၂၀၂၅ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF ပကဖ တပ်ဗိုလ် တပ်မှူးတွေနဲ့ စစ်ဆင်ရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စတွေ ဆွေးနွေး 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများနဲ့ကျူးလွန်သူများအားလုံးကို ထိုက်ထိုက်တန်တန် အရေးယူအပြစ်ပေးသွားမယ်လို့ NUGပညာရေးဝန်ကြီးဌာနကြေညာ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကျောက်တော်မြို့နယ်က ကိုယ်ပိုင်အထက်တန်းကျောင်း ဗုံးကြဲခံရမှုဖြစ်စဉ်မှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတဦး ထပ်မံသေဆုံး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။မန္တလေးမြို့လယ်မှာလုပ်တဲ့ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး မြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုရုပ်သံ ရန်ကုန်တော်လှန် ညီနောင် ဖွဲ့ ထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၈၀) ဦး သေဆုံးခဲ့ပြီးအသက် ၁၈ အောက် ယောကျ်ားလေး (၂၉) ဦး ပါဝင်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အနောက်မြောက်ဘက်ဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူတွေ သေဆုံးရမှုအတွက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ AA ပြော

🚩၂။ဗုံးလာကြဲတဲ့ အကြမ်းဖက်စစ်လေယာဉ်ကို ပစ်ခတ်မှု ထိခိုက်မှုရှိပြီး မြိတ်ဘက်ပြန်လှည်သွားတယ်လို့ ဆို

🚩 ⁨⁨၃။ သရက်ချောင်းမြို့နယ်မှာ ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းကို တိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံး 

🚩၄။စစ်မှုထမ်း တပ်သားသစ် ဦး သေနတ် လက်နဲ့အတူ Karenni Army BA-5 ထံ အလင်းဝင်

🚩၅။ Justice Soldier Droneတပ်ဖွဲ့မှ  အင်အားဖြည့်တင်းရန်အတွက် တပ်ဖွဲ့ဝင်အယောက် (၂၀၀) ခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF ပကဖ တပ်ဗိုလ် တပ်မှူးတွေနဲ့ စစ်ဆင်ရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စတွေ ဆွေးနွေး 


စက်တင်ဘာလ (၁၃)ရက်


အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဒုဝန်ကြီးဟာ PDF ပကဖ တို့က တပ်ဗိုလ် တပ်မှူးတွေနဲ့ စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဒီနေ့ စက်တင်ဘာ ၁၃ မှာ ထုတ်ပြန်ပါတယ်။


စစ်ဆင်ရေးနယ်မြေတနေရာမှာ NUG ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက်၊ တောင်ပိုင်းတိုင်း အမှတ် - စစ်ဆင်ရေး နယ်မြေက စစ်ဆင်ရေးမှူး ရဲဘော်စောရှား၊ စစ်ရေးနဲ့ စစ်ထောက်တာဝန်ခံတွေ၊ အထူးတိုင်းစစ်ဌာနကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှား၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်းတာဝန်ခံ ရဲဘော်နောင်ရိုး၊ မွန်ပြည်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြည်နယ်တာဝန်ခံ ရဲဘော်ရန်ကျော်တို့နဲ့ တွေ့ဆုံပြီး PDF နဲ့ ပကဖ စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။


ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရန်ကုန်ပကဖ အနေနဲ့ တောင်ပိုင်းတိုင်းအတွင်းမှာရှိတဲ့ အမှတ်  - ၁၊ စစ်ဆင်ရေး နယ်မြေနဲ့ အမှတ် - စစ်ဆင်ရေးနယ်မြေတွေမှာ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများနဲ့ကျူးလွန်သူများအားလုံးကို ထိုက်ထိုက်တန်တန် အရေးယူအပြစ်ပေးသွားမယ်လို့ NUGပညာရေးဝန်ကြီးဌာနကြေညာ


စက်တင်ဘာလ (၁၃)ရက်


အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက် ရန် အမိန့်ပေးသူများနဲ့ကျူးလွန်သူများအားလုံးကို ထိုက်ထိုက်တန်တန် အရေးယူအပြစ်ပေးသွားမယ်လို့ NUGပညာရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်ပါတယ်။


၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်တွင် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ကြေညာချက်တစောင်ကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်၊ နံနက် () နာရီ (၀၅) မိနစ်ခန့်အချိန်တွင် ဖက်ဆစ်အကြမ်းဖက် စစ်တပ်သည် အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချခဲ့ရာ ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်သို့ ကျရောက်ထိမှန်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများနှင့် အနီးအနားမှ ကလေးငယ်တချို့ အပါအဝင် စုစုပေါင်း (၁၈) ဦး သေဆုံးပြီး (၂၀) ကျော် ပြင်းထန် ဒဏ်ရာရရှိကြောင်း ကနဦး သတင်းများအရ သိရှိရတယ်လို့ဖော်ပြပါတယ်။


အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက် ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက်တန်တန် အရေးယူအပြစ်ပေးသွားမည်ဖြစ်ပြီးမည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ် ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး လက်တွဲပူးပေါင်း စုံစမ်းရှာဖွေဖော်ထုတ်သွားမယ်လို့ဆိုပါတယ်။


နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်အကျိုးရှိသော တားဆီးအရေးယူ ဒဏ်ခတ်မှုများကို ဆောင်ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာရေး အားဖြည့်ပံ့ပိုးရန် တာဝန်ရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကျောက်တော်မြို့နယ်က ကိုယ်ပိုင်အထက်တန်းကျောင်း ဗုံးကြဲခံရမှုဖြစ်စဉ်မှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတဦး ထပ်မံသေဆုံး


စက်တင်ဘာလ (၁၃)ရက်


ရခိုင်ပြည် ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာက ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင် အထက်တန်းကျောင်းကို အကြမ်းဖက်စ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုဖြစ်စဉ်ကြောင့် ပြင်းထန်ဒဏ်ရာရရှိထားတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသား တဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်း မြစ်တွေက ပြောပါတယ်။ 

ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားသူဟာ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက Grade – 11 ကျောင်းသား မောင်အောင်ငြိမ်းဖြိုးဖြစ်တယ်လို့ ရခိုင်ဘာသာနဲ့ဖော်ပြနေတဲ့ အာရက္ခမင်းသမီးမီဒီယာမှာ ဖော်ပြထားပါတယ်။

မောင်အောင်ငြိမ်းဖြိုးဟာ ဗုံးကြဲခံရမှုကြောင့် ဝမ်းဗိုက်နဲ့ ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရတာကြောင့် ဆေးကုသမှု ခံနေချိန်မှာ သေဆုံးသွားတာလို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနေ့ စက်တင်ဘာ ၁၂ ရက် ညသန်းခေါင်အချိန်မှာ ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာက ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင် အထက်တန်းကျောင်းကို ပေါင် ၅ဝဝ ဗုံး လုံးကြဲချခဲ့တာ ကြောင့် အဲဒီနေ့မှာ ကျောင်းသား ကျောင်းသူ ၁၉ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရသွားတယ်လို့ ရခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။ 

လက်ရှိမှာ အဲဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၂ဝ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

အဲဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အရပ်သားပြည်သူတွေနဲ့ ကျောင်းသူ ကျောင်းသားတွေကို ဗုံးကြဲတိုက်ခိုက်ရာ မှာ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန်လက်တုံ့ပြန်သွားမယ်လို့လည်း AA က ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။မန္တလေးမြို့လယ်မှာလုပ်တဲ့ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး မြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုရုပ်သံ ရန်ကုန်တော်လှန် ညီနောင် ဖွဲ့ ထုတ်ပြန်


စက်တင်ဘာလ (၁၃)ရက်

ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက် ဆိုတဲ့ မန္တလေးမြို့လယ်မှာလုပ်တဲ့ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး မြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုရုပ်သံဖိုင်တခုကို ရန်ကုန်တော်လှန်ညီနောင် ဖွဲ့က ဒီနေ့ စင်တင်ဘာ ၁၃ မှာ ထုတ်ပြန်လာပါတယ်။


ဒီရုပ်သံမှတ်တမ်းဟာ စစ်မိစ္ဆာဘီလူးတွေ သောင်းကျန်းမင်းမူနေတဲ့ မန္တလေးမြို့လယ်မှာ ဖော်ဆောင်ခဲ့ကြတဲ့ ရွေးကောက်ပွဲ အတု ဆန့်ကျင်ရေး မြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုလို့ ဆိုပါတယ်။ 


အကြမ်းဖက်စစ်တပ်ဟာ တရားမဝင်ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်း၊ ဒါကို မိဘပြည်သူတွေအားလုံး သတိပြုကြဖို့၊ ဒါဟာ နိုင်ငံရေးထွက်ပေါက် မဟုတ်တဲ့အကြောင်းနဲ့ ဒါဟာ ရန်သူစစ်ကောင်စီရဲ့ ထွက်ပေါက်သာဖြစ်တဲ့ အတွက် အားလုံးသတိပြုကြဖို့ လှုပ်ရှားမှုကို ဦးဆောင်တဲ့သူတဦးက တိုက်တွန်းထားပါတယ်။


ဒါကြောင့် စစ်အုပ်စုကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့လည်း ဆက်ပြီး နှိုးဆော်ထားပါတယ်။


ပျူလက်ပါးစေတွေ စုဆောင်းတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ အတင်းအဓမ္မ ဖမ်းဆီးငွေညှစ်တာတွေ ဆက်တိုက် ကြုံတွေ့ ရင်ဆိုင်နေကြရတဲ့ မန္တလေးပြည်သူတွေရဲ့ရင်ထဲမှာ ဖက်ဆစ်စစ်တပ်နဲ့ စစ်အုပ်စုကို နာကျည်းချက်တွေ ရင်နဲ့အပြည့်ရှိတဲ့ အပြင် အခု စစ်အုပ်စုက လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကိုလည်း ခါးသီးစွာ ဆန့်ကျင် ရွံမုန်းကြတယ်လို့ ရန်ကုန် တော်လှန်ညီနောင် ဖွဲ့က ဆိုပါတယ်။


ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကဖြစ်ပြီး ပြည်သူလူထု ထောက်ခံပါဝင်နေသရွေ့ ဒီတော်လှန်ရေးက ရှေ့ကို ဦးတည်ရှေးရှုနေဖြစ်တာကြောင့် ပြည်သူလူထုအားလုံးအနေနဲ့လည်း အာဏာရူးစစ်အုပ်စုလုပ်ရပ်တွေကိုငုံ့မခံဘဲရရာနည်းလမ်းအစုံနဲ့တုံ့ပြန်နေကြဖို့ ရန်ကုန်တော်လှန်ညီနောင် ဖွဲ့က တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၈၀) ဦး သေဆုံးခဲ့ပြီးအသက် ၁၈ အောက် ယောကျ်ားလေး (၂၉) ဦး ပါဝင်


စက်တင်ဘာလ (၁၃)ရက်


နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၈၀) ဦး သေဆုံးခဲ့ပြီးအသက် ၁၈ အောက် ယောကျ်ားလေး (၂၉) ဦး ပါဝင်တယ်လို့ AAPPကသတင်းထုတ်ပြန်ပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၈၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ အောက် ယောကျ်ားလေး (၂၉) ဦး ပါဝင်တယ်လို့သိရပါတယ်။


အဆိုပါ သေဆုံးသူများအနက် (၉၆) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး၎င်း (၁၈၀) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၃၆) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မန္တလေးတိုင်းမှာ (၂၄) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်ပါတယ်။


စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက် နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ကျေးရွာ၌တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုက တပ်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် ဒေသခံ ကိုမျိုးကို သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အနောက်မြောက်ဘက်ဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်


စက်တင်ဘာလ (၁၃)ရက်



မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အနောက်မြောက်ဘက် ၆၀ ကီလိုမီတာအကွာ၊မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။


 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၈:၂၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အနောက်မြောက်ဘက် ၆၀ ကီလိုမီတာအကွာ၊မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUGလူသားစာနာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


 ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် အသိပေးနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩၁။⁨⁨ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူတွေ သေဆုံးရမှုအတွက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ AA ပြော


စက်တင်ဘာလ (၁၃)ရက်


အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူတွေ သေဆုံးရမှုအတွက် ပြင်းပြင်းထန်ထန် လက်တုံ့ ပြန်သွားမယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည် ကျောက်တော်မြို့နယ်က စာသင်ကျောင်း ခုကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြခဲ့တာကြောင့် ကျောင်းသားကျောင်းသူ  ၁၉ ဦးသေဆုံးခဲ့ရမှု၊ ရခိုင်ပြည်သူတွေ သေဆုံးမှုတွေအတွက် ရခိုင့်တပ်တော် AA က အခုလို ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်ရှုံးနေပြီး နယ်မြေဆုံးရှုံးမှုတွေများလာနဲ့အမျှ သူရဲဘောကြောင်ပြီး ဂုဏ်သိက္ခာမဲ့စွာနဲ့ စစ်ဘက် ဆိုင်ရာပစ်မှတ်တွေထက် အရပ်ဘက်ပစ်မှတ်တွေကို အငြိုးကြီးစွာနဲ့ ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ လူမျိုးရေးအမုန်းတရားကို အခြေခံပြီး လေကြောင်းကနေ ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေပြီး မနေ့ စက်တင်ဘာ ၁၂ ရက်နေ့ ညသန်းခေါင်ယံ နာရီ မိနစ်အချိန် ကျောက်တော်မြို့ သရက်တပင်ကျေးရွာက ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းကို တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်တပ်ကကြဲချတဲ့ ဗုံး လုံးဟာ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းစာသင်ကျောင်းရှေ့တည့်တည့် ကျရောက်ပေါက်ကွဲပြီး ကျောင်းသားကျောင်းသူ ၁၉ ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့သလို ၂၂ ဦး ဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ရာမှာ ဇန်နဝါရီလ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် အရပ်သား ၂၆ ဦးသေဆုံးခဲ့သလို ဇန်နဝါရီ ၁၈ ရက်နေ့ မှာလည်း မြောက်ဦးမြို့နယ် ရမ်းချောင်းရွာအနီးတ၀ိုက်ကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးနဲ့အမျိုးသမီး ၂၈ ဦး သေဆုံးခဲ့တယ်လို့ ရခိုင်တပ်တော် AA က မှတ်တမ်းနဲ့တကွက ဖော်ပြာထားပါတယ်။

ဒါ့အပြင် မေလ ၁၃ ရက်နေ့မှာလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာဆိုရင် ကျောက်တော်မြို့ ရွာမရပ်ကွက်ကို ဗုံးကြဲတဲ့အတွက် အရပ်သား ဦးသေဆုံးခဲ့ကာ ဩဂုတ်လ ၂၅ ရက်နေ့ကလည်း မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို လေယာဉ်နဲ့ ဗုံးကြဲတာ ကြောင့် အရပ်သား ၁၅ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ 

အခုလို အကြမ်းဖက်စစ်တပ်က စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတာကို နိုင်ငံတကာအဖွဲ့အစည်း တွေအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ထိရောက်အားပါတဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့ ရခိုင့်တပ်တော် AA က တောင်းဆို ထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ ယုတ်မာပက်စက်တဲ့ လုပ်ရပ်တွေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှု အချက်အလက်တွေကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့ ရခိုင့်တပ်တော် AA က ပြောပါတယ်။


ထို့အတူ တရားမျှတမှုကို ချစ်ခင်မြတ်နိုးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တရားမျှတမှုရတဲ့အထိ ဆောင်ရွက် သွားမှာဖြစ်သလို ပြစ်မှုကျူးလွန်သူ၊ ကျူးလွန်ရန် စေခိုင်းသူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန် သွားမယ်လို့ ရခိုင့်တပ်တော် AA က ကြေညာထားပါတယ်။


========================


🚩🚩၂။ဗုံးလာကြဲတဲ့ အကြမ်းဖက်စစ်လေယာဉ်ကို ပစ်ခတ်မှု ထိခိုက်မှုရှိပြီး မြိတ်ဘက်ပြန်လှည်သွားတယ်လို့ ဆို


စက်တင်ဘာလ (၁၃)ရက်


ဗုံးလာကြဲတဲ့ အာဏာသိမ်းအကြမ်းဖက်တပ်ရဲ့ Jet Fighter လေယာဉ်တစင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ - ကပစ်ခတ်ခဲ့တာမှာ ထိခိုက်မှုရှိပြီး မြိတ်မြို့ဘက်ကို ပြန်လှည့်သွားတယ်လို့ KNU မြိတ်ထားဝယ် ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးအဖွဲ့က ဒီနေ့ စက်တင်ဘာ ၁၃ မှာ ထုတ်ပြန်လာပါတယ်။ 


ကရင်အမျိုးသားအစည်းအရုံး မြိတ်ထားဝယ်ခရိုင် တင်္သာရီမြို့နယ်မှာ မနေ့ စက်တင်ဘာလ ၁၂ ရက်နေ့က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 


မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းမှာရှိတဲ့ သိန်းခွန်း‌ကျေးရွာအနီးဝန်းကျင်ကို အာဏာသိမ်းအကြမ်းဖက်တပ်ရဲ့ Jet Fighter လေယာဉ် ဗုံးလာကြဲချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ - လက်အောက်ခံ တပ်ရင်း - ၁၁ နဲ့ တော်လှန်ရေးပူး‌ပေါင်းတပ်တွေ ပစ်ခတ်ခဲ့‌တာကြောင့် အာဏာသိမ်းအကြမ်းဖက်တပ်ရဲ့ ဂျက်ဖိုင်တာလေယာဉ် ထိခိုက်မှုရှိပြီး မြိတ်မြို့ဘက်ကို ပြန်လှည့်သွားတာလို့ KNU - မြိတ်ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြား ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးတပ်တွေ ပစ်ချခဲ့တဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်အရေအတွက်ဟာ အနည်းဆုံး ၁၂ စင်းအထက်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨⁨၃။ သရက်ချောင်းမြို့နယ်မှာ ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းကို တိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံး 


စက်တင်ဘာလ (၁၃)ရက်


တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက ရန်တောင်ရွာနဲ့ သင်းကျွန်းရွာက ပြည်သူပိုင်အိမ်တွေကို မီး ရှို့ ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ဗိုလ်အပါအဝင် စစ်သား ဦးသေဆုံးသွားတယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက ပြောပါတယ်။ 

သရက်ချောင်းမြို့နယ် ရန်တောင်ရွာနဲ့ သင်းကျွန်းရွာက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ် ခမရ ၄၀၅ တပ်ရင်းမှူး စိုင်းဝနဌေးနဲ့ တပည့်ဖြစ်တဲ့ ဗိုလ်တဦးအပါအဝင် စစ်သား ဦးတို့ဟာ စက်တင်ဘာ ရက် ညနေ နာရီ ၂၀ မိနစ်ခန့်မှာ ဟွန်ဒါဖစ်ကားနဲ့ သရက်ချောင်းဘက် ဆင်းလာချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ဗိုလ် တဦး သေဆုံးသွားလို့ ဆိုပါတယ်။

အဲဒီနောက် ညနေ နာရီ ၂၅ မိနစ်ခန့်မှာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ပြီး သရက်နှစ်ခွရွာဘက် ခြေလျင်ဆင်းလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထပ်ပြီး တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ခြေပြတ် သွားသူအပါအဝင် ဦး ဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ နဲ့ KNLA တပ်ရင်း ၁၂ တပ်ခွဲ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ် ပြီး ညနေ နာရီ ၄၅ မိနစ်ခန့်မှာ ခွာစစ်ဆင်ခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၄။စစ်မှုထမ်း တပ်သားသစ် ဦး သေနတ် လက်နဲ့အတူ Karenni Army BA-5 ထံ အလင်းဝင်


စက်တင်ဘာလ (၁၃)ရက်


ကရင်နီပြည်မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်း တပ်သားသစ် ဦး သေနတ် လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Karenni Army BA-5 က ဒီနေ့ စက်တင်ဘာ ၁၃ မှာ ထုတ်ပြန်လာပါတယ်။ 


အလင်းဝင်လာသူဟာ ကရင်နီပြည် ဖရူဆိုမြို့မှာ အခြေစိုက်တဲ့ ခမရ ၄၂၈ တပ်ရင်းကဖြစ်ပြီး စက်တင်ဘာ ရက်နေ့ မနက်ပိုင်းမှာ အလင်းဝင်တာလို့ Karenni Army BA-5 တာဝန်ရှိသူတဦးက အတည်ပြုထားပါတယ်။


အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားဟာ MA-1 သေနတ်တလက်၊ MA-3 သေနတ်တလက်၊ ကျည်ဘောက် ခု၊ လက်ပစ်ဗုံးတလုံး၊ ကျည် ၂၅၀ တောင့် ယူဆောင်လာတဲ့အတွက် ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ရှိစီစဉ်ထားတယ်လို့ သိရပါတယ်။


အလင်းဝင်လာသူဟာ မကွေးတိုင်း စလင်းမြို့နယ်ကဖြစ်ပြီး ချောက်ကနေ ရန်ကုန်ကိုသွားချိန် လမ်းမှာ ပေါ်တာအဆွဲခံရပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၃ ကို တက်ရောက်ခဲ့သူလို့လည်း သိရပါတယ်။   


အကြမ်းဖက်စစ်တပ်ကနေ ပြည်သူ့ရင်ခွင်ခိုလှုံလိုတဲ့ စစ်သားတွေနဲ့ ရဲတွေကို ကရင်နီတပ်မတော် Karenni Army BA-5 ဖိတ်ခေါ်ထားပြီး လက်နက်ခဲယမ်းတွေ ယူဆောင်လာရင် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမယ်လို့ အဲဒီတပ်ရင်းက အသိပေးထားပါတယ်။


========================


🚩🚩၅။ Justice Soldier Droneတပ်ဖွဲ့မှ  အင်အားဖြည့်တင်းရန်အတွက် တပ်ဖွဲ့ဝင်အယောက် (၂၀၀) ခေါ်ယူ


စက်တင်ဘာလ (၁၃)ရက်


Justice Soldier Droneတပ်ဖွဲ့မှ Drone နှင့် နည်းပညာအင်အားဖြည့်တင်းရန်အတွက် တပ်ဖွဲ့ဝင်အယောက် (၂၀၀) ခေါ်ယူလျက်ရှိပါတယ်။


 Justice Soldier Droneတပ်ဖွဲ့ နည်းပညာအင်အားဖြည့်တင်းရန်အတွက် တပ်ဖွဲ့ဝင်အယောက် (၂၀၀) ခေါ်ယူသင်တန်းပေးသွားမည်ဖြစ်ပြီး စိတ်ဝင်တစား အင်အားဖြည့်လိုသူများအနေဖြင့် အချက်အလက်များနှင့်ကိုက်ညီပါက မိမိတို့ Justice Soldier Page Messengerတွင် လာရောက်လျှောက်ထားနိုင်တယ်လို့ အသိပေးဖော်ပြပါတယ်။


လျှောက်ထားလိုသူများအနေနဲ့ အသက် (၁၈) နှစ်မှ (၄၀)နှစ်အတွင်းရှိသူ၊Computer Programming and IT စိတ်ဝင်စားသူ၊စစ်သင်တန်းတက်ရန် လုံလောက်သော ကျန်းမာရေး ကောင်းမွန်သူ ၊စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့အတွက်  သံဓိဋ္ဌာန်ချထားသူဖြစ်ရမယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution





Share:

No comments:

Post a Comment