၂၀၂၅ သြဂုတ်လ ၂၉ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ၂၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ထိုင်းဘုရင်မင်းမြတ်နှင့် ထိုင်းနိုင်ငံအစိုးရထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ကျေးဇူးတင်လွှာပေးပို့ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨၂။ တိုက်ပွဲမရှိဘဲ  နတ်မောက်ကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ငါးဦးသေဆုံးတဲ့ဖြစ်စဥ် NUGလူ့အခွင့်ရေးဝန်ကြီးဌာန အသေးစိတ်ထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨၃။ လုံးဝပျက်ကွက်မှုမရှိ တပ်သားများအတွက် ဂုဏ်ပြုလက်ဆောင် မှာယူနိုင်သည့် သီးသန့်အထူးအစီအစဉ်(၄၃) တာဝန်ထမ်းဆောင်ထားသော  လုံးဝ ပျက်ကွက်မှုမရှိ တပ်သားများသာ အကျုံးဝင်မည်

📌 ⁨⁨⁨⁨⁨⁨⁨၄။ ဩဂုတ်လ တတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီအဖွဲ့ဝင် စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၈၂ ဦး ရှိခဲ့

📌 ⁨⁨⁨⁨⁨⁨⁨၅။ ရွှေဘိုခရိုင် တပ်ရင်း() အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ "မဟူရာရွှေဘိုသား" အဖွဲ့မှ  Project RPG 7 Campaign ကို စတင်

📌 ⁨⁨⁨⁨⁨⁨⁨၆။အထူးဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေတွေကိုသတ္တိရှိရှိရင်ဆိုင်ပြီး ဝန်ဆောင်မှု ပေးနိုင်စွမ်းကို မြှင့်တင်ဖို့ ကိုးကန့်ခရိုင်အုပ်ချုပ်ရေးကော်မတီ တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨၇။ မန်တုံမြို့မှာ တအာင်း မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမျိုးသား ဦး ထပ်မံ ဖမ်းဆီးရမိ


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩အရပ်သားပြည်သူတွေကိုသတ်ဖြတ်နေတဲ့ စစ်အုပ်စုက အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာတာဟာ သူခိုးက လူပြန်ဟစ် တာဖြစ်တဲ့အတွက် ဂရုစိုက်နေစရာ မလိုဘူးလို့ KNU တုံ့ပြန်

🚩၂။ ကန့်ဘလူနယ် ကျီကျင်းရွာကို ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်က အရပ်သားပြည်သူ ၄၀ ကျော် ဖမ်းထားပြီး ဦး ထက်မနည်းသတ်ဖြတ်ခဲ့

🚩၃။သရက်ချောင်းမှာ အကြမ်းဖက်စစ်တပ်က နေအိမ် ၈၀ နီးပါးမီးရှို့ခဲ့ပြီး ရွာသား ဦးကို ရက်စက်စွာသတ်ဖြတ်

🚩၄။ရေဖြူမြို့နယ် ကော့လှိုင်ရွာအနီးကို စစ်တပ်က တပ်ရင်း ရင်းနဲ့ စစ်ကြောင်းထိုးနေတာလို့ ရေးပြောက်ကျားတပ် ပြော

🚩၅။မင်းတပ်မြို့က စစ်တပ်ကဖွက်ထားခဲ့တဲ့လက်နက်တွေကို တာဝန်သိပြည်သူတွေ ထပ်ပြီးလာအပ် 

🚩၆။⁨⁨⁨⁨ မြင်းခြံနယ်မှာရှိတဲ့ စစ်တပ် ရေကြောင်း စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ထိုင်းဘုရင်မင်းမြတ်နှင့် ထိုင်းနိုင်ငံအစိုးရထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ကျေးဇူးတင်လွှာပေးပို့ခဲ့


 သြဂုတ်လ (၂၉)ရက်


ထိုင်းဘုရင်မင်းမြတ်နှင့် ထိုင်းနိုင်ငံအစိုးရထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ကျေးဇူးတင်လွှာပေးပို့ခဲ့ကြောင်း သြဂုတ်လ (၂၉)ရက်တွင် 

အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်လာပါတယ်။  


ထိုင်းနိုင်ငံအစိုးရ၏ ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်သောမြန်မာစစ်ဘေးရှောင်ပြည်သူများကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးရန် ခွင့်ပြုခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများ ကိုယ်စား ထိုင်းဘုရင်မင်းမြတ်နှင့် ထိုင်းနိုင်ငံအစိုးရထံသို့ သြဂုတ်လ(၂၇)ရက်နေ့တွင် ကျေးဇူးတင်ကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ပါရှိပါသည်။ 


အဆိုပါသဝဏ်လွှာတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း မြန်မာစစ်ဘေးရှောင်ပြည်သူများ၊ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်ပြီး လိုအပ်သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ထိုင်းနိုင်ငံအစိုးရနှင့်အတူလက်တွဲဆောက်ရွက်ရန် အသင့်ရှိနေကြောင်းထည့်သွင်း ဖော်ပြထားပါသည်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ တိုက်ပွဲမရှိဘဲ  နတ်မောက်ကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ငါးဦးသေဆုံးတဲ့ဖြစ်စဥ် NUGလူ့အခွင့်ရေးဝန်ကြီးဌာန အသေးစိတ်ထုတ်ပြန်


 သြဂုတ်လ (၂၉)ရက်


မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးရွာကို သြဂုတ်လ ၂၄ ရက်နေ့၊ ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ဦး၊ အမျိုးသမီး ဦးနဲ့ သက်ကြီးရွယ်အို ဦး စုစုပေါင်း အရပ်သားပြည်သူ ဦး သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။


ဒါ့အပြင် အရပ်သား ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် လုံးလည်း ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုအခြေစိုက်ရာ နေပြည်တော်ဘက်ကနေ ပျံသန်းလာတဲ့ ဂျက်ဖိုက်တာတစ်စီးက ပေါင် ၅၀၀ ဗုံး လုံးဖြင့် လဲဘူးရွာရဲ့ အနောက်ဘက်ခြမ်းကို အကြောင်းမဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်မှုတွေဆက်လိုက်လုပ်နေတာဟာ အကြမ်းဖက်စစ်အုပ်စုကျူးလွန်နေတဲ့ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကို မရပ်တန့်ဘူးဆိုတဲ့ သက်သေမှတ်တမ်းတွေဖြစ်တယ်လို့လူ့အခွင့်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၃။ လုံးဝပျက်ကွက်မှုမရှိ တပ်သားများအတွက် ဂုဏ်ပြုလက်ဆောင် မှာယူနိုင်သည့် သီးသန့်အထူးအစီအစဉ်(၄၃) တာဝန်ထမ်းဆောင်ထားသော  လုံးဝ ပျက်ကွက်မှုမရှိ တပ်သားများသာ အကျုံးဝင်မည်


 သြဂုတ်လ (၂၉)ရက်


လုံးဝပျက်ကွက်မှုမရှိ တပ်သားများအတွက် ဂုဏ်ပြုလက်ဆောင် မှာယူနိုင်သည့် သီးသန့်အထူးအစီအစဉ်(၄၃) တာဝန်ထမ်းဆောင်ထားသော  လုံးဝ ပျက်ကွက်မှုမရှိ တပ်သားများသာ အကျုံးဝင်မည်ဖြစ်ကြောင်း PRFထောက်ပို့မိသားစုက အသိပေးကြေညာပါတယ်။


"ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှ  ၂၀၂၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ပျက်ကွက်မှုမရှိ  အစီအစဉ်လေးဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ တာဝန်ကျေပွန်ခဲ့တဲ့အတွက် ရဲဘော်အားလုံးကို ဦးစွာ လေးစား ဂုဏ်ပြုအပ်ပါတယ်။ဒီအစီအစဉ်မှာ  ပျက်ကွက်မှုမရှိ ထောက်ပို့တပ်သားတဦးချင်းဆီတိုင်းထံသို့ အိမ်အရောက် ဂုဏ်ပြုလက်ဆောင်များ ပို့ဆောင်ပေးရန်မှာ အခက်အခဲ အကန့်အသတ်ရှိတာကြောင့် မဲနှိုက်ရွေးချယ်ပြီး ကံထူးရှင်များကိုသာ ပို့ဆောင်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ ယခုအခါ ထောက်ပို့တပ်သားများမှ ဂုဏ်ပြုလက်ဆောင်များကို လက်ဝယ်ပိုင်ဆိုင်လိုကြကြောင်း သိရတဲ့အတွက်  ဂုဏ်ပြုလက်ဆောင်များအား လုံးဝပျက်ကွက်မှုမရှိ ထောက်ပို့တပ်သားများကို ကုန်ကျစရိတ်ဖြင့် ပေးပို့မည့် သီးသန့်အထူးအစီအစဉ်ကို စီစဉ်ပေးထားပါတယ်"လို့ဖော်ပြပါတယ်။


ဒီသီးသန့်အစီအစဉ်တွင် ၂၀၂၁ ဒီဇင်ဘာလ မှ ၂၀၂၅ ဇွန်လ အထိ (၄၃) တာဝန်ထမ်းဆောင်ထားသော  လုံးဝ ပျက်ကွက်မှုမရှိ တပ်သားများသာ အကျုံးဝင်မှာ ဖြစ်ပြီးတော့ကုန်ကျစရိတ် ကျသင့်ငွေကို ထောက်ပို့တပ်သားဘက်မှ ကျခံရမည်ဖြစ်ပြီး ရဲဘော်အနေဖြင့် မိမိနေထိုင်ရာ နိုင်ငံအလိုက်  ကျသင့်မယ့် ကုန်ကျစရိတ်များနှင့် ပို့ဆောင်ပေးမယ့် ဂုဏ်ပြုလက်ဆောင်များအသေးစိတ်ကို သက်ဆိုင်ရာ FR ထံ မေးမြန်းပြီး စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရပါတယ်။


ကိုယ်ပိုင်အမှတ်များဖြင့် သီးသန့် customize ပြုလုပ်ရမယ့် လက်ဆောင်များဖြစ်တာကြောင့်  စက်တင်ဘာလ ရက်နေ့ထိသာ  စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး   အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ပစ္စည်းများအား ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၄။ ဩဂုတ်လ တတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီအဖွဲ့ဝင် စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၈၂ ဦး ရှိခဲ့


 သြဂုတ်လ (၂၉)ရက်


ဩဂုတ်လ တတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီအဖွဲ့ဝင် စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၈၂ ဦး ရှိခဲ့ပါတယ်။


ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၈၂ ဦး ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


အလင်းဝင်ပူးပေါင်းလာသူများစုစုပေါင်း ၁၀၁ ဦးရှိခဲ့ပြီးစစ်သား ၁၀၁ ဦးမှာမကွေးတိုင်းမှဖြစ်ကာမေလ ၂၇ ရက်နေ့ နောက်ပိုင်း မြိုင်နှင့်ပေါက်မြို့နယ်မှာ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သားများကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။


စစ်သုံ့ပန်း ဖမ်းဆီးခံရသူများ ၈၁ ဦးတွင်စစ်သား ၃၁ ဦး၊စစ်ကိုင်းတိုင်း (၂၃)၊ပဲခူးတိုင်း ()၊ကချင်ပြည်နယ် ()၊တနင်္သာရီတိုင်း ()ဦးတို့ဖြစ်ပြီးပြည်သူ့စစ် ၅၀ ဦးတွင်စစ်ကိုင်းတိုင်း မှဖြစ်ကြပါတယ်။


ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ဒုတိယပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၁၉၈၂ ဦးထိရှိခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၅။ ရွှေဘိုခရိုင် တပ်ရင်း() အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ "မဟူရာရွှေဘိုသား" အဖွဲ့မှ  Project RPG 7 Campaign ကို စတင်


 သြဂုတ်လ (၂၉)ရက်


ရွှေဘိုခရိုင် တပ်ရင်း() အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ "မဟူရာရွှေဘိုသား" အဖွဲ့မှ  Project RPG 7 Campaign ကို စတင်နေပြီဖြစ်ပါတယ်။


"ကျွန်တော်တို့ ရွှေဘိုကို မင်္ဂလာအောင်မြေ လို့သတ်မှတ်ပြီး ရတနာသိင်္ဃ လို့လည်း ခေါ်ဆိုပါတယ်။အောင်မြေလို့သတ်မှတ်ထားတဲ့ ကျွန်တော်တို့ ရွှေဘိုကို ပြန်လည်ရယူမဲ့ မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ မှာ အခြားအဖွဲ့များနဲ့အတူ ပါဝင်ပြီး ပွဲကြမ်းနိုင်ဖို့ လက်နက်အင်အား လိုအပ် ပါတယ်။ကျွန်တော်တို့က ရွှေဘိုခရိုင် တပ်ရင်း() အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ "မဟူရာရွှေဘိုသား" အဖွဲ့မှ ရဲဘော်များ ဖြစ်ကြပါသည်။

ရွှေဘိုသား() အညာသားတွေ ကြမ်းနိုင်သလောက် ကြမ်းပြပါတယ်။ ဒါပေမယ့် လက်နက်အင်အား မလုံလောက်သေးတာကြောင့် ကြမ်းချင်သလောက် မကြမ်းနိုင်သေးပါ။အဲဒီကြောင့် ကျွန်တော်တို့အစွမ်းကုန် ကြမ်းပြနိုင်ဖို့ Project RPG 7 Campaign ကို စတင်ထားပြီးပါပြီ"လို့ အသိပေးဆိုထားပါတယ်။


 Target Goalကတော့ကျပ်  သိန်း (၅၀၀)ဖြစ်ပြီး တော်လှန်ပြည်သူများရွှေဘိုရဲ့ ဂုဏ်ကို ပြန်ယူဖို့၊ရဲဘော်တွေကို လက်နက်နဲ့ အားပေးဖို့ Project RPG 7 Campaign ထဲမှာ အတူတူ ပါဝင်အားဖြည့်ပေးကြဖို့တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၆။အထူးဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေတွေကိုသတ္တိရှိရှိရင်ဆိုင်ပြီး ဝန်ဆောင်မှု ပေးနိုင်စွမ်းကို မြှင့်တင်ဖို့ ကိုးကန့်ခရိုင်အုပ်ချုပ်ရေးကော်မတီ တိုက်တွန်း


 သြဂုတ်လ (၂၉)ရက်


ရှမ်းမြောက်ဒေသမှာရှိတဲ့ အထူးဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေတွေကိုသတ္တိရှိရှိရင်ဆိုင်ပြီး ဝန်ဆောင်မှု ပေးနိုင်စွမ်းကို မြှင့်တင်ကြဖို့ ကိုးကန့်ခရိုင်အုပ်ချုပ်ရေးကော်မတီက တိုက်တွန်းလိုက်ပါတယ်။


ဩဂုတ်လ ၂၆ ရက်ကကျင်းပတဲ့ အထူးဒေသ - ကိုးကန့်ခရိုင် စီးပွားရေးနှင့်အခွန်ကောက်ခံမှုဆိုင်ရာလုပ်ငန်းသင်တန်း ဆင်းပွဲမှာ ကိုးကန့်ခရိုင်အုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူတွေက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။


အထူးဒေသ - ကိုးကန့်ခရိုင်က ကျင်းပတဲ့ စီးပွားရေးနှင့်အခွန်ကောက်ခံမှုဆိုင်ရာလုပ်ငန်းသင်တန်းဟာ ၁၄ ရက်တာ ကြာခဲ့ပြီး ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက သင်တန်းသား ၃၉ ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ 


အထူးဒေသမှာ ကုန်သွယ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ ဘဏ္ဍာရေးအခြေခံ ခိုင်မာစေဖို့  ရည်ရွယ်သင်ကြားပေးတာ ဖြစ်တဲ့အတွက် သင်တန်းသားတွေအနေနဲ့ မိမိတို့လုပ်ငန်းနေရာတွေကို ပြန်ရောက်တဲ့အခါ အထူးဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအသစ်တွေ တာဝန်အသစ်တွေကို သတ္တိရှိရှိရင်ဆိုင်ပြီး ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်စွမ်း  ကို အဆက်မပြတ်မြှင့်တင်ကြဖို့ ကိုးကန့်ခရိုင် ဒုတိယခရိုင်မှူးက တိုက်တွန်း ပြောကြားခဲ့ပါတယ်။ 


ကိုးကန့်ခရိုင်အတွင်းရေးမှူးကလည်း ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အရေးကြီးတာ သင်တန်းသားတွေအနေနဲ့ လက်တွေ့လုပ်ငန်းခွင်မှာ တာဝန်ယူမှု တာဝန်ခံမှုအပြည့်အဝနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြဖို့ သင်တန်းသားတွေကို ညွှန်ကြားခဲ့ပါတယ်။ 


သင်တန်းသားတွေအနေနဲ့ သင်ယူထားတဲ့ အသိပညာတွေကို လက်တွေ့လုပ်ငန်းခွင်မှာ နားလည်အောင် ကြိုးစားပြီး မိမိတို့ရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို အဆက်မပြတ်မြှင့်တင်ဖို့၊ ပြည်သူလူထု တောင်းဆိုချက်တွေကို နားထောင်ပြီး သက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းလုပ်ထုံးလုပ်နည်းတွေနဲ့အညီ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်တွေထုတ်ပေးဖို့၊ အခွန်နှုန်းထား ပြောင်းလဲမှု တွေ အခွန်ကောက်ခံတာနဲ့ အခွန်ဆောင်ခြင်း လုပ်ငန်းဆိုင်ရာမူဝါဒတွေကို ပြည်သူလူထုကို အသေးစိတ်ရှင်းပြဖို့၊ မကောင်းတဲ့ အလေ့အထတွေကို ပြုပြင်ပြီး လုပ်ငန်းတာဝန်တွေကို ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်ကြဖို့ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးကော်မတီက စီးပွားရေးနှင့်အခွန်ကောက်ခံမှုဆိုင်ရာလုပ်ငန်းသင်တန်းဆင်ရဲဘော်တွေကို တိုက်တွန်းထား ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၇။ မန်တုံမြို့မှာ တအာင်း မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမျိုးသား ဦး ထပ်မံ ဖမ်းဆီးရမိ


 သြဂုတ်လ (၂၉)ရက်


ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ နယ်မြေဖြစ်တဲ့ နမ့်ဆန်ခရိုင် မန်တုံမြို့က စေကော်ကျေးရွာမှာ တအာင်း မြို့နယ် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမျိုးသား ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ပြောပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့က အသက် ၄၈ နှစ်အရွယ် ဦးညီမန်နဲ့ အသက် ၃၂ နှစ်အရွယ် ဦးစံမွန်းကို နေအိမ်မှာ ဖမ်းဆီးရမိခဲ့ တာလို့ ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် ဦးအချောဆိုသူကိုတော့ မြို့နယ်ရဲတပ်ဖွဲ့က ရှောင်ခင်စောင့်ဆိုင်ပြီးစစ်ဆေးနေချိန် ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီအချိန်မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား ၃ဦးကို တအာင်း မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက အသိပေးပါတယ်။

မန်တုံမြို့မှာ သြဂုတ်လ ၂၃ ရက်တုန်းကလည်း အသက် ၄၅ နှစ်အရွယ် ဒေါ်အိုင်ဆောင်ရဲ့အိမ်ကို ဝင်ရောက်စစ်ဆေးရာက ယာမစိတ်ကြွဆေးပြား ၁၄၄ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩အရပ်သားပြည်သူတွေကိုသတ်ဖြတ်နေတဲ့ စစ်အုပ်စုက အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာတာဟာ သူခိုးက လူပြန်ဟစ် တာဖြစ်တဲ့အတွက် ဂရုစိုက်နေစရာ မလိုဘူးလို့ KNU တုံ့ပြန်


 သြဂုတ်လ (၂၉)ရက်


အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက ကရင်အမျိုးသား အစည်းအရုံး - KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာဟာ သူခိုးက လူပြန်ဟစ်တဲ့ လုပ်ရပ်ဖြစ်သာဖြစ်တဲ့အတွက် ဂရုစိုက်နေစရာ အကြောင်းမရှိဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ 

မနေ့ ဩဂုတ်လ ၂၈ ညပိုင်းမှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က ကရင်အမျိုးသားအစည်းအရုံး - KNU ကို မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလာတာနဲ့ ပတ်သက်လို့ KNU ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ပဒိုစောတောနီးက အခုလို တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်တပ်က ကရင်အမျိုးသားအစည်းအရုံး - KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပေမယ့် ဒီ ဩဂုတ်လ ထဲမှာပဲ အကြမ်းဖက်စစ်တပ်ဟာ KNU အုပ်ချုပ်တဲ့နယ်မြေတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု တွေ ကျူးလွန်ခဲ့တာကြောင့် ရဟန်းသံဃာတွေအပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေး သတင်း မှတ်တမ်းတွေအရ သိရပါတယ်။ 

လက်ရှိအချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်ကသာ အကြမ်းဖက်အုပ်စုဖြစ်တယ်ဆိုတာ နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICJ ICC နဲ့ အာဂျင်တီးနားတရားရုံးတို့မှာ စစ်ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ထားတာက သက်သေပြနေတယ်လို့ KNU ဘက်က ပြောပါတယ်။ 

အကြမ်းဖက်စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိတဲ့အတွက် လုံး၀ လက်မခံနိုင်ဘူးလို့လည်း KNU က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ပြန်ကြေညာထားပါတယ်။


========================


🚩🚩၂။ ကန့်ဘလူနယ် ကျီကျင်းရွာကို ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်က အရပ်သားပြည်သူ ၄၀ ကျော် ဖမ်းထားပြီး ဦး ထက်မနည်းသတ်ဖြတ်ခဲ့


 သြဂုတ်လ (၂၉)ရက်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီကျင်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၂၀၀ ခန့်ဟာ ကျီကျင်းရွာကို ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာထဲမှာပိတ်မိနေတဲ့ ဒေသနေပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးထားပြီး အမျိုးသား ဦးထက်မနည်း သတ်ဖြတ်ထားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ထုတ်ပြန်ထားပါတယ်။ 

အကြမ်းဖက်စစ်အုပ် ဩဂုတ်လ ၂၃ ရက်ကနေ ၂၆ ရက်နေ့အထိ စစ်ကြောင်းထိုးခဲ့တာနဲ့ပတ်သက်လို့ အခုလို ထုတ်ပြန် လာတာဖြစ်ပါတယ်။

ဒီစစ်ကြောင်းဟာ ဩဂုတ်လ ၂၃ ရက်နေ့မှာ ဘူးကုန်းရွာကတဆင့် ကျီကျင်းရွာဘက် စစ်‌ကြောင်းထိုးဝင်လာခဲ့ပြီး ကျေးရွာ အတွင်းမှာရှိတဲ့ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတဲ့အပြင် မတိမ်းရှောင်ဘဲ ရွာထဲမှာနေကြတဲ့ အပြစ်မဲ့ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးပြီး ယောက်ထက်မနည်း သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်နဲ့ ပျူစောထီးတွေပါတဲ့ အဲဒီအကြမ်းဖက်စစ်ကြောင်းဟာ သြဂုတ်လ ၂၆ ရက်နေ့မှာလည်း ကျီကျင်းရွာကို မီးထပ်ရှို့ ခဲ့တဲ့အပြင် ကျီကျင်းရွာက ကျောင်းထိုင်ဆရာတော် ဦးကောဝိဒဆီကနေ ကျပ်သိန်း ၈၀ ကို လုယူပြီး ဆရာတော်ကို ရွာပြင် နှင်ထုတ်လိုက်တယ်လို့လည်း အသိပေးပါတယ်။

အင်အား ၂၀၀ ခန့်ပါတဲ့ အဲဒီစစ်ကြောင်းဟာ သြဂုတ်လ ၁၆ ရက်ကနေ ၂၈ ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်း မှာရှိတဲ့ ဗျူဟာလမ်းအနောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာမှာ ၁၃ ရက်အတွင်း အပြစ်မဲ့ ပြည်သူပိုင် အိမ် ၅၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး အရပ်သားပြည်သူ ၂၀ ခန့် သတ်ဖြတ်ခံထားရပြီလို့ သိရပါတယ်။ 

 စစ်အုပ်စုဟာ ဩဂုတ်လ ၂၇ ရက်နေ့မှာ တန့်ဆည်နယ် အရှေ့မြောက်ကြောက ပျူစောထီးတွေနဲ့ ကန့်ဘလူနယ်ဘက်က ပျူစောထီးတွေ အင်အားထပ်စုထားပြီး အင်အား ၄ဝဝ လောက်နဲ့ ကန့်ဘလူခင်ဦးအစပ်မှာ စစ်ရေးလှုပ်ရှားနေတာကြောင့် ခရီးသွားပြည်သူတွေ တိုက်ပွဲကြားမညပ်စေရေး သတိပြုသွားလာကြဖို့ ဒေသတွင်းတော်လှန်ရးအင်အားစုတွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။


========================


🚩🚩၃။သရက်ချောင်းမှာ အကြမ်းဖက်စစ်တပ်က နေအိမ် ၈၀ နီးပါးမီးရှို့ခဲ့ပြီး ရွာသား ဦးကို ရက်စက်စွာသတ်ဖြတ်


 သြဂုတ်လ (၂၉)ရက်


တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက စော်ဖျားကျေးရွာနဲ့ မိုးရွှေကုန်းရွာ ပြည်သူပိုင်နေအိမ် ၈ဝ နီးပါးကို မီးရှို့ခဲ့တဲ့အပြင် ရွာသား ဦးကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မနေ့ ဩဂုတ် ၂၈ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သရက်ချောင်းမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းက စော်ဖျားကျေးရွာနဲ့ မိုးရွှေကုန်းကျေးရွာကို ရောက်ရှိ လာချိန်မှာ စော်ဖျားရွာက ပြည်သူပိုင် အိမ် အလုံး ၆၀ လုံးနဲ့ မိုးရွှေကုန်း‌ရွာက အိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မိုးရွှေကုန်းရွာသား ဦးကိုလည်း ရက်စက်စွာသတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စော်ဖျားကျေးရွာနဲ့ မိုးရွှေကုန်းကျေးရွာတွေကို စစ်ကြောင်းထိုးပြီးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် စစ်ရှောင်နေကြတဲ့အိမ်တွေ ဖောက်တွင်းပြီး အဖိုးတန်ပစ္စည်းတွေ ခိုးယူခဲ့ကြတယ်လို့ ထားဝယ်ခရိုင် တပ်ရင်း ထံ အလင်းဝင်လာတဲ့ အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်းတပ်သား ဇင်ကိုကိုက ထုတ်ဖော်ပြောဆိုထားပါတယ်။


========================


🚩🚩၄။ရေဖြူမြို့နယ် ကော့လှိုင်ရွာအနီးကို စစ်တပ်က တပ်ရင်း ရင်းနဲ့ စစ်ကြောင်းထိုးနေတာလို့ ရေးပြောက်ကျားတပ် ပြော


 သြဂုတ်လ (၂၉)ရက်


တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးကို စစ်တပ်က တပ်ရင်း ရင်းနဲ့ စစ်ကြောင်းထိုးနေတာလို့ ရေးပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။


အဲဒီ စစ်တပ်စစ်ကြောင်းဟာ ခမရ-၄၀၉ ခမရ-၄၀၈ ခမရ-၄၁၀ ခလရ-၂၈၂ ခလရ-၂၇၃ စတဲ့တပ်ရင်း ရင်းပေါင်းပြီး စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


အဲဒီစစ်ကြောင်းမှာပါတဲ့ စစ်တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဩဂုတ်လ ၁၉ကနေ ၂၅ ရက်နေအတွင်း ထိတွေ့ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တာရှိပြီး စစ်တပ်ဘက်က ၃၆ ဦးထက်မနည်းသေဆုံးကာ ခမရ-၄၀၉ က ဗိုလ်မှူးတဦး အပါအဝင် ထိခိုက်ဒဏ်ရာရတဲ့ စစ်သားတွေလည်းများတယ်လို့ ဆိုပါတယ်။  


ဒီစစ်တပ်စစ်ကြောင်းဟာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူပြီး ၁၂ ဘီး ကား ၂စီးနဲ့ သယ်ဆောင်သွားသလို မိုင် ၆၀ ကျေးရွာက အသက် ၈၀ ခန့်အရွယ် အဖိုး အဖွား ၂ဦးကို သေနတ်နဲ့ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ အသိပေးပါတယ်။ 

 

သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို သွားယူတဲ့ ရွာသား ၁၀ ဦးခန့်ကိုလည်း စစ်တပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။


ဒီ ကျူးလွန်မှုတွေကို ခမရ-၄၀၉ တပ်က ဗိုလ်မှူးစိုးမိုးကျော်၊ ဒု-တပ်ရင်းမှူး ဗိုလ်ကြီးဝင်းမင်းစိုး၊ ဗိုလ်ကြီး အံ့ဘုန်းကျော်နဲ့ ခလရ-၂၈၂ က ဗိုလ်ကျော်မိုးခိုင်တို့ လုပ်ဆောင်ခဲ့တာလို့လည်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

လက်ရှိမှာ တပ်ရင်း ရင်းပါတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေဖြစ်တဲ့ ဒေါနစစ်ကြောင်း- (YGF) ဒေါနစစ်ကြောင်း - (KBDF) မွန်ပြည်တော်လှန်ရေးတပ် (MSRF) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ () တပ်ရင်း (၂၇) ရေးသိန်းငှက်တပ်ဖွဲ့ ABSDF တပ်ရင်း- ရာမညမွန်တပ်‌‌တော် (R.M.A) ရေးဘီလူးတပ်ရင်း၊ နည်းဗျူဟာ (၃၃) အထူးစစ်ဆင်ရေးအဖွဲ့နဲ့ ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA) တို့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်‌နေတယ်လို့ သိရပါတယ်။


========================


🚩🚩၅။မင်းတပ်မြို့က စစ်တပ်ကဖွက်ထားခဲ့တဲ့လက်နက်တွေကို တာဝန်သိပြည်သူတွေ ထပ်ပြီးလာအပ် 


 သြဂုတ်လ (၂၉)ရက်


မင်းတပ်မြို့သိမ်းတိုက်ပွဲတုန်းက ကစဉ့်ကလျားနဲ့ ဆုတ်ခွာထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေ မြေဖို့ပြီး ဝှက်ထားခဲ့တဲ့ သေနတ်တွေနဲ့ခဲယမ်းတွေကို တာဝန်သိပြည်သူတွေ တတိယအကြိမ်မြောက် လာအပ်ခဲ့တယ်လို့ CDF Mindat က ဒီနေ့ ဩဂုတ် ၂၉ မှာ ထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်သားတွေ မြေဖို့ပြီး ဝှက်ထားခဲ့တဲ့ MA 1 (‌) လက်၊ ၄၀ မမ ဗုံးသီး လုံးနဲ့ လက်နက်နဲ့ ဆိုင်တဲ့ ဆက်စပ်ပစ္စည်းတွေကို တာ၀န်သိပြည်သူတွေက စစ်ဦးစီးချုပ်ရုံးကို လာရောက်အပ်နှံတဲ့အတွက် ဆုကြေး‌ ငွေတွေချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲတုန်းက ကစဉ့်ကလျားနဲ့ ဆုတ်ခွာထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေ မြေဖို့ပြီး ဝှက်ထားခဲ့တဲ့ သေနတ်တွေနဲ့ခဲယမ်းတွေကို တာဝန်သိပြည်သူတွေက အခု ဩဂုတ်လ စတုတ္ထပတ်ကစပြီး လာအပ်ခဲ့တယ်လို့ စစ်ဦးစီးချုပ်ရုံးကို လာရောက်အပ်နှံခဲ့တာ တတိယအကြိမ်ရှိပြီလို့ CDF Mindat မှတ်တမ်းတွေအရ သိရပါတယ်။

ဩဂုတ်လ ၂၂ ရက်မှာဆိုရင် MA 15 စက်လတ်တလက်၊ RPG 7 တလက်၊ MA4 တလက်၊ MA 3 တလက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တာဝန်သိပြည်သူတွေ လာရောက်အပ်နှံခဲ့သလို ဩဂုတ်လ ၂၄ ရက်နေ့မှာလည်း တာဝန်သိပြည်သူတွေက MA4 တလက် MA 3 တလက်၊ MA1 တလက်၊ ၄၀ မမ ဗုံးသီး လုံးနဲ့ အခြား လက်နက်နဲ့ဆိုင်တဲ့ ဆက်စပ်ပစ္စည်းတွေ လာရောက်အပ်နှံခဲ့တဲ့အတွက် CDF Mindat က ဂုဏ်ပြုဆုငွေတွေ ချီးမြင့်ပေးခဲ့ပါတယ်။ 

မင်းတပ်မြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၆။⁨⁨⁨⁨ မြင်းခြံနယ်မှာရှိတဲ့ စစ်တပ် ရေကြောင်း စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆို


 သြဂုတ်လ (၂၉)ရက်


မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက အကြမ်းဖက် စစ်တပ်ရဲ့ ရေကြောင်းစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု တွေမှာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ရေစကြိုတပ်ပေါင်းစုအဖွဲ့က ပြောပါတယ်။

ဩဂုတ်လ ၂၃ ၂၇ နဲ့ ၂၈ ရက်နေ့တို့မှာ မြင်းခြံမြို့နယ် ဆိတ်ညံရေတင်ရုံးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှတွေရှိနိုင်ပြီး သေဆုံးနဲ့ ဒဏ်ရာရသူအရေအတွက်ကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။  

ဧရာဝတီမြစ်အတိုင်း အစုံအဆန်သွားလာနေတဲ့ စစ်သင်္ဘောတွေဟာ ဆိတ်ညံရေတင်ရုံးမှာ ဝင်နားလေ့ရှိပြီး ရုံးမှာရှိတဲ့ စစ်သားတွေက သင်္ဘောတွေ စစ်ဆေးကြတာတွေရှိတယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်တပ်က မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတာကြောင့် စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေတဲ့ အနေအထားလို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment