13th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၁၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နဝတခေတ်မှာ သစ်တောပြုန်းတီးတာထက် မင်းအောင်လှိုင်က ပိုဆိုးနေတယ်လို့ယာယီသမ္မတကြီး ဒူဝါလရှီးလဆို

📌 ၂။ အိန္ဒိယနိုင်ငံသားနှစ်ဦးအသတ်ခံရမှုကို ပြည်ထဲရေးဝန်ကြီးဌာနက စနစ်တကျ စုံစမ်းဖို့. ပြည်ထောင်စုဝန်ကြီးချုပ်ညွှန်ကြား

📌 ၃။ စစ်ရေးအရှိန်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မြှင့်တင်နိုင်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၄။ ပြည်သူ့ရဲတပ်ဖွဲ့ အဖွဲ့ဝင်တွေအတွက် အရည်အချင်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းမယ်

📌 ၅။ NUG အစိုးရ ပညာရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပ

📌 ၆။ VENOM စစ်ကြောင်းသို့ စနိုက်ပါ လက်၊ M4 လက် နှင့် ကျည်များ လက်ဝယ်ရောက်ရှိ

📌 ၇။ မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ  သုံးထပ်ကွေ့နှင့် သရက်တစ်ပင်ရွာကြား မှာတပ်မ (၄၄) လက်အောက်ခံ ခလရ () စစ်ကြောင်းနှင့် ကော်ဘရာ စစ်ကြောင်း တို့ ပြင်းထန်စွာတိုက်ပဲွဲဖြစ်ပွားပြီး စကစဘက်က တပ်ရင်းမှူးအပါအဝင်အများအပြားသေဆုံး

📌 ၈။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်မှ ပုံတောင်ပုံညာဒေသ တိုက်ပွဲများတွင် စကစတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့

📌 ၉။ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုရဲ့ခလရ ၄၂ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့်ဒေသခံရွာသားတစ်ဦး နေရာတင်လက်နက်ကြီးကျည်ထိမှန်သေဆုံး

📌 ၁၀။ ကလေးမြို့နယ်တောင်ပိုင်းတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲများပြင်းထန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နဝတခေတ်မှာ သစ်တောပြုန်းတီးတာထက် မင်းအောင်လှိုင်က ပိုဆိုးနေတယ်လို့ယာယီသမ္မတကြီး ဒူဝါလရှီးလဆို


နဝတခေတ်မှာ သစ်တောပြုန်းတီးတာထက် မင်းအောင်လှိုင်က ပိုဆိုးနေတယ်လို့ယာယီသမ္မတကြီး ဒူဝါလရှီးလက ဇူလိုင် ၁၂ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောဆိုလိုက်ပါတယ်။

"ရင်းနှီးမြှုပ်နှံမှုနဲ့ သစ်တောပြုန်းတီးမှုတွေက နဝတ ခေတ်မှာ တော်တော်လေး ပြုန်းတီးသွားတယ်။အဲဒီလူတွေထက်ပို ပိုဆိုးတာက မင်းအောင်လှိုင်ဖြစ်တယ်။ရာသီဥတုပြောင်းလဲလာတာကို ပြည်သူတွေ ဆိုးရွားစွာခံစားနေရတယ်။ဒီနေ့ အမျိုးသားညီညွတ်ရေး အစိုးရက ဒါတွေကို ပြုပြင်ထိန်းသိမ်းဖို့ တာဝန်ဝတ္တရား ရှိတယ်"လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းတို့မှာ တရားမဝင်သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာနေပါတယ်။


========================


📌📌 ၂။ အိန္ဒိယနိုင်ငံသားနှစ်ဦးအသတ်ခံရမှုကို ပြည်ထဲရေးဝန်ကြီးဌာနက စနစ်တကျ စုံစမ်းဖို့. ပြည်ထောင်စုဝန်ကြီးချုပ်ညွှန်ကြား


အိန္ဒိယနိုင်ငံသားနှစ်ဦးအသတ်ခံရမှုကို ပြည်ထဲရေးဝန်ကြီးဌာနက စနစ်တကျ စုံစမ်းဖို့. ပြည်ထောင်စုဝန်ကြီးချုပ်က ဇူလိုင် ၁၂ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာ ညွှန်ကြားလိုက်ပါတယ်။

"တမူးမြို့မှာ အိန္ဒိယနိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း အခြေခံအချက်အလက်တွေ ချက်ချင်းစုံစမ်းပြီး ကျွန်တော်တို့ ထုတ်ပြန်ကြေညာချက် တစ်စောင် ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကျူးလွန်သူ တွေက ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တယ်လို့ တမူးမြို့နှင့် မိုရေးမြို့မှာ နေထိုင်ကြတဲ့ပြည်သူတွေက သိနေကြပေမယ့် စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဒီဖြစ်ရပ်ကို ကျူးလွန်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲထားပြီး ဗြောင်လိမ်လည် ငြင်းဆိုထားတယ်။တကယ်တော့ ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ လက် အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူမဆန်ရက် စက်စွာနှိပ်စက် သတ်ဖြတ်ခြင်းတွေကို အရပ်သားပြည်သူများအပေါ် ပြုကျင့်လျက်ရှိတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။ အိန္ဒိယနိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရမှုကို ပြည်ထဲရေးဝန်ကြီးဌာန မှ ဦးဆောင်ပြီး စနစ်တကျစီမံ ဆောင် ရွက်စေချင်ကြောင်း၊တမူးရှိပအဖ ပကဖ တွေနဲ့ တွေ့ဆုံပြီး အမှုကိစ္စအတွက် ဆက်လက် စုံစမ်းဆောင်ရွက်ကာလိုအပ်ပါကတရားရေးနဲ့ပူးပေါင်းဆောင်ရွက်ဖို့လည်း ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၃။ စစ်ရေးအရှိန်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မြှင့်တင်နိုင်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


စစ်ရေးအရှိန်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မြှင့်တင်နိုင်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားပါတယ်။ ဇူလိုင် ၁၂ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။

"စစ်ကောင်စီရဲ့ အခြေအနေဟာ တစ်နေ့ထက်တစ်နေ့ ဘက်ပေါင်းစုံက ယိုယွင်းလာတာကို သူတို့သွေးရူးသွေးတန်း နေ့စဉ်ပြောဆိုနေတဲ့စကားတွေ၊ လုပ်ရပ်တွေကိုကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစုတွေဟာ နေ့စဉ်နိုင်ငံရေးအခြေအနေတွေကိုလည်း စောင့်ကြည့်ပြီး လုပ်ဆောင်ရမှာတွေ၊ လုပ်ဆောင်သင့်တာတွေကို အချိန်နဲ့တစ်ပြေးညီ စီမံဆောင်ရွက် နိုင်ကြဖို့ လိုအပ်ပါတယ်။ တစ်ဘက်ကလည်း စစ်ရေးအရှိန်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မြှင့်တင်နိုင်ဖို့ လိုအပ်ပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။ စကစတပ်များကို ခုခံတွန်းလှန် တိုက်စစ်ဆင်ဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။


========================


📌📌 ၄။ ပြည်သူ့ရဲတပ်ဖွဲ့ အဖွဲ့ဝင်တွေအတွက် အရည်အချင်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းမယ်


ပြည်သူ့ရဲတပ်ဖွဲ့ အဖွဲ့ဝင်တွေအတွက် အရည်အချင်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းမယ်လို့ ဇူလိုင် ၁၂ ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကတင်ပြခဲ့ပါတယ်။ အစည်းအဝေးမှာ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြည်သူ့ရဲတပ်ဖွဲ့ အဖွဲ့ဝင်တွေအတွက် အရည်အချင်းစစ်ဆေးရေးကော်မတီဖွဲ့စည်းခြင်း ကိစ္စရပ် အတည်ပြုဖို့တင်ပြခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ရဲချုပ်ရုံးအပါအဝင် ရဲတပ်ဖွဲ့နဲ့ရဲစခန်းများဖွဲ့စည်းခြင်းကို ဇွန်လ ၃၀ ရက်မှာအမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီး ရဲတပ်ဖွဲ့ဝင်သစ်များ တာဝန်ပေးအပ်နိုင်မှုမှသည် တော်လှန်ရေးကို အရှိန် မြှင့်တင်ဆောင်ရွက်မယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအတွက် အရည်အချင်းစစ်ဆေးရေးကော်မတီဖွဲ့စည်းနိုင်ရေး တင်ပြဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး၏ တင်ပြချက်အပေါ် တက်ရောက်လာကြတဲ့ အစိုးရအဖွဲ့ဝင်များက ဝိုင်းဝန်း ဆွေးနွေးအကြံပြုခဲ့ကြပါတယ်။ ယင်းအကြံပြုချက်များ ထည့်သွင်းလျက် မကြာမီ အဆိုပါအရည်အချင်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းကြောင်း ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

ကော်မတီဖွဲ့စည်းပြီးသည်နှင့် NUG အထူးအုပ်ချုပ်ရေး ဒေသများတွင် မြို့နယ်ရဲတပ်ဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက် လူထုဘဝ လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ အကြမ်းဖက်စစ်ကောင်စီ၏ ဖက်ဆစ်အကြမ်းဖက်  လုပ်ရပ်များကို တရားဥပဒေနှင့်အညီ အရေးယူပြစ်ဒဏ်ချမှတ်သွားနိုင်ရေး ကိစ္စများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၅။ NUG အစိုးရ ပညာရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပ


NUG အစိုးရ ပညာရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့က Next Generation Hope ကဖော်ပြပါတယ်။

"NUG အစိုးရ ပညာရေးဝန်ကြီးဌန စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းဖွင့်ပွဲအခမ်းအနား အောင်မြင်စွာဖွင့်လှစ်ပြီးစီးကြောင်း ပြည်သူများထံ အသိပေးပါတယ်"လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းထဲ ယင်းမာပင်မြို့နယ်မှာ ပြည်သူ့ပညာရေးကျောင်းပေါင်း ၈၀ ကျော်ဖွင့်လှစ်ထားကာ  မိုးရာသီ အားကစားပြိုင်ပွဲကိုပင် ကျင်းပပေးခဲ့ပါတယ်။


========================


📌📌 ၆။ VENOM စစ်ကြောင်းသို့ စနိုက်ပါ လက်၊ M4 လက် နှင့် ကျည်များ လက်ဝယ်ရောက်ရှိ


VENOM စစ်ကြောင်းသို့ စနိုက်ပါ လက်၊ M4 လက် နှင့် ကျည်များ လက်ဝယ်ရောက်ရှိခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့မှာ VENOM စစ်ကြောင်းက လက်နက်များလက်ဝယ်ရရှိ၍ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

"မိဘပြည်သူများမှ ကိုယ်ပိုင်ချွေးနည်းစာဖြင့် အခက်အခဲများကြားမှ လှူဒါန်းပေးသော အလှူငွေများ ပုံသဏ္ဍာန်တစ်ခုဆီသို့ပြောင်းလဲကာ ကျွန်တော်တို့၏ လက်ဝယ်သို့ရောက်ရှိလာခဲ့ပါပြီ။ စနိုက်ပါ လက်၊ M4 လက် နှင့် ကျည်များ လက်ထဲရောက်ရှိလာပါပြီ"လို့ဆိုပါတယ်။ VENOM စစ်ကြောင်းမှာ လူငယ်အများစုပါဝင်၍ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲမှာ ပူးပေါင်းစစ်ကြောင်းအဖြစ်လည်းပါဝင်ခဲ့ပါတယ်။


========================


📌📌 ၇။ မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ  သုံးထပ်ကွေ့နှင့် သရက်တစ်ပင်ရွာကြား မှာတပ်မ (၄၄) လက်အောက်ခံ ခလရ () စစ်ကြောင်းနှင့် ကော်ဘရာ စစ်ကြောင်း တို့ ပြင်းထန်စွာတိုက်ပဲွဲဖြစ်ပွားပြီး စကစဘက်က တပ်ရင်းမှူးအပါအဝင်အများအပြားသေဆုံး


မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ  သုံးထပ်ကွေ့နှင့် သရက်တစ်ပင်ရွာကြား မှာတပ်မ (၄၄) လက်အောက်ခံ ခလရ () စစ်ကြောင်းနှင့် ကော်ဘရာ စစ်ကြောင်း တို့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားပြီး စကစဘက်က တပ်ရင်းမှူးအပါအဝင်အများအပြားသေဆုံးခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက် မနက် () နာရီ မိနစ် (၂၀) ခန့်မှ စတင်ကာ စကစတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ကော်ပရာစစ်ကြောင်းကဆိုပါတယ်။

"ကရင့်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ တပ်မဟာ () မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ  သုံးထပ်ကွေ့နှင့် သရက်တစ်ပင်ရွာကြား နေရာတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခလရ () စစ်ကြောင်းနှင့် ကော်ဘရာ စစ်ကြောင်း တို့ ဇူလိုင် (၁၂) ရက်နေ့ ယနေ့ မနက် () နာရီ မိနစ် (၂၀) ခန့်မှ စတင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်"လို့ ကော်ပရာစစ်ကြောင်းကဖော်ပြပါတယ်။

တိုက်ပွဲမှာအကြမ်းဖက် စစ်‌ကောင်စီ၏ ခလရ () စစ်ကြောင်းမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး တို့အပါအဝင် အရာရှိများ၊ တပ်သား အများအပြား သေဆုံးပြီး  " တပ်ရင်း ဖွဲ့စည်းပုံ ပျက်သည်"  အထိ သေကြေ၊ ပျက်စီး၊ ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ကော်ဘရာ စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ပြုလုပ်နေဆဲ ဖြစ်ကာ ကော်ဘရာစစ်သည်ဘက်မှ ()ဦးသာ " ပွန်းပဲ့ဒဏ်ရာ " ရရှိခဲ့ပါတယ်။ ကော်ဘရာစစ်သည်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိရာတွင် RPG အသီး - ၂၆ လုံး၊ RPG ပို့ယမ်း - ၂၁ တောင့်၊ ရှေ့ထွက်မိုင်း - ၁လုံး၊ နင်းမိုင်း - ၂၁ လုံး၊ လက်ပစ်ဗုံး - ၁၇ လုံး၊ MA - 1 - လက်၊ ၄၀ မမ - ၃၁ လုံး၊ ၆၀ မမ -၂၉ လုံး၊ စက်လတ်ကျည် - ၃၀၀၀ စတဲ့ပစ္စည်းများပြားစွာ သိမ်းဆည်းရမိပါတယ်။


========================


📌📌 ၈။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်မှ ပုံတောင်ပုံညာဒေသ တိုက်ပွဲများတွင် စကစတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့


ယောဒေသပြည်သူ့ကာကွယ်ရေးတပ်မှ ပုံတောင်ပုံညာဒေသ တိုက်ပွဲများတွင် စကစတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဇူလိုင်လ ၁၂ ရက် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်က စစ်ရေးသတင်းကိုထုတ်ပြန်ပါတယ်။

"ယောဒေသပြည်သူ့ကာကွယ်ရေးတပ် ( YDF-KYAW ) ဟာ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YDF) လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်အာဏာရှင် ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် တစိုက် မတ်မတ်လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ပုံတောင်ပုံညာဒေသများတွင် တိုက်ပွဲများစွာဖော်ဆောင်ခဲ့ပြီး ၊ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်အား သုတ်သင်ရှင်းလင်းနိူင်ခဲ့ပါတယ်" လို့ဖော်ပြပါတယ်။

( YDF - KYAW ) တပ်ဖွဲ့ဝင်များဟာ ပြည်သူမှပေါက်ဖွားသော ပြည်သူ့ရဲဘော်များ ဖြစ်တဲ့အတွက်  ကောင်းခြင်းဆိုးခြင်းများကို အမှန်အတိုင်းထောက်ပြဝေဖန်နိူင်ပြီး ( YDF - KYAW ) ကာကွယ်ရေးတပ်ဖွဲ့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရန်လည်း အထူးအလေးထား တောင်းဆိုအပ်ပါတယ်လို့ ထုတ်ပြန်ပါတယ်။


========================


📌📌 ၉။ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုရဲ့ခလရ ၄၂ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့်ဒေသခံရွာသားတစ်ဦး နေရာတင်လက်နက်ကြီးကျည်ထိမှန်သေဆုံး


ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုရဲ့ခလရ ၄၂ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့်ဒေသခံရွာသားတစ်ဦးနေရာတင်လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့မှာ စကစတပ်များကြောင့်သေဆုံးတဲ့စာရင်းကို AAPP ကထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ ခလရ ၄၂ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံရွာသား ဦးနီလုံးမှာ လက်နက်ကြီးကျည်ထိမှန်ကာ နေရာတွင်ပင် သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ စိုင်နိုင်လေးကျေးရွာအနီး စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခြင်း ခံခဲ့ရပြီးနောက် ထိုကဲ့သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၁၀။ ကလေးမြို့နယ်တောင်ပိုင်းတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲများပြင်းထန်


စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲများပြင်းထန်နေတယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၁၂ ရက်နေ့မှာ PDF Kalay တပ်ရင်း က စစ်ရေးသတင်းကိုထုတ်ပြန်ပါတယ်။

"ကလေးမြို့နယ်တောင်ပိုင်းတွင်၂ ရက်မြောက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပါတယ်။ ပြည်သူ့ရဲဘော် pdf kalay နဲ့ ပူးပေါင်းမဟာမိတ် တပ်ဖွဲ့ဝင်များအတွက် ဆုတောင်းမေတ္တာပို့ပေးကြပါခင်ဗျ" လို့ တပ်ရင်း က ရဲဘော်တစ်ဦးကပြောပါတယ်။

နှစ်ဖက် တိုက်ပွဲတွင် စကစတပ်များ အထိအခိုက်အကျအဆုံးရှိပြီး မကြာခင် သေဆုံးစာရင်းများထုတ်ပြန်ပေးမယ်လို့ဆိုပါတယ်။ ဇူလိုင် ၁၁ ရက်နေ့ကတည်းက စကစတပ်များစစ်ကြောင်းထိုးလာ၍ PDF ရဲဘော်များနဲ့ ထိတွေ့ပစ်ခတ်နေတာလည်းဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment