၂၀၂၅ အောက်တိုဘာလ ၉ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ထိုင်းနိုင်ငံ၊ Chachoengsaoရှိ Melon Biotech (Thailand) Co;Ltd မှ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၃၂၀ ခန့်ကို သွားရောက်ကူညီဖြေရှင်းပေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ NUG ပညာရေးဝန်ကြီးဌာနမှ ဦးစီးပြီးဖက်ဒရယ်စိတ်ဓာတ်နွေဦးစကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာ့နွေဦးတက္ကသိုလ်၏ တတိယအကြိမ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်တည်ထောင်ခြင်း () နှစ်ပြည့် အခမ်းအနားကျင်းပမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ လူငယ် ဦးတွင် ဦးနီးပါး၊ အလုပ်အကိုင်၊ ပညာရေး သို့မဟုတ် သင်တန်းတစ်ခုခုတွင် ပါဝင်ခြင်းမရှိသည့် အခြေအနေတွင် ရှိနေကြောင်း UNDP အစီရင်ခံစာက ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ပြုံးပြုံးလေးရုပ်ရှင်ပြသမှုမှ ပထမအကြိမ် ရန်ပုံငွေ သိန်း ၈၀၀ကို ပညာရေးနှင့် မြေပြင်တပ်ဖွဲ့များသို့ ထောက်ပံ့


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မိုင်းငေါ့မြို့မှာ စစ်ကော်မရှင်က ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၂။ မယ်သမီခီး(ထီးခီး) ‌ကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့

🚩 ၃။ ဂန့်ဂေါမြို့၊ စိုင်ဒူးရွာတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှ မီးရှို့ဖျက်ဆီး၊ ယောဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

🚩 ၄။ လေးကေ့ကော် တိုက်ပွဲ တစ်လအကြာမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၅၀ ခန့် ထိခိုက်သေဆုံး

🚩 ၅။ ဝိုင်းမော်မြို့အနီး လမြန်စစ်မျက်နှာပြင်တွင် KIA နှင့် ပူးပေါင်းတပ်များ စစ်တပ်နှင့် ပြည်သူ့စစ်စခန်းများကို ပြန်လည်သိမ်းပိုက်

🚩 ၆။ မဲဇလီ - ဆည်‌တော် ကြိုးတံတားရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်

🚩 ၇။ ကနီမှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဦး သေဆုံး

🚩 ၈။ ခလရ (၁၀၁) တပ်ရင်းမှ စစ်ကော်မရှင် တပ်သား ဦး KNDO တပ်ရင်း () ထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ထိုင်းနိုင်ငံ၊ Chachoengsaoရှိ Melon Biotech (Thailand) Co;Ltd မှ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၃၂၀ ခန့်ကို သွားရောက်ကူညီဖြေရှင်းပေးခဲ့


ထိုင်းနိုင်ငံ၊ Chachoengsao Provincial ရှိ Melon Biotech (Thailand) Co;Ltd  အလှကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံမှ အလုပ်သမား (၃၂၀) သည် ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အောက်တိုဘာလ ရက်နေ့တွင် အလုပ်မှ ထုတ်ခံရ‌၍ တိုင်ကြားလာသဖြင့် အောက်တိုဘာလ () ရက်နေ့တွင် MHAC မဟာမိတ်အဖွဲ့မှ အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။

အဆိုပါစက်ရုံသို့ အလုပ်ဝင်ရာတွင် The First အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှတဆင့် ဝင်ရောက်လုပ်ကိုင်ရတာဖြစ်ပြီး အောက်တိုဘာလ ရက်နေ့တွင် The First အေဂျင်စီမှ အလုပ်သမားများ နေထိုင်ရာ အဆောင်သို့ လာရောက်ကာ စက်ရုံမှ အလုပ်ထုတ်လိုက်ပြီးဖြစ်၍ အလုပ်လာစရာမလိုတော့ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ထို့ကြောင့် သက်ဆိုင်ရာနယ်မြေ ဆာဝါဒီကန်ရုံးသို့ တိုင်ကြားပေးခဲ့ရာ ဌာနဆိုင်ရာအဖွဲ့စုံနှင့်အတူ လာရောက်စစ်ဆေးပြီး အလုပ်ထုတ်နစ်နာကြေးများအပါအဝင် ခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၅ရက်နေ့တွင် စက်ရုံပိုင်ရှင်၊ အလုပ်သမားခေါင်းဆောင်များနှင့်အတူ Chachoengsao Provincial Office of Labour Protection and Welfare တွင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ အောက်တိုဘာလ ၇ရက်မှာ ဆာဝါဒီကန်ရုံးတာဝန်ရှိသူများရှေ့မှောက်တွင် The First အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ အလုပ်ထုတ်ခံရသော အလုပ်သမား (၃၂၀)ဦးအတွက် အလုပ်ထုတ်နစ်နာကြေး  ဘတ် (3,045,600) အပြင် CI  စာအုပ်လုပ်ရန် ကောက်ခံထားသောငွေများ၊ ပကန်ကြေးများ အားလုံးကို အလုပ်သမားများ လက်ဝယ်သို့ ရရှိအောင်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ NUG ပညာရေးဝန်ကြီးဌာနမှ ဦးစီးပြီးဖက်ဒရယ်စိတ်ဓာတ်နွေဦးစကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ (HE) CDMA နှင့် Human Resources Department နှင့် HECAFC တို့က ဦးစီးပြီးဖက်ဒရယ်စိတ်ဓာတ်ခေါင်းစဉ်ဖြင့် နွေဦးစကားဝိုင်းဆွေးနွေးပွဲ (Spring Talk) ကို အောက်တိုဘာလ ၁၁ ရက်၊ မြန်မာစံတော်ချိန် :၀၀ နာရီတွင် ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

ထိုစကားဝိုင်းဆွေးနွေးပွဲသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထုအားလုံး နားလည်လိုက်နာကျင့်သုံးသင့်သည့် ဖက်ဒရယ်စိတ်ဓာတ်ကို မြှင့်တင်ရန် ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲတွင် ဆရာစော၊ ဆရာသွန်းနေစိုး၊ ဆရာကျော်ဝေဖြိုး၊ ဆရာမလီလီ နှင့် ကိုစိုးနောင် တို့ တက်ရောက်ဆွေးနွေးမှာဖြစ်ပြီး၊ ဆရာမလတ်က ပါဝင်ကူညီမယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာ့နွေဦးတက္ကသိုလ်၏ တတိယအကြိမ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်တည်ထောင်ခြင်း () နှစ်ပြည့် အခမ်းအနားကျင်းပမည်


မြန်မာ့နွေဦးတက္ကသိုလ် (MNOU) တတိယအကြိမ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်တည်ထောင်ခြင်း () နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်၊ သောကြာနေ့၊ နံနက် နာရီတွင် Zoom ပလက်ဖောင်းမှတဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါအခမ်းအနားသို့ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများနှင့် မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက်ရောက်ပေးရန် ဖိတ်ကြားထားပါတယ်။

Zoom လင့်ခ်ကို ပွဲကျင်းပချိန်မတိုင်မီ နာရီခန့် ကြိုတင်ကြေညာမှာဖြစ်ပြီး၊ ပါဝင်တက်ရောက်သူများအနေဖြင့် Student ID သို့မဟုတ် Roll Number ဖြင့်ဝင်ရောက်ရမယ်လို့ ကြိုတင်အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ လူငယ် ဦးတွင် ဦးနီးပါး၊ အလုပ်အကိုင်၊ ပညာရေး သို့မဟုတ် သင်တန်းတစ်ခုခုတွင် ပါဝင်ခြင်းမရှိသည့် အခြေအနေတွင် ရှိနေကြောင်း UNDP အစီရင်ခံစာက ဆို


မြန်မာနိုင်ငံရှိ လူငယ် ဦးတွင် ဦးနီးပါး၊ ခန့်မှန်းခြေ သန်းခန့်သည် အလုပ်အကိုင်၊ ပညာရေး သို့မဟုတ် သင်တန်းတစ်ခုခုတွင် ပါဝင်ခြင်းမရှိသည့် (NEET - Not in Employment, Education or Training) အခြေအနေတွင် ရှိနေကြောင်း UNDP Myanmar အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

အထူးသဖြင့် အမျိုးသမီးလူငယ်များတွင် ထိုအခြေအနေမှာ ပိုမိုဆိုးရွားပြီး၊ ၂၅% ခန့်သည် NEET အခြေအနေတွင် ရှိနေတယ်လို့ သိရပါတယ်။

ကယားပြည်နယ်တွင် (၄၂%) နှင့် ရခိုင်ပြည်နယ်တွင် (၃၂%) ကဲ့သို့သော ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် လူငယ်များ၏ ဖယ်ကျဉ်ခံရမှုနှုန်းမှာ အမြင့်ဆုံးဖြစ်တယ်လို့ အသိပေးထားပါတယ်။

ထိုအခြေအနေသည် လူငယ်များအတွက် လုပ်ငန်းကျွမ်းကျင်မှု၊ ဝင်ငွေရရှိနိုင်မှုနှင့် လူမှုအဆင့်အတန်း မြင့်မားလာနိုင်သည့် အခွင့်အလမ်းများကို ဆုံးရှုံးစေပြီး ကျား- ကွာခြားမှု၊ မသန်စွမ်းမှုနှင့် ဒေသအလိုက် မညီမျှမှုများသည် ထိုကွာဟမှုကို ပိုမိုနက်ရှိုင်းစေကာ၊ ရန်ကုန်ကဲ့သို့ မြို့ပြဒေသများတွင်ပင် လူငယ်များ၏ မျှော်မှန်းချက်များနှင့် အခွင့်အလမ်းများအကြား ကြီးမားသော ကွာဟချက်တစ်ခု ရှိနေတယ်လို့ ဆိုထားပါတယ်။

ထိုပြဿနာကို အလျင်အမြန် ကိုင်တွယ်ဖြေရှင်းခြင်း မပြုပါက၊ မြန်မာနိုင်ငံသည် ရေရှည်ဆင်းရဲနွမ်းပါးမှု၊ လူမှုဖယ်ကျဉ်ခံရမှုနှင့် လူသားအရင်းအမြစ်များ အလဟဿဖြစ်မှုတို့ကို ရင်ဆိုင်ရနိုင်ကြောင်း UNDP Myanmar မှသတိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ပြုံးပြုံးလေးရုပ်ရှင်ပြသမှုမှ ပထမအကြိမ် ရန်ပုံငွေ သိန်း ၈၀၀ကို ပညာရေးနှင့် မြေပြင်တပ်ဖွဲ့များသို့ ထောက်ပံ့


နိုင်ငံတကာတွင် ပြသခဲ့သည့်ပြုံးပြုံးလေးရုပ်ရှင်မှ ရရှိလာသော ရန်ပုံငွေများကို ပညာရေးနှင့် မြေပြင်တပ်ဖွဲ့များအတွက် ထောက်ပံ့ရန် ရည်ရွယ်ထားသည့်အတိုင်း ခွဲဝေမည့် အစီအစဉ်ကို ဆွေးနွေးရန် Zoom အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။

ပထမအကြိမ် ရန်ပုံငွေခွဲဝေမှုအဖြစ် ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန် (တိုကျိုနှင့် ဂူးမား) ထိုင်း (ချင်းမိုင်) စသည့် နေရာ ခုတွင် ပြသခဲ့သည့် ရုပ်ရှင်မှ ရရှိသော ရန်ပုံငွေ ၁၀၀% ကို လှူဒါန်းရန် စီစဉ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးသို့ ဒေါက်တာဇော်ဝေစိုး၊ ကလလတ/ဗျူဟာမှူး စိုင်းချစ်လှိုင်၊ KNDF စစ်ရေးချုပ် ခူရီးဒူ၊ မကွေး PDF မင်းဘူး PDF ပညာရေးဝန်ကြီးဌာနမှ အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဒါရိုက်တာ ကိုပေါက်၊ အကယ်ဒမီ မင်းမော်ကွန်း၊ တေးသံရှင် ကိုဝင်းနိုင်စိုး၊ပြုံးပြုံးလေးအဖွဲ့သားများနှင့် ရုပ်ရှင်ပြသရေးကော်မတီဝင်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရန်ပုံငွေခွဲဝေမှုအရ ပညာရေးဝန်ကြီးဌာနသို့ ကျပ်သိန်း ၄၀၀၊ တပ်ဖွဲ့များသို့ ကျပ်သိန်း ၄၀၀ ခွဲဝေထောက်ပံ့မည်ဖြစ်ပြီး၊ တပ်ဖွဲ့များအနက် KNDF မကွေး PDF မင်းဘူး PDF နှင့် ကလလတ တပ်ဖွဲ့များသို့ တစ်ခုလျှင် ကျပ်သိန်း ၁၀၀ စီ ထောက်ပံ့မည်ဖြစ်ကာ စုစုပေါင်း ကျပ်သိန်း ၈၀၀ ထောက်ပံ့ရန် စီစဉ်ထားသည့်အပြင်၊ပြုံးပြုံးလေးအဖွဲ့သား ၄၁ ဦးအား သီတင်းကျွတ်မုန့်ဖိုးအတွက် တစ်ဦးလျှင် ဘတ် ,၀၀၀ စီ၊ စုစုပေါင်း ဘတ် ၄၁,၀၀၀ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြသမည့် ရုပ်ရှင်မှ ရရှိသော ရန်ပုံငွေများကိုလည်း နွေဦးတော်လှန်ရေးအတွက် မြေပြင်လိုအပ်ချက်များသို့ ၁၀၀% ထောက်ပံ့သွားမှာဖြစ်ကြောင်း အသိပေးထားပြီး မကြာမီ ပြသမယ့် မေရီလန်း၊ ဘော့စတွန်၊ ဆန်ဖရန်စစ္စကို၊ နယူးယောက်၊ ကနေဒါ၊ ဘန်ကောက်နှင့် မဲဆောက်မြို့များတွင် ရုပ်ရှင်ပြသမှုများကို ဆက်လက်အားပေးကြရန် ဖိတ်ခေါ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ မိုင်းငေါ့မြို့မှာ စစ်ကော်မရှင်က ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


ရှမ်းပြည်နယ် မြောက်ပိုင်း၊ PSLF/TNLA ထိန်းချုပ်နယ်မြေ၊ မိုင်းဂေါ့မြို့၊ မန်လုံရပ်ကွက်ကို စစ်ကော်မရှင်တပ် က ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ဦး၊ အမျိုးသမီး ဦး သေဆုံးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ရက်၊ မနက် ၁၁ နာရီ မိနစ် အချိန်မှာ မန်လုံရပ်ကွက် ရဲစခန်းအရှေ့ကို ပေါင် ၂၅၀ ဗုံး () လုံး၊ ဈေးရပ်ကွက်ကို ရော့ကဒ် () လုံး၊ တာလုံရပ်ကွက်ကို ရော့ကဒ် () လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၅၀ အရွယ် ဒေါ်လှရီ၊ ၅၆ နှစ်အရွယ် ဦးရွှေဟုန်း တို့ ထိမှန်သေဆုံး ခဲ့ရပြီး မထွေးထွေးအောင် (၁၈ နှစ်) ဦးတင်မောင်အေး (၅၀ နှစ်) တို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ရက်‌၊ နေ့လယ် ၁၂ နာရီခွဲ အချိန်ကလည်း မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်ကော်မရှင်က ပေါင် ၂၅၀ ဗုံး () လုံး ကြဲချတိုက်ခိုက် ခဲ့တာကြောင့် ကလေး ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါသေးတယ်။


========================


🚩🚩 ၂။ မယ်သမီခီး(ထီးခီး) ‌ကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့


တနင်္သာရီတိုင်း၊ ကရင့်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ မြိတ် - ထားဝယ် ခရိုင်၊ ထီးမိုပွာ၊ မယ်သမီခီး ကျေးရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ရက်နေ့၊ နေ့လယ် နာရီအချိန်မှာ စစ်ကော်မရှင် တပ်က ဂျက်ဖိုက်တာဖြင့် ထပ်မံ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပြီး ပြည်သူ လူထုပိုင် ပစ္စည်းဥစ္စာများ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒီနေ့ (အောက်တိုဘာ ရက်) မနက် နာရီ ဝန်းကျင်ကလည်း ထီးခီးကျေးရွာကို စစ်ကော်မရှင်တပ်က Y12 ဖြင့် ၁၀ ကြိမ်၊ (၁၂၀ မမ) ဗုံးသီး အလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ ပါသေးတယ်။


========================


🚩🚩 ၃။ ဂန့်ဂေါမြို့၊ စိုင်ဒူးရွာတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှ မီးရှို့ဖျက်ဆီး၊ ယောဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်


အောက်တိုဘာလ ၈ရက်နေ့ နေ့လယ် နာရီခန့်တွင်  ဂန့်ဂေါမြို့အနီး စိုင်ဒူးရွာသို့ ခလရ ၅၀ တပ်မှ စစ်ကြောင်းတစ်ခု အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်လာပြီး လူနေအိမ် လုံးနှင့် ဆောက်လုပ်ရေးရုံးဝင်းအတွင်းရှိ အဆောက်အအုံ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းမှ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ကြောင်းသည် ကျေးရွာအတွင်း ပစ္စည်းများနှင့် ရိက္ခာအချို့ကို ယူဆောင်သွားပြီး ညနေ နာရီခန့်တွင် ဂန့်ဂေါမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ထို့ပြင်၊ အောက်တိုဘာလ ၈ရက်နေ့ နာရီ ၅၆ မိနစ်ခန့်တွင် ယောဒေသ၊ ဆောမြို့နယ်၊ ကျောက်ထုဒေသရှိ တစ်နေရာသို့ နေပြည်တော်‌လေတပ်မှ လာတဲ့ MIG-29 ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထို့အတူ၊ မင်းတပ်-ကျောက်ထုနယ်စပ်တစ်နေရာတွင် တံတားဦးလေတပ်နှင့် နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာ စီးဖြင့် :၅၇၊ :၅၉ နှင့် :၀၁ ခန့်တွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ လေးကေ့ကော် တိုက်ပွဲ တစ်လအကြာမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၅၀ ခန့် ထိခိုက်သေဆုံး


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်နဲ့ တလခန့်အကြာ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၅၀) ခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ Justice Soldier က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ဟာ နိုင်ငံရဲ့ အဖိုးတန် အရင်းအမြစ်များကို အဆမတန်သော တန်ဖိုးများဖြင့် လဲလှယ်ပြီး ရရှိလာတဲ့ နည်းပညာမြင့် စစ်လက်နက်များ၊ အဓမ္မဖမ်းဆီးစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်းအင်အားများကို အသုံးပြုပြီး အလုံးအရင်းနဲ့ လေးကေ့ကော် ဒေသကို ထိုးစစ်ဆင်ခဲ့တာ တလပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ထိုးစစ်ကို KNU / KNLA ဗျူဟာ (၃၂) Cobra စစ်ကြောင်း၊ ကျားသစ်နက် စစ်ကြောင်း၊ Venom စစ်ကြောင်းနဲ့ Justice Soldier တပ်ဖွဲ့၊ Drone တပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

တလ အကြာ တိုက်ပွဲများအတွင်း စစ်ကော်မရှင် တပ်ဘက်မှ (၁၅၀) ခန့် ထိခိုက် သေဆုံးခဲ့ကာ အလင်းဝင်ချင်သူ အများအပြား ရှိခဲ့ပြီး Justice Soldier တပ်ဖွဲ့မှ ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကာ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ ဝိုင်းမော်မြို့အနီး လမြန်စစ်မျက်နှာပြင်တွင် KIA နှင့် ပူးပေါင်းတပ်များ စစ်တပ်နှင့် ပြည်သူ့စစ်စခန်းများကို ပြန်လည်သိမ်းပိုက်


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးရှိ လမြန်ကျေးရွာအနီး စစ်မျက်နှာပြင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်တပ်ပေါင်းစုများ ထိန်းချုပ်ထားသည့် နေရာများကို အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းတွင် ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက သိရပါတယ်။

ဝိုင်းမော်မြို့၏ တစ်ခုတည်းသော မြို့စောင့်တပ်ဖြစ်သည့် ခလရ (၅၈) တပ်ရင်းနှင့် ပြည်သူ့စစ်စခန်းများရှိရာ ဝူယန်ကျေးရွာမှ လမြန်ကျေးရွာသို့ ဆက်သွယ်ထားသည့် ကားလမ်းတစ်လျှောက် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ပြီးခဲ့သည့်အပတ်က ထိုးစစ်ဆင်ကာ နေရာယူထားခဲ့တယ်လို့ သိရပါတယ်။

သို့သော် အောက်တိုဘာလ ရက် မနက် နာရီခွဲမှ နာရီအထိ KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ထိန်းချုပ်ခံထားရသည့် နေရာများကို အောင်မြင်စွာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ရက်နေ့တွင် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များသည် အင်အား ၁၀၀ ဝန်းကျင်ဖြင့် လမြန်ကျေးရွာသို့ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင်လာခဲ့ရာ အောက်တိုဘာလ ရက်နေ့ ညမှ ရက်နေ့ မနက် နာရီအထိ ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများအတွင်း KIA နှင့် ပူးပေါင်းတပ်များသည် လမြန်ကျေးရွာ ကားလမ်းတစ်လျှောက် နေရာအချို့မှ ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောကြားရာတွင် "အခုအချိန်က ဘယ်သူမှ အတည်တကျ နယ်မြေစိုးမိုးနိုင်တာ မရှိဘူး။ တစ်ခါတလေ စစ်ကော်မရှင်ဘက်က နောက်ဆုတ်လိုက်၊ တစ်ခါတလေ ကျွန်တော်တို့ နောက်ဆုတ်လိုက်နဲ့ ဝိုင်းမော်(လမြန်)ဘက် စစ်ရေးအခြေအနေက တင်းမာနေဆဲ" လို့ ဖြေကြားခဲ့ပါတယ်။


========================


🚩🚩 ၆။ မဲဇလီ - ဆည်‌တော် ကြိုးတံတားရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်း၊ မဲဇလီ-ဆည်တော် ကြိုးတံတားရှိ စစ်ဆေး‌ရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

အောက်တိုဘာလ ရက်၊ ညနေ နာရီတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် တစ်နာရီခွဲခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် အလောင်း () လောင်းနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မင်းဘူးခရိုင် အမှတ် () တပ်ရင်း၊ မင်းဘူးခရိုင် ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး မင်းဘူးခရိုင် အမှတ် () တပ်ရင်းက လက်နက်ကြီး ပစ်ကူပေးခဲ့တယ် လို့ သိရှိရပါတယ်။


========================


🚩🚩 ၇။ ကနီမှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဦး သေဆုံး


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ကနီမြို့စောင့်တပ်မှ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင် တပ်နဲ့ရဲ ပူပေါင်းအဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဦး သေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီး PDF က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ရက်၊ နေ့လယ် ၁၂ နာရီ ၄၀ မိနစ် အချိန်မှာ တပ်နဲ့ ရဲ အင်အား ၂၀ ခန့်ပါ ကင်းလှည့်တပ်ဖွဲ့ကို ကနီမြို့၊ ရပ်ကွက် () မှာ စောင့်ကြိုတိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ပြီး MA1 တစ်လက်၊ MA11 တစ်လက် တို့ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်၊ (9+အဖွဲ့ဝင်) ဗျူဟာ (၄၅) ကျောက်လုံးကြီး - PDF မှ လှုပ်ရှားတပ်စိတ် တစ်စိတ်ဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၈။ ခလရ (၁၀၁) တပ်ရင်းမှ စစ်ကော်မရှင် တပ်သား ဦး KNDO တပ်ရင်း () ထံ အလင်းဝင်


ကရင့်အမျိုးသား အစည်းအရုံး၊ မြိတ်-ထားဝယ် ခရိုင်၊ လယ်မူလားမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ အမှတ် (၁၀၁) ခြေလျင်တပ်ရင်းမှ တပ်သား ဦး လက်နက်နဲ့တကွ အလင်းဝင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ရက်နေ့က ခလရ (၁၀၁) တပ်ရင်းမှာ တာဝန်ကျနေတဲ့ အဓမ္မ ဖမ်းဆီး စုဆောင်းခံရသူ ပြည်သူ့ စစ်မှုထမ်း တပ်သား တစ်ဦး KNLA တပ်မဟာ () KNDO တပ်ရင်း () ထံကို ဆက်သွယ် အလင်းဝင်လာတယ် လို့ ဆိုပါတယ်။

အလင်းဝင် တပ်သားဟာ MA1 သေနတ် လက်၊ ကျည်ဘောက် ခု နဲ့ ကျည်ဆန်များကို တပါတည်း ယူဆောင် လာခဲ့ပြီး ဘက်ပြောင်းခိုလှုံလာခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment