၂၀၂၅ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေခင်း သတင်းလွှာ


၂၀၂၅ အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨⁨ မြန်မာနိုင်ငံဟာ လူတို့ဖန်တီးတဲ့ ဘေးအန္တရာယ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။စစ်အုပ်စုကို စစ်လက်နက်ပစ္စည်းတွေနဲ့ တိုက်လေယာဉ်ဆီအပါအဝင် စစ်ဖက်၊ အရပ်ဖက်သုံးပစ္စည်းတွေ မရောင်းကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးတိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။မတရားဖမ်းဆီးစုဆောင်းထားတဲ့လူငယ်တွေကို လေ့ကျင့်ပေးနေတဲ့ အကြမ်းဖက်စစ်သင်တန်းကျောင်း ၂၇ ကျောင်းထိ ရှိလာပြီလို့ MDSI ထုတ်ပြန်


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ နမ္မတူမြို့ကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် အမျိုးသမီး ဦး ဒဏ်ရာရ 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ရေဖြူနဲ့ လောင်းလုံးမြိုနယ်မှာ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဆို 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ခလရ ၇၅ က စစ်မှုထမ်းတပ်သားသစ် ဦး KNLA ထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨⁨ မြန်မာနိုင်ငံဟာ လူတို့ဖန်တီးတဲ့ ဘေးအန္တရာယ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော 


အောက်တိုဘာလ (၁၇)ရက်


မြန်မာနိုင်ငံဟာ လူတို့ဖန်တီးတဲ့ ဘေးအန္တရာယ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ 

အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥပဒေရေးရာကော်မတီမှာ ဘေးအန္တရာယ်ကြုံတွေ့ရတဲ့ အခြေအနေ များ၌ ပြည်သူများအား အကာအကွယ်ပေးရေးဆိုတဲ့ ခေါင်းစဉ်နဲ့လုပ်တဲ့ အထွေထွေဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ 

မြန်မာပြည်သူတွေ အခုလို ကြုံတွေ့ခံစားနေရတာဟာ စစ်အာဏာသိမ်းအဖွဲ့ရဲ့ ဥပဒေမဲ့လုပ်ဆောင်မှုတွေ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ အကျိုးစီးပွားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ပယ်ခဲ့တာကြောင့် ဖြစ်ရတာလို့ အစည်းအဝေးတက်ရောက် လာသူတွေကို မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။

လူပုဂ္ဂိုလ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေး အကူအညီတွေ ပေးဖို့ဆိုတာ ဒုက္ခရောက် နေတဲ့ နိုင်ငံရဲ့ အဓိကတာဝန်ဖြစ်ပြီး ဘေးဒုက္ခကျရောက်နေတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ ခွဲခြားမှု မရှိဘဲ ဖြည့်ဆည်းပေးနိုဖို့ နိုင်ငံခြားအကူအညီတွေ ရှာဖွေတောင်းခံတာ သက်ဆိုင်သူတွေ လွယ်ကူချောမွေ့စွာ လက်ခံရရှိ နိုင်ရေး ဆောင်ရွက်ပေးရမယ့် တာဝန်ရှိတယ်လို့ ဆိုပါတယ်။

ဒီတာဝန်ဝတ္တရားတွေကို လျစ်လျူရှုပြီး ရည်ရွယ်ချက်ရှိရှိ တားဆီးပိတ်ပင်တာ၊ အခွင့်အရေးယူပြီး အမြတ် ထုတ်တာတွေကို စစ်တပ်က ကျူးလွန်ခဲ့တယ်လို့လည်း အသိပေးခဲ့ပါတယ်။ 

သဘာဝဘေးအန္တရာယ်တွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တပြိုင်တည်း ဖြစ်ပေါ်လာတဲ့အခါ ဆင်းရဲဒုက္ခတွေဟာ အတိုင်းအဆမရှိ ကြီးမားတာကြောင့် ပြန်လည်ကုစားဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ဒီအခြေအနေတွေကို ပြသနိုင်တဲ့ အသင့်တော်ဆုံး ဥပမာတခုဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်လာသူတွေကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။ 

စစ်အာဏာသိမ်းအဖွဲ့ရဲ့ ဥပဒေမဲ့ဆောင်ရွက်ချက်တွေ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ အကျိုးစီးပွားကို ရည်ရွယ်ချက်ရှိရှိ ပစ်ပယ်ခဲ့တာကြောင့် လူတို့ဖန်တီးတဲ့ ဘေးအန္တရာယ်ဆိုးကြီးနဲ့ ကြုံတွေ့ခံစားနေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထင်သာမြင်သာရှိအောင် မြန်မာသံအမတ်ကြီး ရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချက်စတာ စကေး ဒသမ အဆင့်ရှိတဲ့ ငလျင်ကြောင့် နိုင်ငံအနှံ့ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရချိန်မှာ အကြမ်းဖက်စစ်တပ်က ငလျင်ဒဏ်ကို အဓိကခံရတဲ့ စစ်ကိုင်းနဲ့မန္တလေးတိုင်းက လူနေကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေနဲ့ နှိုင်းယှဉ် ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ 

မြန်မာပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေအပြင် လူတို့ဖန်တီးတဲ့ ဘေးအန္တရာယ်တွေဖြစ်တဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် ပိုမိုဆိုးရွားတဲ့ ဆင်းရဲဒုက္ခတွေကို ခံစားနေရတယ်လို့လည်း မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။

တာဝန်ယူမှု၊ တာဝန်ခံမှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ် ပြန်လည်ထူထောင်ခြင်းကသာ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ လူ့ဂုဏ်သိက္ခာကို ပြန်လည်ရရှိနိုင်မှာဖြစ်တာကြောင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုက် အဝန်းအနေနဲ့ တရားမဝင်အာဏာသိမ်းအဖွဲ့က စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို တားဆီးဖို့ တိုက်တွန်းလိုက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်သူတွေဘက်က ခိုင်ခိုင်မာမာ ရပ်တည် ထောက်ခံပေးကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨
၂။စစ်အုပ်စုကို စစ်လက်နက်ပစ္စည်းတွေနဲ့ တိုက်လေယာဉ်ဆီအပါအဝင် စစ်ဖက်၊ အရပ်ဖက်သုံးပစ္စည်းတွေ မရောင်းကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးတိုက်တွန်း


အောက်တိုဘာလ (၁၇)ရက်


မြန်မာပြည်သူတွေရဲ့အသက်ကို ကယ်တင်နိုင်ဖို့နဲ့ ဒုက္ခဆင်းရဲခံစားရမှုကနေ လွတ်မြောက်စေဖို့ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ စစ်အုပ်စုကို စစ်လက်နက်ပစ္စည်းတွေအပါအဝင် စစ်ဖက်၊ အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းတွေ ရောင်းချတာမျိုး မလုပ်ကြဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။


အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီရဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့တာဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ ဖျက်အားပြင်းလက်နက် - WMD တွေထက် သမားရိုးကျ လက်နက်တွေကြောင့် နေ့စဉ် အရပ်သားသေဆုံးမှု နဲ့ ပျက်စီးဆုံးရှုံးမှုတွေဖြစ်နေတယ်လို့ ဆိုပါတယ်။


သမားရိုးကျလက်နက်တွေ အာဏာရှင်တွေနဲ့ အလွဲသုံးစားလုပ်သူတွေလက်ထဲ ရောက်ရှိ သုံးစွဲနေတာကြောင့် လူအများ အပြား အသက်ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေရှိခဲ့တယ်လို့ မြန်မာသံအမတ်ကြီးက အစည်းအဝေးတက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။ 


စစ်အုပ်စုကို ကုလအဖွဲ့ဝင်နိုင်ငံအချို့က လက်နက်ခဲယမ်းတွေ၊ တိုက်လေယာဉ်တွေနဲ့ အရပ်ဖက်၊ စစ်ဖက် နှစ်မျိုးသုံး ပစ္စည်း တွေ ရောင်းချလွှဲပြောင်းပေးနေတာကြောင့် စစ်အုပ်စုဟာ လူမဆန်တဲ့ ရက်စက်မှုတွေနဲ့ ပြစ်မှုကြီးတွေကို ကျူးလွန်ခွင့်ရနေ တာ ထင်ရှားနေတယ်လို့လည်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။


စစ်အုပ်စုဟာ မြေပြင်မှာဆုံးရှုံးခဲ့တာတွေကို ကုစားနိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာသလို စစ်ဖက်၊ အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းတွေကို မတရားအသုံးချနေတဲ့ မှတ်တမ်းတွေရှိနေတဲ့အတွက် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံး ပြုရေး၊ ကမ္ဘာအပြင်အာကာသအား ငြိမ်းချမ်းစွာသုံးစွဲရေးဆိုတဲ့ စစ်အုပ်စုကပြောတဲ့ စကားလုံးတွေရဲ့နောက်ကွယ်မှာ မလျော်ကန်တဲ့ ရည်ရွယ်ချက်တွေ ရှိနေနိုင်တယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။


ဒါကြောင့် မြန်မာပြည်သူတွေရဲ့အသက်ကို ကယ်တင်ဖို့နဲ့ ဒုက္ခဆင်းရဲခံစားနေရမှုတွေကနေ လွတ်မြောက်စေဖို့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်အုပ်စုကို စစ်လက်နက်ပစ္စည်းတွေ၊ တိုက်လေယာဉ်ဆီတွေ၊ စစ်ဖက်၊ အရပ်ဖက် နှစ်မျိုးသုံးပစ္စည်း တွေနဲ့ ဆက်စပ်နည်းပညာတွေ ရောင်းချတာ၊ လွှဲပြောင်းတာ မပြုလုပ်ကြဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။မတရားဖမ်းဆီးစုဆောင်းထားတဲ့လူငယ်တွေကို လေ့ကျင့်ပေးနေတဲ့ အကြမ်းဖက်စစ်သင်တန်းကျောင်း ၂၇ ကျောင်းထိ ရှိလာပြီလို့ MDSI ထုတ်ပြန်


အောက်တိုဘာလ (၁၇)ရက်


အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး စုဆောင်းထားတဲ့လူငယ်တွေကို လက်ခံလေ့ကျင့်ပေးနေတဲ့ စစ်သင်တန်းကျောင်း ၂၇ ကျောင်းအထိ ရှိလာပြီလို့ မြန်မာ့စစ်ဖက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့  - MDSI က ဒီနေ့ အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။


စစ်မှုထမ်းသင်တန်းကျောင်းတွေ ထပ်တိုးဖွင့်လှစ်ပြီး လေ့ကျင့်ပေးနေတာနဲ့ပတ်သက်လို့ MDSI က အသိပေး ထုတ်ပြန်လာ တာဖြစ်ပါတယ်။ 


အကြမ်းဖက်စစ်တပ်ဟာ ဖမ်းဆီးစုဆောင်းရရှိတဲ့ လူငယ်အရေအတွက်ပေါ်မူတည်ပြီး အရန်သင်တန်းကျောင်းတွေဖြစ်တဲ့ ခြေလျင်အကူ လက်နက်ကြီးသင်ကျောင်း၊ တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံနဲ့ အမှတ် - ၅၇ ရေတပ်လေ့ကျင့် ရေးတပ်တို့မှာပါ ထပ်တိုးဖွင့်လှစ် လေ့ကျင့်ပေးနေတာလို့ MDSI က ဆိုပါတယ်။


ဒါပေမဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ သပိတ်ကျင်းမြို့နယ်က စခတ - နဲ့ တတက - ၁၃၊ ရွှေဘိုအခြေစိုက် စခတ - ၈၊ ကလေး တပ်နယ် တတက - ၁၃ တို့မှာတော့ လုံခြုံရေးအခြေအနေအရ ပုံမှန်လက်ခံလေ့ကျင့်ပေးနိုင်တာမရှိဘဲ ရပ်နားထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်တပ် စိုးမိုးထိန်းချုပ်မှု အားကောင်းတဲ့ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ မန္တလေး တိုင်းနဲ့ ပဲခူးတိုင်းမှာရှိတဲ့ စစ်သင်တန်းကျောင်း ၁၅ ခုဟာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်အများစုကို လက်ခံ လေ့ကျင့်ပေးနေတဲ့ ပင်မသင်တန်းကျောင်းနေရာတွေဖြစ်တယ်လို့ သိရပါတယ်။


စစ်အခြေခံလေ့ကျင့်ရေးတပ်တွေဟာ ပြည်သူ့စစ်မှုထမ်းသင်တန်းအပြင်၊ အခြေခံတပ်သားသစ်သင်တန်းတွေကိုလည်း ဖွင့်လှစ် လေ့ကျင့်ပေးလျက်ရှိတယ်လို့ သိရပါတယ်။


စစ်မှုထမ်းအပတ်စဉ် ၁၇ အထိ လေ့ကျင့်သင်တန်းပေးခဲ့တဲ့နေရာတွေဟာ စစ်အခြေခံလေ့ကျင့်ရေးတပ် စခတ - တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက - ၁၁ အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ရကသ -၂၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ တကန၊ ဗိုလ်သင်တန်းကျောင်း - ဗထူး၊ ခြေလျင်အကူလက်နက်ကြီးသင်ကျောင်း - ခအက၊ တပ်မတော် ကိုယ်ခံပညာနှင့် အားကစားသိပ္ပံ - တကအ၊ အမှတ် - ၅၇ ရေတပ် လေ့ကျင့်ရေးတပ်တို့ဖြစ်တယ်လို့လည်း သိရပါတယ်။


အခု အောက်တိုဘာ ၁၀ ရက်နေ့ထိဆိုရင် စစ်မှုထမ်းအပတ်စဉ် ၁၅ ထိ လေ့ကျင့်သင်တန်းဆင်းပေးထားပြီး အပတ်စဉ် ၁၈ ကို မကြာခင်မှာ ဖွင့်နိုင်ဖို့ စစ်တပ်ဘက်က ပြင်ဆင်နေတယ်လို့လည်း အသိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်မှုထမ်းတပ်သားတွေ လစဉ် သတ်မှတ်အရေအတွက်ထက် ကျော်လွန်ရရှိအောင် နည်းမျိုးစုံနဲ့ ဖမ်းဆီးစုဆောင်းနေသလို အရှိန်အဟုန်မပြတ် လေ့ကျင့်သင်တန်းပေးနိုင်ဖို့အတွက်လည်း စစ်သင်တန်းကျောင်းတွေ တိုးချဲ့ ဖွင့်လှစ်နေတာပဲ ဖြစ်ပါတယ်။



⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ နမ္မတူမြို့ကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် အမျိုးသမီး ဦး ဒဏ်ရာရ 


အောက်တိုဘာလ (၁၇)ရက်


ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ နယ်မြေ နမ္မတူမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲ တာကြောင့် အမျိုးသမီး ဦး ဒဏ်ရာရသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့ မနက် နာရီခွဲဝန်းကျင်မှာ နမ္မတူမြို့ ..က ကျောင်းဝန်းကျင်က ပြည်သူလူထုရှိရာ နေရာကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ပေါင် ၂၅၀ ဗုံး လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ဦး ဒဏ်ရာရသွားသလို စာသင်ဆောင် ဆောင်နဲ့ ပြည်သူပိုင်အိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နမ့်ဆန်မြို့နယ်ထဲက ဟိုမိန်းကျေးရွာကိုလည်း ဒီနေ့မနက်မှာပဲ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာရှိပြီး ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲလို့ အသိပေးပါတယ်။  

အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာ ရက်ကနေ ၁၆ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်လုပ်ခဲ့ရာမှာ ရှမ်းမြောက်ဒေသက မန်တုံမြို့ကို တကြိမ်၊ ကျောက်မဲမြို့ကို ကြိမ်၊ သီပေါမြို့ ကြိမ်၊ မိုင်းငေါ့မြို့တကြိမ်၊ မိုင်းလုံမြို့ ကြိမ်၊ နမ့်ဆန်မြို့ ကြိမ်၊ နမ္မတူမြို့ ကြိမ်၊ မိုးမိတ်မြို့ ကြိမ်နဲ့ မန္တလေးတိုင်က မိုးကုတ်မြို့ကိုတကြိမ် ပြုလုပ်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ကြဲချတဲ့ဗုံးတွေရောက်ပေါက်ကွဲမှုကြောင့် ကလေး ဦး၊ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့ရပြီး ကလေး ၁၁ ဦး၊ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၁ ဦး ထိခိုက်ဒဏ်ရာခဲ့သလို အိမ် ၁၀၈ လုံး၊ စာသင်ကျောင်း ကျောင်း၊ ဘုန်းကြီးကျောင်း ကျောင်း၊‌ ကျောင်းဆောင် ဆောင်နဲ့ အ‌ဆောက်အအုံ ခု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့နေရာတွေကို စစ်ကြောင်းထိုးတာ လက်နက်ကြီးတွေ ဒရုန်းတွေ လေယာဉ်တွေနဲ့ တိုက်ခိုက်နေတာကြောင့် မိဘပြည်သူများအနေနဲ့ စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုတွေကနေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ ရှိကြဖို့  လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ TNLA နဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ရေဖြူနဲ့ လောင်းလုံးမြိုနယ်မှာ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဆို 


အောက်တိုဘာလ (၁၇)ရက်


တနင်္သာရီတိုင်းထဲက ရေဖြူနဲ့ လောင်းလုံးမြိုနယ်မှာ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက ပြောပါတယ်။ 


တနင်္သာရီတိုင်း ထားဝယ်ခရိုင်ထဲက ရေဖြူနဲ့ လောင်းလုံးမြိုနယ်အတွင်း စစ်ဆင်ရေးလှုပ်ရှားမှုတွေကို ဒီနေ့ အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ပြောဆိုလာတာဖြစ်ပါတယ်။ 


ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး - DDPDF နဲ့ ပူးပေါင်းအဖွဲတွေဟာ အောက်တိုဘာ ရက်နေ့က ရေဖြူမြိုနယ် နဘုလည်ဒေသ မူးဒူးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့သလို အောက်တိုဘာ ရက်နေ့မှာလည်း လောင်းလုံးမြိုနယ်ထဲက ပန်းဆိပ်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ အပြင် ရေဖြူမြို့ ရပ်တော်မူဘုရားအနီးမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ကျခတ္တပင်ရွာမှာ တပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

 

အောက်တိုဘာ ၁၀ ရက်နေ့မှာလည်း လောင်းလုံးမြိုနယ်ထဲက ညောင်ပင်ဆိပ်ကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဒီတိုက်ခိုက်မှုတွေမှာ အကြမ်းဖက်စစ်တပ်ဘက်က ‌‌သေဆုံးတာနဲ့ ဒဏ်ရာရသူတွေရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေ ဘက်က ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒီစစ်ရေးလှုပ်ရှားမှုတွေကို ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး - DDPDF ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF ကျောင်းသားတော်လှန်ရေးတပ် - SRF Ba Htoo Army - BHA လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ - L.L.S.B.F နဲ့ ဒေါနတပ်ခွဲ ၆၊ ဝေဟင်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ခလရ ၇၅ က စစ်မှုထမ်းတပ်သားသစ် ဦး KNLA ထံ အလင်းဝင်


အောက်တိုဘာလ (၁၇)ရက်


ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေ ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်မှာရှိတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ထံ ခလရ ၇၅ က စစ်မှုထမ်းတပ်သားသစ် ဦး အလင်းဝင်လာတယ်လို့ KNU ဗဟိုက ဒီနေ့ အောက်တိုဘာ ၁၇ မှာ ထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်တပ် ခလရ ၇၅ တပ်ရင်းက စစ်မှုထမ်းတပ်သားတွေဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ကျော်ဇေယျ၊ အသက် ၂၇ နှစ်အရွယ် သီဟနိုင်၊ အသက် ၃၆ နှစ်အရွယ် အောင်မျိုးဦး၊ အသက် ၂၀ အရွယ် စည်သူဟိန်း၊ အသက် ၂၆ နှစ်အရွယ် မောင်မှောက်၊ အသက် ၃၃ နှစ်အရွယ် သန်းနိုင်ဦးနဲ့ အသက် ၂၄ နှစ်အရွယ် ရာဇာထက် တို့ အောက်တိုဘာ ၁၅ ရက်နေ့က KNLA တပ်ရင်း ထံ အလင်းဝင် ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။ 

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားတွေဟာ စစ်မှုထမ်းအပတ်စဉ် ၇၊ ၁၀ နဲ့ ၁၃ တို့က သင်တန်းဆင်းဖြစ်ပြီး သူတို့ထဲက သန်းနိုင်ဦးနဲ့ ရာဇာထက်တို့ဟာ ရောင်းစားခံရပြီး ပြည်သူ့စစ်မှုထမ်းဘဝ ရောက်ရှိလာသူတွေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အလင်းဝင်ဘက် ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းတပ်သားသတွေဟာ အခက်အခဲအမျိုးမျိုးကြောင့် သေနတ်တွေ ယူမလာ နိုင်ပေမယ့် လယ်ဒိုမြို့နယ် တာဝန်ရှိသူတွေက နေရာထိုင်ခင်း၊ အစားအစာနဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးထားပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးပါတယ်။ 

အကြောင်းအမျိုးမျိုးကြောင့် မတရား စစ်မှုထမ်းစေခိုင်းခံနေရတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ထဲက  စစ်သားတွေ အနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ ရတဲ့နည်းနဲ့ လက်နက်ချ အလင်းဝင် ဘက်ပြောင်းခိုလှုံကြဖို့ KNU က တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment