၂၀၂၂ မေလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌CDM တိုက်ပွဲ ဆက်လက်ဆင်နွှဲရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်းပြောကြား
📌အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူလူထုများဟာ ပြသနာရှာတဲ့လူတွေမဟုတ်ဘဲ အဖြေရှာတဲ့လူတွေဖြစ်တယ်လို့ တရုတ်အစိုးရကို NUGနိုင်ငံခြားရေးဝန်ကြီး အသိပေးပြောကြား
📌မြန်မာပြည်သူပြည်သူများအနေဖြင့်ယမန်နှစ်မှစတင်၍ ဗုဒ္ဓနေ့ကို ပုံမှန်အခြေအနေကဲ့သို့ အပြည့်အဝဆင်နွှဲနိုင်ခြင်း မရှိတော့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌အကြမ်းဖက်စစ်အုပ်စုနှင့်ပူးပေါင်း၍ လူသားချင်းစာနာမှုအကူအညီပေးအပ်ခြင်းသည် နိုင်ငံတကာအသိုင်းအဝန်းနှင့် မြန်မာပြည်သူများကို လျစ်လျူရှု့သည့်သဘောသက်ရောက်နေကြောင်း NUCC ထုတ်ပြန်
📌မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို တလျှောက်လုံး အန္တရာယ်ပေး ခြိမ်းခြောက်နေတာ အာဏာသိမ်းလေ့ရှိတဲ့ စစ်တပ်ပဲလို့ ချက်နိုင်ငံ ကိုယ်စားလှယ်မှတ်ချက်ပြု
📌ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာစစ်ကောင်စီသံအမတ် ဦးသာအောင်ညွန့် သြစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်မှ ဖယ်ရှားခြင်းခံရ
📌အမေရိကန်နိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ NUG ဝန်ကြီးတွေ့ဆုံခွင့်ရခဲ့တာဟာ မြန်မာစစ်ဘေးရှောင်ပြည်သူတွေအတွက် အခွင့်အလမ်းကောင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်
📌စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုံတိုင်ပင်ရွာမှာ နေအိမ် ၂၉ လုံးကို စစ်ကောင်စီက အကြမ်းဖက်မီးရှို့ခဲ့ပြီး ရွာသား ၃၁ ယောက်ရဲ့ရုပ်အလောင်းတွေကို တွေ့ရှိထားတယ်လို့ ဒေသခံတွေကပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌CDM တိုက်ပွဲ ဆက်လက်ဆင်နွှဲရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်းပြောကြား
CDM တိုက်ပွဲ ဆက်လက်ဆင်နွှဲရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မေလအတွင်းကျင်းပတဲ့ အခြေခံပညာရေးညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
"အကြမ်းဖက် စစ်တပ်က နိုင်ငံအာဏာကို မတရာစလုယူပြီးနောက်ပိုင်း စစ်အာဏာသိမ်မှုနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြတဲ့ နိုင်ငံဝန်ထမ်း CDM အင်အားများရဲ့ အင်အားအများဆုံးဟာ အခြေခံပညာမှ ပညာရေးဝန်ထမ်းဆရာ၊ဆရာမများပင်ဖြစ်ပါတယ်။ခုတိုင်းလည်း သိန်းနဲ့ချီ၍ CDM တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေကြပါတယ်။ ထိုနည်းတူ စကစရဲ့ စစ်ကျွန်ပညာရေးကိုလည်း ကျောင်းသား ကျောင်းသူများ၊ မိဘများကနေ သပိတ်မှောက် တော်လှန်ခဲ့ခြင်းကြောင့် စကစရဲ့စာသင်ကျောင်းများ ဟန်ပြဖွင့်လှစ်ရန် ကြိုးစားနေမှုဟာလည်းလုံးဝအောင်မြင်ခဲ့ခြင်းမရှိတာ အားလုံးအသိပဲဖြစ်ပါတယ်"လို့ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ စကစအပေါ် ဆက်လက်ဆန့်ကျင်တော်လှန်၍ CDM လုပ်ဆောင်ထားဖို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူလူထုများဟာ ပြသနာရှာတဲ့လူတွေမဟုတ်ဘဲ အဖြေရှာတဲ့လူတွေဖြစ်တယ်လို့ တရုတ်အစိုးရကို NUGနိုင်ငံခြားရေးဝန်ကြီး အသိပေးပြောကြားတဲ့သတင်း
မေလ ၁၃ ရက်နေ့ အမေရိကန်နိုင်ငံ ဝါရှင်တမ်ဒီစီမှာ RFA သတင်းဌာနနဲ့ မေးမြန်းခန်းမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူလူထုများဟာ ပြသနာရှာတဲ့လူတွေမဟုတ်ဘဲ အဖြေရှာတဲ့လူတွေဖြစ်တယ်လို့ တရုတ်အစိုးရကို အသိပေးပြောကြားလိုက်ပါတယ်။
"အိမ်နီးနားချင်း နိုင်ငံတွေအတွက်ရော ကျမတို့နိုင်ငံအတွက်ရော ကျမတို့ဟာ ပြသနာရှာတဲ့လူတွေ မဟုတ်ဘူး။ ကျမတို့ဟာ အဖြေကိုရှာနေတဲ့လူတွေဖြစ်တယ်။ဒါကြောင့်မို့လို့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေဟာ ကျမတို့တိုင်းပြည်ရဲ့ ပြသနာကိုရှင်းကြမယ်ဆိုလို့ရှိရင် တကယ့်ကို PROBLEM MAKER ရှာနေတဲ့ လူတွေနဲ့အလုပ်လုပ်ကြမလား။ ဒါမှ မဟုတ်အဖြေရှာတဲ့လူနဲ့အလုပ်လုပ်ကြမလားဆိုတာ သူတို့ရွေးချယ်လိမ့်မယ်လို့မြင်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ တရုတ်အစိုးရဟာ စကစကို ကျောထောက်နောက်ခံပြုကာ စီးပွားရေး ရင်းနှီးမြုပ်နှံမှုများပြုလုပ်နေကြောင်းလည်းသိရပါတယ်။
========================
📌📌မြန်မာပြည်သူပြည်သူများအနေဖြင့်ယမန်နှစ်မှစတင်၍ ဗုဒ္ဓနေ့ကို ပုံမှန်အခြေအနေကဲ့သို့ အပြည့်အဝဆင်နွှဲနိုင်ခြင်း မရှိတော့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနားကို နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ သီရိလင်္ကာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ထိုင်းနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး တို့မှ ပူးတွဲကမကထပြုလုပ်၍ ၂၀၂၂ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် online ဖြင့် ကျင်းပရာတွင် မြန်မာသံအမတ်ကြီးကဆိုခဲ့ပါတယ်။
"ဗုဒ္ဓနေ့ဟူသည် မြတ်စွာဘုရား ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်ရရှိခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်းတို့ကို ဂုဏ်ပြုသော နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊ ထို့နည်းတူ မြတ်ဗုဒ္ဓ၏ တရားတော်များတွင် ဒုက္ခဟူသော ဆင်းရဲခြင်းတရား အမှန်တကယ်ရှိသည်ကိုပြသော ဒုက္ခသစ္စာ၊ သမုဒယသည် 'ဒုက္ခ'ကို ဖြစ်စေသော အကြောင်းအရင်းဟု ပြသော သမုဒယသစ္စာ၊ ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်အမှန်တကယ်ရှိကြောင်းပြသော နိရောဓသစ္စာနှင့် နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါးပင် ဖြစ်ကြောင်းကိုပြသော မဂ္ဂသစ္စာဟူသည့် သစ္စာ (၄) ပါးတို့ကိုလည်း သင်ကြားပေးထားပါကြောင်း၊ အဆိုပါတရားတော်များသည် မိမိတို့ နိစ္စဓူဝဖြတ်သန်းနေရသည့် အကြောင်းအရာများကို အမှန်ပင်ထင်ဟပ် စေပါကြောင်း၊ ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟ တို့ကို ရှောင်ကြဉ်နိုင်စေရန်လည်း ဤအချင်းအရာများကို အမြဲသတိချပ်နိုင်ရန် လိုပါကြောင်း၊ မြန်မာပြည်သူပြည်သူများအနေဖြင့် ဗုဒ္ဓနေ့တွင် မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းခြင်း အပါအဝင် အခြားသော ကောင်းမှုကုသိုလ်အစုစုတို့ကို ပြုလုပ်၍ နှစ်စဉ်ဆင်နွှဲလေ့ရှိပါကြောင်း၊ သို့သော် ယမန်နှစ်မှစတင်၍ ဗုဒ္ဓနေ့ကို ပုံမှန်အခြေအနေကဲ့သို့ အပြည့်အဝဆင်နွှဲနိုင်ခြင်း မရှိတော့ပါကြောင်း"သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။
========================
📌📌အကြမ်းဖက်စစ်အုပ်စုနှင့်ပူးပေါင်း၍ လူသားချင်းစာနာမှုအကူအညီပေးအပ်ခြင်းသည် နိုင်ငံတကာအသိုင်းအဝန်းနှင့် မြန်မာပြည်သူများကို လျစ်လျူရှု့သည့်သဘောသက်ရောက်နေကြောင်း NUCC ထုတ်ပြန်
အကြမ်းဖက်စစ်အုပ်စုနှင့်ပူးပေါင်း၍ လူသားချင်းစာနာမှုအကူအညီပေးအပ်ခြင်းသည် နိုင်ငံတကာအသိုင်းအဝန်းနှင့် မြန်မာပြည်သူများကို လျစ်လျူရှုအလေးမထားသည့်အပြင် စစ်အုပ် စု၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးသည့်သဘောသက်ရောက်နေကြောင်း NUCCထုတ်ပြန်လိုက်ပါတယ်။
မေလ ၁၄ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် အာဆီယံနှင့် The AHA Centre တို့၏ လူသားချင်းစာနာမှု အကူ အညီလုပ်ငန်းကို အကြမ်းဖက်စစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းကို သဘောတူလက်ခံခြင်းမရှိကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကဆိုပါတယ်။
ဒါ့အပြင်အာဆီယံဟာ ဆွေးနွေးသင့်သည့် အဖွဲ့အစည်းများကို တန်းတူနေရာထား၍ ဆက် သွယ်ဆောင်ရွက်ခြင်းမပြုဘဲ ချန်လှပ်ထားခြင်းအားဖြင့် ထောက်ပံ့ကူညီများမှာ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိနိုင်မည်မဟုတ်ကြောင်းလည်း NUCCကဖော်ပြထားပါတယ်။
========================
📌📌မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို တလျှောက်လုံး အန္တရာယ်ပေး ခြိမ်းခြောက်နေတာ အာဏာသိမ်းလေ့ရှိတဲ့ စစ်တပ်ပဲလို့ ချက်နိုင်ငံ ကိုယ်စားလှယ်မှတ်ချက်ပြု
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို တလျှောက်လုံး အန္တရာယ်ပေး ခြိမ်းခြောက်နေတာ အာဏာသိမ်းလေ့ရှိတဲ့ စစ်တပ်ပဲလို့ ချက်နိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်က မေလ ၁၃ ရက်နေ့မှာ လူမှုကွန်ရက်မှာ မှတ်ချက်ပြုပြောကြားလိုက်ပါတယ်။
" ငြိမ်းချမ်းရေး ရှိသွားရင် တိုင်းပြည်မှာ စစ်တပ်ရဲ့အခမ်းကဏ္ဍာ ပျောက်ကွယ်မှာစိုးပြီး ပြည်တွင်းစစ်ကို ဖန်တီးထားတဲ့ တရားခံအစစ်က စစ်တပ်ပဲ။ စစ်တပ်ကိုယ်တိုင်က နိုင်ငံသူ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးရတဲ့ တာဝန်ပျက်ကွက်ပြီး ပြည်သူကို ရန်သူလို သတ်ဖြတ်၊ ညှင်းဆဲ၊ ဖမ်းဆီးနှိပ်စက်၊ အိုးအိမ်တွေ၊ ပစ္စည်းတွေ လုယက်ဖျက်ဆီး၊ မီးရှို့လုပ်နေတာ နှစ်ပေါင်း မနည်းတော့ဘူး"လို့ဆိုထားပါတယ်။
"အခုထိ အမြင်မရှင်းနိုင်ဖြစ်နေတုန်းလား၊ ငြိမ်းချမ်းရေး မူဆိုတာ အခိုင်အမာမရှိသူ၊ မငြိမ်းချမ်းလိုသူ စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြမယ်ဆိုတဲ့ လူတွေကရော ဘာအာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေး ရမှာလည်းလို့ မိမိ ပုဂ္ဂိလိက သဘောအရ မေးခွန်းထုတ်လိုက်ချင်တယ်"လို့ ဦးလင်းသန့်ကထပ်မံဆိုထားပါတယ်။
========================
📌📌ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာစစ်ကောင်စီသံအမတ် ဦးသာအောင်ညွန့် သြစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်မှ ဖယ်ရှားခြင်းခံရ
သြစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်ကို ဗစ်တိုးရီးယားပြည်နယ်အစိုးရမှ ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီဖိုရမ်မှာဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာစစ်ကောင်စီသံအမတ် ဦးသာအောင်ညွန့် ဖယ်ရှားခြင်းခံလိုက်ရတယ်လို့ မေလ၁၄ရက်နေ့မှာ Justice For Myanmar ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင် Samantha Ratnam က အာဆီယံစီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောဖို့ မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ် NUG ကို မဖိတ်ဘဲ အကျင့်ပျက်ခြစားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စက်ဆုပ်ဖွယ် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ဘာကြောင့် ဖိတ်ကြားခဲ့သလဲဆိုတဲ့အပေါ် မနေ့ကပြုလုပ်တဲ့ ပါလီမန်အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင် Samantha Ratnam ကို မြန်မာပြည်သူလူထုနဲ့ အတူတကွ ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ Justice For Myanmar ကဖော်ပြပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ စကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားပါ့မယ်။
📌📌အမေရိကန်နိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ NUG ဝန်ကြီးတွေ့ဆုံခွင့်ရခဲ့တာဟာ မြန်မာစစ်ဘေးရှောင်ပြည်သူတွေအတွက် အခွင့်အလမ်းကောင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ မေလ ၁၂ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမှာပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အလွတ်သဘောပါဝင်ခွင့်ရခဲ့တာပါ။ ဒီအစည်းအဝေးမှာ မြန်မာစစ်ဘေးရှောင်တွေဆီကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အတားအဆီးမရှိရောက်ရှိနိုင်ရေးဆွေးနွေးခဲ့တယ်လို့ အမေရိကန်သံရုံးကထုတ်ပြန်ထားပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း(သီပေါ)က အခုလိုသုံးသပ်ပါတယ်။
ဦးရဲထွန်း(သီပေါ) နိုင်ငံရေးလေ့လာသုံးသပ်သူ
အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီက ဖယ်ထုတ်ခံခဲ့ရပြီး NUG အစိုးရက မျက်နှာသာရခဲ့တာပါ။ ဒီအစည်းအဝေးမတိုင်ခင် နောက်ဆုံးအခြေအနေအရ အာဆီယံခေါင်းဆောင်တွေဟာ စစ်ကောင်စီကဖွဲ့စည်းထားတဲ့အဖွဲ့ကနေတဆင့် မြန်မာပြည်သူတွေကို အကူအညီတွေပေးဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ပြောဆိုထားပါတယ်
ဦးသန်းစိုးနိုင်(နိုင်ငံရေးလေ့လာသုံးသပ်သူ)
အာဆီယံဟာ စစ်ကောင်စီကဖွဲ့စည်းထားတဲ့အဖွဲ့ကနေတဆင့် အကူအညီတွေပေးရမှာဖြစ်တဲ့အတွက် ပြည်သူတွေဆီကို အကူအညီတွေရောက်လာမှာမဟုတ်ဘူးလို့ ဒေသတွင်းပရဟိတသမားတွေက ဝေဖန်ခဲ့ကြပါတယ်။
========================
📌📌စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုံတိုင်ပင်ရွာမှာ နေအိမ် ၂၉ လုံးကို စစ်ကောင်စီက အကြမ်းဖက်မီးရှို့ခဲ့ပြီး ရွာသား ၃၁ ယောက်ရဲ့ရုပ်အလောင်းတွေကို တွေ့ရှိထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မေလ ၁၃ ရက်နေ့၊ ရွာသားတစ်ချို့ရွာထဲပြန်ဝင်ချိန်မှာ မီးရှို့ပုံဖျက်ထားတဲ့ ရုပ်အလောင်း ၃၁လောင်းကိုတွေ့ရှိထားတယ်လို့ ဆိုပါတယ်။ မီးလောင်ပြင်တွေထဲမှာ ရုပ်အလောင်းတွေကို ဒေသခံတွေက ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ကွယ်လွန်သူတွေဟာ ဘယ်သူတွေဆိုတာ အတည်မပြုနိုင်သေးဘူးလို့ရေဦးဒေသခံတစ်ဦးအခုလိုဆိုထားပါတယ်။
ရေဦးဒေသခံ
မေလ ၄ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၁၀ရက်အတွင်း စစ်ကောင်စီက ရေဦးမြို့နယ်ထဲက ကျေးရွာ ၆ ခုမှာ အကြမ်းဖက်မီးရှို့သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။ ဒါဟာ လူမျိုးတုန်းသတ်ဖြတ်နေတာလို့ ရေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ရေဦးပအဖ တာဝန်ရှိသူ
စစ်သားတွေရဲ့အကြမ်းဖက်မှုကြောင့် ၁၀ရက်အတွင်းမှာ ရေဦးမြို့နယ်ထဲကရွာ၆ရွာရှိ နေအိမ် ၈၀ ကို မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဒေသခံရွာသားတွေပိုင်ဆိုင်တဲ့ အိမ်မွေးတိရိစ္ဆာန်တွေ၊ မျိုးစပါးတွေ၊ ဆိုင်ကယ်တွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းတွေလည်း အများအပြားပျက်စီးဆုံးရှုံးခဲ့ပါတယ်။
No comments:
Post a Comment