၂၀၂၂ ဇူလိုင်လ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့အာဇာနည်များကျဆုံးမှုနဲ့အတူ တိုင်းပြည် တည်ဆောက်ရေး အစီအမံတွေနဲ့ဖက်ဒရယ်ထူထောင်ရေးကတိကဝတ်တွေ ပျောက်ဆုံးခဲ့ရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ ပြည်သူလူထုဟာ ယခုအချိန်အထိ စစ်အာဏာရှင်ကိုနည်းမျိုးစုံနဲ့ခုခံနေကြဆဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၃။ ယနေ့အချိန်အထိ ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းတဲ့တိုင်းပြည်မရရှိသေးဘူးလို့ KNU တွဲဖက် အတွင်းရေးမှူး၂ ပဒိုစောလှထွန်းဖွင့်ဟပြောကြား
📌 ၄။ ၇၅ နှစ်မြောက်နေ့ဖြစ်တဲ့ အာဇာနည်နေ့ မှာ ပိုမိုကောင်းမွန်တဲ့နိုင်ငံအနာဂတ် အတွက် အသက်စတေးခဲ့ကြသူအားလုံးကို လေးစားဂုဏ်ပြုတယ်လို့ ဗြိတိသျှ သံရုံးရန်ကုန် အကြီးအကဲထုတ်ပြန်
📌 ၅။ ဆောမြို့နယ်ပညာရေးဘုတ်အဖွဲ့မှဦးစီးဖွင့်လှစ်ထားသောစာသင်ကျောင်းများတွင် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့်ဟောပြောပွဲနဲ့အားကစားပြိုင်ပွဲများကျင်းပ
📌 ၆။ ခင်ဦးမြို့နယ် ကျီစုကျေးရွာကို ယနေ့မနက် စကစတပ်များ တတိယအကြိမ်ထပ်မံမီးရှို့ဖျက်ဆီး
📌 ၇။ NUGPay Version အသစ် 1.0.2 ထွက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့အာဇာနည်များကျဆုံးမှုနဲ့အတူ တိုင်းပြည် တည်ဆောက်ရေး အစီအမံတွေနဲ့ဖက်ဒရယ်ထူထောင်ရေးကတိကဝတ်တွေ ပျောက်ဆုံးခဲ့ရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
ဇူလိုင် ၁၉ ရက်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းစီစဉ်သော (၇၅) နှစ်မြောက်အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားမှာ ယာယီသမ္မတကအခုလိုပြောကြားလိုက်ပါတယ်။
"ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့အာဇာနည်များနဲ့အတူ တိုင်းပြည်တည်ဆောက်ရေး အစီအမံတွေ၊ဖက်ဒရယ်ထူထောင်ရေးကတိ ကဝတ်တွေဟာလည်း ပျောက်ဆုံးသွားခဲ့ရပါတယ်။ တိုင်းပြည်ရဲ့ ဖက်ဒရယ်ဒီမိုကရေီထူထောင်ရေးအိပ်မက်ဟာ ပျက်ပြယ်ခဲ့ရပြီး ယခုတိုင်အောင် ပြည်တွင်းစစ်ကြီး မငြိမ်းနိုင်အောင်ဖြစ်ခဲ့ကြရတာကို ကျနော်တို့အားလုံးသိမြင်ကြရပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်များ အစည်းအဝေးကျင်းပနေစဥ် မသာသူလူတစ်စု ပစ်ခတ်လုပ်ကြံမှုကြောင့် ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရပါတယ်။
========================
📌📌 ၂။ ပြည်သူလူထုဟာ ယခုအချိန်အထိ စစ်အာဏာရှင်ကိုနည်းမျိုးစုံနဲ့ခုခံနေကြဆဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
ပြည်သူလူထုဟာ ယခုအချိန်အထိ စစ်အာဏာရှင်ကိုနည်းမျိုးစုံနဲ့ခုခံနေကြဆဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။
ဇူလိုင် ၁၉ ရက်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းစီစဉ်သော (၇၅) နှစ်မြောက်အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။
"၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်က ပြည်သူ့အာဏာကိုလုယူသိမ်းပိုက်ဖို့ ထပ်မံကြိုးစားလာတဲ့အချိန်မှာ ဂျန်နရေးရှင်းဇက်တွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများဟာ နွေဦးတော်လှန်ရေး တပ်ဦးမှာ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်တွေနဲ့ ပါဝင်ခဲ့ကြပါတယ်။သိန်းနဲ့ချီတဲ့ ပြည်သူ့ဝန်ထမ်းတွေဟာလည်း အာဏာသိမ်းမှုကို လက်မခံငြင်းဆန်ကြောင်း ရဲ့ဝံ့စွာဖော်ပြခဲ့ကြပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် အများအကျိုးအတွက် မိမိအသက်ကစွန့်လွှတ်သည့်တိုင်အောင် ပေးဆပ်အနစ်နာခံသူတွေဟာ အာဇာနည်များဖြစ်ကြောင်း၊မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ် ၇၀ ကျော်ကာလအတွင်း အသက်ပင်ပဓာဏမထားဘဲ စွန့်လွှတ်အနစ်နာခံသူများပေါ်ပေါက်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ ယနေ့အချိန်အထိ ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းတဲ့တိုင်းပြည်မရရှိသေးဘူးလို့ KNU တွဲဖက် အတွင်းရေးမှူး၂ ပဒိုစောလှထွန်းဖွင့်ဟပြောကြား
ဇူလိုင် ၁၉ ရက်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းစီစဉ်သော (၇၅) နှစ်မြောက်အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားမှာ ပဒိုစောလှထွန်းကအခုလိုဆိုပါတယ်။
"ယနေ့အထိ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့တဲ့တိုင်းပြည် မရရှိသေးပါဘူး။ဗိုလ်ချုပ်အောင်ဆန်း မျှော်ရည်ခဲ့တဲ့ တည်ဆောက်လိုတဲ့ ပြည်ထောင်စုကြီး မရရှိသေးပါဘူး"လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရန် လျှောက်လှမ်းနေပြီး ဖွဲ့စည်းပုံတစ်ရပ်ရေးဆွဲရန်လည်းပြင်ဆင်လျက်ရှိနေပါတယ်။
========================
📌📌 ၄။ ၇၅ နှစ်မြောက်နေ့ဖြစ်တဲ့ အာဇာနည်နေ့ မှာ ပိုမိုကောင်းမွန်တဲ့နိုင်ငံအနာဂတ် အတွက် အသက်စတေးခဲ့ကြသူအားလုံးကို လေးစားဂုဏ်ပြုတယ်လို့ ဗြိတိသျှ သံရုံးရန်ကုန် အကြီးအကဲထုတ်ပြန်
၇၅ နှစ်မြောက်နေ့ဖြစ်တဲ့ အာဇာနည်နေ့ မှာ ပိုမိုကောင်းမွန်တဲ့နိုင်ငံအနာဂတ် အတွက် အသက်စတေးခဲ့ကြသူအားလုံးကို လေးစားဂုဏ်ပြုတယ်လို့ ဗြိတိသျှ သံရုံးရန်ကုန် အကြီးအကဲထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၉ ရက်နေ့မှာ ရန်ကုန်ရှိ UK သံရုံးကဖော်ပြခဲ့ပါတယ်။
" ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင် ၈ ဦးတို့ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ နေ့ဖြစ်တဲ့ ယနေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက်နေ့ဖြစ်တဲ့ အာဇာနည်နေ့ မှာ ပိုမိုကောင်းမွန်တဲ့နိုင်ငံအနာဂတ် အတွက် အသက်စတေးခဲ့ကြသူအားလုံးကို ကျွန်တော် လေးစားဂုဏ်ပြုပါတယ်။ ၄င်းနဲ့အတူ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်မှစပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အရပ်သား ထောင်ကျော်ကိုလည်း အောက်မေ့သတိရမိပါတယ်။ ဘယ်လိုလှုံ့ဆော်မှုမျိုး၊ ဘယ်လိုယုံကြည်မှုမျိုးကြောင့်ဖြစ်စေ အရပ်သားများကို သတ်ဖြတ်မှုဆိုတာ တရားမျှတမှုမဖြစ်နိုင်သလို၊ လက်ခံနိုင်ဖွယ်ရာလည်း မရှိပါ။"လို့ဗြိတိသျှ သံရုံးရန်ကုန် အကြီးအကဲ Pete Vowles ကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို လက်မခံကြောင်း ထုတ်ပြန်ပြီး ယနေ့အချိန်အထိ ဗြိတိသျှ သံရုံးရန်ကုန်ဟာ မြန်မာပြည်သူများနဲ့အတူရပ်တည်ဆဲဖြစ်ပါတယ်။
========================
📌📌 ၅။ ဆောမြို့နယ်ပညာရေးဘုတ်အဖွဲ့မှဦးစီးဖွင့်လှစ်ထားသောစာသင်ကျောင်းများတွင် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့်ဟောပြောပွဲနဲ့အားကစားပြိုင်ပွဲများကျင်းပ
ဆောမြို့နယ်ပညာရေးဘုတ်အဖွဲ့မှဦးစီးဖွင့်လှစ်ထားသောစာသင်ကျောင်းများတွင် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့်ဟောပြောပွဲနဲ့အားကစားပြိုင်ပွဲများကျင်းပခဲ့ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့မှာဆောမြို့နယ်ပညာရေးဘုတ်အဖွဲ့ကထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆောမြို့နယ်ပညာရေးဘုတ်အဖွဲ့မှဦးစီးဖွင့်လှစ်ထားသောစာသင်ကျောင်းများတွင် အာဇာနည်နေ့အားဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ကျောင်းသားကျောင်းသူများတွင် အာဇာနည်စိတ်ဓာတ်များကိန်းအောင်းစေရန်လည်းကောင်းရည်ရွယ်၍ အာဇာနည်နေ့အကြိုဟောပြောပွဲများ၊ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။ အာဇာနည်စိတ်မွေး၍ စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ကြရန်လည်းပညာရေးဘုတ်အဖွဲ့ ဆောမြို့နယ်ကတိုက်တွန်းထုတ်ပြန်ပါတယ်။
========================
📌📌 ၆။ ခင်ဦးမြို့နယ် ကျီစုကျေးရွာကို ယနေ့မနက် စကစတပ်များ တတိယအကြိမ်ထပ်မံမီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကျီစုကျေးရွာကို ယနေ့မနက် စကစတပ်များ တတိယအကြိမ်ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇူလိုင် ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်မှာ စကစတပ်များက ရွာကိုမီးရှို့တာလို့ ခင်ဦး ARF တပ်ဖွဲ့ကဆိုပါတယ်။
"ယမန်နေ့က မီးရှို့ခံထားရသော ကျီစု ကျေးရွာအား ယနေ့ နံနက် ( ၉ ) နာရီ ဝန်းကျင်ခန့်တွင် တတိယ အကြိမ် မီးထပ်ရှို့ခံနေရပါတယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်းအတွင်း ရေဦးမြို့နယ်၊ခင်ဦးမြို့နယ်၊ဒီပဲယင်းမြို်နယ်များကို စစ်ကြောင်းထိုး၍ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိနေပါတယ်။
========================
📌📌 ၇။ NUGPay Version အသစ် 1.0.2 ထွက်
NUGPay Version အသစ် 1.0.2 ထွက်ရှိတယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၁၉ ရက်နေ့မှာ NUG Pay ကနေ ဖော်ပြအသိပေးကြေညာခဲ့ပါတယ်။ လက်ရှိ NUGPay အသုံးပြုနေတဲ့ သုံးစွဲသူများအနေနဲ့ Google Playstore မှ တဆင့် Update ရယူနိုင်မှာ ဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ NUGPay Version အသစ် 1.0.2 ဟာ ပိုကောင်း၊ပိုမြန်ကာ လုံခြုံစိတ်ချရတယ်လို့လည်းဖော်ပြပါတယ်။
NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ငွေကြေးယန္တရားမှ လွတ်ကင်းတဲ့ ငွေပေးချေမှု စနစ်တစ်ခုပဲ ဖြစ်ပါတယ်။ NUGPay ရဲ့ Pilot Project ဟာ Wallet ပေါင်း “တစ်သောင်း” ဖြင့်သာ စတင်လည်ပတ်မှာ ဖြစ်ပြီး NUGPay အား တဆင့်ချင်းစီ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment