၂၀၂၅ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ FSCC CRYH ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲရေးကော်မရှင်တို့ တွေ့ဆုံ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကန့်ဘလူမြို့နယ်မှာ  အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ အသိပညာပေးမှု NUG ပြုလုပ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကွတ်ခိုင်မြို့တွင်  PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် လူသားချင်းစာနာမှုအကူအညီများ AA ပေးအပ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေပြိုခဲ့တဲ့ ဆော - ကျောက်ထုလမ်းပိုင်းအား အများပြည်သူများမှ ဝိုင်း၀န်းပြုပြင်


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တနင်္သာရီ၊ ရှမ်းအင်းတော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၇ဦး သေဆုံး

🚩 ၂။ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်သားများမှ မိသားစု ၃ဦးထဲက အမေနဲ့ သားကို ပစ်သတ်ပြီး အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မကျင့် သတ်ဖြတ်ကာ သံဃာ ၁ပါးကိုလည်း သတ်ဖြတ်ခဲ့

🚩 ၃။ တောင်ကုတ် စကခ အနီးရှိ တပ်ဦးဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲ

🚩 ၄။ ပါပုတ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ  ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ()ဦး သေဆုံး

🚩 ၅။ တန့်ဆည်မြို့နယ်၊ ကံထူးမရွာရှိ ဆီဆိုင်နှင့် စားသောက်ဆိုင်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

🚩 ၆။ ကရင်နီပြည်စစ်ရေးအတွက် အလှူငွေကမ်ပိန်း ၇၆% ရရှိထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ FSCC CRYH ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲရေးကော်မရှင်တို့ တွေ့ဆုံ


စက်တင်ဘာ ၂၆ 

Radio NUG 


ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ  (CRYH)နှင့် ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၅ရက် ညနေ ၆နာရီတွင် video conferencing meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


တွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် FSCC အဖွဲ့ဝင်များ၊ ရန်ကုန်လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ CRYH အဖွဲ့ဝင်များ၊ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းမင်း၊ အတွင်းရေးမှူးအဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး  အပြန်အလှန်မေးမြန်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကာ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များကိုလည်း သဘောတူညီခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကန့်ဘလူမြို့နယ်မှာ  အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ အသိပညာပေးမှု NUG ပြုလုပ်


စက်တင်ဘာ ၂၆ 

Radio NUG 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှာ ရှိတဲ့ ဒေသခံတွေအတွက် အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာအသိပညာပေးမှုကို စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါသင်တန်းကို အမျိုးသားညီညွတ်ရေအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ မြို့နယ်လူ့အခွင့်ရေးဆိုင်ရာတာဝန်ခံ၊ တိုက်နယ် လူ/စာနာတာဝန်ခံ၊ ကျေးရွာ ပအဖတာဝန်ခံ၊ အဖွဲ့ဝင်တွေနဲ့အတူ ကျေးရွာရှိ ဆရာ၊ ဆရာမတွေ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဒေသခံအမျိုးသား၊ အမျိုးသမီး ၁၅ ဦးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါ သင်တန်းတွင် အမျိုးသမီးတစ်ဦးက ကျေးလက်တောရွာတွေမှာ အမျိုးသမီးတွေရဲ့ ဘဝဟာ တောတောင်တွေထဲမှာ လုံခြုံမှုကင်းမဲ့နေတာကြောင့် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုတွေ ခံစားနေရကြောင်း၊ အဲ့ဒီလိုတွေ့ကြုံခံစားရချိန်မှာ လူမှုဝန်းကျင်က အထင်သေးတဲ့ အမြင်တွေကို ခံစားနေရတာကြောင့် ထုတ်ဖော်ပြောဆိုဖို့ ခက်ခဲကြောင်း ရင်ဖွင့်ပြောကြားခဲ့ပါတယ်။


ထို့အပြင် ကျေးရွာအတွင်းမှ ဆရာမ တစ်ဦးကလည်း ကျန်းမာရေးဌာနတွေမှာ အမျိုးသမီးပါဝင်မှု အားကောင်းသော်လည်း  အမျိုးသားပါဝင်မှု နည်းနေခြင်း၊ ပညာရေးမှာ အမျိုးသမီးပါဝင်မှု များသော်လည်း အမျိုးသားပါဝင်မှု နည်းပါးနေခြင်း စတဲ့ လုပ်ငန်းခွင်တွေမှာ အမျိုးသား၊ အမျိုးသမီးပါဝင်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အခုလိုအသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခြင်းဟာ ဒေသခံပြည်သူတွေ မြေပြင်မှာတွေ့ကြုံနေရတဲ့အခြေအနေတွေကို ထုတ်ဖော်နိုင်ခြင်းနဲ့ အသိပညာတိုးမြှင့်မှုတွေအတွက် အထောက်အကူပြုနိုင်ကြောင်းကိုလည်း တွေ့ရှိရပြီး ဝန်ကြီးဌာနအနေနဲ့ အခုလိုမြေပြင်မှာ အသိပညာပေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကွတ်ခိုင်မြို့တွင်  PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်


စက်တင်ဘာ ၂၆ 

Radio NUG 

 

တအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊ ကွတ်ခိုင်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ (၂၃)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး ကျေးရွာအုပ်စု စာရေးများထားရှိရန်၊ လူ့အခွင့်အရေးချိုဖောက်မှုနှင့် ပတ်သက်၍ ရှိပါက တိုင်းကြားပေးရန်မြို့နှင့် ကျေးရွာအတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများစသဖြင့် ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့နောက် ဆွေးနွေးပွဲကို တက်ရောက်လာကြသည့် ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများမှ ၎င်းတို့ ကြုံတွေ့ရင်ဆိုင်နေရသည့် အခက်အခဲများကိုလည်း  ပြန်လည်တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါတွေ့ဆုံပွဲကို ကွတ်ခိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရက်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှုးများအပါအဝင် စုစုပေါင်းလူဦးရေ (၂၀)ဦး တက်ရောက်ခဲ့တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် လူသားချင်းစာနာမှုအကူအညီများ AA ပေးအပ်


စက်တင်ဘာ ၂၆ 

Radio NUG 


၂၀၂၅ ခုနှစ် ဇူလိုင်လမှ  ဩဂုတ်လအထိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာ (၁၀) ခုမှ အကူအညီ လိုအပ်လျက်ရှိသည့် မူဆလင် အိမ်ထောင်စု (၇၈၉) စု၊ လူဦးရေ (,၀၀၄) ဦးအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် တခြားလိုအပ်သည့် အကူအညီများကို HDCO မြို့နယ်ရုံးတာဝန်ရှိသူများက အလှူရှင်များ၊ မိတ်ဖက်ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီထောက်ပံ့ ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ အိမ်ထောင်စုများအတွက် ဆန် ၄၂၉ အိတ်၊ တာပေါ်လင် ၂၄၈ ချပ်၊ ငွေသား ,၈၈၀,၀၀၀ ကျပ်၊ ကိုယ်ဝန်ဆောင်အားဆေး ၂၀၉ ကဒ်နှင့်  မျိုးစပါး ၂၀ အိတ် တို့ကို ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။


လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး-HDCO အနေဖြင့် လိုအပ်ချက်မြင့်မားပြီး အကူအညီ အထောက်အပံ့ရရှိမှုနည်းပါးသည့် မြိုနယ်များ၊ အကူအညီမရရှိသေးသည့် စစ်ဘေးရှောင်ပြည်သူများအပါအဝင် ဒေသခံပြည်သူများကို အရေးပေါ်အကူအညီများ ပေးအပ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေပြိုခဲ့တဲ့ ဆော - ကျောက်ထုလမ်းပိုင်းအား အများပြည်သူများမှ ဝိုင်း၀န်းပြုပြင်


စက်တင်ဘာ ၂၆ 

Radio NUG 


စက်တင်ဘာလ ၂၅ရက်နေ့ ညနေက မိုးသည်းထည်စွာ ရွာသွန်းခဲ့မှုကြောင့် ရေတိုက်စား မြေပြိုမှု ဖြစ်ခဲ့တဲ့ ဆော - ကျောက်ထုလမ်းပိုင်းအား အများပြည်သူများမှ ဝိုင်း၀န်းပြုပြင်ခြင်းလုပ်ငန်းများလုပ်ဆောင်နေကြောင်း ယောအလင်းတန်းမှ အသိပေးထားပါတယ်။


စက်တင်ဘာလ ၂၆ရက်နေ့ ညနေပိုင်းအချိန်‌တွင် ကားငယ်များ အချိန်အကန့်အသတ်ဖြင့် ဖြတ်သန်းသွားလာ‌ရပြီလို့ သိရပါတယ်။


မြေပြိုခြင်းတွေ ထပ်မံဖြစ်ပေါ်နိုင်တာကြောင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အချိန်အကန့်အသတ်ဖြင့်သာ ဆိုင်ကယ်များ၊ ကားလေးများကို ဖြတ်သန်းခွင့်ပြုမှာဖြစ်တယ်လို့ ဆိုထားပါတယ်။


လက်ရှိအနေအထားအရ ကားကြီးများ ဖြတ်သန်းသွားလာခြင်းကို ခွင့်မပြုသေးပါကြောင်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ တနင်္သာရီ၊ ရှမ်းအင်းတော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၇ဦး သေဆုံး


စက်တင်ဘာ ၂၆ 

Radio NUG 


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ် (တနင်္သာရီ) ပဝပ်ကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာအနီးဝန်းကျင်အတွင်း စက်တင်ဘာလ (၂၅)ရက်နေ့ မနက် (၆း၀၀)နာရီ ဝန်းကျင်အချိန်တွင်  တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်မှ သတင်းထုတ်ပြန်ပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်တပ် နှင့် K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ() လက်အောက်ခံ၊ တပ်ရင်း(၁၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်သား ()ဦးသေဆုံးကာ ()ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၂။ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်သားများမှ မိသားစု ၃ဦးထဲက အမေနဲ့ သားကို ပစ်သတ်ပြီး အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မကျင့် သတ်ဖြတ်ကာ သံဃာ ၁ပါးကိုလည်း သတ်ဖြတ်ခဲ့


စက်တင်ဘာ ၂၆ 

Radio NUG 


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာတွင် စက်တင်ဘာလ ၂၄ ရက်နေ့ နေ့လယ်မှာ စစ်ကောင်စီတပ်သားများမှ အသက်မပြည့်သေးသော မိန်းကလေးငယ် တစ်ဦးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့ကာ သံဃာ တစ်ပါးအပါအဝင် အခြားရွာသား ၂ဦး စုစုပေါင်း ၄ဦးကို သတ်ဖြတ်ခဲ့ကြောင်း  Tai Students Unionမှ သတင်းထုတ်ပြန်ပါတယ်။


စစ်ကောင်စီစစ်ကြောင်းသည် ရွာလုံးကျွတ်နီးပါး စစ်ရှောင်သွားပြီးဖြစ်သော နားအိုက်ခန့်ကျေးရွာသို့ရောက်လာပြီး ကျေးရွာတွင် ကျန်းမာရေးမကောင်းသော ဆရာတော်အား ပြုစုရန် ကျန်ရစ်ခဲ့သူ သံဃာတော် တစ်ပါးကို ပစ်သတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့နောက် အနီးအနားရှိ လယ်တဲများတွင် တိမ်းရှောင်နေသော မိသားစု သုံးဦးတွင် မိခင်ဖြစ်သူနှင့် သားငယ်ကို နေရာတွင် ပစ်သတ်ကာ အသက်မပြည့်သေးသော သမီးဖြစ်သူ မိန်းကလေးကို အဓမ္မကျင့်ကာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ မိသားစုသုံးဦး နေထိုင်သည့် လယ်တဲထဲတွင် စစ်ကောင်စီတပ်သားများ၏ ယူနီဖောင်းများ ကျန်ရစ်ခဲ့တယ်လို့ အသိပေးထားပါတယ်။


Tai Students Unionအနေဖြင့်  ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ အရေးယူပေးရန် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို တောင်းဆိုထားပါတယ်။


ထို့အပြင် ပြည်သူများအပေါ် ရာဇဝတ်မှုများကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်ကောင်များကို ရရာနည်းဖြင့် အပြစ်ပေးအရေးယူသွားနိုင်ရန် ကူညီပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ တောင်ကုတ် စကခ အနီးရှိ တပ်ဦးဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲ


စက်တင်ဘာ ၂၆ 

Radio NUG 


အာရက္ခပြည်၊ တောင်ကုတ်မြို့၊ စစ်ကောင်စီတပ် စကခ() အနားရှိ တပ်ဦးဘုန်းကြီးကျောင်းကို  စက်တင်ဘာ ၂၆ ရက် ညနေ နာရီ ၄၈ မိနစ်ခန့်တွင် အကြမ်းဖက်စစ်အုပ်စုမှ ဂျက်ဖိုက်တာ တစ်စီးနှင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့ကြောင်း APM သတင်းဌာနမှာ ဖော်ပြထားပါတယ်။


ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် တပ်ဦးဘုန်း ကြီးကျောင်း တစ်ဆောင်လုံး ပြိုပျက် ပျက်စီးသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပါပုတ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ  ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ()ဦး သေဆုံး


စက်တင်ဘာ ၂၆ 

Radio NUG


စက်တင်ဘာလ ၂၆ရက်နေ့ နံနက် (၁၁း၂၈)နာရီအချိန်တွင် တအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊ ကျောက်မဲမြို့နယ်တွင်  စစ်ကောင်စီတပ်သည် ရည်ရွယ်ချက်ရှိရှိ ပါပုတ်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။


ထိုတိုက်ခိုက်မှုကြောင့် အသက် (၆၁)နှစ်အရွယ် အမျိုးသား ()ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး နေအိမ် ()အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ တန့်ဆည်မြို့နယ်၊ ကံထူးမရွာရှိ ဆီဆိုင်နှင့် စားသောက်ဆိုင်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ


စက်တင်ဘာ ၂၆ 

Radio NUG 


စက်တင်ဘာလ ၂၆ ရက်၊ နံနက် ၁၁ နာရီ ၃၈ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ ကံထူးမရွာရှိ ဆီဆိုင်နှင့် စားသောက်ဆိုင်တစ်ခုကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပကဖ မှ သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် ပြည်သူ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရသူများလည်း ပါဝင်နေသဖြင့် သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ကရင်နီပြည်စစ်ရေးအတွက် အလှူငွေကမ်ပိန်း ၇၆% ရရှိထား


စက်တင်ဘာ ၂၆ 

Radio NUG 


ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့  (JCS) အတွက် စစ်ရေးအသုံးစရိတ်ရှာဖွေရန် ပြုလုပ်နေသည့် “Together for Karenni” ကမ်ပိန်းသည် ထိုင်းဘတ်ငွေ သန်း ရည်မှန်းချက်အနက် ၇၆% ဖြစ်သည့် ဘတ်ငွေ . သန်းကျော်ကို ရရှိထားပြီဖြစ်ကြောင်း အသိပေးထားပါတယ်။


၂၀၂၅ ခုနှစ် သြဂုတ်လ ၁၆ ရက်တွင် စတင်ခဲ့သည့် ထိုကမ်ပိန်းသည် စက်တင်ဘာလ ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ကျန်ရှိသည့် ၂၄% ရည်မှန်းချက်ပြည့်မီရန် အလှူရှင်များ၏ ပံ့ပိုးမှုကို ဆက်လက်တောင်းခံထားပြီး အလှူငွေများသည် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်များကို ခုခံကာကွယ်နေသည့် JCS အရေးပေါ်စစ်ရေးလိုအပ်ချက်များအတွက် အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။


ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးနှင့် ဒုစစ်ဦးစီးချုပ် မာဝီတို့ကလည်း ပြည်သူလူထုနှင့် နိုင်ငံတကာအလှူရှင်များအား ကမ်ပိန်းတွင် ပါဝင်ပံ့ပိုးပေးရန် တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment