၂၀၂၅ သြဂုတ်လ ၉ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နွေဦးတော်လှန်ရေးကို ဝိုင်းဝန်းပြုစုပျိုးထောင်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်တဲ့အဆင့်အထိ ကြိုးစားအားထုတ်ကြဖို့NUGယာယီသမ္မတတိုက်တွန်းပြောကြား

📌 ၂။ ချင်းညီနောင်အဖွဲ့၊ NUG ယာယီသမ္မတ၊ KIO ဒုဥက္ကဋ္ဌတို့ တွေ့ဆုံပြီး တော်လှန်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

📌 ၃။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြသည့် မွန်လူငယ်များနှင့် မွန်ပြည်သူများအားလုံးတို့အား အထူးလေးစား ဂုဏ်ပြုကြောင်း(၇၈) နှစ်မြောက် မွန်တော်လှန်ရေးနေ့ ကိုCRPHက သဝဏ်လွှာပေးပို့

📌 ၄။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ဦးဆောင်သည့် အာဆီယံကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံသို့ စက်တင်ဘာလတွင်း သွားရောက်မည်

📌 ၅။ ရှစ်လေးလုံး အရေးတော်ပုံ ၃၇ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲကို လန်ဒန်မြို့ ပါလီမန်ရှေ့ နှင့် ဝန်ကြီးချုပ်ရုံး နေအိမ်ရှေ့တို့တွင် ကျင်းပ၊ ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်နှင့် ဒေါက်တာ သက်ကိုကို တို့ တက်ရောက်

📌 ၆။ "၁၉၈၈ ခုနှစ်မှာ အသက်ပေးခဲ့သူများရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ မီးကို ဆက်လက်တောက်လောင်စေခြင်းဖြင့် ဂုဏ်ပြုကြဖို့"ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်းပြောကြား


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် ဗဟိုမှ (၇၈)နှစ်မြောက်မွန်တော်လှန်ရေးနေ့ ကျင်းပ

🚩၂။၃၇ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး အထိမ်းအမှတ် အခမ်းအနားအား မြောက်ပိုင်းဌာနချုပ် (လခွန်မ်းဘွမ်) ဒေါင်းစစ်သည်ခန်းမတွင် ကျင်းပပြုလုပ်

🚩၃။ (၃၇) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့အခမ်းအနားနှင့် ဆွေးနွေးပွဲများ BLDF စစ်ဒေသများတွင် ပြုလုပ်

🚩၄။ (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားနှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်များအား ရာထူးတာဝန်များ အပ်နှင်းခြင်းနှင့် သင်တန်းဆင်းရဲ‌ဘော်သစ်များအား လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

🚩၅။ ဖားကန့်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ဦး ဒဏ်ရာရ၊ သေနတ်ဒဏ်ရာဖြင့် အမျိုးသားနှစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ

🚩၆။ ရေနံချောင်းမြို့နယ်၊ အင်တောအုပ်စု၊ လည်ကျည်းရိုးကျေးရွာ၊ ကိုးတောင်ပြည့်ဘုရားဝန်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ Paramotor အင်ဂျင်တပ်လေထီးဖြင့် ဗုံးများကြဲချ

🚩၇။ ကျောက်ဖြူတိုက်ပွဲများတွင် စစ်မှုထမ်းများကို ရှေ့တန်းပို့ပြီး သေဆုံးလျှင် စွန့်ပစ်ထားဟု အလင်းဝင်စစ်မှုထမ်းတပ်သား ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ နွေဦးတော်လှန်ရေးကို ဝိုင်းဝန်းပြုစုပျိုးထောင်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်တဲ့အဆင့်အထိ ကြိုးစားအားထုတ်ကြဖို့NUGယာယီသမ္မတတိုက်တွန်းပြောကြား


သြဂုတ်လ၈ရက်

Radio NUG

နွေဦးတော်လှန်ရေးကို ဝိုင်းဝန်းပြုစုပျိုးထောင်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်တဲ့အဆင့်အထိ ကြိုးစားအားထုတ်ကြဖို့NUGယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။


ဩဂုတ်လ ၈ရက်နေ့တွင် ကျင်းပတဲ့ (၃၇) နှစ်မြောက် ရှစ်လေးလုံးလူထုဒီမိုကရေစီ အရေးတော်ပုံနေ့ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောကြားသည့် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားတာဖြစ်ပါတယ်။


"စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရာမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သမိုင်းကို ရုပ်ဆိုးအကျည်းတန်စေတဲ့ အားနည်းချက်မျိုးတွေကို အထူးအလေးအနက်ထား ဆင်ခြင်သုံးသပ် နိုင်ရမယ်။ မတူညီတဲ့အခြေအနေတွေကို နားလည်သဘောပေါက်ပြီး၊ သမိုင်းတဆင့်မြှင့်နိုင်ဖို့ ခြေလှမ်းသစ်တွေ ချဲ့ထွင်နိုင်ရမယ်။ ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံက ဖွဲ့တည်ပေးလိုက်တဲ့ လူထုတော်လှန်ရေးသန္ဓေဟာ နွေဦးတော်လှန်ရေးအတွင်းမှာ အသန့်စင်ဆုံး မွေးဖွားကြီးပြင်းလာပြီဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိ နွေဦးတော်လှန်ရေးကို ဝိုင်းဝန်းပြုစုပျိုးထောင်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်တဲ့အဆင့်အထိ ကြိုးစားအားထုတ်ကြဖို့ လိုကြောင်း တိုက်တွန်းအပ်ပါတယ်"လို့ပြောပါတယ်။


လက်ရှိမှာ နွေဦးတော်လှန်ရေးဟာလူထုထောက်ခံမှုရရှိထားဆဲ ဖြစ်ပါတယ်။


========================


📌📌 ၂။ ချင်းညီနောင်အဖွဲ့၊ NUG ယာယီသမ္မတ၊ KIO ဒုဥက္ကဋ္ဌတို့ တွေ့ဆုံပြီး တော်လှန်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး


ဩဂုတ်လ ၈ရက် 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်တို့နှင့် ချင်းညီနောင် (Chin Brotherhood - CB) အဖွဲ့ခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးခဲ့ပြီး တော်လှန်ရေးအတွက် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောကြားထားပါတယ်။


ဆွေးနွေးပွဲသည် ဇူလိုင်လ တတိယပတ်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ KIO/KIA ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယခင်ကထက် ပိုမိုနီးကပ်သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန် ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင်၊ ချင်းညီနောင်စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း ၎င်း၏လူမှုကွန်ရက်တွင် ထုတ်ပြန်ထားပါတယ်။


ဒီခရီးစဉ်က ၂၀၂၁ ကတည်းက လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာတဲ့ ကျွန်တော်တို့အတွက် အမှတ်တရ ခရီးစဉ်တစ်ခုပါ။ တော်လှန်ရေးရဲ့ ရှေ့ဆောင်တွေ ဘယ်လိုအလုပ်လုပ်ကြလဲ၊ ဘယ်လိုစဉ်းစားကြလဲဆိုတာ လေ့လာခွင့်ရခဲ့တယ်။ ဒီခရီးစဉ်က ဘယ်အဖွဲ့အစည်းကိုမှ ထိခိုက်နစ်နာစေတဲ့ ခရီးစဉ်မဟုတ်ဘူးလို့ ဆလိုင်းတင်မီက ရေးသားထားပါတယ်။


ဆလိုင်းတင်မီက လက်ရှိခေတ်သည် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည့်ခေတ်ဖြစ်ပြီး၊ ဖုံးကွယ်ထားမှုများထက် အားလုံးပူးပေါင်းကာ ပွင့်ပွင့်လင်းလင်း ရှေ့ဆက်လုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားထားပါတယ်။


ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်းချင်းဆိုတဲ့ နွားလှည်းကြီးကို CB နဲ့ CNF ဆိုတဲ့ နွားသိုးကြီးနှစ်ကောင်က ဆွဲရမှာပဲ။ အဲဒီလိုဆွဲနိုင်ဖို့ လှည်းပေါ်ကနေ နှာဖာကြိုးနဲ့ မောင်းပေးမယ့် ပလက်ဖောင်းတစ်ခု လိုအပ်တယ်ဟု ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြသည့် မွန်လူငယ်များနှင့် မွန်ပြည်သူများအားလုံးတို့အား အထူးလေးစား ဂုဏ်ပြုကြောင်း(၇၈) နှစ်မြောက် မွန်တော်လှန်ရေးနေ့ ကိုCRPHက သဝဏ်လွှာပေးပို့


 ဩဂုတ်လ ရက်

Radio NUG

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြသည့် မွန်လူငယ်များနှင့် မွန်ပြည်သူများအားလုံးတို့အား အထူးလေးစား ဂုဏ်ပြုကြောင်း(၇၈) နှစ်မြောက် မွန်တော်လှန်ရေးနေ့ကို CRPHက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


သဝဏ်လွှာတွင် ဖော်ပြချက်အရ မွန်တော်လှန်ရေး၏ အဓိကရည်မှန်းချက်များကို တန်ဖိုးထားလျှက် စစ်မှန်သည့် ဒီမိုကရေစီနှင့် တန်းတူညီမျှမှုကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာမှသာ မွန်လူမျိုးများအပါအဝင် တိုင်းရင်းသားအားလုံး၏ အခွင့်အရေးများ အပြည့်အဝရရှိကာ စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ထို့ကြောင့် မွန်လူမျိုးများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်အောက်တွင် စုစည်းညီညွတ်စွာ တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုတို့ဖြင့် ရှေ့ဆက်ချီတက်ကြစေလိုကြောင်း အလေးအနက် တိုက်တွန်းအပ်တယ်လို့ ဖော်ပြပါတယ်။


ထို့အပြင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြသည့် မွန်လူငယ်များနှင့် မွန်ပြည်သူများအားလုံးတို့အား အထူးလေးစား ဂုဏ်ပြုပါကြောင်းနှင့် မွန်တော်လှန်ရေးအတွက် အသက်ပေးသွားခဲ့ကြသော မွန်အမျိုးသားခေါင်းဆောင်ကြီးများနှင့်တကွ ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော အာဇာနည်သူရဲကောင်း ရဲဘော်အပေါင်းတို့အား ဦးညွှတ်အလေးပြုရင်း(၇၈) နှစ်မြောက် မွန်တော်လှန်ရေးနေ့ကို မွန်အမျိုးသားအပေါင်းတို့နှင့်အတူ ဂုဏ်ပြုကြိုဆိုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၄။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ဦးဆောင်သည့် အာဆီယံကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံသို့ စက်တင်ဘာလတွင်း သွားရောက်မည်


ဩဂုတ်လ ၈ရက်

Radio NUG

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် ဦးဆောင်သည့် အာဆီယံကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလအတွင်း သွားရောက်မည်ဖြစ်ကြောင်း မလေးရှားသတင်းဌာနများက ကိုးကားဖော်ပြပါတယ်။


မြန်မာနိုင်ငံအခြေအနေကို အကဲဖြတ်နိုင်ရန် ၂၀၂၅ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့တွင် ခရီးစဥ်စတင်မယ်လို့ သိရပါတယ်။


မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်နှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတို့လည်း အတူလိုက်ပါလာမယ်လို့သိရပါတယ်။


ခရီးစဥ်နှင့်ပတ်သက်၍ အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံအကြီးအကဲများကို ပြန်လည်အစီရင်ခံတင်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၅။ ရှစ်လေးလုံး အရေးတော်ပုံ ၃၇ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲကို လန်ဒန်မြို့ ပါလီမန်ရှေ့ နှင့် ဝန်ကြီးချုပ်ရုံး နေအိမ်ရှေ့တို့တွင် ကျင်းပ၊ ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်နှင့် ဒေါက်တာ သက်ကိုကို တို့ တက်ရောက်


ဩဂုတ်လ ၈ရက် 

Radio NUG 


ရှစ်လေးလုံး အရေးတော်ပုံ ၃၇ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲကို လန်ဒန်မြို့ ပါလီမန်ရှေ့ နှင့် ဝန်ကြီးချုပ်ရုံး နေအိမ်ရှေ့တို့တွင် ကျင်းပရာ ယူကေရောက် မြန်မာတိုင်းရင်းသားများ စုစုပေါင်း ၄၀၀ ကျော်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။


အခမ်းအနားတွင် ခေတ်အဆက်ဆက် အာဏာရှင် တော်လှန်ရေးတွင် ကျဆုံးခဲ့ရသော အာဇာနည်အပေါင်းအား အလေးပြုခဲ့ကြပြီး ယူကေရောက် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များက တက်ရောက် စကားပြောခဲ့ကြတယ်လို့ သိရပါတယ်။


နိုင်ငံတကာမှ အစိုးရ ပြည်သူများအား မြန်မာပြည်မှ အာဏာသိမ်းစစ်ကောင်စီအား ဖိအားပေး အရေးယူပေးရန်၊ အပြစ်မဲ့ပြည်သူများ ကလေးသူငယ်များအား ဗုံးကြဲသတ်ဖြတ်နေခြင်းများ အမြန်ဆုံး ရပ်တန့်ပေးရန်၊ ညှင်းပန်းနှိပ်စက်ခံ နိုင်ငံရေး အကျဉ်းသားများနှင့် တကွ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ချက်ချင်းလွှတ်ပေးရန် စသည့် တောင်းဆိုချက်များကို ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ပြီး ယူကေဝန်ကြီးချုပ်ထံသို့လည်း လက်မှတ်ရေးထိုး ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။


အခမ်းအနားသို့ ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်နှင့် ဒေါက်တာ သက်ကိုကို တို့လည်းတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


ထိုအတူ ဂျပန်နိုင်ငံ တိုကျိုမြို ရှိ စစ်ကောင်စီသံရုံးရှေ့တွင်လည်း ၈၈၈၈အခမ်းအနားကို ကျင်းပခဲ့တယ်လို သိရှိရပါတယ်။ 


ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည့် သူရဲကောင်းအပေါင်းအား ဦးညွှတ်ဂုဏ်ပြုရင်း ၈၈မှ စတင်ခဲ့သည့် ဒီမိုကရေစီရေးတောင်းဆိုမှုသည် ၂၁မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ အဆုံးသတ်ရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၈၈၈၈အခမ်းအနားကို ကျင်းပခဲ့တယ်လိုဆိုပါတယ်။


========================


📌📌 ၆။ "၁၉၈၈ ခုနှစ်မှာ အသက်ပေးခဲ့သူများရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ မီးကို ဆက်လက်တောက်လောင်စေခြင်းဖြင့် ဂုဏ်ပြုကြဖို့"ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်းပြောကြား


သြဂုတ်လ ၈ရက်

Radio NUG

"၁၉၈၈ ခုနှစ်မှာ အသက်ပေးခဲ့သူများရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ မီးကို ဆက်လက်တောက်လောင်စေခြင်းဖြင့် ဂုဏ်ပြုကြဖို့"ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်းက သြဂုတ်လ၈မှာ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။

"၁၉၈၈ ခုနှစ်မှာ ပြည်သူတွေဟာ လွတ်လပ်ခွင့်အတွက် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့တယ်။ ဒီနေ့မှာတော့ အဲဒီတုန်းက ရဲရင့်စွာတိုက်ပွဲဝင်ခဲ့သူတွေရော၊ ယနေ့ ဆက်လက်လှုပ်ရှားနေသူတွေကိုပါ လေးစားဦးညွှတ်ဂုဏ်ပြုပါတယ်။ မေမေ ဒေါ်အောင်ဆန်းစုကြည်က - ကြောက်ရွံ့မှုမရှိခြင်းဟာ ပါရမီပဲ၊ ဒါပေမဲ့ တွေ့ကြုံရတဲ့အခြေအနေမှာ အကြောက်တရားက လွှမ်းမိုးပြီး မိမိလုပ်ရပ်ကို မရပ်တန့်အောင်ကြိုးစားမှုဟာ ပိုပြီးတန်ဖိုးရှိတယ်။" လို့ ပြောခဲ့တယ်။ မြန်မာနိုင်ငံအတွက် ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေသူအားလုံး //၈၈(8လေးလုံးလို့ဖတ်ပါရန်) က စည်းလုံးမှုရဲ့အကျိုးဆက်ကို မမေ့ကြပါနဲ့။ အားလုံးရဲ့ ရဲရင့်မှုက မြန်မာ့မျိုးဆက်တိုင်းနဲ့ ကမ္ဘာအနှံ့မှာ သံသယမရှိ ပဲ့တင်ထပ်နေပါတယ်။ အိမ်မက်တွေ တစ်နေ့တော့ အမှန်တကယ် ပြည့်စုံမယ်ဆိုတာ ယုံပါ။ ၁၉၈၈ ခုနှစ်မှာ အသက်ပေးခဲ့သူများရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ မီးကို ဆက်လက်တောက်လောင်စေခြင်းဖြင့် ဂုဏ်ပြုကြပါစို့။ သူတို့အိမ်မက်မက်ခဲ့တဲ့ လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံကို တည်ဆောက်ကြပါစို့"လို့ပြောကြားထားပါတယ်။


ဒါ့အပြင်၈//၈၈ ရဲ့ စိတ်ဝိဉာဉ်ကို ဆက်လက်သယ်ဆောင်ကြဖို့လည်း ကိုထိန်လင်းကထပ်လောင်းပြောကြားထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် ဗဟိုမှ (၇၈)နှစ်မြောက်မွန်တော်လှန်ရေးနေ့ ကျင်းပ


ဩဂုတ်လ ၈ရက် 

Radio NUG 


မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် ဗဟိုမှဦးစီး၍  ၂၀၂၅ခုနှစ်၊ ဩဂုတ်လ၊ ရက်နေ့ မွန်တော်လှန်ရေးနေ့အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


ပွဲအခမ်းအနားကို NMSP-AD/RMA ခေါင်းဆောင်များ ရဲဘော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအစီအစဉ်တွင် မွန်တော်လှန်ရေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် သေနတ်(၂၁) ချက် ပစ်ဖောက်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ မွန်အမျိုးသားအလံတော်အား အလေးပြုခဲ့ကြပြီး မြင့်မြတ်စွာ ကျဆုံးသွားသည့် ရဲဘော်စာရင်းများကို ဖတ်ကြားကာ တော်လှန်ရေးကာလတလျှောက် အသက်ပေးလှူခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင်၊ ရဲဘော်တို့အားအလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။


အခမ်းအနားတွင် သဘာပတိအဖြစ် (NMSP-AD/RMA) အတွင်းရေးမှူး နိုင်ဗညားလယ်မှ အခမ်းအနား တက်ရောက်လာကြသူများနှင့် ရဲဘော်တို့အား အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောမှ (၇၈)နှစ်မြောက်မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်ကိုဖတ်ကြားခဲ့ကာ ဒုဗိုလ်မှူးကြီး မာဃသည်  (NMSP-AD/RMA)ဥက္ကဋ္ဌမှ မွန်တော်လှန်ရေးနေ့အတွက် ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားခဲ့တယ်လို့ အသိပေးဆိုပါတယ်။


ထိုတော်လှန်ရေးနေ့တွင် အသက်ပေးကျဆုံးခဲ့ရသည့် ရဲဘော်များအတွက် ရည်စူးကာ တာဝန်ရှိသူများမှ နေ့ဆွမ်းကပ်လှူ၍ ရေစက်ချအမျှဝေပေးခဲ့ကြပြီး တခြားသော တပ်ရင်း၊ တပ်ဖွဲ့များရှိရာ(နေရာ/ဒေသ)များတွင်လည်း (၇၈) နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၂။၃၇ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး အထိမ်းအမှတ် အခမ်းအနားအား မြောက်ပိုင်းဌာနချုပ် (လခွန်မ်းဘွမ်) ဒေါင်းစစ်သည်ခန်းမတွင် ကျင်းပပြုလုပ်


ဩဂုတ်လ၈ရက် 

Radio NUG 


၂၀၂၅ ခုနှစ် ဩဂုတ်လ ၈ရက်တွင် ၃၇နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF မြောက်ပိုင်းဌာနချုပ် (လခွန်မ်းဘွမ်) ဒေါင်းစစ်သည်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ 


ထိုအခမ်းအနားတွင် မကဒတ အလံတော်နှင့် ကျဆုံးရဲဘော်များအား ဂုဏ်ပြုအလေးပြုခြင်း၊ ရှစ်လေးလုံး လူထုအရေးအတော်ပုံကြီး အထိမ်းအမှတ် စကားပြောနှင့် သရုပ်ဖော်ပြိုင်ပွဲတို့အား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ (၃၇) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့အခမ်းအနားနှင့် ဆွေးနွေးပွဲများ BLDF စစ်ဒေသများတွင် ပြုလုပ်


ဩဂုတ်လ ၈ရက် 

Radio NUG 


(၃၇) နှစ်ပြည့်မြောက်ခဲ့သော ရှစ်လေးလုံးလူထုအရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသများ၏ နောက်တန်း စခန်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


အဆိုပါအခမ်းအနားတွင် အလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံတိုက်ပွဲအတွင်း အသက်ပေးလှူ ကျဆုံးခဲ့သော ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူများအား အလေးပြုခြင်းနှင့် အောက်မေ့သတိရသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အခမ်းအနားတွင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၏ သမိုင်းကြောင်းနှင့် အရေးတော်ပုံအတွင်း လူထု၏ တောင်းဆိုချက်များကို တင်ပြခြင်း၊ မပြီးပြတ်သေးသော သမိုင်းတာဝန်များအတွက် ဆက်လက်တိုက်ပွဲဝင်သွားရန် လိုအပ်ကြောင်းများကို ရပ်ရွာ ပြည်သူလူထုနှင့် ရဲဘော်များအား တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


တဆက်တည်းတွင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦး၏ နိုင်ငံရေးဆိုင်ရာမူဝါဒနှင့် အခြေခံ နိုင်ငံရေးမျှော်ရည်ချက်များ လက်ရှိကာလတွင် စစ်ရေးဖော်ဆောင်မှုတိုက်ပွဲများ နှင့် အခြေခံဒေသတည်ဆောက်ရေးအခြေအနေများအား ပြည်သူလူထုထံသို့ ရှင်းလင်းတင်ပြခဲ့တယ်လို့ အသိပေးဆိုပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် တစ်ပါတီ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် တိုက်ထုတ်နိုင်ခဲ့သော်လည်း စစ်အာဏာရှင်စနစ်သည် မြန်မာ့မြေပေါ်တွင် ဆက်လက် အမြစ်တွယ် ကျန်ရစ်နေသေးပြီး စစ်သုံးစစ်(စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား)ကို အမြစ်ဖြတ်မတိုက်ဖျက်နိုင်သရွေ့ တိုင်းပြည်သည် စစ်အာဏာရှင်စနစ်အောက်မှ ရုန်းထွက် လွတ်မြောက်နိုင်မည်မဟုတ်ဘံ စစ်အာဏာရှင် စနစ် တိုင်းပြည်တွင် သက်ဆိုးရှည်နေသရွေ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးနှင့် တိုင်းရင်းသားပြည်သူ လူထုအားလုံးပါဝင်သော ငြိမ်းချမ်း တည်ငြိမ်၍ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်တရပ် တည်ဆောက်၍ မရနိုင်‌ကြောင်း ဖော်ပြထားပါတယ်။


ထို့ကြောင့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) အနေဖြင့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၏ သမိုင်းပေးတာဝန်နှင့် တိုင်းရင်းသား ပြည်သူလူထု၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အကြွင်းမဲ့ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် တောင်းဆိုချက်များကို ဆက်လက် ကိုင်စွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ပါတယ်။


========================


🚩🚩၄။ (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားနှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်များအား ရာထူးတာဝန်များ အပ်နှင်းခြင်းနှင့် သင်တန်းဆင်းရဲ‌ဘော်သစ်များအား လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်


ဩဂုတ်လ ရက်

Radio NUG 


ဩဂုတ်လ () ရက်နေ့ ဝါခေါင်လပြည့်နေ့တွင် ကျရောက်သည့် (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်များနှင့် သင်တန်းဆင်း ရဲ‌ဘော်များအား ရာထူးတာဝန်များအပ်နှင်းခြင်း၊ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်စခန်း လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနားကို အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားအစီအစဉ် () တွင် မွန်တော်လှန်ရေးသမိုင်းတလျှောက် အသက်ပေးလှူခဲ့သည့် သူရဲကောင်းများနှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ အသက်ပေးလှူခဲ့သည့် သူရဲကောင်း ရဲဘော်များအား အလေးပြုခြင်း၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌမှ မိန့်ခွန်း ပြောကြားခြင်း၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) ဌာနမှူးမှ (၇၈) ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်အား ဖတ်ကြားခြင်း၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ရင်းမှူး ဗိုလ်မှူး ဒွါဂွန်မှ မိန့်ခွန်းပြောကြားခြင်း၊ အမှတ် () တောင်ပိုင်းတိုင်းစစ်ဒေသ ဗျူဟာ (၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုမှ ပေးပို့သော သဝဏ်လွှာအား ဗျူဟာ (၃၃) မှတာဝန်ရှိရဲဘော်မှ ဖတ်ကြားခြင်း၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ သဝဏ်လွှာ ပေးပို့ခြင်းတို့အား အခမ်းအနား အစီစဉ် () တွင် ထည့်သွင်း ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့နောက် အခမ်းအနား အစီအစဉ် () ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်များ၊ သင်တန်းဆင်းရဲဘော်သစ်များကို ရာထူးအပ်နှင်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းတို့ကိုပြုလုပ်ခဲ့ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) အုပ်ချုပ်ရေး ဥက္ကဋ္ဌမှ မိန့်ခွန်းပြောကြားခြင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF) တပ်ရင်းမှူး ဗိုလ်မှူး ဒွါဂွန်မှ သင်တန်းဆင်း ရဲဘော်သစ်များကို လက်နက်တပ်ဆင်ခြင်းနှင့် ရာထူးတာဝန်များအပ်နှင်းခြင်းတို့ကိုပြုလုပ်ခဲ့ပြီး အခမ်းအနားအစီအစဉ် နှစ်ရပ်စလုံးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အခမ်းအနားကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ တာဝန်ရှိသူများ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ တာဝန်ရှိသူများ၊ အမှတ် () တောင်ပိုင်းတိုင်းစစ်ဒေသ ဗျူဟာ (၃၃) မှတာဝန်ရှိသူများ၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)မှ တာဝန်ရှိသူများ၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) မှ တာဝန်ရှိသူများ၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း () မှ ရဲဘော်များနှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များမှ ရဲဘော်များ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ အသိပေးဆိုပါတယ်။


ခေတ်အဆက်ဆက်တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့် မွန်သူရဲကောင်း ရဲဘော်အာဇာနည်များအား ဂုဏ်ပြုသောအားဖြင့် (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး၊ ဘဝတူတိုင်းရင်းသားများနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေး အဆုံးသတ်တိုက်ပွဲတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၅။ ဖားကန့်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ဦး ဒဏ်ရာရ၊ သေနတ်ဒဏ်ရာဖြင့် အမျိုးသားနှစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ


ဩဂုတ်လ ၈ရက် 

Radio NUG

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ပြည်သူ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။


ဩဂုတ် နာရီခန့်တွင် ဖားကန့်မြို့ရှိ စစ်ကောင်စီ၏ တပ်မကုန်းမှ ဆိုင်းတောင်ကျေးရွာနှင့် ဆုတောင်းကုန်းဘက်သို့ လက်နက်ကြီးဖြင့် ချက်ပစ်ခတ်ခဲ့ရာ အမျိုးသမီး ဒေါ်ဘွမ်ဆမ် သေဆုံးပြီး မလရှီးဒွဲလိန်၊ မဂျာဆိုင်းရွယ်အိန်၊ မောင်မုန်လတ်နော်၊ မောင်ဂျုံးလွမ်း၊ မဂျာဆိုင်းထွယ်နူးပန်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ဖားကန့်မြို့သို့ စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာခဲ့သည့် နှစ်လကျော်အတွင်း ပြည်သူ ၆၀ ကျော် သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။


ဩဂုတ်လ ရက်နေ့ မွန်းလွဲ နာရီခန့်တွင်လည်း ဖားကန့်မြို့၊ ဆွတ်ငိုင်ယန်၊ မော်ဝမ်းကလေးနှင့် ညောင်ပင်ကုန်းကျေးရွာအနီးတဝိုက်တွင် KIA နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့သည့်အပြင် ညနေ နာရီခန့်တွင် စစ်ကောင်စီက မော်ဝမ်းကလေးကျေးရွာအနီးတဝိုက်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


ထို့အပြင် ဩဂုတ်လ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ ဟင်းတင့်ရွာအနီးတွင် သေနတ်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။


အလောင်းများမှာ ပိုင်ရှင်မဲ့ဖြစ်နေပြီး မိသားစုဝင်များ လာရောက်ဆက်သွယ်ခြင်းမရှိသဖြင့် နယ်မြေခံ ကူညီကယ်ဆယ်ရေးအသင်းက သဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။


အလောင်းတွေက သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ။ ဦးနှောက်တွေ ပွင့်ထွက်နေပြီး မျက်နှာမှာ တိတ်အဝါတွေ ပတ်ထားတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။


========================


🚩🚩၆။ ရေနံချောင်းမြို့နယ်၊ အင်တောအုပ်စု၊ လည်ကျည်းရိုးကျေးရွာ၊ ကိုးတောင်ပြည့်ဘုရားဝန်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ Paramotor အင်ဂျင်တပ်လေထီးဖြင့် ဗုံးများကြဲချ


သြဂုတ်လ ၈ရက်

Radio NUG

ရေနံချောင်းမြို့နယ်၊ အင်တောအုပ်စု၊ လည်ကျည်းရိုးကျေးရွာ၊ ကိုးတောင်ပြည့်ဘုရားဝန်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ Paramotor အင်ဂျင်တပ်လေထီးဖြင့် ဗုံးများကြဲချခဲ့ပါတယ်။


သြဂုတ်လ၈ရက် ညနေ :၁၅မိနစ်ခန့်တွင်၊ ရေနံချောင်းမြို့နယ်၊ အင်တောအုပ်စု၊ လည်ကျည်းရိုးကျေးရွာ၊ ကိုးတောင်ပြည့်ဘုရား(အရပ်ခေါ် မြောက်ကျောင်းဘုရား)ဝန်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ၊ တော်လှန်ရေးတပ်ဖွဲ့များ နေထိုင်ခြင်းမရှိဘဲ၊ Paramotor အင်ဂျင်တပ်လေထီးဖြင့် ဗုံးသီး()လုံးလာရောက် ကြဲချခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဗုံးထိမှန်၍ စေတီထိခိုက်ပျက်စီးပြီး၊ အပြစ်မဲ့ပြည်သူတစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိကြောင်း People's Defence Force-Yenangyaungက အသိပေးဆိုပါတယ်။


========================


🚩🚩၇။ ကျောက်ဖြူတိုက်ပွဲများတွင် စစ်မှုထမ်းများကို ရှေ့တန်းပို့ပြီး သေဆုံးလျှင် စွန့်ပစ်ထားဟု အလင်းဝင်စစ်မှုထမ်းတပ်သား ပြော


ဩဂုတ်လ ၈ရက် 

Radio NUG 


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တိုက်ပွဲများတွင် စစ်မှုထမ်းတပ်သားများကို ရှေ့တန်းသို့ အတင်းအကျပ် တိုက်ခိုက်ခိုင်းပြီး သေဆုံးသွားပါက သင်္ဂြိုဟ်မှုမပြုဘဲ စွန့်ပစ်ထားကြောင်း အာရက္ခတပ်တော် (AA) ထံ အလင်းဝင်လာသူ စစ်မှုထမ်းတပ်သား မောင်မောင်ဝင်းက ထုတ်ဖော်ပြောကြားထားပါတယ်။


မောင်မောင်ဝင်းသည် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဇာတိမှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာဖြစ်တယ်လို့ သိရပါတယ်။


၎င်းသည် ယခုနှစ် မတ်လ ရက်နေ့ ညနေပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ အလယ်ပေါက်စက်မှုဇုန်ရှိ စက်ရုံတစ်ခုမှ အလုပ်ဆင်းပြီးနောက် သူငယ်ချင်းနေအိမ်သို့ အလည်သွားရောက်ခဲ့ကာ ၁၁ နာရီခန့်တွင် ပြန်လာစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဆိုင်ကယ်သူခိုးဟု စွပ်စွဲကာ စစ်တပ်ထံ ပို့ဆောင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။


၎င်းသည် မှော်ဘီမြို့နယ်ရှိ အမှတ် ဂျိုးဖြူ စစ်သင်တန်းကျောင်းတွင် စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းတက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ခံခဲ့ရကာ ထိုမှတစ်ဆင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် AA ထံသို့ အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


ကျောက်ဖြူရှေ့တန်းတွင် စစ်မှုထမ်းတပ်သားသစ်များကို စစ်တပ်က အတင်းအကျပ် တိုက်ခိုက်ခိုင်းကြောင်း၊ သေဆုံးပါက မြေကျင်းတစ်တောင်ခန့်သာ တူးပြီး အမည်ခံသဂြိုဟ်ကာ ခွေးသေဝက်သေကဲ့သို့ စွန့်ပစ်ထားကြောင်း ၎င်းက ဆိုပါတယ်။

အာရက္ခတပ်တော်နဲ့ ထိတွေ့တိုက်ပွဲဖြစ်တိုင်း ပြည်သူ့စစ်တွေကို ရှေ့တက်ခိုင်းတယ်။ သေဆုံးသွားရင် ခေါင်းကနေ ဆွဲပြီး မြေမြှုပ်တယ်။ မြေကျင်းက တစ်တောင်လောက်ပဲ တူးပြီး မြှုပ်တယ်။ အဝေးကနေ ကြည့်ရင် ကျွန်တော့်သူငယ်ချင်းတွေရဲ့ အလောင်းတွေကို မြင်ရတယ်။ ဒါကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်ဟု ၎င်းက ပြောပြထားပါတယ်။


စစ်မှုထမ်းတပ်သားများအနေဖြင့် ရှေ့တန်းသို့ မတိုက်ပါက နောက်မှ သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခံရပြီး ရှုံးနိမ့်ပြီး ဆုတ်ခွာလာပါကလည်း တိုက်ခိုက်ခံရမည်ဟု စစ်တပ်က ဖိအားပေးကြောင်း ၎င်းက ဆက်လက်ပြောကြားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment