၂၀၂၂ မေလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်သူကိုကာကွယ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ခရီးဆက်နေဆဲဖြစ်တယ်လို့ဆို
📌ပညာရေးဝန်ကြီးဌာနမှအဆင့်မြင့်ပညာကဏ္ဍတွင် သင်ကြားလျက်ရှိသော ဓာတုဗေဒ နဲ့ ဇီဝဓာတုဗေဒဘာသာရပ် သင်ရိုးညွှန်းတမ်းများ ပြင်ဆင်သင့်၊ မပြင်ဆင်သင့်နှင့် စပ်လျဉ်းပြီး သဘောထား ဆန္ဒကောက်ယူ
📌ထီးချိုင့် မြို့နယ်ကနေ မြောက်ပြင်ဘက်သို့ ၁၂ ဘီးကား (၂) စီးဖြင့်တက်လာသော စကစတပ်များကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ ၁၂ ဦးသေဆုံး
📌မင်းအောင်လှိုင်ကိုယ်တိုင်အခမ်းအနားနဲ့ မိတ်ဆက်ပွဲပြုလုပ်ခဲ့တဲ့ MRTV Application ကို Google Play store နဲ့ Apple App Store တို့ကဖယ်ရှားခံရပြီးနောက် လူထုက ရှက်စရာကောင်းတယ်လို့ ပြောဆိုနေကြ
📌ပခုက္ကူမြို့နယ်ဘုန်းကံကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများနှင့် ယင်းတို့၏လက်နက်သိုလှောင်ရာနေရာအား ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်
📌ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ရာ လူနေအိမ်၂၂ လုံးမီးလောင်ဆုံးရှုံး
📌ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစုစကားဝိုင်းကျင်းပမယ်
📌စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ မူးယစ်ဆေးဝါးတွေကို ပေါ်တင်ရောင်းချနေပြီး လူငယ်အများအပြား မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်လာတယ်လို့ ဒေသခံတွေကပြောဆိုကြတဲ့သတင်း
📌မေလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ မြိုင်မြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီက ပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်သူကိုကာကွယ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ခရီးဆက်နေဆဲဖြစ်တယ်လို့ဆို
ပြည်သူကိုကာကွယ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ခရီးဆက်နေဆဲဖြစ်တယ်လို့ မေလ ၅ ရက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တည်ထောင်ခြင်း တစ်နှစ်ပြည့်စကားဝိုင်းမှာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောကြားခဲ့ပါတယ်။
"ကျနော်တို့မှာ စစချင်း တပ်မတော်တစ်ခု တည်ထောင်ဖို့စဥ်းစားရတယ်။ ကျနော်တို့ပြည်သူတွေဟာ အကာအကွယ်လိုနေတယ်။ ပြည်သူတွေကိုကာကွယ်ပေးရမယ်။ ဒီလို ပြည်သူတွေကို ကာကွယ်ဖို့ဆိုတဲ့ စစ်တပ်ဆိုတာ ကျနော်တို့နိုင်ငံမှာမရှိဘူး။ ကျနော်တို့နိုင်ငံမှာရှိနေတဲ့ စစ်တပ်က ပြည်သူကိုအနိုင်ကျင့်မဲ့တပ်၊ ပြည်သူကိုနှိပ်စက်မဲ့တပ်ပေါ့။ ဒီလိုပဲရှိတယ်။ ကမ္ဘာကြီးကလည်းကျနော်တို့ကို ကာကွယ်ဖို့စွမ်းဆောင်နိုင်ခြင်းမရှိတဲ့အခါမှာ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရတယ်။ ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်လို့အမည်ပေးရခြင်းဖြစ်ပါတယ်။ပြည်သူကိုကာကွယ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ခရီးဆက်နေဆဲပါ"လို့အတွင်းဝန်ကဆိုပါတယ်။
========================
📌📌ပညာရေးဝန်ကြီးဌာနမှအဆင့်မြင့်ပညာကဏ္ဍတွင် သင်ကြားလျက်ရှိသော ဓာတုဗေဒ နဲ့ ဇီဝဓာတုဗေဒဘာသာရပ် သင်ရိုးညွှန်းတမ်းများ ပြင်ဆင်သင့်၊ မပြင်ဆင်သင့်နှင့် စပ်လျဉ်းပြီး သဘောထား ဆန္ဒကောက်ယူ
"မေလ ၆ ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနမှ လက်ရှိ အဆင့်မြင့်ပညာကဏ္ဍတွင် သင်ကြားလျက်ရှိသော ဓာတုဗေဒ နဲ့ ဇီဝဓာတုဗေဒဘာသာရပ် သင်ရိုးညွှန်းတမ်းများ ပြင်ဆင်သင့်၊ မပြင်ဆင်သင့်နှင့် စပ်လျဉ်းပြီး သဘောထား ဆန္ဒကောက်ယူခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် သင်တို့ရဲ့ အမြင်နဲ့အကြံပြုချက်လေးများကို ပါဝင်ဖြည့်သွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်"လို့ဖော်ပြထားပါတယ်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ဓာတုဗေဒ နဲ့ ဇီဝဓာတုဗေဒဘာသာရပ်သင်ကြားလျက်ရှိသော CDM ဆရာဆရာမများ၊ တက္ကသိုလ်တက်ရောက်နေဆဲ ဓာတုဗေဒနှင့် ဇီဝဗေဒအထူးပြု CDM ကျောင်းသားကျောင်းသူများ၊ ကျောင်းသားဟောင်းများအားလုံးအနေနှင့် သက်ဆိုင်ရာ link များမှာ ဝင်ရောက်ဖြေဆိုခြင်းဖြင့် ကူညီနိုင်ပါတယ်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
========================
📌📌ထီးချိုင့် မြို့နယ်ကနေ မြောက်ပြင်ဘက်သို့ ၁၂ ဘီးကား (၂) စီးဖြင့်တက်လာသော စကစတပ်များကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ ၁၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ကနေ မြောက်ပြင်ဘက်သို့ ၁၂ ဘီးကား (၂) စီးဖြင့်တက်လာသော စကစတပ်များကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ ၁၂ ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။
" ထီးချိုင့်ကနေ မြောက်ပြင်ဘက်သို့ ၁၂ဘီးကား (၂) စီးဖြင့်တက်လာသော စကစတပ်များကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကျက်သရေချောင်းရွာ အနီးတွင် မိုင်း (၈)လုံး ဖြင့် မိုင်းဆွဲခြင်း ၊40mm ဗုံးသီး၊လက်နတ်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်များကို ထိထိမိမိ ထိကာ စကစတပ်နဲ့ရဲများ၊ပျူစောထီးများ (၁၂) ဦးထက်မနည်းသေဆုံးခဲ့တယ်"လို့ဖော်ပြပါတယ်။
မိုင်းဆွဲ၍ ထိခိုက်ဒဏ်ရာရတဲ့စကစတပ်များ၁၀ဦးထက်မနည်းရှိကာ ၁၂ ဘီးကားနဲ့ ကားသေးအပါအဝင်ထီးချိုင့်မြို့ထဲကို သယ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။
========================
📌📌မင်းအောင်လှိုင်ကိုယ်တိုင်အခမ်းအနားနဲ့ မိတ်ဆက်ပွဲပြုလုပ်ခဲ့တဲ့ MRTV Application ကို Google Play store နဲ့ Apple App Store တို့ကဖယ်ရှားခံရပြီးနောက် လူထုက ရှက်စရာကောင်းတယ်လို့ ပြောဆိုနေကြ
အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာဖြစ်တဲ့ MRTV ကို အပ်ပလီကေးရှင်းကို မင်းအောင်လှိုင်ကိုယ်တိုင်အခမ်းအနားနဲ့ မိတ်ဆက်ပွဲပြုလုပ်ပြီး တစ်ရက် အကြာမှာပဲ Google Play store နဲ့ Apple App Store တို့က MRTV Application ကို ဖြုတ် ချဖယ်ရှားခံရတာဖြစ်တယ်လို့သတင်းရရှိပါတယ်။
"လူတွေကိုယ်တိုင်က သူ့ကို ဟာသအဖြစ်ပြောဆိုနေကြတယ်။ တကယ်တမ်းလည်း MRTV ဆိုတာက စစ်တပ်က အကြမ်းဖက်တာတွေ သတ်ဖြတ်တာတွေကို မထုတ်လွှင့်ဘူးလေ။ သတင်းမှားဖြန့်ရုံသက်သက်ပဲဆိုတော့ အခု နိုင်ငံတကာက ဘယ်လက် ခံမလဲလို့ "အသက် ၃၀ အရွယ် ရန်ကုန်မြို့နေ လူငယ်တစ်ဦးကလည်းဆိုပါတယ်။
Justice For Myanmar က အက်ပလီကေးရှင်း ရေးသားထုတ်ပြန်တဲ့ အမေရိကန်ကုမ္ပဏီ Apps Web Social LLC ရဲ့ နာမည်ကို ဖော်ထုတ်ပြောကြားပြီးနောက် ကုမ္ပဏီက ယင်းအက်ပလီကေးရှင်းတွေကို ဖြုတ်ချခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌ပခုက္ကူမြို့နယ်ဘုန်းကံကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများနှင့် ယင်းတို့၏လက်နက်သိုလှောင်ရာနေရာအား ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်
"မေလ ၅ ရက် ညနေ ၄:၀၀ အချိန်ခန့်၌ ပခုက္ကူမြို့နယ်ဘုန်းကံကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများနှင့် ယင်းတို့၏လက်နက်သိုလှောင်ရာနေရာအား ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PPDF ၊ Earhquake People’s Defense Force ၊ တမာမြေအဖွဲ့၊ မြိုင်လက်နက်ကြီးအဖွဲ့ဖြစ်သော နံသာမြိုင်အဖွဲ့တို့ တို့ပူးပေါင်း၍ ဝင်ရောက် ၆၀ မမ၊ ၁၀၀ မမ လက်လုပ်လက်နက်ကြီးများဖြင့် ၁၀ ချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ယင်းတိုက်ခိုက်မှုများ၏ အသေးစိတ်အခြေနေအား မြေပြင်အနေအထားအရ ဆက်လက်စုံစမ်းနေတယ်လို့သိရပါတယ်။ ကာကွယ်ရေးတပ်များကတော့အထိအခိုက်မရှိဘူးလို့သိရပါတယ်။
========================
📌📌ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ရာ လူနေအိမ်၂၂ လုံးမီးလောင်ဆုံးရှုံး
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ရာလူနေအိမ်၂၂ လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မေလ ၆ ရက်နေ့မှာ ရေဦးနယ် ရေမြက်ရွာ ဒုတိယအကြိမ် စစ်တပ်ကမီးရှို့ခဲ့တယ်လို့ ရေဦးပကဖကဆိုပါတယ်။
"ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို စစ်ခွေးသူပုန်တပ်က မနေ့ကမေ (၅) ရက်ဒုတိယအကြိမ် ဝင်ရောက်ဖျက်ဆီး မီးရှို့တာ လူနေအိမ် (၂၂) အိမ်၊ မီးဖိုဆောင် (၁) လုံး၊ နွားတဲ (၁) လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပါတယ်"လို့ဆိုပါတယ်။ အခြားကျေးရွာများလည်း ပျက်ဆီးမှုများရှိနိုင်ပါတယ်လို့ရေဦးပကဖကဆိုပါတယ်။
မေလ ၅ ရက်နေ့မှာ Fire Service Department - MOHAI - NUGကနေ အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်သော မီးရှို့ဖျက်စီးမှုများစာရင်းကိုထုတ်ပြန်ချက်များအရ ဧပြီ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းတွင် စကစတပ်များမှ လူနေအိမ် ၃၅၅၅ လုံးကို မီးရှို့ဖျက်စီးခဲ့ပြီး မီးရှို့သတ်ဖြတ်ခံရသူအရပ်သား ၇ ဦးရှိကာ ပစ်သတ်ခံရသူ ၂၆ ဦးရှိခဲ့ပါတယ်။
========================
📌📌ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစုစကားဝိုင်းကျင်းပမယ်
မေလ ၈ ရက်ည ၇ နာရီမှာ ပြည်သူ့တော်လှန်ရေးမိသားစု စကားဝိုင်း ကိုထုတ်လွှင့်သွားမယ်လို့သိရပါတယ်။ ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစု People's Revolution Supply Family - PRF ရဲ့ စတုတ္ထအကြိမ်မြောက် မိသားစုစကားဝိုင်းအစီအစဥ်အဖြစ် အကြမ်းမဖက်သောနည်းလမ်းများကနေ တော်လှန်ရေးကြီးမှာ ဘယ်လိုပါဝင်တော်လှန်နိုင်မလဲဆိုတာကို ဒေါက်တာဖြိုးသီဟ - Author/ Trainer/ Moderator၊ ကိုမိုးခ - Author/ CDMer/ Fundraiser၊ ချစ်သုဝေ - အဆိုတော်/ ရုပ်ရှင်သရုပ်ဆောင်၊ကိုနန်းလင်း - စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - AJAY နဲ့ Moana - သွေးစွန်းငွေ လှုပ်ရှားမှုတို့မှ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။
အစီအစဥ်အားမဇ္ဈိမ သတင်း၊ PVTV နဲ့ DDay Channel, MOD page, OFP page တို့မှာလည်း တပြိုင်တည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
========================
📌📌စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ မူးယစ်ဆေးဝါးတွေကို ပေါ်တင်ရောင်းချနေပြီး လူငယ်အများအပြား မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်လာတယ်လို့ ဒေသခံတွေကပြောဆိုကြတဲ့သတင်း
စစ်ကိုင်းတိုင်းကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ အကြမ်းဖက်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာပါ။ စစ်ကောင်စီက အသုံးပြုတဲ့နည်းလမ်းတွေထဲမှာ မူးယစ်ဆေးဝါးရောင်းချနေတာတွေကို လွှတ်ပေးထားပြီး လူငယ်တွေတော်လှန်ရေးကနေ သွေဖယ်သွားအောင်ပြုလုပ်တဲ့နည်းလမ်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ထီးချိုင့်မြို့၊ ကလေးမြို့တို့အပါအဝင် စစ်ကိုင်းတိုင်းက မြို့ကြီးတော်တော်များများမှာ မူးယစ်ဆေးဝါးရောင်းချတာတွေကို မဖမ်းဘဲ စစ်ကောင်စီကလွှတ်ပေးထားတယ်လို့ ဒေသခံတွေက ပြောဆိုနေကြတဲ့အပေါ် အခုလိုသိရမှာပါ
(ထီးချိုင့်ဒေသခံတစ်ဦး)
စစ်ကောင်စီက စစ်ကိုင်းတိုင်းကိုထိန်းချုပ်ဖို့ကြိုးစားရာမှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ဒေသခံတွေခံစားရအောင် ပြုလုပ်နေတာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းထဲက အမျိုးသမီးငယ်တွေဟာ စစ်သားတွေရဲ့လိင်ပိုင်းဆိုင်ရာစော်ကားနှောက်ယှက်မှုတွေနဲ့ပါကြုံတွေ့နေရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မုံရွာကျောင်းသားသဂ္ဂများသပိတ်ကော်မတီဝင်တစ်ဦးရဲ့အပြောကတော့
(မုံရွာကျောင်းသားသဂ္ဂများသပိတ်ကော်မတီဝင်)
စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲကပြည်သူတွေ ပုံမှန်မရပ်တည်နိုင်အောင် ဖြတ် ၄ဖြတ်စနစ်ကိုကျင့်သုံးနေသလို အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ပြီး သတင်းအမှောင်ချတာ၊ ဘာသာရေးလူမျိုးရေးမှိုင်းတိုက်တာ၊ မူးယစ်ဆေးဝါးနဲ့လူငယ်တွေကိုဖျက်ဆီးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
========================
📌📌မေလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ မြိုင်မြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီက ပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တဲ့သတင်း
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မေလ ၁ရက်နေ့ကနေ ၄ရက်နေ့အထိ တိုက်ပွဲငယ် ၇ ခုထက်မနည်းဖြစ်ပွားခဲ့တာပါ။ ဒါအပြင် နှမ်းစားကျင်းရွာသား ၂ယောက်၊ ကန်ကြီးရွာသား ၁ယောက်၊ အုတ်ဖိုရွာသား ၄ယောက်၊ မြောက်ဆည်ရွာသား ၅ ယောက်အပါအဝင် စုစုပေါင်း ပြည်သူ ၁၃ ယောက်ကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီး နှမ်းစားကျင်းရွာသား ၂ ယောက်ကို စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ဒီအကြောင်းကိုတော့ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF မှ အခုလိုပြောထားပါတယ်။
မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF မြိုင်မြို့နယ်နဲ့ကပ်ရပ် ပေါက်မြို့နယ်မှာတော့ ရွာလုံးကျွတ် NLD ကို မဲပေးခဲ့တဲ့ရွာတွေကို ပျူစောထီးအဖြစ်သစ္စာခံကြဖို့ စစ်တပ်ကဖိအားပေးစေခိုင်းနေပြီး မနာခံတဲ့ကျေးရွာတချို့မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့တယ်လို့ ပေါက်မြို့နယ်ခံတစ်ယောက်က အခုလိုပြောပါတယ်။
(ပေါက်မြို့နယ်ခံတစ်ဦး)
မကွေးတိုင်းထဲမှာ စစ်ကောင်စီက ပြည်သူကိုရန်သူလိုသဘောထားပြီး နှိမ်နင်းနေတယ်ဆိုတဲ့အချက်ကို ပြည်သူတွေမမေ့လျော့ဘဲ နေထိုင်ကြဖို့ ဒေသတွင်း PDF တွေက သတိပေးထားပါတယ်။ ဒေသတွင်း PDF တွေရဲ့သတင်းပေးချက်တွေ၊ မေတ္တာရပ်ခံချက်တွေကိုလည်း ပြည်သူတွေက လိုက်နာပေးကြဖို့ ဒေသတွင်း PDF တွေက တိုက်တွန်းထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment