16th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၁၆ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇူလိုင် ၁၅ ရက် သတင်းထုတ်ပြန်ချက်

📌 ၂။  အာဏာရှင်လက်အောက်မှာ တရားမျှတမှု၊ လွတ်လပ်ခွင့်နဲ့ လူပီသစွာ ရှင်သန်နေထိုင်ခွင့်တွေ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၃။ ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေးနာရေးသို့အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းမှ သွားရောက်

📌 ၄။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေဆုံ

📌 ၅။ ကနီမြို့နယ်အတွင်း ပြည်သူ့ပညာရေးကျောင်းများတွင် သင်ရိုး KG မှ Grade 10 အထိ စာမေးပွဲများဖြေဆိုပြီးမြောက်

📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနလမ်းညွှန်ချက်များနှင့်အညီ  ဖွင့်လှစ်ထားသော Academy Federal School မှ တနင်္သာရီမြို့နယ်အတွင်းရှိ CDM ကျောင်းသားများ ကျောင်းအပ်နှံနိုင်ကြောင်းကြေညာ

📌 ၇။ အကြမ်းဖက်စစ်တပ်အား အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းရဲဘော်အတွက်အလှူရှင်တစ်ဦးမှ ငွေတိုက်စာချုပ်အား ဝယ်ယူလှူဒါန်း

📌 ၈။ NUG MOD အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  အောက် တပ်ရင်းတစ်ခုဖြစ်တဲ့ အမှတ် (၁၀၀၈) တပ်ရင်း ရှမ်းတောင်အတွက် Sniper  လက် Campaign တွင်ပြည်သူများပါဝင်နိုင်

📌 ၉။ ကုန်ကျစရိတ် ကျပ်ဆယ်သိန်းရှိသော ကျည် ၁၂ တောင့် ဘောက်ထိုး သေနတ်ကို ကဿပဝိဇ္ဇာ PDF ထပ်မံထုတ်လုပ်အောင်မြင်

📌 ၁၀။ ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာကို ခမရ-၃၅၁ ခလရ-၆၀ နှင့် ပူးပေါင်းတပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် သားသည်အမေတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

📌 ၁၁။ ဂန့်ဂေါမြို့နယ်တွင်း စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ၁၅၀၀ ကျော်ခန့်ထိရှိနေပြီးစားနပ်ရိက္ခာများလိုအပ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇူလိုင် ၁၅ ရက် သတင်းထုတ်ပြန်ချက်


၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာတွင် စကစတပ်သားနှင့်ပျူစောထီးများက ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး)က ဝင်ရောက်ကယ်ဆယ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး () ဦးသေဆုံးခဲ့ပြီး (၁၉) ဦးထွက်ပြေးသွားခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်သားများက အရပ်သားပြည်သူ (၅၀) ဦး ခန့်ကို ကယ်ထုတ်နိုင်ခဲ့သည်။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်းမပြုကြရန် တားမြစ်ထုတ်ပြန်ကြေညာချက်ကို ၂၀၂၂ ခုနှစ်၊မေလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီနှင့်ပူးပေါင်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့အစည်းများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

လက်ရှိအချိန်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့တွင်ပါဝင်ရန် နည်းလမ်းအမျိုးမျိုးဖြင့်ဖိအားပေး လုပ်ကိုင်ဆောင်ရွက်နေရသည့် အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များအနေဖြင့်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများကို အမြန်ဆုံးစွန့်ခွါပြီး ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊တပ်ဖွဲ့များထံ အမြန်ဆုံး သတင်းပေးပို့၍ လက်နက်အပ်နှံ ပူးပေါင်းဆောင်ရွက်ကြရန် ထပ်မံတိုက်တွန်းလိုက်ပါသည်။ 


ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရလို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။  အာဏာရှင်လက်အောက်မှာ တရားမျှတမှု၊ လွတ်လပ်ခွင့်နဲ့ လူပီသစွာ ရှင်သန်နေထိုင်ခွင့်တွေ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


အာဏာရှင်လက်အောက်မှာ တရားမျှတမှု၊ လွတ်လပ်ခွင့်နဲ့ လူပီသစွာ ရှင်သန်နေထိုင်ခွင့်တွေ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လူမှုကွန်ရက်မှာ ဇူလိုင် ၁၅ ရက်နေ့က ရေးသားပြောကြားခဲ့ပါတယ်။


"အာဏာရှင်လက်အောက်မှာ တရားမျှတမှု၊ လွတ်လပ်ခွင့်နဲ့ လူပီသစွာ ရှင်သန်နေထိုင်ခွင့်တွေ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရပြီး မျိုးဆက်ပေါင်းများစွာ ဘဝတွေစတေးခဲ့ကြရတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။ ယင်းနောက် ပြည်သူလူထု တစ်သောင်းကျော် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး နှစ်ထောင်ကျော် သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၃။ ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေးနာရေးသို့အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းမှ သွားရောက်


ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေးနာရေးသို့အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းမှ သွားရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံသားများအား ကိုယ်စားပြုပြီး  ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းမှ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့်အတူ Liberal Democratic Party ရုံးချုပ်ရှိ ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေးရဲ့ နာရေးသို့သွားရောက်ခဲ့ပါတယ်။


ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းအဖွဲ့အားဂျပန်မြန်မာပါလီမန်အမတ်များသမဂ္ဂဥက္ကဌနှင့် ဂျပန်အောက်လွှတ်တော် ဒုတိယ ဥက္ကဌ မစ္စတာ အိချိရို အိုင်းဆဝမှ နုတ်ဆက်ကြိုဆိုခဲ့ပါတယ်။ ထို့နောက် ဦးစောဘလှသိန်းမှ အမှတ်တရ ပန်းခြင်းပေးအပ်ပြီး မြန်မာပြည်ဒီမိုကရေစီဖြစ်ထွန်းတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်များအား အမြဲ အမှတ်ရနေမည်ဖြစ်ကြောင်း ပြောကြားကာ ဝမ်းနည်းကြောင်းမှတ်တမ်းလွှာတွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။


========================


📌📌 ၄။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေဆုံ


ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေဆုံခဲ့ပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ တွေ့ဆုံပွဲကိုအစီအစဉ် () ရပ်ဖြင့် ကျင်းပ၍ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ရည်ရွယ်ရွယ်ချက်နှင့် ရှေးလုပ်ငန်းစဉ်ကိစ္စရပ်များအား ဆွေးနွေးခြင်း ရေးရာကော်မတီများအသီးသီးမှ လက်ရှိဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ ယင်းနောက် မွန်းလွဲ နှစ်နာရီခွဲတွင် တွေ့ဆုံဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၅။ ကနီမြို့နယ်အတွင်း ပြည်သူ့ပညာရေးကျောင်းများတွင် သင်ရိုး KG မှ Grade 10 အထိ စာမေးပွဲများဖြေဆိုပြီးမြောက်


ကနီမြို့နယ်အတွင်း ပြည်သူ့ပညာရေးကျောင်းများတွင် သင်ရိုး KG မှ Grade 10 အထိ စာမေးပွဲများဖြေဆိုပြီးမြောက်ခဲ့ပြီလို့ဆိုပါတယ်။ ဇူလိုင် ၁၅ ရက်နေ့မှာ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ကဆိုပါတယ်။


"မေးခွန်းများကို စနစ်တကျပြုစုပြီး သင်ရိုး KG မှ Grade 10 အထိ စာမေးပွဲများဖြေဆိုပြီးမြောက်ကြောင်းလေးပါ"လို့ ကနီပညာရေးဘုတ်အဖွဲ့ကဖော်ပြပါတယ်။ ဇူလိုင် ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖြေဆိုနေသော ကျောင်းသား၊ကျောင်းသူများ မှတ်တမ်းဓာတ်ပုံကို ကနီပညာရေးဘုတ်အဖွဲ့ကထုတ်ပြန်ပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနလမ်းညွှန်ချက်များနှင့်အညီ  ဖွင့်လှစ်ထားသော Academy Federal School မှ တနင်္သာရီမြို့နယ်အတွင်းရှိ CDM ကျောင်းသားများ ကျောင်းအပ်နှံနိုင်ကြောင်းကြေညာ


အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနလမ်းညွှန်ချက်များနှင့်အညီ  ဖွင့်လှစ်ထားသော Academy Federal School မှ တနင်္သာရီမြို့နယ်အတွင်းရှိ CDM ကျောင်းသားများ ကျောင်းအပ်နှံနိုင်ကြောင်းကြေညာပါတယ်။ ဇူလိုင် ၁၅ ရက်နေ့မှာ တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့ကဖော်ပြပါတယ်။ "Academy Federal School တွင် မိမိတို့ တနင်္သာရီမြို့နယ်အတွင်းရှိ CDM ကျောင်းသားများအနေဖြင့် ယုံကြည်စိတ်ချစွာ ကျောင်းအပ်နှံ၍ ပညာသင်ယူနိုင်ပါကြောင်း တိုက်တွန်းအပ်ပါတယ်"လို့ဆိုပါတယ်။ ပညာရေးဝန်ကြီးဌာန(MOE)လမ်းညွှန်ချက်များနှင့်အညီ  ဖွင့်လှစ်ထားသည့်  Academy Federal School ရဲ July Intake (Batch-2) အတွက် ကျောင်းသားလက်ခံခြင်းကို ယနေ့ ဇူလိုင် ၁၅ ရက်မှ စတင်၍ ဇူလိုင် ၁၈ ရက်ထိ လက်ခံပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၇။ အကြမ်းဖက်စစ်တပ်အား အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းရဲဘော်အတွက်အလှူရှင်တစ်ဦးမှ ငွေတိုက်စာချုပ်အား ဝယ်ယူလှူဒါန်း


အကြမ်းဖက်စစ်တပ်အား အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းရဲဘော်အတွက်အလှူရှင်တစ်ဦးမှ ငွေတိုက်စာချုပ်အား ဝယ်ယူလှူဒါန်းခဲ့တယ်လို့ Our Spring Heroes က ဇူလိုင် ၁၅ ရက်နေ့မှာဖော်ပြပါတယ်။


"မိမိအသက်ကို ပဓါနမထားပဲ အကြမ်းဖက်စစ်တပ်အား ရွံ့ရွံ့ချွန်ချွန် အသက်ပေးတိုက်ခိုက်ပြီး တိုင်းပြည်အတွက် မွန်မြတ်စွာအသက်ပေးလှူသွားခဲ့သော Yesagyo Revolution Group - YRG တပ်ဖွဲ့၏ ရပ်ရွာ ကာကွယ်ရေး အဖွဲ့ဝင် လူငယ် သူရဲကောင်းရဲဘော်အား နွေဦးပြည်သူအပေါင်းနှင့်တကွ မိမိတို့ Our Spring Heroes အဖွဲ့သားများမှ လေးစားဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။ ရပ်ရွာ ကာကွယ်ရေးအဖွဲ့ဝင် သူရဲကောင်း လူငယ်ရဲဘော်အတွက် အလှူရှင်တစ်ဦးမှ ဝယ်ယူလှူဒါန်းသော "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်ကို ဂုဏ်ပြု‌ပေးအပ်လိုက်ပါတယ်"လို့ဆိုပါတယ်။


မကွေးတိုင်း ရေစကြိုမြို့နယ် သဲတောရွာ ဘုန်းကြီးကျောင်းတွင် ယာယီ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်အား၂၀၂၂ ခုနှစ် ဇူလိုင်လ ရက်နေ့ ညနေ နာရီ ၃၀ မိနစ်ခန့်တွင် Yesagyo Revolution Group - YRG တပ်ဖွဲ့၏ ရပ်ရွာ ကာကွယ်ရေး အဖွဲ့ဝင် လူငယ် ဦးဟာ လက်လုပ်မိုင်း လုံးဖြင့် မိမိကိုယ်မိမိအသေခံ တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက်စစ်တပ်မှ (၁၅) ဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၈။ NUG MOD အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  အောက် တပ်ရင်းတစ်ခုဖြစ်တဲ့ အမှတ် (၁၀၀၈) တပ်ရင်း ရှမ်းတောင်အတွက် Sniper  လက် Campaign တွင်ပြည်သူများပါဝင်နိုင်


NUG MOD အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  အောက် တပ်ရင်းတစ်ခုဖြစ်တဲ့ အမှတ် (၁၀၀၈) တပ်ရင်း ရှမ်းတောင်အတွက် Sniper  လက် Campaign တွင်ပြည်သူများပါဝင်နိုင်တယ်လို့ဆိုပါတယ်။ ဇူလိုင်လအတွင်းမှာ အဆိုပါကမ်ပိန်းအတွက် CDM ဗိုလ်ကြီး ညီသုတ ကပါဝင်ဆောင်ရွက်နေပါတယ်။


"NUG MOD အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  အောက် တပ်ရင်းတစ်ခုဖြစ်သည့် အမှတ် (၁၀၀၈) တပ်ရင်း ရှမ်းတောင်အတွက် Sniper  လက်ရရှိဖို့အတွက် ကြိုးစားပေးသွားမှာဖြစ်တယ်"လို့ဆိုပါတယ်။


၁၀၀၈ တပ်ရင်းမှာ Sniper သင်တန်းအောင်မြင်ပြီးသင်တန်းဆင်းလာတဲ့ရဲဘော် () ယောက်ဟာ တိုက်ပွဲဝင်ဖို့အသင့်ရှိနေပြီဖြစ်ပါတယ်။ အမှတ် ၁၀၀၈ တပ်ရင်း မှ တိုက်ရိုက် လက်ခံပေးမည်ဖြစ်ပြီး ဂုဏ်ပြုလွှာလိုအပ်ပါက ထုတ်ပေးသွားမှာလည်းဖြစ်ပါတယ်။


========================


📌📌 ၉။ ကုန်ကျစရိတ် ကျပ်ဆယ်သိန်းရှိသော ကျည် ၁၂ တောင့် ဘောက်ထိုး သေနတ်ကို ကဿပဝိဇ္ဇာ PDF ထပ်မံထုတ်လုပ်အောင်မြင်


ကုန်ကျစရိတ် ကျပ်ဆယ်သိန်းရှိသော ကျည် ၁၂ တောင့် ဘောက်ထိုး သေနတ်ကို ကဿပဝိဇ္ဇာ PDF ထပ်မံထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ ဇူလိုင် ၁၅ ရက်မှာ လက်လုပ် ဘောက်ထိုးသေနတ်ကိုကဿပဝိဇ္ဇာ PDF က ဖော်ထုတ်ပြသခဲ့ပါတယ်။


"လွန်ခဲ့တဲ့ ရက်သတ္တပတ်ကပဲ ခေါက်ချိုးကို ငါးတောင့်ထိုး ပြောင်းနိုင်တာကို အမှန်တရား ဘက်တော်သားများ ဖြစ်တဲ့ ပြည်သူတွေကို အသိပေးခဲ့ပါတယ်။ ဒီတပတ်မှာတော့ .၅၆ ကျည် ၁၂ တောင့် ထည့်ပစ်နိုင်တဲ့ ဘောက်ထိုးတလက်ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပါတယ်။ ၁၂ တောင့် ဘောက်ထိုး ပြုလုပ်ရာမှာ CDM ရဲဝန်ထမ်းနှင့် အတူ PDF ခေါင်းဆောင်များက ကြိုးစားခဲ့ကြတာ ဖြစ်ပြီး ၄င်းရဲဝန်ထမ်းဟာ အာဏာသိမ်းပီး () အကြာမှာပဲ CDM ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဘောက်ထိုးသေနတ်ဟာ နည်းစနစ်က ရိုင်ဖယ်ဒီဇိုင်းကို Reference ယူထားတာဖြစ်ပြီးတော့ ကုန်ကျစရိတ် ဆယ်သိန်းဝန်းကျင်ရှိပါတယ်။ "အခုက စမ်းထုတ်တာပေါ့။များများထုတ်ဖို့အစီအစဥ်လည်းရှိပါတယ်"လို့ ကဿပဝိဇ္ဇာ PDF ကပြောပါတယ်။


========================


📌📌 ၁၀။ ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာကို ခမရ-၃၅၁ ခလရ-၆၀ နှင့် ပူးပေါင်းတပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် သားသည်အမေတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာကို ခမရ-၃၅၁ ခလရ-၆၀ နှင့် ပူးပေါင်းတပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် သားသည်အမေတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၁၅ ရက်နေ့မှာ စကစတပ်များကြောင့် သေဆုံးထိခိုက်စာရင်းကို AAPP ကဖော်ပြပါတယ်။


ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် နာရီ ၂၂ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏ ခမရ-၃၅၁၊ ခလရ-၆၀နှင့် ပူးပေါင်းတပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့်ကျေးရွာနေ စောရှီးမေမှာ လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးသွားခဲ့ပါတယ်။ မစောရှီးမေရဲ့ ကလေး နှစ်ဦးဖြစ်သော အသက် ၁၂ နှစ်အရွယ်ရှိ နော်ထီးဆဲခူနှင့် လအရွယ် စောထီးဖိုးကလိုးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၈၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၁၁။ ဂန့်ဂေါမြို့နယ်တွင်း စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ၁၅၀၀ ကျော်ခန့်ထိရှိနေပြီးစားနပ်ရိက္ခာများလိုအပ်နေ


ဂန့်ဂေါမြို့နယ်တွင်း စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ၁၅၀၀ ကျော်ခန့်ထိရှိနေပြီးစားနပ်ရိက္ခာများလိုအပ်နေပါတယ်။ ဇူလိုင် ၁၅ ရက်နေ့မှာ PDF-GANGAW တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။


"ဇူလိုင် ၁၅ ရက်နေ့ တောင်ဘက်မှလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကြောင့် ပနန်း၊ စပယ်၊ ယင်းမာ၊ စင်ပုံ စတဲ့ အနောက်တောလေးရွာမှ ပြည်သူများဟာ ဆင်းရဲဒုက္ခမျိုးစုံဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရပါတယ်"လို့ဆိုပါတယ်။ တိမ်းရှောင်နေကြရသောစစ်ဘေးရှောင်ပြည်သူ ၁၅၀၀ ကျော်ခန့်ရှိနေပြီး ပြည်တွင်းပြည်ပမှ အလှူရှင်များအကူအညီဖြင့် PDF-GANGAW (တောင်ပိုင်း) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စားနပ်ရိက္ခာနှင့် လိုအပ်သည့်အကူအညီများကို အတတ်နိုင်ဆုံးကြိုးစားကူညီဆောင်ရွက်ပေးလျှက်ရှိတယ်လို့ဆိုပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment