၂၀၂၅ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ စက်တင်ဘာလ ၂၇ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ အမျိုးသားဒီမိုကရေစီအဖွဲချုပ် NLD ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူလူထုတရပ်လုံး အလိုရှိနေဆဲလို့ NUG ယာယီသမ္မတ ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။အာဏာသိမ်းစစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ အကောင်အထည်မပေါ်ရေး မိတ်ဖက် အင်အားစုတွေ အားလုံးနဲ့ ပူးပေါင်ဆောင်ရွက်သွားမယ်လို့ NLD ပါတီ ကြေညာ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြီးဖြစ်ပေါ်စေရေး နွေဦးတော်လှန်ရေး အောင်မြင်ပြီးမြောက်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ CRMH ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ Thailand(FCCT)မှာကျင်းပတဲ့ creative resistance in Myanmar film screening မှာ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး ပါဝင်ဆွေးနွေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ယင်းမာပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများနှင့်လက်တွေ့လေ့ကျင့်ရေး အစီအစဥ်များကို ပြုလုပ်ပေးခဲ့

 📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ Daung's Japan Tour 2025 ဖျော်ဖြေရန် သရုပ်ဆောင်ဒေါင်း ဂျပန်နိုင်ငံတိုကျိုသို့ရောက်ရှိ


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨၁။⁨⁩⁨⁨⁨⁨⁨⁨‎⁨ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သင်ကြားရေးအတတ်ပညာတက္ကသိုလ် မူလတန်းပညာရေး အထူးပြု ဒုတိယနှစ်ကျောင်းသူ မထက်မိုးဦး ကျဆုံး 

🚩 ⁨၂။⁨⁨ ဝိုင်းမော်မြို့နယ် လမြန်ရွာတိုက်ပွဲမှာ ခမရ ၃၁၈ တပ်ရင်းမှူး သေဆုံး

🚩 ⁨၃။⁨⁨ သဲကုန်းမှာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ပြီး ပြန်လာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သား ဦးသေပြီး ဦး ဒဏ်ရာရ

🚩၄။ လုံခြုံရေးအခြေအနေအရ နန်းမယ်ခုံ၊ လွိုင်နန်းဖနဲ့ ဒီးဘောင်းခူမြို့နယ်တို့မှာ တော်လှန်ရေးအင်အားစုဘက်က ညမထွက်ရ အမိန့်ထုတ် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ အမျိုးသားဒီမိုကရေစီအဖွဲချုပ် NLD ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူလူထုတရပ်လုံး အလိုရှိနေဆဲလို့ NUG ယာယီသမ္မတ ပြော


 စက်တင်ဘာလ (၂၇ )ရက်


လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့ သမိုင်းအစဉ်အလာကြီးမားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် - NLD ပါတီရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူလူထုတရပ်လုံး အလိုရှိနေကြဆဲလို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၇ ရက်မှာ ကျရောက်တဲ့ NLD တည်ထောင်ခြင်း ၃၇ နှစ်ပြည့် အခမ်းအနားမှာ ယာယီသမ္မတက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲချုပ်အနေနဲ့ သမိုင်းပေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်နေမယ်လို့ ယုံကြည်ကြောင်းနဲ့  စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအပါအဝင် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် အထောက်အပံ့ပေးမယ့် အတုအယောင်ရွေးကောက်ပွဲလို လုပ်ရပ်တွေကို ဆန့်ကျင်တဲ့နေရာမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်အနေနဲ့ နွေဦးတော်လှန်ရေးအင်အားစုအားလုံးနဲ့ တသားတည်းရှိနေပြီး ဦးဆောင်ဦးရွက်ပြု ပါဝင်နေမယ်လို့ ယုံကြည်ကြောင်း NUG ယာယီသမ္မတက ပြောပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင် ဆက်လက်ကူညီပေးဖို့ NUG ယာယီသမ္မတ က မေတ္တာရပ်ခံထားပါတယ်။ 

နွေဦးတော်လှန်ရေးမှာရှိတဲ့ အင်အားစုအားလုံး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး တို့မှာ ခိုင်မာတဲ့ နိုင်ငံရေးပဋိညာဉ်တွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိလာဖို့ NLD ရဲ့ ပါဝင်ဆောင်ရွက်မှုတွေဟာ  ပြည်ထောင်စု အရေး တခုလုံးအတွက် အထူးအရေးကြီးတယ်လို့လည်း NUG ယာယီသမ္မတက ပြောထားပါတယ်။

နွေဦးတော်လှန်ရေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၇ နှစ်ကစတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အဆက်လို့ ယူဆနိုင်ပြီး အဲဒီ လှုပ်ရှားမှုမှာ NLD ဟာ ကြီးမားတဲ့ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေး ခေါင်းဆောင်အားလုံး ကိုယ်စား NUG ယာယီသမ္မတက NLD ရဲ့ ကာယကံမြောက် ပေးဆပ်မြှုပ်နှံမှုတွေကို လေးလေးနက်နက်ဂုဏ်ပြုထား ပါတယ်။

NLD အကြောင်းပြောရင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မေ့ထား၊ ဖျောက်ထားလို့ မရကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့ အဖွဲ့ခေါင်းဆောင်ဆိုတာထက် နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တဦးဖြစ်တယ်လို့လည်း NUG ယာယီသမ္မတက ပြောပါတယ်။  


ဒါ့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး ကြိုးပမ်းနေကြဆဲဖြစ်တယ်လို့ ယာယီသမ္မတက ပြောကြားထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။အာဏာသိမ်းစစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ အကောင်အထည်မပေါ်ရေး မိတ်ဖက် အင်အားစုတွေ အားလုံးနဲ့ ပူးပေါင်ဆောင်ရွက်သွားမယ်လို့ NLD ပါတီ ကြေညာ


 စက်တင်ဘာလ (၂၇ )ရက်


အာဏာသိမ်းစစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ အကောင်အထည်မပေါ်ရေး မိတ်ဖက် အင်အားစုတွေ အားလုံးနဲ့ ပူးပေါင်ဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီက ကြေညာ လိုက်ပါတယ်။


ဒီနေ့ စက်တင်ဘာ ၂၇ မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၇ နှစ်ပြည့်တဲ့နေ့မှာ အခုလို ကြေညာလာတာဖြစ်ပါတယ်။ 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စတင်တည်ထောင်စဥ်ကတည်းက အများပြည်သူတို့ရဲ့ ဆန္ဒနဲ့ကိုက်ညီပြီး အခြေခံ လူ့အခွင့်အရေးတွေကို အာမခံတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ပေါ်လာစေရေး၊ နောင်လာမယ့် ခေတ်အဆက်ဆက်မှာလည်း မြန်မာနိုင်ငံဟာ ပြည်သူလူထုဆန္ဒနဲ့အညီ ဒီမိုကရေစီပြည်ထောင်စုကြီးအဖြစ် ပေါ်ထွန်းစေရေးနဲ့ အာဏာရှင်ဆန်ပြီး ပြည်သူလူထုကို ဖိစီးနှိပ်စက်မယ့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားလာခြင်း မရှိစေရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့  ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပါတီလို့ ဆိုထားပါတယ်။


အဖွဲ့ချုပ်၏ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်တို့ဟာ ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ထားပြီး အမျှော်အမြင်ကြီးစွာ ကိုယ်ကျိုးစွန့် ဦးဆောင်ခဲ့မှု၊ တိုင်းရင်းသားလူမျိုးများ၊ လူထုလူတန်းစား အလွှာအသီးသီးက ပြည်သူလူထုရဲ့ ကိုယ်တိုင်ပါဝင်မှု၊ ထောက်ခံခဲ့မှုတို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ယှဥ်ပြိုင်ခဲ့သမျှ ရွေးကောက်ပွဲတိုင်းမှာ သောင်ပြိုကမ်းပြို အပြတ်အသတ်အနိုင်ရခဲ့တယ်လို့ အသိပေးထားပါတယ်။


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာလည်း နိုင်ငံရေးပါတီ ၉၁ ပါတီအနက်

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်းအနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ပြီး မိမိတို့ဆန္ဒကို ရဲရင့်စွန့်စား ဖော်ထုတ်ခဲ့ကြတာကြောင့် နိုင်ငံတကာသံတမန်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ အဖြစ် အသိအမှတ်ပြုခဲ့ကြသလို ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရားဝင်ဖွဲ့စည်းထားပြီး အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒနဲ့ကျင်းပတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ဟာ နောက်တကြိမ် ကျင်းပမယ့် လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲရလဒ် ပေါ်ထွက်လာချိန်အထိ တရားဝင်တည်ရှိနေမှာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီက အသိပေးထားပါတယ်။


ဒါကြောင့် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ ပြဿနာတွေကြောင့် နိုင်ငံတကာနဲ့ ပြည်သူလူထုကို လှည့်စားဖို့ နိုင်ငံရေးတရားဝင်မှုရဖို့ ရည်ရွယ်ကျင်းပမယ့် အာဏာလုစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ  တရားဝင်မှုနဲ့ တရားမျှတမှု ရှိမှာမဟုတ်တာကြောင့် ဒီ အတုအယောင်ရွေးကောက်ပွဲ အကောင်အထည်မပေါ်စေဖို့ မိတ်ဖက်အင်အားစုတွေ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NLD ပါတီက ကြေညာလာတာဖြစ်ပါတယ်။


မြန်မာ့နိုင်ငံရေးပြဿနာအရပ်ရပ်ကို ပြေလည်စေဖို့ အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို အသိအမှတ်ပြု ကျေးဇူးတင်ပေမယ့် နိုင်ငံတကာအနေနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို လတ်တလောပြေလည်စေဖို့တင်မဟုတ်ဘဲ ပြဿနာအရင်းအမြစ်ကိုသိပြီး ပြည်သူလူထုဆန္ဒအပေါ် အခြေခံ စဥ်းစား ဆောင်ရွက်မှ ရေရှည်ခိုင်မာတဲ့ တည်ငြိမ်အေးချမ်းမှုကို ရမယ်လို့ ထောက်ပြထားပါတယ်။


စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်မှုမရနိုင်တာကြောင့် မတရားဖမ်းဆီးခံထားရ တဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဥ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေး  မိတ်ဆွေ နိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပမိတ်ဖက်အင်အားစုများအနေနဲ့ ဆက်လက်ကြိုးပမ်းအားထုတ်ပေးကြဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုက်တွန်းထားပြီး အားလုံးနဲ့ ထိရောက်သွေးစည်းစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ပါတီဖြစ်တဲ့အတွက် အာဏာရှင်တွေဘက် က မလိုမုန်းတီးစိတ်ထားနဲ့ ဘယ်လိုပဲ တိုက်ခိုက်ချေမှုန်းဖျက်ဆီးနေပါစေ ပြည်သူရှိနေသရွေ့ ပါတီရှိနေမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြီးဖြစ်ပေါ်စေရေး နွေဦးတော်လှန်ရေး အောင်မြင်ပြီးမြောက်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ CRMH ပြော


 စက်တင်ဘာလ (၂၇ )ရက်


ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးဖြစ်ပေါ်စေရေးအတွက် နွေဦးတော်လှန်ရေး အောင်မြင်ပြီးမြောက်တဲ့အထိ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ - CRMH က ပြောပါတယ်။


ဒီနေ့ စက်တင်ဘာ ၂၇ မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၃၇ နှစ်မြောက် အခမ်းအနား ကို ပေးပို့တဲ့ သဝဏ်လွှာကနေ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လေးလုံး ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးကနေ မွေးဖွားလာတဲ့ ပြည်သူ့ပါတီ ဖြစ်ပြီး ဒီမိုကရေစီနှင့် လူအခွင့်‌ရေး၊ ဖက်ဒရယ်အရေးတို့ကို တစိုက်မတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မြန်မာတနိုင်ငံလုံးက မဲဆန္ဒနယ်တွေ မှာ အများဆုံး အနိုင်ရခဲ့ပြီး ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုကိုရရှိခဲ့ပေမယ့် အာဏာသိမ်း နဝတ စစ်ကောင်စီက အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို မတရားဖမ်းဆီးထောင်ချကာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့ပေမယ့် အဖွဲ့ချုပ်ခေါင်းဆောင်အချို့ ရဲ့ အမြော်အမြင်ကြီးမှုကြောင့် ကြံ့ကြံ့ခံ ဆက်လက် ရပ်တည်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 


အာဏာသိမ်း နဝတ/နအဖ စစ်အစိုးရကစပြီး ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမျိုးမျိုး နှိပ်ကွပ်ခဲ့ပေမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေဟာ မယိမ်းယိုင်တဲ့စိတ်ဓာတ်နဲ့ ဒီမိုကရေစီခရီးကြမ်းကြီး ကို လျှောက်လှမ်းခဲ့ကြပြီး ပြည်သူလူထုလိုလား‌တဲ့ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီနှင့် လူအခွင့်အ‌ရေးတို့အတွက်တိုက်ပွဲဝင်ခဲ့တာ လက်ရှိအချိန်ထိလို့ ဆိုပါတယ်။ 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးပွဲမှာလည်း ပြည်သူလူထုထောက်ခံမှုနဲ့ မြန်မာတနိုင်ငံလုံးမှာ ၈၃ ရာခိုင် နှုန်းကျော်နဲ့ သောင်ပြိုကမ်းပြို ထပ်မံ အနိုင်ရခဲ့ပေမယ့် အာဏာရူးစစ်ခေါင်းဆောင်တွေဟာ မဲမသာမှုရှိတယ်လို့ အကြောင်းပြပြီး နိုင်ငံတော်ပုန်ကန်မှုပြုလုပ်ကာ နိုင်ငံတော်အတိုင်ပင်ခံ‌ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်သူ့အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းယူခဲ့တာကြောင့် နုနယ်တဲ့ ဒီမိုကရေစီပြည်ထောင်စု ကို ဖျက်စီးခဲ့ကြတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ 


ဒီအာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ပြည်သူလူထုကို သတ်ဖြတ်တာ၊ နိုင်ငံရေး ယုံကြည် ချက် ရှိသူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ အဖွဲ့ချုပ်ရုံးတွေကို ဖျက်စီးတာ စတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးမူဝါဒ၊ ဖက်ဒရယ်အရေး၊ဒီမိုကရေစီနှင့် လူအခွင့်အရေး စတာတွေကို စဉ်ဆက် မပြတ် ကြိုးစားဆောင်ရွက်ခဲ့တာကြောင့် ပြည်သူလူထုရဲ့ ထောက်ခံမှုကိုရရှိထားတဲ့အတွက် ရွေးကောက်ပွဲတွေမှာ အပြတ် အသတ် အနိုင်ရတဲ့ နိုင်ငံရေးပါတီကြီးအဖြစ် လေးစားတန်ဖိုးထား ဂုဏ်ယူရတယ်လို့လည်း ဆိုထားပါတယ်။


ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ မန္တလေးတိုင်းလွှတ်တော်အနေနဲ့ ပြည်သူလူထုနဲ့အတူ နွေဦးတော်လှန် ရေးမှာ ပူးပေါင်းပါဝင်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ကူညီတာ CDMs တွေကို ကူညီထောက်ပံ့တာတွေ အကောင်ထည်ဖော်နေသလို မန္တလေးဒေသက ပြည်သူလူထုလိုလားချက်တွေကို နိုင်ငံရေး၊တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံကိုလည်း လွှတ်တော်လုပ်ထုံးလုပ်နည်နဲ့အညီ အတည်ပြုပြဌာန်းနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။  


ဒါကြောင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ - CRMH အနေနဲ့ ပြည်သူလူထု လိုလားတောင်းဆိုချက်တွေ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊တရားစီရင်ရေး စတဲ့ လုပ်ငန်းတွေ ခိုင်မာအားကောင်းရေး ဆောင်ရွက်သွားမှာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးဖြစ်ပေါ်စေရေးအတွက်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနဲ့ နွေဦးတော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ Thailand(FCCT)မှာကျင်းပတဲ့ creative resistance in Myanmar film screening မှာ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး ပါဝင်ဆွေးနွေးခဲ့


 စက်တင်ဘာလ (၂၇ )ရက်


Thailand(FCCT)မှာကျင်းပတဲ့   creative resistance in Myanmar film screening မှာအမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး ပါဝင်ဆွေးနွေးခဲ့ပါတယ်။

"ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့ Foreign Coresspondent's Club of Thailand(FCCT)မှာ ကျင်းပတဲ့  Thabyay : creative resistance in Myanmar film screening မှာ online နှင့်ပါဝင်ပြီး တော်လှန်ရေးအတွက် 

အားဖြည့်ခဲ့ပါတယ်"လို့ ပြည်ထောင်စုဝန်ကြီးက အသိပေးဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ယင်းမာပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများနှင့်လက်တွေ့လေ့ကျင့်ရေး အစီအစဥ်များကို ပြုလုပ်ပေးခဲ့


စက်တင်ဘာ၂၇ရက်


စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများနှင့် လက်တွေ့လေ့ကျင့်ရေး အစီအစဥ်များကို ပြုလုပ်ပေးခဲ့ပါတယ်။

 ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး( BLDF ) စစ်ဒေသ- အနေဖြင့် စက်တင်ဘာ၂၆ရက်နေ့တွင် ယင်းမာပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများနှင့် လက်တွေ့လေ့ကျင့်ရေး အစီအစဥ်များကို ပြုလုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။

ပြည်သူများအနေဖြင့်လည်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကို ဂရုပြု၍ လုံခြုံရေးစီမံမှုများ ပြုလုပ်ထားကြရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ Daung's Japan Tour 2025 ဖျော်ဖြေရန် သရုပ်ဆောင်ဒေါင်း ဂျပန်နိုင်ငံတိုကျိုသို့ရောက်ရှိ


 စက်တင်ဘာလ (၂၇ )ရက်


Daung's Japan Tour 2025 ဖျော်ဖြေရန် သရုပ်ဆောင်ဒေါင်း ဂျပန်နိုင်ငံတိုကျိုသို့ ရောက်ရှိပြီဖြစ်ကြောင်းသိရပါတယ်။

"Australia က အမျိုးတွေနဲ့ Brisbane မှာ နှုတ်ဆက်ခဲ့ပြီး၊ ဂျပန်က အမျိုးတွေနဲ့ တွေ့ရဖို့ ကျနော်တို့ တိုကျိုမြို့ဆီ ကျန်းမာဘေးကင်းစွာ ရောက်နေကြပါပြီဗျ။ တိုကျိုမှာ လာရောက်ကြိုဆိုကြတဲ့ စီစဉ်သူများ၊ တိုကျိုမိသားစုများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ အစစအရာရာဂရုတစိုက် တွေးပေးတဲ့အတွက်လည်း အားဖြစ်ရပါတယ်"လို့ သရုပ်ဆောင်ဒေါင်းရဲ့ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့ (Sunday)တွင် Daungs Japan Tour 2025 ကို စတင်ဖျော်ဖြေမှာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩 ⁨၁။⁨⁩⁨⁨⁨⁨⁨⁨‎⁨ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သင်ကြားရေးအတတ်ပညာတက္ကသိုလ် မူလတန်းပညာရေး အထူးပြု ဒုတိယနှစ်ကျောင်းသူ မထက်မိုးဦး ကျဆုံး 


 စက်တင်ဘာလ (၂၇ )ရက်


စစ်ကိုင်းတိုင်း တန့်ဆည်မြို့ နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် သင်ကြားရေးအတတ်ပညာတက္ကသိုလ် မူလတန်းပညာရေးအထူးပြု ဒုတိယနှစ်ကျောင်းသူ မထက်မိုးဦး ကျဆုံးခဲ့တယ်လို့  ကြားကာလတက္ကသိုလ်ကောင်စီ သင်ကြားရေးအတတ်ပညာတက္ကသိုလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 

အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၂၆ ရက် မနက် ၁၁ နာရီ ၃၈ မိနစ်မှာ ကံထူးမရွာက အပြစ်မဲ့အရပ်သားတွေကို ပစ်မှတ်ထားပြီး ပေါင် ၅၀၀ ဗုံး ၂လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သင်ကြားရေးအတတ်ပညာတက္ကသိုလ် မူလတန်းပညာရေး အထူးပြု ဒုတိယနှစ်ကျောင်းသူ မထက်မိုးဦး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ 


ကျဆုံးသွားသူဟာ သင်ကြားရေးအတတ်ပညာတက္ကသိုလ် ပညာရေးဘွဲ့ မူလတန်းပညာရေး အထူးပြု ဒုတိယနှစ် ကျောင်းသူ ဖြစ်ပြီး ပထမနှစ်ဝက်မှာ ခုံအမှတ် 24PM-163 နဲ့ ပညာသင်ယူနေတဲ့ မထက်မိုးဦး ဖြစ်တယ်လို့ အသိပေးထားပါတယ်။


အပြစ်ကင်းစွာ အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ရင်း အသက်ပေးလိုက်ရတဲ့ မထက်မိုးဦးဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သူတဦးဖြစ်တဲ့အပြင် သင်ကြားရေးအတတ်ပညာတက္ကသိုလ်မှာလည်း သွက်လက် ထက်မြက်တဲ့ ကျောင်းသူတယောက်ဖြစ်တယ်လို့ ကြားကာလတက္ကသိုလ်ကောင်စီ သင်ကြားရေးအတတ်ပညာတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အနာဂါတ်ပညာရေးကာလမှာ ဆရာကောင်းဖြစ်လာနိုင်တဲ့ သမီးကောင်းရတနာတယောက် ဆုံးရှုံးခဲ့ရတဲ့အတွက် မိသားစုနဲ့ ထပ်တူ သင်ကြားရေးအတတ်ပညာတက္ကသိုလ် ဆရာ၊ဆရာမတွေနဲ့ သူငယ်ချင်း ကျောင်းသား၊ ကျောင်းသူတွေ အထူး ဝမ်းနည်းရတယ်လို့ ကြားကာလတက္ကသိုလ်ကောင်စီ သင်ကြားရေးအတတ်ပညာတက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။ 


 စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သင်ကြားရေးအတတ်ပညာတက္ကသိုလ် မူလတန်းပညာရေး အထူးပြု ဒုတိယနှစ်ကျောင်းသူ မထက်မိုးဦး အပါအဝင် အရပ်သားပြည်သူ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨၂။⁨⁨ ဝိုင်းမော်မြို့နယ် လမြန်ရွာတိုက်ပွဲမှာ ခမရ ၃၁၈ တပ်ရင်းမှူး သေဆုံး


 စက်တင်ဘာလ (၂၇ )ရက်


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ရွာတိုက်ပွဲမှာ ခမရ ၃၁၈ တပ်က တပ်ရင်းမှူးအဆင့်ရှိသူ သေဆုံးသွားတယ်လို့ ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သေဆုံးသွားသူဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် - မပခ လက်အောက်ခံ တနိုင်းမြို့အခြေစိုက် အမှတ် ၃၁၈ ခြေမြန်တပ် ရင်း - ခမရ - ၃၁၈ က တပ်ရင်းမှူးလို့ ဆိုပါတယ်။ 

လမြန်ဒေသမှာရှိတဲ့ ရှေ့တန်းယာယီစခန်းကို စစ်ဆေးနေချိန် စက်တင်ဘာ ၂၆ ရက် ညနေ နာရီခွဲအချိန်မှာ KIA နဲ့ PDF တွေရဲ့ ပစ်ခတ်တာခံရပြီး ဒဏ်ရာရသွားတာကြောင့် ခေါ်ထုတ်သွားချိန် လမ်းမှာတင်သေဆွားတာလို့ ကချင်စစ်ရေး သတင်းရင်းမြစ်တဦးက အသိပေးပါတယ်။ 

KIA နဲ့ PDF တွေရဲ့ ပစ်ခတ်တာခံရတဲ့ တပ်ရင်းမှူး ပြင်းထန်ဒဏ်ရာရသွားတာကြောင့် မြစ်ကြီးနားဆေးရုံးကို ကားနဲ့ ခေါ်သွားချိန် လမ်းမှာတင်သေသွားတာလို့ အခြားစစ်ရေးသတင်းရင်းမြစ်ကလည်း ပြောပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် - KIA သိမ်းထားတဲ့ ကန်ပိုက်တီဒေသကို ပြန်ရဖို့ အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လကုန် ပိုင်းကစပြီး ၀ိုင်းမော်မြို့နယ် လမြန်ဘက်ကနေ ထိုးစစ်ဆင်လာတာကို KIA နဲ့ PDF တွေရဲ့ ခုခံတိုက်ခိုက်နေတာကြောင့် စစ်တပ်ဟာ ရှေ့ဆက်မတိုးနိုင်ဘဲ လမြန်ဒေသမှာတင် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာလို့ သိရပါတယ်။


========================


🚩🚩 ⁨၃။⁨⁨ သဲကုန်းမှာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ပြီး ပြန်လာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သား ဦးသေပြီး ဦး ဒဏ်ရာရ


 စက်တင်ဘာလ (၂၇ )ရက်


ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် သစ်နီတောအုပ်စု ပန်းပင်ကုန်းရွာ အောင်စည်သာကွက်သစ်က ပြည်သူပိုင်အိမ်တွေကို မီးရှို့ပြီး ပြန်လာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ စစ်သား ဦးသေပြီး ဦး ဒဏ်ရာရသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တပ်ရင်း ၃၆၀၁ က ဒီနေ့ စက်တင်ဘာ ၂၇ မှာ ထုတ်ပြန်လာ ပါတယ်။

ပြည်သူပိုင်အိမ်တွေကို မီးရှို့ပြီး သဲကုန်းမြို့ဘက်ပြန်လာတဲ့ စစ်သားတွေကို စက်တင်ဘာ ၂၄ ရက်နေ့က မိုင်းဆွဲတိုက်ခိုက် ခဲ့တာနဲ့ ပတ်သက်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တပ်ရင်း ၃၆၀၁ က အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒီစစ်သားတွေဟာ သဲကုန်းမြို့ကဖြစ်ပြီး ဆိုင်ကယ် ၁၄ စီးနဲ့ ပြန်လာချိန်မှာ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း ၃၆၀၁ တပ်ခွဲ က ရဲဘော်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်သားတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်တာမျိုးရှိပေမယ့် တော်လှန်ရေးရဲဘော် တွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့လည်း သိရပါတယ်။ 

သေဆုံးစစ်သားတွေနဲ့ ဒဏ်ရာရစစ်သားတွေကို သဲကုန်းမြို့ပေါ်မှာရှိတဲ့ စစ်သားတွေက ကားနဲ့လာသယ်သွားပြီး ရွှေတောင်မြို့ မှာရှိတဲ့ ကုတင် ၁ဝဝ စစ်ဆေးရုံကို ပို့ထားတယ်လို့ PPDF တပ်ရင်း ၃၆၀၁ က အသိပေးပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ စစ်ရေးအရှိန်မြှင့်ထားတဲ့အတွက် ဒေသနေပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်တပ် အထိုင်စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေကို ရှောင်ရှားသွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။


========================


🚩🚩 ⁨၄။ လုံခြုံရေးအခြေအနေအရ နန်းမယ်ခုံ၊ လွိုင်နန်းဖနဲ့ ဒီးဘောင်းခူမြို့နယ်တို့မှာ တော်လှန်ရေးအင်အားစုဘက်က ညမထွက်ရ အမိန့်ထုတ် 


 စက်တင်ဘာလ (၂၇ )ရက်


ကရင်နီပြည်ထဲမှာပါတဲ့ နန်းမယ်ခုံ၊ လွိုင်နန်းဖနဲ့ ဒီးဘောင်းခူမြို့နယ်တို့မှာ လုံခြုံရေးအခြေအနေအရ တော်လှန်ရေး အင်အားစုတွေဘက်က ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။


အဲဒီ မြို့နယ်တွေမှာရှိတဲ့ မြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကော်မတီတွေက မနေ့ စက်တင်ဘာ‌ ၂၆ ရက်နေ့မှာ ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။


နန်းမယ်ခုံ၊ လွိုင်နန်းဖနဲ့ ဒီးဘောင်းခူမြို့နယ်တို့မှာ စစ်ရေးပြင်းထန်လာတာနဲ့အတူ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စစ်တပ်၊ ဒလန်၊ ခိုးဆိုးလုနှိုက်တွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနဲ့ အေးချမ်းသာယာရေး ထိခိုက်အောင် လုပ်ဆောင်လာတယ်လို့ အသိပေးထားပါတယ်။


အဲဒီမြို့နယ် ခုမှာ လုံခြုံရေးဆိုင်ရာကိစ္စတွေ ဆောင်ရွက်ဖို့ လိုအပ်နေတာကြောင့် မြို့နယ် ပူးပေါင်းအုပ်ချုပ်ရေး ကော်မတီဝင်တွေနဲ့ ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက တာဝန်ရှိသူတွေ တွေ့ဆုံပြီး အခုလို ဆုံးဖြတ်ခဲ့တာလို့ ရှင်းပြထားပါတယ်။


ဒါကြောင့် အဲဒီမြို့နယ်တွေမှာ စစ်ရေးအရ သွားလာလှုပ်ရှားနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အရေးပေါ် ကိစ္စတွေဖြစ်တဲ့ ကျန်းမာရေး၊ နာရေးလို လိုအပ်ချက်အရ သွားလာရမယ့်သူတွေကလွဲပြီး နာရီကနေ မနက် နာရီ အတွင်း ဖြတ်သန်းသွားလာမျိုး မလုပ်ဖို့ သတိပေးထားပါတယ်။


ဒါ့အပြင် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်အရ ကရင်နီပြည်ရဲတပ်ဖွဲ့ - KSP တပ်ရင်းတပ်ဖွဲ့တွေ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ စစ်ဆေးမေးမြန်းမှုတွေကို ကြည်ကြည်ဖြူဖြူ လက်ခံပေးဖို့လည်း ဒေသနေပြည်သူတွေကို တိုက်တွန်းထားပါတယ်။


စက်တင်ဘာ ၁၇ ရက်နေ့တုန်းကလည်း ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ ချယ်ရီကုန်းကနေ ဒေါတဝီ - အက်စ်ကွေ့အထိ လမ်းမကြီးတလျောက် နာရီကနေ မနက် နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ကို စစ်ရေးတင်းမာမှု ကျဆင်းတဲ့အထိ စစ်ဆေးသွားမယ့်အကြောင်း ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


အခုလို အသိပေးထုတ်ပြန်ရတာဟာ အများပြည်သူအကျိုးအတွက် ထုတ်ပြန်ထာဖြစ်တဲ့အတွက် ပြည်သူလူထုတရပ်လုံး လိုက်နာပေးကြဖို့ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩








#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment