြီးများအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းအပေါ် စနစ်တကျ၊ စည်းကမ်းတကျ ကျင့်သုံးလုပ်ဆောင်နိုင်ဖို့ လိုအပ်ကြောင်း ထိုသို့ဆောင်ရွက်နိုင်ဖို့ရာ မိမိတို့တွင် ဥပဒေဆိုင်ရာအသိပညာများ ပိုမိုတိုးတက်ကောင်းမွန်စေရန် လေ့လာသင်ယူ၍ အရည်အချင်းပြည့်ဝသော တရားသူကြီးများ ဖြစ်စေရန် ကြိုးစားအားထုတ်စေလိုကြောင်းနှင့် ပြည်သူများ ယုံကြည်အားကိုးရသည့် တရားသူကြီးကောင်းများ ဖြစ်ပါစေရန်နှင့် တာဝန်ထမ်းဆောင်နေသော မြို့နယ်တရားသူကြီးများအားလုံး ဘေးကင်းကျန်းမာပါစေရန် ဆုတောင်းမေတ္တာပို့သပြီး အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၁၂:၃၀)နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ (၇၆) နှစ်မြောက် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့ (KNLA Day) ဂုဏ်ပြုအခမ်းအနား ကျင်းပ


ဇူလိုင်လ ရက်၊ 

Radio NUG

ကရင့်အမျိုးသား အစည်းအရုံး (KNU) မြိတ် - ထားဝယ်ခရိုင်၊ တပ်မဟာ () က ဦးဆောင်ပြီး ၂၀၂၅၊ ဇူလိုင်လ ရက်မှာ ကျရောက်တဲ့ (၇၆) နှစ်မြောက် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပခဲ့တယ်လို့ KNU မြိတ် - ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။


KNLA Day ဂုဏ်ပြုပွဲ အခမ်းအနားကို ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ တပ်မဟာ () ရဲ့ ဌာနချုပ်ဟောင်း နေရာ ဖြစ်တဲ့ မယ်သမီခီး မှာ ဇူလိုင်လ ရက်နေ့က ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ဂုဏ်ပြုပွဲကို KNU မြိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဖလို့စိုးဝေး၊ KNLA တပ်မဟာ () တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးထော အပါအဝင် ဌာနဆိုင်ရာ ခေါင်းဆောင်များ၊ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ၊ ကရင့် လူငယ်အစည်းအရုံး ခေါင်းဆောင်များ၊ ဌာနဆိုင်ရာ လူငယ်များ တက်ရောက်ဂုဏ်ပြု ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ရန်ကုန်တိုင်းအတွင်း ဇွန်လတွင် မတရား ဖမ်းဆီးခံရသူ ၈၀ဦး ရှိပြီး ၁၂ဦး ပြန်လည်လွတ်မြောက်


ဇူလိုင်လ၅ရက် 

Radio NUG 


၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်မှ လူ ၈၀ ဦးကို မတရား ဖမ်းဆီးခဲ့ကြောင်း Rangoon Scout Networkမှ သတင်းထုတ်ပြန်ပါတယ်။


၎င်းတို့အနက် ၁၂ ဦး ပြန်လွတ်မြောက်လာခဲ့ပြီး ၁၃ ဦးမှာ ပြန်မလွတ်လာတော့ဘဲ စစ်မှုထမ်းသင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခံရကာ ကျန်သည့် ၅၅ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကို ဆက်လက်မသိရှိရသေးဘူးလို့ ဖော်ပြထားပါတယ်။


ဖမ်းဆီးခံရသူများအနက် ၁၉ ဦးမှာ စစ်မှုထမ်းသင်တန်းအတွက်ဖြစ်ပြီး အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ယူခံရသူ ဦး၊ စစ်မှုထမ်းစာရင်းအတိုင်း အိမ်ထိရှာဖမ်းခံရသူ  ၁၀ ဦး၊ လမ်းပေါ် ပေါ်တာဆွဲခံရသူ ဦးတို့ ဖြစ်ကာ ၎င်းတို့အနက် ဦးမှာ ချုပ်နှောင်ခံထားရသည့်နေရာမှ ထွက်ပြေးခဲ့သော်လည်း မလွတ်မြောက်ခဲ့ဘဲ ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။


လူမှုကွန်ယက်မီဒီယာပေါ်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် ထုတ်ပြန်ကြေညာ၍ ဖမ်းဆီးခံရသူ ဦး၊ တော်လှန်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူ ဦး၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သပိတ်တွင် ပါဝင်သည်ဟု စွပ်စွဲခံရကာ ဖမ်းဆီးခံရသူ ဦး ရှိတယ်လို့ အသိပေးထားပါတယ်။


ဖမ်းဆီးခံရသူတို့ထဲ အသက် ၁၈ နှစ်အောက် ကျောင်းသား ဦး ပါဝင်ပြီး စက်ရုံလုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြသူ ဦး ဖမ်းဆီးခံရကာ မော်ဒယ်အေဂျင်စီ ပိုင်ရှင် ဂျွန်လွင်ကိုလည်း အဆိုတော်ချမ်းချမ်းကို ကူညီနေသည်ဟု စွပ်စွဲကာ ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဇွန်လ ၁၆ ရက်နေ့တွင် လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး စခတ နှင့် တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူ တတက တို့၌ စစ်မှုထမ်း အမှတ် ၁၄ သင်တန်း စတင်ခဲ့ပြီး စုစုပေါင်း လူ ၃၄၀ ခန့် ပါဝင်နေကြောင်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ လွတ်လပ်မှုအတွက် လက်နက်ကိုင်တိုက်ပွဲသာ တစ်ခုတည်းသောနည်းလမ်းဟု KNLA ဒုတိယစစ်ဦးစီးချုပ် ပြောကြား


ဇူလိုင်လ ၅ရက် 

Radio NUG 


ကရင်တိုင်းရင်းသားများအနေဖြင့် လွတ်လပ်မှု၊ ပြည်နယ်တည်ထောင်ရေးနှင့် မိမိကံကြမ္မာကို မိမိဖန်တီးခွင့်ရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲသည် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ဇူလိုင် ၅ရက်မှာ ကျရောက်သည့် ၇၆ နှစ်မြောက် ကော်သူးလေတပ်မတော်နေ့တွင် ပြောကြားခဲ့ပါတယ်။


ကျွန်တော်တို့ လူမျိုးဟာ အခွင့်အရေး၊ လွတ်လပ်မှု၊ နေရာအကျယ်အဝန်းနဲ့ ဂုဏ်သိက္ခာရှိတဲ့လူမျိုးတစ်မျိုးလို ရှင်သန်နေထိုင်ခွင့်ကို လိုလားကြတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ကို ကျွန်တော်တို့ အကြိမ်ကြိမ်သွားခဲ့ဖူး ပြီးပြီ။ နောက်ဆုံးတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ပဲ ကျွန်တော်တို့ရဲ့တပ်ကို ထူထောင်ပြီးတော့ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို ပြန်ပြီးတိုက်ယူရတာ ဖြစ်တယ်"ဟု ၎င်းကပြောကြားပါတယ်။


ကရင်လူမျိုးများသည် ကော်သူးလေဟု အမည်ပေးထားသည့် ပြည်နယ်တစ်ခုကို တည်ထောင်ရန် ရည်မှန်းထားပြီး၊ ထိုပြည်နယ်တွင် အုပ်ချုပ်ရေးစနစ်များ ချမှတ်မည်ဖြစ်ကြောင်း ၎င်းက အသိပေးပါတယ်။


KNLA သည် ကရင်တိုင်းရင်းသားများ၏ လက်နက်ကိုင်တပ်ဖွဲ့များကို စုစည်းထားသည့် တပ်မတော်တစ်ရပ်အဖြစ် ဖွဲ့စည်းထားပြီး၊ လက်ရှိတိုက်ပွဲများတွင် ဗမာ၊ မွန်နှင့် အခြားတိုင်းရင်းသားများနှင့် ပူးပေါင်းလှုပ်ရှားနေကြောင်း ဒုတိယဗိုလ်ချုပ်ကြီးက ပြောသည်။


အခြားလူမျိုးများဟာလည်း ကျွန်တော်တို့နဲ့ လက်တွဲပူးပေါင်းတာတွေ ရှိတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အားကောင်းလာတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေဟာ ပိုပြီး ထင်သာမြင်သာရှိလာတာကို တွေ့မြင်လာတယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို ပြန်လည်ရရှိရေး ရည်မှန်းချက်နဲ့ အိပ်မက်တွေဟာ ဒီထက် ရှင်သန်လာပြီး ကြီးထွားလာတယ်။ ကျွန်တော်တို့ အခုတိုက်နေတာ ကျွန်တော်တို့ရဲ့ ကော်သူးလေတပ်မတော် တစ်ဖွဲ့ပဲ တိုက်တာမဟုတ်ပါဘူး။ အခြားလူမျိုးများဖြစ်တဲ့ ဗမာတို့၊ မွန်လူမျိုးတို့ ပါတယ်။ ကျွန်တော်တို့ လိုချင်ကြတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့အတွက် အတူတကွ ပေါင်းစည်းပြီးတော့ လုပ်ဆောင်တယ်။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပဲ ပူးပေါင်းလုပ်ဆောင်တယ်လို့ ဆိုထားပါတယ်။


ပြီးခဲ့သည့် ၇၆ နှစ်တာကာလအတွင်း ကရင်တော်လှန်ရေးသည် ခေါင်းဆောင်များ၊ တပ်သားများနှင့် အရပ်သားများအပါအဝင် များစွာသော အသက်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် ဆက်လက်ကြိုးပမ်းရန် လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက တိုက်တွန်းထားပါတယ်။


ဆိုရိုးစကားတစ်ခုရှိတယ်။ အဲ့ဒါက ကျွန်တော်တို့ ရဲရင် ရန်သူက ကျွန်တော်တို့ကို ကြောက်မယ်။ ကျွန်တော်တို့ ကြောက်မယ်ဆိုရင် ရန်သူက ကျွန်တော်တို့အပေါ် ရဲတင်းလာမယ်။ ဒါကြောင့် ကျွန်တော်တို့ ရဲရမယ်။ ကျွန်တော်တို့ရဲမှ ရန်သူဟာ ကျွန်တော်တို့ကို ကြောက်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ တာဝန်ထမ်းရွက်တဲ့အခါမှာ ရဲစွမ်းသတ္တိရှိဖို့ လိုတယ်။လို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩၂။ ငါန်းမြာကြီး ရဲကင်း စခန်းသို့ လက်နက်ရိက္ခာနှင့် တပ်ချိန်းပြောင်းရန် ထွက်လာတဲ့ ကား ၄စီးနှင့် အင်အား၁၅၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်ရာ ၃၀ခန့်သေဆုံးပြီး ဗိုလ်အဆင့်အပါ ၂ဦး ဖမ်းမိ


ဇူလိုင်လ ၅ရက် 

Radio NUG 


ဇူလိုင်လ ၃ရက်နေ့ နံနက် နာရီ အချိန်မှ စတင်ပြီး ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ကို ဖြတ်၍ တံတားဦး - ဆီးမီးခုံသို့ ဆက်သွယ်ထားသော ကားလမ်းတနေရာတွင် ဂွေးကုန်း အထိုင်ကင်းစခန်းမှ ငါန်းမြာကြီး ရဲကင်းစခန်းသို့ လက်နက်ရိက္ခာနှင့် တပ်ချိန်းပြောင်းရန် ထွက်လာတဲ့ ကား ၄စီးနှင့် အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း TGYR - Youth Guerrilla Counter Revolution - NZမှ သတင်းထုတ်ပြန်ပါတယ်။


TGYR - ပြောက်ကျားတပ်ဖွဲ့ ရဲဘော်များနှင့် မန္တလေးခရိုင် အမှတ်- တပ်ရင်း မြင်းခြံခရိုင် အမှတ်- တပ်ရင်းတို့မှ ဦးဆောင်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အတူပူးပေါင်း တိုက်ခိုက်ခဲ့ရာ မျက်မြင် ဦးအပါအဝင် ၃၀ ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး ဗိုလ်အဆင့်ရှိသူ အပါအဝင် ဦး ကို လက်ရအရှင် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲကြာချိန် နာရီ ခန့် ရှိခဲ့ပြီး ရိက္ခာကား စီးနှင့် MA1 လက်၊ MA3 လက်၊ MA11 ၁လက်နှင့်  လက်နက်ခဲယမ်းများကို ရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုစစ်ဆင်ရေးကို TGYR - Youth Guerrilla Counter Revolution - NZ ပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင်း အမှတ်- တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်- တပ်ရင်း၊ အမရပူရ မြို့နယ်ပကဖ၊ မြင်းခြံမြောက်ပိုင်းသားတပ်ဖွဲ့၊ ကျားကြီးတပ်ဖွဲ့နှင့် နယ်မြေခံအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၃။ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ကြိုတင်စောင့်ဆိုင်း လက်ဦးမှု ရယူတိုက်ခိုက်ခဲ့ရာ ဦး သေဆုံး


ဇူလိုင်လ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေး ရွာအနောက်ဘက်ရှိ ချောင်းဖြူပေါင်းမှာ စစ်ကောင်စီ စစ်ကြောင်းကို  ကြိုတင်စောင့်ဆိုင်း လက်ဦးမှုရယူ တိုက်ခိုက်ခဲ့ရာ () ဦး မျက်မြင်သေဆုံးခဲ့တယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ရက်နေ့ နေ့လယ် ၁၂ နာရီ မိနစ် အချိန်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ခန့်မှန်းအင်အား ၈၀ ခန့်ပါ စစ်ကြောင်း ထွက်ခွာလာစဉ် လက်ဦးမှု ရယူပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဦး မျက်မြင် သေဆုံးခဲ့ကာ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ကာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး သွားတယ်လို့ သိရပါတယ်။


၎င်းတိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ ပခုက္ကူ ပကဖတို့နဲ့ ပခုက္ကူ PPDF 7 Stars ဗိုလ်စနေအဖွဲ့ တို့က ပူးပေါင်းဆောင်ရွက် ခဲ့တာဖြစ်ပြီး လူအထိအခိုက် မရှိခဲ့ပေမယ့် လက်နက် အနည်းငယ် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် မိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင် နေကြဖို့နဲ့ လေကြောင်းအန္တရာယ်များမှလည်း အထူးဂရုစိုက်ကြဖို့ မြိုင် ပကဖ က အသိပေးထားပါတယ်။


========================


🚩🚩၄။ စလင်းမြို့ တောင်ဘက် အထွက်က စစ်ကောင်စီ ဂိတ်စခန်းအား ဖောက်ခွဲတိုက်ခိုက်ခဲ့


ဇူလိုင်လ ရက်၊ 

Radio NUG


မကွေးတိုင်း၊ စလင်းမြို့ တောင်ဘက် အထွက်ရှိ စစ်ကောင်စီတပ် ဂိတ်ချထားတဲ့ စခန်းငယ် တစ်ခုအား ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ညီနောင် - စလင်း က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ရက်နေ့ နာရီ ၃၅ မိနစ်မှာ အကြမ်းဖက်စစ်အုပ်စု ဂိတ်ချထားတဲ့ စခန်းအား အပြင်းစားမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။


ဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး မိုးဝေယံလင်း အပါအဝင် ဦးဟာ ထိခိုက်မှု အသီးသီး ရှိခဲ့ကြပြီး သေဆုံးမှုလည်း ရှိခဲ့ကာ လူနာတင်ကားများဖြင့် စလင်းဆေးရုံကို သယ်ဆောင်သွားကြောင်း ဖော်ပြထားပါတယ်။


၎င်းတိုက်ခိုက်မှုကို စလင်းမြို့ပြ (UG) ကျားပေါက်အဖွဲ့၊ ပြည်သူ့လုံခြုံရေး (ပလဖ) ယာယီ၊ ဗမာ့တပ်တော် (BA) နဲ့ ပေါက်တောင်ပိုင်း ကျန်းမာရေး သူနာပြု တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၅။ စစ်ကိုင်းမြို့နယ် အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ရာ ဦးသေဆုံး


ဇူလိုင်လ ၅ရက် 

Radio NUG 


ဇူလိုင် ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နှင့် ဝါးချက်ကျေးရွာအကြားရှိ အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မင်းကွန်းတိုက်နယ် ပလဖထံမှ သိရပါတယ်။


တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား ဦးသေဆုံးပြီး MA1 အမျိုးအစား သေနတ် လက် ရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မင်းကွန်းတိုက်နယ် ပလဖ၊  Black Arrowနှင့် တောင်ရိုးပြောက်ကျား Local အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ မင်းလှမှာ ပတ်အတွင်း ၁၀ ကြိမ်ထက်မနည်း စစ်ကြောင်းထိုးခံရ၊ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်ကြောင့် ပြည်သူ ဦး သေဆုံး ဦးထပ်မနည်း ဒဏ်ရာရ


ဇူလိုင်လ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ ရက်သတ္တပတ် () ပတ်တာ ကာလအတွင်း ၁၀ ကြိမ်ထက်မနည်း စစ်ကြောင်းထိုး ခံခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် ပြည်သူ ဦး သေဆုံးကာ ဦးထက်မနည်း ဒဏ်ရာရ ခဲ့တယ်လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။


မတ်လကုန်မှ မေလကုန်အထိ ပတ်အတွင်း အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIO/PIA) တို့က အဆိုပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ကြိမ်၊ ဖြတ်တောက် ထိတွေ့တိုက်ခိုက် မှု ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ တပ်သား ၆၃ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးသူ ၂၅ ဦး ထက်မနည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


၎င်းစစ်ကြောင်းဟာ အရပ်သား ပြည်သူပိုင် အိုးအိမ်များကို အကြိမ်ကြိမ် မီးရှို့ခဲ့ပေမယ့် မိုးရွာသွန်းမှုကြောင့်သာ နေအိမ် လုံးသာ ပျက်ဆီးဆုံးရှုံး ခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ကျောင်းနဲ့ ဘုန်းကြီး ကျောင်း ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် ဒရုန်းဖြင့် ကြိမ် ထက်မနည်း အရပ်သား ပစ်မှတ်များကို ဗုံးချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အပြင် ကျေးရွာများအတွင်း ဝင်ရောက်ကာ ပြည်သူ ဦးကို အဓမ္မဖမ်းဆီး စစ်မှုထမ်း ခိုင်းခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီအား ဖြတ်တောက်တိုက်ခိုက်မှုများ ပြုလုပ်ရာမှာ ပစ်မှတ်နဲ့ မသက်ဆိုင်တဲ့ ပြည်သူများအား ထိခိုက်မှု တစုံတရာ မဖြစ်စေဖို့ ထိန်းသိမ်းဆောင်ရွက် နေရသဖြင့် အခက်အခဲများ ရင်ဆိုင်နေရတာကြောင့် မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းအား အသုံးပြု သွားလာလိုပါက စစ်ကြောင်း သတင်းအား သတိပြုကာ မိမိတို့ တပ်ဖွဲ့များနဲ့ စည်းကမ်းတကျ ချိတ်ဆက်ဆောင်ရွက် စေလိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩၇။ မြိုင်မြို့ တောင်ပိုင်း၊ အိုရင်းရွာသစ် လေကြောင်းတိုက်ခိုက် ခံရပြီး ပြည်သူ တစ်ဦး သေဆုံး


ဇူလိုင်လ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်းက အိုရင်းရွာသစ် လေကြောင်းတိုက်ခိုက် ခံရပြီး ပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့ We Love Myaing က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ရက်နေ့ နေ့လယ် ၁၁ နာရီ ၁၇ မိနစ်မှာ အိုရင်းရွာသစ် အနောက်မြောက်ပိုင်းကို ပခုက္ကူ တပ်မ (၁၀၁) မှ စက်တပ်လေထီး စီးနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အိုရင်းရွာမှ အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် နေအိမ် လုံး ထိမှန်ပျက်စီးခဲ့ပြီး ဆိတ် ကောင် နှင့် မြင်း ကောင် သေဆုံးခဲ့ကာ နွား ကောင်လည်း ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၈။ သီပေါတွင် စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ()လုံး ကြဲချ


ဇူလိုင်လ ၅ရက် 

Radio NUG 


ဇူလိုင်လ ၄ရက်  (၁၀း၅)မိနစ်တွင် ()ကြိမ်၊ (၁၀.၁၁)မိနစ်တွင် ()ကြိမ် ဂျက်ဖိုက်တာဖြင့် သီပေါမြို့တွင် ဗုံး ()လုံး ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့ကြောင်း PSLF/TNLA မှ သတင်းထုတ်ပြန်ပါတယ်။


ထိုဗုံးကြဲချမှုကြောင့် မြို့တွင်းရှိ  ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင် ()ဆောင်၊ စည်ပင် အဆောက်အဦး ()လုံးနှင့် နေအိမ် () လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment