၂၀၂၂ မေလ ၂၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလအမိန့်နဲ့ စစ်ကိုင်းတိုင်းထဲကမြို့နယ် ၁၅ ခုတွင် မြို့နယ်တရားသူကြီးအဖွဲ့များခန့်အပ်
📌ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် အုပ်ချုပ်ရေးစီမံခန့်ခွဲမှုစနစ်ကျတာနဲ့အမျှ အောင်ပွဲက နီးလာလေလေပဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
📌အကြမ်းဖက်စစ်ကောင်စီမှဖော်ဆောင်နေသည့် သွေးစွန်းသော ကျွန်ပညာရေး၊ အရည်အသွေးကင်းမဲ့သော ပညာရေးစနစ်တို့တွင် သင်ကြားမှု၊ သင်ယူမှုမပြုကြဖို့ CRMH တိုက်တွန်း
📌ဇွန်လတွင် CDM များအတွက် လက်မှတ်ရောင်းတဲ့ကမ်ပိန်းစမယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
📌အာဆီယံ၏ တရားမဝင် အကြမ်းဖက်မြန်မာစစ်တပ်နှင့် ကာကွယ်ရေးကဏ္ဍ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုများဟာ စိတ်ပျက်ဖွယ်ကောင်းလှကြောင်း Justice For Myanmar ကဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလအမိန့်နဲ့ စစ်ကိုင်းတိုင်းထဲကမြို့နယ် ၁၅ ခုတွင် မြို့နယ်တရားသူကြီးအဖွဲ့များခန့်အပ်
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလအမိန့်နဲ့ စစ်ကိုင်းတိုင်းထဲကမြို့နယ် ၁၅ ခုတွင် မြို့နယ်တရားသူကြီးအဖွဲ့များခန့်အပ်လိုက်ပါတယ်။
မေလ ၁၉ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အမိန့်ကြေညာစာအမှတ် (၁၁/၂၀၂၂) ဖြင့်မြို့နယ် ၁၅ မြို့နယ်တွင် မြို့နယ်တရားသူကြီးအဖွဲ့များကို ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။
အဆိုပါ ၁၅ မြို့နယ်တွင် မြို့နယ်တရားသူကြီးအဖွဲ့များကို ခန့်အပ်၍ စက်ရှင်တရားစီရင်ရေး အာဏာများ အပ်နှင်းလိုက်ကြောင်းယာယီသမ္မတ ဒူဝါလရှီးလကကြေညာလိုက်ပါတယ်။
တရားသူကြီးခန့်အပ်လိုက်တဲ့မြို့နယ်များမှာ
(၁)ကသာမြို့နယ်
(၂)ကောလင်းမြို့နယ်
(၃)ကန့်ဘလူမြို့နယ်
(၄)ဗန်းမောက်မြို့နယ်
(၅)ကျွန်းလှမြို့နယ်
(၆)အင်းတော်မြို့နယ်
(၇)ထီးချိုင့်မြို့နယ်
(၈)ကနီမြို့နယ်
(၉)ဝက်လက်မြို့နယ်
(၁၀)အရာတော်မြို့နယ်
(၁၁)မြင်းမူမြို့နယ်
(၁၂)တန့်ဆည်မြို့နယ်
(၁၃)ခင်ဦးမြို့နယ်
(၁၄)တမူးမြို့နယ်
(၁၅)ယင်းမာပင်မြို့နယ်တို့ပဲဖြစ်ကြပါတယ်။
=======================
📌📌ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် အုပ်ချုပ်ရေးစီမံခန့်ခွဲမှုစနစ်ကျတာနဲ့အမျှ အောင်ပွဲက နီးလာလေလေပဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် အုပ်ချုပ်ရေးစီမံခန့်ခွဲမှုစနစ်ကျတာနဲ့အမျှ အောင်ပွဲက နီးလာလေလေပဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။
ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံခြင်းအစည်းအဝေးကို မေလ ၁၉ ရက်ကျင်းပရာမှာ ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
"ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် အုပ်ချုပ်ရေးစီမံခန့်ခွဲမှုစနစ်ကျ လာလေလေ နိုင်ငံတကာက စိတ်ဝင်စားလာလေလေ၊ အောင်ပွဲက နီးလာလေလေပဲဖြစ်ပါတယ်။ မိမိတို့ ကော်မတီအနေဖြင့် သက်ဆိုင်ရာ ဒေသတာဝန်ခံများနှင့် စဉ်ဆက်မပြတ်ဆွေးနွေးပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
တွေ့ဆုံပွဲတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌအပါအဝင် ဒုတိယဥက္ကဋ္ဌ ဦးလွင်ကိုလတ်(ပြည်ထောင်စုဝန်ကြီး-ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန)၊ ဦးဝင်းမြတ်အေး(ပြည်ထောင်စုဝန်ကြီး-လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန)၊ ဦးခူးထဲဘူး(ပြည်ထောင်စုဒုတိယဝန်ကြီး-ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန)၊ ဒေါက်တာရွှေပုံ(ပြည်ထောင်စုဒုတိယဝန်ကြီး-ကျန်းမာရေးဝန်ကြီးဌာန) နှင့် ဗဟိုကော်မတီဝင်များ၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါတယ်။ ထို့နောက် မြေပြင်အခြေအနေများနှင့် အုပ်ချုပ်မှုဖော်ဆော်နိုင်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌အကြမ်းဖက်စစ်ကောင်စီမှဖော်ဆောင်နေသည့် သွေးစွန်းသော ကျွန်ပညာရေး၊ အရည်အသွေးကင်းမဲ့သော ပညာရေးစနစ်တို့တွင် သင်ကြားမှု၊ သင်ယူမှုမပြုကြဖို့ CRMH တိုက်တွန်း
အကြမ်းဖက်စစ်ကောင်စီမှဖော်ဆောင်နေသည့် သွေးစွန်းသော ကျွန်ပညာရေး၊ အရည်အသွေးကင်းမဲ့သော ပညာရေးစနစ်တို့တွင် သင်ကြားမှု၊သင်ယူမှုမပြုကြဖို့ CRMH တိုက်တွန်းလိုက်ပါတယ်။
မေလ ၁၉ ရက်မှာ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ CRMH ကမန္တလေးတိုင်းကြားကာလပညာသင်ကြားရေး ကြေညာချက်အမှတ် (၃/၂၀၂၂) ကိုထုတ်ပြန်ခဲ့ပါတယ်။
မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) အနေဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန၏ ကြားကာလပညာသင်ကြားနိုင်ရေးအစီအစဥ်သည်လက်ရှိမြန်မာနိုင်ငံ၏ အထွေထွေအကျပ်အတည်းသံသရာကို ဖြတ်ကျော်ရန်၊ အနာဂတ်ပဋိပက္ခဖြစ်နိုင်ခြေများကို လျှော့ချရန်၊ အသွင်ကူးပြောင်းရေးကာလနှင့် အနာဂတ်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်တို့ပါ အရေးကြီးသည့်ခြေလှမ်းတစ်ခုဟု မှတ်ယူပါတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်ပညာရေးချို့တဲ့မှုသည် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်စေရုံသာမက ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများရှိစေခဲ့သည်မှာ သမိုင်းသက်သေရှိခဲ့ပြီးဖြစ်ပါတယ်။ ထို့ကြောင့်တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ခိုင်မာသောယုံကြည်ချက်ဖြင့်အာဏာရှင်စနစ်တော်လှန်ရေးခရီးတွင်အကြမ်းဖက်စစ်ကောင်စီမှ ဖော်ဆောင်နေသည့် သွေးစွန်းသော ကျွန်ပညာရေး၊ အရည်အသွေးကင်းမဲ့သော ပညာရေးစနစ်တို့တွင် သင်ကြားမှု၊သင်ယူမှု မပြုကြဖို့လိုအပ်တယ်လို့ဆိုထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီမှဖွင့်လှစ်သောကျောင်းအသီးသီးတွင်တက်ရောက်ခြင်း၊ ပူးပေါင်းခြင်းမပြုပဲ CDM ပြုလုပ်နေကြသော မန္တလေးတိုင်းအတွင်းရှိမြို့နယ်အသီးသီးမှ ဆရာမိဘ၊ ကျောင်းသားကျောင်းသူများသည် နေအိမ်အခြေပြုသင်ကြားခြင်း (Home-based Learning) ၊ ရပ်ရွာအခြေပြုပညာရေး (Community-base Education) တို့ကို မျက်ချည်မပြတ် ပိုမိုကျယ်ပြန့်စွာပူးပေါင်းလုပ်ဆောင်ပေးကြပါရန် လေးနက်စွာတိုက်တွန်းပါတယ်လို့ ဆိုထားပါတယ်။
========================
📌📌ဇွန်လတွင် CDM များအတွက် လက်မှတ်ရောင်းတဲ့ကမ်ပိန်းစမယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
ဇွန်လတွင် CDM များအတွက်လက်မှတ်ရောင်းတဲ့ကမ်ပိန်းစမယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ကပြောပါတယ်။
မေလအတွင်းမှာ CDM များနဲ့ပတ်သက်လို့ ရန်ပုံငွေရှာဖွေမဲ့အကြောင်းကို ဒုဝန်ကြီးဝန်ကြီးအိသဉ္ဇာမောင်က လူမှုကွန်ရက်မှာ အသိပေးပြောကြားခဲ့တာပါ။
"တော်လှန်ရေးမှာရာထူးမရှိဘူး ၊ တာဝန်ပဲရှိတယ်” ရောက်လာတဲ့ တာဝန်ကို ကျေအောင်ထမ်းဖို့ပဲ လိုပါတယ်။ သိန်း (၁၀၀) မှန်းတာ ပိုရလို့ တခြား လိုအပ်တဲ့ နေရာ အကုန်ဖြန့်ပေးလိုက်ပါတယ်။ နောက်လကိုတော့ CDM တွေ အတွက် လက်မှတ်လေး ရောင်းပါမယ်"လို့ ၄င်းကဆိုပါတယ်။
မြောင်အမျိုးသမီးစစ်သည်တော်များအတွက်လည်း ဒုဝန်ကြီးအိသဉ္ဇာမောင်က ရန်ပုံငွေများ ရှာဖွေပေးခဲ့ရာ သိန်းရာနဲ့ချီရရှိခဲ့ပြီး လတ်တလောမြေအောက်ခိုများအမည်နဲ့ရန်ပုံငွေရှာဖွေပေးရာတွင်လည်း သိန်းသုံးရာကျော်ရရှိခဲ့ပါတယ်။
"တော်လှန်ရေး ကာလမှာ တတ်နိုင်သမျှ အရာအကုန်လုံး ကို သည်းခံပါတယ်၊ ကိုယ်လုပ်မှ အလုပ်ဆိုပြီး မသတ်မှတ်ဘူး သူများလုပ်တဲ့ အလုပ်တွေလည်း နိုင်သမျှ အကုန်ကူတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေလည်း များများလှူပေးပါ၊ စစ်အာဏာရှင်အောက်မှာတော့ ဘယ်သူမှ အသက်ရှူ မချောင်ဘူး။ နောက်နေ့ အဖမ်းခံရတာက ကျမ လည်း ဖြစ်သွားနိုင်သလို၊ ရှင်တို့လည်း ဖြစ်သွားနိုင်ပါတယ်"လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ကထပ်မံဆိုပါတယ်။
========================
📌📌အာဆီယံ၏ တရားမဝင် အကြမ်းဖက်မြန်မာစစ်တပ်နှင့် ကာကွယ်ရေးကဏ္ဍ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုများဟာ စိတ်ပျက်ဖွယ်ကောင်းလှကြောင်း Justice For Myanmar ကဆို
အာဆီယံ၏ တရားမဝင် အကြမ်းဖက်မြန်မာစစ်တပ်နှင့် ကာကွယ်ရေးကဏ္ဍ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုများဟာ စိတ်ပျက်ဖွယ်ကောင်းလှကြောင်း Justice For Myanmar ကဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် ဖနွမ်းပင်၌ မေလ ၁၇၊ ၁၈ ရက်တို့တွင် ကျင်းပသည့် အာဆီယံ၏ အကြီးတန်းကာကွယ်ရေးအရာရှိများအစည်းအဝေး (ADSOM) နှင့် ADSOM-Plus မိတ်ဖက် အစည်းအဝေးသို့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးဌာနဝန်ထမ်းများနှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
ထိုတွေ့ဆုံပွဲသို့ အကြမ်းဖက်မြန်မာစစ်တပ် ကာကွယ်ရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဇော်ဇော်စိုးက တက်ရောက်ခဲ့ပြီးဇော်ဇော်စိုးသည် အကြမ်းဖက်အဖွဲ့အစည်းကို ကိုယ်စားပြုသော ဝန်ထမ်းဖြစ်သည့်အတွက် “နိုင်ငံရေးနှင့်မသက်ဆိုင်သည့် ကိုယ်စားလှယ်” မဟုတ်ဘူးလို့လည်းJustice For Myanmarကထုတ်ပြန်ပါတယ်။
အာဆီယံနှင့် အမေရိကန်တို့က “မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များဆိုင်ရာ ကတိကဝတ်များကို ထင်ဟပ်စေမည့် ငြိမ်းချမ်းရေးအဖြေတစ်ခုဆီသို့ရောက်ရှိရန် ကျွန်ုပ်တို့၏ စုပေါင်း ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးမြှင့်မည်ဟု ကတိပြုပါသည်” ဆိုသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ပြီးတစ်ပတ်အကြာ အာဆီယံ အမေရိကန် ကာကွယ်ရေးအရာရှိများ တွေ့ဆုံပွဲတွင် အကြမ်းဖက်စစ်တပ် ပါဝင်လာခြင်းဖြစ်ပါတယ်။
အာဆီယံကာကွယ်ရေး အကြီးတန်းအရာရှိ အစည်းအဝေး (ADSOM) သည် ဇွန်လတွင်ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) တွင် ဆွေးနွေးမည့် စာတမ်းမူကြမ်းကို အတည်ပြုခဲ့ပါတယ်။
ထိုမူကြမ်းတွင် စစ်ဘက်ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအဖြစ် ရေတပ်များအကြား သတင်းအချက်အလက်မျှဝေခြင်း၊ ကာကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအစဥ်များ ပါဝင်ပါတယ်။
No comments:
Post a Comment