၂၀၂၅ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ



📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ မြန်မာနိုင်ငံ၏ အဖိုးတန်ရှားပါး တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ခြင်းတွင် ပူးပေါင်းပါဝင်ပေးကြပါရန် NUG တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အိုးဘိုအကျဉ်းထောင်ဗုံးပေါက်ကွဲမှု၊ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအပါအဝင် ၂၁ ဦးသေဆုံးကြောင်း PPNM ထပ်မံအတည်ပြု

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ သရက်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များ ကုန်သွယ်ရောင်းဝယ်ခြင်း မပြုလုပ်ရန်နှင့် ထုတ်ပြန်ထားသော ယာဉ်စည်းကမ်းများကို အတိအကျ လိုက်နာပေးရန် အသိပေး


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ဟု သတင်းများ ထွက်ပေါ်

🚩 ၂။ ပကာရီကျေးရွာ ယက္ကန်းစင်ဘုန်းကြီးကျောင်းအတွင်း ယာယီတပ်စွဲနေသော စစ်ကောင်စီစစ်ကြောင်းအား ဝင်ရောက်ပစ်ခတ်ရာ ၇ဦး သေဆုံး

🚩 ၃။ ဆင်အိုင်မရွာမှ ပျူစောထီးအဖွဲ့ဝင် () ဦး ဖမ်းဆီးရမိ

🚩 ၄။ နတ်တလင်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးသည့် ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ မြန်မာနိုင်ငံ၏ အဖိုးတန်ရှားပါး တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ခြင်းတွင် ပူးပေါင်းပါဝင်ပေးကြပါရန် NUG တိုက်တွန်း


စက်တင်ဘာ ၂၀ 

Radio NUG 


စက်တင်ဘာလ (၂၀) ရက်နေ့သည် “International Red Panda Day” “အပြည်ပြည်ဆိုင်ရာ ပန်ဒါနီထိန်းသိမ်းရေးနေ့ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏ အဖိုးတန်ရှားပါးမျိုးစိတ် ပန်ဒါနီလေးများကဲ့သို့ပင် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ခြင်းတွင် ပူးပေါင်းပါဝင်ပေးကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့နယ်အတွင်း စက်တင်ဘာလ ၁၄ ရက်နေ့က ပန်ဒါနီ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ ဖမ်းဆီးရမိခဲ့ပြီး အင်းတော်မြို့နယ် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ထံ အပ်နှံခဲ့ရာ ဝန်ကြီးဌာနမှ လိုအပ်သည့် လမ်းညွှန်မှုများ‌ပေးပြီး ယာယီထိန်းသိမ်းစောင့်ရှောက်ထားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ဆက်လက်၍ သဘာဝအတိုင်း နေထိုင်ကျက်စားရာသို့ ပြန်လည်ပို့ဆောင်ခြင်းကို ပန်ဒါနီနေရင်းဒေသမှ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိပြီး လုံခြုံစိတ်ချရသော အခြေအနေရှိသည့်အခါတွင် ဖြစ်စဉ်နှင့် အရေးယူဆောင်ရွက်မှုများကို သတင်းထုတ်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။


လက်ရှိကာလတွင် ပန်ဒါနီလေးများကဲ့သို့ တောရိုင်းတိရစ္ဆာန်များအား တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ၎င်းတို့၏ နေရင်းဒေသများကို ကာကွယ်ပေးခြင်းနှင့် တရားမဝင် ဖမ်းဆီးသယ်ဆောင်မှုများ တားဆီးခြင်းတို့ကို လုပ်ဆောင်ရန် အလွန်ပင်လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံမြောက်ပိုင်းအပါအဝင် တောင်တန်းဒေသများတွင် နေထိုင်ကျက်စားသည့် ပန်ဒါနီ (ခေါ်) ကြောင်နီလေးများသည် မြန်မာနိုင်ငံတွင် မျိုးသုဥ်းမည့်အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များအနက်လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်စာရင်းတွင် ပါဝင်ပြီး International Union for Conservation of Nature (IUCN) မျိုးသုဥ်းရန် အန္တရာယ်ရှိနေသောမျိုးစိတ် (Endangered)” များလည်း ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အိုးဘိုအကျဉ်းထောင်ဗုံးပေါက်ကွဲမှု၊ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအပါအဝင် ၂၁ ဦးသေဆုံးကြောင်း PPNM ထပ်မံအတည်ပြု


စက်တင်ဘာ ၂၀ 

Radio NUG 


မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ရက်နေ့ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနှင့် အခြားရာဇဝတ်အကျဉ်းသား အနည်းဆုံး ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထပ်မံအတည်ပြုထုတ်ပြန်ထားပါတယ်။


ထိုဖြစ်စဉ်သည် သြဂုတ်လ ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီအကြား အိုးဘိုအကျဉ်းထောင်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မျက်မြင်သက်သေ (E-01) ပြောကြားချက်အရ ဗုံးတစ်လုံးသည် အပေါ်မှကျရောက်ပြီး ဒုတိယဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ရာ နေရာတွင်ပင် ဦးခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


PPNM အစီရင်ခံစာတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ကနဦးထုတ်ပြန်ခဲ့သော်လည်း၊ ဗုံးအမျိုးအစားနှင့် တိုက်ခိုက်သူများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စစ်ကောင်စီ၏ သတင်းဖုံးကွယ်မှုနှင့် ထောင်အတွင်းဝင်ရောက်စစ်ဆေးခွင့်မရှိမှုကြောင့် ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


PPNM က သေဆုံးသူ ၁၇ ဦး၏ ကိုယ်ရေးအချက်အလက်များကို အကျဉ်းဦးစီးဌာန၊ မျက်မြင်သက်သေများ၊ ဆေးရုံအရင်းအမြစ်များနှင့် သေဆုံးသူများ၏ မိသားစုဝင်များထံမှ ရရှိသည့်အချက်အလက်များဖြင့် အတည်ပြုခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးအနက် ဦးသည် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ကုသမှုခံယူနေရတယ်လို့ အသိပေးထားပါတယ်။


စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ်လ ၁၆ ရက်တွင် ယင်းဖြစ်စဉ်ကို မဟုတ်မမှန်ဟု ငြင်းဆိုခဲ့ပြီး၊ ထောင်ဝင်စာနှင့် ဧည့်တွေ့ခွင့်များကို ပိတ်ပင်ကာ သတင်းဖုံးကွယ်ထားသည့်အပြင် အကျဉ်းဦးစီးဌာနမှ သြဂုတ်လ ()ရက်နေ့တွင် ပေါက်ကွဲမှုဖြင့်သာ သေဆုံးခဲ့ကြောင်း၊ အလောင်းကို အကျဉ်းထောင်အတွင်း၌ သင်္ဂြိုလ်ပြီးစီးခဲ့ပြီဖြစ်သဖြင့်နာရေးဆွမ်းသွပ်လိုပါက လုပ်နိုင်ပြီး၊ သတင်းမပေါက်ကြားစေရန်နဲ့ လုံခြုံရေးမထိခိုက်စေရန်အတွက် ဘုန်းကြီးကျောင်းသို့သာ ဆွမ်းချိုင့်ပို့ရမည်လို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုများရှိခဲ့ကြောင်း သိရပါတယ်။


PPNM က ယင်းဖြစ်စဉ်အတွက် တရားမျှတမှုရရှိရေးနှင့် လူ့ဂုဏ်သိက္ခာထိန်းသိမ်းရေးအတွက် ဆက်လက်စုံစမ်းမည်ဖြစ်ပြီး၊ အကျဉ်းထောင်အာဏာပိုင်များ၊ ထောင်တွင်းကျန်းမာရေးဝန်ထမ်းများနှင့် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးတို့ကို တာဝန်ခံရမည့်သူများအဖြစ် သတ်မှတ်ထားပါတယ်။


ထို့အပြင် အကျဉ်းထောင်များတွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်။

အိုးဘိုအကျဉ်းထောင်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ၊ လွတ်လပ်သော အရပ်ဖက်အဖွဲ့အစည်းများနှင့် သတင်းဌာနများမှ ထပ်မံစုံစမ်းစစ်ဆေးပေးရန်။


PPNM မှ 

()လက်ရှိအကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးအကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်။ 

() သြဂုတ်လ()ရက်နေ့နှင့် ()ရက်နေ့များတွင် အိုးဘိုအကျဉ်းထောင်တွင်း အသက်ပေးခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားများအခြေအနေနှင့် ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် လွတ်လပ်သော အရပ်ဖက်အဖွဲ့အစည်းများ၊ လွတ်လပ်သည့် သတင်းဌာနများမှ ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန်။

()အသက်သေဆုံးခဲ့ရမှုများ အလဟဿမဖြစ်စေရေးနှင့် တရားမျှတမှုရရှိစေရေး ပြည်သူလူထုအနေဖြင့် အကျဉ်းထောင်အရေးကို အထူးအာရုံစိုက် စောင့်ကြည့်ပေးရန် စသည်တို့ကို အဓိကတောင်းဆိုအကြံပြုထားပါတယ်။


 ‌PPNM ထုတ်ပြန်သည့် ဒေတာများကိုမူ မမှန်ကန်ဟု ယူဆပါက ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကို စိစစ်၍ အိုးဘိုအကျဉ်းထောင်အတွင်း၌ ကျဆုံးခဲ့ရသူများစာရင်းသည် အမှန်တကယ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းရှိ/မရှိနှင့် သေဆုံးခဲ့မှု ရှိ/မရှိ ဖြစ်စဉ်ကို စနစ်တကျ ပြန်လည်အတည်ပြုပေးကြပါရန် တင်ပြတောင်းဆိုထားပါတယ်။


PPNM သည် မျက်မြင်သက်သေ ဦး၊ အကျဉ်းထောင်ဝန်ထမ်း ဦး၊ သေဆုံးသူများနှင့် ဆက်နွယ်သူ ဦး၊ ဆေးရုံအရင်းအမြစ် ဦးနှင့် ရဲတပ်ဖွဲ့အရင်းအမြစ် ဦးထံမှ ရရှိသည့် အချက်အလက်များကို အခြေခံ၍ အစီရင်ခံစာကို ပြုစုထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ သရက်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များ ကုန်သွယ်ရောင်းဝယ်ခြင်း မပြုလုပ်ရန်နှင့် ထုတ်ပြန်ထားသော ယာဉ်စည်းကမ်းများကို အတိအကျ လိုက်နာပေးရန် အသိပေး


စက်တင်ဘာ ၂၀ 

Radio NUG 


သရက်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များ ကုန်သွယ်ရောင်းဝယ်ခြင်း လုံး၀ မပြုလုပ်ကြရန်နှင့် ကားလမ်းမကြီးများပေါ်တွင် မော်တော်ယာဉ်များ မောင်းနှင်သွားလာရာတွင် ထုတ်ပြန်ထားသော ယာဉ်စည်းကမ်းများကို အတိအကျ လိုက်နာပေးကြဖို့ အထူးလိုအပ်ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA မှ အသိပေးထုတ်ပြန်ပါတယ်။


စက်တင်ဘာလ ၂၀ရက်နေ့တွင် သရက်မြို့နယ် တောမွန် ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များ ကုန်သွယ်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိတာကြောင့် ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် သရက် - မင်းလှ လမ်းပိုင်း လုံခြုံရေးအတွက် လုံခြုံရေးတာ၀န်များ ထမ်းဆောင်နေစဉ်အတွင်း ထုတ်ပြန်ထားသော ယာဉ်စည်းကမ်းများ လိုက်နာခြင်းမရှိဘဲ မောင်နှင်လာတဲ့ ယာဉ်တစ်စီးကို ချိုသာယဉ်ကျေးစွာ တားဆီးစစ်ဆေးစဉ် ရပ်တန့်မပေးဘဲ မောင်းပြေးသွားတာ‌ကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။


လူထုတော်လှန်ရေးနှင့် လုံခြုံရေးအတွက် ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိပါက နောက်ဆက်တွဲပြသနာများကို လုံး၀ တာ၀န်ယူမည်မဟုတ်ကြောင်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================



========================


🚩🚩 ၁။ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ဟု သတင်းများ ထွက်ပေါ်


စက်တင်ဘာ ၂၀ 

Radio NUG 


စက်တင်ဘာလ ၂၀ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။


စက်တင်ဘာလ ၁၅ ရက်ကစတင်ခဲ့သည့် မြို့သိမ်းတိုက်ပွဲသည် ခြောက်ရက်အကြာ စက်တင်ဘာ ၂၀ ရက် ညနေ နာရီ ၄၀ တွင် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


 ရှမ်းနီတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ်ဖွဲ့များသည် ဗန်းမောက်မြို့ရှိ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ကျောင်းမှ  တော်လှန်ရေးတပ်များ၏ ထိုးစစ်ကြောင့် ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။


ထိုစစ်ဆင်ရေးကို အမှတ် () စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကဒူးဒေသကာကွယ်ရေးတပ်ဖွဲ့အပါအဝင် တော်လှန်ရေးတပ်များက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


ဗန်းမောက်မြို့သိမ်းတိုက်ပွဲသည် အမှတ်()စစ်ဒေသ တည်ထောင်ခြင်း နှစ်ပြည့်နေ့နှင့် တိုက်ဆိုင်နေပြီး၊ စစ်ကောင်စီနှင့် SNA တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့ပတ်လည်ရှိ ကာကင်းစခန်းများကို သိမ်းပိုက်ပြီးနောက် မြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


စစ်ဆင်ရေးအတွင်း စစ်ကောင်စီနှင့် SNA တပ်ဖွဲ့များ၏ သေဆုံးမှု၊ ဖမ်းမိမှုအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို လက်ရှိတွင် မသိရသေးဘူးလို့ သတင်းရင်းမြစ်များက ပြောကြားထားပါတယ်။


========================


🚩🚩 ၂။ ပကာရီကျေးရွာ ယက္ကန်းစင်ဘုန်းကြီးကျောင်းအတွင်း ယာယီတပ်စွဲနေသော စစ်ကောင်စီစစ်ကြောင်းအား ဝင်ရောက်ပစ်ခတ်ရာ ၇ဦး သေဆုံး


စက်တင်ဘာ ၂၀ 

Radio NUG 


စက်တင်ဘာလ (၁၄) ရက်နေ့၊ ညနေ () နာရီဝန်းကျင်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ် - ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာ ယက္ကန်းစင်ဘုန်းကြီးကျောင်းအတွင်း ယာယီတပ်စွဲနေသော စစ်ကောင်စီစစ်ကြောင်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ () ရက်ခန့်ကြာမြင့်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။


ထိုပစ်ခတ်မှုအတွင်း တပ်ကြပ်ကြီးအဆင့်() ဦးအပါအဝင် () ဦး သေဆုံးပြီး ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါ () ဦး ဒဏ်ရာ ရရှိသွားကာ စစ်ကြောင်းပျက် ဆုတ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုတိုက်ခိုက်မှုအတွင်း MA 1 () လက်၊ ကျည်ဘောက် () ခု၊ 79 () လုံး၊ ၆၀မမ () လုံး နှင့် 5.56 ကျည် (၂၀၀) အားသိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


ထိုတိုက်ခိုက်မှုအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ဒူရကစစ်ကြောင်း ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) ဧဒင်မှူးပျောက်ကျားတပ်ဖွဲ့၊ က္လားသစ္ဆတ်(ကျားသစ်နက်) ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutionary Force (DGRF) ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ခွဲ () ၊ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၃။ ဆင်အိုင်မရွာမှ ပျူစောထီးအဖွဲ့ဝင် () ဦး ဖမ်းဆီးရမိ


စက်တင်ဘာ ၂၀ 

Radio NUG 


စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး၌ အောင်ချမ်းသာ(ပျူ)ရွာစခန်းနှင့် ဆင်အိုင်မ(ပျူ)ရွာမှ ရိက္ခာရှာထွက်လာသော ပျူစောထီး ပူးပေါင်းအင်အား (၄၀) ခန့်အား စက်တင်ဘာလ (၁၇) ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အမှတ် () စစ်ဒေသမှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ () ဦး ထိခိုက်ဒဏ်ရာရပြီး ပျူစောထီးအဖွဲ့ဝင် () ဦး ဖမ်းဆီးရမိကာ BA-63 သေနတ် () လက်၊ ကျည်ဘောက် () ခု၊ 7.62 ကျည် (၂၅) တောင့် သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။


ထိုပျူအဖွဲ့အား ကလေးခရိုင် အမှတ် () တပ်ရင်း၏ တပ်ရင်းမှူး ညွှန်ကြားမှုဖြင့် ကလေးခရိုင် အမှတ် (၅၊ ) နှင့် ကလေးဝမြို့နယ် ပကဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ နတ်တလင်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးသည့် ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး


စက်တင်ဘာ ၂၀ 

Radio NUG 


ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ စံကြီးလောင့်ရွာတွင် လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းကြေးကောက်ခံနေသည့် ရာအိမ်မှူး ဇော်မင်းနိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဗမာ့တော်လှန်ရေးတပ်တော် (Bamar Revolution Army - B.R.A) မှ သတင်းထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၁၉ ရက် နာရီခန့်တွင် ဇော်မင်းနိုင်အား ၎င်း၏နေအိမ်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ၎င်းသည် စစ်ကောင်စီအတွက် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ စစ်မှုထမ်းကြေးကောက်ခံခြင်းနှင့် လောင်းကစားဝိုင်းများ အထူးသဖြင့် ကြက်ဝိုင်းများကို ဦးဆောင်လုပ်ဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။


စစ်ဆင်ရေးအတွင်း ဇော်မင်းနိုင်သည် ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ၎င်း၏ မိသားစုဝင်များထိခိုက်မှုမရှိစေရန် ဂရုတစိုက်ဆောင်ရွက်ခဲ့ပြီး စစ်ဆင်ရေးပြီးဆုံးပြီးနောက် အနီးရှိ ဒမငယ်ရဲစခန်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များသည် လျင်မြန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ထိုစစ်ဆင်ရေးကို B.R.A တပ်ရင်း ၃၈၀၁၊ တပ်ခွဲ နှင့် တပ်ရင်းရုံးရဲဘော်များက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment