31 Aug 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ α€žြဂုတ်α€œ ( ၃၁ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား



πŸ“ŒπŸ“Œ ၁။ α€…α€…်ဆင်α€›ေး ထရှိα€”်α€™ြှင့်α€–ို့ MoD NUG ထထူးတိုင်းα€…α€…်α€Œာα€” ထပ်α€™ံα€–ွဲ့α€…α€Š်းα€α€š်α€œို့ α€€ြေα€Šာ

 

တိုင်းရင်းα€žား တော်α€œှα€”်α€›ေးထင်ထားα€…ု EROs α€’ေα€žα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့တွေα€”ဲ့ထတူ α€…α€…်ဆင်α€›ေး ထရှိα€”်α€‘α€Ÿုα€”်α€™ြှင့် α€–ော်ဆောင်α€–ို့ ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်မတော်၊ ထထူးတိုင်းα€…α€…်α€Œာα€” α€–ွဲ့α€…α€Š်းα€α€š်α€œို့ (ဩဂုတ် ၂၇ α€›α€€်α€”ေ့) α€€ြေα€Šာပါα€α€š်။

 

ထထူးတိုင်းα€…α€…်α€Œာα€”α€Ÿာ ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်မတော်၊ α€…α€…်α€›ုံးချုပ် တိုα€€်α€›ိုα€€်α€€ွပ်α€€ဲα€™ှုα€”ဲ့ ထမှတ် (၁) α€…α€…်α€’ေα€ž α€…α€…်ဆင်α€›ေးα€€ွပ်α€€ဲα€™ှုထောα€€်α€™ှာ α€›ှိα€™α€š်α€œို့ ပြောပါα€α€š်။

 

MoD NUG α€›ဲ့ ထမှတ် (၁) α€…α€…်α€’ေα€žα€™ှာ α€…α€…်α€€ိုင်း၊ α€™α€€ွေး၊ α€™α€”္α€α€œေးα€”ဲ့ α€›ှα€™်းα€™ြောα€€် စတဲ့α€’ေα€žα€ွေ ပါဝင်ပါα€α€š်။

 

ထထူးတိုင်းα€…α€…်α€Œာနထနေα€”ဲ့ တိုင်းα€…α€…်α€Œာα€”α€€ွပ်α€€ဲα€™ှုထောα€€် α€”α€Š်းα€—ျူα€Ÿာ၊ တပ်ရင်းα€”ဲ့ တိုင်းα€…α€…်α€Œာα€”α€…α€…်ဆင်α€›ေးα€€ွပ်α€€ဲα€™ှုထောα€€်α€™ှာα€›ှိα€”ေတဲ့ ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးထဖွဲ့ (ပကဖ) α€’α€›ုα€”်းα€œα€€်α€›ုံးတပ်α€–ွဲ့တွေα€€ို α€₯ီးα€…ီးα€€ွပ်α€€ဲα€™α€š်α€œို့α€œα€Š်း ထထူးတိုင်းα€…α€…်α€Œာα€”α€›ဲ့ ဩဂုတ် ၂၇ α€›α€€်α€”ေ့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ α€‘α€žα€€်မပြα€Š့်α€žူတွေ α€…α€…်α€™ှုထမ်းခွင့်မပြုα€œို့ NUG ပြော

 

α€‘α€žα€€် ၁၈ α€”ှα€…်မပြα€Š့်α€žူတွေα€€ို α€…α€…်α€™ှုထမ်းခွင့်မပြုတဲ့ထကြောင်း ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€› - NUG α€€ာα€€ွα€š်α€›ေးဝန်α€€ြီးα€Œာα€”α€€ (ဩဂုတ် ၂၉) α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

တပ်ရင်း၊ တပ်α€–ွဲ့တွေα€™ှာ α€‘α€žα€€်မပြα€Š့်α€žူတွေ ပါဝင်α€œာရင် α€™ိα€˜α€‘ုပ်ထိα€”်းα€žူα€œα€€်ထဲ ပြα€”်ထပ်α€–ို့၊ ဆွေးα€”ွေးα€‘α€žိα€•α€Šာပေးα€–ို့α€”ဲ့ α€€α€œေးα€žူα€„α€š်တွေ α€•α€Šာα€žα€„်α€€ြားခွင့် ထပြα€Š့်ထဝရဖို့ α€žα€€်ဆိုင်α€›ာထဖွဲ့α€‘α€…α€Š်းတွေα€”ဲ့ α€œုပ်ဆောင်α€”ေα€α€š်α€œို့α€œα€Š်း ပြောထားပါα€α€š်။

 

MoD – NUG α€œα€€်ထောα€€်α€›ှိ တပ်ရင်း၊ တပ်α€–ွဲ့တွေထနေα€”ဲ့ α€…α€…်α€…α€Š်းα€€α€™်းα€œိုα€€်α€”ာα€€ြα€–ို့ α€œိုα€€်α€”ာα€™ှုα€™α€›ှိရင် α€…α€…်ဆေးထရေးα€šူα€žွားα€™α€š်α€œို့ ဆိုပါα€α€š်။

 

α€œα€€်α€›ှိ NUG ထနေα€”ဲ့ ခုခံတော်α€œှα€”်α€…α€…်α€›ဲ့ α€…α€…်α€›ေးထောင်ပွဲတွေ ဆက်α€œα€€် α€›α€›ှိα€”ေα€…ေα€–ို့ တိုင်းα€…α€…်α€Œာα€” ၁၀ ခုα€€ တပ်α€™ှူးα€€ြီးတွေα€…ုဝေးပြီး α€‘α€…α€Š်းထဝေးα€œုပ်ခဲ့တဲ့ထကြောင်း (α€žြဂုတ် α‚αˆ) α€Šα€”ေပိုင်းα€™ှာ ထုတ်ပြα€”်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ α€…α€…်ထုပ်α€…ု α€œα€€်α€”၊α€€်ခဲα€šα€™်းတွေ့α€œို့ ထပ်α€”ှံα€œာα€žူ α€’ေα€žα€ံတွေα€€ို ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်α€€ တတိα€šα€‘α€€ြိα€™် ဆုငွေချီးα€™ြှင့်၊ တပတ်ထတွင်း α€œα€€်၊α€”α€€် ၁၀ α€œα€€်α€”ဲ့ ခဲα€šα€™်းတချို့တွေ့α€›ှိ 

 

မင်းတပ်α€™ြို့α€žိα€™်းα€€ာα€œ ထွα€€်ပြေးα€…α€…်ထုပ်α€…ုတပ်α€–ွဲ့ဝင်တွေ ဝှα€€်ထားခဲ့တဲ့ α€œ၊α€€်α€”α€€်တွေ့α€›ှိပြီး ပြα€Š်α€žူတွေα€€ ထပ်α€™ံထပ်α€”ှံα€œာα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်α€€ ဩဂုတ် ၂၉ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

ထခုတခေါα€€်α€™ှာ MA 1 ၃ α€œα€€်၊ ၄ ၀မမ α€—ုံးα€žီး ၆ α€œုံးα€”ဲ့ တခြားဆက်စပ်ပစ္α€…α€Š်းတွေပါဝင်α€œို့ ဆုငွေချီးα€™ြှင့်α€α€š်α€œို့ ပြောပါα€α€š်။

 

မင်းတပ်α€™ှာ ထခုတပတ်ထတွင်း ပြα€Š်α€žူတွေကတွေ့α€œို့ α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ထံ ထပ်α€”ှံတဲ့ α€œα€€်α€”၊α€€်တွေထဲα€™ှာ MA 15 (α€…α€€်α€œα€်) RPG 7 MA 4 MA 3 စတဲ့ α€žေα€”၊တ် ၁၀ α€œα€€်ထထိα€›ှိပြီး α€—ုံးα€žီးတွေα€”ဲ့ ထခြားဆက်စပ်ပစ္α€…α€Š်းတွေ ပါဝင်ပါα€α€š်။ 

 

မင်းတပ်α€™ြို့α€€ို ၂၀၂၄ α€”ိုဝင်α€˜ာ ၉ α€›α€€်α€”ေ့ကချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေးα€–ော်ဆောင်ခဲ့ပြီး α€›α€€်ပေါင်း ၄၀ α€€ျော်ထကြာ α€’ီဇင်α€˜ာ ၂၁ α€›α€€်α€”ေ့α€™ှာ α€™ြို့α€€ိုထပြα€Š့်ထဝ ပြα€”်α€œα€Š်ထိα€”်းချုပ်ခဲ့ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၄။ ၁ α€œα€”ီးပါး ပိတ်ထားတဲ့ မင်းတပ် - မတူပီ α€€ုα€”်α€žွα€š်α€›ေးα€œα€™်း α€€α€”့်α€žα€်ချα€€်α€”ဲ့ ပြα€”်α€–ွင့်

 

၁ α€œα€”ီးပါး ပိတ်ထားတဲ့ မင်းတပ် - မတူပီ α€™ော်တော်α€€ားα€œα€™်း α€€α€”့်α€žα€်ချα€€်α€”ဲ့ ပြα€”်α€–ွင့်α€”ေပြီα€œို့ MRO/ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မတူပီα€€ ဩဂုတ် ၂၇ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

ဩဂုတ်α€œ ၈ α€›α€€်α€”ေ့ ပိတ်ထားတဲ့ ထဆိုပါ α€œα€™်းပိုင်းα€™ှာ ဩဂုတ်α€œ α‚αˆ α€›α€€်စပြီး α€žα€်α€™ှတ်ထားတဲ့ α€šာဉ်တွေ α€žွားα€œာα€”ိုင်ပြီα€œို့ ဆိုပါα€α€š်။

 

α€™ိုးတွင်းα€€ာα€œα€–ြα€…်တာα€€ြောင့် α€™ော်တော်α€€ားα€‘α€žေးα€žာ α€žွားα€œာခွင့်α€›ှိပြီး၊ α€€ားα€€ြီးတွေ ဆက်α€œα€€်ပိတ်ထားα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မတူပီα€€ ထုတ်ပြα€”်ပါα€α€š်။ မတူပီα€™ြို့α€”α€š်ထတွင်း α€›ောင်းချα€™α€š့် α€€ုα€”်ပစ္α€…α€Š်းတွေα€€ိုတော့ α€€ုα€”်α€€ားα€”ဲ့ ပို့ဆောင်α€”ိုင်α€™α€š်α€œို့ ပြောပါα€α€š်။ 

 

α€’ါ့ထပြင် α€€ုα€”်ပစ္α€…α€Š်းα€žα€š်α€šူα€›ောင်းချα€žူတွေထနေα€”ဲ့ α€žα€်α€™ှတ်α€”ှုα€”်းထားထတိုင်း ထခွα€”်ပေးα€›α€™α€š်α€œို့ ထုတ်ပြα€”်ပါα€α€š်။ ထုတ်ပြα€”်ပြီးα€žား α€€ုα€”်α€žွα€š်α€›ေးα€…α€Š်းα€€α€™်း α€œိုα€€်α€”ာα€›α€™ှာα€–ြα€…်ပြီး α€…α€Š်းα€€α€™်းα€–ောα€€်α€–ျα€€်တာα€™ျိုး α€™α€œုပ်α€–ို့α€œα€Š်း တိုα€€်တွα€”်းထားပါα€α€š်။

 

မတူပီα€™ြို့α€€ို ၂၀၂၄ ဇွα€”်α€œα€”ှောင်းပိုင်းα€™ှာချင်းα€Šီα€”ောင်α€€ α€žိα€™်းပိုα€€်ခဲ့တာ α€–ြα€…်ပါα€α€š်။


#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment