၂၀၂၅ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကနီမြို့နယ်အတွင်းရှိ အင်တာနက်ဆိုင်များအား စစ်ရေးအခြေနေအရ ယာယီ ပိတ်သိမ်းပေးရန် အသိပေးကြေညာ

📌 ၂။ KNDF ဗဟိုကျန်းမာရေးဌာနမှ စစ်သုံ့ပန်းများအား ဆေးကုသပေး

📌 ၃။ မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသမီးအစည်းအရုံးက မိခင်နှင့် ကလေး ကျန်းမားရေးနှင့် သန့်ရှင်းမှုအသိပညာ‌ပေးခြင်းနှင့် ကလေးအနှီးထုတ်‌ပေးဝေခြင်းများ ပြုလုပ်

📌 ၄။ မြန်မာနိုင်ငံကို မူးယစ်ဆေးဝါးတိုက်ခိုက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်များကို လိုက်နာရေး မအောင်မြင်ဖွယ်ရှိဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သတ်မှတ်


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ထားဝယ်ခရိုင် အတွင်းရှိ နေရာအနှံအပြားကို စစ်ကော်မရှင် ဗုံးကြဲ၊ () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရ

🚩 ၂။ ဖားကန့်မှာ စစ်ကော်မရှင် လက်နက်ကြီးကြောင့် () နှစ်အရွယ် မိန်းကလေး တဦး သေဆုံးပြီး () ဦး ဒဏ်ရာရ

🚩 ၃။ ချောင်းဦး မြို့နယ်မှာ စစ်ကော်မရှင် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ () ဦး သေဆုံး

🚩 ၄။ ဆင်ပေါင်ဝဲ မြို့နယ်ရဲမှူး လိုက်ပါလာတဲ့ ကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ () ဦး သေဆုံး

🚩 ၅။ PDF စစ်ဆင်ရေးနယ်မြေ () စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

🚩 ၆။ ခလရ (၆၀) တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်း တပ်သား () ဦးနှင့် SNA တပ်ရင်း (၆၁၄) လက်အောက်ခံ တပ်ရင်း (၁၅) မှ တပ်သား () ဦးတို့ အလင်းဝင်ရောက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ကနီမြို့နယ်အတွင်းရှိ အင်တာနက်ဆိုင်များအား စစ်ရေးအခြေနေအရ ယာယီ ပိတ်သိမ်းပေးရန် အသိပေးကြေညာ


ကနီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖွင့်လှစ်ရောင်းချလျက်ရှိတဲ့ internet ဆိုင်များအားလုံးကို စက်တင်ဘာလ ‌‌(၁၈) ရက်နေ့မှစ၍ စစ်ရေးအခြေနေအရ ယာယီ ပိတ်သိမ်းထားပေးပါရန် NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (စစ်ကိုင်းတိုင်း) မှ အသိပေးကြေညာထားပါတယ်။

ကနီမြိုနယ်အတွင်းရှိ ကျေးရွာများတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော internet ဆိုင်များအားလုံး ပြန်လည်ဖွင့်လှစ်မည့်ရက်ကို MOCIT မှ ပြန်လည်အသိပေး အကြောင်းကြားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ internet ဆိုင်များအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ KNDF ဗဟိုကျန်းမာရေးဌာနမှ စစ်သုံ့ပန်းများအား ဆေးကုသပေး


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗဟိုကျန်းမာရေးဌာနမှ တိုက်ပွဲအတွင်းမှ ထိခိုက်ဒဏ်ရာရ၍ ဖမ်းဆီးမိလာသော စစ်သုံ့ပန်းများအား လိုအပ်သော ဆေးကုသမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း စက်တင်ဘာလ (၁၇) ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါတယ်။

စစ်သုံ့ပန်းများအား ဆေးကုသပေးခြင်းသည် အဖွဲ့အစည်း၏ အဓိကမူ ဖြစ်သည့်အပြင် ဂျီနီဗာကွန်ဗန်းရှင်း၏ လမ်းညွှန်မှုဖြင့် KNDF - ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရှိ ဆေးတပ်သားများမှ မည်သည့် ခွဲခြားမှုများ မပြုလုပ်ဘဲ လူသားချင်းစာနာထောက်ထားမှုဖြင့် လူတစ်ဦးချင်းစီတိုင်းကို လိုအပ်သည့် ကုသမှုများ ဆောင်ရွက်ပေးနေကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၃။ မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသမီးအစည်းအရုံးက မိခင်နှင့် ကလေး ကျန်းမားရေးနှင့် သန့်ရှင်းမှုအသိပညာ‌ပေးခြင်းနှင့် ကလေးအနှီးထုတ်‌ပေးဝေခြင်းများ ပြုလုပ်


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်အတွင်း စက်တင်ဘာလ () ရက်နေ့ မှ စက်တင်ဘာလ (၁၄) ရက်နေ့အထိ မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသမီးအစည်းအရုံး‌ ခေါင်းဆောင်များနှင့် လယ်မူလားမြို့နယ် ကရင်အမျိုးသမီးအစည်းအရုံးခေါင်းဆောင်များ စုပေါင်းဦးဆောင်ပြီး မိခင်နှင့် ကလေးများအတွက် ကျန်းမာရေးနှင့် သန့်ရှင်းမှုအသိပညာပေး အစီအစဉ်နှင့် ကလေးအနှီးထုတ်ပေးဝေသည့် အစီအစဥ်အား ပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်မှ သတင်းထုတ်ပြန်ပါတယ်။

ဒေသအတွင်းရှိ မိခင်နှင့် ကလေး ကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ သန့်ရှင်းစွာ နေထိုင်နိုင်မှုနှင့် ပတ်သက်သော အသိပညာများ ပိုမို တိုးပွားလာစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်လို့ ဖော်ပြထားပါတယ်။

အခမ်းနားအစီအစဉ်အား ထီးမိုပွာထပ်ခေါကျေးရွာအုပ်စု၊ ထီးပိုပွာလာခေါကျေးရွာအုပ်စု၊ တဖိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း () ရွာအတွင်းတွင် ပြုလုပ်ခဲ့ပြီး အနှီးထုတ် ဝေငှခြင်းအပြင် မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အသိပညာပေး ဟောပြောပွဲအစီအစဉ်များကိုလည်း ထည့်သွင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံကို မူးယစ်ဆေးဝါးတိုက်ခိုက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်များကို လိုက်နာရေး မအောင်မြင်ဖွယ်ရှိဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သတ်မှတ်


အမေရိကန်ပြည်ထောင်စု သမ္မတဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံကို မူးယစ်ဆေးဝါးတိုက်ခိုက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်များကို လိုက်နာရေး မအောင်မြင်ဖွယ်ရှိသည်ဟု သတ်မှတ်လိုက်ပြီး ရန်ပုံငွေများကို ထိခိုက်နိုင်ဖွယ်ရှိသော ဆုံးဖြတ်ချက်တစ်ခုကို ပြောင်းလဲလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ (၁၅) ရက်တွင် ထရမ့်က အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးဆက်ဆံရေး ခွင့်ပြုချက်ဥပဒေ (Foreign Relations Authorization Act) ပိုဒ်မ ၇၀၆ () (A) အရ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာ၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလားတို့ကို ယခင် (၁၂) ကာလအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ခိုက်ရေး သဘောတူညီချက်များကို လိုက်နာရေးနှင့် နိုင်ငံခြားအကူအညီ ဥပဒေ (Foreign Assistance Act) ပိုဒ်မ ၄၈၉ (a)() တို့ လိုအပ်ချက်များကို ဖြည့်ဆည်းရေး "ထင်ရှားစွာ မအောင်မြင်ဖွယ်ရှိ" လို့ သတ်မှတ်ကြေညာခဲ့ပါတယ်။

ထိုဆုံးဖြတ်ချက်သည် အဆိုပါနိုင်ငံများအပေါ် အမေရိကန်ရဲ့ အကူအညီများကို ထိခိုက်နိုင်ပြီး၊ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားများအတွက်  ဆက်ဆံရေးကို ထိန်းသိမ်းရန် မရှိမဖြစ်လိုအပ်ကြောင်း ထရမ့်က ဆိုထားပါတယ်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုချက်တွင် မြန်မာအစိုးရက နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ခိုက်ရေး တာဝန်များကို လိုက်နာရန် လုံးဝ မကြိုးစားခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာ နှင့် စီးပွားရေး အကြောင်းအရာများကြောင့် မူးယစ်ဆေးဝါးများ သို့မဟုတ် မူးယစ်ဆေးဝါးထုတ်လုပ်ရန် ပစ္စည်းများ ဖြတ်သန်းရန် သို့မဟုတ် ထုတ်လုပ်ရန် အဓိကနေရာများထဲမှ တစ်ခုအဖြစ် ဖော်ပြထားပြီး၊ အစိုးရရဲ့ ဆန္ဒမရှိမှုက ထိုပြဿနာကို ပိုမို ဆိုးရွားစေကြောင်း ဆိုပါတယ်။

ထိုသတ်မှတ်ချက်သည် မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ စစ်ရေး၊ စီးပွားရေး နှင့် နိုင်ငံရေး ဆက်ဆံရေးများကို ထိခိုက်နိုင်ဖွယ်ရှိပြီး၊ နောက်ဆုံး တစ်နှစ်အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်ရေး နှင့် ဖြတ်သန်းရေး တိုက်ဖျက်ရန် ပိုမို ပြင်းထန်သော အစီအမံများ မရှိပါက ပိုမို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခံရနိုင်ကြောင်း သတိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ထားဝယ်ခရိုင် အတွင်းရှိ နေရာအနှံအပြားကို စစ်ကော်မရှင် ဗုံးကြဲ၊ () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရ


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်၊ လောင်းလုံး နဲ့ သရက်ချောင်းမြို့နယ်အတွင်းက နေရာအနှံအပြားကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ () ဦး သေဆုံးပြီး၊ () ဦး ဒဏ်ရာရရှိခဲ့တယ်လို့ DDMSC က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၇ ရက်၊ မနက် ၁၁ နာရီ ဝန်းကျင်မှာ ထားဝယ်မြို့နယ်က ပကာရီ၊ ပခပ်၊ ရေဝိုင်း၊ သရက်ချောင်းမြို့နယ်က ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုး နှင့် လောင်းလုံး မြို့နယ်က ဝေဒီ၊ သပြေရှောင်၊ ကြက်ယက်တွင်း၊ ကျောက်တွင်း ကျေးရွာတို့ကို ဗုံးကြဲတတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဝေဒီကျေးရွာက အသက် (၆၀) ဝန်းကျင်ရှိ ဒေါ်တင်ရှိန်၊ သမက်ဖြစ်သူ (၃၄) နှစ်အရွယ် ကိုဝေယံဖြိုး တို့ သေဆုံးခဲ့ကာ ဦးယူစိန် (၆၀ နှစ်) အသက် (၃၀) ခန့်ရှိ သမီးဖြစ်သူ၊ အသက် (၁၀) နှစ်အောက်ရှိ မြေးဖြစ်သူ ကလေးငယ် () ဦးနဲ့ အခြား ကလေးငယ် တဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံတင်ပို့ထားပြီး ဒဏ်ရာ ပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရသူများ လည်း ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြာင်းတိုက်ခိုက်မှုကို Y12 သယ်ယူပို့ဆောင်ရေးလေယာဉ် အသုံးပြုခဲ့ပြီး ၁၂၀ မမ ဗုံးသီးများ ကြဲချ ခဲ့တာလို့ ယူဆရကြောင်း DDMSC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်တပ်က လူနေကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုမြောက်ကြောင်း အသိပေးထားပါတယ်။


========================


🚩🚩 ၂။ ဖားကန့်မှာ စစ်ကော်မရှင် လက်နက်ကြီးကြောင့် () နှစ်အရွယ် မိန်းကလေး တဦး သေဆုံးပြီး () ဦး ဒဏ်ရာရ


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ ကျေးရွာအုပ်စု၊ ဆိုင်းတောင် အထက်မှော်ရှန် ကျေးရွာမှာ စစ်ကော်မရှင် တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် အသက် နှစ်အရွယ် မိန်းကလေး တဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၇ ရက်၊ ညနေ နာရီ ဆိုင်းတောင် အထက်မှော်ရှန် တောင်ကြားလမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် () နှစ်အရွယ် မမေမြတ်နိုးသွယ် ပွဲချင်းပြီး သေဆုံးခဲ့ကာ သူမရဲ့ ညီမဖြစ်သူ အပါအဝင် ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာ ဘုန်းကြီး ကျောင်းကို စစ်ကော်မရှင် တပ်က လက်နက်ကြီး အလုံး ၂၀ ခန့် ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ ပါသေးတယ်။


========================


🚩🚩 ၃။ ချောင်းဦး မြို့နယ်မှာ စစ်ကော်မရှင် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ () ဦး သေဆုံး


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မုံရွာ - မန္တလေး လမ်းပိုင်းမှာ စစ်ကော်မရှင် ခြေလျင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ () ဦး သေဆုံး ခဲ့တယ်လို့ People's Defence Force - South Monywa က ထုတ်ပြန် ထားပါတယ်။

စက်တင်ဘာလ (၁၇) ရက်၊ နေ့လယ် (၁၁) နာရီ (၁၉) မိနစ်မှာ ချောင်းဦးမြို့နယ်၊ နတ်ရေကန် ဂိတ်စခန်းမှ ထွက်လာတဲ့ အင်အား (၇၀) ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းကို နတ်ရေကန်နဲ့ ရေပိုးစာကြားမှာ ပဒေသာမိုင်း () လုံးတွဲ () ပွိုင့် ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် () ဦး နေရာမှာပဲ သေဆုံးသွားခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

ထိုနေ့ နေ့လယ် (၁၁) နာရီ (၂၄) မိနစ်ခန့်မှာလည်း မြင်းမူမြို့နယ်၊ ဂွေးတောပင် ဂိတ်စခန်းကနေ ခြေလျင်ထွက်လာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကြောင်းကို နတ်ရေကန်နဲ့ ရေပိုးစာကြားမှာ ပဒေသာမိုင်း () လုံးတွဲ () ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်သား () ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်စစ်ဌာန၊ ဗျူဟာအမှတ် (၆၄) မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းဖြစ်တဲ့ People's Defence Force - South Monywa က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ဆင်ပေါင်ဝဲ မြို့နယ်ရဲမှူး လိုက်ပါလာတဲ့ ကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ () ဦး သေဆုံး


မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ မြို့နယ်ရဲမှူး လိုက်ပါလာတဲ့ ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ နဲ့ စစ်သား () ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ် () တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၁၃) ရက် မနက် () နာရီ (၅၄) မိနစ်က ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင် သာဂရ လမ်းပိုင်းမှာ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် () တပ်ရင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ရဲ တပ်ဖွဲ့ဝင် () ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ဆင်ပေါင်ဝဲ မြို့နယ်မှူးအပါအဝင် အများအပြား ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြပြီး မကွေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ 


========================


🚩🚩 ၅။ PDF စစ်ဆင်ရေးနယ်မြေ () စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်() စစ်ဆင်ရေးနယ်မြေ၊ စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ရက်တွင် သတင်းထုတ်ပြန်ထားပါတယ်။

အမှတ်() စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦး နှင့် တာဝန်ရှိသူများ သင်တန်းသားများ တက်ရောက်ခဲ့ပြီး အပတ်စဉ်() စစ်မြေပြင် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲကို ဇွန်လ ၁ရက်တွင် ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ခလရ (၆၀) တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်း တပ်သား () ဦးနှင့် SNA တပ်ရင်း (၆၁၄) လက်အောက်ခံ တပ်ရင်း (၁၅) မှ တပ်သား () ဦးတို့ အလင်းဝင်ရောက်


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း()ထံသို့ စက်တင်ဘာလ (၁၄) ရက်နေ့ ညနေ (၅း၀၀)နာရီတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ် ခလရ (၆၀) တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်း တပ်သားများဖြစ်သည့် ဝင်းထွန်း (၂၈) နှစ်၊ မောင်ရှိုင်းမင်း (၃၁) နှစ် နှင့် ခမရ (၅၉၀) တပ်ရင်းမှ မောင်ဝင်းထက်အောင် (၃၀) နှစ်တို့ () ဦးမှာ လက်နက်ချ အလင်းဝင်လာကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။

၄င်းတို့ () ဦးသည် ပြည်သူ့စစ်မှုထမ်း အပတ်စဥ် (၁၁) စစ်သင်တန်းဆင်းများ ဖြစ်ကြပြီး တပ်သား မောင်ဝင်းထွန်းမှာ ကျေးရွာကိုယ်စား သိန်း (၇၀) ဖြင့် အငှါးစစ်မှုထမ်းသူဖြစ်ကာ မောင်ရှိုင်းမင်းနှင့် မောင်ဝင်းထက်အောင်တို့ ()ဦး မှာ မတရား စစ်မှုထမ်းခံရသူများဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၎င်းတို့ () ဦးသည် အခက်အခဲအမျိုးမျိုးကြောင့် လက်နက်များယူဆောင်လာနိုင်ခြင်းမရှိသော်လည်း လယ်ဒိုမြို့နယ်တာဝန်ရှိသူများ မှ အဝတ်အစားနှင့် စားသောက်စရာများ ထောက်ပံ့ပေးအပ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ရင်း (၆၁၄) လက်အောက်ခံ တပ်ရင်း (၁၅) မှ တပ်သား မောင်အောင်မင်းလွင်သည် လက်နက်ခဲယမ်းများနှင့်အတူ စက်တင်ဘာလ () ရက်နေ့က အလင်းဝင်ရောက်လာခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ သတင်းထုတ်ပြန်ပါတယ်။

တပ်သား အောင်မင်းလွင်သည် AK ဘက်ခေါက်သေနတ် () လက်၊ ကျည်တောင့် (၂၂၀) နှင့်အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ မြို့နယ်ရုံး (A-1) ကုန်းတွင် ဂုဏ်ပြုဆုချီးမြှင့်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဂုဏ်ပြုဆုငွေအဖြစ် ဦးချစ်ရာမှ () သိန်းကျပ်၊ ကသာခရိုင် အမှတ် () တပ်ရင်းမှ (၁၀) သိန်းကျပ်၊ မြို့နယ် ပကဖ မှ (၁၀) သိန်းကျပ်၊ ကိုနိုင်ဦး အဖွဲ့မှ () သိန်းကျပ်၊ ဦးမင်းမင်း နှင့် ဒေါ်စာဥမှ () သိန်းကျပ်၊ လုပ်ငန်းရှင်များအဖွဲ့မှ (၄၀) သိန်းကျပ်နှင့် မြို့နယ် ပကဖ မှ (၁၀) သိန်းကျပ်တို့ ပေါင်းစည်းကာ စုစုပေါင်း ဂုဏ်ပြုဆုငွေ (၇၉) သိန်းကျပ်ကို ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment