၂၀၂၅ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁၀/၂၀၂၅) အစည်းအဝေးကျင်းပပြုလုပ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်တပ်၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီအတွက်မဟုတ်၊ အာဏာတည်မြဲရန်သာ ဖြစ်သည်ဟု APHR ဥက္ကဋ္ဌပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အာဏာသိမ်း စစ်တပ်ရဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း တိုင်းရင်းသား လူမျိုးများ ကောင်စီနဲ့ ဖက်ဒရယ်ယူနစ် အဖွဲများ အသိပေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ သွေးစွန်းလက်ဖြင့် ငြိမ်းချမ်းရေးကမ်းလှမ်းသည့် အကြမ်းဖက်စစ်တပ်ကို မည်သူက ယုံကြည်နိုင်မလဲလို့ KNU မေးခွန်းထုတ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ တိုကျိုမြို့တွင် မြန်မာ့အရေးဝင်ရောက်စွက်ဖက်နေသည့် တရုတ်ကွန်မြူနစ်အစိုးရကို ကန့်ကွက်သည့် ချီတက်ဆန္ဒပြပွဲ ပြုလုပ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ စစ်ကိုင်းဒေသတွင် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်သည့် ဆိုင်ကယ်သပိတ် ပြည်သူလူထုလှုပ်ရှားမှု ပြုလုပ်


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လောင်းလုံးမှာ စစ်ကော်မရှင် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဦးထက်မနည်း သေဆုံးခဲ့

🚩 ၂။ ဖားကန့်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် အရပ်သား ဦးသေဆုံးပြီး ဦးဒဏ်ရာရ

🚩 ၃။ သပိတ်ကျင်းမှာ စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး သေဆုံး

🚩 ၄။ မိုးဗြဲမှာ စပါးရိတ်နေတဲ့ လယ်သမား () ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးနှိပ်စက်၊ () ဦး ထွက်ပြေး လွတ်မြောက်လာ

🚩 ၅။ ရုံးစည်ကြီးရွာတွင် တပ်စွဲထားတဲ့ ပြည်သူ့စစ်နှင့် ရဲ ပူးပေါင်းစစ်ကြောင်းမှ ပစ္စည်းလု၊ ဖောက်ထွင်းခိုးယူ၊ မီးရှို့ပြီး မူးယစ်ဆေးသုံးစွဲကာ အမျိုးသမီးများအား အဓမ္မပြုကျင့်

🚩 ၆။ တစ်ပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရမိခဲ့တဲ့ စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၈ ဦး ရှိခဲ့

🚩 ၇။ KNDF တပ်ရင်း (၁၁) စတင်ဖွဲ့စည်းခြင်း () နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁၀/၂၀၂၅) အစည်းအဝေးကျင်းပပြုလုပ်


စက်တင်ဘာ ၂၁ 

Radio NUG 


ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁၀/၂၀၂၅) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက (/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြခဲ့တယ်လို့ သိရပါတယ်။


သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြခဲ့ကြပြီး တင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့တယ်လို့ သိရပါတယ်။


ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁၀/၂၀၂၅) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့တယ်လို့ သိရှိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်တပ်၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီအတွက်မဟုတ်၊ အာဏာတည်မြဲရန်သာ ဖြစ်သည်ဟု APHR ဥက္ကဋ္ဌပြော


စက်တင်ဘာ ၂၁ 

Radio NUG 


လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ Mercy Chriesty Barends က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားတွင် မြန်မာစစ်တပ်က ကျင်းပမည်ဟုဆိုသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီရရှိရန်မဟုတ်ဘဲ ၎င်းတို့၏ အာဏာကို တည်မြဲစေရန်အတွက်သာ အသုံးချခြင်းဖြစ်သည်ဟု ပြတ်သားစွာ ပြောကြားခဲ့ပါတယ်။


အွန်လိုင်းမှတဆင့် ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားတွင် ဥက္ကဋ္ဌ Barends က မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များသည် ဒီမိုကရေစီကို ဖျက်ဆီးပြီး ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။


 စစ်တပ်ကနေ  သူတို့ပြောနေတဲ့ ရွေးကောက်ပွဲဆိုတာ လုံးဝ တရားမဝင်ပါဘူး။ ဒီလို စစ်အုပ်ချုပ်ရေး၊ နိုင်ငံရေး တိုက်ရိုက်ဖိနှိပ်မှု၊ လွတ်လပ်မှုတွေ အကုန်ဖိနှိပ်ထားချိန်မှာ ဘယ်ရွေးကောက်ပွဲမဆို ဘယ်တော့မှ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ပါဘူး။ဟု ၎င်းက ပြောကြားခဲ့ပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့မှုသည် ဒီမိုကရေစီနည်းကျ တည်ဆောက်ထားသည့် အဖွဲ့အစည်းများကို ဖျက်ဆီးခဲ့ပြီး ပြည်သူထောင်ပေါင်းများစွာ သတ်ဖြတ်ခံရပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ၎င်းက ဆိုထားပါတယ်။


ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ထောင်ချခံရခြင်း သို့မဟုတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဖြည့်စွပ်ပြောကြားခဲ့ပါတယ်။


သို့သော် ဖိနှိပ်မှုများကြားမှ မြန်မာပြည်သူလူထု၏ ထူးခြားသော သတ္တိနှင့် ဂုဏ်သိက္ခာဖြင့် တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်နေမှုကို Barends က ချီးကျူးဂုဏ်ပြုခဲ့ပြီး ဒီမိုကရေစီအတွက် လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်များကို အပြည့်အဝပေးအပ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။


ထို့ပြင် အမျိုးသမီးများ၊ လူငယ်များ၊ တိုင်းရင်းသားလူနည်းစုများနှင့် ဖယ်ကျဉ်ခံထားရသည့် အသိုင်းအဝိုင်းများကို ဗဟိုပြုသည့် အားလုံးပါဝင်နိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခု လိုအပ်ကြောင်း ၎င်းက တောင်းဆိုခဲ့ပါတယ်။


 ဒီမိုကရေစီဆိုတာ လူတွေကို ချန်လှပ်ထားခဲ့လို့မရပါဘူး။ ခြိမ်းခြောက်လို့မရပါဘူး။ အကြောက်တရားနဲ့ တည်ဆောက်လို့ မရပါဘူး။လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။


APHR အနေဖြင့် မြန်မာပြည်သူလူထုနှင့် အတူတကွ သွေးစည်းညီညွတ်စွာ ရပ်တည်ထားပြီး၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲများကို လုံးဝရှုတ်ချကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအား စစ်တပ်သို့ ငွေကြေးစီးဆင်းမှုဖြတ်တောက်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် တောင်းဆိုထားပါတယ်။


မြန်မာပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှုဟာ ကျွန်မတို့ရဲ့ ရုန်းကန်လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ ကျွန်မတို့ရဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်၊ အတူတကွ ကြိုးစားပြီး ဆောင်ရွက်သွားကြမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ရရှိ၊ မြင့်မားလာမှာ ဖြစ်ပါတယ်လို့  (APHR) ဥက္ကဋ္ဌ Mercy Chriesty Barends က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အာဏာသိမ်း စစ်တပ်ရဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း တိုင်းရင်းသား လူမျိုးများ ကောင်စီနဲ့ ဖက်ဒရယ်ယူနစ် အဖွဲများ အသိပေး


စက်တင်ဘာ ၂၁ ရက်၊ 

Radio NUG


အာဏာသိမ်း စစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း တိုင်းရင်းသား လူမျိုးများ ကောင်စီ (Multi Ethnic Councils - MEC) နှင့် ဖက်ဒရယ်ယူနစ် အဖွဲ့များက ကြေညာချက် ထုတ်ပြန်ထားပါတယ်။


ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး အခြေခံ ဖက်ဒရယ်ချဉ်းကပ်မှု (Bottom up Federalism Approach) ဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားရန် MEC အနေဖြင့် သဘောတူထားကြောင်း၊ နှစ်ပေါင်း ၈၀ ခန့် ကိုင်စွဲကျင့်သုံးလာတဲ့ တပြည်ထောင် ဗဟို ချုပ်ကိုင်မှု စနစ်နဲ့ စစ်အာဏာရှင် စနစ်တို့ကို ချုပ်ငြိမ်းစေပြီး ကိုယ်စားပြုမှု နှင့် တာဝန်ယူမှု တာဝန်ခံမှု အားကောင်းတဲ့ ခေတ်ပြောင်း စနစ်ပြောင်း နိုင်ငံသစ်ကို တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။


လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး ရလဒ်ကို လိုသလိုပုံဖော် ရယူနိုင်တဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို အာဏာသိမ်း စစ်တပ်က စတင်ကျင်းပသွားဖို့ ကြေညာထားပြီး ဒါဟာ ASEAN ရဲ့ ဘုံသဘောတူညီချက် () ရပ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေတဲ့အပြင် တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဆန္ဒနဲ့လည်း ဆန့်ကျင်နေတယ်လို့ MEC က ထောက်ပြထားပါတယ်။


စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲက တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ဖက်ဒရယ် ယူနစ် အဖွဲ့အစည်းများ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ မဟုတ်တဲ့အပြင် မြန်မာ့နိုင်ငံရေး ပဋိပက္ခကိုရေရှည် ဖြစ်စေနိုင်ကြောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်နိုင်ရန် ပိုမိုခက်ခဲလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


တိုင်းရင်းသားလူမျိုးများ ကောင်စီနှင့် ဖက်ဒရယ်ယူနစ်အဖွဲ့အစည်းများအနေဖြင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ရည်မှန်းထားတာနှင့်အညီ အသွင်ကူးပြောင်းရေကာလ အစိုးရတရပ် (Transitional Federal Democratic Government- TFDG) ပေါ်ပေါက်ရေးအတွက် ဖက်ဒရယ် အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ အခြေခံဥပဒေ (Articles of Federal Transitional Arrangement -AFTA) ရေးဆွဲရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း အသိပေး ထားပါတယ်။


ထို့ကြောင့် အာဏာသိမ်းစစ်တပ်က တရားမဝင် ကျင်းပပြုလုပ်သွားမယ့် အတုအယောင် ရွေးကောက်ပွဲ ကို တိုင်းရင်းသား လူမျိုးများကောင်စီ (MEC) နှင့် ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းများ က နိုင်ငံရေးအရ လုံးဝ လက်ခံသွားမှာ မဟုတ်ကြောင်း၊ နိုင်ငံတကာအနေနဲ့ ရွေးကောက်ပွဲကို အသိမှတ်ပြုခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းထားပါတယ်။


အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ - KNPP ကရင်အမျိုးသား အစည်းအရုံး - KNU ချင်းအမျိုးသားတပ်ဦး - CNF မွန်ပြည်သစ်ပါတီ (စ်အာဏာရှင်တိုက်ဖျက်ရေး) – NMSP (AD) တအာင်းပြည်ကောင်စီ – TLC ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC ကရင်နီပြည် အတိုင်ပင်ခံကောင်စီ – KSCC အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB လားဟူ ဒီမိုကရေတစ်အစည်းအရုံး - LDU စစ်ကိုင်းဖက်ဒရယ် ယူနစ် တော်လှန်ရေးအင်အားစုများ နဲ့ မန္တလေး နိုင်ငံရေးစင်္ကြံ ဖြစ်မြောက်ရေးအဖွဲ့ (OFMPP) တို့က ပူးပေါင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ သွေးစွန်းလက်ဖြင့် ငြိမ်းချမ်းရေးကမ်းလှမ်းသည့် အကြမ်းဖက်စစ်တပ်ကို မည်သူက ယုံကြည်နိုင်မလဲလို့ KNU မေးခွန်းထုတ်


စက်တင်ဘာ ၂၁ 

Radio NUG 


မြန်မာနိုင်ငံတဝှမ်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ကြေညာနေသော်လည်း၊ လက်တွေ့တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ကော်သူးလေအုပ်ချုပ်နယ်မြေများအပါအဝင် နိုင်ငံအနှံ့အပြားတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ကေအဲန်ယူ-လူ့အခွင့်အရေးကော်မတီက စက်တင်ဘာလ ၂၁ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် သတင်းထုတ်ပြန်ပါတယ်။


၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ကော်သူးလေနယ်မြေများတွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်လှုပ်ရှားမှု ,၂၇၇ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြောင်း၊ ထိုလုပ်ရပ်များကြောင့် အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရပြီး၊ အိမ်ထောင်စုများ၊ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးခဲ့ရကြောင်း၊ ထောင်နှင့်ချီသော ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း အသိပေးထားပါတယ်။


စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် အကြမ်းဖက်မှုများ ရပ်တန့်ရန် လိုအပ်ကြောင်း၊ စစ်တပ်၏ လုပ်ရပ်များသည် ၎င်းတို့၏ ငြိမ်းချမ်းရေးဆိုင်ရာ ပြောဆိုချက်များနှင့် လုံးဝကွဲလွဲနေကြောင်း ထောက်ပြထားပါတယ်။


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကေအဲန်ယူကကမ္ဘာမြေကြီးငြိမ်းချမ်းဖို့ ယခုကစ လုပ်ဆောင်စို့ဟူသော ဆောင်ပုဒ်ဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် တိုက်တွန်းထားပြီးသွေးစွန်းလက်ဖြင့် ကမ်းသော ငြိမ်းချမ်းရေးအား မည်သူက ယုံကြည်ပြီး လက်ကမ်းပေးနိုင်မည်နည်း။လို့လည်း မေးခွန်းထုတ်ထားပါတယ်။


ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တိုင်းရင်းသားများ၏ နိုင်ငံရေးအခွင့်အရေးများကို အသိအမှတ်ပြုရန် လိုအပ်ကြောင်း ကေအဲန်ယူက အလေးပေးပြောကြားထားပါတယ်။


ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်း၊ မြန်မာနိုင်ငံရှိ သက်ဆိုင်သူများနှင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားသူများအားလုံးနှင့် လက်တွဲကာ လွတ်လပ်မှု၊ ဖက်ဒရယ်စနစ်နှင့် သဟဇာတဖြစ်သော အနာဂတ်ကို တည်ဆောက်ရန် ကြိုးပမ်းသွားမှာ‌ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ တိုကျိုမြို့တွင် မြန်မာ့အရေးဝင်ရောက်စွက်ဖက်နေသည့် တရုတ်ကွန်မြူနစ်အစိုးရကို ကန့်ကွက်သည့် ချီတက်ဆန္ဒပြပွဲ ပြုလုပ်


စက်တင်ဘာ ၂၁ 

Radio NUG 

 

စက်တင်ဘာလ ၂၁ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာ့အရေးဝင်ရောက်စွက်ဖက်နေသည့် တရုတ်ကွန်မြူနစ်အစိုးရကို ကန့်ကွက်သည့် ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးမှ သတင်းထုတ်ပြန်ပါတယ်။


တရုတ်ကွန်မြူနစ်အစိုးရသည် ဘန်ဒေါင်းသဘောတူညီချက်အား ချိုးဖောက်ကာ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေမှုများ၊ အကြမ်းဖက်စစ်တပ်အပေါ် လက်နက်နှင့် နည်းပညာ ထောက်ပံ့နေမှုများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် EAOsများအပေါ် အလွန်အကျွံ ဖိအားပေး အကြပ်ကိုင်နေမှုများ ချက်ချင်းရပ်တန်ရန်နှင့် အကြမ်းဖက်စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲကို လုံးဝ မထောက်ခံရန်ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ စစ်ကိုင်းဒေသတွင် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်သည့် ဆိုင်ကယ်သပိတ် ပြည်သူလူထုလှုပ်ရှားမှု ပြုလုပ်


စက်တင်ဘာ ၂၁ 

Radio NUG 


စစ်ကိုင်းတိုင်းဒေသကြီးရှိ ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာမြို့နယ်များနှင့် ရန်ကုန်မြို့မှ ပြည်သူလူထုလှုပ်ရှားမှုအင်အားစုများသည် အာဏာသိမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအစီအစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် ဆိုင်ကယ်သပိတ်လှုပ်ရှားမှုတစ်ရပ်ကို စက်တင်ဘာလ ၂၁ရက်နေ့တွင် စုပေါင်းဖော်ဆောင်ခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါလှုပ်ရှားမှုသည် စစ်တပ်၏ မြေပြင်နှင့် ဝေဟင်မှ အကြမ်းဖက်တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် အညာဒေသမှ ပြည်သူများ၏ ဖက်ဆစ်စစ်အုပ်စုအပေါ် ပြင်းထန်စွာ နာကျည်းမှုများကို ထင်ဟပ်စေပြီး ဒေသခံများသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ရွေးကောက်ပွဲအတုကို ပြင်းပြင်းထန်ထန် ရွံမုန်းကြောင်း ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။


ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကပါ။ ပြည်သူလူထု ထောက်ခံပါဝင်နေသရွေ့ ဒီတော်လှန်ရေးက ရှေ့ကို ဦးတည်ရှေးရှုနေမှာပါပဲ။ ပြည်သူအားလုံးအနေနဲ့လည်း အာဏာရူးစစ်အုပ်စုကိုငုံ့မခံဘဲရရာနည်းနာနည်းလမ်းအစုံနဲ့တုံ့ပြန်နေကြဖို့ လိုအပ်ပါတယ်။လို့ ဆိုထားပါတယ်။


အာဏာသိမ်းစစ်အုပ်စု၏ ဖိနှိပ်မှုများကို ဆက်လက်ရင်ဆိုင်ရင်း တစ်ဦးနှင့်တစ်ဦး ဝိုင်းဝန်းကူညီပြီး တော်လှန်ရေးခရီးကို ဆက်လက်ချီတက်ရန် တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ လောင်းလုံးမှာ စစ်ကော်မရှင် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဦးထက်မနည်း သေဆုံးခဲ့


စက်တင်ဘာ ၂၁ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှ လောင်းလုံးမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဦး ထက်နည်း သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၁၇ ရက် မနက် နာရီခွဲခန့်က အင်အား ၁၀၀ ပါ စစ်ကော်မရှင် စစ်ကြောင်းကို ရာဟောင်းဝရွာ အနီးမှာ လက်ဦးမှုရယူပြီး ပစ်ခတ်တိုက်ခိုက် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် ဦး ထိမှန်သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် တောလမ်းအတိုင်း တိုက်ပွဲဖြစ်ပွားရာ နေရာကို ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ် ဒုတိယ စစ်ကြောင်းကို ပဒေသာရှေ့ထွက်မိုင်း တွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး အရေအတွက်ကို ဆက်လက်စုံစမ်းဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒေါနစစ်ကြောင်း () KBDF   ဒေါနတပ်ခွဲ - LPF ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး - DDPDF နှင့် ဖက်ဒရယ် ဒူဝံကြယ် တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဖားကန့်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် အရပ်သား ဦးသေဆုံးပြီး ဦးဒဏ်ရာရ


စက်တင်ဘာ ၂၁ 

Radio NUG 


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်တင်ဘာ ၂၀ ရက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်ဗျူဟာကုန်းမှ စစ်တပ်က ဆိုင်းတောင်ရပ်ကွက် သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ဦး ပေါင်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ထိုညပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်လည်း အဆိုပါရပ်ကွက်တွင် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတွင် လုံးခင်းကျေးရွာနှင့် မှော်စီစာကျေးရွာအနီးတဝိုက်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုနှင့် ရခိုင်ရိုးရာရုံးအနီးတွင် အမျိုးသား ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ သပိတ်ကျင်းမှာ စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး သေဆုံး


စက်တင်ဘာ ၂၁ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာ ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူ ဦး သေဆုံးခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထား ပါတယ်။


စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ် နာရီ ဝန်းကျင်မှာ စစ်ကော်မရှင်တပ်က Y-12 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား ပြည်သူ ဦး သေဆုံးခဲခဲ့ကာ ဒဏ်ရာရရှိသူ ၁၀ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ နေ့လယ် နာရီ ဝန်းကျင်ခန့်မှာလည်း စဉ့်ကူးမြို့နယ်၊ နားဂါးမောက် တောင်ပေါ်ကို () ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ဒေသတွင်းရှိ ကာကွယ်ရေးအင်အားစု များနဲ့ ပူးပေါင်းကာ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်က စစ်ဘေးရှောင် စခန်းများကို သွားရောက်ကာ အားပေးစကား ပြောကြားခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးခြင်း၊ စားနပ်ရိက္ခာနဲ့ အဝတ်အထည် ကူညီပံပိုးခြင်းများကို ဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ မိုးဗြဲမှာ စပါးရိတ်နေတဲ့ လယ်သမား () ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးနှိပ်စက်၊ () ဦး ထွက်ပြေး လွတ်မြောက်လာ


စက်တင်ဘာ ၂၁ ရက်၊ 

Radio NUG


ရှမ်း - ကရင်နီ နယ်စပ်၊ မိုးဗြဲမြို့ အနီးမှာ စပါးလာရိတ်နေတဲ့ လယ်သမား ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ Karenni People’s Voice သတင်းဌာနက ဖော်ပြထားပါတယ်။


မိုးဗြဲမြို့အနီးတွင် စပါးရိတ်နေတဲ့ အရပ်သားပြည်သူ ဦးကို စစ်တပ်က စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ခြေသည်းလက်သည်းတွေခွာ၊ နားရွက်တွေလှီးဖြတ်၊ ရိုက်နှက်နှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။


ထိုနောက် စက်တင်ဘာလ ၂၀ ရက်၊ ညနေ နာရီခန့်မှာ ၎င်းလယ်သမား ဦးထဲမှ ဦးဟာ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး ကျန်တယောက်ကိုတော့ မကယ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။


မိုးဗြဲမြို့ကို ဇူလိုင်လ ရက်နေ့မှာ စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာ ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကိုပါ ထိန်းချုပ်ခဲ့တာကြောင့် အနီးရှိ ဒေသခံများဟာ လယ်ဧက ထောင်နဲ့ချီကို ချန်ရစ်ခဲ့ကာ စစ်ဘေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံ-ဒေါငံခါး လမ်းမပေါ်မှာ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားတဲ့ အရပ်သား တဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။


========================


🚩🚩 ၅။ ရုံးစည်ကြီးရွာတွင် တပ်စွဲထားတဲ့ ပြည်သူ့စစ်နှင့် ရဲ ပူးပေါင်းစစ်ကြောင်းမှ ပစ္စည်းလု၊ ဖောက်ထွင်းခိုးယူ၊ မီးရှို့ပြီး မူးယစ်ဆေးသုံးစွဲကာ အမျိုးသမီးများအား အဓမ္မပြုကျင့်


စက်တင်ဘာ ၂၁ 

Radio NUG 


မြင်းခြံမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားသော စစ်ကြောင်းသည် မြင်းခြံ ပြည်သူ့စစ် လေးလုံးမအဖွဲ့နှင့် မှော်ဘီ ရဲတပ်ရင်း () တို့ ပါဝင်ပြီး အဆိုပါ စစ်ကြောင်းသည် ရောက်ရှိလာသည့်အချိန်မှစ၍ နေအိမ်များမှ ပစ္စည်းများ ဖောက်ထွင်းခိုးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် အမျိုးသမီးများအပေါ် မုဒိမ်းကျင့်ခြင်းကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ သတင်းထုတ်ပြန်ထားပါတယ်။


စက်တင်ဘာ ၂၀ ရက်က ရေခါးရွာရှိ ကုန်စုံဆိုင်တစ်ခုမှ ငွေသား ၁၅ သိန်းခန့်၊ ဆန်အိတ်များနှင့် အခြားစားသုံးကုန်ပစ္စည်းများကို လုယူခဲ့ပြီး၊ အမျိုးသမီးတစ်ဦးထံမှ နားကွင်း၊ လက်စွပ်နှင့် ရွှေထည်ပစ္စည်းများကို အတင်းအဓမ္မချွတ်ယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။


 ထို့ပြင် စစ်ကြောင်းလှုပ်ရှားရာ လမ်းတစ်လျှောက်တွင် ပြည်သူထံမှ ဖုန်းအလုံးရေ ၁၀၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး၊ လုယူထားသော ငွေကြေးများကို ၎င်းတို့၏ မိသားစုများထံ K-pay နှင့် W-pay မှတဆင့်လွှဲပြောင်းပေးပို့ခဲ့တယ်လို့ သိရပါတယ်။


စစ်ကြောင်းတလျှောက် အရက်ဗူးများ၊ ဘီယာဗူးများနှင့် အမျိုးသားသုံး ကွန်ဒုံးများကိုပါ စွန့်ပစ်ထားသည်ကို တွေ့ရပြီး၊ ၎င်းတို့သည် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လူမဆန်စွာ အမျိုးသမီးငယ်များကို မုဒိန်းကျင့်ခဲ့တယ်လို့ အသိ‌ပေးထားပါတယ်။


ရုံးစည်ကြီးနှင့် သံဘိ() ကျေးရွာများတွင် ဆိုလာပြားများ၊ ဘက်ထရီအိုးများ၊ ဒန်အိုးများ၊ ပန်းကန်များနှင့် ကော်ပုံးများကို ဖျက်ဆီးခဲ့ပြီး၊ အချို့ပစ္စည်းများကို တောတွင်းနေရာများတွင် စွန့်ပစ်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါစစ်ကြောင်းမထွက်ခင် သီတာယုမွန်မှ ၎င်းတို့ကို ဘောက်ဆူး တစ်သိန်းစီပေးထားတယ်လို့ သိရပါတယ်။


စက်တင်ဘာ ၂၀ ရက်က ရုံးစည်ကြီး-မလှိုင်လမ်းပိုင်းတွင် မိုင်းရှင်းလင်းရေးလုပ်နေစဉ် အရက်မူးနေသော အကြမ်းဖက်ရဲများသည် တိုက်မိုင်းကို ကိုင်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး အချို့သေဆုံးကာ အချို့ ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။


ထို့ပြင် စစ်ကြောင်းကို ဦးဆောင်သူ ဗိုလ်မှူး တစ်ဦးမှာ မျက်နှာဒဏ်ရာဖြင့် မိတ္ထီလာသို့ ပို့ဆောင်ထားတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ တစ်ပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရမိခဲ့တဲ့ စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၈ ဦး ရှိခဲ့


စက်တင်ဘာ ၂၁ ရက်၊ 

Radio NUG


၂၀၂၅၊ စက်တင်ဘာလ ဒုတိယအပတ် အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရမိ ခဲ့တဲ့ စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် ၁၈ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။


ယခုတပတ်အတွင်း ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်နီ ပြည်နယ်တို့မှာ အလင်းဝင်လာတဲ့ စစ်သား () ဦး ရှိခဲ့ပြီး အားလုံးဟာ စစ်မှုထမ်း တပ်သားသစ်များ ဖြစ်ကြတယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်ကိုင်းတိုင်း အတွင်း စစ်သား (၁၀) ဦး နဲ့ ပြည်သူ့စစ် () ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ ခဲ့တယ်လို့ဖော်ပြထားပါတယ်။


ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅၊ ဇန်နဝါရီလ မှ စက်တင်ဘာလ ဒုတိယ အပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ,၀၄၇ ဦးထိ ရှိခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၇။ KNDF တပ်ရင်း (၁၁) စတင်ဖွဲ့စည်းခြင်း () နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်


စက်တင်ဘာ ၂၁ ရက်၊ 

Radio NUG


ကရင်နီအမျိုးသား ကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၁၁) စတင်ဖွဲ့စည်းခြင်း နှစ်ပြည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ KNDF B-11 က ထုတ်ပြန်ထားပါတယ်။


အခမ်းအနားတွင် တပ်ရင်း လှုပ်ရှားနယ်မြေရှိ တပ်မှူးများ၊ ကျဆုံးရဲဘော် မိဘများ၊ ရဲဘော်မိဘများနှင့် ရပ်မိရပ်ဖများက ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


အခမ်းအနားတွင် ကျဆုံးရဲဘော်မိသားစုဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရတဲ့ ရဲဘော်များအား ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


KNDF တပ်ရင်းအမှတ် ၁၁ ကို ၂၀၂၁၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment