11th JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အစွမ်းကုန်တိုက်ပွဲဝင်ပြီးအောင်ပွဲခံကြရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်

📌 ၂။ နွေဦးအောင်နိုင်ရေး ခရီးစဥ်ရဲ့ ဆရာတော် အရှင်ဇဝန ဦးဆောင်သောအဖွဲ့အားဇူလိုင် ၁၆ ရက် Los Angeles နွေဦးတော်လှန်ရေးမိသားစုက ကြိုဆိုမယ်

📌 ၃။ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သောအစီအစဥ်တိုင်း CDM ပြုလုပ်ထားတဲ့ ကျောင်းသားတွေအတွက် စာမေးပွဲကျင်းပမယ့်လကို ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်

📌 ၄။ အနီရောင်လွှမ်းတဲ့တနေ့ အာဏာရှင်ဆိတ်သုဥ်းခြင်းနိမိတ် ဘန်နာကိုင်ဆွဲကာ လောင်းလုံးမြို့အတွင်း အမျိုးသမီးထုလှုပ်ရှားမှုပြုလုပ်

📌 ၅။ UCSY ရှိ CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း (၇၄) ဦးအား ဂုဏ်ပြုပံ့ပိုးငွေ တစ်ဦးလျှင် (၅၀၀၀၀)  ကျပ်တိတိ ပံ့ပိုးပေးနိုင်ခဲ့

📌 ၆။ ချင်းပြည်နယ် ဖလမ်းမြို့ရှိ တားလ်ကျေးရွာနဲ့ ဇာရ်ကျေးရွာမှ ပြည်သူ့နေအိမ်များကို စကစတပ်များ မီးရှို့ဖျက်ဆီး

📌 ၇။ အင်းတော်မြို့နယ် မော်လူးဒေသတွင် ၇၂ သိန်းဖိုး မူးယစ်ဆေးဝါးများကို ဒေသကာကွယ်ရေးတပ်များ ဖမ်းဆီးရမိကာ မီးရှို့ဖျက်ဆီး

📌 ၈။ ရွှေကူမြို့နယ် မင်းကျောင်းကုန်းရွာမှ ကျောက်ကြီး ရွာဘက်သို့ ဆန်တက်လာသော ကူးတို့သံခွန်ရှပ်ပြေးအား မြို့လှ KPDF တပ်ခွဲ ဗိုလ်မိုးကြိုး အဖွဲ့ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်လေးဦးသေဆုံး

📌 ၉။ MEF-Canada နဲ့ NUG-MOIC တို့ ပူးပေါင်းစီစဥ် တင်ဆက်တဲ့ "Heal Myanmar" Lucky Draw Campaign ကံစမ်းမဲလက်မှတ်ရောင်းချရက်လေးရက်သာကျန်တော့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အစွမ်းကုန်တိုက်ပွဲဝင်ပြီးအောင်ပွဲခံကြရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်


အစွမ်းကုန်တိုက်ပွဲဝင်ပြီးအောင်ပွဲခံကြရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ စစ်ဘေးရှောင်များအတွက် အားပေးစကားပြောရာမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကထည့်သွင်းပြောပါတယ်။


"ပြည်သူမှာ ပြည်သူကိုကာကွယ်ပေးမဲ့ကိုယ်ပိုင်ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတယ်။ပြည်သူမှာ ပြည်သူရှိတယ်။ကျနော်တို့ ရင်ဆိုင်ရမယ်။ကျော်ဖြတ်ရမယ်။အစွမ်းကုန်တိုက်ပွဲဝင်ကြရမယ်။အစွမ်းကုန်တိုက်ပွဲဝင်ပြီးအောင်ပွဲခံကြရမယ်"လို့ ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ တစ်နိုင်ငံလုံးခုခံတွန်းလှန်စစ်စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာနိုင်ငံကို အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ကရင်နီဒေသ၊ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ စကစတပ်များဟာ အထိနာ အကျအဆုံးများပြားလျက်ရှိပါတယ်။


========================


📌📌 ၂။ နွေဦးအောင်နိုင်ရေး ခရီးစဥ်ရဲ့ ဆရာတော် အရှင်ဇဝန ဦးဆောင်သောအဖွဲ့အားဇူလိုင် ၁၆ ရက် Los Angeles နွေဦးတော်လှန်ရေးမိသားစုက ကြိုဆိုမယ်


နွေဦးအောင်နိုင်ရေး ခရီးစဥ်ရဲ့ ဆရာတော် အရှင်ဇဝန ဦးဆောင်သောအဖွဲ့အား ဇူလိုင် ၁၆ ရက် Los Angeles နွေဦးတော်လှန်ရေးမိသားစုက ကြိုဆိုမယ်လို့သိရပါတယ်။ အဆိုပါ ကြိုဆိုပွဲမှာ ဆရာတော် အရှင်ဇဝနနဲ့ အဖွဲ့က နွေဦးအောင်နိုင်ရေးခရီးစဥ်နဲ့ ပတ်သက်လို့ ရှင်းလင်းပြောဆိုသွားမှာဖြစ်ပြီးတော့ EOD ရှယ်ယာများ၊ ငွေတိုက်စာချုပ်များလည်းရောင်းချပေးမယ်လို့ဆိုပါတယ်။


ဒုတိယအကြိမ် နွေဦးအောင်နိုင်ရေး ခရီးစဥ်ဟာ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်နဲ့မြို့တော်များကိုလှည့်လည်၍ မြန်မာပြည်ဖွားများကို နွေဦးတော်လှန်ရေးအကြောင်းအရာများကို လိုက်လံစည်းရုံးပြောကြားတာလည်းပါဝင်ပါတယ်။ ထို့အပြင် အမေရိကန် နိုင်ငံတွင် ထိန်းသိမ်းထားသော တစ်ဘီလျံကိုလည်း ပြန်လည်ရရှိရေး လက်မှတ်ကမ်ပိန်းလည်းပါဝင်ပါတယ်။


========================


📌📌 ၃။ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သောအစီအစဥ်တိုင်း CDM ပြုလုပ်ထားတဲ့ ကျောင်းသားတွေအတွက် စာမေးပွဲကျင်းပမယ့်လကို ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်


NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သောအစီအစဥ်တိုင်း CDM ပြုလုပ်ထားတဲ့ ကျောင်းသားတွေအတွက် စာမေးပွဲကျင်းပမယ့်လကို ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်အရ ဂန့်ဂေါမြို့နယ်အတွင်းမှာ CDM ပြုလုပ်ထားတဲ့ ကျောင်းသားတွေ (အခြေခံပညာ နဝမတန်း စနစ် ဟောင်းတက်ရောက်ဖူးပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှာ အသက် ၁၇ နှစ်ပြည့်ပြီးသူများ) ကို လာမယ့် ၂၀၂၃ ခု နှစ် ဖေဖော်ဝါရီလမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမယ်လို့ဆိုပါတယ်။


ဒုတိယအကြိမ် စာမေးပွဲကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ကျင်းပမှာလည်း ဖြစ်ပါတယ်။ ဖြေဆိုချိန်ကို နာရီ သတ်မှတ်ထားပြီး ဓမ္မဓိဋ္ဌာန်မေးခွန်းအမျိုးအစား (objective type items) ပါဝင်မှာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းကလွဲပြီး အခြားသော အတန်းအားလုံးက ကျောင်းသား တွေကို သတ်မှတ်အရည်အချင်းပြည်မီပါက ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ အတန်းကူးပြောင်းပေးမှာ ဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ အနီရောင်လွှမ်းတဲ့တနေ့ အာဏာရှင်ဆိတ်သုဥ်းခြင်းနိမိတ် ဘန်နာကိုင်ဆွဲကာ လောင်းလုံးမြို့အတွင်း အမျိုးသမီးထုလှုပ်ရှားမှုပြုလုပ်


အနီရောင်လွှမ်းတဲ့တနေ့ အာဏာရှင်ဆိတ်သုဥ်းခြင်းနိမိတ် ဘန်နာကိုင်ဆွဲကာ လောင်းလုံးမြို့အတွင်း အမျိုးသမီးထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ ဇူလိုင်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) က ဦးဆောင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုကလှုပ်ရှားမှုကိုဦးဆောင်ခဲ့ပါတယ်။


"ပြည်သူလူထုတရပ်လုံး နှင်းဆီနီလို ရဲရဲရင့်ရင့်နဲ့ စစ်အာဏာရှင်တွေကို တညီတညွတ်တည်း တော်လှန်မည်ဆိုပါက အာဏာရူး စစ်ဘီလူးတွေ ဒီမြေပေါ်ကနေ ပျောက်ကွယ်သွားမှာ ဧကန်ပါပဲ"လို့ဆိုပါတယ်။


အဲဒီလှုပ်ရှားမှုမှာ LGBT အခြေခံပညာကျောင်းသူ/သားတွေနဲ့ လူငယ်အချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး 'ဆိုရှယ်ဒီမိုကရက်တစ်' စာစဥ်တွေလည်း ဝေငှခဲ့ပါတယ်။ နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့နဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်စေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်အတွင်း ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၅။ UCSY ရှိ CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း (၇၄) ဦးအား ဂုဏ်ပြုပံ့ပိုးငွေ တစ်ဦးလျှင် (၅၀၀၀၀)  ကျပ်တိတိ ပံ့ပိုးပေးနိုင်ခဲ့


UCSY ရှိ CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း (၇၄) ဦးအား ဂုဏ်ပြုပံ့ပိုးငွေ တစ်ဦးလျှင် (၅၀၀၀၀)  ကျပ်တိတိ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကဖော်ပြပါတယ်။


"ဇူလိုင်လအတွက်  UCSY ရှိ CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း (၇၄) ဦးအား ဂုဏ်ပြုပံ့ပိုးငွေ တစ်ဦးလျှင် (၅၀၀၀၀) ကျပ်တိတိ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ အလှူရှင်များအားလုံးအားရန်ကုန်ကွန်ပျူတာတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီမှ အထူးကျေးဇူးတင်ရှိပါတယ်"လို့ ဖော်ပြပါတယ်။ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုအား ယခုအချိန်အထိ တက္ကသိုလ်ဆရာ၊ ဆရာမများဟာ တောင့်ခံပါဝင်လျက်ရှိပါတယ်။


========================


📌📌 ၆။ ချင်းပြည်နယ် ဖလမ်းမြို့ရှိ တားလ်ကျေးရွာနဲ့ ဇာရ်ကျေးရွာမှ ပြည်သူ့နေအိမ်များကို စကစတပ်များ မီးရှို့ဖျက်ဆီး


ချင်းပြည်နယ် ဖလမ်းမြို့ရှိ တားလ်ကျေးရွာနဲ့ ဇာရ်ကျေးရွာမှ ပြည်သူ့နေအိမ်များကို စကစတပ်များ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ်က မီးလောင်ဆုံးရှုံးမှုများကိုဆိုပါတယ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ထွက်ခွာလာသော အင်အား (၂၀၀) ကျော်ရှိ အကြမ်းဖက်စစ်တပ်အား CNDF, CNA, CDF နှင့် CJDC ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လမ်းတလျှောက် ခုခံတိုက်ခိုက်လျှက်ရှိပါတယ်။


အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့များ၏ပစ်ခတ်မှုကြောင့် တလန်ရောန်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် သူနာပြုဆရာမနေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင် () ရက်တွင် ဖလမ်းမြို့နယ်၊ တားလ်(Taal) ကျေးရွာမှ နေအိမ် (၂၉) လုံးကို အကြောင်းမဲ့ ထပ်မံမီးရှို့ဖျက်စီးခဲ့ကြပါတယ်လို့ဖော်ပြပါတယ်။ တားလ်ကျေးရွာဟာ ဖလမ်း-ဟားခါးလမ်းမပေါ်တွင် တည်ရှိပြီး အိမ်ခြေ (၃၆) အိမ်ရှိရာ ပြီးခဲ့သည့်နှစ်တွင် စကစတပ်မှ မီးရှို့ဖျက်စီးခဲ့ကြပြီး ယခုထပ်မံမီးရှို့ပြီးနောက် ကျန်ရှိသည့် နေအိမ် () လုံးကိုလည်း ဖောက်ထွင်းဖျက်စီးခဲ့ကြပါတယ်။ ဇူလိုင်လ (၁၀) ရက်နေ့ မွန်းလွဲပိုင်းကလည်း တလန်ဇာရ်ကျေးရွာရှိနေအိမ်များကို အကြမ်းဖက် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ထပ်မံမီးရှို့ဖျက်စီးခဲ့ကြရာ ညနေ (:၃၀) နာရီအချိန်ထိ နေအိမ် () လုံး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။


========================


📌📌 ၇။ အင်းတော်မြို့နယ် မော်လူးဒေသတွင် ၇၂ သိန်းဖိုး မူးယစ်ဆေးဝါးများကို ဒေသကာကွယ်ရေးတပ်များ ဖမ်းဆီးရမိကာ မီးရှို့ဖျက်ဆီး


အင်းတော်မြို့နယ် မော်လူးဒေသတွင် ၇၂ သိန်းဖိုး မူးယစ်ဆေးဝါးများကို ဒေသကာကွယ်ရေးတပ်များ ဖမ်းဆီးရမိကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ မူးယစ်ဆေးဝါးများသတင်းကို အင်းတော် တော်လှန်ရေးအင်အားစုကပြောပါတယ်။


"စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်လူးဒေသတွင် ဒေသကာကွယ်ရေးတပ်များမှ ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းအချိန် ခုနစ်ဆယ့်နှစ်သိန်းကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ပါတယ်"လို့ ဆိုပါတယ်။


ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ဒေသကာကွယ်ရေးတပ်များမှ မီးရှို့ဖျက်စီးခဲ့ပြီး ရောင်းချသူ၊ဝယ်ယူသူ မူးယစ်ရာဇဝတ်သားများကိုလည်း အထူးသတိပေးဆုံးမကာ ပြန်လွတ်ပေးခဲ့ပါတယ်။ နောက်နောင်တွင်လည်း မူးယစ်ဆေးရောင်းသူ၊ ဝယ်သူများကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးကာ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ ရွှေကူမြို့နယ် မင်းကျောင်းကုန်းရွာမှ ကျောက်ကြီး ရွာဘက်သို့ ဆန်တက်လာသော ကူးတို့သံခွန်ရှပ်ပြေးအား မြို့လှ KPDF တပ်ခွဲ ဗိုလ်မိုးကြိုး အဖွဲ့ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်လေးဦးသေဆုံး


ရွှေကူမြို့နယ် မင်းကျောင်းကုန်းရွာမှ ကျောက်ကြီး ရွာဘက်သို့ ဆန်တက်လာသော ကူတို့သံခွန်ရှပ်ပြေးအား မြို့လှ KPDF တပ်ခွဲ ဗိုလ်မိုးကြိုး အဖွဲ့ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ စစ်ရေးသတင်းကို မြို့လှ PDF ကဆိုပါတယ်။

 

"မြို့လှ KPDF တပ်ရင်းနယ်မြေအတွင်း ထိုးစစ်ဆင် လှုပ်ရှားနေတဲ့ ခမရ ၄၁၅ စစ်ကြောင်းမှူး ဗိုလ်မှူး သိန်မြင့်အောင်ဦးဆောင်အဖွဲ့ အင်အား ၄၈ ယောက် မှ  ကျောက်ကြီးရွာ ကူးတို့ သံခွန် ရှပ်ပြေးဖြင့် မြစ်ကြောင်းအတိုင်း ဆန်တက်လာစဥ်မြို့လှ KPDF တပ်ရင်း တပ်ခွဲ မှ ဗိုလ်မိုးကြိုး ဦးစီးသော စစ်ကြောင်းမှ စောင့်ကြို တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စကစဘက်က လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့ပါတယ်။ ထို့အပြင်ရွှေကူမြို့နယ် ကျောက်ကြီးရွာမှ စစ်ကောင်စီ၏ ဒေါက်တိုင်များသဖွယ် ဝန်ဆောင်ပေးနေသော ကူးတို့သံခွန်ရှပ်ပြေးအား ဖောက်ခွဲခဲ့ပါတယ်။


========================


📌📌 ၉။ MEF-Canada နဲ့ NUG-MOIC တို့ ပူးပေါင်းစီစဥ် တင်ဆက်တဲ့ "Heal Myanmar" Lucky Draw Campaign ကံစမ်းမဲလက်မှတ်ရောင်းချရက်လေးရက်သာကျန်တော့


MEF-Canada နဲ့ NUG-MOIC တို့ ပူးပေါင်းစီစဥ် တင်ဆက်တဲ့ "Heal Myanmar" Lucky Draw Campaign ကံစမ်းမဲလက်မှတ်ရောင်းချရက်လေးရက်သာကျန်တော့ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့မှာ ကံစမ်းမဲလက်မှတ်တွေကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးတော့ ရောင်းရငွေ တစ်ရာ ရာခိုင်နှုန်းဟာ ချင်းပြည်နယ်အတွက်အလှူငွေဖြစ်ပါတယ်။ ကံစမ်းမဲလက်မှတ်များ တစ်စောင် $10 နဲ့ ၀ယ်ယူအားပေးလို့ရနိုင်ပြီး MEF- Canada Volunteers များနဲ့တာ၀န်ယူထားတဲ့ သက်ဆိုင်ရာ မြို့ / နိုင်ငံ/ community အသီးသီး တွင် မဲလက်မှတ်များရောင်းချပေးလျက်ရှိပါတယ်။ မဲလက်မှတ်ဖွင့်ပွဲနေ့ live ထုတ်လွှင့်မှာဖြစ်ကာ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတက်ရောက် အမှာစကားပြောကြားပေးမှာဖြစ်ပြီးတော့ အဆိုတော် ဘဂျမင်ဆုန်နဲ့ထင်ရှားကျော်ကြားတဲ့အနုပညာရှင်များလည်းပါဝင်မှာဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment