၂၀၂၅ အောက်တိုဘာလ ၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ လူထုခေါင်းဆောင်ရဲ့ သားဖြစ်သူကို  အီတလီ အမျိုးသားလွှတ်တော် အမတ်များက ဂုဏ်ပြုပေးခဲ့

📌 ၂။ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) မှဒေသခံ စစ်ရှောင်ပြည်သူများကို ကျန်းမာရေး ကုသမှုများ ဆောင်ရွက်ပေးခဲ့

📌 ၃။ ဘုရားသုံးဆူမှာ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်းပွဲပြုလုပ်


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းပြီး အထူးတိုင်း စစ်ဌာနကို စစ်ကြောင်းအပ်နှံ

🚩 ၂။ မင်းတုန်းမြို့နယ်မှာ တာဝန်ချိန်းဖို့လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့

🚩 ၃။ ရေဖြူမြို့နယ်မှာ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံး

🚩 ၄။ ရွှေဘိုမှာ စစ်ကော်မရှင် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဦး သေဆုံးပြီး ဦး အရှင်ဖမ်းဆီးရမိ

🚩 ၅။ ကျောက်မဲမှာ စစ်ကော်မရှင်တပ်က ၁၆ နှစ်အရွယ် မိန်းကလေး တဦးကို အဓမ္မကျင့်ခဲ့ပြီး ၎င်းရဲ့ မောင်လေး၊ မိခင်တို့နဲ့အတူ သတ်ဖြတ်ခဲ့

🚩 ၆။ ထီးမဲ့ဘောကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး ဒဏ်ရာရ

🚩 ၇။ တပ်မ (၂၂) မှ စစ်ကော်မရှင် တပ်သား ဦး လက်နက်ဖြင့် ဗျူဟာ (၃၂) ထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ လူထုခေါင်းဆောင်ရဲ့ သားဖြစ်သူကို  အီတလီ အမျိုးသားလွှတ်တော် အမတ်များက ဂုဏ်ပြုပေးခဲ့


အောက်တိုဘာ ရက်၊ 

Radio NUG


မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ Kim Aris (ထိန်လင်း) ကို အီတလီ အမျိုးသား လွှတ်တော် (Senate) အမတ်များက မတ်တပ်ရပ် လက်ခုပ်သြဘာပေးကာ ဂုဏ်ပြုပေးခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာ ရက်နေ့က အီတလီ အမျိုးသားလွှတ်တော်၊ ဥက္ကဋ္ဌ Ignazio La Russa က လွှတ်တော်အတွင်း ဖိတ်ခေါ်ကာ မိတ်ဆက်ပေးခဲ့တယ်လို့ ကိုထိန်လင်း က ဆိုပါတယ်။


၎င်းအား ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူဟု မိတ်ဆက်ပေးတဲ့အခါ လွှတ်‌တော်တက်ရောက်နေတဲ့ လက်ဝဲ၊ လက်ယာ နိုင်ငံရေးအဖွဲ့ နှစ်ဖက်လုံးက အတူတကွ ဂုဏ်ပြုပေးခဲ့တာလို့ သိသိရပါတယ်။


ဒါဟာ အဓိပ္ပာယ် အပြည့်ရှိတဲ့ အခိုက်အတန့်ဖြစ်ပြီးမေမေ့ လွတ်မြောက်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးဟာ နိုင်ငံရေးထက် ကျော်လွန်တယ်ဆိုတာ ပြသလိုက်ခြင်းဖြစ်တယ်။လို့ ကိုထိန်လင်း က ပြောပါတယ်။


ထို့နောက် နိုင်ငံခြားရေး အထူးကော်မတီ၊ ဥက္ကဋ္ဌ (Senator) Pier Ferdinando Casini နဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာ ပြည်သူများရဲ့ လွတ်လပ်ရေးနဲ့ တရားမျှတမှု ရရှိရေးအတွက် ပံပိုးကူညီမှုများကို ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၂။ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) မှဒေသခံ စစ်ရှောင်ပြည်သူများကို ကျန်းမာရေး ကုသမှုများ ဆောင်ရွက်ပေးခဲ့


အောက်တိုဘာ ရက်၊ 

Radio NUG


ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF - KK မြေပြင်‌ဆေးတပ်ဖွဲ့က ဒေသခံ စစ်‌ဘေးရှောင် ပြည်သူလူထုကို ကျန်းမာရေး ကုသမှုများ ဆောင်ရွက်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


အကြမ်းဖက် အာဏာသိမ်း စစ်တပ်က တိုင်းပြည်နဲ့ ပြည်သူလူထု အာဏာကို မတရား သိမ်းယူပြီးတဲ့ အချိန်ကစ ယနေ့အထိ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ သွားလာခွင့်များ ဆုံးရှုံးခဲ့ယုံမျှ မကဘဲ ပညာသင်ကြားခွင့် နဲ့ ကျန်းမာရေး ကုသမှု ခံယူခွင့်များလည်း ပျောက်ဆုံးနေရတာ ကြာပြီလို့ PNDF - KK က ဆိုပါတယ်။


ကျန်းမာရေး ကူညီစောင့်ရှောက်မှုဟာလည်း လူတိုင်းရရှိသင့်တဲ့ အခွင့်အရေးဖြစ်တာကြောင့် ယခုမိုးတွင်းကာလ သွားလာရခက်ခဲတဲ့ ဒေသတွင်း ပြည်သူလူထုထံကို ကိုယ်တိုင်သွားရောက်ပြီး ကျန်းမာရေး ကူညီစောင့်ရှောက်မှု လုပ်ဆောင်ပေးခဲတာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၃။ ဘုရားသုံးဆူမှာ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်းပွဲပြုလုပ်


အောက်တိုဘာ ရက်၊ 

Radio NUG


ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်၊ ဘုရားသုံးဆူမြို့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်းပွဲ တခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ရက်၊ သီတင်းကျွတ် လပြည့်နေ့မှာ လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည် ကျန်းမာရေး အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရန်နဲ့ မတရား ဖမ်းဆီးချုပ်‌နှောင်ထားခြင်းမှ အမြန်ဆုံး လွတ်မြောက်နိုင်စေရန် ဆုတောင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လည် လွတ်မြောက်လာစေရန်အတွက် ဆုတောင်းခဲ့ကြပြီး လွတ်မြောက်ခြင်း မီးပုံးများကိုလည်း လွှတ်တင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ပဒဲဖိုးက ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းပြီး အထူးတိုင်း စစ်ဌာနကို စစ်ကြောင်းအပ်နှံ


အောက်တိုဘာ ရက်၊ 

Radio NUG


ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၊ စစ်ဆင်ရေး ကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်မယ့် ပဲခူးခရိုင် .က. တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းခြင်းနဲ့ စစ်ကြောင်းအပ်နှံပွဲကို အောက်တိုဘာလ ရက်နေ့က  KNU တပ်မဟာ () နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


အဆိုပါ အခမ်းအနားကို အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှုး ရဲဘော် အောင်စံရှား၊ စစ်ထောက်အရာရှိ ရဲဘော် ကွီးသောင်း၊ တိုင်းဆေးတာဝန်ခံ ဒေါက်တာဒေဝ၊ အမှတ် (၃၆) နည်းဗျူဟာမှူး ရဲဘော်ရန်နိုင်၊ ပဲခူးတိုင်း .က.  ထောက်လှမ်းရေးအရာရှိ ရဲဘော် စောဘီလူး၊ ပဲခူးခရိုင် ပကဖ တာဝန်ခံ ရဲဘော်ဖြိုးမောင်နှင့် ခရိုင် တာဝန်ခံများ၊ သက်ဆိုင်ရာ မြို့နယ် ပကဖ တာဝန်ခံများ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


အခမ်းအနားမှာ ရဲဘော်အောင်စံရှားမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ တော်လှန်ရေး ကြာရှည်လာတာနဲ့အမျှ ယခုလို စနစ်ကျတဲ့ စုဖွဲ့မှုကို စီစဉ်ဆောင်ရွက်မှုအတွက် အားရ ကျေနပ်မိကြောင်း၊ PDF နည်းတူ တိုက်ပွဲဝင်နေတဲ့ အဖွဲ့များ အနေနဲ့ အရေးကြီး ဦးထိပ်ပန်ဆင်ရမယ့် စစ်သည်တော် ကျင့်ဝတ်များ (Code of Conducts) အမိန့်နာခံတတ်မှု (Change Of Command) တို့အပြင် လက်နက်၊ ခဲယမ်း၊ အရင်းမြစ်များ မျှဝေ သုံးစွဲရေး၊ ရိက္ခာနဲ့ အုပ်ချုပ်ထောက်ပံ့မှုများ ရရှိရေး ဆက်လက်ဆောင်ရွက်သွားရမယ်လို့ ပြောကြားခဲ့ပါတယ်။


ထို့နောက် ပဲခူးခရိုင် .က. တာဝန်ခံ ရဲဘော်ဖြိုးမောင် မှ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား ထံ ပဲခူးခရိုင် .က. တိုက်ခိုက်ရေး စစ်ကြောင်းအား အပ်နှံခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၂။ မင်းတုန်းမြို့နယ်မှာ တာဝန်ချိန်းဖို့လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့


အောက်တိုဘာ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မင်းတုန်း မြို့ပေါ်မှ အလယ်ချောင်း ရဲစခန်းကို တာဝန်ချိန်းရန် လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ United State Of Burma Army - (USBA) အဖွဲ့ထံက သိရပါတယ်။


အောက်တိုဘာလ ရက်၊ မနက် နာရီခန့်မှာ ကားများကို ထားခဲ့ပြီး ခြေလျင် တက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ရဲ ပူး‌‌ပေါင်းအင်အား (၄၀) ဝန်းကျင်ပါ စစ်ကြောင်းကို ခုန်တိုင်ကျေးရွာ အနီးမှာ ကြားဖြတ်တိုက်ခိုက် ခဲ့တာပါ။


တိုက်ပွဲကြာချိန် ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိတာကို မျက်မြင် တွေ့ခဲ့ရပေမယ့် အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။


တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင် စစ်ကြောင်းဟာ မင်းတုန်းမြို့ပေါ် ပြန်ဆုတ်ခွာသွားခဲ့ပြီး လမ်းတလျောက် ကျေးရွာများက ပစ္စည်းများကို လုယူသွားခဲ့သလို၊ လူငယ်တွေကို အကြောင်းပြချက်မရှိ ဖမ်းဆီး ပေါ်တာဆွဲသွားခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာ ရက်နေ့က ကျောက်တိုင် တိုက်နယ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် ဂိတ်စခန်းမှ တပ်ချိန်းပြီး ပြန်လာတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကော်မရှင်ယာဉ်တန်းကို ချုံခိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ ရေဖြူမြို့နယ်မှာ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံး


အောက်တိုဘာ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာမှာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ခွဲက ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၃၀ ရက်နေ့က ဧကနိကျေးရွာကို ရောက်ရှိလာတဲ့ အင်အား (၂၀၀) ဝန်းကျင်ပါ စစ်ကော်မရှင် စစ်ကြောင်းကို နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှာ စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ရက်နေ့ ညနေ နာရီအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၎င်းရုပ်အလောင်းများကို ကျေးရွာအတွင်း မီးရှို့ကာ ထားပစ်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်‌ရေး တပ်များက သင်္ချုင်းမှာ သင်္ဂြုလ်ပေးခဲ့ရတယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ ကျေးရွာအတွင်းက နေအိမ် ၁၀ လုံးကို မီးရှိဖျက်ဆီးခဲ့ပြီး မီးရှို့ခံခဲ့ရတဲ့ နေအိမ်ထဲမှာ ကြံ့ခိုင်ရေးပါတီအမတ်၊ ပျူစောထီး နိုင်ဦး ရဲ့ နေအိမ် အပါအဝင် စစ်တပ်ထောက်ခံသူ နေအိမ် လုံး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ဒေါနတပ်ရင်း တပ်ခွဲ () ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့ ထားဝယ်ခရိုင်တပ်ပေါင်းစု ရေဖြူမြို့နယ်အ‌ခြေစိုက် မဟာမိတ်ပူးပေါင်းတပ်များနဲ့ မဟာမိတ် အဖွဲ့များက ပူးပေါင်းဆောင်ရွက် ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်မှ ရဲဘော် ဦး ကျဆုံးခဲ့ကာ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ ရွှေဘိုမှာ စစ်ကော်မရှင် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဦး သေဆုံးပြီး ဦး အရှင်ဖမ်းဆီးရမိ


အောက်တိုဘာ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တောင်ဘက်မုဒ် Good Brother ရုံးမှတဆင့် တဂဏန်း ကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ () ဦး သေဆုံးပြီး () ဦးကို အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ Wetlet Informational Network က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ရက်နေ့ မနက် နာရီခွဲ အချိန်မှာ အင်အား ၆၀ ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းကို ရွှေဘိုခရိုင် (တပ်ရင်း ၂၃၊ ၁၈၊ ၁၅၊ ၂၆၊ ၉၇၀၆ Together We Can) ရွှေဘိုခရိုင် အမှတ် () တပ်ရင်း၊ ရွှေဘိုမြို့နယ် ပကဖ၊ တိုက်နယ် () ပကဖ၊ တောဗိုလ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Northern Tiger Group အဖွဲ့တို့က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဘက်မှ တပ်ကြပ်ကြီး စံထွေး အပါအဝင် ဦး သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာ ရခဲ့ပြီး တပ်ကြပ်အဆင့် ဦးနဲ့ ပြည်သူ့စစ်မှုထမ်း ဦးကို အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ၆၀ မမ ကွန်မန်ဒိုပြောင်း လက်၊ MA-3 လက်၊ MA-1 လက်၊ ၆၀ မမ အဖူး ဖူး၊ RPG-7 အဖူး ဖူး၊ .၅၆ ကျည် ၁၀၀ တောင့်နဲ့ ကျောလွယ် ဂျမ်ဘာစက် လုံး တို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။


တိုက်ပွဲဖြစ်ပွားနေစဉ် ရွှေဘို ကညန ရုံးနဲ့ ရွှေဘို တထပ () တို့ကနေ့ လက်နက်ကြီးများ၊ ဟောင်ဝှစ်ဇာ များဖြင့် ပစ်ကူပေးခဲ့ရာ အောင်မြေဘုန်းကြီးကျောင်း အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကိုရင်လေး () ပါး ပျံလွန်တော်မူ ခဲ့ကာ () ပါး  ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဘက်မှလည်း ရဲဘော် ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ဦး ဒဏ်ရာရခဲ့တယ် လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ ကျောက်မဲမှာ စစ်ကော်မရှင်တပ်က ၁၆ နှစ်အရွယ် မိန်းကလေး တဦးကို အဓမ္မကျင့်ခဲ့ပြီး ၎င်းရဲ့ မောင်လေး၊ မိခင်တို့နဲ့အတူ သတ်ဖြတ်ခဲ့


အောက်တိုဘာ ရက်၊ 

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ကို စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်ချိန် ၁၆ နှစ်အရွယ် မိန်းကလေး တဦးကို အဓမ္မပြုကျင့်ခဲ့ပြီး ၎င်းရဲ့ မောင်လေး၊ မိခင်တို့နှင့်အတူ သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က ထုတ်ပြန်ထားပါတယ်။


ကျောက်မဲမြို့ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ ၂၄ ရက်နေ့က ကျောက်မဲမြို့နဲ့ ၁၀ ကီလိုမီတာခန့် အကွာရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ အရပ်သားပြည်သူ ဦးကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲက အမျိုးသမီးငယ် တဦးကို အဓမ္မ ပြုကျင့်ပြီးမှ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါမိသားစု သတ်ဖြတ်မခံရခင် မနက်ပိုင်းမှာပဲ စခန်းသာရွာဘက်ကို ကင်းလှည်လာတဲ့ စစ်ကော်မရှင်တပ်က ဆိုင်ကယ် စီးနင်းလာတဲ့ ဦးဇင်း တစ်ပါးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဆိုင်ကယ်ကို ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။


သတ်ဖြတ်ခံခဲ့ရသူတွေဟာ အသက် ၃၀ ခန့်ရှိ သံဃာတော် ပါး၊ အမျိုးသမီးကြီး ဦးနှင့် ၎င်းရဲ့ သမီးဖြစ်သူ ၁၆ နှစ်အရွယ် နန်းသိန်းဆာ၊ ၁၂ နှစ်အရွယ် သားငယ် စိုင်းသန်းမောင် တို့ ဖြစ်တယ်လို့ သိရပါတယ်။


သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းကို နောက်နေ့ မနက်မှာ မြင်တွေ့ခဲ့ရတဲ့ ဖခင်ဖြစ်သူကကျနော် တဲကို ပြန်ရောက်တော့ ကျနော့်မိန်းမကို ရင်ဘတ်မှာ ကျည်ရာနဲ့ မြေပေါ် လဲနေတာ တွေ့တယ်၊ သားကလည်း သူ့ဘေးမှာလဲနေပြီး သွေးတွေရွှဲနေတာ၊ သမီးရဲ့ အ၀တ်အစားတွေကိုလည်း မြေပေါ်မှာတွေ့ရတယ်၊ သူ့အလောင်း ကိုကျ အ၀တ်အစားတွေမပါဘဲ တဲထဲမှာတွေ့တယ်၊ သူမက အဓမ္မကျင့်ပြီး အသတ်ခံရတာ ဘေးမှာလည်း မြန်မာ စစ်တပ်ရဲ့ ၀တ်စုံနဲ့ (သေနတ်ပြောင်းခေါင်း)တွေလည်း တွေ့တယ်လို့ ပြောဆိုထားပါတယ်။


စစ်ကော်မရှင်တပ်ရဲ့ ကျောက်မဲမြို့သိမ်း ထိုးစစ်ကြောင့် ဩဂုတ်လ ကစပြီး ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေခဲ့ရတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ ထီးမဲ့ဘောကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး ဒဏ်ရာရ


အောက်တိုဘာ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ KNU တပ်မဟာ () အုပ်ချုပ်နယ်မြေ၊ မြိတ် - ထားဝယ် ခရိုင်၊ ကစယ်ဒို မြို့နယ်၊ တောင်ပျောက် ကျေးရွာအုပ်စု၊ ထီးမဲ့ဘော (သဲချောင်းကြီး) ကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU - Mergui - Tavoy District က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်နေ့ ညနေ နာရီ ဝန်းကျင်မှာ စစ်‌ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် လုံး ထိမှန်ပျက်စီးခဲ့ကာ ဒေသခံ ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။


ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေဟာ ထီးမဲ့ဘော‌ရွာသား အသက် (၁၀) နှစ်အရွယ် မသီရိနိုင်၊ အသက် (၉၁) နှစ်အရွယ် ဒေါ်ကျင်အေး၊ အသက် (၅၀) အရွယ် ဒေါ်မာမာ နဲ့ အသက် (၅၈) နှစ်အရွယ် ဦးစိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ တပ်မ (၂၂) မှ စစ်ကော်မရှင် တပ်သား ဦး လက်နက်ဖြင့် ဗျူဟာ (၃၂) ထံ အလင်းဝင်


အောက်တိုဘာ ရက်၊ 

Radio NUG


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေကော်ဒေသကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင် စစ်ကြောင်းမှ တပ်သား ဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ကော်ဘရာ စစ်ကြောင်းမှူးက ဖော်ပြထားပါတယ်။


အောက်တိုဘာလ ရက် သီတင်းကျွတ် လပြည့်နေ့မှာ တပ်မ (၂၂) လက်အောက်ရှိ စစ်ကော်မရှင် တပ်သား ဦး လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။


ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်စောကောက ၎င်းရဲ့ လူမှုကွန်ယက် စာမျက်နှာမှာသီတင်းကျွတ် လပြည့်နေ့မှာ တပ်မ ၂၂ မှ ဗျူဟာ ၃၂ ကို လာကန်တော့ဟု ဓာတ်ပုံမှတ်တမ်းများ နှင့်တကွ ဖော်ပြထားတာပါ။


ဓါတ်ပုံမှတ်တမ်းများမှာ ဖော်ပြထားချက်အရ အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင် တပ်သားများကို ဆုကြေး ငွေများ ဂုဏ်ပြုချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။


ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း လက်နက်ချ၊ အလင်းဝင်၊ ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကော်မရှင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ,၀၂၉ ဦးအထိ ရှိခဲ့ပြီလို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ပဒဲဖိုးက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment