၂၀၂၅ သြဂုတ်လ ၂၈ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ၂၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ရန်ကုန်လွှတ်တော် နဝမအကြိမ်မြောက် အစည်းအဝေးမှာ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်အဖွဲ့ဝင်သစ်များတိုးချဲ့ဖွဲ့စည်းမှုအတည်ပြု

📌 ⁨⁨⁨⁨⁨⁨⁨၂။ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်မပို့ဖို ထိုင်ဝမ်အစိုးရကို အရပ်ဘက်အဖွဲ့အစည်း ၅ဝ ကျော် တောင်း‌ဆို

📌 ⁨⁨⁨⁨⁨⁨⁨၃။ စင်္ကာပူ အခြေစိုက်Ben Line Agenciesကုမ္ပဏီက စစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ  ကြံရာပါအဖြစ် ပတ်သက်ပါဝင်နေ

📌 ⁨⁨⁨⁨⁨⁨⁨၄။ အထောက်အထားမရှိသည့်ကလေးများလည်း ထိုင်းနိုင်ငံရှိစာသင်ကျောင်းများတွင် ပညာသင်ခွင့်ပြုရန် ထိုင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨၅။မန်တုံမြို့မှာ တအာင်း မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးရမိ

📌 ⁨⁨⁨⁨⁨⁨⁨၆။ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ ဘန်နာကိုကိုင်စွဲကာ လူထုသပိတ်လှုပ်ရှား

📌 ⁨⁨⁨⁨⁨⁨⁨၇။ စဥ့်ကူးမြို့အနီး၊မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩⁨⁨⁨ ဗန်းမော်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIA ပြော

🚩၂။ မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုမှာ ဆေးကုသမှုခံယူနေကြ သူတွေထဲက ဦး ထပ်မံသေဆုံး

🚩၃။ ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ၃၆ ဦးထက်မနည်း သေဆုံးပြီး ခမရ - ၄၀၉ က ဗိုလ်မှူးအပါအဝင် အများအပြား ဒဏ်ရာရ

🚩 ⁨⁨၄။ ထားဝယ်ခရိုင် အမှတ် - တပ်ရင်းထံ အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်းတပ်သားသစ် အလင်းဝင်

🚩၅။လူထုထိခိုက်နစ်နာမှု လျှော့ပါးအောင် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအပါအဝင် အချက် ချက် ဆွေးနွေးခဲ့တယ်လို့ PLSO/PLSF နဲ့ ပဲခူးယူနစ် ဖက်ဒရယ်အင်အားစု ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ရန်ကုန်လွှတ်တော် နဝမအကြိမ်မြောက် အစည်းအဝေးမှာ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်အဖွဲ့ဝင်သစ်များတိုးချဲ့ဖွဲ့စည်းမှုအတည်ပြု


သြဂုတ်လ (၂၈)ရက်


ရန်ကုန်လွှတ်တော် နဝမအကြိမ်မြောက် အစည်းအဝေးမှာ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်အဖွဲ့ဝင်သစ်များ တိုးချဲ့ဖွဲ့စည်းမှုကို အတည်ပြုခဲ့ပါတယ်။


ရန်ကုန်လွှတ်တော် နဝမအကြိမ်မြောက်အစည်းအဝေးကို မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တော်သလင်း လဆန်း ()ရက်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၈)ရက်၊ ကြာသပတေးနေ့ နံနက် ၉နာရီတွင် video conferencing system ဖြင့် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ရန်ကုန်လွှတ်တော်က အတည်ပြုပြဌာန်းခဲ့သော ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်၌ အဖွဲ့ဝင်သစ်များအဖြစ် ထပ်မံအားဖြည့်ပါဝင်မည့် စီဒီအမ်လှုပ်ရှားမှုဆိုင်ရာအစုအဖွဲ့မှ ()ဦး၊ မြေပြင်တော်လှန်ရေးအင်အားစုများအစုအဖွဲ့မှ ()ဦး၊ ဒီမိုကရေစီ အင်အားစုနှင့် လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာအစုအဖွဲ့မှ ()ဦး၊ အမျိုးသမီး၊ လူငယ်၊ လူနည်းစုနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများဆိုင်ရာအစုအဖွဲ့မှ()ဦး၊ တတ်သိပညာရှင်များအစုအဖွဲ့မှ()ဦး စသည့် အစုအဖွဲ့ အသီးသီးမှ ကိုယ်စားပြုစေလွှတ်သော ကိုယ်စားလှယ်နှင့် တသီးပုဂ္ဂလကိုယ်စားလှယ်စုစုပေါင်း (၁၁)ဦးကို တိုးချဲ့ဖွဲ့စည်းကြောင်း လွှတ်တော်ကအတည်ပြုခဲ့ပါတယ်။


ထို့ပြင် ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီကို အဖွဲ့ဝင် (၁၇)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခြင်း၊ ရန်ကုန် လွှတ်တော်၏ ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင် ()ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခြင်း စသည်တို့ကို လွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်မပို့ဖို ထိုင်ဝမ်အစိုးရကို အရပ်ဘက်အဖွဲ့အစည်း ၅ဝ ကျော် တောင်း‌ဆို


သြဂုတ်လ (၂၈)ရက်


နိုင်ငံရေးရ တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မပြန်ပို့နေတာတွေ ရပ်တန်းကရပ်ဖို့ အရပ်ဘက် လူ့အဖွဲ့အစည်း ၅၁ ဖွဲ့က ထိုင်ဝမ် အစိုးရကို တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာပို့ထားတယ်လို့ သွေးစွန်းငွေ - Blood Money က ထုတ်ပြန်ထားပါတယ်။

ပြန်လည်ပို့ဆောင်ခြင်းခံရသူတွေဟာ တရားလက်လွတ်သတ်ဖြတ်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနဲ့ လူဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ ပြုမူဆက်ဆံမှုတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေကြုံတွေ့ရနိုင်တဲ့အန္တရာယ်တွေကို အလေးမထားဘဲ ပြည်တွင်းကို အတင်းအဓမ္မပြန်လည်ပို့ဆောင်တဲ့ ဘယ်အစိုးရမဆို နိုင်ငံတကာဥပဒေ ချိုးဖောက်မှုမြောက်နိုင်တာကြောင့် ထိုင်ဝမ်အစိုးရ၊ အထူးသဖြင့် ထိုင်ဝမ် အမျိုးသား လူဝင်မှုကြီးကြပ်ရေးအေဂျင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ညှဉ်းပန်းနှိပ်စက်မှုမခံရအောင် ထွက်ပြေးတိမ်းရှောင် လာသူတွေကို အကာအကွယ်ပေးဖို့ အရပ်ဘက်အဖွဲ့တွေက အလေးအနက်ထားပြီး တိုက်တွန်းတောင်းဆိုထားတာ ဖြစ်ပါတယ်။

ထိုင်ဝမ်အစိုးရအနေနဲ့ လေးစားလိုက်ပါမယ်လို့ သဘောတူထားတဲ့ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်နဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုအားလုံး ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာဖြည့်ဆည်းပေးဖို့လည်း ဆက်ပြီးတောင်းဆိုထားပါတယ်။

စစ်ရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ လူငယ်တွေကို တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်း နေတဲ့အပြင် မြန်မာနိုင်ငံကို အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခံရသူတွေထဲက ရာပေါင်းများစွာသော လူငယ်တွေကိုလည်း တပ်သားသစ်တွေအဖြစ် အတင်းအဓမ္မစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်မှာ စတေးခံတပ်သားတွေအဖြစ် အသုံးပြုနေတာ တွေရှိနေတယ်လို့ သွေးစွန်းငွေအဖွဲ့က ထောက်ပြထားသည်။

နိုင်ငံရေးအရ တိမ်းရှောင်းနေကြနေကြတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားနဲ့ထိုင်းနိုင်ငံအစိုးရတို့ကလည်း နေရပ်ပြန်ပို့ပြီး စစ်ကောင်စီလက်အပ်နှံ့တဲ့ ဖြစ်စဉ်တွေရှိနေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၃။ စင်္ကာပူ အခြေစိုက်Ben Line Agenciesကုမ္ပဏီက စစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ  ကြံရာပါအဖြစ် ပတ်သက်ပါဝင်နေ


သြဂုတ်လ (၂၈)ရက်


စင်္ကာပူ အခြေစိုက်Ben Line Agenciesကုမ္ပဏီက စစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ  ကြံရာပါအဖြစ် ပတ်သက်ပါဝင်နေတယ်လို့ BloodMoneyCampaignMM က ဖော်ထုတ်လိုက်ပါတယ်။


"Ben Line Agencies က စင်္ကာပူအခြေစိုက် သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတခုဖြစ်ပါတယ်။ အပြင်ပိုင်းမှာတော့ တရားဝင် နာမည်ကောင်းတခုရှိတဲ့ ကမ္ဘာတဝန်း ပင်လယ်ရေကြောင်းဆိုင်ရာ ဝန်ဆောင်မှု ပံ့ပိုးသူအဖြစ် ရပ်တည်နေသော်လည်း အကြမ်းဖက် စစ်အုပ်စုကို ဓါတ်ငွေ့ အခွန်ငွေတွေ ဆက်လက် စီးဆင်းဖို့ ကူညီပေးနေပြီး အမြတ်များစွာရရှိရန် အရေးပါတဲ့ အခန်းကဏ္ဍကတဆင့် ပံ့ပိုးပေးနေပါတယ်။မြန်မာနိုင်ငံမှာတော့ Ben Line Agencies က ပင်လယ်ရေကြောင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေးများ၊ ရေနံတူးဖော်တဲ့ နေရာများကို ထောက်ပံ့မှုများ ပေးနေတယ်"လို့ဖော်ပြပါတယ်။


Justice For Myanmar ရဲ့ တွေ့ရှိချက်များအရ Ben Line Agencies ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ကုမ္ပဏီရုံးခွဲကတဆင့် ရွှေဓာတ်ငွေ့စီမံကိန်းကို နိုင်ငံတကာရေနံကုမ္ပဏီများနှင့် တိုက်ရိုက်ချိတ်ဆက် ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။


ရွှေဓာတ်ငွေ့စီမံကိန်းကို ဝန်ဆောင်မှုများ ပေးခြင်းဖြင့် Ben Line Agencies ဟာ စစ်အုပ်စုကို အာဏာတည်မြဲအောင် သွယ်ဝိုက်အားပေးနေပြီး စစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ ဒီလိုကုမ္ပဏီတွေကိုယ်တိုင် ကြံရာပါအဖြစ် ပက်သက်နေကြတယ်လို့ဆိုပါတယ်။


Ben Line Agencies ကုမ္ပဏီဟာ  ၎င်းရဲ့ ပါဝင်ပတ်သက်နေမှုကို  တာဝန်ခံမှု သို့မဟုတ် ရှင်းလင်းချက်ပေးရန် တောင်းဆိုချက်များကိုလည်း  တုံ့ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၄။ အထောက်အထားမရှိသည့်ကလေးများလည်း ထိုင်းနိုင်ငံရှိစာသင်ကျောင်းများတွင် ပညာသင်ခွင့်ပြုရန် ထိုင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်


သြဂုတ်လ (၂၈)ရက်


အထောက်အထားမရှိသည့်ကလေးများလည်း ထိုင်းနိုင်ငံရှိစာသင်ကျောင်းများတွင် ပညာသင်ခွင့်ပြုရန် ထိုင်းပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်။


အဆိုပါညွှန်ကြားလွှာကိုသြဂုတ်လ၂၆ရက် ထိုင်းပညာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများရဲ့ကလေးများလည်းအကျုံးဝင်တယ်လို့သိရပါတယ်။


အထောက်အထားမဲ့ ကလေးများအားလုံးကို ပညာသင်ကြားခွင့်ပြုရန်အတွက် ကျောင်းအပ်လက်ခံပေးဖို့ညွှန်ကြားလွှာမှာပါရှိပါတယ်။


လက်ရှိမှာထိုင်းနိုင်ငံရဲ့စာသင်ကျောင်းများကိုအပ်နှံလိုပါထိုင်းမွေးစာရင်းနှင့်မိဘ၏အထောက်အထားများလိုအပ်ပြီး ကျောင်းကသတ်မှတ်ထားတဲ့အချက်များကိုက်ညီမှုတို့လိုအပ်ပါတယ်။


လက်ရှိမှာထိုင်းအစိုးရဟာ ဒုက္ခသည်စခန်းများမှမြန်မာဒုက္ခသည်များကိုလည်းအလုပ်လုပ်ခွင့်အားလူဦးရေအလိုက်ခွင့်ပြုခဲ့ပြီး ၄င်းအပေါ်ထိုင်းနိုင်ငံရှိUNHCRကကြိုဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၅။မန်တုံမြို့မှာ တအာင်း မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးရမိ


သြဂုတ်လ (၂၈)ရက်


ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ - နယ်မြေဖြစ်တဲ့ နမ့်ဆန်ခရိုင် မန်တုံမြို့နယ် စေကော်ကျေးရွာမှာ တအာင်းမြို့နယ် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ပြောပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့ မနက် နာရီအချိန် မြို့နယ်ရဲတပ်ဖွဲ့ ကင်းလှည့်နေရာက အသက် ၄၅ နှစ်အရွယ် ဒေါ်အိုင်ဆောင်ရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးကြည့်ရာကနေ ယာမဆေးပြား ၁၄၄ ပြား သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့အတူတွေ့ရတဲ့ အဲဒီအမျိုးသမီးကို တအာင်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးပါတယ်။

မန်တုံမြို့နယ်မှာ တအာင်းမြို့နယ်ရဲတပ်ဖွဲ့ဟာ သြဂုတ်လအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတဦးနဲ့သုံးစွဲသူ ဦးကို ဖမ်းဆီးရမိခဲ့သေးတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၆။ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ ဘန်နာကိုကိုင်စွဲကာ လူထုသပိတ်လှုပ်ရှား


သြဂုတ်လ (၂၈)ရက်


တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ ဘန်နာကိုကိုင်စွဲကာ လူထုသပိတ်လှုပ်ရှားခဲ့ပါတယ်။


သြဂုတ်လ၂၈ရက်မှာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ပင်မသပိတ်က အသိပေးဖော်ပြပါတယ်။


မြိုင်မြို့တစ်နေရာတွင် စစ်ကောင်စီမှပြုလုပ်သော ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လူထုအင်အားနှင့် ချီတက်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကို မဲမပေးကြဖို့လူထုလှုပ်ရှားတွေလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၇။ စဥ့်ကူးမြို့အနီး၊မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်


သြဂုတ်လ (၂၈)ရက်


စဥ့်ကူးမြို့အနီး၊မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ပါတယ်။


၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၀၄:၃၆ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊မန္တလေးမြို့၏မြောက်ဘက်၆၃ကီလိုမီတာခန့်အကွာ၊စဥ့်ကူးမြို့အနီး၊မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ဖော်ပြပါတယ်။


ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် အသိပေးနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩⁨⁨⁨ ဗန်းမော်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIA ပြော


သြဂုတ်လ (၂၈)ရက်


ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဩဂုတ် ၂၄ ရက်ကပြီး တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကချင်လွတ်လပ်ရေး တပ်မတော် - KIA သတင်းပြန်ကြားရေးဌာနက မနေ့ ဩဂုတ် ၂၇ ရက်ညပိုင်းမှာ ဖော်ပြထားပါတယ်။ 

ဩဂုတ် ၂၄ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ တင့်ကားတွေနဲ့ ခလရ - ၂၃၆ တပ်ရင်းကို သိမ်းပိုက်ခဲ့ပြီး ဩဂုတ် ၂၅ ရက်မှာလည်း ဒရုန်းတွေသုံးပြီး ထိုးစစ်ဆင်လာတဲ့ စစ်သားတွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၆ ရက် ညနေပိုင်းမှာတော့ ဗန်းမော်မြို့ တာမိုင်းလုံဘက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်သားတွေကို KIA ပူးပေါင်း တပ်က ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ အသိပေးပါတယ်။

ဗန်းမော်မြို့မှာရှိတဲ့ စကခ ၂၁ တပ်၊ အမြောက်တပ်ရင်း ၃၃၆ တပ်အနီး ပတ်ဝန်းကျင်၊ လေဆိပ်အနီး၊ မြို့တွင်းနေရာအချို့မှာ တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေတယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။ 

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ ထိခိုက်သေဆုံးမှုအခြေအနေတွေကို ဖော်ပြမထားပေမယ့် ဒေသတင်းရင်းမြစ်အချို့ကတော့ ဗန်းမော်မြို့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်မှုသေဆုံးမှုတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြောပါတယ်။


========================


🚩🚩၂။ မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုမှာ ဆေးကုသမှုခံယူနေကြ သူတွေထဲက ဦး ထပ်မံသေဆုံး


သြဂုတ်လ (၂၈)ရက်


ရခိုင်ပြည် မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို ဖက်ဆစ် အကြမ်းဖက် စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေသူတွေထဲက ဦး ထပ်မံသေဆုံးသွားတယ်လို့ အာရက္ခတပ်တော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့ ၁၁ နာရီ ၂၅ မိနစ်ခန့်အချိန်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အခုလို အသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။

ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှု ခံယူနေရသူတွေထဲက ပြင်းထန်ဒဏ်ရာရရှိခဲ့ကြတဲ့ အသက် ၃၂ နှစ်အရွယ် ဒေါ် အေးစန္ဒာနဲ့ အသက် နှစ်အရွယ် မောင်အောင်အောင်တို့ ဆေးကုသမှုခံယူနေရာက ဩဂုတ်လ ၂၆ ရက်နေ့ ညနေ နာရီခွဲခန့်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လ ၂၅ ရက်နေ့ ညက မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အလှူလုပ်ဖို့အတွက် ပြင်ဆင်နေကြတဲ့ မိသားစုဝင်တွေနဲ့ အနီးဝန်းကျင်က ကလေးငယ် ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ရပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာခဲ့တာဖြစ်ပါတယ်။ 

ဒဏ်ရာရသူတွေထဲက ဆေးကုသမှုခံယူနေချိန်မှာ ဒေါ်အေးစန္ဒာနဲ့ မောင်အောင်အောင်တို့ ထပ်မံသေဆုံးခဲ့ရတဲ့အတွက် သေဆုံးသူအရေအတွက်ဟာ ၁၄ ဦးအထိ ရှိလာပြီလို့ အာရက္ခတပ်တော် သတင်းနှင့်ပြန်ကြားရေး မှတ်တမ်းတွေအရ သိရပါတယ်။


ဖက်ဆစ် အကြမ်းဖက် စစ်တပ်ဟာ ဩဂုတ်လ ၂၅ ရက်နေ့ တရက်တည်းမှာ မြောက်ဦး၊မင်းပြားနဲ့ ပေါက်တောမြို့နယ်တို့မှာ ရှိတဲ့ အရပ်သားပြည်သူတွေရှိရာ ရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စစ်တွေအခြေစိုက်  တပ်ရင်းတွေကလည်း ပုဏ္ဏားကျွန်းမြို့က ပြည်သူလူထုနေထိုင်ရာ ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ အာရက္ခတပ်တော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၃။ ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ၃၆ ဦးထက်မနည်း သေဆုံးပြီး ခမရ - ၄၀၉ က ဗိုလ်မှူးအပါအဝင် အများအပြား ဒဏ်ရာရ


သြဂုတ်လ (၂၈)ရက်


တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ အခု ဩဂုတ်လ တတိယပတ်ထဲမှာ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၃၆ ဦးထက်မနည်းသေဆုံးကာ ခမရ - ၄၀၉ က ဗိုလ်မှူးတဦးအပါအဝင် အများအပြား ဒဏ်ရာရသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဒီနေ့ ဩဂုတ် ၂၈ မှာ ထုတ်ပြန်လာပါတယ်။

ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေ ဩဂုတ်လ ၁၉၊ ၂၀၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်တွေမှာ ထိတွေ့တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က အသိပေးလိုက်တာဖြစ်ပါတယ်။

ခလရ-၂၈ တပ်ရင်းကပေးတဲ့ လက်နက်ကြီးပစ်ကူနဲ့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်းကျေးရွာကြားမှာ ညီနောင်တပ်ဖွဲ့နဲ့ တော်လှန်‌ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ နာရီခန့်မှာ တိုက်ခိုက်ခဲ့တာ တိုက်ပွဲဟာ နာရီခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဩဂုတ်လ ၂၀ ရက်နေ့မှာလည်း ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်းကျေးရွာအနီးကို စစ်‌ကြောင်းထိုးလာ‌တဲ့ ခလရ - ၂၈၂ တပ် က အင်အား ၈၀‌ ကျော်ပါ ရန်သူ့စစ်ကြောင်းနဲ့ တော်လှန်‌ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေ ညနေ နာရီ ၄၂ မိနစ်ကစပြီး တိုက်ပွဲခြစ်ခဲ့ရာ ညနေ နာရီကျော်မှာ ရန်သူ့စစ်ကြောင်း ဆုတ်ခွာ‌‌ထွက်ပြေးသွားတယ်လို့ အသိပေးပါတယ်။

 

ဩဂုတ်လ ၂၂ ရက်နေ့မှာလည်း မရမ်း‌ချောင်းရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ ရန်သူ့စစ်ကြောင်းနဲ့ တော်လှန်‌ရေးမဟာမိတ် ပူးပေါင်းတပ်တွေ ညနေ နာရီမှာ တိုက်ပွဲဖြစ်ထပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 


ဩဂုတ်လ ၂၃ ရက် နေ့လည် ၁၂ နာရီခွဲခန့်မှာ စစ်တပ်စစ်ကြောင်း တပ်စွဲထားတဲ့ မရမ်းချောင်းဘုန်းကြီးကျောင်းအတွင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ခဲ့တာရှိပြီး တိုက်ပွဲကြာချိန် နာရီဝက်လောက်ကြာခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဆိုပါတယ်။

 

ဩဂုတ်လ ၂၄ ရက်နေ့မှာတော့ မရမ်းချောင်းကျေးရွာကနေ မိုင် ၆၀ ရွာဘက် စစ်ကြောင်းထိုးလာတဲ့ ရန်သူ့စစ်ကြောင်းနဲ့ မိမိတို့တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တရက်တည်းမှာပဲ တိုက်ပွဲ ကြိမ်ဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။  


ဩဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာတော့ ရေဖြူမြို့နယ်ထဲက အမှတ် ပြည်ထောင်စုလမ်း‌‌မဘေးက သာယာမွန်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ ရန်သူ့စစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့တာရှိပြီး  ညီနောင်တပ်ဖွဲ့တွေရဲ့ ဒရုန်းအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲတွေမှာ ရန်သူ့စစ်တပ်ဘက်က ၃၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ခမရ - ၄၀၉ က ဗိုလ်မှူးတဦး အပါအဝင် အများ အပြား ထိခိုက်ဒဏ်ရာရသွားတာလို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ထုတ်ပြန်ထားပါတယ်။

 

စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ညီနောင်တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် - MSRF ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ ၃၃ က ဒေါနစစ်ကြောင်း - (YGF) ဒေါနစစ်ကြောင်း - (KBDF) ရေးဘီလူး တပ်ရင်း၊ ရာမညမွန်တပ်‌‌တော် - R.M.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်မဟာ တပ်ရင်း ၂၇ နဲ့ ကြယ်လင်းရောင် - ဆာကပေါတပ်ရင်း KTLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ⁨⁨၄။ ထားဝယ်ခရိုင် အမှတ် - တပ်ရင်းထံ အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်းတပ်သားသစ် အလင်းဝင်


သြဂုတ်လ (၂၈)ရက်


တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲက စော်ဖျားရွာနဲ့ မိုးရွှေကုန်းရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်တပ်ကြောင်းက အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်းတပ်သားသစ်တဦး ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်လာတယ်လို့ ထားဝယ်ခရိုင် အမှတ် တပ်ရင်းက မနေ့ သြဂုတ် ၂၇ ရက်ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားဟာ အသက် ၁၆ နှစ်အရွယ်ပဲရှိသေးတဲ့ ကလေး စစ်သား မောင်ဇင်ကိုကို ဆိုသူ ဖြစ်တယ် လို့ ဆိုပါတယ်။

မိဘတွေ အဆင်မပြေတာကြောင့် ကျောင်းပိတ်ရက်မှာ စပါးထွက်ထမ်းရာကနေ အပြန်မှာ စစ်သား ဦးရဲ့ ပေါ်တာဆွဲ ဖမ်းတာခံရပြီး စစ်မှုထမ်းသင်တန်း အပတ်စဥ် ကို တက်ရောက်ခဲ့ရတဲ့ အလင်းဝင်တပ်သားက ထွက်ဆိုထားပါတယ်။

စော်ဖျားရွာနဲ့  မိုးရွှေကုန်းရွာတွေကိုဝင်ရောက်ချိန်မှာ ရွာထဲမဝင်ခင် စစ်ကြောင်းမှူးက ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ရှင်းလင်းပြီးမှ ဝင်စေခဲ့တဲ့အပြင် လက်အောက်ငယ်သားတွေကိုလည်း ရွာလုံးကျွတ်မီးရှို့ကြဖို့ အမိန့်ပေး စေခိုင်းခဲ့တယ်လို့ ကလေးစစ်သား ဇင်ကိုကိုက ပြောပါတယ်။

ဒါ့အပြင် တရွာကနေ နောက်တရွာကူးတဲ့အချိန်မှာ သူတို့တည်းခိုခဲ့တဲ့ ဘုန်းကြီးကျောင်း နှစ်ထပ်ဆောင်ပေါ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲခိုင်းခဲ့သလို ပြည်သူတွေထွက်ပြေးချိန်မှာ ပိုင်ရှင်မဲ့ ကျန်နေရစ်တဲ့ အိမ်နဲ့ တွေ့သမျှစျေးဆိုင်တွေကို ဖောက်ထွင်းပြီး တန်းဖိုးကြီးပစ္စည်းတွေကို ခိုးယူတာတွေလည်းလုပ်ခဲ့ကြတယ်လို့ သူ့အတွေ့အကြုံကို ရှင်းပြထားပါတယ်။

သူ့အနေနဲ့ စစ်သင်တန်းတက်စဥ်နဲ့ သင်တန်းဆင်းပြီးချိန်တွေမှာ တပ်ထဲကထွက်ပြေးဖို့ စိတ်ကူးရှိခဲ့ပေမယ့်  သင်တန်းနည်းပြ နဲ့ စစ်အရာရှိတွေက PDF ထဲဝင်ရင် လည်လှီးအသတ်ခံရမယ်၊ ခေါင်းဖြတ်ခံရမယ် စတဲ့ ဝါဒမှိုင်းတိုက်ခံခဲ့ရတာတွေကြောင့် အများစုဟာ အဲဒီအတိုင်းယုံကြည်နေခဲ့ကြသလို သူကိုယ်တိုင်လည်း အလားတူထင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့ မှာ PDF တွေက သူ့ကိုကောင်းမွန်စွာ လက်ခံထားတဲ့အပြင် အန္တရာယ်ကင်းအောင် စောင့်ရှောက် ပေးထားတဲ့အတွက် အလင်းဝင်လိုတဲ့ စစ်အရာရှိတွေနဲ့ စစ်သည်တွေအနေနဲ့ အချိန်မနှောင်းခင် ပြည်သူနဲ့ပူးပေါင်းကြဖို့ အလင်းဝင်စစ်မှုထမ်းတပ်သား ဇင်ကိုကိုက တိုက်တွန်းထားပါတယ်။

အကြမ်းဖက် စစ်တပ်မှာ အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံရပြီး အမျိုးမျိုး နှိပ်စက်ညှင်းပန်းခံနေရတဲ့ လူငယ်တွေ အနေနဲ့ ဘယ်နေရာ ဘယ်အချိန်မှာမဆို တော်လှန်ရေးအင်အားစုတွေဆီ ဘက်ပြောင်းလာနိုင်ပြီး ဘက်ပြောင်းလာသူတွေရဲ့ အသက်နဲ့ လုံခြုံမှုရရှိစေရေး အာမခံတယ်လို့ ထားဝယ်ခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၅။လူထုထိခိုက်နစ်နာမှု လျှော့ပါးအောင် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအပါအဝင် အချက် ချက် ဆွေးနွေးခဲ့တယ်လို့ PLSO/PLSF နဲ့ ပဲခူးယူနစ် ဖက်ဒရယ်အင်အားစု ဆို


သြဂုတ်လ (၂၈)ရက်


လူထုထိခိုက်နစ်နာမှု လျှော့ပါးအောင် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအပါအဝင် အချက် ချက် ဆွေးနွေးခဲ့ တယ်လို့ ပြည်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ့/တပ်တော် PLSO/PLSF နဲ့ ပဲခူးယူနစ် ဖက်ဒရယ်အင်အားစုက ပူးတွဲထုတ်ပြန်ထားပါတယ်။


ပြည်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ့/တပ်တော် PLSO/PLSF နဲ့ ပဲခူးယူနစ် ဖက်ဒရယ်အင်အားစု BUFF တို့ ဩဂုတ်လ ၂၃ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။


ဒီတွေ့ဆုံပွဲမှာ ဖိနှိပ်ခံပြည်သူဘဝလွတ်မြောက်နိုင်ရေး အင်အားစုအချင်းချင်း ကြိုးစားဆောင်ရွက်နေတာ တွေနဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေ မျှဝေဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

 

ဒီမဟာမိတ်တွေ့ဆုံဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ အများပြည်သူ သိရှိနိုင်ဖို့ အလေးထားထုတ်ပြန်ရာမှာ သက်ဆိုင်ရာဒေသ တွေမှာ လူလုပ်ဘေးနဲ့ သဘာဝဘေးတွေမှာ လူထုထိခိုက်နစ်နာမှု လျှော့ပါးရေး အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့၊ တော်လှန်ရေးအင်အားစုများအချင်းချင်း ခိုင်မာတဲ့ မဟာမိတ်စုဖွဲ့မှုနဲ့ သက်ဆိုင်ရာဒေသတွေမှာ လူထုစည်းရုံးရေးလုပ်ငန်း တွေအတွက် ပံ့ပိုးကူညီနိုင်ဖို့၊ အနာဂတ် ဖက်ဒရယ် မျှော်ရည်ချက်တွေကို ရင်းနှီးခိုင်မာတဲ့ မိတ်ဘက်အင်အားစုတွေအဖြစ်နဲ့ အတူတကွဆောင်ရွက်ဖို့ ဆွေးနွေး ဖလှယ်ခဲ့ကြတယ်လို့ PLSO/PLSF နဲ့ BUFF တို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထား ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩








#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment