၂၀၂၅ အောက်တိုဘာလ ၄ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးကျင်းပ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ‌ တွေ့ဆုံဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြိုင်မြို့နယ်မှာ အမျိုးသမီးနဲ့ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်းများ ပြန်လည်စတင်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြုဘုတ်အဖွဲ့ ဦးဆောင်အဖွဲ့ဝင်များစာရင်း ထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ စစ်မှုထမ်းရန် ငြင်းဆန်တဲ့ နေပြည်တော် (တပ်ကုန်း)မှ လူငယ် တစ်ဦး နှိပ်စက်ခံရပြီး သေဆုံး


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စက်တင်ဘာလ () လတာအတွင်း MSFC ကာကွယ်ရေးဌာန (DoD) ရှိ တပ်များ၏ စစ်ဆင်ရေး လှုပ်ရှားမှုများ ထုတ်ပြန်

🚩 ၂။ ဖားကန့်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရ၊ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း စက်ယန္တရားများကို မီးရှို့ဖျက်ဆီး

🚩 ၃။ မူး မြို့နယ်နှင့် ဆောထိ မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အပြစ်မဲ့ အရပ်သား () ဦး သေဆုံးပြီး () ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း () ကျောင်း ထိခိုက်ပျက်စီးခဲ့

🚩 ၄။ ရတဖ ၁၁ (တောင်ငူ)မှ ရဲတပ်သားနှင့် ခလရ (၂၆၁) တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်း ၂ဦး လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာ

🚩 ၅။ ခင်ဦးမြို့နယ် ပကဖ မှ ကျဆုံးရဲဘော်များ၏ မိသားစုများထံ အသိအမှတ်ပြု ဂုဏ်ပြုထောက်ပံ့ငွေများ ()ကြိမ်မြောက် ပေးအပ် ချီးမြှင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးကျင်းပ


အောက်တိုဘာ  

Radio NUG 


ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁၁/၂၀၂၅) အစည်းအဝေးကို အောက်တိုဘာလ () နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၊  ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏  အတွင်းရေးမှူးရုံးအဖွဲ့တို့ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက (၁၀/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပြီး တင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁၁/၂၀၂၅) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ကြောင်း အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ‌ တွေ့ဆုံဆွေးနွေး


အောက်တိုဘာ  

Radio NUG 


မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယုနစ်လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များသည် အောက်တိုဘာလ ()ရက် သောကြာနေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် Zoom Platform ကတဆင့် ဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


ဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို မျှဝေဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသော လွှတ်တော်နှစ်ရပ်က လွှတ်တော်ကိုယ်စားလှယ်များမှ  လက်ရှိမြေပြင် ဆောင်ရွက်ချက်များအပေါ်တွင် စိန်ခေါ်မှု အခက်အခဲများ၊ ဖက်ဒရယ်ယူနစ် တည်‌‌ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဥပဒေပြုရေး ဆိုင်ရာကိစ္စရပ် ကိစ္စရပ်များအပေါ်  အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


ဆွေးနွေးပွဲသို့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်တို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ယူနစ်လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ရေးရာကော်မတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအား မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌက ကျေးဇူတင် နိဂုံးချုပ်စကား‌ပြောကြားကာ အခမ်းအနားကို နေ့လယ် (၁၂း၁၅)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြိုင်မြို့နယ်မှာ အမျိုးသမီးနဲ့ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်းများ ပြန်လည်စတင်


အောက်တိုဘာ  

Radio NUG 


မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းမှာ အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးသင်တန်း (WCP) သင်တန်းကို စက်တင်ဘာလထဲမှာ စတင်ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


သင်တန်းတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ CRC နဲ့ ပဋိပက္ခကာလအတွင်း ကလေးငယ်များ ထိခိုက်မှုမရှိအောင် ကာကွယ်ရေးအတွက် International Humanitarian Law များ၊ ဂျန်ဒါ တန်းတူညီမျှရေး နဲ့ လူနည်းစု LGBTQIA+ အခွင့်အရေးများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လက်ရှိဥပဒေတွေကိုဆွေးနွေး သင်ကြား ပို့ချခဲ့တယ်လို့ ဖော်ပြထားပါတယ်။


သင်တန်းသားတွေအနေနဲ့ သင်တန်းကာလအတွင်းမှာ ကလေးသူငယ်နဲ့ပတ်သက်တဲ့ အခွင့်အရေးနဲ့ကာကွယ်စောင့်ရှောက်မှုများကို ပိုမိုနားလည်လာခြင်း၊ ဂျန်ဒါ တန်းတူညီမျှရေးအခြေခံသဘောတရားများကို ပိုမိုသိရှိလာခြင်း၊ LGBTQIA+  တို့ရဲ့ အခွင့်အရေးနဲ့ အကာအကွယ်ပေးမှုဆိုင်ရာများကို ပိုမိုနားလည်လာခြင်းတို့ အကျိုးကျေးဇူးရရှိကြောင်း မှတ်ချက်ပြုပြောဆိုခဲ့တယ်လို့ သိရပါတယ်။


‘’ ကိုယ့်ကိုယ်ကို အကြမ်းဖက်မှုတွေက ကင်းဝေးအောင်နေထိုင်ဖို့ နည်းလမ်းတွေကို ပိုသိလာပြီး အဲဒီလို ကြုံလာရင် အရေးယူနိုင်မှုတွေကိုလည်း လေ့လာသိရှိခဲ့ပါတယ်။ ဒီလိုသင်တန်းတွေ ရွာတိုင်းနီးပါး ပို့ချပေးရန် လိုအပ်တယ်လို့လည်း ထင်မြင်မိပါတယ်’’ လို့ သင်တန်းသားတဦးက မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြုဘုတ်အဖွဲ့ ဦးဆောင်အဖွဲ့ဝင်များစာရင်း ထုတ်ပြန်


အောက်တိုဘာ  

Radio NUG 


အောက်တိုဘာလ() ရက်နေ့တွင် မကွေးဒေသ ကြားကာလအခြေခံပညာရေး ကိုယ်စားပြုဘုတ်အဖွဲ့  ဦးဆောင်အဖွဲ့ဝင်များ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို Online မှ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် စနစ်တကျ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။


မဲပေးရွေးချယ်ပွဲ အခမ်းအနားသို့  ရွေးချယ်တင်မြှောက်ရေးကော်မရှင်အဖွဲ့မှ အတည်ပြုထုတ်ပြန်ထားသော ရွေးချယ်ခံ ကိုယ်စားလှယ် လောင်း (၁၅)ဦးနှင့် မကွေးဒေသအတွင်းရှိ မြို့နယ်ပညာ‌ရေးဘုတ်အဖွဲ့များနှင့် ပညာရေးအစုအဖွဲ့ အသီးသီးမှ ဆန္ဒမဲပေးရန် စာရင်း‌ပေးသွင်းထားသူ (၆၈)ဦးအနက်မှ ၈၀ ရာခိုင်နှုန်းကျော် တက်ရောက် ဆန္ဒမဲပေးခဲ့ကြတယ်လို့ သိရပါတယ်။


မဲ‌ပေးရွေးချယ်ပွဲတွင် မကွေးဒေသအတွင်းရှိ ပညာရေးအစုအဖွဲ့များမှ ရွေးချယ်တင်မြှောက်ခြင်း ခံရသော မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြုဘုတ်အဖွဲ့၏ ဦးဆောင်အဖွဲ့ဝင်များမှာ တာဝန်ခံ  ဆရာNway Oo UK ဒုတာဝန်ခံ-   ဆရာမအရိပ်ပန်း၊ ဒုတာဝန်ခံ-     ဆရာမNE စီမံရေးရာတာဝန်ခံ ဆရာငြိမ်းသူရ၊ ဘဏ္ဍာရေးရာတာဝန်ခံ ဆရာသက်၊ ပညာရေးရာတာဝန်ခံ ဆရာPolaris CDM ရေးရာတာဝန်ခံ   ဆရာမSofia မူဝါဒရေးရာတာဝန်ခံ  ဆရာဇင်နှင့် M&E ရေးရာတာဝန်ခံ  ဆရာမျိုးကျော်တို့ ဖြစ်တယ်လို့ သိရပါတယ်။


ရွေးချယ်တင်မြှောက်ရေးကော်မရှင်အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း၊ မကွေးဒေသအတွင်းရှိ ပညာရေးအစုအဖွဲ့အသီးသီးနှင့် တွေ့ဆုံကာ ရွေးချယ် တင်မြှောက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊  ရွေးချယ်ခံကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းနှင့် ဆန္ဒမဲပေးမည့်သူများ စာရင်းတောင်းခံခြင်း၊ ကော်မရှင်အဖွဲ့ထံ ပေးပို့လာသော ကိုယ်စားလှယ်လောင်းများ စာရင်းအား စစ်ဆေးအတည်ပြုထုတ်ပြန်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်း လုပ်ငန်းစဉ်အပါအဝင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁)ကြိမ် ကျင်းပပြုလုပ်၍   ပွင့်လင်းမြင်သာမှုရှိစွာ စီမံဆောင်ရွက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ စစ်မှုထမ်းရန် ငြင်းဆန်တဲ့ နေပြည်တော် (တပ်ကုန်း)မှ လူငယ် တစ်ဦး နှိပ်စက်ခံရပြီး သေဆုံး


အောက်တိုဘာ  

Radio NUG 


စစ်မှုထမ်းရန် ငြင်းဆန်တဲ့ လူငယ် တစ်ဦး နေပြည်တော် (တပ်ကုန်း) စုဆောင်းရေးတပ်မှာ ရိုက်နှက်နှိပ်စက်ခံရပြီး စက်တင်ဘာလ ၃၀ ရက်နေ့က သေဆုံးခဲ့ကြောင်း MDSIမှာ သတင်းဖော်ပြထားပါတယ်။


သေဆုံးသွားတဲ့ လူငယ်သည် တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာမှဖြစ်ပြီး စုဆောင်းရေးတပ်နှင့် အုပ်ချုပ်ရေးမှူးတို့ အပြင်းအထန်နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ထိုကဲ့သို့ နိုင်ငံအနှံ့က လူငယ်များသည် စစ်ကောင်စီတပ်ရဲ့ အဓမ္မဖမ်းဆီးစုဆောင်းတာ၊ စစ်မှုထမ်းရန် ဖိအားပေးခြိမ်းခြောက်တာနှင့် စစ်မှုထမ်းလူကုန်ကူးရောင်းဝယ်တာစတဲ့ လူအခွင့်အရေးချိုးဖောက်မှုများနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ စက်တင်ဘာလ () လတာအတွင်း MSFC ကာကွယ်ရေးဌာန (DoD) ရှိ တပ်များ၏ စစ်ဆင်ရေး လှုပ်ရှားမှုများ ထုတ်ပြန်


အောက်တိုဘာ  

Radio NUG 


၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ () လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် မဟာမိတ်တပ်ဖွဲ့များမှ ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးနှင့် တိုက်ပွဲသတင်းအချက်အလက်များကို ပြည်သူလူထုများ သိရှိရန် အောက်တိုဘာလ ၃ရက်နေ့တွင် အသိပေးထုတ်ပြန်ပါတယ်။


ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းများဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့သည် မွန်ပြည်နယ်၊ရေးမြို့နယ် သံဖြူဇရပ်မြို့နယ် နှင့် တန င်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တို့တွင် စစ်ဆင်‌ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ကာကွယ်ရေးဌာန (DoD) အောက်ရှိတပ်များနှင့် အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်တို့ စက်တင်ဘာလ - ၁၃ ၁၈ ရက်နေ့များတွင် မြေပြင်နှင့် ဝေဟင် မှတဆင့် ထိတွေ့တိုက်ပွဲ () ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာလ ()ရက်နေ့တွင် ရေးမြို့နယ် မော့ကနင် ကျေးရွာအနီးရှိ ရန်သူ့စစ်ကောင်စီ၏ ကွမ်ကျိုက် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ (၁၃) ရက်နေ့ ညနေ ()နာရီ (၂၀) မိနစ်တွင် မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်လမ်းဆုံအနီးရှိ ရန်သူစစ်ကောင်စီကင်းပုန်းဝပ်နှင့် မော့ကနင်ရွာအနီးရှိ ကွမ်ကျိုက်ဂိတ်စခန်းအား ဗုံးသီး() လုံးဖြင့် ဝင်ရောက်ဗုံးကျဲတိုက်ခိုက်နိုင်ခဲ့ကာ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။


ထို့အတူ စက်တင်ဘာလ (၁၈) ရက်နေ့ နံနက် (၁၀)နာရီတွင်လည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ ဘူတာအနီးရှိ ရန်သူ့စစ်ကောင်စီကင်းပုန်းကို ပျောက်ကြားစစ်ဆင်‌‌ရေးဖြင့် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုထိတွေ့တိုက်ပွဲများကြောင့် အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ တပ်များမှ စစ်သား () ဦးသေဆုံးပြီး ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ပွဲများကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) ရာမညတပ်‌တော် (RMA) KNLA တပ်ရင်း(၂၇) တပ်ခွဲ () ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ၊ နှင့် တပင်ရွှေထီးတပ်တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ အသိပေးထားပါတယ်။


စက်တင်ဘာ (၂၈) ရက်နေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) မှ ပြုလုပ်သော "စုပေါင်းကူညီလွတ်မြောက်ရေး မွန်မဲထီဖွင့်ပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာတွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ဖားကန့်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရ၊ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း စက်ယန္တရားများကို မီးရှို့ဖျက်ဆီး


အောက်တိုဘာ

Radio NUG 


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာအနီး ကုဋေမှော်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုအနီးတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ဦးခေါင်းတွင် ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


အောက်တိုဘာလ ၃ရက်နေ့ မွန်းလွဲ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုတွင် ဒဏ်ရာရသူအား ဆေးကုသမှုခံယူရန် ပို့ဆောင်ထားတယ်လို့ သိရပါတယ်။


ထို့အတူ အောက်တိုဘာလ ၃ရက်နေ့ နံနက် နာရီခန့်တွင်လည်း ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း ဘက်ဟိုးစက်ယန္တရားများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် နာရီကျော်အထိ လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မူး မြို့နယ်နှင့် ဆောထိ မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အပြစ်မဲ့ အရပ်သား () ဦး သေဆုံးပြီး () ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း () ကျောင်း ထိခိုက်ပျက်စီးခဲ့


အောက်တိုဘာ  

Radio NUG 


မူး မြို့နယ်နှင့် ဆောထိ မြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ အရပ်သားပြည်သူ လူထုများအား ပစ်မှတ်ထားပြီး ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သား () ဦး သေဆုံးပြီး () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ ဘုန်းကြီးကျောင်း () ကျောင်းထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ပါတယ်။


ဆောထိမြို့နယ်တွင် စက်တင်ဘာလ (၂၇) ရက် နေ့လယ် (၁၂) နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်မှ ဝိုင်ကျေးရွာအတွင်းသို့  (Y-12) လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ၎င်းကျေးရွာနေ ဒေါ်တင်တင်ဝင်း (၅၂) နှစ် သေဆုံးခဲ့ရပြီး မသိမ့်ညသွယ် (၁၈)နှစ် ထိခိုက် ဒဏ်ရာ ရရှိခဲ့ရကာ ဘုန်းကြီးကျောင်း () ကျောင်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် မူးမြို့နယ်တွင် စက်တင်ဘာလ (၂၄) ရက် () နာရီအချိန်တွင် လည်ပတ်မှ အကြမ်းဖက်စစ်တပ်မှ ပရဲစီကျေးရွာအတွင်းသို့ (၈၁)မမ ()လုံးပစ်ခတ်ခဲ့ရာ ပရဲစီ ကျေးရွာမှ စစ်ဘေးစစ်ရှောင်နေသော ရေလဲကျေးရွာ နော်မာလု (၄၃) နှစ်၊ နော်ကပြူစေး (၁၃) နှစ်တို့ ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ရတဖ ၁၁ (တောင်ငူ)မှ ရဲတပ်သားနှင့် ခလရ (၂၆၁) တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်း ၂ဦး လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာ


အောက်တိုဘာ  

Radio NUG 


စက်တင်ဘာလ ၂၃ရက်နေ့တွင် စစ်ကော်မရှင် ရဲတပ်ဖွဲ့လက်အောက်ရှိ ရတဖ ၁၁ (တောင်ငူ)မှ ကိုယ်ပိုင်အမှတ်-၃၀၉၇၀၄ ရဲတပ်သားကျော်ခိုင် ဘက်ပြောင်းခိုလှုံရန် ဆက်သွယ်လာသဖြင့် ရန်သူ့နယ်မြေအတွင်း ဝင်ရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း အောက်တိုဘာလ ၃ရက်နေ့တွင် သရက်ခရိုင်အမှတ်() တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


၎င်းနှင့်အတူ BA94 (MA-13) တစ်လက်၊ ကျည်ဘောက် ()ခု၊ ကျည် (၃၈၀)တောင့်နှင့်အတူ ခိုလှုံလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါရဲတပ်သားအား ချီးမြှင့်ငွေ ကျပ်သိန်း(၅၀)ပေးအပ်ပြီး နွေးထွေးပျူငှာစွာဖြင့် လက်ခံစောင့်ရှောက်ထားလျက်ရှိပြီး ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံလိုလျှင် တပ်ရင်း၏ Facebook internet စာမျက်နှာမှ တစ်ဆင့် ဆက်သွယ်ချိတ်ဆက်နိုင်တယ်လို့ အသိပေးထားပါတယ်။


အလားတူ ကရင်နီပြည်နယ်တွင်းရှိ ရှေ့တန်းစစ်ဆင်ရေးတစ်နေရာတွင် စစ်ကြောင်းထိုးလိုက်ပါလာခဲ့သော စစ်ကောင်စီ၏ တပ်သား ()ဦးမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင လက်နက်များနှင့်အတူ ထွက်ပြေး၍ ဘက်ပြောင်း ခိုလှုံလာခဲ့ကြောင်း KNDF ဗျူဟာအမှတ် () မှ သတင်းထုတ်ပြန်ပါတယ်။


ဘက်ပြောင်းခိုလှုံလာခဲ့သော အဆိုပါ စစ်ကောင်စီ တပ်သား နှစ်ဦးမှာ လွိုင်ကော်အခြေစိုက် ခလရ (၂၆၁) တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်းများဖြစ်ပြီး ၎င်းတို့ ထွက်ပြေးလာစဥ် MA-1 သေနတ် ()လက်နှင့်အတူ ခဲယမ်းအချို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။


ဘက်ပြောင်းခိုလှုံလာသူ ()ဦးမှာ ၎င်းတို့ဒေသတွင် စစ်ကောင်စီမှ ပေါ်တာဆွဲခေါ်ခြင်းကို ခံခဲ့ရကာ /၂၀၂၄ အခြေခံစစ်သင်တန်း ()လတက်၍ လွိုင်ကော်သို့ ပို့ဆောင်ခံရပြီး ရှေ့တန်းစစ်မြေပြင်တစ်နေရာသို့ လိုက်ပါလာကာ  စစ်ကောင်စီ၏ အာဏာရှင် စနစ်ဆိုးအောက်တွင် တာဝန်ဆက်လက် မထမ်းဆောင်လိုတာကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့မှ ပြောဆိုထားပါတယ်။


ဘက်ပြောင်းခိုလှုံလာသူ ()ဦးအား လိုအပ်သည့် ထောက်ပံ့မှုများနှင့်အတူ သက်ဆိုင်ရာဌာနသို့ ပို့ဆောင်၍ လုံခြုံစွာစောင့်ရှောက်ထားရှိပြီး စစ်အာဏာရှင်စနစ်ဆိုးအား သက်ဆိုးရှည်စေမည့်အစား လူထုဆီသို့မျက်နှာမှု၍ ဘက်ပြောင်းခိုလှုံလာကြပါရန် စစ်ကောင်စီအောက်တွင် မမျှတစွာ တာဝန်ထမ်းနေကြသူများအား တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။


========================


🚩🚩 ၅။ ခင်ဦးမြို့နယ် ပကဖ မှ ကျဆုံးရဲဘော်များ၏ မိသားစုများထံ အသိအမှတ်ပြု ဂုဏ်ပြုထောက်ပံ့ငွေများ ()ကြိမ်မြောက် ပေးအပ် ချီးမြှင့်


အောက်တိုဘာ  

Radio NUG 


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ) မှ ကျဆုံးရဲဘော်များ၏ မိသားစုများထံ အသိအမှတ်ပြု ဂုဏ်ပြုထောက်ပံ့ငွေများ ()ကြိမ်မြောက် ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါတယ်။


ကျဆုံးရဲဘော်များ ဖြစ်တဲ့

() ရဲဘော် ကြည်ကွန့်

()  ရဲဘော် သဲမောင်

() ရဲဘော် ညီထွေး

() ရဲဘော် တောက်တောက်

() ရဲဘော် ကောင်းကောင်း () K2

()  ရဲဘော် ရဲမင်းထက် () နေမင်း တို့၏ မိဘ/မိသားစုများ ထံ မြို့နယ် ပကဖ မှ အသိအမှတ်ပြု ဂုဏ်ပြု ထောက်ပံ့ငွေ ၆၀၀,၀၀၀/- (ခြောက်သိန်းကျပ်)ကို ()ကြိမ်မြောက် ချီးမြှင့် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment