၂၀၂၅ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ မြန်မာ့အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသူများအား ပြန်လည်ဖမ်းဆီးမှု ပိုမိုဆိုးရွားလာမှုအပေါ်  နိုင်ငံရေးအကျဉ်းသူများအဖွဲ့ သဘောထား ထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ သိန္နီခရိုင်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် MNDAA လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဩစတြေးလျတွင် ကျင်းပသည့် Nike Melbourne မာရသွန်ပြေးပွဲတွင် မြန်မာ ဦးနှင့် မလေးရှား ဦးတို့ ပင်နီဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်



========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကရင်နီ ဒေသမှာ တပတ်အတွင်း စစ်ကော်မရှင် တပ်ဖွဲ့များနဲ့ တိုက်ပွဲ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့၊ စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေ

🚩 ၂။ မြင်းခြံမှာကျောက်ပြုတ်ကျေးရွာ ပျူစောထီး အထိုင်စခန်းအား ဝင်ရောက်စီးနင်းခဲ့ရာ ၁၀ ဦး သေဆုံး၊ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီး အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်

🚩 ၃။ စစ်ကိုင်းမြို့နယ်၊ အရှေ့ ဗျူဟာ(ခရိုင်ချင်းဆက်)လမ်းတွင် အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်ပွားပြီး အလောင်း ၃လောင်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ

🚩 ၄။ ဟားခါးမြို့၊ ဗန်ဟာကျေးရွာရှိ စာသင်ကျောင်းအား အကြမ်းဖက်စစ်တပ်မှ လေကြောင်းတိုက်ခိုက်ရာ ကျောင်းသား ဦးသေဆုံး

🚩 ၅။ ကယားကြီးကျေးရွာမှာ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ဦး ဒဏ်ရာရ

🚩 ၆။ ကျောက်ထု အမတ (၃၆၈) နဲ့ ဆောမြို့က ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ဦးနဲ့ တပ်ကြပ်ကြီး ဦးကို ဖမ်းဆီးရမိ

🚩 ၇။ ဝမ်းတွင်းမှာ စစ်ကော်မရှင်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး

🚩 ၈။ အကြမ်းဖက်စစ်တပ်မှ အလင်းဝင်ပူးပေါင်းသူများနှင့် စစ်သုံ့ပန်းဦးရေ အောက်တိုဘာလ တစ်ပတ်အတွင်း ၅၅ ဦးအထိ ရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ မြန်မာ့အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသူများအား ပြန်လည်ဖမ်းဆီးမှု ပိုမိုဆိုးရွားလာမှုအပေါ်  နိုင်ငံရေးအကျဉ်းသူများအဖွဲ့ သဘောထား ထုတ်ပြန်


အောက်တိုဘာ ၁၃ 

Radio NUG 


မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ လွတ်ရက်စေ့၍ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများအား အကြမ်းဖက်ပုဒ်မများဖြင့် ပြန်လည်ဖမ်းဆီးမှုများ ယခုနှစ်အတွင်း ပိုမိုဆိုးရွားလာနေသည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ က ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီတပ်ဖွဲ့များသည် အကျဉ်းထောင်မှ လွတ်မြောက်လာသူများကို ထောင်ဝမှာပင် ပြန်လည်ဖမ်းဆီးခြင်း သို့မဟုတ် လွတ်ရက်စေ့ခါနီးတွင် မသက်ဆိုင်သည့် ပုဒ်မများဖြင့် ထပ်မံစွဲဆိုခြင်းများဖြင့် နိုင်ငံရေးအကျဉ်းသူများ၏ လွတ်မြောက်မှုကို တမင်ဟန့်တားနေတယ်လို့ ဖော်ပြထားပါတယ်။


ထိုလုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် တွင် ဖော်ပြထားသည့်တရားမဲ့ဖမ်းဆီးခြင်း မပြုရဟူသော သတ်မှတ်ချက်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။


ထို့ပြင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တရားမဲ့ဖမ်းဆီးမှုများကို အဆုံးသတ်ရန်နှင့် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသူ/သားများ အလုံးစုံလွတ်မြောက်ရေးအတွက် စောင့်ကြည့်လေ့လာမှုများနှင့် စုံစမ်းဖော်ထုတ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အလေးထားဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ သိန္နီခရိုင်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် MNDAA လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်


အောက်တိုဘာ ၁၃ 

Radio NUG 


အထူးဒေသ() သိန္နီခရိုင်၊ နောင်မွန်မြို့နယ်သို့ စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်ပြည်သူများ ထပ်မံဝင်ရောက်လာခဲ့ရာ MNDAA ထောက်ပို့ဌာနက လိုအပ်သော အရေးပေါ်အကူအညီများ ပေးအပ်ခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။


နောင်မွန်မြို့နယ်အုပ်ချုပ်ရေးကော်မတီသည် စစ်ဘေးရှောင်ပြည်သူများအား သင့်လျော်သော နေရာချထားမှုများ ဆောင်ရွက်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက်အထိ MNDAA ထောက်ပို့ဌာန၏ ဒု-ဌာနမှူး ဗိုလ်မှူးကြီး Mr. Yang Fu Rong ဦးဆောင်သော အဖွဲ့သည် ဦးစီးဌာနမှူး ဒုတိယဗိုလ်မှူးကြီး Mr. Li Guo Shan ကျန်းမာရေးဌာနမှ ဆေးဝန်ထမ်းများနှင့်အတူ စစ်ဘေးရှောင်စခန်းသို့ သွားရောက်ကာ နေထိုင်ရေးပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့သည့်အပြင် သိန္နီခရိုင် ဒုတိယအတွင်းရေးမှူး Mr. Han Jia Hua ဦးဆောင်သော အုပ်ချုပ်ရေးတာဝန်ရှိသူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


ထောက်ပံ့ပစ္စည်းများ ပေးဝေချိန်တွင် ပြည်သူများအား စိတ်ချလက်ချ နေထိုင်ရန်နှင့် အထူးဒေသသည် ၎င်းတို့အတွက် အားကိုးရာဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့တယ်လို့ ဆိုထားပါတယ်။


စစ်ဘေးရှောင်မိသားစု ၆၂၀ ခန့်၊ လူဦးရေ ,၀၀၀ ကျော်ကို ဆန်အိတ် ၂၀၁ အိတ်၊ ဆားအထုပ်သေး ၆၃၀ ထုပ်၊ စားသုံးဆီ အိုး ထောက်ပံ့ပေးနိုင်ခဲ့ပြီး ပြည်သူ ၃၇၀ ကျော်အား အခမဲ့ကျန်းမာရေး စစ်ဆေးကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အောက်တိုဘာ ၁၁ ရက်အထိ စစ်ဘေးရှောင်ပြည်သူ ,၀၀၀ နီးပါး အထူးဒေသအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရှိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဩစတြေးလျတွင် ကျင်းပသည့် Nike Melbourne မာရသွန်ပြေးပွဲတွင် မြန်မာ ဦးနှင့် မလေးရှား ဦးတို့ ပင်နီဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်


အောက်တိုဘာ ၁၃ 

Radio NUG 


ဩစတြေးလျနိုင်ငံတွင် ကျင်းပသည့် Nike Melbourne Marathon Festival တွင် မြန်မာနိုင်ငံသား ဦးနှင့် မလေးရှားနိုင်ငံသား ဦးတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပင်နီဝတ်စုံအပြည့်အစုံဖြင့် ဝတ်ဆင်ကာကိုဂျင်မီကိုဇေယျာသော်နှင့်အမေစုဟူသော နာမည်များ ရေးထိုးထားသည့် ခေါင်းစည်းပဝါများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း လူမှုကွန်ရက်တွင် ဖော်ပြချက်များအရ သိရပါတယ်။


အောက်တိုဘာ ၁၂ ရက်က ကျင်းပခဲ့သည့် အဆိုပါမာရသွန်ပြိုင်ပွဲတွင် NLD ဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်းသည် မြန်မာစစ်တပ်၏ မတရားရွေးကောက်ပွဲကို ကမ္ဘာသိစေရန်၊ အသက်ပေးခဲ့ရသည့် ကိုဇေယျာသော်နှင့် ကိုဂျင်မီတို့အား ဂုဏ်ပြုရန်၊ အကျဉ်းထောင်တွင် ကျန်းမာရေးချို့တဲ့နေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို မီးမောင်းထိုးပြရန်နှင့် ၎င်း၏ ခံနိုင်ရည်ကို အမှတ်ရစေရန် ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် မာရသွန်ပြိုင်ပွဲမှတစ်ဆင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွက် နိုင်ငံတကာ၏ အားပေးထောက်ခံမှုရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကမ္ဘာ့အာရုံစူးစိုက်မှု ရယူနိုင်ရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အော်ပရေးရှင်းစစ်တောင်း ကမ်ပိန်းမှ ပထမအသုတ် ဂန်းလေးများ မြေပြင်သို့ ရောက်ရှိ


အောက်တိုဘာ ၁၃ 

Radio NUG 


မိဘပြည်သူများ၏ စွမ်းအား ထောက်ပံ့မှုဖြင့် စုဆောင်းရရှိသော အော်ပရေးရှင်းစစ်တောင်း ကမ်ပိန်း၏ ရန်ပုံငွေများကို အသုံးပြု၍ ပထမအသုတ်အဖြစ် ဝယ်ယူထားသော ဂန်းလေးများ မြေပြင်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း အော်ပရေးရှင်း စစ်တောင်းမှ အသိပေး ထုတ်ပြန်ထားပါတယ်။


ပြည်သူလူထု၏ အသက်၊ သွေး၊ ချွေးနှင့် ထောက်ပံ့ပေးထားသော ထိုရန်ပုံငွေများကို အလွန်တန်ဖိုးထားပြီး အသုံးချသွားမယ်လို့ ဖော်ပြထားပါတယ်။


လက်ရှိတွင် ကမ်ပိန်းသည် ၆၅ ရာခိုင်နှုန်းသို့ ရောက်ရှိပြီဖြစ်ပြီး၊ ၁၀၀ ရာခိုင်နှုန်း ပြည့်မီရန် ဆက်လက်၍ ပြည်သူများ၏ ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ကရင်နီ ဒေသမှာ တပတ်အတွင်း စစ်ကော်မရှင် တပ်ဖွဲ့များနဲ့ တိုက်ပွဲ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့၊ စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေ


အောက်တိုဘာ ၁၃ ရက်၊ 

Radio NUG


ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်း၊ ဒီးမော့ဆိုမြိုနယ်၊ ဖရူဆိုမြို့နယ်၊ ဘော်လခဲမြို့နယ် နှင့် ကရင်နီ - ရှမ်းတောင် နယ်စပ် ဖယ်ခုံမြို့နယ် တို့မှာ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နေပြီး တပတ်အတွင်း တိုက်ပွဲ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ရက်နေ့က ဘော်လခဲမြို့နယ်၊ ဝမ်းမလန်းကျေးရွာ အပေါ်ဘက် တောင်ကုန်းတခုမှာ ကာကင်းချထားတဲ့ စစ်ကော်မရှင်တပ်နဲ့ ထိတွေ့တိုက်ပွဲ နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်ဘက်က ထိခိုက်သေဆုံးမှု များခဲ့တယ်လို့ ဆိုပါတယ်။


တစ်ရက်တည်းမှာပဲ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း၊ လွိုင်လင်လေးမြို့နယ်၊ ကရင်နီ-ရှမ်းတောင် နယ်စပ် ကျေးရွာများကို စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်က စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲ နာရီ နီးပါးကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


အလားတူ အောက်တိုဘာ ရက်နေ့မှာလည်း လွိုင်လင်လေးမြို့နယ်၊ လင်ဖုံကြီးရွာ အနီးရှိ စစ်ကော်မရှင်တပ်က စစ်ကြောင်း ကြောင်းဖြင့် ထိုးစစ်ဆင်လာရာ ကရင်နီတော်လှန်ရေး တပ်ဖွဲ့များနဲ့ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိခိုက်များသဖြင့် ပြန်ဆုတ်ခွာ သွားခဲ့တယ်လို့ ဆိုပါတယ်။


အောက်တိုဘာ ရက်နေ့မှာလည်း လင်ဖုန်ကြီးရွာဘက်ရှိ စစ်ကော်မရှင်တပ်က အင်အား (၆၀) ‌ကျော်ဖြင့် ထပ်မံ ထိုးစစ်ဆင်လာရာ ကရင်နီတော်လှန်ရေး တပ်များနဲ့ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်သား ၁၀ ဦးကျော် သေဆုံးခဲ့ကာ လက်နက် လက်နဲ့ ခဲယမ်းများကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဖရူဆိုမြို့နယ်၊ ဒေါညေးခူ နဲ့ ဒေါကူးခူ ကျေးရွာကြားရှိ လူနေအဆောက်အဦးများကို စစ်ကော်မရှင်တပ် က ဒရုန်းဖြင့် ဗုံးကြဲမီးရှို့ခဲ့ပြီး ဖယ်ခုံမြို့နယ်၊ တောင်စလုံး ကျေးရွာမှာ တပ်ဖြန့်ထားတဲ့ စစ်ကော်မရှင်တပ်နဲ့ PNO ပူး‌ပေါင်းအဖွဲ့က မြောက်စလုံး ကျေးရွာကို ဝင်ရောက်ကာ မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကော်မရှင်တပ်ဟာ ကရင်နီ ပြည်နယ်နဲ့ ကရင်နီ-ရှမ်းတောင် နယ်စပ်တလျောက်မှာ အင်အား အလုံးအရင်းဖြင့် စစ်မျက်နှာများဖွင့်ကာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသများကို နေထိုင်သွားလာနေရတဲ့ ပြည်သူများ၊ ကရင်နီပြည်နယ်တဝှမ်းက ပြည်သူများ စစ်ရေးအသိသတိ၊ လုံခြုံရေးသတိ ရှိကြဖို့ကို KNDF က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ မြင်းခြံမှာကျောက်ပြုတ်ကျေးရွာ ပျူစောထီး အထိုင်စခန်းအား ဝင်ရောက်စီးနင်းခဲ့ရာ ၁၀ ဦး သေဆုံး၊ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီး အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်


အောက်တိုဘာ ၁၃ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာမှာ အထိုင်ချထားတဲ့ ပျူစောထီး စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကြယ်တပွင့် အဖွဲ့က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၁၂ ရက်နေ့က ကျောက်ပြုတ် ပျူအထိုင်စခန်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး တပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး နောက်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ကြယ်တစ်ပွင့် တပ်ဖွဲ့၊ MGN Danger Dynamites MGRF PDF တာလီဖိုက် PDF တပ်ဖွဲ့နဲ့ မြင်းခြံ ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 


အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ရွာကြီး - ညောင်ပင်ရွာ လမ်းပိုင်း တနေရာမှာကျေးရွာများကို မီးရှို့ဖျက်ဆီးနေတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက် ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်၊ MGN Danger Dynamite နဲ့ မြင်းခြံ .က. အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပျူစောထီး အဖွဲ့ဝင် ၁၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ စစ်ကိုင်းမြို့နယ်၊ အရှေ့ ဗျူဟာ(ခရိုင်ချင်းဆက်)လမ်းတွင် အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်ပွားပြီး အလောင်း ၃လောင်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ


အောက်တိုဘာ ၁၃ 

Radio NUG 


အောက်တိုဘာလ ၆ရက်နေ့ (သီတင်းကျွတ်လပြည့်)နေ့တွင် စစ်ကိုင်းမြို့နယ်၊ အရှေ့ ဗျူဟာ(ခရိုင်ချင်းဆက်)လမ်းတွင် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Thunderbird Local Defense Forceမှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုမှ စစ်သား အလောင်း ၃လောင်းနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိပြီး တော်လှန်ရေးအင်အားစုဘက်မှ တော်လှန်ရေး ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။


အဆိုပါတိုက်ပွဲတွင် Thunderbird local defense force ပဒူတိုက်နယ် .ကဖ.နှင့် နယ်မြေခံတော်လှန်ရေးအင်အားစုများ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ဟားခါးမြို့၊ ဗန်ဟာကျေးရွာရှိ စာသင်ကျောင်းအား အကြမ်းဖက်စစ်တပ်မှ လေကြောင်းတိုက်ခိုက်ရာ ကျောင်းသား ဦးသေဆုံး


အောက်တိုဘာ ၁၃ 

Radio NUG 


ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၁၃ရက်နေ့၊ မနက် ၁၀ နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား နှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းများနှင့် Chinland Defense Force-Hakha ထံမှ သိရပါတယ်။


သေဆုံးသူများမှာ အသက် ၁၀ နှစ်ခန့်အရွယ် မောင်ဂျိုဟန် (Johan) နှင့် မဇိန်ကျဲရ် (Zin Cer) တို့ဖြစ်ပြီး ၎င်းတို့မှာ တတိယတန်းနှင့် ပဉ္စမတန်း တက်ရောက်နေသည့် ကလေးငယ်များဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောင်းသားအချို့ ပျောက်ဆုံးနေကာ ၎င်းတို့ကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။


ဗုံးကြဲပြီး ၁၅ မိနစ်အကြာတွင် ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။


ဗန်ဟာရွာသည် ဟားခါးမြို့မှ ၂၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲထားခြင်းမရှိသည့် ရွာတစ်ရွာဖြစ်ပါတယ်။


========================


🚩🚩 ၅။ ကယားကြီးကျေးရွာမှာ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ဦး ဒဏ်ရာရ


အောက်တိုဘာ ၁၃ ရက်၊ 

Radio NUG


ရှမ်းပြည်နယ် မြောက်ပိုင်း၊ PSLF/TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အမျိုးသား ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီ ၅၅ မိနစ် အချိန်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး () လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် မောင်အစော ဗုံးစထိမှန် ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်းဆောင် ဆောင်နဲ့ နေအိမ် လုံး ထိမှန်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းရွာကို စစ်ကော်မရှင် တပ်က ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကလေး ဦး သေဆုံးပြီး က‌လေး ဦး အပါအဝင် ပြည်သူ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၆ လုံး ပျက်စီးခဲ့ရ ပါသေးတယ်။


========================


🚩🚩 ၆။ ကျောက်ထု အမတ (၃၆၈) နဲ့ ဆောမြို့က ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ဦးနဲ့ တပ်ကြပ်ကြီး ဦးကို ဖမ်းဆီးရမိ


အောက်တိုဘာ ၁၃ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ အခြေစိုက် .. (၃၆၈) တပ်ကနေ ထွက်ပြေးလာတဲ့ ဒု-တပ်ကြပ် ဦးနဲ့ ဆောမြို့က ထွက်ပြေးလာတဲ့ တပ်ကြပ်ကြီး ဦးကို ဖမ်းဆီးရမိ ခဲ့တယ်လို့ ယောအလင်းတန်းက သတင်း ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ရက်နေ့မှာ အမတ ၃၆၈ တပ်ကနေ ထွက်ပြေးလာပြီး ယောမြို့ကျေးရွာမှာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ အရက်တောင်းနေတဲ့ ဒု-တပ်ကြပ် ဦးကို အောက်တိုဘာ ၁၀ ရက်နေ့၊ မနက် နာရီခွဲ ခန့်မှာ ဒေသခံပြည်သူ တချို့နဲ့ ကာကွယ်ရေး ရဲဘော်တွေက ဝိုင်းဝန်းဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။


၎င်း ဒုတပ်ကြပ် ဦးနဲ့တူ MA-5 ပစ္စတို တစ်လက်၊ 9mm ကျည် တောင့်၊ လက်ပစ်ဗုံး လုံးနဲ့ လက်ကိုင်ဖုန်း လုံး တို့ကို သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဒုတပ်ကြပ် ဦး ထွက်ပြေးခဲ့တာကြောင့်ကျောက်ထု အမတ (၃၆၈) တပ်မှ စစ်ကော်မရှင် တပ်အင်အား ၁၂၀ ခန့်ဟာ ယောမြို့ကျေးရွာထဲကို အောက်တိုဘာ ၁၀ ရက်၊ ၁၁ ရက်နေ့တို့မှာ စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေ ခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ အောက်တိုဘာ ၁၂ ရက်၊ ညနေပိုင်းမှာလည်း ဆောမြို့ကနေ ထွက်ပြေးလာတဲ့ တပ်ကြပ်ကြီး အဆင့်ရှိ စစ်ကော်မရှင် တပ်ဖွဲ့ဝင် တစ်ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့တယ်လို့ သိရပြီး ဦး စလုံးကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ဝမ်းတွင်းမှာ စစ်ကော်မရှင်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး


အောက်တိုဘာ ၁၃ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာစစ်ကော်မရှင်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်း၊ လူငယ်များကို အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ Voice of Wundwin က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၁၁ ရက်နေ့မှာ ပင်းတလဲမှ ထွက်လာတဲ့ စစ်ကော်မရှင်တပ်က ပဲနံသာရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကြောက်လန့်ထွက်ပြေးတဲ့ ရွာသား ဦးကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


၎င်းစစ်ကော်မရှင် တပ်ဖွဲ့ဟာ ပင်းတလဲကိုပြန်ရာ လမ်းတလျောက်ရှိ ပုလုကုန်းရွာနဲ့ ကံကြီးရွာတို့က လူငယ် ဦး စီကိုပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။


အလားတူအောက်တိုဘာ ၁၂ ရက်နေ့မှာ ဆင်သေကွေ့၊ ကွေ့ကြီး ရွာများကို ပင်းတလဲမှ စစ်ကော်မရှင်တပ်ဖွဲ့ဟာ အိမ်စီးကားများနဲ့ ရောက်လာပြီး သေနတ် ပစ်ဖောက်ကာ တစ်အိမ်တက်ဆင်း ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ အိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဆင်သေ့ကွေ့ရွာမှ ဦး၊ ကွေ့ကြီးရွာမှ ဦး ဖမ်းဆီးခံရပြီး မိဘများအနေဖြင့် မိမိတို့ရဲ့သားများကို ပြန်လိုချင်ပါက ညတွင်းချင်း ဦးကို ၂၅ သိန်းဖြင့် ပြန်လာရွေးဖို့ ပြောသွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ အကြမ်းဖက်စစ်တပ်မှ အလင်းဝင်ပူးပေါင်းသူများနှင့် စစ်သုံ့ပန်းဦးရေ အောက်တိုဘာလ တစ်ပတ်အတွင်း ၅၅ ဦးအထိ ရှိခဲ့


အောက်တိုဘာ ၁၃ 

Radio NUG 


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း မြန်မာ့စစ်တပ်မှ စစ်သား၊ ရဲနှင့် ပြည်သူ့စစ်အဖွဲ့ဝင်စုစုပေါင်း ၅၅ ဦးသည် အလင်းဝင်ပူးပေါင်းလာခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း ပြည်သူ့ပန်းတိုင်မှ အသိပေးထုတ်ပြန်ပါတယ်။


အောက်တိုဘာ ရက်မှ ရက်အတွင်း စစ်တပ်မှ အလင်းဝင်ပူးပေါင်းလာသူ ၁၅ ဦးရှိခဲ့ပြီး စစ်သား ၁၄ ဦးနှင့် ရဲ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။


စစ်သားများမှာ ချင်းပြည်နယ်မှ ( ဦး) ပဲခူးတိုင်းမှ ( ဦး) ရန်ကုန်တိုင်းမှ ( ဦး) တနင်္သာရီတိုင်းမှ ( ဦး) ကရင်ပြည်နယ်မှ ( ဦး) နှင့် ကရင်နီပြည်နယ်မှ ( ဦး) တို့မှ ဖြစ်ပြီး ၎င်းတို့အနက် ၁၀ ဦးမှာ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသည့် တပ်သားသစ်များဖြစ်ကာ ရဲတစ်ဦးမှာ မကွေးတိုင်းမှ ဖြစ်တယ်လို့ သိရပါတယ်။


အလားတူ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၄၀ ဦးရှိခဲ့ရာ စစ်သား ၃၁ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦး ပါဝင်တယ်လို့ အသိပေးထားပါတယ်။


စစ်သားများမှာ မကွေးတိုင်းမှ (၂၇ ဦး) နှင့် စစ်ကိုင်းတိုင်းမှ ( ဦး) တို့မှ ဖြစ်ပြီး ၎င်းတို့အနက် ၂၃ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကာ ပြည်သူ့စစ်အဖွဲ့ဝင်များမှာ စစ်ကိုင်းတိုင်းမှ ( ဦး) နှင့် မန္တလေးတိုင်းမှ ( ဦး) တို့မှ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ပထမပတ်အထိ အလင်းဝင်ပူးပေါင်းသူနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ,၁၇၆ ဦးအထိ ရှိခဲ့ကြောင်း သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment