၂၀၂၅ သြဂုတ်လ ၃၁ ရက်နေ့ မနက်ခင်း သတင်းလွှာ

၂၀၂၅ သြဂုတ်လ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမှုများကို မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ပေးကြရန်၊ တရားသူကြီးများ တရားစီရင်ရေးလုပ်ငန်းများ စနစ်တကျ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တိုက်တွန်း

📌 ၂။ စစ်ကိုင်းနဲ့ မကွေးက လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတွေကို အမျိုးသမီးနှင့် ကလေး ကာကွယ်စောင့်ရှောက်ရေး နည်းပြသင်တန်းပေးခဲ့

📌 ၃။ အထူးဒေသ()တွင်လူမျိုးရေး အရှက်ကွဲသည့်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

📌 ၄။ ဖားကန့်တွင် ဘက်ပြောင်းခိုလှုံသူများ၏ သတင်းပေးမှုကြောင့် ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရ

📌 ၅။ ပုလဲမြို့နယ်က ရေရှည် စစ်ဘေးဒဏ်ခံ ကျေးရွာများကို အခမဲ့ ဆေးကုသပေးခဲ့


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျောက်ဖြူမြို့နယ်တွင် AA က စစ်သင်္ဘောတစ်စီးကို ပစ်ခတ်တိုက်ခိုက်

🚩 ၂။ ဒီမော့ဆို၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်ပစ်ခတ် ခြေမှုန်းခဲ့

🚩 ၃။ မင်းလှမြို့နယ်မှာ ကြံ့ခိုင်ရေး ပါတီ (USDP) ရုံး ဝင်ပေါက်အနီး မိုင်းခွဲတိုက်ခိုက်ခံရ

🚩 ၄။ မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သီလရှင် ()ပါးနှင့် အမျိုးသမီး ()ဦးသေဆုံး၊ သံဃာတော် ()ပါး၊ သာမဏေ ()ပါး၊ အမျိုးသား ()ဦး ထိမှန်ဒဏ်ရာရ

🚩 ၅။ မြင်းမူမြို့နယ်နဲ့ မြိုင်မြို့နယ်မှာ စစ်ကော်မရှင်က စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ဦး သေဆုံး

🚩 ၆။ ပဲခူး၊ ကျောက်တံခါး မြို့နယ်နဲ့ ရှမ်းမြောက်ဒေသ၊ ကျောက်မဲ မြို့နယ်တို့မှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် ပြည်သူ ဦး သေဆုံး

🚩 ၇။ ချောက်မြို့နယ်၊ ကုန်းကြီးပျူရွာမှ ပျူစောထီး တစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်၊ သိန်း ၅၀ ချီးမြှင့်

🚩 ၈။ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့ (YRF) ဘဏ္ဍာရေးဌာန ဌာနမှူး ကျဆုံးခြင်း တစ်နှစ်ပြည့် ဦးညွှတ်အလေးပြု

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အမှုများကို မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ပေးကြရန်၊ တရားသူကြီးများ တရားစီရင်ရေးလုပ်ငန်းများ စနစ်တကျ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တိုက်တွန်း


ဩဂုတ် ၃၀ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(/၂၀၂၅)ကို  ဩဂုတ် ၃၀ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့ကြောင်း NUG တရားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါအခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုး ၊ပြစ်မှုနှင့် တရားမဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်၊ ရုံးအဖွဲ့မှူး ဒေါ်ရွှေနွယ်ရိုး၊ ဦးစီးဌာနတာဝန်ရှိဝန်ထမ်းများနှင့် မြို့နယ်တရားရုံး (၃၂) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုးမှ "လက်ရှိကာလ နိုင်ငံရေးအခြေအနေမှာ ဖက်ဒရယ်စနစ်ကို ဦးတည် အကောင်အထည်ဖော်ဆောင်ရွက်နေပြီးဖြစ်ရာ တရားရေးဝန်ကြီးဌာနအနေဖြင့်လည်း ဖက်ဒရယ်ယူနစ်လမ်းစဉ်များနှင့်အညီ ကြိုးစားဆောင်ရွက် လုပ်ဆောင်နေပါကြောင်း၊ ထို့ပြင် ယခုကာလအတွင်း အထူးတရားရုံးများ စတင်အကောင်အထည်ဖော် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်းကို မြို့နယ်တရားရုံးများကို သတင်းစကားမျှဝေပေးလိုကြောင်း၊ တရားရုံးများအနေဖြင့်လည်း အမှုများ စီရင်ဆုံးဖြတ်ရာတွင် ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း "တရားစီရင်မှု နှောင့်နှေးကြန့်ကြာခြင်းဟာ တရားမျှတမှုကို ငြင်းပယ်ရာရောက်သည်" ဆိုသည့် ဆိုရိုးစကားရှိသည်နှင့်အညီ အမှုများကို မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ပေးကြရန် လိုပါကြောင်း ဒီမိုကရေစီစနစ်နှင့်အညီ လူအခွင့်အရေးဆိုင်ရာ ရှု့ဒေါင့်မှနေပြီး ရှု့မြင်သုံးသပ်ပါကလည်း အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမျိုး မဖြစ်ရလေအောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း" အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် မြို့နယ်တရားသူကြီးများမှ မေးမြန်းလာသည့် မေးခွန်းများအား ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုး၊ ပြစ်မှုနှင့်တရားမဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်၊ ရုံးအဖွဲ့မှူး ဒေါ်ရွှေနွယ်ရိုးတို့မှ အသီးသီးပြန်လည် ဖြေကြားပေးခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုးမှ အစည်းအဝေး ဆုံးဖြတ်ချက်များနှင် ရှေ့လုပ်ငန်းစဉ်များချမှတ် အတည်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။


ထို့နောက် ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါ်မေပိုးမှ "ယခုအစည်းအဝေး တက်ရောက်လာသည့် တရားသူကြီးများအနေဖြင့် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကြားမှ တရားစီရင်ရေးလုပ်ငန်းများကို အောင်မြင်မှုရရှိအောင် ဆောင်ရွက်ပေးနေကြပါသောကြောင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ၊ယခုကာလအတွင်းဝန်ကြီးဌာနများနှင့် တော်လှန်ရေးအဖွဲ့များအပေါ် ဝေဖန်မှုများရှိနေသလို အပြောင်းအလဲကိစ္စရပ်များလည်း ရှိလာနိုင်ကြောင်း၊ တော်လှန်ရေး အရှိန်အဟုန်မြင့်မားလာသည်နှင့်အမျှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက်တိုးတက်လာမှုများရှိနေပြီဖြစ်သည်နှင့်အညီ တရားသူကြီးများကလည်း တရားစီရင်ရေးလုပ်ငန်းများအား စနစ်တကျဖြင့် ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် ဝိုင်းဝန်း ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ တာဝန်ထမ်းဆောင်နေသော မြို့နယ်တရားသူကြီးများအားလုံး ဘေးကင်းကျန်းမာပါစေရန် ဆုတောင်းမေတ္တာပို့သပေးပါကြောင်း  နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၂း၀၀)နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းနဲ့ မကွေးက လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတွေကို အမျိုးသမီးနှင့် ကလေး ကာကွယ်စောင့်ရှောက်ရေး နည်းပြသင်တန်းပေးခဲ့


ဩဂုတ်လ ၃၀ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အတွင်းရှိ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတွေကို အမျိုးသမီးနှင့်ကလေး ကာကွယ်စောင့်ရှောက်ရေးနည်းပြသင်တန်း ပြုလုပ်ပေးခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ငါးရက်ကြာ ပြုလုပ်ခဲ့တဲ့ အဆိုပါ သင်တန်းမှာ ကလေးသူငယ် အခွင့်အရေး၊ ကလေးများရဲ့ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်၊ ဂျန်ဒါအခြေပြု အကြမ်းဖက်မှု၊ 6 Graves Violations - ကလေးများ အပေါ် ကြီးလေးသော ချိုးဖောက်မှုများ၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ပဋိပက္ခဆက်စပ် လိင်အကြမ်းဖက်မှု (CRSV) အပါအဝင် အခြေခံသိသင့်တဲ့ အမျိုးသမီးနဲ့ ကလေးငယ် အခွင့်အရေးတွေကို မျှဝေပေးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် ချိုးဖောက်မှုတွေကို စနစ်တကျ တိုင်ကြားနိုင်မယ့် တိုင်ကြားမှု ယန္တယားတွေကို အသေးစိတ် သင်ကြား ပို့ချပေးခဲ့ပြီး လူမှုအဖွဲ့အစည်း အတွင်းက သတ်မှတ်ချက်တွေကို သင်တန်းနည်းပြတွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ ကြပါတယ်။


သင်တန်းမှာ ပါဝင်တက်ရောက်ခဲ့ကြတဲ့ ရေးရာ တာဝန်ခံတွေကလည်း မြေပြင်မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အပြန်အလှန် ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး မိမိတို့ရဲ့ ရပ်ရွာအတွင်းမှာ သင်တန်း နည်းပြဆရာအဖြစ် ပြန်လည်ဝေမျှ ပို့ချမှုတွေ လုပ်ဆောင်နိုင်အောင် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


"ဒီ သင်တန်းကနေ ရရှိလာတဲ့ ဗဟုသုတတွေဟာ ကျွန်တော်တို့ရဲ့ ရပ်ရွာထဲက အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ ဘဝအတွက် တကယ်ကို အကျိုးရှိစေမယ့် အသိပညာတွေပါ။ ဒီ အသိပညာတွေကို ပြန့်ပွားစေပြီး ဒေသခံတွေရဲ့ ကာကွယ်စောင့်ရှောက်မှု စွမ်းရည်ကို မြှင့်တင်ပေးနိုင်မှာကို ဝမ်းသာမိပါတယ်" လို့ သင်တန်းမှာ တက်ရောက်ခဲ့တဲ့ ရေးရာတာဝန်ခံ တဦးက မှတ်ချက်ပြုထားပါတယ်။


========================


📌📌 ၃။ အထူးဒေသ()တွင်လူမျိုးရေး အရှက်ကွဲသည့်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ


ဩဂုတ် ၃၀ 

Radio NUG 


အထူးဒေသ()တွင် ဩဂုတ်လ ၂၉ ရက်နေ့ကိုလူမျိုးရေးအရှက်ကွဲသည့်နေ့အဖြစ် သတ်မှတ်အထိမ်းအမှတ်ပြုကာ အုပ်ချုပ်ရေးစီမံခန့်ခွဲမှု သင်တန်း (အပတ်စဉ် ) အရှက်ကွဲခဲ့ရသည့်အချိန်ကို အမှတ်ရပါ၊ အထူးဒေသကို ပြန်လည်ထူထောင်ပါခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ခု ကျင်းပခဲ့ကြောင်း The Kokant သတင်းဌာနမှ သတင်းဖော်ပြထားပါတယ်။


ထိုအခမ်းအနားသည် လွန်ခဲ့သော ၁၆ နှစ်က ဖြစ်ပွားခဲ့သည့် သမိုင်းဝင်ဖြစ်ရပ်များနှင့် ၁၄ နှစ်ကြာ ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည့် သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ရန်နှင့် တပ်သားများနှင့် ပြည်သူများအား အရှက်ကွဲခဲ့ရသည့် အမှတ်တရများကို မမေ့လျော့ဘဲ ရှေ့ဆက်တိုးရန် သတိပေးရန် ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။


လွန်ခဲ့တဲ့ ၁၆ နှစ်ခန့်က တပ်မတော်အစိုးရသည် မြန်မာ့တိုင်းရင်းသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အား အင်အားစုပြန်လည်စုစည်းရန် အတင်းအကျပ်တောင်းဆိုခဲ့သော်လည်း ငြင်းဆိုခံခဲ့ရပြီးနောက် ငြိမ်းချမ်းရေးသဘောတူညီချက်ကို တရားမဝင်ဖျက်သိမ်းကာ ကိုးကန့်ဒေသရှိ လက်နက်ပြင်ဆင်သည့် အလုပ်ရုံအား မူးယစ်ဆေးဝါးထုတ်လုပ်သည်ဟု စွပ်စွဲပြီး အင်အားသုံး ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုဖြစ်ရပ်ကြောင့် အထူးဒေသ၏ ခေါင်းဆောင်များ ယာယီရွှေ့ပြောင်းခဲ့ရပြီး နှစ်ပေါင်း ၂၀ ကြာ ငြိမ်းချမ်းစွာ နေထိုင်မှုဘဝလည်း ပျက်သုဉ်းခဲ့ရတယ်လို့ အသိပေးထားပါတယ်။


အခမ်းအနားကို နေ့လယ် နာရီတွင် အထူးဒေသ() ဒေသခံသီချင်းအတူတကွ ဖွံ့ဖြိုးတိုးတက်ရေးသို့ဖြင့် စတင်ခဲ့ပြီး MNTJP ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးချုပ် Mr. Jin Xin ဗိုလ်မှူးချုပ် Mr. Peng De Li ဗိုလ်မှူးကြီး Mr. Cha De An နှင့် ကိုးကန့်ခရိုင် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး Mr. Zhou Wen Jun အပါအဝင် စစ်ရေးနှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


အတွင်းရေးမှူး Mr. Zhou Wen Jun က အခမ်းအနားသည် အငြင်းပွားမှုများ ဆက်လက်ဖြစ်ပေါ်စေရန် မဟုတ်ဘဲ တိုင်းရင်းသားဒီမိုကရေစီ တော်လှန်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးအတွက် အသက်ပေးလှူခဲ့သူများကို ဂုဏ်ပြုရန်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သမိုင်းကို အမှတ်ရပြီး သုံးသပ်မှသာ အတွေ့အကြုံများကို စုစည်းကာ အထူးဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။


အခမ်းအနားတွင် သမိုင်းဆိုင်ရာ မှတ်တမ်းရုပ်ရှင်တို့ကို ကြည့်ရှုခဲ့ပြီး MNTJP ပါတီ၏ ခေါင်းဆောင်မှုအောက်တွင် မဟာမိတ်တပ်မတော်၏ အောင်ပွဲများနှင့် အရေးပါသော အစည်းအဝေးများကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် သူရဲကောင်းများကို ဂုဏ်ပြုခြင်းနှင့် လက်ရှိ ငြိမ်းချမ်းရေးကို တန်ဖိုးထားခြင်းအတွက် ဆိတ်ဆိတ်နေခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။


ဟောပြောပွဲပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၃ ဦးက ၁၆ နှစ်က သမိုင်းကြောင်းနှင့် ၁၄ နှစ်ကြာ ကြိုးပမ်းမှုများကို ပြန်လည်ဖော်ပြခဲ့ပြီး အထူးဒေသ၏ အနာဂတ်ဖွံ့ဖြိုးရေးကို ရှုမြင်ဟောပြောခဲ့ကာ ဆုရရှိသူများကို ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။


ဌာနမှူး Mr. Jin Xin က ပြိုင်ပွဲဝင်များ၏ တက်ကြွမှုကို ချီးကျူးပြီး၊ သမိုင်းဆိုင်ရာ ဖော်ပြချက်အချို့တွင် လိုအပ်ချက်များ ရှိနေသေးကြောင်း ထောက်ပြခဲ့ကာ မှန်ကန်သော သမိုင်းအမြင်ထားရှိရန်၊ သမိုင်းအမှန်တရားကို ရင်ဆိုင်ရန်နှင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားရန် တိုက်တွန်းခဲ့ပါတယ်။


ဒုတိယဥက္ကဋ္ဌ Mr. Peng De Li က  သင်တန်းသားများအား အထူးဒေသတည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ရန်နှင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားရန် တိုက်တွန်းခဲ့ပြီး အခမ်းအနားကို နေ့လယ် နာရီ ၃၀ မိနစ်တွင် ရုတ်သိမ်းခဲ့ကြောင်း အသိပေးထားပါတယ်။


========================


📌📌 ၄။ ဖားကန့်တွင် ဘက်ပြောင်းခိုလှုံသူများ၏ သတင်းပေးမှုကြောင့် ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရ


ဩဂုတ် ၃၀ 

Radio NUG 


ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ဖားကန့်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ အဖွဲ့ဝင် ဦးသည် စစ်အုပ်စုထံဘက်ပြောင်းခိုလှုံသွားခဲ့ပြီး၊ ၎င်းတို့၏ မမှန်ကန်သည့် သတင်းပေးမှုကြောင့် ဩဂုတ် ၂၉ ရက်တွင် ဒေသခံ ၁၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


ကျောက်စိမ်းတောင်တံတားမှာ စစ်တပ်က ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ ကျောက်မျက်ရောင်းဝယ်လုပ်ငန်း လုပ်ကိုင်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။


ဖမ်းဆီးခံရသူ ၁၅ ဦးအနက် ဦးကို ဩဂုတ် ၂၉ ရက်နှင့် ဩဂုတ် ၃၀ ရက် နံနက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း၊ ကျန်ရှိသူ ဦးကို ဆက်လက်ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူများသည် သာမန်အရပ်သားများသာ ဖြစ်တယ်လို့ သိရပါတယ်။


ဘက်ပြောင်းခိုလှုံသွားသည့် အဆိုပါ ဦးမှာလည်း စစ်ကြောရေးသို့ ရောက်ရှိသွားပြီး၊ ၎င်းတို့ကို စစ်ဆေးမေးမြန်းနေစဉ် ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိထားတယ်လို့  သိရပါတယ်။


ဖားကန့်မြို့ပေါ်တွင် စစ်တပ်က အင်အားအပြည့်ချထားပြီး၊ အမှိုက်ပုံဘက်မှ ဆင်းလာသည့် လမ်းပေါ်တွင် မောင်းတံဂိတ်နှင့် ပန်းတင်တံတားတို့တွင် စစ်ဆေးမှုများ ပြုလုပ်နေကာ၊ ထိုစစ်ဆေးမှုများအတွင်း ဖမ်းဆီးခံရသူများလည်း ရှိနေတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ပုလဲမြို့နယ်က ရေရှည် စစ်ဘေးဒဏ်ခံ ကျေးရွာများကို အခမဲ့ ဆေးကုသပေးခဲ့


ဩဂုတ်လ ၃၀ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ရေရှည် စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာများကို အခမဲ့ ဆေးကုသပေးခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ယက်က ထုတ်ပြန်ထားပါတယ်။


ပုလဲမြို့နယ်အတွင်းရှိ ရေရှည်စစ်ဘေးဒဏ်ခံနေရတဲ့ ကျေးရွာများက ပြည်သူများကို မြေပြင်မှာ ဆေးဝါးကုသမှုပေးနေသော အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ကာ ပုလဲမြို့နယ် တာဝန်ခံ အဖွဲ့က အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ဆေးဝါးကုသပေးမှုများကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်ရဲ့ မိတ်ဖက် အလှူရှင် အဖွဲ့အစည်းများ၊ အလှူရှင်များရဲ့ ကူညီထောက်ပံ့ပေးမှုဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပံ့ပိုးကူညီလိုပါက စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်ကို ချိတ်ဆက်နိုင်ကြောင်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ကျောက်ဖြူမြို့နယ်တွင် AA က စစ်သင်္ဘောတစ်စီးကို ပစ်ခတ်တိုက်ခိုက်


ဩဂုတ် ၃၀ 

Radio NUG 


ဩဂုတ်လ ၂၉ ရက် ညနေ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းအကြား ပင်လယ်ပြင်ရှိ စစ်သင်္ဘောတစ်စီးကို အာရက္ခတပ်တော် AAမှ မီတာ ၁၀,၀၀၀ ခန့်အကွာကနေ ဟောင်ဝစ်ဇာ (အဝေးပစ်အမြောက်) ဖြင့် ပစ်ခတ်ခဲ့ရာ ထိမှန်ပြီး မီးလောင်ပျက်စီးကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းဌာနအချို့အား ဖြေကြားထားပါတယ်။


"အခု အပစ်ခံရတဲ့ စစ်သင်္ဘောဟာ ကျောက်ဖြူ-ရမ်းဗြဲ တဝိုက်မှာ လှည့်ပတ်သွားလာနေပြီး အပြစ်မဲ့ ပြည်သူတွေနေတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေနှင့် ပစ်ခတ်ဒုက္ခပေးနေတဲ့ စစ်သင်္ဘောတစ်စီးဖြစ်ပါတယ်"လို့ ၎င်းက ပြောကြားထားပါတယ်။


ကျောက်ဖြူမြို့နယ်တွင် AA ထိုးစစ်များကို ကာကွယ်ရန် အာဏာသိမ်းစစ်တပ်က ကြည်း၊ ရေ၊ လေတပ်ဖြင့် ပြန်လည်တိုက်ခိုက်နေပြီး စစ်အင်အားများကိုလည်း ဖြည့်တင်းထားကာ AA က ကျေးရွာအများစုကို ထိန်းချုပ်ထားပြီး စစ်တပ်က ရေတပ်နှင့် မြို့ပေါ်အခြေစိုက်တပ်များတွင်သာ နေရာယူထားတယ်လို့ သိရပါတယ်။


ဩဂုတ်လ ဒုတိယပတ်တွင် AA ထိန်းချုပ်ထားသည့် ရမ်းဗြဲ-ကျောက်ဖြူလမ်းပိုင်းရှိ လိပ်ခမော်ရွာ (ရွာသစ်) နှင့် ပျားတဲရွာကဲ့သို့ ကျေးရွာများကို  လက်လွှတ်လိုက်ရသော်လည်း၊ ဩဂုတ်လ ၂၈ ရက်တွင် လိပ်ခမော်ကျေးရွာကို AA က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ကျောက်ဖြူမြို့နယ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ဓညဝတီရေတပ်ဌာနချုပ်အပါအဝင် ကျောက်ဖြူလေဆိပ်ရှိပြီး၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး အကြမ်းဖက်စစ်တပ်က အဆင့်မြင့်ဒရုန်းများအပါအဝင် ကြည်း၊ ရေ၊ လေတပ်များဖြင့် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဒီမော့ဆို၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်ပစ်ခတ် ခြေမှုန်းခဲ့


ဩဂုတ်လ ၃၀ ရက်၊ 

Radio NUG


ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ်၊ ငွေတောင် ရွာသစ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ဝင်ရောက်ပစ်ခတ် ချေမှုန်းခဲ့တယ်လို့ ရှမ်းတောင်၊ ကရင်နီ စစ်တိုင်း၊ ဗျူဟာ - ၁၁၊ ကရင်နီ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၂၉ ရက်၊ မနက် ၁၀ နာရီမှ မွန်းလွဲ နာရီထိ စစ်ကော်မရှင် တပ်အင်အား (၁၀၀) ကျော် တပ်စွဲထားတဲ့ နေရာကို ဗျူဟာ ၁၁ နဲ့ ကရင်နီ ပြည်နယ်ရှိ တပ်ပေါင်းစုများက ဝင်ရောက်ပစ်ခတ် ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကာ  MA-1 လက်၊ MA-2 လက်၊ MA-3 လက်နဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ရှမ်းတောင် ဒရုန်းတပ်ဖွဲ့၊ ဗျူဟာ- ၁၁ ဒရုန်းတပ်ဖွဲ့၊ DMO Local ဒရုန်းတပ်ဖွဲ့၊ UAV ဒရုန်း တပ်ဖွဲ့နဲ့ KNA ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရဲဘော် ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပါတယ်။


တော်လှန်ရေး တပ်ပေါင်းစုများမှ စည်းလုံးညီညွတ်စွာ ပူးပေါင်းတိုက်ခိုက် နိုင်ခဲ့တာကြောင့် ဒီးမော့ဆိုမှ ဖရူဆိုကို ဦးတည်လာခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းကို စစ်ဦးချိုး အထိနာအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ မင်းလှမြို့နယ်မှာ ကြံ့ခိုင်ရေး ပါတီ (USDP) ရုံး ဝင်ပေါက်အနီး မိုင်းခွဲတိုက်ခိုက်ခံရ


ဩဂုတ်လ ၃၀ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဗိုလ်ရုံတန်း ရပ်ကွက်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) ရုံး ဝင်ပေါက်အနီးမှာ မိုင်းခွဲတိုက်ခိုက် ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုပ်ဖို က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၂၉ ရက်၊ ညနေ နာရီ ၂၀ မိနစ်အချိန်မှာ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ () မြေအောက် ပြောက်ကျားတပ်ဖွဲ့ - အုပ်ဖို က မိုင်းဆွဲတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။


မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း ပါတီရုံးမှာ စောင့်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင် တချို့ ဒဏ်ရာရသွားပြီး စစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ယခုတိုက်ခိုက်မှုဟာ စစ်ကော်မရှင်က ပြုလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲကို လက်မခံကြောင်း သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခြင်းသာဖြစ်ပြီး ယင်းရွေးကောက်ပွဲမှာ ပါဝင်ကြမယ့်သူများနဲ့ အားပေးကူညီကြမယ့်သူများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၄။ မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သီလရှင် ()ပါးနှင့် အမျိုးသမီး ()ဦးသေဆုံး၊ သံဃာတော် ()ပါး၊ သာမဏေ ()ပါး၊ အမျိုးသား ()ဦး ထိမှန်ဒဏ်ရာရ


သြဂုတ် ၃‌၀

Radio NUG 


ဩဂုတ်လ ၂၉ရက်နေ့ (၁၀း၃၀)နာရီအချိန်တွင်  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊ မိုင်းလုံမြို့နယ်၊ ပန်သပြေကျေးရွာအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး ()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင် ()ပါးနှင့် အမျိုးသမီး ()ဦး သေဆုံးခဲ့ရပြီး သံဃာတော် ()ပါး၊ သာမဏေ ()ပါး၊ အမျိုးသား ()ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် နေအိမ် ()အိမ်၊ ကျောင်းဆောင် ()ဆောင်နှင့် ဓမ္မာရုံ ()ရုံတို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မြင်းမူမြို့နယ်နဲ့ မြိုင်မြို့နယ်မှာ စစ်ကော်မရှင်က စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ဦး သေဆုံး


ဩဂုတ်လ ၃၀ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မြင်းမူမြို့နယ်၊ ငကင်းရွာနဲ့ မြိုင်မြို့နယ်၊ လယ်တီရွာတို့မှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


ဩဂုတ်လ ၃၀ ရက် နေ့လယ် ၁၁ နာရီ အချိန်မှာ ငကင်းရွာကို (နမခ) မှ တက်လာတဲ့ စက်တပ်လေထီး စီးဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ မုံရွာ မြို့နယ် သတင်းမှန် ပြန်ကြားရေးက ဆိုပါတယ်။


ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မန်အောင်ရတနာ ဘုရားကြီးအတွင်းမှ  ဥပုဿ်သီလယူ‌ပြီး ပြန်လာတဲ့ ပြည်သူများကို ဗုံးထိမှန်ခဲ့ကာ ပြည်သူ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


အလားတူ မနက် နာရီ ၄၀ မိနစ်မှာ လယ်တီရွာကိုလည်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ပခုက္ကူ တပ်မ (၁၀၁) က တက်လာတဲ့ စက်တပ်လေထီး စီးဖြင့် ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုတွင်း ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူတွေ မွေးမြူထားတဲ့ ဝက် ကောင်နဲ့ ကြက် ကောင် သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ ပဲခူး၊ ကျောက်တံခါး မြို့နယ်နဲ့ ရှမ်းမြောက်ဒေသ၊ ကျောက်မဲ မြို့နယ်တို့မှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် ပြည်သူ ဦး သေဆုံး


ဩဂုတ်လ ၃၀ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ကျောက်တံခါး မြို့နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်တို့မှာ စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ဩဂုတ်လ ၂၉ ရက်၊ နာရီခွဲ အချိန်မှာ ကျောက်တံခါး မြို့နယ်၊ ပဲနွယ်ကုန်းမြို့ရှိ (၃၀၇) တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဇရပ်ခင်ရွာသစ်ရှိ နာရေးအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။


လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အသက် ၄၉ နှစ်အရွယ် ဦးဖိုးကျော်၊ အသက် ၄၄ နှစ်အရွယ် ဒေါ်ကြည်ကြည်တို့နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


အလားတူ ကျောက်မဲမြို့နယ်၊ ခိုက်တုန်ဟုန်း ကျေးရွာမှာလည်း ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ နာရီ ဝန်းကျင်မှာ စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် အသက် ၅၁ နှစ်အရွယ်ရှိ (စစ်ဘေးရှောင်) ဦးစိုးမောင် ဆိုသူ သေဆုံးသွားခဲ့ပါသေးတယ်။


========================


🚩🚩 ၇။ ချောက်မြို့နယ်၊ ကုန်းကြီးပျူရွာမှ ပျူစောထီး တစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်၊ သိန်း ၅၀ ချီးမြှင့်


ဩဂုတ် ၃၀ 

Radio NUG 


မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကုန်းကြီးပျူရွာမှ ပျူစောထီး အောင်ကျော်စန်းသည် ဩဂုတ်လ (၁၀)ရက်နေ့တွင် ချောက်တော်လှန်ရေးတပ် (CRA)ချိတ်ဆက်၍ အလင်းဝင်လာကြောင်း သတင်းထုတ်ပြန်ပါတယ်။


၎င်းနှင့်အတူ MA2 (စက်ကလေး) ၁လက်၊ ကျည်ဘောက် ၃ခု၊ လက်ပစ်ဗုံး ၁လုံး၊ ကျည် ၁၄၅‌ တောင့် နှင့်အတူ အလင်းဝင်ရောက်လာသဖြင့် (CRA)မှ သိန်း (၅၀)ဆုချီးမြှင့်ထားတယ်လို့ လွတ်မြောက်နယ်‌မြေသို့ မိသားစုနှင့်အတူ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့ (YRF) ဘဏ္ဍာရေးဌာန ဌာနမှူး ကျဆုံးခြင်း တစ်နှစ်ပြည့် ဦးညွှတ်အလေးပြု


ဩဂုတ်လ ၃၀ ရက်၊ 

Radio NUG


ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့ (YRF) ဗဟိုကော်မတီဝင်၊ ဘဏ္ဍာရေးဌာန ဌာနမှူး ရဲဘော်ကိုသန်းထိုက် () ညီညီ ရဲ့ ကျဆုံးခြင်း () နှစ်ပြည့်မှာ ကျန်ရစ်သူ ရဲဘော်ရဲဘက်များက ဦးညွှတ်အလေးပြုကြောင်း (YRF) က ထုတ်ပြန် ထားပါတယ်။


လွန်ခဲ့တဲ့ တစ်နှစ်က ကျဆုံးသွားခဲ့တဲ့ ရဲဘော်ကိုသန်းထိုက်အတွက် အောက်မေ့ဖွယ် တစ်နှစ်ပြည့် ထုတ်ပြန်ချက်ကို ဗဟိုကော်မတီဝင် ရဲဘော် တဦးက ရွတ်ဖတ်ပေးခဲ့ပြီး ကျန်ရစ်သူ ရဲဘော်ရဲဘတ်များက ဝမ်းနည်းဂုဏ်ယူခြင်း အထိမ်းအမှတ် ပန်းများဖြင့် ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


ထို့အပြင် ကျဆုံးခြင်း () နှစ်ပြည့်အတွက် တပ်ဖွဲ့ဝင် ရဲဘော်များက နှစ်လည်ဆွမ်း (နေ့ဆွမ်း)ကို ဆပ်ကပ်လှူဒါန်း ပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။









#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment