သတင်းခေါင်းစဉ်များ -
📌NUG ရဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်အကြောင်းကြားစာကို ICJ က လက်ခံရရှိကြောင်း ပြန်လည်အကြောင်းကြား
📌အာဆီယံမူ (၅) ရပ်ကို စစ်အုပ်စုမဖော်ဆောင်လို့ အင်ဒိုသမ္မတ စိတ်ပျက်
📌ဇန်နဝါရီလအတွက် နွေဦးထီအရောင်းပိတ်ရန် (၂) ရက်သာ လို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌NUG ရဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်အကြောင်းကြားစာကို ICJ က လက်ခံရရှိကြောင်း ပြန်လည်အကြောင်းကြား
လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာဘက်က ကန့်ကွက်ချက်များကိုကြားနာဖို့ရှိနေပါတယ်။ ဒီကြားနာပွဲကို နိုင်ငံကိုယ်စားပြုအဖွဲ့အနေနဲ့ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုမှ ဦးဝဏ္ဏမောင်လွင်အဖွဲ့တက်ရောက်ဖို့တင်သွင်းထားသလို အမျိုးသားညီညွတ်ရေးအစိုးရမှ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်အနေနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်ဖို့ အကြောင်းကြားစာပေးပို့ထားခဲ့ပါတယ်။ ဒီဒုတိယအကြိမ်ကြားနာပွဲကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၁ ရက်မှာ တနင်္လာနေ့မှာ မြန်မာဘက်က နှုတ်ဖြင့် ပထမ လျှောက်လဲချက်တင်ရန် ဖြစ်ပါတယ်။
ပထမကြားနာစဉ်ကတော့ မြန်မာခေါင်းဆောင်အနေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်ခဲ့တာဖြစ်ပီး အာဏာသိမ်းပီးနောက်ပိုင်း စစ်အုပ်စုဘက်ကတော့ ၎င်းတို့ဖမ်းဆီးထောင်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အစား သူတို့ရဲ့လက်အောက်ခံဝဏ္ဏမောင်လွင်တက်ရောက်နိုင်ဖို့ ကြိုးစားနေပါတယ်။
အာဏာလုယူခံထားရပေမယ့် တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အစား ကုလသမဂ္ဂအထူးသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တက်ရောက်စေမှာဖြစ်ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ ယခင်ဒေါ်အောင်ဆန်းစုကြည်အစိုးရသွားရောက်ရင်ဆိုင်စဉ်ကတည်းကိုက ICJ မှာ Alternate Agent ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်မသွားနိုင်တဲ့အချိန်မျိုးမှာ Alternate Agent အနေနဲ့ထားထားပီးသားဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပီးသူမက " ဦးကျော်မိုးထွန်းသည် Alternate Agent လည်းဖြစ်သလို ကျွန်မတို့လက်ရှိ UNGA ရဲ့ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံကို တရား၀င်ကိုယ်စားပြုနေတဲ့ တစ်ဦးတည်းသော သံတမန်လည်း ဖြစ်ပါတယ်။ ဒီအနေအထားကိုတော့ ကျွန်မတို့ ICJ ဆီကို စာရေးသား ပေးပို့ထားပီးပါပီလို့" မီဒီယာများကို ထုတ်ဖော်ပြောကြားပါတယ်။ အခုလိုမျိုး နိုင်ငံကိုယ်စားပြုခွင့်အတွက် NUG ရဲ့အကြောင်းကြားစာကို ကောင်းမွန်စွာလက်ခံရရှိကြောင်း ICJ က ပြန်လည်အကြောင်းကြားလာတဲ့အကြောင်းကို မဇ္ဈီမသတင်းဌာနရဲ့မေးမြန်းခန်းမှာ ဒေါ်ဇင်မာအောင်က ခုလိုပြောကြားထားပါတယ်။
“ကျမတို့စာရေးသားပေးပို့ခဲ့တာကို တရားရုံးအနေနဲ့ ကောင်းမွန်စွာ လက်ခံရရှိပါတယ်ဆိုတဲ့ အကြောင်းပေါ့နော် အသိအမှတ်ပြုတဲ့စာတော့ရောက်လာပါတယ်. ဒီစာတာ့ကျမတို့ လက်ခံရရှိလာတယ် ဆိုတော့ ဒါက ကျမတို့ ICJ ကို ဆက်သွယ်ခဲ့တဲ့ ဆက်သွယ်မှုတွေထဲမှာ ဒီတစ်ကြိမ်ကတော့ လက်ခံရရှိကြောင်း responce လုပ်လာတယ်ဆိုတာကတော့ ထူးခြားချက်လို့ပြောလို့ရပါတယ်ရှင့်”
NUG ဘက်က စာရေးပို့ထားပီးသားဖြစ်သလို ICJ , ICC စတဲ့တရားရုံးများရဲ့ ဆုံးဖြတ်ချက်ဟာ သိုသိုသိပ်သိပ်ရှိပီး မှန်းဆရခက်တယ်လို့လည်း ဒေါ်ဇင်မာအောင်ကဆိုပါတယ်။
“ဒီ ICJ ရဲ့ တရားစွဲတဲ့အမှုဟာ လူပုဂ္ဂိုလ်တစ်ယောက်ကို ဒါမှမဟုတ်လို့ရှိရင် အစုအဖွဲ့တစ်ခုကို တရားစွဲတာမျိုးမဟုတ်ပဲ နိုင်ငံကို တရားစွဲတာဖြစ်တယ် နော် အဲ့တော့သွားရင်ဆိုင်တဲ့လူက နိုင်ငံကို ကိုယ်စားပြုပြီးတော့ ရင်ဆိုင်ရမှာဖြစ်တယ်ပေ့ါနော် ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ရမယ့် ကိစ္စရှိပါတယ် ဆိုတော့ ဒါကြောင့်မို့လို ဒီ ICJ အနေနဲ့ အငြင်းပွားဖွယ်ရာမရှိတဲ့ ကုလသမဂ္ဂမှာလည်း လက်ခံထားပြီးသားဖြစ်တဲ့ ဆုံးဖြတ်ချက်ကိုသာ လိုက်နာဖို့ရှိတယ်ပေါ့နော် ဆိုတော့ ကျမတို့ဘက်က နေကတော့ ဒီလုပ်ထုံးလုပ်နည်းတွေအရရယ် အစဥ်အလာအရရယ် တရားဝင်မှု အရရယ်က အငြင်းပွားဖွယ်ရာမရှိတဲ့ ဦးကျော်မိုးထွန်းသာလျှင် ဒါနိုင်ငံကို ကိုယ်စားပြုလို့ရနိုင်တာဖြစ်ပြီးတော့ ကျန်တဲ့ မည်သူတစ်ဦးတစ်ယောက်ကမျှ နိုင်ငံကို ကိုယ်စားပြုဖို့လို့ အသိအမှတ်ပြုထားတာမရှိဘူးပေါ့ အဲဒီတော့ ကုလသမဂ္ဂတင်မဟုတ်ပဲနဲ့ အခုအာဆီယံပေါ့နော် ဒေသတွင်းမှာဆိုရင်လည်း အာဆီယံကိုယ်တိုင်သည်ပင်လျှင် တကယ့်ထိပ်သည်းခေါင်းဆောင်တွေရဲ့ Non political representative ကိုပဲ လက်ခံပြီးတော့ ထိပ်သည်းအစည်းအဝေးမှာ နိုင်ငံခြားရေးအစည်းအဝေးတွေမှာတောင်မှ လက်မခံတဲ့ အနေအထားမျိုးရှိတယ်ပေ့ါနော် အဲတော့ ဒီလောက်အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ကိုယ်စားပြုမှု ပြဿနာကို ICJ အနေနဲ့ သူကကော ဘယ်လိုစဥ်းစားမလဲ ဘယ်သူ့ကို ကိုယ်စားပြုခွင့်ပေးမလဲဆိုတာကိုတော့ သူဆုံးဖြတ်ရတော့မှာဖြစ်တယ် ပေါ့နော် အဲလိုဆုံးဖြတ်တဲ့နေရာမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့အတွက် ကျမတို့ဘက်ကလည်း ဥပဒေကြောင်းအရ အကိုးအကား တွေနဲ့ ကျမတို့စာရေးသားပေးပို့ခဲ့တာဖြစ်တယ် ဘယ်လိုဆုံးဖြတ်ဦးမလဲဆိုတာတော့ ဒါ Feburary ၂၁ ရက်နေ့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့အခုချိန်တော့ မသိနိုင်သေးဘူးဆိုတဲ့အနေအထား အပြောဖို့လို့ခက်နေသေးတဲ့အနေထားတော့ ရှိတယ်”
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် စစ်တပ်က လူမျိုးတုံးသတ်ဖြတ်တယ်ဆိုပီး ဂမ်ဘီယာက မြန်မာကို ၂၀၁၉ နှစ်ကုန်တွင် စွဲဆိုထားသောအမှုကို ICJ ကဒုတိယအကြိမ်ကြားနာတော့မှာဖြစ်ပါတယ်။ စစ်တပ်ကဖမ်းဆီးထောင်ချတာခံနေရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုစဉ်က မြန်မာ့ခေါင်းဆောင်အနေနဲ့ သွားရောက်ရင်ဆိုင်ခဲ့ရပီး ခုချိန်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က နိုင်ငံကိုယ်စားပြုပီး ဒုတိယအကြိမ်တရားရင်ဆိုင်နိုင်ဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။
========================
📌📌အာဆီယံမူ (၅) ရပ်ကို စစ်အုပ်စုမဖော်ဆောင်လို့ အင်ဒိုသမ္မတ စိတ်ပျက်
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်အုပ်စုက မဖော်ဆောင်တဲ့အတွက် စိတ်ပျက်ရကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့တယ်လို့သိရပါတယ်။ မလေးရှားနိုင်ငံက Bernama သတင်းမှာ ယမန်နေ့က အဲဒီလို ဖော်ပြထားတယ်လို့ RFA က ဆိုပါတယ်။
မကြာသေးမီက သွားရောက်ခဲ့တဲ့ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်အတွင်း မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်ငါးခုကို အကောင်အထည်ဖော်ပါ့မယ်လို့ စစ်အုပ်စုဘက်က ကတိမပေးခဲ့တဲ့အပေါ် စိတ်ပျက်ရတယ်လို့ အင်ဒိုနီးရှား သမ္မတက ပြောပါတယ်။
မြန်မာခရီးစဉ်ရလဒ်တွေနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဟွန်ဆန်က အင်ဒိုသမ္မတ ထံ တယ်လီဖုန်းနဲ့ပြောဆိုရာမှာ ဘုံသဘောတူညီချက်ငါးရပ်နဲ့ စစ်အုပ်စုရဲ့ ရှေ့လုပ်ငန်းစဉ်ငါးချက်ကို မဆက်စပ်သင့်ဘူးလို့ အင်ဒိုနီးရှား သမ္မတက ထပ်ပြောခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက ‘အာဆီယံမူ ၅ ရပ်နဲ့ မင်းအောင်လှိုင်တို့ပြောတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ချက် ဘာဆိုဘာမှ ဆက်စပ်လို့မရဘူးဆိုတာ ဟွန်ဆန်သိပေမယ့် အဲဒီ၂ ခုကို ဆက်စပ်ဖို့ကြိုးစားနေတာ ဟွန်ဆန်ရဲ့မရိုးသားမှုပဲ’ လို့ ဆိုပါတယ်။
အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို မြန်မာဘက်အသီးသီးနဲ့ ဆက်သွယ်ခွင့်ပြုဖို့ စစ်အုပ်စုကို အင်ဒိုနီးရှားသမ္မတက တိုက်တွန်းလိုက်ပါတယ်။
========================
📌📌ဇန်နဝါရီလအတွက် နွေဦးထီအရောင်းပိတ်ရန် (၂) ရက်သာ လို
အခုဆိုလျှင် ဇန်နဝါရီလအတွက် အောင်လံလွှင့်ချီမယ့်နွေဦးထီလက်မှတ်များ ဝယ်ယူရန် (၂) ရက်သာ ကျန်ရှိပါတော့တယ်။
အခက်အခဲ အကြပ်တည်းများကြားမှ နွေဦးထီကို တော်လှန်ရေးအောင်စိတ်အပြည့်ဖြင့် ဝယ်ယူအားပေးနေကြတဲ့ မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းအားကျေးဇူးအထူးတင်ရှိပါတယ်။
နွေဦးထီရောင်းချခြင်းအား နေ့စဉ် မနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ထီလက်မှတ် ကန့်သတ်ထားခြင်း မရှိဘဲ ရောင်းချပေးနေပါတယ်။
ပြည်သူများ၏ အာဏာရှင်ကိုတော်လှန်လိုစိတ်ဟာ ဘယ်သောအခါမျှ သွေးအေး သွားခြင်းမရှိကြောင်းကို နွေဦးထီနှင့်အတူ အောင်လံလွှင့်ချီဆက်လက်သက်သေပြကြပါစို့။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment