19th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အုပ်စုလို ဟိုနှိုက်၊ဒီနှိုက်နဲ့ စာရင်းတွေထိမ်ချန်ထားတာ လုံးဝမဖြစ်စေရဘူးလို့ ယာယီသမ္မတဒူဝါလရှီးလ အာမခံပြောကြား

📌 ၂။ စစ်အုပ်စု ဗိုလ်ကျစိုးမိုးမှုဟာ လွတ်လပ်ရေးသက်တမ်းနဲ့အမျှကြာခဲ့ပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား

📌 ၃။ စစ်ကောင်စီကို စီးပွားရေး၊ဘဏ္ဍာရေး နည်းလမ်းပေါင်းစုံနဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့နိုင်ဖို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောင်နေတယ်လို့ ဒုဝန်ကြီး ဦးမိုးဇော်ဦးဆို

📌 ၄။ တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွား‌ခဲ့တဲ့ နွေဦးသူရဲကောင်း ရဲဘော်များအတွက် သရုပ်ဆောင်ဒေါင်းမှ ငွေတိုက်စာချုပ် ၁၁စောင် ဂုဏ်ပြုဝယ်ယူပေးခဲ့

📌 ၅။ ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ ပါဝင်သရုပ်ဆောင်ထားတဲ့ " လေဆန် " ဆိုတဲ့ ဇာတ်လမ်းတိုလေးကို YouTube ရဲ့ " We Click " ဆိုတဲ့ Channel မှာ ရှာဖွေ ကြည့်ရှုရန်တိုက်တွန်း

📌 ၆။ ရန်ကုန်မှာ အိမ်သုံးဂက်စ် နေရာအများစုတွင် ပြတ်လပ်၍ ဝယ်မရဖြစ်နေ

📌 ၇။ ပလက်ဝမြို့နယ်ကို အင်အား ၃၀၀ ကျော်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဦးတည်လာနေ၍ စစ်ဖြစ်မယ့်အလားအလာရှိနေတယ်လို့ CDF-Paletwa အသိပေး

📌 ၈။ ဒီပဲယင်းမြို့နယ်ကရွာများကို အကြမ်းဖက် စစ်တပ်က သောင်းကျန်း မီးရှို့ဖျက်ဆီးကာ ရဟတ်ယာဥ်များနဲ့အကြောင်းမဲ့ရွာများကို ပစ်ခတ်

📌 ၉။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပြည်သူလူထု ၂၀၀၀ ကျော်ရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အုပ်စုလို ဟိုနှိုက်၊ဒီနှိုက်နဲ့ စာရင်းတွေထိမ်ချန်ထားတာ လုံးဝမဖြစ်စေရဘူးလို့ ယာယီသမ္မတဒူဝါလရှီးလ အာမခံပြောကြား


အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အုပ်စုလို ဟိုနှိုက်၊ဒီနှိုက်နဲ့ စာရင်းတွေထိမ်ချန်ထားတာ လုံးဝမဖြစ်စေရဘူးလို့ ယာယီသမ္မတဒူဝါလရှီးလ အာမခံပြောကြားလိုက်ပါတယ်။ ဇူလိုင် ၁၇ ရက်မှာ ကျင်းပတဲ့ NUGအစိုးရနဲ့ ONE DAY CHALLENGE မင်ဘာများတွေ့ဆုံတဲ့ပွဲမှာ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။


"ကျနော်တို့ အစိုးရဟာ စစ်အုပ်စုနဲ့လုံးဝမတူအောင် လုပ်ဆောင်နေပါတယ်။ခေတ်အဆက်ဆက် ခြစားခဲ့တဲ့ လုပ်ရပ်နဲ့ မတူအောင် လုံးဝဆန့်ကျင်ဘက်လုပ်ရမယ်ဆိုတဲ့သံဓိဌာန်လည်းချထားပါတယ်။အစိုးရအဖွဲ့ဝင်များ၊ဝန်ကြီးများအားလုံးကလည်း ဒါကို လိုက်နာမှာဖြစ်ပါတယ်။သူတို့လို နှိုက်၊ဒီနှိုက်နဲ့ စာရင်းတွေထိမ်ချန်ထားတာတွေ လုံးဝမဖြစ်စေရဆိုတဲ့ ခံယူချက်ကို ကျနော်တို့အစိုးရအနေနဲ့ခံယူထားတာဖြစ်ပါတယ်"လို့ဆိုပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးရန်ပုံငွေ ၄၈ သန်းနီးပါးရရှိထားပြီး လတ်တလောမှာ ကာကွယ်ရေးအသုံးစရိတ်ကို ၉၅ ရာခိုင်နှုန်းအထိ အသုံးပြုထားပါတယ်။


========================


📌📌 ၂။ စစ်အုပ်စု ဗိုလ်ကျစိုးမိုးမှုဟာ လွတ်လပ်ရေးသက်တမ်းနဲ့အမျှကြာခဲ့ပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား


စစ်အုပ်စု ဗိုလ်ကျစိုးမိုးမှုဟာ လွတ်လပ်ရေးသက်တမ်းနဲ့အမျှကြာခဲ့ပြီလို့ ဇူလိုင် ၁၇ ရက်မှာ ကျင်းပတဲ့ ပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောကြားခဲ့ပါတယ်။


"ဒီတော်လှန်ရေးမှာ လက်နက်ကိုင် ဆင်နွှဲရတာဟာ မလွှဲမရှောင်သာအခြေအနေမို့လို့ပါပဲ။ဘာကြောင့်လဲ။ဒီနိုင်ငံမှာ စစ်အုပ်စု ဗိုလ်ကျစိုးမိုးမှုဟာ လွတ်လပ်ရေး သက်တမ်းနဲ့အမျှကြာခဲ့ပါပြီ။မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် စနစ်ဟာ ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး၊ ကျနော်တို့နိုင်ငံအတွက်ဆိုရင် နာတာရှည်ရောဂါတစ်ခုလို စွဲကပ်နေခဲ့တာကြာပါပြီ"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ ယင်းနောက် စစ်အာဏာရှင်စနစ်ကို တည်ထောင်ပြီး လက်ရှိမှာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားကာ လူပေါင်းနှစ်ထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီကို စီးပွားရေး၊ဘဏ္ဍာရေး နည်းလမ်းပေါင်းစုံနဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့နိုင်ဖို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောင်နေတယ်လို့ ဒုဝန်ကြီး ဦးမိုးဇော်ဦးဆို


စစ်ကောင်စီကို စီးပွားရေး၊ဘဏ္ဍာရေး နည်းလမ်းပေါင်းစုံနဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့နိုင်ဖို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောင်နေတယ်လို့ ဒုဝန်ကြီး ဦးမိုးဇော်ဦးကပြောပါတယ်။ ဇူလိုင် ၁၇ ရက်ကျင်းပတဲ့ ပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးကပြောပါတယ်။


"ကျနော်တို့ဟာ စစ်ကောင်စီကို စီးပွားရေးအရ၊ ဘဏ္ဍာရေးအရ နည်းလမ်းပေါင်းစုံနဲ့ ဒဏ်ခတ် အရေးယူပိတ်ဆို့နိုင်ဖို့အတွက်ကို ဆောင်ရွက်နေတာတွေ ရှိသလိုပဲ တစ်ဖက်ကလည်း လူသားချင်းစာနာမှုအကူအညီတွေရရှိဖို့ တော်လှန်ရေးအတွက် လိုအပ်တဲ့ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းတွေကိုလည်း အခြားသော ကျနော်တို့ အစိုးရဝန်ကြီးဌာနတွေနဲ့အနီးကပ် ညှိနှိုင်းဆောင်ရွက်နေတာတွေရှိပါတယ်"လို့ဆိုပါတယ်။ လတ်တလောမှာ နိုင်ငံပေါင်း နိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ရုံးများဖွင့်လှစ်ထားရှိကာ တရားဝင်ဆက်ဆံမှုများလည်းရှိနေပါတယ်။


========================


📌📌 ၄။ တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွား‌ခဲ့တဲ့ နွေဦးသူရဲကောင်း ရဲဘော်များအတွက် သရုပ်ဆောင်ဒေါင်းမှ ငွေတိုက်စာချုပ် ၁၁စောင် ဂုဏ်ပြုဝယ်ယူပေးခဲ့


တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွား‌ခဲ့တဲ့ နွေဦးသူရဲကောင်း ရဲဘော်များအတွက် သရုပ်ဆောင်ဒေါင်းမှ ငွေတိုက်စာချုပ် ၁၁ စောင် ဂုဏ်ပြုဝယ်ယူပေးခဲ့ပါတယ်။ ဇူလိုင် ၁၈ ရက်နေ့မှာ OurSpringHeroes ကတရားဝင်ဖော်ပြပါတယ်။


"တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွား‌ခဲ့တဲ့ နွေဦးသူရဲကောင်း ရဲဘော်များ၏ ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ အလှူရှင် ပြည်သူ့အချစ်တော် အနုပညာရှင် ဒေါင်း မှ  "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်  ၁၁ စောင်အားဝယ်ယူပြီး ဂုဏ်ပြုလှူဒါန်းခဲ့ပါတယ်"လို့ဆိုပါတယ်။


ယခုလို ပြည်သူရဲ့ရင်သွေး ပြည်သူ့ရဲဘော်သူရဲကောင်းများ၏ ကျေးဇူးတရားများအပေါ်  လေးစားတန်ဖိုးထားပြီး ငွေတိုက်စာချုပ်များ ဝယ်ယူလှူဒါန်းပေးသောအနုပညာရှင် " ဒေါင်း " ကို  နွေဦးပြည်သူများနှင်အတူ မိမိတို့ Our Spring Heroes အဖွဲ့သားများမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်တယ်လို့ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ ပါဝင်သရုပ်ဆောင်ထားတဲ့ " လေဆန် " ဆိုတဲ့ ဇာတ်လမ်းတိုလေးကို YouTube ရဲ့ " We Click " ဆိုတဲ့ Channel မှာ ရှာဖွေ ကြည့်ရှုရန်တိုက်တွန်း


ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ ပါဝင်သရုပ်ဆောင်ထားတဲ့ " လေဆန် " ဆိုတဲ့ ဇာတ်လမ်းတိုလေးကို YouTube ရဲ့ " We Click " ဆိုတဲ့ Channel မှာ ရှာဖွေ ကြည့်ရှုရန်တိုက်တွန်းလိုက်ပါတယ်။ ဇူလိုင် ၁၈ ရက်နေ့မှာ ကော်ပရာ စစ်ကြောင်းက ဆိုလိုက်ပါတယ်။


"ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ ပါဝင်သရုပ်ဆောင်ထားတဲ့ " လေဆန် " ဆိုတဲ့ ဇာတ်လမ်းတိုလေးကို YouTube ရဲ့ " We Click " ဆိုတဲ့ Channel မှာ ရှာဖွေ ကြည့်ရှုအားပေးရင်း ထောက်ပံ့ကူညီနိုင်ပါတယ်"လို့ဆိုပါတယ်။ ယခင်ကလည်း သရုပ်ဆောင် ပိုင်ဖြိုးသု၊ သရုပ်ဆောင် ဒေါင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံပျောက်သူ ဇာတ်လမ်းတိုကို ကြည့်ရှုသူ သန်းပေါင်းများစွာရှိခဲ့ပါတယ်။


========================


📌📌 ၆။ ရန်ကုန်မှာ အိမ်သုံးဂက်စ် နေရာအများစုတွင် ပြတ်လပ်၍ ဝယ်မရဖြစ်နေ


ရန်ကုန်မှာ အိမ်သုံးဂက်စ် နေရာအများစုတွင် ပြတ်လပ်၍ ဝယ်မရဖြစ်နေတယ်လို့ စုံစမ်းရရှိပါတယ်။ ဇူလိုင် ၁၈ ရက် ဆက်သွယ်မေးမြန်းရာမှာရန်ကုန်မြို့နေထိုင်သူအများစုက အတည်ပြုပြောပါတယ်။


"ရန်ကုန်မှာ ဆိုင်တချို့က ဝယ်မရတော့ဘူး။ ရတဲ့ဆိုင်ကြတော့စျေးက ကြီးနေပြီ။တချို့ လုပ်ငန်းတွေဆို ဂက်စ်အစား မီးသွေး၊ထင်းပြောင်းသုံးနေကြတယ်။အခြေအနေက တော်တော်ဆိုးတယ်"လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးက NUG radio ကိုပြောပါတယ်။


လက်ရှိစျေးကွက်မှာ LPG Gas တစ်ပိဿာကို ကျပ် ၈၀၀၀ ကျော်အထိ ပေါက်စျေးရှိကာ တစ်ဘူး ၅၀၀ ကျပ်ဝန်းကျင်သာရှိတဲ့ ဂက်စ်ဘူးသေး တစ်ဘူးကို ၁၂၀၀ ကျပ်အထိ ရောင်းချနေပါတယ်။


========================


📌📌 ၇။ ပလက်ဝမြို့နယ်ကို အင်အား ၃၀၀ ကျော်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဦးတည်လာနေ၍ စစ်ဖြစ်မယ့်အလားအလာရှိနေတယ်လို့ CDF-Paletwa အသိပေး


ပလက်ဝမြို့နယ်ကို အင်အား ၃၀၀ ကျော်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဦးတည်လာနေ၍ စစ်ဖြစ်မယ့်အလားအလာရှိနေတယ်လို့ CDF-Paletwa အသိပေးပါတယ်။ ဇူလိုင် ၁၈ ရက်နေ့မှာ CDF-Paletwa တပ်ရင်း () ကို စကစတပ်များဟာ ဦးတည်လာနေကြောင်း CDF-Paletwa တပ်ဖွဲ့ကဆိုပါတယ်။


"စကစတပ်စစ်ကြောင်း () နေရာကနေ ချီတက်လာနေပါတယ်။ခန့်မှန်း‌ေချ အင်အား (၃၀၀) ကျော်ရှိနိုင်ပါတယ်။မီးချောင်းထဲ ရွာများဖြစ်သော ပါးဝ ယောင်ဝ အနီးတွင် စခန်းတည်ဆောက်ရန် ဖြစ်နိုင်ချေရှိပါတယ်။ဆမီးချောင်းတလျှောက် ကျေးရွာများ ဖြစ်သော ဝါဒိန် ဆောင်ဝ ရွာများအနီးတွင် ယာယီတပ်ချထားပါတယ်။ CDF-Paletwa တပ်ရင်း () ကို ဦးတည်နေလို့မကြာမီထိတွေ့မူရှိနိုင်၍ အနီးအနားကျေးရွာတွေကိုတော့ ကြိုတင်သတိပေးထားပါတယ်"လို့ဖော်ပြပါတယ်။ CDF-Paletwaဟာ စကစတပ်များကို ခုခံတော်လှန်နေတဲ့အင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။


========================


📌📌 ၈။ ဒီပဲယင်းမြို့နယ်ကရွာများကို အကြမ်းဖက် စစ်တပ်က သောင်းကျန်း မီးရှို့ဖျက်ဆီးကာ ရဟတ်ယာဥ်များနဲ့အကြောင်းမဲ့ရွာများကို ပစ်ခတ်


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကရွာများကို အကြမ်းဖက် စစ်တပ်က သောင်းကျန်း မီးရှို့ဖျက်ဆီးကာ ရဟတ်ယာဥ်များနဲ့အကြောင်းမဲ့ရွာများကို ပစ်ခတ်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၈ ရက်နေ့မှာသတင်းများထုတ်ပြန်ပါတယ်။


"ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းမှာ စကစတပ်များဟာ MI 35 ရဟတ်ယာဥ်နဲ့ ဒီပဲယင်းမြို့နယ်ညောင်ပုထိုးကျေးရွာနှင့် သရက်ကန်အရှေ့ရွာ စာသင်ကျောင်းဝင်းအတွင်း စက်သေနက်၊ ဗုံးသီးများဖြင့် အကြောင်းမဲ့ပစ်ခတ်၍ ပြည်သူများ ထွက်ပြေးနေရကြပါတယ်"လို့ ဆိုပါတယ်။ ဒါ့အပြင်ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်အုပ်စုဟာ ညောင်လှကျေးရွာကို မီးရှို့ပြီး ညောင်လှမြောက်ဘက်ရှိ ရေဦးနယ် ချောင်းပေါက်ရွာဘက်သို့ စစ်ကြောင်းသုံးကြောင်းခွဲ၍ ဦးတည်ထွက်ခွါသွားကြပါတယ်။


========================


📌📌 ၉။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပြည်သူလူထု ၂၀၀၀ ကျော်ရှိလာ


နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပြည်သူလူထု ၂၀၀၀ ကျော်ရှိလာပြီဖြစ်တယ်လို့ သေဆုံးသူများစာရင်းကို AAPP က ဇူလိုင် ၁၈ ရက်နေ့မှာ ဖော်ပြပါတယ်။


"၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၉၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဆယ်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ လက်ဖက်ရည်ဆိုင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂၀ အရွယ် မမြတ်သန္ဒာအောင်မှာ နေရာတွင်ပင် သေဆုံးသွားခဲ့ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment