၂၀၂၅ အောက်တိုဘာလ ၈ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်မထားသော ရွှေ့ပြောင်းအလုပ်သမား ၅၀၀,၀၀၀ မှ ၇၀၀,၀၀၀ ခန့်အတွက် အောက်တိုဘာ ၁၅ မှ ၂၉ ရက်အထိ ၁၅ ရက်ကြာ မှတ်ပုံတင်ခွင့်ပြုမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဒိုက်ဦးအကျဉ်းထောင်တွင် အမျိုးသမီးအကျဉ်းသူများအား ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင်မှ မတရားဖိနှိပ်မှုများ ပြုလုပ်နေ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စည်းရုံးရေးနှင့် လူထုလှုပ်ရှားမှုများ အားကောင်းလာစေရန် ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှု ကော်မတီ ဖွဲ့စည်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အညာမြေတပ်ပေါင်းစုမှ ဒဏ်ရာရရဲဘော် ပြည်ပတွင် ဆေးကုသပြီး ကျန်းမာစွာ ပြန်လည်ရောက်ရှိ


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို Rocket (၁၀) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၂။ ချောင်းဦးမြို့နယ် သီတင်းကျွတ်လပြည့်ည ဗုံးကြဲခံရမှုတွင် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုမှ ရဲဘော်နှစ်ဦး ကျဆုံး

🚩 ၃။ ဆောမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၄။ မိုင်းလုံ နဲ့ နမ္မတူ မြို့နယ်တို့ကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်၊ ကလေး ဦး အပါအဝင် ဒေသခံ ၁၀ ဦး သေဆုံး

🚩 ၅။ အကြမ်းဖက်စစ်တပ်မှ အလင်းဝင်သူများနှင့် စစ်သုံ့ပန်းဖမ်းဆီးခံရသူများ စက်တင်ဘာလ စတုတ္ထအပတ်တွင် ၃၂ ဦး ရှိ

🚩 ၆။ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာတွင် တရားမဝင် ရွေးကောက်ပွဲအတွက် ကပ်ထားတဲ့ မဲစာရင်းများကို မီးရှို့

🚩 ၇။ စက်တပ်လေထီး အန္တရာယ်ကို တန်ပြန်နိုင်ဖို့ နည်းလမ်းရှာရမယ်လို့ Tactical Raptor 2.0 တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်မထားသော ရွှေ့ပြောင်းအလုပ်သမား ၅၀၀,၀၀၀ မှ ၇၀၀,၀၀၀ ခန့်အတွက် အောက်တိုဘာ ၁၅ မှ ၂၉ ရက်အထိ ၁၅ ရက်ကြာ မှတ်ပုံတင်ခွင့်ပြုမည်


အောက်တိုဘာ  

Radio NUG 


ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ မှတ်ပုံတင်မထားသော ရွှေ့ပြောင်းအလုပ်သမား ၅၀၀,၀၀၀ မှ ၇၀၀,၀၀၀ ခန့်အား တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုရန် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ ၂၉ ရက်အထိ ၁၅ ရက်ကြာ အွန်လိုင်းမှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ထရီနွတ်ထီယင်ထုံက အောက်တိုဘာ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း Khasod English မှာ ရေးသားထားပါတယ်။


ထိုအစီအစဉ်သည် ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ အလုပ်သမားရှားပါးမှုကို ဖြေရှင်းရန်နှင့် မှတ်ပုံတင်မထားသော အလုပ်သမားများကို တရားဝင်အလုပ်အကိုင်စနစ်အတွင်းသို့ ထည့်သွင်းရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။


ဝန်ကြီး ထရီနွတ်ကအလုပ်ရှင်များတွင် တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမားများ ရှိလာသောအခါ ဥပဒေအရ အကာအကွယ်ပေးနိုင်ပြီး၊ ၎င်းသည် အလုပ်သမားဈေးကွက်နှင့် ပြည်သူ့လုံခြုံရေးတွင် တည်ငြိမ်မှုကို ဖြစ်ပေါ်စေသည့်အပြင် ပြည်သူ့ကျန်းမာရေးနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းနိုင်ငံ၏ ဂုဏ်သတင်းကိုလည်း မြှင့်တင်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။


အလုပ်ရှင်များသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် အွန်လိုင်းမှတစ်ဆင့် အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားရမှာဖြစ်ပြီး၊ သက်ဆိုင်ရာ အခကြေးငွေများကို ၂၄ နာရီလည်ပတ်သည့်စနစ်မှတစ်ဆင့် ပေးသွင်းရမှာဖြစ်ကာ လျှောက်ထားမှုအထောက်အထားသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်အထိ ယာယီအလုပ်လုပ်ကိုင်ခွင့်အဖြစ် ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။


ဝန်ကြီး ထရီနွတ်က အလုပ်လုပ်ကိုင်ခွင့်ထုတ်ပေးခြင်းနှင့် နိုင်ငံခြားသားအလုပ်သမားလျှောက်လွှာများ လုပ်ဆောင်ရန် e-WorkPermit System ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှစတင်ကာ eworkpermit.doe.go.th တွင် နိုင်ငံတဝန်း လည်ပတ်မှာဖြစ်ကြောင်း အသိပေးထားပါတယ်။


ထို၂၄ နာရီအွန်လိုင်းဝန်ဆောင်မှုသည် လျှောက်လွှာတင်သွင်းမှု၊ အခြေအနေစစ်ဆေးမှု၊ ခွင့်ပြုမှုနှင့် အလုပ်လုပ်ကိုင်ခွင့်လက်ခံရရှိမှုအထိ လုပ်ငန်းစဉ်အားလုံးကို အာဏာပိုင်များနှင့် တိုက်ရိုက်ထိတွေ့ရန်မလိုဘဲ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဒိုက်ဦးအကျဉ်းထောင်တွင် အမျိုးသမီးအကျဉ်းသူများအား ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင်မှ မတရားဖိနှိပ်မှုများ ပြုလုပ်နေ


အောက်တိုဘာ  

Radio NUG 


မန္တလေးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်၏ အမျိုးသမီးဆောင်တွင် ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင်မှ အကျဉ်းသူများအား အကြောင်းမဲ့ တိုက်ပိတ်ခြင်း၊ ထောင်ဝင်စာပါဆယ်များ ဖြတ်တောက်ပိတ်ပင်ခြင်း၊ ဈေးဘားများတွင် အဆမတန်ဈေးတင်ရောင်းချခြင်းနှင့် အကျဉ်းသူများ၏ ရပိုင်ခွင့်များကို ကန့်သတ်ပိတ်ပင်ခြင်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း Justice Network for Political Prisoners (JNPP) အဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


၂၀၂၅ ဇွန်လတွင် အကျဉ်းသူ မအိသူဟန် () သျှားစစ်အား တီဘီရောဂါသံသယရှိသည်ဟု ဆိုကာ အဆောင်မှ တိုက်ခန်းသို့ ရွှေ့ပြောင်းထားခဲ့သည့်အပြင် ဒေါ်နုနုအောင်ကိုလည်း တီဘီရောဂါသံသယရှိသူနှင့် ဘေးချင်းကပ်နေထိုင်ရသည်ဟု အကြောင်းပြကာ တိုက်ခန်းသို့ ထပ်မံပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဒေါ်နုနုအောင်က တီဘီရောဂါသံသယရှိပါက မိသားစုမှ ထောင်ဝင်စာလာတွေ့ချိန်တွင် စစ်ဆေးခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း၊ ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင်က ထိုသို့လုပ်ဆောင်ခွင့်မပြုဘဲ၊ ထောင်မှ စစ်ဆေးပြီး တီဘီရောဂါမရှိပါက တိုက်ခန်းမှ ပြန်လွှတ်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။


သို့သော် အကျဉ်းသူ နှစ်ဦးစလုံး၏ တီဘီစစ်ဆေးမှုရလဒ်မှာ ရောဂါမရှိ (Negative) ဖြစ်ကြောင်း ထွက်ပေါ်ခဲ့သော်လည်း၊ ၂၀၂၅ အောက်တိုဘာလအထိ တိုက်ခန်းမှ ပြန်လည်လွှတ်ပေးခြင်း မရှိသေးသည့်အပြင် အကြောင်းအမျိုးမျိုးပြကာ တိုက်ပိတ်ခံထားရသူများလည်း ရှိနေကာ ၎င်းတို့အား အမျိုးသမီးဆောင်တိုက်တွင် မထားရှိဘဲ၊ အဆောင်နှင့် ဆက်သွယ်မှုမရှိစေရန် အမျိုးသားတိုက်များဖြစ်သည့် တိုက်အမှတ် ၄၊ ၅၊ တို့တွင် ထားရှိထားတာကြောင့် အကျဉ်းသူများသည် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိခြင်း၊ ရေချိုးရာတွင် အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရတယ်လို့ အသိပေးထားပါတယ်။


ဒေါ်ဇင်မာကြည်အောင်သည် ထောင်ဝင်စာပါဆယ်များကို ကန့်သတ်ထိန်းချုပ်ပြီး၊ အကျဉ်းသူများအား ၎င်းထိန်းချုပ်ထားသည့် ဈေးဘားများတွင်သာ ဝယ်ယူရန် ဖိအားပေးနေသလို တရားဝင်ဈေးဘားတွင် ကျပ် ၇၀,၀၀၀ အထိ ဝယ်ယူခွင့်ပြုထားသော်လည်း၊ ထိုပမာဏကျော်လွန်ပါက အပိုဈေးဖြင့် တောင်းခံတယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ရောင်စုံအနွေးထည်များ ဝတ်ဆင်ခွင့်မပြုဘဲ၊ ရှာဖွေရေးဝင်စဉ်တွင် အနွေးထည်များကို သိမ်းဆည်းခဲ့ပြီး၊ လက်ရှည်အဖြူရောင် အ၀တ်အထည်များသာ ပေးသွင်းခွင့်ပြုတယ်လို့ သိရပါတယ်။


အကျဉ်းသူများအား စားသောက်ကုန်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ လုံလောက်စွာ ပေးသွင်းခွင့်မပြုခြင်း၊ ထောင်ဝတ်စုံနှင့် အနွေးထည်များ လုံလောက်စွာ မပေးထုတ်ခြင်းကြောင့် အကျဉ်းသူများသည် အအေးဒဏ်ကြောင့် ဖျားနာမှု၊ ကိုယ်ခံအားနည်းခြင်း၊ အရေပြားရောဂါများ ဖြစ်ပေါ်နေရတယ်လို့ အသိပေးထားပါတယ်။


အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ Justice Network for Political Prisoners (JNPP) အဖွဲ့မှ ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင်အပါအဝင် ပတ်သက်သူများအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် တောင်းဆိုထားပြီး၊ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် အပြင်းအထန် တောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စည်းရုံးရေးနှင့် လူထုလှုပ်ရှားမှုများ အားကောင်းလာစေရန် ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှု ကော်မတီ ဖွဲ့စည်း


အောက်တိုဘာ ရက်၊ 

Radio NUG


မန္တလေးဒေသ တော်လှန်ရေးစိုးမိုးနယ်မြေ၊ ပြင်ဦးလွင်ခရိုင်အတွင်းက ပြည်သူများ ဖက်ဒရယ် ဒီမိုကရေစီဆိုင်ရာ အသိပညာ၊ သဘောတရားရေးရာ ပြည့်ဝစွာဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဆန့်ကျင်တော်လှန်ရေးမှာ ပိုမို ထောက်ခံ ပါဝင်လာစေရန်အတွက် ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။


ကော်မတီအနေဖြင့် ဒေသတွင်း လူထုအသိပညာ‌ပေး စည်းရုံးရေးနဲ့ လူထုလုပ်ရှားမှုများ အားကောင်းလာစေရန်၊ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲအား လူထုဆန္ဒ မပါဝင်ကြောင်း သပိတ်မှောက် ဆန့်ကျင်တဲ့ လှုပ်ရှားမှု များကို ဖော်ဆောင်ရန်၊ စစ်အုပ်စုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုများတွင် ဒေသတွင်းက ပြည်သူများ ပိုမိုပါဝင် နိုင်ရန် စတဲ့ လူထုလှုပ်ရှားမှုများကို ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။


ထို့အပြင် မန္တလေးဒေသ ဖက်ဒရယ်ယူနစ် တည်ဆောက်ရေးအတွက် အထောက်အပံ့ ဖြစ်စေရန် နဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ တော်လှန်ရေးအင်အားစုများ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေး (AFCC-Mdy) နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသိပေး ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အညာမြေတပ်ပေါင်းစုမှ ဒဏ်ရာရရဲဘော် ပြည်ပတွင် ဆေးကုသပြီး ကျန်းမာစွာ ပြန်လည်ရောက်ရှိ


အောက်တိုဘာ  

Radio NUG 


ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန်ရှိ ပျူစောထီးရွာသိမ်းပွဲတွင် ဒဏ်ရာရရှိခဲ့သော အညာမြေတပ်ပေါင်းစုမှ ရဲဘော်ကိုချင်းသည် ပြည်ပတွင် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာချောမွတ်စွာ မိခင်ဌာနသို့ ပြန်လည်ရောက်ရှိလာကြောင်း အညာမြေတပ်ပေါင်းစုက အသိပေးထားပါတယ်။


၂၀၂၅ ခုနှစ် အောက်တိုဘာ ရက်က ဖြစ်ပွားခဲ့သော ထိုတိုက်ပွဲအတွင်း ရဲဘော်ကိုချင်းသည် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး၊ ပြည်ပတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရကာ ဆေးကုသမှုအတွက် ကုန်ကျစရိတ်မှာ ကျပ်သိန်း ၂၅၀ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။


နေထိုင်ရေးစီစဉ်မှုများအတွက် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (.က.) မှ ပံ့ပိုးကူညီခဲ့ပြီး  ၎င်းတို့၏ ပံ့ပိုးမှုအတွက် လေးစားကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။


ထို့ပြင်၊ ရဲဘော်ကိုချင်း၏ ဆေးကုသမှုကာလအတွင်း အာဟာရဓာတ်စာများ အသုံးပြုနိုင်ရန် ပြည်တွင်းနှင့် ပြည်ပရှိ တော်လှန်ရေးထောက်ခံသူများမှ စုစုပေါင်း ၂၈သိန်း ၅သောင်းကျပ် ထောက်ပံ့ပေးခဲ့ပြီး ထိုထောက်ပံ့မှုများအတွက်လည်း အညာမြေတပ်ပေါင်းစုက ကျေးဇူးတင်စကား ထုတ်ပြန်ထားပါတယ်။


ထို့အပြင် မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (..) မှ ရဲဘော်ကိုချင်း၏ မိသားစုအတွက် ကျပ်သိန်း ၂၀ ကို လိုအပ်သလို သုံးစွဲနိုင်ရန် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို Rocket (၁၀) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်


အောက်တိုဘာ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို Rocket ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother (CRB) က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ရက်နေ့က နခမ အတွင်းကို သီတင်းကျွတ် အကြိုအဖြစ် () ကြိမ်မြောက် ရော့ကတ် (၁၀) လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်တိုင်းရုံးမှ အရာရှိ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရိက္ခာ ဂိုထောင်စောင့် စစ်သည် ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် တပ်တွင်းမိသားစု () စု ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဦး သေဆုံးခဲ့ပြီး ကျန်မိသားစုဝင်မျာအား တဆ(ခွဲ) /၃၀၀ တပ်ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။


ယခုတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brother) မှ ဦးဆောင်ပြီး ချိုမိုင်မိုင်(ကနီ) Chindwin Brother Budalin Defense Force Bandula Defense Force Federal Democratic Force Burmer Army မုံရွာခရိုင် တပ်ရင်း (၁၄) ဗိုလ်လက်ကောက်အဖွဲ့ နဲ့ ယင်မာပင်ခရိုင် အမှတ် () တပ်ရင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ချောင်းဦးမြို့နယ် သီတင်းကျွတ်လပြည့်ည ဗုံးကြဲခံရမှုတွင် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုမှ ရဲဘော်နှစ်ဦး ကျဆုံး


အောက်တိုဘာ  

Radio NUG 


စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုမှ ရဲဘော်ချမ်းငြိမ်းအောင်နှင့် ရဲဘော်ညီညီဇော်တို့သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ရက်နေ့ ညနေ နာရီ ချောင်းဦးမြို့နယ် သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းနေချိန် ဗုံးကြဲခံရမှုတွင် ပြည်သူ့အကျိုးအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ကြောင်း သပိတ်အင်အားစုက ထုတ်ပြန်ကြေညာပါတယ်။


ရဲဘော်နှစ်ဦးစလုံးသည် မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုတွင် အကြမ်းမဖက်လူထုလှုပ်ရှားမှုများကို တက်ကြွစွာ ဦးဆောင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့သည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် တာဝန်ကျေပွန်စွာ ကြိုးပမ်းခဲ့ကြတယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ၎င်းတို့အား နွေဦးတော်လှန်ရေး၏ သူရဲကောင်းများအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ထားပြီး၊ ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကတိပြုထားပါတယ်။


ရဲဘော်ချမ်းငြိမ်းအောင်အား လူထုတိုက်ပွဲမြှင့်တင်ရေးကော်မတီ တာဝန်မှလည်းကောင်း၊ ရဲဘော်ညီညီဇော်အား ဘဏ္ဍာရေးကော်မတီ တာဝန်မှလည်းကောင်း အပြီးတိုင်ထုတ်ပယ်လိုက်ပြီး ၎င်းတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီးစီးခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ဆောမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


အောက်တိုဘာ ရက်၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး - (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်၊ မနက် နာရီခွဲ အချိန်မှာ တော်ဝိ‌ကျေးရွာရှိ စစ်ကော်မရှင်တပ် ခလရ (၂၀) တပ်ရင်းမှ ၈၁ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ ကွင်းဒလကြီး ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၅၄ နှစ် အရွယ် ဒေါ်သက်ဝင်း ထိမှန်သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။


အောက်တိုဘာလ ရက်၊ နေ့လယ် ၁၁ နာရီ မိနစ် ခန့်မှာလည်း စစ်ကော်မရှင်တပ် ခလရ (၅၇) တပ်ရင်းကနေ ပျဉ်ရေကျေးရွာ အတွင်းကို ဒရုန်းဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် တလုံး ထိမှန်ပျက်စီးခဲ့ပြီး မသဲမာ (၃၆ နှစ်) ဒေါ်ခင်လှတို့နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ မိုင်းလုံ နဲ့ နမ္မတူ မြို့နယ်တို့ကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်၊ ကလေး ဦး အပါအဝင် ဒေသခံ ၁၀ ဦး သေဆုံး


အောက်တိုဘာ ရက်၊ 

Radio NUG


ရှမ်းပြည်နယ် မြောက်ပိုင်း၊ PSLF/TNLA ထိန်းချုပ်နယ်မြေ၊ မိုင်းလုံ မြို့နယ်နဲ့ နမ္မတူ မြို့နယ်တို့ကို စစ်ကော်မရှင် တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ဦး အပါအဝင် ဒေသခံ ၁၀ ဦး သေဆုံးခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်၊ နေ့လယ် နာရီ ၁၀ မိနစ်ခန့်မှာ မိုင်းလုံ မြို့နယ်(ခွဲ) နမ့်ခုံးကျေးရွာအုပ်စု၊ မိုက်ဟုန်း ကျေးရွာကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး လုံး ကျဲချတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း မောင်အိုက်ဦး (အသက် နှစ်) ကိုအိုက်ထပ် (၂၇ နှစ်) ကိုအောင်ဆာ (၂၉ နှစ်) ကိုဆိုင်းစံပွင့် (၃၅ နှစ်) ကိုအိုက်ကျန်ဆာ (၃၇ နှစ်) နန်းအေးတက် (၂၂ နှစ်) နန်းလှဆိုင် (၂၅ နှစ်) ဒေါ်နန်းအေးမေ (၃၉ နှစ်) နန်းခင်ပ (၂၉ နှစ်) နဲ့ ဒေါ်အူန်းခင် (၄၅ နှစ်) တို့ သေဆုံးခဲ့တယ်လို့  သိရပါတယ်။


ထို့အပြင် အမည် မသိရသေးတဲ့ ဒေသခံ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပြီး နေအိမ် လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။


အလားတူ ထိုနေ့မနက် နာရီ ၃၃ မိနစ်အချိန်ကလည်း နမ္မတူမြို့နယ်၊ ရက်ကွက် () ‌ပုဗ္ဗာရုံ ဘုန်းကြီး‌ကျောင်းကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးသီးကျ‌ရောက် ပေါက်ကွဲမှုကြောင့် ပုဗ္ဗာရုံ ဘုန်းကြီးကျောင်း‌ အတွင်းက ကျောင်းဆောင် လုံး ထိခိုက်ပျက်စီး သွားခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ အကြမ်းဖက်စစ်တပ်မှ အလင်းဝင်သူများနှင့် စစ်သုံ့ပန်းဖမ်းဆီးခံရသူများ စက်တင်ဘာလ စတုတ္ထအပတ်တွင် ၃၂ ဦး ရှိ


အောက်တိုဘာ  

Radio NUG 


၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း မြန်မာစစ်တပ်မှ အလင်းဝင်ပူးပေါင်းသူများနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူများ စုစုပေါင်း ၃၂ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်မှ သတင်းထုတ်ပြန်ပါတယ်။


ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်အရ၊ အလင်းဝင်ပူးပေါင်းသူများမှာ စစ်သား ၁၄ ဦးဖြစ်ပြီး ၎င်းတို့အားလုံးမှာ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသည့် တပ်သားသစ်များဖြစ်ကာ တနင်္သာရီတိုင်းမှ ၁၂ ဦး၊ မကွေးတိုင်းမှ ဦးနှင့် စစ်ကိုင်းတိုင်းမှ ဦးတို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။


ထို့ပြင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူများမှာ စစ်သား ၁၆ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦး စုစုပေါင်း ၁၈ ဦးဖြစ်ပြီး ၎င်းတို့အားလုံးမှာ စစ်ကိုင်းတိုင်းမှ ဖြစ်တယ်လို့ သိရပါတယ်။


စစ်တပ်အတွင်း ထိပ်တန်းဗိုလ်ချုပ်ကြီးများ၏ ရာထူးအချွတ်အလဲသတင်းများနှင့်အပြိုင် အောက်ခြေစစ်သားများ၏ ပြည်သူ့ဘက်သို့ အလင်းဝင်လာမှုနှင့် လက်နက်ချမှုများသည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း အသိပေးထားပါတယ်။


၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ စတုတ္ထပတ်အထိ အလင်းဝင်ပူးပေါင်းသူနှင့် စစ်သုံ့ပန်းဖမ်းဆီးခံရသူများ စုစုပေါင်း ,၁၂၁ ဦးအထိ ရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာတွင် တရားမဝင် ရွေးကောက်ပွဲအတွက် ကပ်ထားတဲ့ မဲစာရင်းများကို မီးရှို့


အောက်တိုဘာ  

Radio NUG 


ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင် တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာ၊ လူငယ်အားမာန် စာကြည့်တိုက်တွင် အကြမ်းဖက်စစ်အုပ်စုမှ ထွက်ပေါက်အဖြစ် ကျင်းပ ပြုလုပ်မယ့် အတုအ‌ယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ကပ်ထားတဲ့ မဲစာရင်းများကို အောက်တိုဘာလ ရက် ၁၁နာရီ ၃၀ မိနစ်ခန့်တွင် ဝင်ရောက် မီးရှို့ ဖျက်စီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၂မှ သတင်းထုတ်ပြန်ထားပါတယ်။


ပြည်သူများအနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန်နှင့် သတိထားနေနိုင်ကြပါရန်လည်း အသိပေးထားပါတယ်။


========================


🚩🚩 ၇။ စက်တပ်လေထီး အန္တရာယ်ကို တန်ပြန်နိုင်ဖို့ နည်းလမ်းရှာရမယ်လို့ Tactical Raptor 2.0 တိုက်တွန်း


အောက်တိုဘာ ရက်၊ 

Radio NUG


လက်နက်အားနည်းတဲ့ဒေသတွေမှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီး အန္တရာယ်က ပိုဆိုးလာနေတာကြောင့် တန်ပြန်နိူင်မယ့် နည်းလမ်းတွေ ရှာရမယ်လို့ စစ်လက်နက် ပစ္စည်းနဲ့ နည်းပညာ သုံးသပ်ချက်တွေကို ဖော်ပြနေတဲ့ Tactical Raptor 2.0 က တိုက်တွန်းထားပါတယ်။


စစ်ကော်မရှင် တပ်ဘက်က စက်တပ်လေထီးတွေကို စတင် အသုံးပြုလာတာ နှစ်နီးပါး ရှိလာခဲ့ပြီ ဖြစ်ပေမယ့် တော်လှန်ရေး တပ်ဖွဲ့တွေမှာ ပစ်ချနိုင်ဖို့ ထိရောက်တဲ့ လက်နက်တွေ အားနည်းနေကာ ငွေကြေးအခက်အခဲအပြင် လမ်းကြောင်းအခက်အခဲတွေကလည်း ကြီးကြီးမားမား အဟန့်အတား ဖြစ်နေတယ်လို့ ဆိုပါတယ်။


စက်တပ်လေထီးတွေကို တန်ပြန်နိုင်ဖို့ ပွိုင့်ဖိုက် စက်သေနတ်ကြီးတွေကို ယာဉ်တင်ထားပြီး အလင်းအားနည်းချိန် ပစ်မှတ်ကို မြင်နိုင်ဖို့ thermal sight တပ်ဆင်တာ နဲ့ FPV ဒရုန်းတွေနဲ့ ဝင်တိုက်တာတွေက ထိရောက်မှု အရှိဆုံး နည်းလမ်းတွေ ဖြစ်တယ်လို့ အကြံပြုထားပါတယ်။


တဖက်မှာလည်း ရိုင်ဖယ်နဲ့ ကျည် ရရှိဖို့တောင် ရုံးကန်နေရတဲ့ အဖွဲ့တွေ အနေနဲ့ HMG, thermal sight, FPV လို လက်နက်တွေကို ရရှိနိုင်ဖို့ ခက်ခဲမှာဖြစ်ပြီး အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အမာခံမရှိတဲ့ စစ်ကိုင်းလို ဒေသမျိုးမှာ ပိုမိုခက်ခဲနေ နိုင်တာလည်း ဖြစ်ပါတယ်။


အရပ်သားတွေကို တမင်ပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် သေဆုံးစေတာ၊ Recreational, hobby အတွက် ရည်ရွယ်ထားတဲ့ စက်တပ်လေထီးကို စစ်ကော်မရှင်က လက်နက်အဖြစ် သုံးနေတယ် ဆိုတာတွေကို နိုင်ငံတကာ မီဒီယာတွေမှာ သတင်းပါအောင် ကြိုးစားသင့်တယ်လို့ ဆိုပါတယ်။


ထို့အပြင် အခြေခံ အကျဆုံး အချက်တွေဖြစ်တဲ့ လေကြောင်းအန္တရာယ် ကြိုတင်သတိပေးစနစ် (early warning network) တွေကို စီစဉ်ထားရှိတာ၊ အကာအကွယ် ဗုံးခိုကျင်းတွေ ထားရှိတာနဲ့ လူစုလူဝေး ရှောင်ရှားတာတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့ အားထည့်ရမယ်လို့လည်း အကြံပြုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment