၂၀၂၅ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ Daungs Australia Tour 2025 ရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ Brisbane မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ Australia နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ တက်ရောက်အားပေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းစွာ မဲမပေးခြင်းနည်းနဲ့ တော်လှန်ရေးကို အင်အားအားဖြည့်ပေးဖို့ ကြယ်လင်းရောင် ဆာကပေါ တပ်ရင်း တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ပြည်သူ (၃၀) ဦး ဝန်းကျင်ခန့် သေဆုံးခဲ့ရ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့အနီးသို့ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨၁။⁨⁩ ကလေးမြို့နယ်မှာ စစ်တပ်နဲ့ပူးပေါင်းနေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ တပ်စိတ် တစိတ် သေဆုံး

🚩 ⁨၂။ပေါင်းတလည် အထက်တန်း ကျောင်းရှေ့က စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ဦး သေဆုံး

🚩 ⁨၃။ မုံရွာ နမခ မှာ ဂျိုင်ရိုကော်ပတာတွေ ရောက်နေတဲ့အတွက် ကာကွယ်ရေးအစီအမံတွေ လုပ်ထားကြဖို့ ဒေသနေပြည်သူတွေ ကို တော်လှန်ရေးအင်အားစုတွေ အကြံပြု

🚩 ⁨၄။⁨⁨ နတ်တလင်းမှာ စစ်တပ်စစ်ကြောင်းကို လမ်းပြလုပ်ပေးနေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်း 

🚩၅။ပေါင်းတည်မှာ ပေါတာဆွဲခံရသူက ရဲတဦးကို ဓားနဲ့ထိုးပြီး လက်နက်ခဲယမ်းတွေယူဆောင်လာခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် တပ်ရင်း ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ Daungs Australia Tour 2025 ရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ Brisbane မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ Australia နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ တက်ရောက်အားပေးခဲ့


စက်တက်ဘာ (၂၃)ရက်


Daungs Australia Tour 2025 ရဲ့ နောက်ဆုံးပွဲကို Brisbane မြို့တွင်ကျင်းပခဲ့ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ Australia နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေမှ တက်ရောက်အားပေးခဲ့ပါတယ်။

Daungs Australia Tour 2025 ရဲ့ နောက်ဆုံးပွဲသို့ ကိုယ်တိုင်တက်ရောက်ပေးသော အမျိုးသားညီညွတ်ရေးအစိုးရ Australia နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ စနေ နဲ့ တနင်္ဂနွေ ရက်လုံး လက်မှတ်များဝယ်ယူပြီး တခဲနက်လာရောက်အားပေးကြသူများ၊ ရံပုံငွေရရှိရေး T Shirt များ၊ Music package များ ဝယ်ယူအားပေးကြသူများ၊ Auction တွင်ပါဝင်ပေးအားပေးကြသူများနှင့် Guitar & Pendant ရရှိသွားသူများ၊ Music Show အတွက် အကောင်းဆုံးတီးခတ်ပေးသွားတဲ့ Sydney နဲ့ Brisbane မြို့မှ Band Member များအားလုံးကိုကျေးဇူးတင်ရှိတယ်လို့"Daungs Australia Tourက ဖော်ပြပါတယ်။

Daungs Australia Tour 2025 ဖျော်ဖြေပွဲကို သတ်မှတ်ရာမြို့များတွင်အောင်မြင်စွာပြီးစီးခဲ့ပြီးရရှိငွေကြေးများကို တော်လှန်ရေးအတွက်ပြန်လည်စီးဆင်းမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းစွာ မဲမပေးခြင်းနည်းနဲ့ တော်လှန်ရေးကို အင်အားအားဖြည့်ပေးဖို့ ကြယ်လင်းရောင် ဆာကပေါ တပ်ရင်း တိုက်တွန်း


စက်တက်ဘာ( ၂၃)ရက်


ပြည်သူလူထုအနေနဲ့ စစ်တပ်ကလုပ်မယ့် အတုအယောင်ရေးကောက်ပွဲမှာ ငြိမ်းချမ်းစွာ မဲမပေးခြင်းနည်းနဲ့ တော်လှန်ရေးကို အင်အားအားဖြည့်ပေးကြဖို့ ကြယ်လင်းရောင် ဆာကပေါတပ်ရင်း - KTLA က တိုက်တွန်း လိုက်ပါတယ်။ 

အာဏာသိမ်း အကြမ်းဖက်စစ်တပ်က လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကြယ်လင်းရောင် ဆာကပေါ တပ်ရင်း - KTLA က ပြည်သူလူထုကို ဒီနေ့ စက်တင်ဘာ ၂၃ ရက်မှာ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရေစီရဲ့ စစ်မှန်တဲ့ အင်အားကို ပြသကြဖို့ မြန်မာပြည်သူလူထုတရပ်လုံးနဲ့ ထားဝယ်သူ ထားဝယ်သူတွေကို အသိပေး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

စစ်တပ်ကကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲဟာ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေဖို့ ကြိုးပမ်းတဲ့ လှည့်ဖြားမှုတခုသာဖြစ်တယ်လို့လည်း ကြယ်လင်းရောင် ဆာကပေါ တပ်ရင်း - KTLA က ပြတ်ပြတ်သားသား ကြေညာ ထားပါတယ်။

ဒီလုပ်ရပ်ဟာ ပြည်သူလူထုရဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲဆန္ဒကို ဖိနှိပ်ခြင်းဖြစ်တယ်လို့ ကြယ်လင်းရောင် ဆာကပေါ တပ်ရင်း - KTLA က ဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့လည်း အသိပေးထားပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ မဲမပေးတဲ့နည်းနဲ့ သပိတ်မှောက်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အင်အားပြည့် တုန့်ပြန်တော်လှန်ကြဖို့ တိုက်တွန်းထားပါတယ်။

မဲရုံတွေကိုမသွားဘဲ အိမ်မှာပဲနေခြင်းဟာ စစ်တပ်က တရားဝင်မှုရဖို့ ကြိုးပမ်းနေတာကို အကြီးမားဆုံး ငြင်းပယ်ရာရောက် သလို အမြင့်ဆုံး နိုင်ငံရေးအောင်ပွဲလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။ 

တော်လှန်ရေးအင်အားစုတွေဘက်က ရွေးကောက်ပွဲနဲ့ပတ်သက်ဆက်နွယ်တဲ့ စစ်အုပ်စုရဲ့ လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပြီး ပြည်သူလူထုရဲ့ လုံခြုံရေးကို တာဝန်ယူ ကာကွယ်ပေးမှာဖြစ်ပေမယ့် ပြည်သူလူထုအနေနဲ့ စစ်အုပ်စုရဲ့ ဖိအားပေးမှုတွေကို သတိပြုနေထိုင်ကြဖို့လည်း ကြယ်လင်းရောင် ဆာကပေါ တပ်ရင်း - - KTLA က တိုက်တွန်းထားပါတယ်။ 

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်မှန်တဲ့ တရားမျှတမှုဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်ပေးဖို့ ကော်သူးလေ တပ်တော် ကြယ်လင်းရောင်တပ်ရင်းက အလေးအနက် တောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ပြည်သူ (၃၀) ဦး ဝန်းကျင်ခန့် သေဆုံးခဲ့ရ


စက်တက်ဘာ (၂၃)ရက်


အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ပြည်သူ (၃၀) ဦး ဝန်းကျင်ခန့် သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့သည့်သီတင်းတပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ပြည်သူ (၃၀) ဦး ဝန်းကျင်ခန့် သေဆုံးခဲ့ကြောင်း အေအေပီပီ၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ သိရပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆည်တော်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို  ဗုံးကြဲခဲ့သောကြောင့် ဦးဇင်းတပါးနှင့် စစ်ဘေးရှောင်နှစ်ဦး သေဆုံးခဲ့သလို၊ စက်တင်ဘာလ ၁၆ ရက်နေ့၌လည်း ၎င်းမြို့နယ်ရှိ ဥက္ကံကျေးရွာနှင့် ဒီယာကျေးရွာကို ဖျက်အားပြင်းဗုံးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူခြောက်ဦး သေဆုံးခဲ့ရပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင်လည်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့ရပြီး ထိုနေ့တွင်ပင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်တဦး သေဆုံးခဲ့ရပါတယ်။

ထို့ပြင် စက်တင်ဘာလ ၁၈ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်ကြီးတပါး ပျံလွန်တော်မူခဲ့ကာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ သိမ်တော်ကျေးရွာမှ မြေးအဘိုးသုံးဦးတို့သည် ဘေးတွဲဆိုင်ကယ်ဖြင့် သွားလာနေစဉ် စစ်အုပ်စု၏လှည့်ကင်းနှင့်တွေ့၍ သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် နှစ်ဦး သေဆုံးခဲ့ပြီး တဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


ထိုနေ့တွင်ပင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ထုံးဘိုကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲခဲ့သောကြောင့် သားအမိနှစ်ဦး သေဆုံးခဲ့ရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့အနီးသို့ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်


စက်တက်ဘာ (၂၃)ရက်


၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၀၅:၄၉ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့အနီး၊မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် အသိပေးနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩 ⁨၁။⁨⁩ ကလေးမြို့နယ်မှာ စစ်တပ်နဲ့ပူးပေါင်းနေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ တပ်စိတ် တစိတ် သေဆုံး


စက်တက်ဘာ (၂၃)ရက်


စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်တပ်နဲ့ပူးပေါင်းနေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ တပ်စိတ် တစိတ် သေဆုံးသွားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် - စစ်ဒေသက ဒီနေ့ စက်တင်ဘာ ၂၃ မှာ ထုတ်ပြန်လာပါတယ်။ 

 

ကလေးမြို့နယ် နန်းဟန်နွဲ့ရွာမှာ စစ်ကော်မရှင်အဖွဲ့ ဦးစီးတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို ကလေးခရိုင် အမှတ် - တပ်ရင်းက စက်တင်ဘာ ၁၅ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။ 


ကလေးခရိုင် အမှတ် - တပ်ရင်းက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် စစ်ဗိုလ် ဦးစီးတဲ့ ကသည်းလက်နက်ကိုင် တပ်စိတ်တစိတ် သေဆုံးသွားတဲ့အပြင် စစ်တပ်က ဗိုလ်မှူးတယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


ကလေးမြို့နယ်က နန်းစောင်းပုရွာကို စက်တင်ဘာ ရက်ကစပြီး ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းမှာ အကြပ်လောင်း တွေလို့ ယူဆရတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၆၀ ဦး ပါဝင်ခဲ့ပေမယ့် အခုလို ဗုံးကြဲခံလိုက်ရတဲ့အတွက်  ကသည်း လက်နက်ကိုင်တပ်ဖွဲ့ကို နောက်တန်းပြန်ပို့ထားတယ်လို့သိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ကသည်းလက်နက်ကိုင်တပ်ဖွဲ့က ဗိုလ်ကြီး တဦး ဦးစီးတဲ့ ကသည်းလက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ဟာ ကလေးမြို့မှာရှိတဲ့ အမှတ် ၁၀ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှာ အရာရှိသင်တန်း တတ်ရောက်နေကြတယ်လို့ လည်း ဆိုထားပါတယ်။


ဒီဗိုလ်ကြီးဟာ သူရဲ့ ဇနီးဖြစ်သူကိုလည်း ခေါ်‌ဆောင်ထားတယ်လို့ တော်လှန်ရေးတပ်ဘက်က ဖမ်းဆီးရမိထားတဲ့ ကသည်း လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ပြောဆိုထားပါတယ်။

 

ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဟာ ဩဂုတ်လအတွင်း ဟုမ္မလင်းမြို့က စုန်ဆင်းလာတဲ့ သင်္ဘောတွေနဲ့ ကလေးမြို့ကို  ဝင်ရောက်လာတာဖြစ်ပြီး ခန္တီးခရိုင်ထဲက ဟုမ္မလင်းမြို့နယ်မှာ အခြေချနေထိုင်ပြီး တော်လှန်ရေးအဖွဲ့တွေကို မကြာခဏ တိုက်ခိုက်ခဲ့ရာကနေ ကလေးမြို့ကို ပြောင်းရွှေ့သွားတာဖြစ်နိုင်တယ်လို့ အမှတ် စစ်ဒေသက ခန့်မှန်းထားပါတယ်။

 

ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်ကစပြီး တမူးခရိုင်က တမူးမြို့နယ်၊ ခန္တီးခရိုင်က ဟုမ္မလင်းမြို့နယ်တို့မှာ စစ်တပ်နဲ့ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို မကြာခဏ တိုက်ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။

 

တမူးခရိုင်အတွင်းမှာ ကသည်းလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ People Liberation Army Manipur (PLA-MP/ PLAM) United National Liberation Front (UNLF) People’s Revolutionary Party of Kangleipak (PREPAK) People’s Revolutionary Party of Kangleipak-Progressive (PrePak-Pro) Kangleipak Communist Party (KCP) Kanglei Yawol Kanna Lup (KYKL) တို့ရှိနေပြီး စုစုပေါင်း အင်အား ၅၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

 

အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဆယ်စုနှစ်တစုကျော်အကြာကတည်းက စစ်ကိုင်းတိုင်း တမူးခရိုင် ဟဲဇင်းရွာမှာ စတင်နေထိုင်ခဲ့ကြပြီး လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားနေတယ်လို့ သိရတဲ့ အကြောင်း အမှတ် စစ်ဒေသထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အိန္ဒိယနိုင်ငံက ကသည်းလက်နက်ကိုင် တပ်ဖွဲ့တွေအပြင် နာဂလက်နက်ကိုင်တပ်ဖွဲ့ Nationalist Socialist Council of Nagaland-Khaplang (NSCN-K) ဟာလည်း တမူးခရိုင်နဲ့ခန္တီးခရိုင်အတွင်းက စစ်တပ်နဲ့ပေါင်းပြီး တော်လှန်ရေးအဖွဲ့ တွေကို တိုက်ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။

 

အခုနှစ်ထဲမှာ အိန္ဒိယစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ဟာ အမှတ် စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ-) မှူးနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်း လေ့ကျင့်မှုတွေလုပ်တာ၊ စစ်ဘက်ဆိုင်ရာ နည်းပညာ၊ လေယာဉ်သုံးပစ္စည်းတွေနဲ့ ဒရုန်းပစ္စည်းတွေ ထောက်ပံ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အမှတ် - စစ်ဒေသ ထုတ်ပြန်ချက်အရ သိရပါတယ်။


========================


🚩🚩 ⁨၂။ပေါင်းတလည် အထက်တန်း ကျောင်းရှေ့က စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ဦး သေဆုံး


စက်တက်ဘာ (၂၃)ရက်


ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ပေါင်းတလည်မြို့ အထက်တန်း ကျောင်းရှေ့မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦး သေဆုံးသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ပေါင်းတလည် အထက်တန်း ကျောင်းရှေ့က စစ်တပ် စစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၁၆ ရက် နာရီ ၁၅ မိနစ်ခန့်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ဦး သေဆုံးခဲ့ပြီး စစ်အုပ်စုဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။ 

တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် သေဆုံးသွားတဲ့ စစ်သားတွေကို ၁၀ နာရီခန့်မှာ အကြမ်းဖက်စစ်တပ်က ပြည်မြို့ဘက်ကို  သယ်ထုတ်သွားတယ်လို့လည်း အသိပေးထားပါတယ်။

အဲဒီ စစ်ဆေးရေးဂိတ်ဟာ လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးတာ ဈေးသယ်တွေရဲ့ပစ္စည်းတွေကို အတင်း အဓမ္မယူဆောင်တာ ဖျက်ဆီးတာတွေအပါအဝင် ဒေသနေပြည်သူတွေကို ရိုင်းရိုင်းပြပြ ဆက်ဆံနေတာကြောင့် တိုက်ခိုက် ရတာလို့လည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်းက ရှင်းပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ၃၆ဝ၁ တပ်ရင်း တပ်ခွဲ က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ⁨၃။ မုံရွာ နမခ မှာ ဂျိုင်ရိုကော်ပတာတွေ ရောက်နေတဲ့အတွက် ကာကွယ်ရေးအစီအမံတွေ လုပ်ထားကြဖို့ ဒေသနေပြည်သူတွေ ကို တော်လှန်ရေးအင်အားစုတွေ အကြံပြု


စက်တက်ဘာ (၂၃)ရက်


စစ်ကိုင်းတိုင်း မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှာ ဂျိုင်ရိုကော်ပတာတွေ ရောက်နေတဲ့အတွက် ကာကွယ်ရေးအစီအမံတွေ လုပ်ထားကြဖို့ ဒေသနေပြည်သူတွေကို တော်လှန်ရေးအင်အားစုတွေ အကြံပြုထားပါတယ်။


မိဘပြည်သူများနှင့်ပြည်သူ့ရဲဘော်များသို့ ဆိုပြီး စစ်ကိုင်းတိုင်း ပြည်သူ့အကျိုးပြု ကင်းထောက်ကွန်ယက်က ဒီနေ့ စက်တင်ဘာ ၂၃ မှာ အခုလို အကြံပြု ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 


အကြမ်းဖက်စစ်တပ်အနေနဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) တွေကို ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး မြင်းခြံမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ကာ အသုံးပြုလာခဲ့တယ်လို့ အသိပေးထားပါတယ်။


လက်ရှိမှာ ဒီဂျိုင်ရိုကော်ပတာ (Gyrocopter) တွေ မုံရွာမြို့ မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခ ကို ရောက်ရှိ နေပြီး အခြေစိုက်ထားတယ်လို့ ပြောပါတယ်။


မုံရွာ နမခ ကနေ ၁၀၀ ကီလိုမီတာ အကွာအဝေးအတွင်းမှာရှိတဲ့ မြို့နယ်တွေဟာ ဂျိုင်ရိုကော်ပတာ (Gyrocopter) တွေနဲ့ လာရောက်တိုက်ခိုက်ခံရနိုင်တဲ့ အကွာအဝေးမှာ ရှိနေတာကြောင့် ဒီဒေသမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့နဲ့ လိုအပ်တဲ့ ကာကွယ်ရေးအစီအမံတွေ ကြိုတင်လုပ်ဆောင်ထားဖို့ လေကြောင်းသတင်းတွေ ဖော်ပြနေတဲ့ ဝေဟင်အဖွဲ့ကလည်း အကြံပြုထားတဲ့အကြောင်း အသိပေးပါတယ်။


ဂျိုင်ရိုကော်ပတာ gyrocopter တွေဟာ စက်တပ်လေထီး Paramotor တွေလို အသံဆူညံပေမယ့် စက်တပ်လေထီး - paramotor တွေထက် မြင့်အောင် ပျံသန်းနိုင်သလို စက်တက်လေထီးတွေထက် ပိုပြီး မြန်မြန်ဆန်ဆန် ပျံသန်းနိုင်တဲ့အပြင် နာရီကို ၉၀ ကီလိုမီတာနှုန်းဝန်းကျင်နဲ့ ပျံသန်းလေ့ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ခန့်မှန်းထားပါတယ်။


လက်နက်တပ်ဆင်မှုမှာဆိုရင်လည်း ၁၂၀ မမ ဗုံးသီးတွေ ချိတ်ဆွဲ အသုံးပြုနေတယ်လို့ယူဆရပြီး ဂျိုင်ရိုကော်ပတာတစင်မှာ ဗုံးသီး လုံးခန့် သယ်ဆောင်ကြဲချလေ့ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨၄။⁨⁨ နတ်တလင်းမှာ စစ်တပ်စစ်ကြောင်းကို လမ်းပြလုပ်ပေးနေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်း 


စက်တက်ဘာ (၂၃)ရက်


ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် နတ်တလင်းမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို လမ်းပြလုပ်ပေးနေတဲ့ ပျူစောထီး တဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဗမာ့တော်လှန်ရေးတပ်တော် - BRA က ဒီနေ့ စက်တင်ဘာ ၂၃ မှာ ထုတ်ပြန်လာပါတယ်။  

နတ်တလင်းမြို့နယ် ချောင်းကမ်းကြီးအုပ်စု ချောင်းကမ်းကြီးရွာက ပျူစောထီး မြင့်ဇော်ကို မနေ့ စက်တင်ဘာ ၂၂ ရက်  ညနေ နာရီခွဲခန့်အချိန်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ Bamar Revolution Army - BRA တပ်ခွဲ Gold Brother နဲ့ တပ်ရင်းရုံးက ရဲဘော်တွေ သွားရောက်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

ပျူစောထီး မြင့်ဇော်ဟာ အင်မ မှာ ပျူစောထီးသင်တန်းတက်ခဲ့သူဖြစ်ပြီး စစ်တပ်စစ်ကြောင်းကို လမ်းပြပေးလေ့ရှိတာ ကြောင့် တော်လှန်ရေးရဲဘော်တွေရဲ့ ရှင်းလင်းတာကို ခံလိုက်ရတာလို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

တော်လှန်ရေးရဲဘော်တွေကို တွေ့တဲ့အချိန်မှာ ပျူစောထီး မြင့်ဇော်ဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် သူရဲ့အိမ်မှာပဲ ရှင်းလင်းခံလိုက်ရတယ်လို့လည်း အသိပေးပါတယ်။  

နတ်တလင်းမြို့နယ် ဖလံပင်အုပ်စု ရှားစီးဘိုအောက်စုရွာက ရာအိမ်မှူး ဖိုးကျော်ကို စက်တင်ဘာ ၁၇ ရက်နေ့၊ သာစည်အုပ်စု စန်ကြီးလောင့်ရွာက ရာအိမ်မှူး ဇော်မင်းနိုင်ကို စက်တင်ဘာ ၁၉ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့ တယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨၅။ပေါင်းတည်မှာ ပေါတာဆွဲခံရသူက ရဲတဦးကို ဓားနဲ့ထိုးပြီး လက်နက်ခဲယမ်းတွေယူဆောင်လာခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် တပ်ရင်း ဆို  


စက်တက်ဘာ (၂၃)ရက်


ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တောင်ညိုကွက်သစ်မှာ စစ်အုပ်စုရဲ့ စစ်မှုထမ်းတပ်သားအဖြစ် ပေါ်တာဆွဲ စုဆောင်းခံရတဲ့ ရွာသာယာရွာသား စိုင်းမြတ်ကို ဆိုသူဟာ ရဲတဦးကို ဓားနဲ့ထိုးပြီး လက်နက်ခဲယမ်းတွေယူဆောင်လာခဲ့ တယ်လို့ သာယာဝတီခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ 


စစ်မှုထမ်းတပ်သားအဖြစ် ပေါ်တာဆွဲစုဆောင်းခံရတဲ့ နတ်တလင်းမြို့နယ် ရွာသာယာရွာသား စိုင်းမြတ်ကိုဟာ စက်တင်ဘာ ၂၁ ရက်နေ့မှာ တောင်ညိုကွက်သစ်ရဲစခန်းက ရဲတွေတန်းစီချိန် ခန့်မှာ သူနဲ့အတူရှိနေတဲ့ ပေါင်းတည်ဘက်က ပြောင်းလာတဲ့ ရဲတဦးကို ရဲရဲ့ဓားနဲ့ ရှင်းလင်းခဲ့ပြီး စက်တင်ဘာ ၂၂ ရက်နေ့မှာ သာယာဝတီခရိုင် တပ်ရင်း - P2 3801 ထံ ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။


ထွက်ပေးလာချိန်မှာ G3 သေနတ် တလက်၊ G3 ကျည် ၁၀ တောင့်၊ ကျည်ဘောက်တခုနဲ့ သာယာဝတီခရိုင် တပ်ရင်း - P2 3801 ထံ ချိတ်ဆက်ရောက်ရှိလာခဲ့တာလို့ အသိပေးပါတယ်။


နတ်တလင်းမြို့နယ်က ရွာသာယာရွာသား စိုင်းမြတ်ကိုဟာ အခု စက်တင်ဘာ ၁၀ ရက်နေ့က တောင်ညိုကွက်သစ် ရဲစခန်းက ရဲတွေ ဆိုင်ကယ်ဖမ်းနေချိန်မှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲခေါ်ဆောင်တာခံရပြီး အဲဒီရဲစခန်းမှာနေရချိန်မှာ ရဲတယောက်ကို ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အခုလို ရဲတဦးကိုရှင်းလင်းပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးလာတဲ့ တာဝန်သိပြည်သူ စိုင်းမြတ်ကို ကို ဆုငွေ ကျပ် သိန်း ၂၀ ချီးမြှင့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

စစ်မှုထမ်းစေဖို အတင်းအဓမ္မ ပေါ်တာဆွဲခံရတဲ့ လူငယ်တွေအနေနဲ့ အခွင့်ရေးရရင် ရသလို သာယာဝတီခရိုင် တပ်ရင်း - P2 3801 ထံ ချိတ်ဆက်ပြီး စစ်ကောင်စီကို တော်လှန်သွားကြဖို့၊ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ့်  အသုံးချခံတွေ မဖြစ်ကြစေ တိုက်တွန်းနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment