၂၀၂၂ ဇန်နဝါရီလ ၁၄ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ခေါင်းဆောင်သုံးဦးကို စစ်ကောင်စီက အဂတိပုဒ်မ ၅ ခုကိုထပ်တိုး
📌စစ်ကောင်စီပြန်ကြားရေးရဲ့ သတင်းစကားက တော်လှန်ရေးအင်အားကိုသာ ထပ်မံဖြစ်ပေါ်စေခဲ့တဲ့သတင်း
📌အာဆီယံရဲံသဘောထားကို လေးစားဖို့ ဟွန်ဆင်ကို အင်ဒိုနှင့်မလေးက သတိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ခေါင်းဆောင်သုံးဦးကို စစ်ကောင်စီက အဂတိပုဒ်မ ၅ ခုကိုထပ်တိုးလိုက်ပါတယ်
သဘာဝဘေးအန္တရယ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းခရီးအစဉ်အတွက်ရဟတ်ယာဉ်ဌားရမ်းဝယ်ယူတာနဲ့ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အဂတိပုဒ်မ အမှု ၅ မှုာထပ်မံ စွဲဆိုလိုက်ပါတယ်။
ထပ်တိုးစွဲဆိုလိုက်တဲ့အမှုတွေကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက အသိပေးခဲ့ကြောင်းသိရပါတယ်။
စွပ်စွဲခံထားရတဲ့ ဒီအမှုတွေကိုလိုက်ပါဆောင်ရွက်မယ့် ရှေ့နေတွေနဲ့ တိုင်ပင်ဦးမှာဖြစ်လို့ ရှေ့နေကိုယ်စားလှယ်လွှဲစာမတင်နိုင်သေးကြောင်း တရားရုံးက တင်ပြခဲ့ပါတယ်။ တင်ပြမှုကို စစ်ကောင်စီတရားရုံးဘက်ကလက်ခံပြီး ဇန်နဝါရီလ ၂၁ ရက်မှာ ကိုယ်စားလှယ်လွှဲစာတင်ပြဖို့ ပြန်လည်အသိပေးခဲ့ပါတယ်။
ဒီအမှု ၅ မှုမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့အတူ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးကိုပါ ပူးတွဲစွဲဆိုထားတာဖြစ်ပါတယ်။
ရဟတ်ယာဉ်ဌားစီးတာနဲ့ ရဟတ်ယာဉ်ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။
ရွေးကောက်ခံအနိုင်ရခဲ့ပီး ပြည်သူ့ဆန္ဒနှင့်အညီဖွဲ့စည်းထားတဲ့ အစိုးရခေါင်းဆောင်တွေဟာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရဟတ်ယာဉ် တစ်စီးဌားရမ်းခဲ့ပါတယ် ။ ငှားရမ်းစာချုပ်မှာပါတဲ့ ပျံသန်းချိန်ထက် တကယ်တန်းအသုံးပြုတဲ့ ပျံသန်းချိန်လျော့နည်းခဲ့ရပါတယ်။ ဒါဟာ နိုင်ငံဘဏ္ဍာငွေ ထိခိုက်နစ်နာတယ်ဆိုကာ မည်သည့်ဥပဒေနှင့်မျှမညီဘဲ အဓမ္မအာဏာသိမ်းထားတဲ့ စစ်အုပ်စုဘက်က တရားစွဲခဲ့ခြင်းဖြစ်ပါတယ်။
အရေးပေါ်သုံးနိုင်ဖို့ နိုင်ငံပိုင်ရဟတ်ယာဉ်တစ်စီးကို အာဏာရအစိုးရအဖွဲ့က ဝယ်ရာမှာလည်း ဘဏ္ဍာရေးစည်းကမ်းမလိုက်တာတာတွေရှိခဲ့တယ် ရဟတ်ယာဉ်မရောက်သေးဘဲ ဝန်ဆောင်ခကို ကြိုပေးထားခဲ့တယ် ၊ သဘာဝဘေးအန္တရာယ်တွေမှာ သုံးဖို့ ဘဏ္ဍာငွေကို ရဟတ်ယာဉ်ဝယ်ဖို့ ပေးချေခဲ့တယ် စတဲ့အကြောင်းပြစွဲချက်တွေနဲ့ ပုဒ်မတပ်စွဲဆိုခဲ့တာပါ။ အဆိုပါ ရဟတ်ယာဉ်ကိစ္စနဲ့ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပြင် လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ပေါင်း ၃ ဦးကို အဂတိပုဒ်မ ၅၅ နဲ့တရားစွဲလိုက်တယ်လို့သိရပါတယ်။ ဒေါက်တာဝင်းမြတ်အေးကတော့ လက်ရှိဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG မှာ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဖမ်းဆီးခြင်းမခံရဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။
ထပ်တိုးစွဲဆိုခဲ့တဲ့ပုဒ်မများဟာ ထောင်ဒဏ် ၁၅ နှစ်ထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချနိုင်တဲ့အမှုကြီးများဖြင့် စွဲဆိုသည့်အမှုပေါင်း ၁၆ မှုအထိ ရှိလာပြီဖြစ်ပါတယ်။ လက်ရှိချိန်ထိတော့ စစ်ကောင်စီဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆ နှစ်ချမှတ်ပြီးခဲ့ပီဖြစ်ပါတယ်။
========================
📌📌စစ်ကောင်စီပြန်ကြားရေးရဲ့ သတင်းစကားက တော်လှန်ရေးအင်အားကိုသာ ထပ်မံဖြစ်ပေါ်စေခဲ့တဲ့သတင်းတပုဒ်အကြောင်း တင်ပြပေးပါ့မယ်
နိုင်ငံတော်အချုပ်အခြာ ပြည်သူ့အာဏာကို မည်သည့်ဥပဒေနဲ့မျှမညီညွတ်ဘဲ စစ်တပ်က သိမ်းယူခဲ့တာ နောက်ထပ်ရက်သတ္တ နှစ်ပတ်အတွင်း မကြာခင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ဆိုရင် တနှစ်ပြည့်ပါတော့မယ် ၂၀၂၀ ခုနှစ် နိုဝင်ဘာမှာကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ပြည်သူတွေဟာ ကပ်ရောဂါဘေးအန္တရာယ်ကြားမှာပဲ တခဲနက်မဲထည့်ခဲ့ကြပီး စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရှုံးနိမ့်မှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သောင်ပြိုကမ်းပြိုထပ်မံအနိုင်ရခဲ့ပါတယ်။ ပထမဦးဆုံးလွှတ်တော်ခေါ်ယူမယ့်ရက်ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာပဲ စစ်တပ်ဟာ မဲစာရင်းမှားယွင်းမှုကိုအကြောင်းပြပီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုဖမ်းဆီးကာ ဥပဒေမဲ့အာဏာသိမ်းယူမှုကြီးဖြစ်ပေါ်ခဲ့တာပါ။ အာဏာသိမ်းမှုကြောင့် ရက်ရက်စက်စက်ဖြိုခွင်းသတ်ဖြတ်ခံရပီးနောက် နိုင်ငံအဝန်းမှာ လက်နက်ကိုင်တော်လှန်မှု ခုခံစစ်ပွဲတွေပြင်းထန်ခဲ့ပီး ပြင်းထန်နေဆဲပါပဲ။ ဇန်နဝါရီလ ၁၄ ရက်နေ့မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာတော့ သူတို့သိမ်းယူထားတဲ့ အာဏာသိမ်းသက်တမ်းကို နောက်ထပ်တိုးသွားမယ်လို့ စစ်ကောင်စီအဖွဲ့ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အရေးပေါ်အခြေအနေရဲ့ အချိန်ကာလသတ်မှတ်ချက်ဟာ တစ်နှစ်ဖြစ်တဲ့အတွက် လာမယ့် ဖေဖော်ဝါရီ ၁ ရက် နေ့ဆိုရင် သက်တမ်းပြည့်ပြီဖြစ်လို့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သက်တမ်းတိုးဖို့လုပ်ပါမယ် ။ ဒါဟာ ဥပဒေနဲ့အညီဆောင် ရွက်ခြင်းဖြစ်တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခပ်တည်တည် ပြောဆိုသွားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ စစ်တပ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ် အခြေအနေမှာ နိုင်ငံတော်သမ္မတကသာ စစ်တပ်ကို အာဏာလွှဲပေးခွင့်ရှိတာဖြစ်ပါတယ်။ စစ်တပ်အာဏာ သိမ်းချိန်ဟာ နိုင်ငံတော်မှာ မည်သို့သောအရေးပေါ် အခြေအနေမှမဟုတ်ခဲ့ပါဘူး။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာလည်း ကျန်းမာစွာနဲ့ နိုင်ငံတော် တာဝန်တွေကို တရားဝင် ပုံမှန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။
စစ်ကောင်စီ တရားမဝင်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လာရောက် ဖမ်းဆီးစဉ် ကျန်းမာရေးအကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်ခိုင်းခဲ့ ကြောင်း၊ စစ်တပ်အနေနဲ့ ဥပဒေနဲ့အညီပဲ လုပ်သင့်ပြီး အာဏာမသိမ်းသင့်ပါဘူးလို့ ပြောခဲ့တဲ့ အကြောင်း သမ္မတ ဦးဝင်းမြင့်က တရားခွင့်မှာ ထုတ်ဖော် ပြောကြားခဲ့တဲ့သတင်းဟာ မြန်မာသာမကာ ပြည်ပနိုင်ငံများထိပါ ပြန့်နှံ့ရိုက်ခတ်ခဲ့ပါတယ်။ ဒီထုတ်ဖော်ပြောဆိုချက်တွေကြောင့် စစ်တပ်ကသာ နိုင်ငံတော်ပုန်ကန်မှုမြောက်တဲ့ ရာဇဝတ်မှုကို လက်နက်အားကိုးကျူးလွန်ခဲ့တာထင်ရှားသွားပါတယ်။
ယခုလို အာဏာသိမ်းသက်တမ်းတိုးတာနဲ့ ပတ်သက်ပြီလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ပုဒ်မ ၄၂၁ မှာ နိုင်ငံတော်သမ္မတအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းကိုပေးအပ်ထားတဲ့တာ၀န်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြင့်ပေးရန် အကျိုးအကြောင်းဖော်ပြပြီး တင်ပြလာပါက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။
ခုလိုစစ်အာဏာရှင်လက်အောက်ခံ ပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ တရားလက်လွှတ်ပြောဆိုနေမှုဟာ မြန်မာပြည်တဝှမ်းမှာ ရရာလက်နက်စွဲကိုင်နေကြပြီဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်လိုသူ တော်လှန်ရေးအင်အားစုများအတွက်တော့ ရှေ့ဆက်အားယူရမယ့် ခွန်အားရစရာများသာ ဖြစ်ပါတယ်။
========================
📌📌အာဆီယံရဲ့သဘောထားကို လေးစားဖို့ ဟွန်ဆင်ကို အင်ဒိုနှင့်မလေးက သတိပေးလိုက်တဲ့သတင်းကိုတင်ပြပေးပါ့မယ်
အာဆီယံအဖွဲ့ဥက္ကဌဖြစ်လာပီးချိန်ကစလို့ အာဆီယံခေါင်းဆောင်တွေ ဖယ်ကျဉ်ထားတဲ့ မြန်မာ့စစ်ခေါင်းဆောင်တွေကို ကမ္ဘောဒီယးယားဝန်ကြီးချုပ်ဟွန်ဆန်က အရာသွင်းကူညီနေမှုဟာ မရပ်တန့်သေးပါဘူး။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာလည်း အိမ်ရှင်ဥက္ကဌနေရာကဟွန်ဆင်ကြိုးစားခဲ့ပေမယ့် အများ အမြင်မကြည်မှုကြောင့် စည်းဝေးပွဲ ရက်ရွှေ့ခဲ့ရပါပီ အခြားသောနိုင်ငံခြားရေးဝန်ကြီးတွေကတော့ စည်းဝေးကိုတက်ရောက်ခြင်းမရှိတဲ့အပေါ်နားထောင်ကောင်းစေမယ့် အကြောင်းပြချက်မျိုးစုံကိုပေးခဲ့ကြပီး ဒါဟာ ဟွန်ဆင်ရဲ့တဦးတယောက်ထည်းစိုင်းပြင်းနေတဲ့လုပ်ရပ်တွေကို ကန့်ကွက်တဲ့ အဓိပ္ပါယ်သာဖြစ်တယ်လို့ သုံးသပ်မှုတွေ ကျယ်ကျယ်ပြန်ပြန့်ထွက်ပေါ်လာပါတယ်။ ခုလို တဦးတနိုင်ငံတည်းကနေပီး ဟွန်ဆန်ရဲ့လုပ်ရပ်တွေဟာ အဖွဲ့အစည်းတခုလုံးရဲ့ သဘောထားကိုလျစ်လျူရှုရာကျနေပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ သဘောဆန္ဒကို ပိုပြီး အလေးထား ချဉ်းကပ်ဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကို အင်ဒိုနီးရှားနဲ့ မလေးရှား နှစ်နိုင်ငံက သတိပေးလိုက်ပါတယ်။
စစ်တပ် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ဘုံသဘောတူညီမှု ၅ ချက်ကိုလိုက်နာဖို့ တောင်းဆိုထားတာဖြစ်ပီး မင်းအောင်လှိုင်ကလည်း ကတိကဝတ်ပြုထားပါတယ်။
ထိုဘုံသဘောတူညီချက်ကို ညှိနှိုင်းပြေလည်နိုင်စေဖို့ မင်းအောင်လှိုင်ကို အာဆီယံအဖွဲ့က ခေါ်ယူတွေ့ဆုံခဲ့တဲ့ ထိပ်သီးအစည်းအဝေးကြောင့် အာဆီယံဟာ ကမ္ဘာအဝန်းကဝေဖန်မှုတွေကို ကြုံခဲ့ရပါသေးတယ်။ လိုက်နာဆောင်ရွက်ရမယ့် ဘုံသဘောတူချက်တွေကို စစ်အုပ်စုဟာ တစုံတရာ တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့နောက်မှာတော့ အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မင်းအောင်လှိုင်နဲ့ အာဏာသိမ်း စစ်အစိုးရကို တက်ရောက်ခွင့် မပေးဖို့ အဖွဲ့ဝင်တွေ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနိုင်ငံခေါင်းဆောင်အဖြစ် မင်းအောင်လှိုင်ကို အသိအမှတ်မပြုဘဲ ဖယ်ကျဉ်ထားမှုတွေဟာ ကမ္ဘောဒီယား ဝန်ကြီးချုပ် အလှည့်ကျဥက္ကဌဖြစ်လာချိန်မှာတော့ မြန်မာနိုင်ငံကအာဏာရှင်ကို အာဆီယံသဘောထား မပါဘဲ အလေးထားဆက်ဆံမှုတွေ စတင်လာခဲ့ပါတယ်။ ဟွန်ဆန်ဟာ မင်းအောင်လှိုင်ကို အာဆီယံက အသိအမှတ် ပြုပေးဖို့ ပေါ်ပေါ်ထင်ထင် လော်ဘီလုပ်လာခဲ့ပါတယ်။ နေပြည်တော်ကို ကိုယ်တိုင် လာရောက်ပြီး မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့တဲ့ ဟွန်ဆန်ရဲ့ခရီးစဉ်ဟာ ပထမဆုံးအဆင့်မြင့်နိုင်ငံခေါင်းဆောင်တဦးရဲ့ အရေးပေးမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံက မင်းအောင်လှိုင်ကို လက်ခံဖို့ ဆိုတာဟာ ဟွန်ဆန်း တစ်ယောက်တည်းရဲ့ သဘောထားနဲ့ ဆုံးဖြတ်လို့ မရကြောင်း အာဆီယံကို ဦးဆောင် ထူထောင်ခဲ့တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က အတိအလင်း သတိပေးလိုက်တာ ဖြစ်ပါတယ်။ ဟွန်ဆန်အနေနဲ့ မြန်မာနိုင်ငံကို သူ့သဘောအတိုင်း သွားရောက် လည်ပတ်ခွင့် ရှိပါတ် ဒါပေမဲ့ သူဟာ အာဆီယံရဲ့ လက်ရှိ အလည့်ကျ ဥက္ကဋ္ဌလည်း ဖြစ်နေခြင်းကြောင့် မြန်မာကို သွားရောက်ဖို့ ဆိုရင် အာဆီယံ အဖွဲ့ဝင် အားလုံးနဲ့ မဟုတ်ရင်တောင် နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေဆီက အကြံယူ ဆွေးနွေးခဲ့သင့်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အက်ဘ်ဒူလာက ပြောကြားခဲ့ပါတယ်။
ဟွန်ဆန်ရဲ့ မြန်မာ ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းထောက်တွေက သဘောထား တောင်းခံချိန်မှာ အက်ဘ်ဒူလာက အခုလို မှတ်ချက် ပေးခဲ့တာပါ။
ဒါ့အပြင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိ တစ်ဦးကလည်း ကမ္ဘောဒီးယားဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အာဆီယံ ဘုံသဘောတူ ဆုံးဖြတ်ချက်တွေကို မပျက်မကွယ် လေးစားလိုက်နာသင့်ကြောင်း တိုက်တွန်းသွားပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တင်ပေးနိုင်ဖို့ ရည်ရွယ်အတည်ပြုထားတာဖြစ်ပါတယ်။ ဟွန်ဆန်နဲ့ ဖုန်းဆက် ဆွေးနွေးချိန်မှာ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုကလည်း မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ စစ်အစိုးရဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုလုပ်ဆောင်ပြတာ ဘာမှမရှိသေးကြောင်း ထောက်ပြ သတိပေးခဲ့ပါသေးတယ်။
ဟွန်ဆန်ကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဆီယံ အစည်းအဝေးတွေ တက်ရောက်ခွင့် ရှိသင့်တယ်လို့ ပွင့်ပွင့်လင်းလင်း မှတ်ချက် ပေးထားပါတယ်။ ကိုယ်တိုင်က စစ်အာဏာရှင်တဦးသဖွယ် ကမ္ဘောဒီးယားနိင်ငံကို ချုပ်ကိုင်ထားပီး အတိုက်အခံတွေအပေါ် ခေါင်းမဖော်နိုင်အောင်အုပ်စိုးထားသူ ဟွန်ဆင်ကြောင့် အာဆီယံအဖွဲ့ကြီးရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာလည်း အမြင်သဘောထားကွဲပြားပြီး စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment