06 Jul 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG

 

πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ ဇူα€œိုင်α€œ ( ၆ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ CNO/CNDF α€”ဲ့CDF - Hualngoram တို့ α€”ှα€…်α€˜α€€် တွေ့ဆုံပြီး ငြိα€™်းချα€™်းα€žောα€”α€Š်းα€–ြင့် ထဖြေα€›ှာα€–ို့ Chinland Council α€”ဲ့ချင်းα€Šီα€”ောင်တိုα€€်တွα€”်း

 

α€–α€œα€™်းα€™ြို့α€”α€š်ထတွင်းα€™ှာ α€…α€…်α€›ေးတင်းα€™ာα€™ှုα€–ြα€…်ပွါးα€”ေတဲ့ ချင်းα€Šီα€”ောင်ထဖွဲ့ဝင် ချင်းထမျိုးα€žားထဖွဲ့ချုပ် (CNO/CNDF) α€”ဲ့ Chinland Council ထဖွဲ့ဝင် CDF - Hualngoram တို့ α€”ှα€…်α€˜α€€် တွေ့ဆုံပြီး ငြိα€™်းချα€™်းα€žောα€”α€Š်းα€–ြင့် ထဖြေα€›ှာα€–ို့ Chinland Council α€”ဲ့ ချင်းα€Šီα€”ောင်α€€ ဇူα€œိုင်α€œ ၃ α€›α€€်α€™ှာ တိုα€€်တွα€”်းα€€ြောင်း α€‘α€žီးα€žီးထုတ်ပြα€”်α€€ြပါα€α€š်။

 

CDF – Hualngoram α€”ဲ့ ချင်းထမျိုးα€žားα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (CNDF) တို့ထကြား α€–ြα€…်ပွားα€”ေတဲ့ ပဋိပက္ခထပေါ် ချင်းα€Šီα€”ောင်ထနေα€”ဲ့α€œα€Š်း ပါဝင်ပတ်α€žα€€်α€™ှာ α€™α€Ÿုတ်α€žα€œို တခြားပြင်ပတော်α€œှα€”်α€›ေးα€œα€€်α€”α€€်α€€ိုင် ထဖွဲ့α€‘α€…α€Š်းတွေα€€α€œα€Š်း α€…α€…်α€›ေးထရ ဝင်α€›ောα€€်α€…ွα€€်α€–α€€်ပတ်α€žα€€်ခြင်းα€€ို α€›ှောင်α€›ှားα€€ြα€–ို့ တိုα€€်တွα€”်းα€€ြောင်း CNDF ထဖွဲ့ပါဝင်တဲ့ ချင်းα€Šီα€”ောင်ထဖွဲ့α€€ ထုတ်ပြα€”်ပါα€α€š်။

 

α€…ေ့စပ်ဆွေးα€”ွေးα€™ှုတွေမပြေα€œα€Š်α€˜ဲ ထချင်းချင်းα€žα€˜ောထားတင်းα€™ာα€™ှုတွေα€€α€”ေ ထပြα€”်α€‘α€œှα€”်ပစ်ခတ်α€™ှုတွေထိ ပဋိပက္ခဖြα€…်ပွားα€”ေတဲ့ပေါ် ချင်းα€Šီα€”ောင်ထနေα€”ဲ့ α€…ိတ်α€™α€€ောင်းα€–ြα€…်α€›α€α€š်α€œို့ ဆိုပါα€α€š်။

 

ချင်းတော်α€œှα€”်α€›ေးα€œα€€်α€”α€€်α€€ိုင် ထချင်းချင်းα€€ြား ထငြင်းပွားα€™ှုတွေα€€ို တွေ့ဆုံဆွေးα€”ွေးပြီး α€Šှိα€”ှိုင်းα€–ြေα€›ှင်းα€›ေးα€€ိုα€žာ ချင်းα€Šီα€”ောင်ထနေα€–ြင့် ထစဉ်တစိုα€€်α€œα€€်α€€ိုင်ထားα€žα€œို α€œα€€်α€›ှိα€–α€œα€™်းα€™ြို့α€”α€š်ထတွင်း α€–ြα€…်ပွားα€”ေတဲ့ ထပြα€”်α€‘α€œှα€”် ပဋိပက္ခတွေα€™ှာ ချင်းα€Šီα€”ောင်ထနေα€”ဲ့ ပါဝင်ပတ်α€žα€€်α€™ှာ α€™α€Ÿုတ်α€˜ဲ CDF – Hualngoram α€”ဲ့ CNO/CNDF တို့ α€”ှα€…်ဦးα€”ှα€…်α€–α€€်α€œုံး ထကြα€™်းα€–α€€်ထာဏာα€›ှင်α€€ို တိုα€€်ထုတ်α€”ေα€žော α€›α€Š်α€™ှα€”်းချα€€်တူတဲ့ ချင်းတော်α€œှα€”်α€›ေးထဖွဲ့α€‘α€…α€Š်းတွေ ထကြား ထချင်းချင်းတွေ့ဆုံဆွေးα€”ွေးပြီး ငြိα€™်းချα€™်းα€›ေးα€”α€Š်းα€–ြင့် ထဖြေα€›ှာα€€ြα€›α€”်α€žာ တိုα€€်တွα€”်းα€α€š်α€œို့α€œα€Š်း ချင်းα€Šီα€”ောင်α€€ ထုတ်ပြα€”်ပါα€α€š်။

 

CDF – Hualngoram α€”ဲ့ CNDF α€–ြα€…်တဲ့ပဋိပက္ခကြား ထခြားပြင်ပတော်α€œှα€”်α€›ေးα€œα€€်α€”α€€်α€€ိုင် ထဖွဲ့α€‘α€…α€Š်းα€€ ဝင်α€›ောα€€်ပက်α€žα€€်ခြင်းα€žα€Š် α€œα€€်α€›ှိ ပြα€Ώα€”ာα€€ို ပိုα€™ိုဆိုးα€›ွားα€…ေα€”ိုင်ပြီး α€žွေးထွα€€်α€žံα€šိုα€™ှုပိုα€™ိုα€™ျားပြားတဲ့ ထခြေထနေα€€ို ဦးα€α€Š်α€…ေα€”ိုင်တာα€€ြောင့် α€žα€€်ဆိုင်α€›ာ α€™ိတ်α€–α€€်ထဖွဲ့α€‘α€…α€Š်းတွေထနေα€”ဲ့ ငြိα€™်းချα€™်းα€›ေးα€”α€Š်းα€œα€™်းα€–ြင့် α€™α€Ÿုတ်α€˜ဲ α€…α€…်α€›ေးထကူα€‘α€Šီα€–ြင့် ပါဝင်α€œာပါα€€ ချင်းα€Šီα€”ောင်ထနေα€–ြင့်α€œα€Š်း ချင်းα€Šီα€”ောင်ထဖွဲ့ဝင်α€–ြα€…်တဲ့ CNO/CNDF α€”ဲ့ထတူ α€™ားα€™ားမတ်မတ် ရပ်α€α€Š်α€žွားα€™ှာα€–ြα€…်α€α€š်α€œို့ ထုတ်ပြα€”်ထားပါα€α€š်။

 

CNO/CNDF α€”ဲ့ HPO / CDF – Hualngoram တို့ထနေα€”ဲ့ ပြα€”်α€œα€Š်ချေα€–ျα€€်မရတဲ့ ချင်းα€œူα€™ျိုး ထချင်းချင်းα€€ြား α€€ြီးα€™ားတဲ့ α€…α€…်α€›ေးပဋိပက္ခတွေα€€ို α€™α€–α€”်တီးα€˜ဲ α€™ိα€™ိတို့၏ α€”α€š်α€™ြေတွေα€€ို ထပြα€”်α€‘α€œှα€”် α€‘α€žိα€™ှတ်ပြုပြီး α€…α€…်α€›ေးပြင်ဆင်α€™ှုတွေ ချα€€်ချင်းရပ်တန့်α€–ို့ Chinland Council α€€α€œα€Š်း ဇူα€œိုင် ၃ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

α€˜ုံα€›α€”်α€žူα€…α€…်α€€ောင်α€…ီα€€ို ချင်းပြα€Š်ထတွင်းα€€α€”ေ ထပြီးတိုင်တိုင် ပူးပေါင်းတိုα€€်ထုတ်α€›α€™α€š့် ထချိα€”်α€€ာα€œα€–ြα€…်α€žα€Š်α€”ဲ့α€‘α€Šီ α€”ှα€…်α€–α€€်α€–ွဲ့α€€ြား တင်းα€™ာα€™ှုတွေα€€ို မပြေα€œα€Š်α€™α€™ှုတွေα€€ို α€…α€…်α€›ေးα€”α€Š်းα€”ဲ့ α€–ြေα€›ှင်းဆောင်α€›ွα€€်ခြင်းမပြုα€˜ဲ α€™ျα€€်α€”ှာခြင်းဆိုင်တွေ့ဆုံပြီး ငြိα€™်းချα€™်းတဲ့ α€”α€Š်းα€œα€™်းα€”ဲ့ α€–ြေα€›ှင်းဆောင်α€›ွα€€်α€›α€™ှာα€–ြα€…်α€α€š်α€œို့α€œα€Š်း ဆိုပါα€α€š်။

 

α€’ါ့ထပြင် CNO / CNDF ထနေα€”ဲ့ ချင်းပြα€Š်α€€ောင်α€…ီ ထဖွဲ့ဝင် HPO / CDF – Hualngoram α€”α€š်α€™ြေထတွင်း ထိုးα€…α€…်ဆင်α€œာα€™ှုα€Ÿာ ချင်းထမျိုးα€žားα€α€Š်ဆောα€€်α€›ေး၊ ချင်းပြα€Š်α€α€Š်ဆောα€€်α€›ေးထတွα€€် α€‘α€Ÿα€”့်ထတားတစ်ရပ်α€–ြα€…်ပြီး α€œα€€်α€›ှိα€–ော်ဆောင်α€”ေတဲ့ ချင်းထမျိုးα€žားα€€ောင်α€…ီ ပေါ်ပေါα€€်α€›ေးα€œုပ်ငန်းစဉ်α€€ို ရပ်တန့်α€žွားα€…ေα€”ိုင်တဲ့ α€œုပ်ရပ်α€–ြα€…်α€α€š်α€œို့ Chinland Council α€€ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

ချင်းပြα€Š်ထတွင်း α€œα€€်α€α€œောα€€ြုံတွေ့α€”ေရတဲ့ α€žα€˜ောထားα€€ွဲပြားα€™ှုတွေα€Ÿာ ပြα€”်α€œα€Š်ပေါင်းα€…α€Š်းα€›ေးတွα€€် ချင်းထမျိုးα€žားα€€ောင်α€…ီ ထမြα€”်ဆုံးပေါ်ပေါα€€်α€œာα€›ေးထတွα€€် ဆောင်α€›ွα€€်α€”ေα€€ြတဲ့ α€€ာα€œα€–ြα€…်α€α€š်α€œို့α€œα€Š်း Chinland Council α€€ ဆိုပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ α€œုံခြုံα€›ေး၊ α€€ာα€€ွα€š်α€›ေး ထင်ထားတိုးα€™ြှင့်α€™α€š်α€œို့ CDF - မတူပီ ထုတ်ပြα€”်

 

α€œုံခြုံα€›ေး၊ α€€ာα€€ွα€š်α€›ေးထင်ထားတိုးα€™ြှင့်ပြီး α€™ြို့၊ α€›ွာပြα€”်α€œα€Š်α€α€Š်ဆောα€€်α€›ေးα€™ှာ ထင်တိုα€€်ထားတိုα€€် α€œုပ်ဆောင်α€”ေα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မတူပီα€€ α€™ြို့ပြα€”်α€œα€Š်ထိα€”်းချုပ်တဲ့ ၁ α€”ှα€…်ပြα€Š့် (ဇွα€”်α€œ ၂၉) α€›α€€်α€”ေ့α€™ှာ ထုတ်ပြα€”်ပါα€α€š်။

 

မတူပီα€™ြို့α€žိα€™်းတို၊α€€်ပွဲထတွင်း ထိခိုα€€်ဒဏ်α€›ာα€›၊ α€€ျဆုံး α€›ဲα€˜ော်ထားα€œုံးα€€ို ထောα€€်α€™ေ့ ဂုဏ်ပြုα€α€š်α€œို့ ဆိုပါα€α€š်။

 

α€™ြို့α€€ိုပြα€”်α€œα€Š်α€žိα€™်းပိုα€€် ထိα€”်းချုပ်တဲ့α€”ောα€€်ပိုင်း α€™ြို့α€α€Š်ဆောα€€်α€›ေး၊ α€™ိုင်းα€›ှင်းα€œα€„်းα€›ေး၊ ပြα€Š်α€žူတွေ ပြα€”်α€œα€Š် ထခြေချα€”ေထိုင်α€”ိုင်α€›ေး၊ မတူပီα€™ြို့α€€ို α€…α€…်α€€ောင်α€…ီα€œα€€်ထောα€€် ပြα€”်α€œα€Š်α€™α€€ျα€›ောα€€်α€…ေα€–ို့ ထားα€žွα€”်ခွα€”်α€…ိုα€€် α€€ြိုးပမ်းပေးα€€ြတဲ့ တပ်ပေါင်းα€…ု၊ ထောα€€်ပို့α€”ဲ့ ပြα€Š်တွင်း၊ ပ ပြα€Š်α€žူထားα€œုံးα€€ို α€€ျေးဇူးတင်တဲ့ထကြောင်းα€œα€Š်း α€–ော်ပြထားပါα€α€š်။

 

ထနာဂါတ်α€™ှာ α€™α€Ÿာα€™ိတ်α€›ေးα€›ာ၊ ပေါင်းα€…α€Š်းα€Šီα€Šွတ်α€›ေးတွေα€™ှာ ဆက်α€œα€€် ပါဝင်ပေးα€€ြα€–ို့α€œα€Š်း ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မတူပီα€›ဲ့ ထုတ်ပြα€”်ချα€€်ထဲ α€›ေးα€žားထားတာ တွေ့ရပါα€α€š်။

 

မတူပီα€™ြို့α€€ို ၂၀၂၄ ဇွα€”်α€œ ၉ α€›α€€်α€”ေ့ ချင်းα€Šီα€”ောင် α€™ြို့α€žိα€™်းα€…α€…်ဆင်α€›ေးထဖြα€…် α€€ြေα€Šာပြီး ၂၀၂၄ ဇွα€”်α€œ ၂၉ α€›α€€်α€”ေ့ ထပြီးα€žα€် α€žိ၊α€™်းပိုα€€်ခဲ့တာပါ။

 

ခမရ ၃၀၄၊ α€…α€…်α€—ျူα€Ÿာα€”ဲ့ α€α€œα€› ၁၄၀ α€α€Š်α€›ှိတဲ့ မတူပီα€™ြို့α€žိ၊α€™်းα€…α€…်ဆင်α€›ေးα€™ှာ ချင်းα€Šီα€”ောင်၊ ထာα€›α€€္ခတပ်တော် - AA α€šောတပ်တော် - YA α€”ဲ့ α€šောပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - YDF တို့ ပူးပေါင်းတို၊α€€်ပွဲဝင်ခဲ့α€€ြပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ α€α€œα€› ၁၃၄ α€€ို α€žိα€™်းပိုα€€်ပြီး၊ ဂျα€€်α€–ိုα€€်တာ တစင်း ပ၊α€…်ချ၊ α€œေα€šာဉ်α€™ှူး ၂ ဦး α€‘α€œော၊င်းတွေ့α€›ှိα€α€š်α€œို့ဆို

 

ကရင်α€”ီပြα€Š်၊ α€–ားဆောင်းα€™ြို့α€›ှိ α€…α€…်‌α€€ောင်α€…ီα€›ဲ့ α€α€œα€› ၁၃၄ α€€ို α€žိα€™်းပို၊α€€်α€›α€›ှိခဲ့ပြီး α€—ုံးα€€ြဲα€–ို့α€œာတဲ့ α€œေα€šာဉ် ၄ စင်းထဲα€€ FTC2000G တိုα€€်α€œေα€šာဉ် ၁ စင်းα€€ို ဇူα€œိုင် ၂ α€›α€€်၊ α€™α€”α€€်ပိုင်းα€™ှာ ပ၊α€…်ချα€”ိုင်ခဲ့α€α€š်α€œို့ ကရင်α€”ီတပ်ပေါင်းα€…ုံα€…α€…်ဦးα€…ီးထဖွဲ့ - JCS α€€ ဇူα€œိုင် ၃ α€›α€€်α€”ေ့ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

α€…α€…်α€€ောင်α€…ီ α€α€œα€› ၁၃၄ α€”ဲ့ ၁၃၅ α€€ို ကရင်α€”ီတပ်ပေါင်းα€…ုံတော်α€œှα€”်α€›ေးတပ်α€–ွဲ့α€€ ဇွα€”်α€œ ၂၅ α€›α€€်α€”ေ့ စတင်တိုα€€်ခို၊α€€်ခဲ့ပြီး ဂျα€€်α€–ိုα€€်တာY-12 Y-8 FTC- 2000G Military Transport Aircraft တွေα€”ဲ့ α€œေα€€ြောင်းα€…α€…်α€€ူထပြင်းထထန် တိုα€€်ခိုα€€်ခဲ့တဲ့α€€ြားα€€ ဇွα€”် ၃၀ α€›α€€်α€™ှာ α€–ားဆောင်း α€α€œα€› ၁၃၄ α€€ို α€žိα€™်းပိုα€€်α€›α€›ှိခဲ့တာα€œို့ ထုတ်ပြα€”်ထားပါα€α€š်။

 

ဇူα€œိုင် ၂ α€›α€€်၊ α€™α€”α€€် ၁ α€”ာα€›ီဝန်းα€€ျင်α€™ှာတော့ α€…α€…်α€€ောင်α€…ီα€›ဲ့ တရုတ်α€”ိုင်ငံထုတ် FTC 2000G ထမျိုးထစားတိုα€€်α€œေα€šာဉ် တစင်းα€€ို ပ၊α€…်ချα€”ိုင်ခဲ့α€α€š်α€œို့ ကရင်α€”ီတပ်ပေါင်းα€…ုံα€…α€…်ဦးα€…ီးထဖွဲ့α€€ ဆိုပါα€α€š်။

 

ဇူα€œိုင် ၃ α€›α€€်၊ α€”ေ့α€œα€š် ၂ α€”ာα€›ီဝန်းα€€ျင်α€™ှာတော့ α€–ားဆောင်းα€™ြို့ထနီး ပစ်ချα€œိုα€€်တဲ့α€œေα€šာဉ်ထပျα€€်ထစီးα€”ဲ့ထတူ α€œေα€šာဉ်α€™ှူး ၂ ဦးα€›ဲ့ α€›ုပ်ထ‌‌α€œော၊င်း ထပိုင်းထစ α€›ှာတွေ့α€›ှိခဲ့α€α€š်α€œို့ α€‘α€žိပေးပါα€α€š်။

 

α€…α€…်α€€ောင်α€…ီကတော့ ဇူα€œိုင်α€œ ၂ α€›α€€်α€”ေ့ α€Šα€•ိုင်းα€™ှာ တိုα€€်α€œေα€šာဉ်တစင်း ပျံα€žα€”်းα€”ေစဉ် α€›ုတ်တရက် α€›ေα€’ါα€€α€”ေ ပျောα€€်α€€ွα€š်ပြီး ထဆက်α€‘α€žွα€š်ပြတ်α€”ေα€α€š်α€œို့ဆိုပြီး α€”ောα€€်ဆက်တွဲ α€žα€α€„်းထုတ်ပြα€”်တာ α€™α€›ှိပါα€˜ူး။



#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment