၂၀၂၅ အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံတွင် ဒေါက်တာဝင်းမြတ်အေးနှင့် ဒေါ်ဇင်မာအောင်တို့  ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာစစ်တပ်၏ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအတွက် အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်း အရေးယူရန် JFM တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံမှ အလုပ်သမား ၁၈ ဦး အကြောင်းမဲ့အလုပ်မှ ထုတ်ပယ်ခံခဲ့ရခြင်းအား ကူညီဆောင်ရွက်ပေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြန်မာနိုင်ငံတွင် ကိုယ်အင်္ဂါထုတ်ရောင်း အသတ်ခံရတဲ့ ဘီလာရုစ်မော်ဒယ် ဗီရာ ခရော့ဗ်ဆိုဗာ ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရတာ မဟုတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ငြင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ဆောမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ဇနီး အသတ်ခံရပြီး အလောင်းဖျောက်ကာ ပစ္စည်းလုယက်ခံရမှု ဖြစ်ပွား


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရွာသစ်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်၊ တပ်ရင်းမှူး အပါအဝင် ၁၅ ဦး သေဆုံး၊ ဦး အရှင်ဖမ်းမိ

🚩 ၂။ ဇာထာလ် ကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်

🚩 ၃။ မိုးကုတ်မှာ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ဦး သေဆုံး၊ ပြည်သူ ၁၂ ဦး ဒဏ်ရာရ

🚩 ၄။ ပုလောမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

🚩 ၅။ တနင်္သာရီနဲ့ နောင်ချို မြို့နယ်တို့မှာ စစ်ကော်မရှင် တပ်သား ဦး လက်နက်နဲ့ အလင်းဝင်

🚩 ၆။ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုံးဝခွင့်ပြုမှာ မဟုတ်ကြောင်း ကော့သောင်းခရိုင် အမှတ် () တပ်ရင်း အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံတွင် ဒေါက်တာဝင်းမြတ်အေးနှင့် ဒေါ်ဇင်မာအောင်တို့  ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်


အောက်တိုဘာ ၂၁ 

Radio NUG 


အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ဒေါက်တာဝင်းမြတ်အေးနှင့် ဒေါ်ဇင်မာအောင်တို့  ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့  ပါဝင်တက်ရောက်လျက်ရှိကြောင်း CRPH မှ သတင်းထုတ်ပြန်ပါတယ်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် အာရှ-ပစိဖိတ်အုပ်စု (Asia-Pacific Group) နှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကို တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့နောက် အောက်တိုဘာလ ၂၀ ရက်နေ့တွင် အမှုဆောင်ကောင်စီအစည်းအဝေး၊ ညီလာခံအစည်းအဝေးနှင့် ညီလာခံ၏ General Debate အစီအစဉ်တို့သို့ တက်ရောက်ခဲ့ကာ မလေးရှား၊ ထိုင်း၊ အီတလီ၊ ကနေဒါ၊ နယူးဇီလန်၊ ဆွီဒင်၊ ဩစတေးလျနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


တွေ့ဆုံဆွေးနွေးမှုများအတွင်း အကြမ်းဖက်စစ်တပ်က ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် လေကြောင်းတိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ၊ ယင်းလုပ်ရပ်များကြောင့် နေရပ်စွန့်ခွာနေပြီး ဒုက္ခများနှင့် ရင်ဆိုင်နေရသည့် ပြည်တွင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့် အခြားနိုင်ငံများရှိ ရွှေ့ပြောင်းမြန်မာပြည်သူများ၏ အခြေအနေများနှင့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့တယ်လို့ အသိပေးထားပါတယ်။


ထို့ပြင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် တရားဝင်မှုမရှိသော အတုအယောင်ရွေးကောက်ပွဲနှင့် ရလဒ်အပေါ် ကန့်ကွက်ပေးရေးနှင့် အသိအမှတ်မပြုရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် နိုင်ငံတော်အကြီးအကဲများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေးရွေးကောက်ပွဲမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား ကမ္ဘာ့လွှတ်တော်အသိုက်အဝန်းက ဆက်လက်အသိအမှတ်ပြုရေး၊ လက်ရှိ ပဋိပက္ခဖြေရှင်းရေးနှင့် ရေရှည်တည့်တံ့သော အဖြေရှာခြင်းတွင် တော်လှန်ရေးအင်အားစုများ၏ ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအပေါ် ထိရောက်သော ပံ့ပိုးကူညီမှုများ ရရှိရေးတို့ကို အဓိကထား ဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နိုင်ငံတကာပါလီမန်များအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၃) နိုင်ငံတို့မှ နိုင်ငံတော်အဆင့်လွှတ်တော်များဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အမှုဆောင်ကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား IPU အဓိက ဆွေးနွေးဖက်မိတ်ဖက်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ယနေ့ထိတိုင် ဆက်လက်အသိအမှတ်ပြုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာစစ်တပ်၏ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအတွက် အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်း အရေးယူရန် JFM တိုက်တွန်း


အောက်တိုဘာ ၂၁ 

Radio NUG 


မြန်မာစစ်တပ်နှင့် ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် ဒေသတွင်း မတည်ငြိမ်မှု၏ အဓိကရေသောက်မြစ်ဖြစ်နေပြီး၊ ၎င်းတို့အား အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းက မဖြစ်မနေ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း Justice for Myanmar အဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


အောက်တိုဘာ ၁၉ ရက်က မြန်မာစစ်တပ်က ထိုင်း-မြန်မာနယ်စပ်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော KK Park ဆိုက်ဘာငွေလိမ်ခြံကြီးကို အယောင်ပြဝင်ရောက်စီးနင်းမှုတစ်ခု လုပ်ဆောင်ခဲ့ပြီး ထိုစီးနင်းမှုသည် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အချိန်ကိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူကုန်ကူးမှုများတွင် စစ်တပ်နှင့် ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ရန် ရည်ရွယ်ထားပုံရသည်ဟု Justice for Myanmar က ဆိုပါတယ်။


စီးနင်းမှုအတွင်း Starlink စက်အလုံး ၃၀ နှင့်အတူ အလုပ်လုပ်ကိုင်နေသူများ သို့မဟုတ် ပိတ်မိနေသူများအနက် အနည်းငယ်သာဖြစ်သည့် လူ ,၁၉၈ ဦးကို တွေ့ရှိခဲ့တယ်လို့ စစ်တပ်က ဖော်ပြထားပါတယ်။


မြန်မာစစ်တပ်သည် ရာဇဝတ်စီးပွားလုပ်ငန်းကွန်ရက်ကြီးတစ်ခုကို ကြီးကြပ်လည်ပတ်နေပြီး၊ ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်နှင့် ရာဇဝတ်စီးပွားကုမ္ပဏီများကို ပြုစုပျိုးထောင်ထားတယ်လို့ ဖော်ပြထားပါတယ်။


ထိုအဖွဲ့များသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်တစ်ခုကို ဖွဲ့စည်းလုပ်ဆောင်နေပြီး၊ KK Park အပါအဝင် နိုင်ငံတကာရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံ့ပေးနေကာ စစ်တပ်သည် မြေယာထိန်းချုပ်မှု၊ စီးပွားရေးလိမ်လည်မှုများ၊ အခွန်ကောက်ခံမှု၊ လုံခြုံရေးဝန်ဆောင်မှု၊ တရားမဝင်ကုန်သွယ်မှု၊ လူကုန်ကူးမှုနှင့် လူသုံးကုန်ပစ္စည်းထိန်းချုပ်ရောင်းချမှုများမှတစ်ဆင့် အကျိုးအမြတ်များ ရယူနေတယ်လို့ အသိပေးထားပါတယ်။


၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်း၊ အာဆီယံသည် စစ်အုပ်စုအား နိုင်ငံရေးတရားဝင်မှု မှားယွင်းစွာ ပေးအပ်ခဲ့ပြီး၊ ထောက်လှမ်းရေး သတင်းအချက်အလက်များနှင့် လေ့ကျင့်ရေးများ ပေးအပ်ခဲ့မှုသည် ရာဇဝတ်ကွန်ရက်များကို ပိုမိုအားကောင်းစေခဲ့ပြီး၊ နိုင်ငံတကာဥပဒေအရ အရေးယူမှုများကို ရှောင်ရှားရန် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။


လာမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အစိုးရများအနေဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်ရပ်တည်ရန်နှင့် ၎င်းတို့၏ ဘဏ္ဍာရေး၊ စစ်လက်နက်နှင့် လေယာဉ်ဆီလမ်းကြောင်းများကို ဖြတ်တောက်ရန် လိုအပ်သည့်အပြင် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာတရားရေးမှတစ်ဆင့် တာဝန်ခံမှုရရှိစေရန် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံမှ အလုပ်သမား ၁၈ ဦး အကြောင်းမဲ့အလုပ်မှ ထုတ်ပယ်ခံခဲ့ရခြင်းအား ကူညီဆောင်ရွက်ပေးခဲ့


အောက်တိုဘာ ၂၁ 

Radio NUG 


ထိုင်းနိုင်ငံ၊ အယုဒ္ဓယရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၈ ဦး သည် မေလ ၂၀ရက်နေ့တွင် အလုပ်မှ အကြောင်းရင်းမရှိပဲ  ထုတ်ပယ်ခံလိုက်ရသည့်အတွက် တိုင်ကြားလာခဲ့‌ကြောင်း သတင်းရရှိပါတယ်။


ထိုသို့ တိုင်ကြားလာမှုကြောင့် မေလ၂၆ ရက်နေ့တွင် ဝန်ကြီးဌာန၏ မဟာမိတ်အဖွဲ့ဖြစ်သည့် MHAC မဟာမိတ်အဖွဲ့မှ ဦးဆောင်၍ နယ်မြေခံအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးသို့ သွားရောက် အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။


သို့သော် အမှုမှာ ကြာသည်အထိ တိကျသော အဖြေမထွက်လာသဖြင့် အောက်တိုဘာလ၂၁ ရက်နေ့ တွင် နစ်နာသူအလုပ်သမားများအား NUG (အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး)နှင့်အတူ အယုဒ္ဓယခရိုင်၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ ထပ်မံသွားရောက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၏ တာဝန်ရှိသူတစ်ဦးမှ အလုပ်သမားများ၏ နစ်နာကြေးများ ရရှိရန်အတွက် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းအတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိအောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြန်မာနိုင်ငံတွင် ကိုယ်အင်္ဂါထုတ်ရောင်း အသတ်ခံရတဲ့ ဘီလာရုစ်မော်ဒယ် ဗီရာ ခရော့ဗ်ဆိုဗာ ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရတာ မဟုတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ငြင်းဆို


အောက်တိုဘာ ၂၁ 

Radio NUG 


ထိုင်းတော်ဝင်ရဲတပ်ဖွဲ့သည် ဘီလာရုစ်နိုင်ငံသူ မော်ဒယ် ဗီရာ ခရော့ဗ်ဆိုဗာ (Vera Kravtsova) ထိုင်းနိုင်ငံသို့ လှည့်စားခေါ်ဆောင်ခံရပြီး မြန်မာနိုင်ငံတွင် ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွင် အလုပ်ခိုင်းစေခံရပြီးနောက် လူသတ်ခံရမှုနှင့် ပတ်သက်သော သတင်းများကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း ထိုင်းသတင်းများအရ သိရပါတယ်။


ထိုင်းရွှေ့ပြောင်းနေထိုင်ရေးဌာနကလည်း ဗီရာသည် ထိုင်းနိုင်ငံမှ ရန်ကုန်သို့ ထွက်ခွာခဲ့ပြီး ပြန်ပေးဆွဲခံရမှု သို့မဟုတ် အတင်းအဓမ္မပြုလုပ်ခံရမှု လက္ခဏာများ မတွေ့ရကြောင်း အတည်ပြုခဲ့ပါတယ်။


ဗြိတိသျှသတင်းဌာန Daily Mail အစီရင်ခံချက်အရ၊ ၂၆ နှစ်အရွယ် ဗီရာ ခရော့ဗ်ဆိုဗာသည် စက်တင်ဘာလတွင် မော်ဒယ်အလုပ်အတွက် ဘန်ကောက်သို့ ရောက်ရှိခဲ့သော်လည်း လှည့်စားခံရပြီး မြန်မာနိုင်ငံသို့ ခေါ်ဆောင်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ထိုနေရာတွင် ၎င်း၏ ပတ်စပို့နှင့် ဖုန်းကို သိမ်းယူခံရပြီး ချမ်းသာသော နိုင်ငံခြားသားများထံမှ ငွေညှစ်ရန် အွန်လိုင်းချိန်းတွေ့ ဝက်ဘ်ဆိုက်များတွင် အချစ်ရေးလိမ်လည်မှုများ လုပ်ဆောင်ရန် အတင်းအဓမ္မခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။


၎င်းက ပစ်မှတ်ထားသည့် ပန်းတိုင်များ မပြည့်မီခဲ့သဖြင့် ရိုက်နှက်ခံရပြီး အောက်တိုဘာ ရက်တွင် ပျောက်ဆုံးသွားခဲ့ကာ နောက်ပိုင်းတွင် ကိုယ်အင်္ဂါကုန်ကူးရောင်းဝယ်မှုဂိုဏ်းသို့ ရောင်းချခံရသလို ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။


ထိုဂိုဏ်းက ၎င်း၏ ရုပ်အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်း၏ မိသားစုထံမှ ရုပ်အလောင်းပြန်ပေးရန်အတွက် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ တောင်းခံခဲ့သော်လည်း နောက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။


ထိုင်းရွှေ့ပြောင်းနေထိုင်ရေးဌာနက ဗီရာ ခရော့ဗ်ဆိုဗာသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက် ၁၂:၄၁ တွင် သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက် မနက် :၂၀ တွင် ထိုင်းလေကြောင်းလိုင်း TG301 ဖြင့် ရန်ကုန်သို့ ထွက်ခွာခဲ့ကြောင်း ဘိုင်အိုမက်ထရစ်စနစ်မှတစ်ဆင့် စစ်ဆေးတွေ့ရှိခဲ့သည်ဟု အတည်ပြုခဲ့တယ်လို့ သိရပါတယ်။


ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ နိုင်ငံခြားရေးဌာနအကြီးအကဲ ရဲဗိုလ်မှူးချုပ် ချတုရာဖတ် ဖီရော့မကယ်က အောက်တိုဘာ ၁၉ ရက်တွင် ဤဖြစ်ရပ်ကို အလေးအနက်ထားစုံစမ်းနေပြီး၊ သတင်းများတွင် ဖော်ပြထားသော အချက်အလက်များကို လက်ရှိတွင် အတည်မပြုနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ဆောမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ဇနီး အသတ်ခံရပြီး အလောင်းဖျောက်ကာ ပစ္စည်းလုယက်ခံရမှု ဖြစ်ပွား


အောက်တိုဘာ ၂၁ 

Radio NUG 


မကွေးတိုင်း၊ ဆောမြို့နယ်၊ ဇေယျာရပ်ကွက်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီး အသတ်ခံရပြီး အလောင်းဖျောက်ကာ ရတနာပစ္စည်းများ လုယက်ခံရမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ယောအလင်းတန်း အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ရဲစခန်းအနီး နေထိုင်သော ဒေါ်ရှိန်း ခေါ်ဝါ (၆၂ နှစ်) ရုပ်အလောင်းကို ဆာလာအိတ်ဖြင့် ထုတ်ထားသည့်ပုံစံဖြင့် အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ် :၃၀ နာရီခန့်တွင် ဇေယျာရပ်ကွက်၊ သန်းပင်ခုံ စုန်းတလင်းပြင်ဥယျာဉ်တောအတွင်း ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


သေဆုံးခဲ့သော ဒေါ်ရှိန်းခေါ်ဝါသည် ဆောမြို့ ရဲစခန်း အနီး ဦးဖိုးလှိုင်ခန်းမတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ကြီး ဦးရှာလော၏ ဇနီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ဒေါ်ရှိန်းခေါ်ဝါ သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် ထင်းရှာရန် သန်းပင်ခုံ စုန်းတလင်းပြင်ဥယျာဉ်တော်သို့ ထွက်လာရာ ပျောက်ဆုံးခဲ့ပြီး၊ နှစ်ရက်အကြာ ရုပ်အလောင်းကို သူမကိုယ်တိုင် ဆောက်ထားသော တောင်ယာတဲမှ ၅၀ ပေအကွာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။


အိမ်မှ ထွက်ခွာစဉ် ()ကျပ်သားခန့် ရွှေဆွဲကြိုးတစ်ကုံး၊ တစ်မတ်သားခန့် လက်စွပ်တစ်ကွင်း၊ နားကပ်တစ်ရံတို့ကို ၀တ်ဆင်ထားခဲ့ပြီး ဘေးလွယ်အိတ်တစ်လုံး ပါရှိခဲ့သော်လည်း ရုပ်အလောင်းတွင် ရတနာများနှင့် အိတ်တို့ ပျောက်ဆုံးနေတယ်လို့ ဖော်ပြထားပါတယ်။


စုံစမ်းစစ်ဆေးမှုအရ ဒေါ်ရှိန်း ခေါ်ဝါ၏ အိမ်တွင် မကြာခဏ ဝင်ထွက်လေ့ရှိသော ကိုချစ်ရင်ထူးနှင့် ကိုဖိုးအေးတို့ နှစ်ဦး ပျောက်ဆုံးနေကြောင်း သိရှိရပြီး၊ ၎င်းတို့နှစ်ဦးတို့ကို သံသယရှိ တရားခံများအဖြစ် သတ်မှတ်ထားတယ်လို့ အသိပေးထားပါတယ်။


ကိုချစ်ရင်ထူး (၂၅ နှစ်) သည် ရန်ကုန်တိုင်း၊ ထန်းတစ်ပင်မြို့နယ် ဇာတိ ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အလင်းဝင်လာသော ရဲတပ်သား ဖြစ်သလို ကို ဖိုး အေး (၂၆ နှစ်) သည် မန္တလေးတိုင်း၊ သပိတ်ကျင်း မြို့နယ် ဇာတိ ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အလင်းဝင်လာသော ရဲတပ်သား ဖြစ်ကာ ၎င်းတို့သည် ရခိုင်ပြည်နယ်မှ ချင်းပြည်နယ်ဘက်သို့ ရောက်ရှိလာခဲ့ပြီး ဆောမြို့တွင် နေထိုင်နေခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် ဒေါ်ရှိန်း ခေါ်ဝါ၏ ဥယျာဉ်တဲတွင် နေထိုင်ခဲ့သော ကို ဝဏ္ဏ ကျော် (၂၁ နှစ်) ကို ထိန်းသိမ်းထားကာ ကို ဝဏ္ဏ ကျော်သည် ရန်ကုန်တိုင်း၊ ရွှေ ပြည်သာ မြို့နယ် ဇာတိ ဖြစ်ပြီး ကိုချစ်ရင်ထူးနှင့် ဆက်စပ်နေထိုင်ခဲ့သူ ဖြစ်ကာ ရခိုင်ပြည်နယ်ဘက်တွင် အလင်း ဝင်လာသော စစ်သား တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။


ထိုနှစ်ဦးတို့သည် အခင်းဖြစ်ပွားချိန်မှ ပျောက်ဆုံးနေပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း ယူဆတာ‌ကြောင့် ယောအလင်းတန်း အဖွဲ့က သံသယ တရားခံ ကို ချစ်ရင်ထူး နှင့် ကို ဖိုး အေး တို့ကို တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများသို့ အမြန်ဆုံး အကြောင်းကြားရန် ပြည်သူများကို တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================



========================



🚩🚩 ၁။ ရွာသစ်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်၊ တပ်ရင်းမှူး အပါအဝင် ၁၅ ဦး သေဆုံး၊ ဦး အရှင်ဖမ်းမိ


အောက်တိုဘာ ၂၁ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ စစ်တောင်းမြစ် အရှေ့ဘက်၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး အပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး၊ ဦး အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ နေပြည်တော် PDF က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၂၀ ရက်နေ့က ရွာသစ်ကျေးရွာမှာ အင်အား ၆၀ ခန့်ဖြင့် အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်ကို အမှတ် () စစ်ဆင်ရေးနယ်မြေ၊ နေပြည်‌တော်တိုင်း စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ စုဖွဲ့ထားတဲ့ ဗျူဟာစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ တပ်ရင်းမှူး ညီညီနိုင် အပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ဦး ဖမ်းဆီးရမိခဲ့ကာ MA-11 လက်၊ MA-3 လက်၊ G-3 လက်၊ ၆၀ မမ လက်၊ ပစ္စတို လက်၊ ၆၀ မမ ကျည် လုံး၊ ကျည်ဘောက် ၁၀ ခု၊ ဒရုန်းဂျမ်ဘာ အထိုင်စက် လုံး၊ ကျည်မျိုးစုံ ,၀၀၀ ခန့် နဲ့ မီးစက် လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ညီညီနိုင်ဟာ လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ-၂၀၂၉) မှ ဖြစ်ပြီး လက်ရ ဖမ်းဆီးနိုင်ဖို့ ကြိုးစားချိန်မှာ ပစ္စတိုထုတ်ပြီး ခုခံခဲ့တာကြောင့် အသေပစ်သတ်ခဲ့ရတယ်လို့ အသိပေးထားပါတယ်။


စစ်ကော်မရှင်တပ် အထိနာကာ ဆုတ်ခွာထွက်ပြေးသွားခဲ့တာကြောင့် အထိုင်စခန်း နဲ့ ကျေးရွာအတွင်းရှိ ကင်းစခန်း အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုများကြား ပိတ်မိနေတဲ့ ပြည်သူများကိုလည်း တိုက်ပွဲလွတ်ရာကို ကယ်ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။


လက်ရှိမှာ စစ်ကော်မရှင်တပ်က စစ်ကူအင်အားများ ဖြည့်တင်းပြီး ပြန်လည်တိုးဝင်လာခဲ့တာကြောင့် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပြီး စစ်တောင်းမြစ်ကမ်း ဝန်းကျင်ဒေသရှိ ပြည်သူများ အနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြဖို့ အသိပေးထားပါတယ်။


========================


🚩🚩 ၂။ ဇာထာလ် ကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာ ၂၁ ရက်၊ 

Radio NUG


ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဆဲန်ထန်ဒေသ၊ ဇာထာလ် (Zathal) ကျေးရွာက စာသင်ကျောင်းကို ပစ်မှတ်ထားပြီး စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Senthang Central Council က ထုတ်ပြန်ထားပါတယ်။


အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ကလေးသူငယ်များ နဲ့ ပြည်သူများ အပေါ် ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်ခြင်း လုပ်ရင်းကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဆဲန်ထန် ဗဟိုကောင်စီ က ဆိုပါတယ်။


အောက်တိုဘာလ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီ ၅၅ မိနစ် နဲ့ နာရီ မိနစ်တို့မှာ ဇာထာလ် ကျေးရွာရှိ စာသင်ကျောင်းကို ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


စစ်ကော်မရှင်က၎င်းတို့ရဲ့ ရွေးကောက်ပွဲ အစီအစဉ် အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအပေါ် အကြမ်းဖက်ကာ ခြိမ်းခြောက်၊ တိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။


ပြည်သူများအနေနဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲမှာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန်၊ စာသင်ကျောင်းများကို အကန့်အသက်မရှိ ပိတ်ထားရန်နဲ့ လူစုလူဝေးများကို အတက်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ ဆဲန်ထန် ဗဟိုကောင်စီက အသိပေးထားပါတယ်။


========================


🚩🚩 ၃။ မိုးကုတ်မှာ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ဦး သေဆုံး၊ ပြည်သူ ၁၂ ဦး ဒဏ်ရာရ


အောက်တိုဘာ ၂၁ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ (PSLF/TNLA) တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ မိုးကုတ်မြို့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် () ဦး သေဆုံးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၂၁ ရက်၊ နေ့လယ် နာရီ ၅၈ မိနစ်အချိန်မှာ ကန်တောရပ်ကွပ်ရှိ ကန်သုံးလုံး ဖူဆယ်ကွင်း နေရာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး လုံး လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၁၂) နှစ်အရွယ် မမွန်သူ၊ အသက် () နှစ်အရွယ် မခူသာ နဲ့ အသက် (၁၀) နှစ် အရွယ် မချာရှီးတို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ထို့အပြင် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး နေအိမ် ၁၁ လုံး နဲ့ ဖူဆယ် ကွင်း ကွင်း ထိမှန်ပျက်စီး သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ ပုလောမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာ ၂၁ 

Radio NUG 


အောက်တိုဘာ ၂၁ ရက်တွင် ပုလောမြို့နယ်၊ သင်္ကန်းတောရွာအနီးရှိ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လမ်းသွားလမ်းလာ ပြည်သူများ မရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း၊ ဗုံးထိမှန်မှုကြောင့် လမ်းပိုင်းတစ်ခုလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ တနင်္သာရီနဲ့ နောင်ချို မြို့နယ်တို့မှာ စစ်ကော်မရှင် တပ်သား ဦး လက်နက်နဲ့ အလင်းဝင်


အောက်တိုဘာ ၂၁ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တို့မှာ စစ်ကော်မရှင် တပ်သား ဦး လက်နက်နဲ့ အလင်းဝင်ခဲ့ကြတယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၈ ရက်နဲ့ အောက်တိုဘာလ ရက်နေ့ တို့မှာ စစ်ကော်မရှင်ရဲ့ ခလရ (၁၀၃) တပ်ရင်းမှ တပ်သား ဦးဟာ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတပ်သား ဦးဟာ MA2 လက်၊ ကျည်ဘောက် ခု၊ ကျည် ၂၆၀ တောင့်တို့ကို ယူဆောင်လာခဲ့ပြီး တနင်္သာရီမြို့နယ် ပကဖ က နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့တယ်လို့ သိရပါတယ်။


အလားတူ နောင်ချို မြို့နယ်မှာလည်း တံတားပြင်ဆင်နေတဲ့ စစ်ကြောင်းနဲ့ လိုက်ပါလာတဲ့ ခလရ (၂၄၃) တပ်ရင်းမှ စစ်မှုထမ်းတပ်သား ကိုအောင်ကျော်ဟာ အစောင့်စစ်သားများ အလစ်တွင် ထွက်ပြေးလာပြီး ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။


ကိုအောင်ကျော်ဟာ မန္တလေး၊ ကျောက်ဝိုင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကာ နမ့်လန်မြို့တွင် စစ်မှုထမ်း အပတ်စဉ် (၁၂) တက်ရောက်ခဲ့ရသူ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုံးဝခွင့်ပြုမှာ မဟုတ်ကြောင်း ကော့သောင်းခရိုင် အမှတ် () တပ်ရင်း အသိပေး


အောက်တိုဘာ ၂၁ ရက်၊ 

Radio NUG


စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး ဆောင်ရွက်နေတဲ့ အကြမ်းဖက် စစ်ကော်မရှင် ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဆန့်ကျင်ကြောင်းနဲ့ လုံးဝ(လုံးဝ) ခွင့်ပြုမှာမဟုတ်ကြောင်း ကော့သောင်းခရိုင် အမှတ် () တပ်ရင်း အသိပေး ထုတ်ပြန်ထား ပါတယ်။


ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ ပြည်သူတို့ရဲ့ သဘောဆန္ဒမပါပဲ တရားမဝင်ရွေးကောက်ပွဲကို ဖန်တီး ပြုလုပ်ခြင်းဟာ ဒီမိုကရေစီ ကျင့်စဉ်ကို ချိုးဖောက်ခြင်း ဖြစ်တဲ့အပြင် ပြည်သူ့ အချုပ်အခြာအာဏာကို မတရား ရယူရန် ကြိုးစားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။


အကြမ်းဖက် စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် အားပေးခြင်းများ မပြုလုပ်ကြဘဲ ခိုင်မာပြတ်သားတဲ့ သဘောထား ရပ်တည်ချက်များဖြင့် ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။


ထို့အပြင် စစ်ကော်မရှင်ခန့် ရပ်/‌ကျေး အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲဖြစ်မြောက်စေရန် မဲစာရင်းပေးခြင်းကိစ္စရပ်များ၊ စစ်မှုထမ်းတပ်သားသစ် စုဆောင်းပေးခြင်း၊ စစ်မှုထမ်းကြေးများပေးခြင်း စတဲ့ ကိစ္စများကို ရပ်တန်းကရပ်ကြဖို့ အသိပေးထားပါတယ်။


အတုအယောင် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသခံပြည်သူများ အနေဖြင့် စစ်ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မှုများ မလုပ်ဆောင်ကြဖို့၊ စစ်ကော်မရှင် ယာဉ်တန်းများနဲ့ အနီးကပ် မသွားကြဖို့၊ မဲရုံများနှင့် အနီးကပ် မနေထိုင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment