၂၀၂၅ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မာခူးအီချစ်ထွန်း ကွယ်လွန်မှုအတွက် IEC KSCC နဲ့ KNA တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပို့ 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁩⁨⁨⁨⁨⁨⁨‎⁨⁨⁨၂။ အမှတ်-၁၀၁၁ တပ်ရင်းက အခြေခံစစ်ပညာသင်တန်း အပတ်စဉ် - သင်တန်းဆင်းပွဲကျင်းပ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။မုံရွာ - အမြင့်လမ်းပိုင်းအခြေအနေတွေ ဗွီဒီယိုရိုက်ပြီး ဆိုရှယ်ပလပ်ဖောင်းတွေပေါ် မတင်ကြဖို့ စစ်ကိုင်းတိုင်း ပြည်သူ့အကျိုးပြု ကင်းထောက်ကွန်ယက် သတိပေး 


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨၁။⁨⁨ အစွန်းရောက်စစ်သွေးကြွတွေကို ထောက်ပံ့အားပေးကူညီနေတဲ့ BGB အကျင့်ပျက်အရာရှိတွေကို အရေးမယူရင် နှစ်ဖက် တင်းမာမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ AA သတိပေး  

🚩 ⁨၂။ သံတွဲမြို့ပေါ် လူနေရပ်ကွက်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချတာကြောင့် အရပ်သားတဦးသေဆုံးပြီး ကလေးငယ် အပါအဝင် ဦးဒဏ်ရာရ

🚩၃။⁨⁨ တန့်ဆည် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တဲ့ဖြစ်စဉ်မှာ အပြစ်မဲ့အရပ်သား ၁၁ ဦး သေဆုံးပြီး ဦးဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မာခူးအီချစ်ထွန်း ကွယ်လွန်မှုအတွက် IEC KSCC နဲ့ KNA တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပို့ 


စက်တင်ဘာလ (၂၈ )ရက်


ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF ဗဟိုကော်မတီဝင်လည်းဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ - NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ မာခူးအီချစ်ထွန်း ခေါ်  ဦးချစ်ထွန်း ကွယ်လွန်သွားတဲ့အတွက် IEC KSCC နဲ့ KNA တို့က ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ထားပါတယ်။ 


နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်နေစဉ်ကာလ စက်တင်ဘာ ၂၅ ရက်နေ့မှာ ကွယ်လွန်တိမ်းပါးသွားခဲ့တဲ့ အတွက် ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူထပ်မျှ ကြေကွဲရပါကြောင်း ဝမ်းနည်းမှတ်တမ်းရေးထိုးအပ်ပါတယ်လို့ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာနမိသားစုကလည်း ထုတ်ပြန်ထားပါတယ်။ 

 

တော်လှန်ရေးနဲ့ နိုင်ငံရေးမိတ်ဆွေ ဦးချစ်ထွန်းဟာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF က စစ်ရေး၊ နိုင်ငံရေးနှင့်ဆက်ဆံရေးတာဝန်တွေကို ၁၉၉၂ ခုနှစ်ကလို့ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေး ကာလ ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်ကစပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးအဖြစ်နဲ့ အနာဂတ်ပြည်ထောင်စုအတွက်အရေးပါတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး နဲ့ တော်လှန်‌ရေးတာဝန်တွေကို စွမ်းစွမ်းတမံ တာဝန်ယူ ဆောင်ရွက်ခဲ့သူလို့ သိရပါတယ်။


မာခူးအီချစ်ထွန်းဟာ သူ့ဘဝ နောက်ဆုံးအချိန်ထိ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းမှာ အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သလို ကရင်နီပြည်အတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ လူငယ်ရေးရာကိစ္စတွေမှာ အားပေးကူညီခဲ့သူဖြစ်တဲ့အတွက် ကရင်နီပြည် သမိုင်းမှတ်တမ်းမှာ အသိအမှတ်ပြု မှတ်တမ်းတင်သွားမယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ဝမ်းနည်း‌ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF ဗဟိုကော်မတီဝင်အဖြစ် နိုင်ငံရေးတာဌာနမှာ ထမ်းဆောင်ခဲ့တဲ့အပြင် KNPLF ရဲ့ လူငယ်ရေးရာကဏ္ဍမှာလည်း ဦးဆောင်ခဲ့သလို ကယောတိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှု ဗဟိုကော်မတီရဲ့ ဒုဥက္ကဋ္ဌအဖြစ် အမျိုးသားရေးတာဝန်တွေ ထမ်းဆောင်ခဲ့တယ်လို့ KSCC မှတ်တမ်းအရ သိရပါတယ်။


ရဲဘော် မာခူးအီချစ်ထွန်းဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ မျိုးသားတန်းတူရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး စတဲ့ တိုက်ပွဲတွေမှာ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF နဲ့အတူ ကျရာကဏ္ဍမှာ ပါဝင်ခဲ့တဲ့ တိုက်ဖော် တိုက်ဖက် မဟာမိတ် ခေါင်းဆောင်တဦးဖြစ်လို့ ကယန်းအမျိုးသား တပ်မတော် KNA ကလည်း အသိပေးထားပါတယ်။  


တော်လှန်ရေးအင်အားစုအားလုံးရဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ရေးမှာ ပါဝင်ခဲ့တဲ့   ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုဝန်ကြီး မာခူးအီချစ်ထွန်း ခေါ် ဦးချစ်ထွန်းရဲ့ ရပ်တည်ချက်နဲ့ ယုံကြည်ချက် အပေါ်  မော်ကွန်းတင်ထားမှာဖြစ်ပြီး မပြီးဆုံးသေးတဲ့ တော်လှန်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို ဆက်လက် အားထုတ် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့တဲ့ အဖွဲ့အစည်းတွေက ပြောထားကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁩⁨⁨⁨⁨⁨⁨‎⁨⁨⁨၂။ အမှတ်-၁၀၁၁ တပ်ရင်းက အခြေခံစစ်ပညာသင်တန်း အပတ်စဉ် - သင်တန်းဆင်းပွဲကျင်းပ


စက်တင်ဘာလ (၂၈ )ရက်

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် - ၁၀၁၁ တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် -   သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတနေရာမှာ အကျဉ်းချုပ် ကျင်းပခဲ့တယ်လို့ အဲဒီတပ်ရင်းက။

မနေ့ စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။


ဒီသင်တန်းမှာ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်မှုရှိစေမယ့် လေ့ကျင်ခန်းတွေ၊ အခြေခံ စစ်ပညာနဲ့ဆိုင်တဲ့ သင်ခန်းစာ၊ စစ်သည်တော်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ နိုင်ငံရေးနဲ့ဆိုင်တဲ့ အသိပညာပေးတာတွေ 

ထည့်သွင်းသင်ကြားခဲ့တယ်လို့ ဆိုပါတယ်။


ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်တခုဖြစ်တဲ့ အမှတ်-၁၀၁၁ တပ်ရင်းရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - သင်တန်းဆင်းပွဲကို တပ်ရင်းက ဌာနဆိုင်ရာတာဝန်ရှိသူတွေအပြင် ညီနောင်တပ်တွေဖြစ်တဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်က တာဝန်ရှိသူတွေ၊ ရဲဘော်ရဲဘက်တွေနဲ့ ဒေသမှာရှိတဲ့ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်တွေကို အားပေးစကား ပြောကြားခဲ့တယ်လို့ အသိပေးပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်အောက်မှာရှိတဲ့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် အမှတ်-၁၀၁၁ တပ်ရင်းအနေနဲ့ စစ်အာဏာရှင်နဲ့ အာဏာစနစ်ဆိုး မှန်သမျှကို တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တဲ့အတွက် အမှတ်-၁၀၁၁ တပ်ရင်းနဲ့အတူ တော်လှန်လိုတဲ့ ရဲဘော် ရဲဘက်တွေကို အဲဒီတပ်ရင်းက ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။မုံရွာ - အမြင့်လမ်းပိုင်းအခြေအနေတွေ ဗွီဒီယိုရိုက်ပြီး ဆိုရှယ်ပလပ်ဖောင်းတွေပေါ် မတင်ကြဖို့ စစ်ကိုင်းတိုင်း ပြည်သူ့အကျိုးပြု ကင်းထောက်ကွန်ယက် သတိပေး 


စက်တင်ဘာလ (၂၈ )ရက်


စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်သွားလာရာမှာ အဓိက လမ်းမကြီးတခုဖြစ်တဲ့ မုံရွာ - မန္တလေးလမ်းပိုင်းက မုံရွာ - အမြင့်လမ်းပိုင်းအခြေအနေကို ဗွီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာတွေပေါ် မတင်ကြဖို့ စစ်ကိုင်းတိုင်း ပြည်သူ့အကျိုးပြု ကင်းထောက်ကွန်ယက်အဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

မုံရွာ - အမြင့်လမ်းပိုင်းအခြေအနေကို ဗွီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာတွေပေါ်တင်နေကြတဲ့နာတဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း ပြည်သူ့အကျိုးပြု ကင်းထောက်ကွန်ယက်အဖွဲ့က ဒီနေ့ စက်တင်ဘာ ၂၈ ရက်မှာ သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။

မုံရွာနဲ့ ချောင်းဦးမြို့ကြားမှာရှိတဲ့ မုံရွာ - အမြင့်လမ်းပိုင်းအခြေအနေကို ဗွီဒီယိုရိုက်ပြီး facebook နဲ့ Tik Tok စတဲ့ လူမှုကွန်ယက်တွေပေါ် တင်နေတာဟာ အကြမ်းဖက်စစ်တပ်ကို သတင်းပေးနေတာနဲ့ တူနေတယ်လို့ အသိပေးထားပါတယ်။ 

အခုလို ဆိုရှယ်မီဒီယာတွေပေါ်တင်နေတာဟာ စစ်တပ်သတင်းပေး ဖြစ်မှန်းမသိ ဖြစ်နေတယ်လိုလည်း မုံရွာ - အမြင့် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ပြောထားပါတယ်။

ဒါကြောင့် ဒီလမ်းပိုင်းအခြေအနေတွေကို ဆိုရှယ်မီဒီယာတွေပေါ်မတင်ကြဖို့ မုံရွာ - အမြင့် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြည်သူလူထုကို မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩 ⁨၁။⁨⁨ အစွန်းရောက်စစ်သွေးကြွတွေကို ထောက်ပံ့အားပေးကူညီနေတဲ့ BGB အကျင့်ပျက်အရာရှိတွေကို အရေးမယူရင် နှစ်ဖက် တင်းမာမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ AA သတိပေး  


စက်တင်ဘာလ (၂၈ )ရက်


အစွန်းရောက်စစ်သွေးကြွတွေကို ထောက်ပံ့ကူညီပြီး အားပေးအားမြှောက်လုပ်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGB က အကျင့်ပျက်အရာရှိတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အရေးမယူဘူးဆိုရင် နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ ဆက်ဆံ ရေး ထိခိုက်စေနိုင်သလို နှစ်ဖက် တင်းမာမှုတွေ ပိုပြီး မြင့်တက်လာစေနိုင်တယ်လို့ ရခိုင့်တပ်တော် - AA က သတိပေး ပြောကြားလိုက်ပါတယ်။


အစွန်းရောက် စစ်သွေးကြွ ARSA အဖွဲ့တွေ အခုရက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်လာတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ စက်တင်ဘာ ၂၇ နေ့စွဲနဲ့ ရခိုင်တပ်တော်က ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

အစွန်းရောက် စစ်သွေးကြွ ARSA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေဟာ အစွန်းရောက်စစ်သွေးကြွဝါဒကို အားပေးတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် - BGB က အကျင့်ပျက် အရာရှိအချို့ရဲ့ အားပေးထောက်ခံမှုတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရရှိနေတယ်လို့ သတင်းထားတဲ့အကြောင်း AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


ARSA နဲ့ RSO အကြမ်းဖက်အဖွဲ့တွေဟာ စစ်ရေး၊ ထောက်ပံ့ရေး အကူအညီတွေကို အပြည့်အဝရထားထားတဲ့အတွက် BGB စခန်းတွေ အနီးမှာ အကြမ်းဖက်တပ်စခန်းအချို့ကို အခိုင်အမာ အခြေစိုက်တပ်စွဲခွင့်ရနေပြီး သူတို့အခြေပြုနေရာကနေ အာရက္ခဒေသကို ဝင်ရောက်ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်နေတယ်လို့ အသိပေးထားပါတယ်။

 

ဒီ စစ်သွေးကြွ အကြမ်းဖက်အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နတ်မြစ်နဲ့ မယူတောင်တန်း လမ်းကြောင်းတွေကတဆင့် အာရက္ခပြည် မောင်တောခရိုင်အတွင်း ဝင်ရောက်ကာ နယ်စပ်မှာရှိတဲ့ အာရက္ခတပ်တော် လုံခြုံရေးစခန်းအချို့ကို တိုက်ခိုက် လာသလို ဒေသနေ အာရက္ခပြည်သူတွေကို လူပြတ်တဲ့နေရာတွေမှာ ချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီး နှိပ်စက် တာ၊ အနိုင်ကျင့် ငွေညှစ်တာ၊ လုယက်မှုနဲ့ ပြန်ပေးဆွဲတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့လည်း ဆိုထာပါတယ်။

 

အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဟာ အခုနှစ် စက်တင်ဘာ ၁၆ ရက်ကစပြီး အာရက္ခပြည် မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၅၆ နဲ့ ၅၇ ကြားမှာရှိတဲ့ ပွိုင့် - ၆၀၁ ကုန်းက AA ရဲ့ နယ်စပ်လုံခြုံရေး တပ်စခန်း တခုနဲ့ ဒုံးညိုရွာအနီးမှာရှိတဲ့ ဒုံးညိုစခန်းကို သိမ်းပိုက်ရယူနိုင်ဖို့ စိမ့်ဝင်ထိုးဖောက်တာတွေရှိခဲ့တဲ့အပြင် ဘင်္ဂလားဘက်ခြမ်းကနေ နှောင့်ယှက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေ အသိပေးပါတယ်။

 

ဒါ့ပြင် ခြုံခိုတိုက်ခိုက်ဖို့ စီစဉ်ထားတာတွေ၊ ဒရုန်းနဲ့ ကင်းထောက်တာတွေ၊ စစ်ကူလာမဲ့နေရာ အချို့ကို ဖြတ်တောက်ပိတ်ဆို့ ထားတာတွေပါဝင်တဲ့ စခန်းသိမ်းဖို့ရည်ရွယ်ထားတဲ့ တိုက်ခိုက်မှုမျိုး ပြုလုပ်မယ့် အရိပ်အယောင်လက္ခဏာတွေတွေ ဆက်တိုက်တွေ့လာတယ်လို့လည်း ဆိုပါတယ်။

 

ဒီ နယ်စပ်လုံခြုံရေးစခန်းတွေဟာ မိုးတွင်းကာလမှာ သွားလာရခက်ခဲပြီး အနီးမှာရှိတဲ့စခန်းတွေက စစ်ကူလာဖို့ အနည်းငယ်ခက်ခဲတဲ့ သဘာဝအနေအထားရှိနေတဲ့စခန်းတွေလို့ သိရပါတယ်။

 

အာရက္ခတပ်တော်အနေနဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့အပါအဝင် အာရက္ခဒေသနဲ့ နယ်မြေဆက်စပ်နေတဲ့ အခြားနေရာ ခုမှာ ဖက်ဆစ် အကြမ်းဖက် စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာကို ARSA နဲ့ RSO အကြမ်းဖက်အဖွဲ့တွေက အခွင့်ကောင်းယူ ညပြီး သူတို့ အခြေစိုက်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကနေပြီး ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်နဲ့ အနီးကပ် ပူးပေါင်းပြီး AA ရဲ့ နယ်စပ်လုံခြုံရေးတပ်စခန်းတွေကို ပူးပေါင်းတိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ကလည်း ARSA နဲ့ RSO အကြမ်းဖက်အဖွဲ့တွေကို လက်နက်ခဲယမ်းထောက်ပံ့တာတွေ  ဆက်လုပ်နေဆဲလို့ သိရပါတယ်။

 

စစ်သွေးကြွ ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဟာ ပွိုင့် - ၆၀၁ စခန်းကိုရဖို့ စက်တင်ဘာ  ၁၆ ကစပြီး ကြိုးစားနေပေမယ့်  AA ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကြောင့် စခန်းကို သိမ်းပိုက်ရယူနိုင်တာမျိုးမရှိဘူးလို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


ဒီစခန်းဟာ AA ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိနေသလို စခန်းအနီးပတ်ဝန်းကျင်မှာလည်း ဘယ်အကြမ်းဖက်အဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ မရှိတော့ဘူးလို့ ဆိုပါတယ်။ 


တချိန်တည်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ နယ်စပ်ဖြတ်ကျော်ပြီး မောင်တောခရိုင်ထဲကို ခိုးဝင်လာကြတဲ့ အစွန်းရောက်အဖွဲ့တွေဟာ ဒေသခံပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အရပ်သားအလောင်းတွေကို အာရက္ခ တပ်တော် စစ်ယူနီဖောင်းတွေ အစားထိုးဝတ်ဆင်ပေးပြီး ရုပ်သံနဲ့ ဓာတ်ပုံတွေ ထုတ်လွှင့်ကာ သူတို့ကျူးလွန်ခဲ့တာကို ဖျောက်ဖျက်ဖို့ ကြိုးစားအားထုတ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

 

အခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အခိုင်အမာတပ်စခန်းချပြီး အာရက္ခပြည်တွင်း ဝင်ရောက်ကာ အာရက္ခပြည်သူတွေကို ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်ပြီး AA ရဲ့ နယ်စပ်လုံခြုံရေးတပ်စခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်တဲ့ အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေရဲ့လုပ်ရပ်ကို ခွင့်ပြုတာ ထောက်ပံ့ကူညီတာ အားပေးအားမြှောက်ပြုနေတဲ့ အကျင့်ပျက် BGB က အရာရှိတွေနဲ့ စစ်သွေးကြွလှုပ်ရှားမှုတွေအပေါ် ထောက်ခံအားပေးနေသူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ အမြန်ဆုံးဖော်ထုတ်အရေးယူသင့်တယ်လို့ AA က တိုက်တွန်းထားပါတယ်။


အရေးယူထိန်းကျောင်းမှုမရှိဘဲ အခုအတိုင်း ဆက်လွှတ်ပေးထားမယ်ဆိုရင် နှစ်ဖက် နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ ဆက်ဆံရေး ထိခိုက်စေနိုင်သလို နှစ်ဖက်တင်းမာမှုကိုလည်း ပိုမိုမြင့်တက်လာစေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

 

ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ်မှာ တကျော့ပြန်စခန်းထလာတဲ့ ARSA RSO အကြမ်းဖက်လှုပ်ရှားမှု အန္တရာယ်ဟာ အာရက္ခဒေသတွင်းနေ ပြည်သူလူထုတစ်ရပ်လုံးရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေရုံတင်မဟုတ်ဘဲ ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကို  ခြိမ်းခြောက်ရာရောက်နေတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီဖြစ်ရပ်အပေါ် သေချာစောင့်ကြည့်ပြီး ဝိုင်းဝန်းစောင့်ကြပ်ထိန်းသိမ်းပေးကြဖို့ တောင်းဆိုထားပါတယ်။


တစ်ဆက်တည်းမှာ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့လည်း AA နဲ့ နှစ်ဖက်ပြေလည်စေမယ့် နည်းလမ်းတွေ အမြန်ဆုံးရှာဖွေပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်တာမျိုးတွေ ဦးစားပေးလုပ်ဆောင်သင့်တယ်လို့လည်း အလေးအနက် အကြံပြုဖော်ပြထားပါတယ်။


========================


🚩🚩 ⁨၂။ သံတွဲမြို့ပေါ် လူနေရပ်ကွက်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချတာကြောင့် အရပ်သားတဦးသေဆုံးပြီး ကလေးငယ် အပါအဝင် ဦးဒဏ်ရာရ 


စက်တင်ဘာလ (၂၈ )ရက်


ရခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရခိုင်ပြည် သံတွဲမြို့ပေါ် က လူနေရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က  လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတဦးသေဆုံးပြီး ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သား ဦး ဒဏ်ရာရသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့ စက်တင်ဘာ ၂၇ ရက် နာရီခွဲဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ သံတွဲမြို့ အမှတ် ရပ်ကွက်ကို တိုက်လေယာဉ် ဗုံး လုံးကြချခဲ့တာလို့ဆိုပါတယ်။ 

စစ်တပ်က ကြချတဲ့ ဗုံးတွေကျရောက်ပေါက်ကွဲတာကြောင့် အမှတ် ရပ်ကွက်မှာနေထိုင်တဲ့ ဦးညီညီ သေဆုံးခဲ့ပြီး အသက် နှစ်အရွယ် မောင်သန့်ဇင်ဖြိုး၊ အသက် ၁၄ နှစ်အရွယ် မောင်အောင်သီဟစိုး၊ အသက် ၃၇ နှစ်အရွယ် ဒေါ်ခင်ခင်ဌေး၊ အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်ထွေးနှင့် အသက် ၄၂ နှစ်အရွယ် ဦးထွန်းနိုင်မင်းတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ မနေ့ ညနေ နာရီ ၂၇ မိနစ်မှာတကြိမ်၊ နာရီ ၃၂ မိနစ်မှာတကြိမ် ကြိမ်တိတိ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ အာရက္ခတပ်တော်က အတည်ပြုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး ဒဏ်ရာရသူတွေ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ကြဲချတဲ့ ဗုံးသီးတွေဟာ အမှတ် ရပ်ကွက်မှာရှိတဲ့ ဦးမြဟန်ရဲ အိမ်နဲ့ ဦးမှဲလေးအိမ်မှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ ရခိုင်ဒေသသတင်းတွေကို ရခိုင်ဘာသာနဲ့ ဖော်ပြနေတဲ့ အာရက္ခမင်းသမီးမီဒီယာမှာ ဖော်ပြထားပါတယ်။ 

ဒီလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ မောင်ရွှေလေးကျေးရွာက စစ်ဘေးလာရှောင်တဲ့ မိသားစုတွေလို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ လေးဝတီ FM က ဖော်ပြပါတယ်။

ဒီဖြစ်စဉ်မှာ ဖခင်ဖြစ်သူ ဦးညီညီ သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်ထားရတဲ့ ဇနီးဖြစ်သူဟာလည်း ခန္ဓာကိုယ်အနှံ့ ဗုံးစတွေထိမှန် ထားတာကြောင့် ကလေးရော လူကြီးပါ အန္တရာယ်များတဲ့အနေအထားလို့ သိရပါတယ်။


========================


🚩🚩 ⁨၃။⁨⁨ တန့်ဆည် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တဲ့ဖြစ်စဉ်မှာ အပြစ်မဲ့အရပ်သား ၁၁ ဦး သေဆုံးပြီး ဦးဒဏ်ရာရ


စက်တင်ဘာလ (၂၈ )ရက်


စစ်ကိုင်းတိုင်း ရေဦးခရိုင် တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တဲ့ ဖြစ်စဉ်မှာ အပြစ်မဲ့အရပ်သား ၁၁ ဦး သေဆုံးပြီး ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသနေပြည်သူတွေ နဲ့လူ့အခွင့်အရေးတာဝန်ခံ တွေရဲ့ အတည်ပြုပြောကြားချက်ကို ကိုးကားပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေး ဖော်ပြလာပါတယ်။

 


စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ အခုလို ဖော်ပြလာတာဖြစ်ပါတယ်။

 

တံတားဦးလေတပ်ကနေ တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာဟာ ကလေးဝမြို့ကိုပတ်ပြီး အပြန်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ကံထူးမရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

 

စစ်တပ် ဂျက်ဖိုက်တာ ဟာကံထူးမရွာ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဓာတ်ဆီဆိုင်အရှေ့က ပြည်ထောင်စုလမ်းမကြီးအနီးကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့တာတာကြောင့် အနီးအနားမှာရှိတဲ့ အပြစ်မဲ့အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ သိရပါတယ်။


မနေ့ စက်တင်ဘာ ၂၇ ရက် ညနေ နာရီအချိန်ထိရရှိတဲ့ အချက်အလက်တွေအရ အပြစ်မဲ့အရပ်သား ၁၁ ဦး ပြင်းထန် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

အကြမ်းဖက်စစ်အုပ်စုဟာ မတရားအာဏာလုယူပြီးနောက်ပိုင်း တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့ရာမှာ လက်ရှိမှာလည်း တရားမဝင်ရွေးကောက်ပွဲတရပ်ဖြစ်လာစေဖို့ ကြိုးပမ်းနေချိန် ဖြစ်တာကြောင့် အရပ်သားတွေအပေါ် ဦးတည်တဲ့ အကြမ်းဖက်မှုတွေ ပိုပြီးမြင့်တက်လာတယ်လို့ အသိပေးပါတယ်။


အကြမ်းဖက်စစ်အုပ်ဟာ နိုင်ငံတကာစာမျက်နှာမှာ ရွေးကောက်ပွဲလုပ်ဆောင်ဖို့အတွက် တိုင်းပြည်တည်ငြိမ်နေတဲ့ ပုံစံ  ပုံဖော်နေပြီး အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်ဖို့ ဖိတ်ခေါ်နေပေမယ့် အရပ်သားတွေအပေါ်မှာ အကြမ်းဖက်မှု တွေ ပိုမိုကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment