၂၀၂၅ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။  မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ဖိနှိပ်ခံရမှုကို ကုလသမဂ္ဂတွင် သံအမတ်ကြီး ဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဟု EU လူ့အခွင့်အရေးကိုယ်စားလှယ်ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ သရက်အကျဉ်းထောင်က လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသားများကို ထောင်ဗူးဝမှာ ပြန်လည်ဖမ်းဆီး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ တောင်ကြီးတွင် အသတ်ခံရတဲ့ လူသေအလောင်းကို လာစွန့်ပစ်၊ အောင်ပန်းတွင် ပျောက်ဆုံးနေတဲ့ လူငယ်တစ်ဦးကို သေဆုံးလျက် တွေ့ရှိ


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြဝတီ-ဝေါ်လေလမ်းပိုင်းတွင် စစ်ကောင်စီနှင့် KNLA အကြား တိုက်ပွဲပြင်းထန်နေ

🚩 ၂။ အရာတော်မြို့နယ်၊ သစ်ချိုရွာ စာသင်ကျောင်းကို စစ်တပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ကလေး ဦး အပါအဝင် ပြည်သူ ဦးခန့် သေဆုံး

🚩 ၃။ နတ်တလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံး

🚩 ၄။ လိုင်ဇာမြို့တွင် စစ်ကောင်စီ၏ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဈေးသည်နှစ်ဦး ဒဏ်ရာရ

🚩 ၅။ ဟိုမိန်းကျေးရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ဦးနဲ့ အမျိုးသား ဦး သေဆုံး

🚩 ၆။ ကောလင်းမှာ ဇနီးမောင်နှံ ဦးကို ပျူစောထီးအဖွဲ့က ဖမ်းဆီး၊ ပစ္စည်းများ လုယူကာ ဇနီးဖြစ်သူကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့

🚩 ၇။ မြင်းခြံခရိုင် ပကဖ အချုပ်ခန်းကနေ ထွက်ပြေးခဲ့သူတွေထဲမှ ဦးကို Zero ပြောက်ကျားတပ်ဖွဲ့ ပြန်လည်ဖမ်းဆီး ရမိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။  မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ဖိနှိပ်ခံရမှုကို ကုလသမဂ္ဂတွင် သံအမတ်ကြီး ဆွေးနွေး


အောက်တိုဘာ ၁၇ 

Radio NUG 


ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏ အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါတယ်။


အဆိုပါအစီအစဉ်တွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Ms. Mary Lawlor က ၎င်း၏ အစီရင်ခံစာကို တင်ပြခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေးကာကွယ်သူများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ထောက်ပြခဲ့ပါတယ်။


၎င်းက နိုင်ငံများအား လူ့အခွင့်အရေးကာကွယ်သူများကို အကာအကွယ်ပေးနိုင်ရန် မူဝါဒများတွင် ထည့်သွင်းရေးဆွဲရန် အကြံပြုခဲ့ပါတယ်။


ဆွေးနွေးပွဲတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၃၀ ခန့်မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးကာကွယ်သူများ၏ အခြေအနေကို ဆွေးနွေးထောက်ပြပြောကြားခဲ့ပါတယ်။


ဦးကျော်မိုးထွန်းက လူတိုင်းတွင် လူ့အခွင့်အရေးကာကွယ်ရန်၊ ချိုးဖောက်မှုများကို ငြိမ်းချမ်းစွာ ထုတ်ဖော်ရန်နှင့် ၎င်းကြောင့် လက်တုံ့ပြန်မှုများမှ အစိုးရထံမှ အကာအကွယ်ရရှိပိုင်ခွင့်ရှိသော်လည်း အချို့နိုင်ငံများတွင် လူ့အခွင့်အရေးကာကွယ်သူများသည် ခြိမ်းခြောက်မှုနှင့် တိုက်ခိုက်မှုများ ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးကာကွယ်သူများသည် မတရားဖမ်းဆီးချုပ်နှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ထိပါးစော်ကားမှု၊ အသက်အန္တရာယ်ပြုမှုနှင့် သတ်ဖြတ်မှုများကို ရင်ဆိုင်နေရတယ်လို့ ဖော်ပြခဲ့ပါတယ်။


၎င်းတို့သည် ဥပဒေအထောက်အပံ့မရှိဘဲ ဖမ်းဆီးချုပ်နှောင်ခံရပြီး တံခါးပိတ်စစ်ဆေးမှုများ၊ တရားမျှတမှုမရှိသည့် စီရင်ချက်များ၊ အကျဉ်းထောင်များတွင် အစားအစာ၊ ရေနှင့် ဆေးဝါးကုသမှု ကန့်သတ်ခံရမှုများကြောင့် အသက်သေဆုံးမှုများပင် ဖြစ်ပေါ်နေတယ်လို့ သံအမတ်ကြီးက ဆိုခဲ့ပါတယ်။


ထို့အတူ စစ်အုပ်စုက လူ့အခွင့်အရေးကာကွယ်သူများအား ဖမ်းဝရမ်းထုတ်ပြန်ထားသဖြင့် ၎င်းတို့သည် ပုန်းရှောင်ခြင်း သို့မဟုတ် နိုင်ငံပြင်ပ ထွက်ခွာရခြင်းများ လုပ်ဆောင်နေရကာ လူ့အခွင့်အရေးကာကွယ်သူများသာမက ၎င်းတို့၏ မိသားစုဝင်များပါ မမျှတသည့် စွပ်စွဲမှုများ၊ တရားစီရင်မှုများဖြင့် ဖိနှိပ်ခံနေရတယ်လို့ ထည့်သွင်းပြောကြားပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်အာဏာသိမ်းမှု ၅၆ လအတွင်း သတ်ဖြတ်ခံရသူများတွင် အမျိုးသမီး ၂၅ ရာခိုင်နှုန်း၊ ဖမ်းဆီးခံရသူများတွင် ၂၀ ရာခိုင်နှုန်း ပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။


အထူးသဖြင့် အမျိုးသမီးလူ့အခွင့်အရေးကာကွယ်သူများသည် တော်လှန်ရေးလှုပ်ရှားမှုများကို ဖိနှိပ်ရန် စစ်အုပ်စု၏ ပစ်မှတ်ထားမှုများကို ရင်ဆိုင်နေရပြီး ၎င်းတို့ကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မတရားအကျဉ်းချခြင်းများ ပြုလုပ်ခံနေရသည့်အပြင် စစ်အုပ်စုသည် အမျိုးသမီးတက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်၊ ထောက်လှမ်းရန် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုကာ ကျားမအခြေပြု အရှက်ခွဲမှုနှင့် အွန်လိုင်းအလွဲသုံးစားမှုများဖြင့် ၎င်းတို့၏ ပုံရိပ်နှင့် ဆန္ဒများကို ဖျက်ဆီးလျက်ရှိသည်ဟု သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။


မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအနေဖြင့် စစ်အုပ်စု၏ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားရှိရန်၊ စစ်အုပ်စု၏ အလိမ်အညာရွေးကောက်ပွဲကို ပြင်းထန်စွာ ကန့်ကွက်ရန်နှင့် လူ့အခွင့်အရေးကာကွယ်သူများ၏ ဘေးကင်းမှုနှင့် အခန်းကဏ္ဍကို မြှင့်တင်ကာကွယ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဟု EU လူ့အခွင့်အရေးကိုယ်စားလှယ်ပြော


အောက်တိုဘာ ၁၇ 

Radio NUG 


အောက်တိုဘာလ ၁၆ ရက်က မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အာဆီယံ-EU အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ-EU မူဝါဒဆွေးနွေးပွဲ အပြီးတွင် Malaysiakini သတင်းဌာနနှင့် တွေ့ဆုံစဉ် မြန်မာစစ်တပ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှုမရှိသည့်အပြင် စစ်တပ်၏ အာဏာခိုင်မာရေးကိုသာ ဦးတည်သည့် ရွေးကောက်ပွဲဖြစ်သဖြင့် ဥရောပသမဂ္ဂ (EU) အနေဖြင့် ၎င်းကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren က ပြောကြားခဲ့ပါတယ်။


သူမက မြန်မာစစ်တပ်အား ၎င်းတို့၏ လုပ်ရပ်များ ပြုပြင်ပြောင်းလဲရန်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ပဋိပက္ခများကို အမှန်တကယ်ဖြေရှင်းနိုင်ရန် စစ်မှန်သော ဆွေးနွေးမှုများ ပြုလုပ်ရန်လည်း တောင်းဆိုခဲ့ပါတယ်။


"လေ့လာသူတွေ လုံးဝ မစေလွှတ်ခြင်း၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခြင်း၊ ပဋိပက္ခများ အဆုံးသတ်ရေး တောင်းဆိုခြင်းတွေ ပြုလုပ်ပြီး သူတို့ကို အသိအမှတ်ပြု လက်ခံခြင်း မရှိဘူးဆိုတာ ပြသသွားမှာ ဖြစ်ပါတယ်" လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။


ထို့ပြင် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာ့ပဋိပက္ခဖြေရှင်းရေးတွင် ဆက်လက်ပါဝင်တွန်းအားပေးရန် EU အနေဖြင့် မျှော်လင့်ကြောင်း၊ မြန်မာ့အခြေအနေသည် အာဆီယံဒေသတစ်ခုလုံးအတွက် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေနေပြီး အိမ်နီးချင်းနိုင်ငံများလည်း ထိခိုက်ခံစားနေရကြောင်း သူမက ထောက်ပြခဲ့ပါတယ်။


မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ နယ်မြေအများအပြားကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် စွမ်းဆောင်နိုင်မှု မရှိကြောင်း စစ်ခေါင်းဆောင်ကိုယ်တိုင် အောက်တိုဘာလ ၁၅ ရက်က ဝန်ခံခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ သရက်အကျဉ်းထောင်က လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသားများကို ထောင်ဗူးဝမှာ ပြန်လည်ဖမ်းဆီး


အောက်တိုဘာ ၁၇ ရက်၊ 

Radio NUG


မကွေးတိုင်း၊ သရက်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား/သူများကို အမည်ခံသာ လွှတ်ပေးပြီး ထောင်ဗူးဝတွင် ပြန်လည်ကာ ဖမ်ဆီးခဲ့တယ်လို့ Justice Network For Political Prisoners က ထုတ်ပြန်ထားပါတယ်။


မြန်မာနိုင်ငံအသီးသီးရှိ အကျဉ်းထောင်များမှာ မတရား ဖမ်းဆီးခံထားရတဲ့ လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား/ သူများကို ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးခဲ့ကာ မတရား ပုဒ်မမျိုးစုံ တပ်ခံရတဲ့ ဖြစ်စဉ်များ ယခုနှစ်အတွင်းမှာ ပိုမို များပြားလာတယ်လို့ ဆိုပါတယ်။


ယခုလမှာလည်း သရက်အကျဉ်းထောင်အတွင်း ၁၇() ဖြင့် နှစ်တာ အကျဉ်းကျခံနေရတဲ့ ကိုစည်သူနိုင် ဆိုသူဟာ အောက်တိုဘာ ၁၃ ရက်နေ့က လွတ်ရက်စေ့ကာ လွတ်မြောက်လာပြီးနောက် ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီး ခံခဲ့ရတယ်လို့ သိရပါတယ်။


၎င်းကို သရက်ရဲစခန်းမှာ ညအိပ် ထိန်းသိမ်းခဲ့ပြီး ပုဒ်မ ၅၂(က) ဖြင့် ထပ်မံကပ်ခဲ့ကာ သရက်အကျဉ်းထောင်ကို ၁၆ ရက်နေ့မှာ ပြန်လည်ပို့ဆောင် ခံခဲ့ရတယ်လို့ စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။


မကြာသေးခင် ရက်အပိုင်းအခြားကလည်း တခြားသော နိုင်ငံရေးအကျဉ်းသား/သူ () ဦးဟာ သရက်ထောင်မှာပဲ ယခုလို လွတ်မြောက်ပြီးနောက် ပြန်လည်ဖမ်းဆီးခံရမှု ဖြစ်စဉ်များ ရှိခဲ့တယ်လို့ သတင်းရရှိထားကြောင်း JNPP က ဖော်ပြထားပါတယ်။


ယခုကဲ့သို့ ကျူးလွန်ချိုးဖောက်နေမှုများကို အဆုံးသတ်ရန် နှင့် စစ်ကော်မရှင်က ကျူးလွန်နေတဲ့ လုပ်ရပ်များကို အလုံးစုံ ဖော်ထုတ်ကြိုးစားရင်း နိုင်ငံရေးအကျဉ်းသူ/သား အားလုံး လွတ်မြောက်ရေး၊ မှန်ကန်သော တရားဥပဒေ ဖော်ဆောင်နိုင်ရေး ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ တောင်ကြီးတွင် အသတ်ခံရတဲ့ လူသေအလောင်းကို လာစွန့်ပစ်၊ အောင်ပန်းတွင် ပျောက်ဆုံးနေတဲ့ လူငယ်တစ်ဦးကို သေဆုံးလျက် တွေ့ရှိ


အောက်တိုဘာ ၁၇ 

Radio NUG 


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မရပ်ကွက် စဝ်စံထွန်းလမ်းတွင် အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ အလောင်းကို ကားဖြင့် လာရောက်ပစ်ချသွားကြောင်း ဒေသသတင်းများအရ သိရပါတယ်။


အလောင်းတွင် ထိုးသွင်းဒဏ်ရာများ၊ ပျက်ရှဒဏ်ရာများနှင့် နားရွက်တစ်ဖက် ဖြတ်ထားသည်ကို တွေ့ရတယ်လို့ သိရပါတယ်။


ဖြစ်ရပ်နေရာသို့ အမှတ် နှင့် အမှတ် ရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အလောင်းကို စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ စိန်ပန်းရဲရုံးမှ CCTV မှတ်တမ်းများဖြင့် တရားခံများကို ခြေရာခံစုံစမ်းနေသော်လည်း မမိသေးဘူးလို့ သိရပါတယ်။


ထို့အပြင် အောင်ပန်းမြို့ မဂ္ဂလာကန်အနီးတွင် ယနေ့မနက် နာရီဝန်းကျင်က အသက် ၂၅ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


၎င်းသည် ညောင်ပင်ထောင်ရပ်ကွက်မှ ဖြစ်ပြီး သုံးရက်ခန့် ပျောက်ဆုံးနေခဲ့သူဖြစ်တယ်လို့ သိရပါတယ်။


တောင်ကြီးနှင့် အောင်ပန်းမြို့များတွင် တစ်ပြိုင်နက် လူသေအလောင်းများ တွေ့ရှိရမှုသည် ရှမ်းတောင်ပိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပေါ်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ မြဝတီ-ဝေါ်လေလမ်းပိုင်းတွင် စစ်ကောင်စီနှင့် KNLA အကြား တိုက်ပွဲပြင်းထန်နေ


အောက်တိုဘာ ၁၇ 

Radio NUG 


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် စစ်ကောင်စီတပ်များသည် မြဝတီ-ဝေါ်လေလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ရည်မှန်းပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ပံ့ပိုးမှုဖြင့် စစ်ကြောင်းထိုးလာခဲ့ကြောင်း စစ်ရေးသတင်းများအရ သိရပါတယ်။


အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းတွင် အင်ကြင်းမြိုင်ရွာတွင် အင်အားအများအပြားဖြင့် တပ်စွဲခဲ့ပြီး မင်းလက်ပံရွာဘက်သို့ ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ KNLA နှင့် ပူးပေါင်းတပ်များနှင့် အင်ကြင်းမြိုင်နှင့် မင်းလက်ပံအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်များသည် မြဝတီမြို့အခြေစိုက် ခြေလျင်တပ်ရင်း (၂၇၅) မှ လက်နက်ကြီးများ၊ မစ်ဇိုင်းဒုံးများဖြင့် ပစ်ကူပေးနေပြီး အင်ကြင်းမြိုင်ရှိ တရုတ်ကျားဖြန့်ရုံအနီးမှ စစ်ကြောင်းများကို ထပ်မံစုဖွဲ့လှုပ်ရှားနေကြောင်း၊ ထိုင်းနယ်စပ်ရှိ ကျားဖြန့်လှေကူးဂိတ်များကိုလည်း ပိတ်ထားပြီး လမ်းပိုင်းအနီးတွင် သွားလာသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။


အောက်တိုဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း မြန်မာဘက်မှ ကျည်များ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြပြီး လက်ရှိအချိန်ထိ ထိုင်းဘက်တွင် ထိခိုက်ဒဏ်ရာရသူမရှိသေးသော်လည်း ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်များသည် BGF စစ်ဝတ်စုံနှင့် တံဆိပ်များကို ဝတ်ဆင်ကာ စစ်ကြောင်းထိုးနေပြီး BGF တပ်ဖွဲ့များကလည်း စစ်ကောင်စီနှင့်အတူ ပါဝင်လှုပ်ရှားနေတယ်လို့ သိရပါတယ်။


တိုက်ပွဲများကြောင့် လေးကေ့ကော်မြို့သစ်နှင့် အနီးအနားရှိ ကျေးရွာရှစ်ရွာထက်မနည်းမှ ဒေသခံပြည်သူများသည် ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ကမ်းဘေးသို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။


========================


🚩🚩 ၂။ အရာတော်မြို့နယ်၊ သစ်ချိုရွာ စာသင်ကျောင်းကို စစ်တပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ကလေး ဦး အပါအဝင် ပြည်သူ ဦးခန့် သေဆုံး


အောက်တိုဘာ ၁၇ 

Radio NUG 


အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် အရာတော်မြို့နယ်ရှိ သစ်ချိုရွာ စာသင်ကျောင်းအနီးကို တိုက်ပွဲ မဖြစ်ပွားဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် နှစ်အရွယ် ကလေးငယ် ဦး အပါအဝင် ပြည်သူ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ထိခိုက်ဒဏ်ရာ ရသူ ၁၀ ဦးကျော်လည်း ရှိနေပြီး ပြင်းထန်ဒဏ်ရာ ရသူများကြောင့် သေဆုံးမှု ထပ်မံ တိုးလာနိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ နတ်တလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံး


အောက်တိုဘာ ၁၇ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ နတ်တလင်း မြို့နယ်မှ ကျေးရွာများကို စစ်ကော်မရှင်တပ်က စစ်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ဦးထိ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။


အောက်တိုဘာလ ၁၆ ရက် ညနေ နာရီခွဲခန့်မှာ မကျီးပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ တောင်ညိုဆည် အနီးတဝိုက်က ကျေးရွာများကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စက်တပ်လေထီးများဖြင့် ထပ်မံ ဗုံကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် သင်းဘောချည်တိုင် ကျေးရွာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် မယင်း‌‌ကျေးရွာ စာသင်ကျောင်းကိုလည်း ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။


ထန်းတော ကျေးရွာနဲ့ ကြပ်ညိုကျေးရွာတို့မှာလည်း ဗုံးသီး ကျရောက်ပေါက်ကွဲမှု ရှိခဲ့တယ်လို့ သိရပြီး ထိခိုက်မှု အခြေအနေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာ ကိုလည်း အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာ စီးဖြင့် ဗုံး () လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ လိုင်ဇာမြို့တွင် စစ်ကောင်စီ၏ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဈေးသည်နှစ်ဦး ဒဏ်ရာရ


အောက်တိုဘာ ၁၇ 

Radio NUG 


လိုင်ဇာမြို့ရှိ ကုန်စိမ်းဈေးတန်းတွင် အောက်တိုဘာလ ၁၆ ရက် ၁၁:၅၀ ဝန်းကျင်ခန့်က ဒရုန်းဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ဈေးဆိုင်တွင် အိပ်နေသည့် တရုတ်နိုင်ငံသား လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းများအရ သိရပါတယ်။


ဆိုင်ခန်းနားမှာ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ညအိပ်နေတဲ့ တရုတ်လင်မယားနှစ်ဦး ထိသွားတယ်လို့ သိရပါတယ်။


ထို့ပြင် ဈေးဆိုင်အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ဟိုမိန်းကျေးရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ဦးနဲ့ အမျိုးသား ဦး သေဆုံး


အောက်တိုဘာ ၁၇ ရက်၊ 

Radio NUG


ရှမ်းပြည်နယ် မြောက်ပိုင်း၊ PSLF/TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ နမ့်ဆန် မြို့နယ်၊ ဟိုမိန်း ကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ဦး နှင့် အမျိုးသား ဦး သေဆုံး ခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၁၇ ရက်နေ့ မနက် နာရီ ၁၀ မိနစ် အချိန်မှာ ဟိုမိန်း ကျေးရွာကို စစ်ကော်မရှင်တပ်က ပေါင် (၅၀၀) ဗုံး လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၁၅ နှစ် အရွယ် ရှိကြတဲ့ လိုည်းစန္ဒာဝင်း၊ လိုည်းစပယ်ညွန့် နဲ့ အသက် ၅၅ နှစ် အရွယ်ရှိ ဦးကွန်နွယ်တို့ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် အသက် ၂၀ အရွယ်ရှိ လိုည်းနီလာကျော်နဲ့ အသက် ၄၀ အရွယ်ရှိ ဒေါ်အေဆွေတို့ ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရခဲ့ကာ နေအိမ် လုံး ထိမှန်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ နမ္မတူမြို့ကိုလည်း စစ်ကော်မရှင်တပ်က ပေါင် (၂၅၀) ဗုံး လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ဦး ထိမှန် ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်း ဆောင်နဲ့ ပြည်သူ့နေအိမ် တချို့ ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ ကောလင်းမှာ ဇနီးမောင်နှံ ဦးကို ပျူစောထီးအဖွဲ့က ဖမ်းဆီး၊ ပစ္စည်းများ လုယူကာ ဇနီးဖြစ်သူကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့


အောက်တိုဘာ ၁၇ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ညောင်ကုန်း ကျေးရွာမှ တန့်ဆည်ဘက်ကို ကထိန်ခင်းရန် သွားတဲ့ ဇနီးမောင်နှံ ဦးကို ပျူစောထီး အဖွဲ့က ဖမ်းဆီး၊ ပစ္စည်းများကို လုယူခဲ့ကာ ဇနီးဖြစ်သူကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ ကန့်ဘလူခရိုင်၊ အမှတ် () PDF တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၁၆ ရက်နေ့ မနက် နာရီခန့်မှာ ရွှေဘို - မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ စံပယ်နံသာ ပျူစောထီး အထိုင်စခန်းမှ ပျူစောထီးများက ကထိန်ခင်းရန်သွားတဲ့ ဦးကျော်မျိုး + မအေးမာဦး ဇနီးမောင်နှံ ဦးကို ဖမ်းဆီး ခဲ့တယ်လို့ ဆိုပါတယ်။


ထို့နောက် ဆွဲသီးပါ ရွှေဆွဲကြိုး ကုံး၊ ကျပ်သား ရွှေအခဲ ခဲ၊ နားကပ် ရံ၊ လက်ကောက် ကွင်း၊ (စုစုပေါင်း ရွှေ ကျပ်သား) နဲ့ ငွေသား သိန်း၊ ဖုန်း လုံး၊ ဆိုင်ကယ် စီးတို့ကို လုယူသွားခဲ့ကာ မအေးမာဦး အား အဓမ္မ ပြုကျင့်ပြီး သတ်ဖြတ်လိုက်တယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ခင်ပွန်းဖြစ်သူက ပြောပြပါတယ်။


အလားတူ အောက်တိုဘာ ၁၃ ရက်‌နေ့ကလည်း ရွှေဘို မှ တနိုင်းဘက်ကို ထွက်လာတဲ့ အံစာတုံးကား စီးပေါ်မှ လူငယ် ဦးကို အဆိုပါ စံပယ်နံသာ ပျူစောထီးစခန်းက မတရား ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။


သို့ဖြစ်ပါ၍ ပြည်သူများ အနေဖြင့် ခရီးသွားလာရာတွင် စစ်ကော်မရှင် တပ်စခန်းများ ရှိရာ နေရာများကို သတိပြု ရှောင်ရှား သွားလာကြဖို့ ကန့်ဘလူခရိုင်၊ အမှတ် () PDF တပ်ရင်းက အသိပေး ထားပါတယ်။


========================


🚩🚩 ၇။ မြင်းခြံခရိုင် ပကဖ အချုပ်ခန်းကနေ ထွက်ပြေးခဲ့သူတွေထဲမှ ဦးကို Zero ပြောက်ကျားတပ်ဖွဲ့ ပြန်လည်ဖမ်းဆီး ရမိခဲ့


အောက်တိုဘာ ၁၇ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင် ပကဖရဲ့ အချုပ်ခန်းကနေ အချုပ်သား ၃၀ နီးပါး လက်နက်တချို့ ယူဆောင်သွားကာ ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထဲက () ဦးကို Zero ပြောက်ကျားတပ်ဖွဲ့က ပြန်လည်ဖမ်းဆီး ရမိထားတယ်လို့ သိရပါတယ်။


အောက်တိုဘာ ၁၆ ရက်နေ့မှာ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံကနေ အချုပ်သား ၃၀ ခန့် သေနတ်တွေ ယူဆောင်ကာ ထွက်ပြေးသွားကြတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက အသိပေးထားပါတယ်။


ထွက်ပြေးသွားတဲ့ အချုပ်သားတွေထဲက အမျိုးသား ယောက် နဲ့ အမျိုးသမီး ယောက်ကို အောက်တိုဘာ ၁၇ ရက် (ဒီနေ့) မှာ Zero ပြောက်ကျားတပ်ဖွဲ့က ပြန်လည်ဖမ်းဆီး ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတို့နဲ့အတူ AK လက်၊ ပစ္စတို လက်၊ ကာဘိုင် လက် နဲ့ ဓါး အရှည် ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာ တပ်ရင်းထံကို တခါတည်း ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။


လက်ရှိမှာ မြင်းခြံခရိုင်ထဲက နွားထိုးကြီး နဲ့ မြင်းခြံမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးတာ၊ မီးရှို့တာနဲ့ ဒရုန်း၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေပြီး တော်လှန်ရေးတပ်တွေနဲ့လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment