၂၀၂၂ ဇူလိုင်လ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ (၇၅) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ နဲ့ အမျိုးသားညီညွတ်ရေးအစိုးတို့ပူးပေါင်းကျင်းပမယ်
📌 ၂။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာတိုင်းပြည်စစ်အသုံးစရိတ်များကို ခိုးယူသုံးစွဲတယ်လို့ယာယီသမ္မတ. ဒူဝါလရှီးလ ထုတ်ဖော်ပြောကြား
📌 ၃။ နှစ် (၇၀) တိုက်ပွဲအတွေ့အကြုံရှိခဲ့တဲ့အကြမ်းဖက်စစ်တပ်ကို PDF တွေဟာမဟာမိတ်များရဲ့အကူအညီနဲ့ အပြတ်အသတ်ချေမှုန်းနိုင်ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၄။ NUCC ထဲမှာ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကို အပြင်းအထန်ကြိုးစားနေပြီလို့ ပြည်ထဲရေးဝန်ကြီး အသိပေး
📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
📌 ၆။ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ရင်းကထုတ်လုပ်ရေးစရိတ် တတိယအကြိမ်သိန်းငါးဆယ်ထောက်ပံ့ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ (၇၅) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ နဲ့ အမျိုးသားညီညွတ်ရေးအစိုးတို့ပူးပေါင်းကျင်းပမယ်
ဇူလိုင် ၁၈ ရက် နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက အခုလိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းစီစဉ်တဲ့ (၇၅) နှစ်မြောက်အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနား ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်တွင် ကျင်းပသွားမယ်လို့ဆိုပါတယ်။ အခမ်းအနားအစီအစဥ်များကို CRPH, NUG, PVTV နှင့် Radio NUG တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာများမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာတိုင်းပြည်စစ်အသုံးစရိတ်များကို ခိုးယူသုံးစွဲတယ်လို့ယာယီသမ္မတ. ဒူဝါလရှီးလ ထုတ်ဖော်ပြောကြား
NUG အစိုးရနဲ့ ONE DAY CHALLENGE မန်ဘာများတွေ့ဆုံပွဲ ဇူလိုင်လ ၁၇ ရက်နေ့မှာ ယာယီသမ္မတ. ဒူဝါလရှီးလက အခုလိုထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ "မင်းအောင်လှိုင် ဘာကြောင့်လေယာဥ်ပျံဝယ်ချင်သလဲ ကျနော်ပြောပြပါမယ်။သူဝယ်ချင်တာ တိုင်းပြည် စစ်အင်အားကောင်ဖို့ ဝယ်ချင်တာမဟုတ်ပါဘူး။ ဒီလေယာဥ် တစ်စင်းဟာ ဒေါ်လာသိန်း ၂၇၀ ပဲရှိတာကို သိန်း ၄၀၀ ပြပြီး သိန်း ၁၃၀ ကိုအိတ်ကပ်ထဲထည့်ပြီးတော့ သူ့မိသားစုဟာ အရမ်းချမ်းသာလာပြီး အဆင်ပြေလာတာဖြစ်ပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်ဟာ လေယာဥ်ပျံအရမ်းဝယ်ချင်တာပါ"လို့ ယာယီသမ္မတ ကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်အုပ်စုနဲ့မတူပဲ အကျင့်ပျက်ခြစားမှုမရှိအောင် ဆောင်ရွက်နေပြီး ဘဏ္ဍာရေးစည်းမျဥ်း၊စည်းကမ်းများနဲ့အညီ ပြည်သူများလှူဒါန်းငွေကို သုံးစွဲနေတယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလကထပ်လောင်းပြောပါတယ်။
========================
📌📌 ၃။ နှစ် (၇၀) တိုက်ပွဲအတွေ့အကြုံရှိခဲ့တဲ့အကြမ်းဖက်စစ်တပ်ကို PDF တွေဟာမဟာမိတ်များရဲ့အကူအညီနဲ့ အပြတ်အသတ်ချေမှုန်းနိုင်ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
နှစ် (၇၀) တိုက်ပွဲအတွေ့အကြုံရှိခဲ့တဲ့အကြမ်းဖက်စစ်တပ်ကိုတစ်နှစ်ပြည့်အောင်အတွေ့အကြုံမရှိသေးတဲ့ PDF တွေဟာမဟာမိတ်များရဲ့အကူအညီနဲ့ အပြတ်အသတ်ချေမှုန်းနိုင်ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။ ဇူလိုင် ၁၇ ရက်မှာကျင်းပတဲ့ ပြည်သူနဲ့တွေ့ဆုံပွဲမှာဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
“နှစ် (၇၀) တိုက်ပွဲအတွေ့အကြုံရှိခဲ့တဲ့ ဒီအကြမ်းဖက်စစ်တပ်ကိုတစ်နှစ်ပြည့်အောင်အတွေ့အကြုံမရှိသေးတဲ့ ကျွန်တော်တို့ရဲ့ PDF တွေဟာမဟာမိတ်များရဲ့အကူအညီနဲ့ အပြတ်အသတ်ချေမှုန်းနိုင်နေတာတွေကြည့်ရင် ဒီတော်လှန်ရေးအောင်မြင်မယ်ဆိုတာယုံမှားသံသယရှိစရာမလိုပါဘူး။ စစ်ကောင်စီရဲ့ တစ်ခုတည်းသောကယ် တင်ရာကတော့ လေကြောင်းပါပဲ။ ဒီလေကြောင်းရန်ကိုကာကွယ်ဟန့်တားနိုင်မယ့်နည်းလမ်းတွေကိုလည်း ကျွန်တော်တို့ အမြဲကြိုးပမ်းရှာဖွေနေပါတယ်"လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ စကစတပ်များကို ခုခံတွန်းလှန်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ ရင်း ကျော်ရှိကာ မြို့နယ်ပကဖအဖွဲ့ပေါင်း ၂၅၀ ကျော်ရှိပြီ ဖြစ်ပါတယ်။
========================
📌📌 ၄။ NUCC ထဲမှာ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကို အပြင်းအထန်ကြိုးစားနေပြီလို့ ပြည်ထဲရေးဝန်ကြီး အသိပေး
ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကို NUCC ထဲမှာ အပြင်းအထန်ကြိုးစားနေပြီလို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ဇူလိုင် ၁၇ ရက် ကျင်းတဲ့ NUG အစိုးရနဲ့ ပြည်သူတွေ့ဆုံပွဲမှာ ဝန်ကြီးကပြောကြားခဲ့ပါတယ်
"ကျနော်တို့ တော်လှန်ရေးဟာ ရပ်နေတဲ့ တော်လှန်ရေးမျိုးမဟုတ်ပါဘူး။ နိုင်ငံရေး၊စစ်ရေး၊အုပ်ချုပ်ရေးပိုင်းဆိုင်ရာရော မျက်နှာစာပေါင်းစုံကရွေ့နေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက်လည်း အရေးကြီးတဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ကျနော်တို့ NUCC ထဲမှာလည်း အပြင်းအထန်ကြိုးစားနေပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။
========================
📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် (၁ဝး၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက်အထူးအုပ်ချုပ်ရေးဒေသအတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန်ကောက်ခံမှု၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရတဲ့အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အနှစ်ချုပ်ပြောကြားခဲ့ပါတယ်။
========================
📌📌 ၆။ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ရင်းကထုတ်လုပ်ရေးစရိတ် တတိယအကြိမ်သိန်းငါးဆယ်ထောက်ပံ့ရရှိ
ဇူလိုင် ၁၇ ရက်နေ့မှာ ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ရင်းက MOD မှထုတ်လုပ်ရေးစရိတ်ရရှိကြောင်း ဖော်ပြပါတယ်။ "MOD မှ တတိယအကြိမ်ထောက်ပံံ့မှု့ကိုလက်ခံရရှိပါတယ်"လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၄၈ သန်း ရှာဖွေရရှိထားပြီး ကာကွယ်ရေးအသုံးစရိတ် ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ရေးဝန်ကြီးဌာနကအသုံးပြုခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment