၂၀၂၂ မေလ ၁၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ကြီးချုပ် ဟွန်ဆန်ကို အရမ်းပဲစိတ်ပျက် မိဟုဆို
📌နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် သမ္မတရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာရော့ဘာရှင်းစကီးတို့တွေ့ဆုံဆွေးနွေး
📌NUG နဲ့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီပူးပေါင်း၍ အထူးငွေတိုက်စာချုပ်များရောင်းချမယ်
📌Blood Money Campaign နှင့် MilkTeaAlliance “Friends of Myanmar” တို့ ပူးပေါင်း၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို နှောင့်နှေး ကြန့်ကြာခြင်းမရှိဘဲ ပိတ်ဆို့အရေးယူရန် ဘိုင်ဒင် အစိုးရအား တိုက်တွန်းတောင်းဆို
📌ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေပါဝင်တဲ့ အမေ့ထီး ကမ်ပိန်း နှင့် တော်လှန်ရေးစကားဝိုင်းကျင်းပမယ်
📌PSPT မှ ထုတ်လုပ်ထားသော SR-1 မောင်းပြန်သေနတ်တွေကို စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေထံ အဓိကပံ့ပိုးပေးသွားမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ကြီးချုပ် ဟွန်ဆန်ကို အရမ်းပဲစိတ်ပျက် မိဟုဆို
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ကြီးချုပ် ဟွန်ဆန်ကို အရမ်းပဲစိတ်ပျက် မိတယ်လို့ဆိုလိုက်ပါတယ်။ မေလ ၁၂ ရက်နေ့မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံသားတွေကိုပြောဆိုတာနဲ့ပတ်သက်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားခဲ့တာပါ။
" မေလ ၁၂ ရက်နေ့က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဟွန်ဆန်က စစ်အာဏာရှင်ရဲ့ အတုအယောင် ငြိမ်းချမ်းရေးကို ဆန့်ကျင်ဆန္ဒပြတဲ့ မြန်မာတွေကို စော်ကားတဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး အရမ်းစိတ်ပျက်မိပါတယ် "လို့ဆိုပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ဖူးပြီး နိုင်ငံရေးရလဒ်မထွက်ဘဲ ပြန်သွားခဲ့ရသူလည်းဖြစ်ပါတယ်။
=======================
📌📌နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် သမ္မတရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာရော့ဘာရှင်းစကီးတို့တွေ့ဆုံဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် သမ္မတရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာရော့ဘာရှင်းစကီးတို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ အမေရိကန်-အာဆီယံ ထိပ်သီးအစည်း အဝေးရဲ့ လိုဂိုဒီဇိုင်းကို အမေရိကန် သမ္မတက မြန်မာအရေးကို ရည်ညွှန်းထားတဲ့ ဒီဇိုင်းကို အသုံးပြုခဲ့တယ်လို့ဒါရိုက်တာ ရော့ဘာရှင်းစကီးက ပြောကြားခဲ့ပါတယ်။
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ လိုဂိုဒီဇိုင်းဟာ ရန်ကုန်မြို့ရဲ့ နာမည်ကျော် ကရဝိတ်ပုံကိုအသုံး ပြုခဲ့ပြီး မြန်မာ့အရေးကို ပေါ်လွင်အောင်ပြုလုပ်ထားတာလို့သိရပါတယ်။
ဒါအပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အမေရိကန်ပြည်ထောင်စုက အ ကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးအတွက်လည်း ဆက်လက်ဖိအားပေး လုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတာနဲ့ မြန်မာပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှုနဲ့ အတူရပ်တည်နေတယ်ဆိုပြီး ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
လက်ရှိပြုလုပ်နေတဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် ခုံနေရာကို နေရာလွတ်အဖြစ် ထားရှိခဲ့ပေမယ်လည်း မြန်မာ့အရေးကို အမေရိကန်အစိုးရရဲ့ ဦးစားပေးအဖြစ် ဆက်လက်လုပ်ဆောင်နေမှာဖြစ်တယ်လို့လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီးက ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း အကြမ်း ဖက်မှုတွေနဲ့ မြေပြင်အခြေအနေတွေ အ ပါအဝင် စစ်ဘက်ဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းတွေနဲ့ တရားစီ ရင်ရေး၊ ဒေသန္တရအုပ်ချုပ်ရေး စီမံထားရှိမှု အခြေအနေတွေ အပါအဝင် နိုင်ငံရေးဆိုင်ရာ တိုးတက်မှုဖြစ်စဉ်တွေ ကို ပြောကြားဆွေးနွေးခဲ့ပါတယ်။
========================
📌📌NUG နဲ့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီပူးပေါင်း၍ အထူးငွေတိုက်စာချုပ်များရောင်းချမယ်
NUG နဲ့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီပူးပေါင်း၍ အထူးငွေတိုက်စာချုပ်များရောင်းချမယ်လို့သတင်းရရှိပါတယ်။ မေလ ၁၃ ရက်နေ့မှာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
"ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ ချင်းဒေသများအတွက် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်ကို စတင်ရောင်းချနိုင် ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
ထို့အတွက် Chin Relief Funding Program (CRFP) အား အထူးငွေတိုက် စာချုပ်ရောင်းချရာတွင် အလုပ်အဖွဲ့ (Work Team) အဖြစ် ဆောင်ရွက်နိုင်ရန်တာဝန်ပေးအပ်ထားတယ်လို့ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီကဆိုပါတယ်။ လက်ရှိမှာအထူးငွေတိုက်စာချုပ်ပေါင်း သုံးသောင်းကျော်ရောင်းချထားရပြီး အမေရိကန်ဒေါ်လာ ၃၃ မီလီယံရရှိထားပါတယ်။
========================
📌📌Blood Money Campaign နှင့် MilkTeaAlliance “Friends of Myanmar” တို့ ပူးပေါင်း၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို နှောင့်နှေး ကြန့်ကြာခြင်းမရှိဘဲ ပိတ်ဆို့အရေးယူရန် ဘိုင်ဒင် အစိုးရအား တိုက်တွန်းတောင်းဆို
Blood Money Campaign နှင့် MilkTeaAlliance “Friends of Myanmar” တို့ ပူးပေါင်း၍ စကစရဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို နှောင့်နှေး ကြန့်ကြာခြင်းမရှိဘဲ ပိတ်ဆို့အရေးယူရန် ဘိုင်ဒင် အစိုးရအား တိုက်တွန်းတောင်းဆိုလိုက်တယ်လို့သတင်းရရှိပါတယ်။ မေလ ၁၃ ရက်နေ့မှာ အဆိုပါအရေးကိုတောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။
ထုတ်ပြန်ချက် အရ Blood Money Campaign နှင့် MilkTeaAlliance “Friends of Myanmar” တို့ ပူးပေါင်း၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို နှောင့်နှေး ကြန့်ကြာခြင်းမရှိဘဲ ပိတ်ဆို့အရေးယူရန် ဘိုင်ဒင် အစိုးရအား အလေးအနက် တိုက်တွန်းအပ်ပါတယ်လို့ဖော်ပြထားပါတယ်။
မကြာခင်မှာလည်း Total စွမ်းအင်ကုမ္ပဏီဆီက အမေရိကန်ဒေါ်လာ သန်း ၂၅၀ လောက် ခြောက်လအတွင်းမှာစစ်ကောင်စီဟာ ထပ်မံရဖို့ အကြောင်းဖြစ်နေတဲ့အတွက် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားနေကြခြင်းဖြစ်ပါတယ်။ မေလ (၇) ရက်နေ့မှ (၁၄)ရက်နေ့အထိဟာ သွေးစွန်းငွေဖြတ်တောက်ရေး မြန်မာကကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ရက်များလည်းဖြစ်ပါတယ်။
========================
📌📌ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေပါဝင်တဲ့ အမေ့ထီး ကမ်ပိန်း နှင့် တော်လှန်ရေးစကားဝိုင်းကျင်းပမယ်
ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေပါဝင်တဲ့ အမေ့ထီး ကမ်ပိန်း နှင့် တော်လှန်ရေးစကားဝိုင်းကျင်းပမယ်လို့သတင်းရရှိပါတယ်။ မေလ ၁၅ ရက်နေ့မှာ အမေ့ထီး ကမ်ပိန်း နှင့် တော်လှန်ရေးစကားဝိုင်းကျင်းပသွားမှာဖြစ်ပါတယ်။
ပါဝင်တင်ဆက်မည့်သူများ ဒေါက်တာဖြိုးသီဟ ၊ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ၊Influencer မပန်ဆယ်လိုတို့ပါဝင်မှာဖြစ်ပါတယ်။ စကားဝိုင်းကို PVTV , OFP , အမေ့ထီး , D-Day Channel, Myanmar Global Support Foundation - MGSF တို့၏ Facebook Page များမှ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်သွားမှာဖြစ်ပါတယ်။
========================
📌📌PSPT မှ ထုတ်လုပ်ထားသော SR-1 မောင်းပြန်သေနတ်တွေကို စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေထံ အဓိကပံ့ပိုးပေးသွားမယ်
PSPT မှ ထုတ်လုပ်ထားသော SR-1 မောင်းပြန်သေနတ်တွေကို စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေထံ အဓိကပံ့ပိုးပေးသွားမယ်လို့ဆိုပါတယ်။ မေလ ၁၃ ရက်နေ့မှာ SR-1 မောင်းပြန်သေနတ်များကို People Soldiers' Production Team ကမိတ်ဆက်ခဲ့ပါတယ်။
"People Soldiers' Production Team ကနေ ဆက်လက်ထုတ်လုပ်မယ့် SR-1 မောင်းပြန်သေနတ်တွေကို စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေထံ အဓိကပံ့ပိုးသွားမှာဖြစ်တယ်။ ဒါပေမယ့်လည်း SR-1 မောင်းပြန်သေနတ်များကို အမြောက်အများထုတ်လုပ်မယ်ဆိုပါက စက်ပစ္စည်းများကို ထပ်မံဝယ်ယူဖို့ လိုအပ်ပါတယ်။ ဝယ်ယူထားတဲ့ စက်ပစ္စည်းတွေကိုထားရှိဖို့အတွက်လည်း စခန်းဧရိယာ ထပ်မံတိုးချဲ့ဖို့ လိုအပ်နေပါတယ်"လို့ဆိုပါတယ်။
နွေဦးတော်လှန်ရေးဒုတိယလှိုင်းကို အရှိန်အဟုန်မြှင့်တင်နိုင်ဖို့ People Soldiers' Production Team ကနေ မောင်းပြန်သေနတ်တစ်မျိုးကို ထုတ်လုပ်ခဲ့ပြီးတော့ဒီမောင်းပြန်သေနတ်ကိုတော့ SR-1 လို့ အမည်ပေးထားပါတယ်။
SR-1 မောင်းပြန်သေနတ်ဟာ Sub Machine Gun (SMG) အုပ်စုဝင် သေနတ်အမျိုးအစားဖြစ်ကာ SR-1 ရဲ့အဓိက အားသာချက်ကတော့ FGC-9 Printed Gun ထက် ပြောင်း ၂ ဆခန့်ပိုရှည်သဖြင့် ထိရောက်မှုပိုကောင်းခြင်း၊ High Velocity ကျည်ဖြင့် ပစ်ခတ်နိုင်ခြင်း၊ သံမဏိကိုယ်ထည်ဖြစ်သဖြင့် အကြမ်းခံခြင်း၊ ပြောင်းသက်တမ်းကြာရှည်ခံခြင်း၊ အလွယ်တကူ ထုတ်လုပ်နိုင်ခြင်း၊ အလွယ်တကူပြုပြင်ထိန်းသိမ်းနိုင်ခြင်းတို့ ဖြစ်ပါတယ်။
No comments:
Post a Comment